မိကျောင်းကန် သပိတ်စခန်းကိစ္စ လိုအပ်ပါက နိုင်ငံတော်ကို တရားစွဲဆိုမည် ဟုဆို

ပို့စ်တင်ချိန် - 12/10/2013 09:00:00 PM



နန်းသီတာဝင်း

ရန်ကုန် ၊ ဒီဇင်ဘာ ၉ ။ ။ မိကျောင်း ကန်သပိတ်စခန်းနှင့် ပတ်သက်ပြီး လိုအပ်ပါက နိုင်ငံတော် ကို တရား စွဲဆိုသွားမည်ဖြစ်ကြောင်း ဦးမိုးသီး ဇွန်က ထုတ်ဖော်ပြောကြားလိုက် သည်။

မိကျောင်းကန် သပိတ်စခန်း ဖွင့်လှစ် ထားမှု ၁၃ရက်မြောက် နေ့ကိုရောက်ရှိလာသည့် ၁၉၉၁ခု နှစ်က ကာကွယ်ရေးဝန်ကြီးဌာနက သိမ်းယူထားသည်ဆိုသော ယခင် မိကျောင်းကန်အပိုင်း (၁)၊ (၂)၊ (၃)မှ နေထိုင်သူများကို ဦးမိုးသီး ဇွန်က ဒီဇင်ဘာ ၈ရက်တွင် လာ ရောက်တွေ့ဆုံခဲ့ပြီးနောက် ယင်း သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

မိကျောင်းကန်သပိတ်စ ခန်းဖွင့်လှစ်ထားမှုအပေါ် အစိုး ရအနေဖြင့် ဥပဒေဘောင်အတွင်း မှ ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ဖြေရှင်းရန်ပြောဆိုသွားမည်ဖြစ် ကြောင်း သိရသည်။

ဦးမိုးသီးဇွန်က ''ဒီကိစ္စက မတရားမှုဆိုတာကို အားလုံးသိ အောင်ပြောမယ်။ အစိုးရအနေ နဲ့ ငြိမ်းချမ်းတဲ့နည်းတွေနဲ့ ဥပဒေ ဘောင်အတွင်းကနေ ဖြေရှင်းဖို့ ပြောဆိုသွားမယ်''ဟုပြောသည်။
ယင်းကဆက်လက်ပြီး လူ ထုကိုမြေနေရာများ ပြန်လည်ပေး အပ်ရန်အတွက်လည်း တာဝန်ရှိ သူများထံ တောင်းဆိုပေးသွား မည်ဟု သိရသည်။

မိကျောင်းကန်သပိတ်စခန်း မှခေါင်းဆောင်တစ်ဦးဖြစ်သူ ဦး ဇော်ထွန်းက ''ကျွန်တော်တို့ကို မ နက်ဖြန်အထိပဲ အချိန်ပေးထား တာဖြစ်တဲ့အတွက် ကျွန်တော်တို့ မှာ ဒီနေ့တစ်ညပဲ အချိန်ရတော့ တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ က မေတ္တာဘာဝနာပဲ ပွားများနေ ပါတယ်''ဟုပြောသည်။

တိုင်းပြည်တွင် မြေသိမ်းမှုများသည် နေရာအနှံ့ဖြစ်ပေါ် နေကြောင်း၊ တိုင်းပြည်အတွက် အကျိုးမရှိကြောင်း၊ အစိုးရအ လုပ်မှာ အကြမ်းဖက်ရမည်မ ဟုတ်ဘဲ မြေနေရာများ ပြန်ပေးရ မည်ဖြစ်ကြောင်း ဦးမိုးသီးဇွန်က အကြံပြုပြောကြားသည်။
ဦးမိုးသီးဇွန်က ''ဒီမြေတွေ ကို ပြန်ပေးလိုက်မယ်ဆိုရင် အစိုး ရက ပြည်သူကိုပျော်ရွှင်အောင် လုပ်ပေးလိုက်တာပဲ''ဟုပြောသည်။

ဆန္ဒထုတ်ဖော်သူများအနေ ဖြင့်လည်း မိမိလိုလားချက်ကိုငြိမ်း ချမ်းစွာတောင်းဆိုရန်နှင့် အစိုးရ အနေဖြင့်လည်း ယခုကိစ္စရပ်များ သည် သူပုန်ထနေခြင်းမဟုတ်သည့် အတွက် အကြမ်းဖက်မှုများမလုပ် သင့်ကြောင်း မေတ္တာရပ်ခံခဲ့သည်။

ယင်းအနေဖြင့် အစိုးရမ ဟုတ်သည့်အတွက် မိကျောင်းကန် သပိတ်စခန်းမှ ဆန္ဒထုတ်ဖော် သူများကို မည်သို့မျှမလုပ်ပေး နိုင်ဘဲ တစ်ကမ္ဘာလုံးသိစေရန် ပြောဆိုသွားမည်ဖြစ်ကြောင်း ဦး မိုးသီးဇွန်က ပြောသည်။ မိကျောင်းကန်သပိတ်စ ခန်းဖွင့်လှစ်ထား သည်မှာ ယနေ့ ဆိုလျှင် ၁၃ရက်မြောက်ရှိနေပြီ ဖြစ်သည်။ ဒီဇင်ဘာ ရရက်က တပ်မတော်စည်ပင်(မင်္ဂလာဒုံ)မှ ဝန်ထမ်းများက ဘုရားခြံစည်းရိုး ဝင်ရောက်ခတ်ရာမှ ပဋိပက္ခဖြစ် ခဲ့ပြီး အမျိုးသမီးကိုးဦး ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။
*******************************************
မိကျောင်းကန် သပိတ်စခန်းတွင် ဆန္ဒထုတ်ဖော်သူ များနှင့် တွေ့ဆုံနေသော ဦးမိုးသီးဇွန်ကို တွေ့ရစဉ်။ Photo - ဖြိုး(ဘူမိ)

Yangon Media Group