ဘီးပေါက်ပြီး ယာဉ်တိမ်းမှောက်

ပို့စ်တင်ချိန် - 12/10/2013 10:03:00 AM


နေပြည်တော် ဒီဇင်ဘာ ၉

၇-၁၂-၂၀၁၃ ရက်နေ့ ၀၄၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၄၈/၃-၄)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ ပေပင်လေး အမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်သပြေရပ်ကွက်နေ တင်ကျော်(၄၅)နှစ် မောင်းနှင်လာသည့် 1G/×××××× အီလိုက် ခရီးသည်တင် မှန်လုံယာဉ်မှာ ဝဲဘက်ရှေ့ဘက် ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ဘာရီယာတုံးများအား ဝင်ရောက်တိုက်မိခဲ့ကြောင်း တွေ့ရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် ယာဉ်စက်ပြင်ဖြစ်သူ မန္တလေးမြို့၊ အောင်မြေသာဇံ မြို့နယ်နေ စွမ်းနိုင်အောင်(၂၅)နှစ်တွင် ဝဲခြေဖဝါးပေါက်ပြဲ ဒဏ်ရာရရှိခဲ့သောကြောင့် မိတ္ထီလာ ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ယာဉ်မှာရှေ့လေကာ မှန်ကွဲ၊ ကိုယ်ထည်ရှေ့ ဝဲဘက်ခြမ်း အောက်ပိုင်းကျိုးကြေ၊ ဝဲ/ယာ ရှေ့ဘီးများပေါက်၊ တန်ဘိုးငွေကျပ်သိန်း(၂၀)ခန့် ပျက်စီးဆုံးရှုံး ခဲ့သဖြင့် တင်ကျော်အား ပေလေးပင် အမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar