အမျိုးသားတွေကတော့ လူပျိုစစ်စစ် ဖြစ်ဖို့ မလိုတာ ဘာကြောင့်လဲ


 မထားထား (ဓာတ်ပုံ - SAMANTHA MICHAELS / THE IRRAWADDY)

 "အမျိုးသမီးတွေက ဘုရားစေတီတွေကို သွားခွင့်ရှိတယ်၊ ဒါပေမယ့် ဘုရား ပရ၀ုဏ်ထဲက တချို့နေရာတွေကို သွားခွင့် မရကြဘူး။
ဘုရား ပရ၀ုဏ်အတွင်း လူတွေထိုင်နိုင်တဲ့ အုတ်တံတိုင်း ဓာတ်ပုံကို မြင်ဖူးတယ်၊ အဲဒီမှာ ဆိုင်းဘုတ်နီကြီးနဲ့ ရေးထားတယ် ... အမျိုးသမီး မထိုင်ရ လို့။ ဒါပေမယ့် အုတ်တံတိုင်းပေါ်မှာ ခွေးတကောင် အိပ်နေတယ်။ ဒီတော့ အမျိုးသမီးတွေဟာ ခွေးလောက်မှ တန်ဖိုး မရှိတော့ဘူးလား"

ဒီအကြောင်း နဲ့ အမျိုးသမီးရေးရာတွေကို ပြောထားတာကတော့ ဧရာဝတီ ပင်မ စာမျက်နှာက အင်တာဗျူးတခုမှာ ဖြစ်ပါတယ်။

ဖြေဆိုတဲ့သူက အခရာ အမျိုးသမီးအဖွဲ့က မထားထား ဖြစ်ပါတယ်။

အင်တာဗျူး ခေါင်းစဉ်က Why Don’t Men Need to Be Virgins? - အမျိုးသားတွေ လူပျိုရည်မပျက်ဖို့ မလိုတာ ဘာကြောင့်လဲ - ဖြစ်ပါတယ်။

မသိစိတ်ကရော သိစိတ်ကပါ ဟန့်တားတာတွေကို လေ့လာခြင်း၊ ဆွေးနွေးခြင်းတို့နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ရန်ကုန်မြို့ ဘတ်စ်ကားပေါ်မှာ စော်ကား လက်သရမ်းမှုများ တိုက်ဖျက်ရေး စတာတွေကို ဒီအင်တာဗျူးမှာ ပွင့်ပွင့်လင်းလင်း ပြောထားတာ ဖတ်ရမှာပါ။

လင့်က http://www.irrawaddy.org/archives/40824 ဖြစ်ပါတယ်။ 

ရှုံးနိမ့်ခြင်းကို အောင်မြင်ခြင်း အဖြစ်သို့  ပြောင်းလဲနိုင်ခဲ့သူများ


လူ့ ဘ၀ ဟာ ပန်းခင်းတဲ့လမ်း မဟုတ်တဲ့ အတွက် (ကျွန်တော်တို့ တွေ ဘယ်လောက်ပဲ အကောင်းဆုံး မျှော်လင့်ချက်တွေ ထားပြီး ဘယ်လောက်ပဲ ရုန်းကန်လှုပ်ရှား နေပါစေ) တနေ့ နေ့  တချိန်ချိန်မှာ မျှော်လင့်မထားတဲ့ ဆုံးရှူံးမှုတွေ၊ စိန်ခေါ်မှု တွေကို မလွဲမသွေ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ ဆုံးရှူံးမူ့ပမာဏ ပေါ်မူတည်ပြီး စိတ်ဓာတ်ကျဆင်းရတာတွေ၊ မိမိကိုယ် မိမိ ယုံကြည်ချက် နည်းသွားတာတွေ ဖြစ်တတ်သလို.. တချို့  ဆိုရင် မိမိ အသက်ကိုပင် အဆုံးစီရင် သွားတဲ့အထိ အရှူံးပေးသွားတဲ့ သာဓကတွေ ရှိခဲ့ဖူးပါတယ်။

တချိန်တည်းမှာပဲ....စိန်ခေါ်မှု တွေ ကို အလှဲထိုးပြီး၊ ရှူံးနိမ့်ခြင်းတွေ ကို အောင်မြင်ခြင်း အဖြစ်သို့ ပြောင်းလဲ နိုင်ခဲ့တဲ့ သူတွေ ရဲ့  အကြောင်းတွေကို ကျွန်တော်ဖတ်လိုက်ရတဲ့ အခါ... စာဖတ်သူများအတွက် (အထူးသဖြင့် အကောင်အထည် မဖော်နိုင်သေးတဲ့ အိပ်မက်တွေ ကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေမယ့်သူများအတွက် ) ဒီအကြောင်းအရာ တွေ ကို ဝေငှပေးချင်စိတ် ပေါ်လာလို့ 

အောင်မြင်သွားသူတွေ အများကြီးထဲက တချို့ ရဲ့ အကြောင်းကို ကောက်နှုတ်တင်ပြလိုက်ရပါတယ်။

စီးပွားရေးနယ်ပယ် မှာဆိုရင်..

ကမ္ဘာကျော် ဖိုဒ့်ကား ကို တီထွင် ထုတ်လုပ်ရောင်းချခဲ့တဲ့ သူဌေးကြီးဟင်နရီဖိုဒ့် ဟာ မအောင်မြင်ခင် မှာ၊ ငါးကြိမ်တိုင်တိုင် အရှူံးပေါ်ပြီး ဘိုင်ပြတ်တဲ့ဘ၀ ကို ရောက်ခဲ့ရဖူးတယ်။ မဆုတ်မနစ်သော ဇွဲ၊ မိမိကိုယ်ကိုယုံကြည်မှုပြင်းထန်မှုတွေ ကြောင့် နောက်ဆုံးမှာ ဖိုဒ့်ကား ကို လူကြိုက်များလာပြီး ဟင်နရီဖို့ ဒ် ဟာ ထိပ်တန်းသူဌေးတစ်ဥိးဖြစ်လာခဲ့ပါတယ်။

စာပေလောက မှာ ဆိုရင် ဆရာဖေမြင့် မြန်မာဘာသာပြန်ဆိုခဲ့တဲ့ နှလုံးသားအဟာရ ခေါ် Chicken Soup for the Soul စာအုပ် ကို စတင် ထုတ်ဝေစဉ်က နယူးယောက်မြို့  ရှိ ထုတ်ဝေသူပေါင်း ၃၃ ဦး နှင့် ကယ်လီဖိုးနီးယားပြည်နယ်ရှိ စာအုပ် အသင်း ပေါင်း ၁၉ ခု က ထုတ်ဝေဖို့  ငြင်းဆိုခဲ့ကြပါတယ်။ ထုတ်ဝေသူတစ်ဦးက ဆိုရင် “ဘယ်သူကမှ ဒီလို ဇာတ်လမ်း အတိုလေးတွေကို စာအုပ်အဖြစ် စုစည်းထားတဲ့ ရေးသားမှု ကို ဖတ်ချင်မှာမဟုတ်ပါဘူး” လို့  ဝေဖန်ခဲ့ဖူးတယ်။ တကယ်တမ်း ထုတ်ဝေခဲ့ တဲ့ အချိန်မှာ စာအုပ်ပေါင်း ၈ သန်းကျော် အထိ အရောင်းသွက်ခဲ့ပါတယ်။ အင်္ဂလိပ် ဘာသာ စကား နဲ့  တင်မက၊ တခြားဘာသာစကားပေါင်း ၃၁မျိုးနဲ့  ဘာသာပြန်ဆိုခဲ့ကြပြီး၊ နောက်ပိုင်းမှာ ထပ်မံ ထုတ်ဝေခဲ့တဲ့ နှလုံးသားအဟာရ စာအုပ်တွဲ အပါအ၀င် စာအုပ်ပေါင်း ၅၃သန်း ခန့်  ရောင်းချခဲ့ရတဲ့ အထိ အောင်မြင်မှု ရခဲ့ပါတယ်။
အလားတူပါပဲ၊ ကလေးများအတွက် ပထမဆုံး စာအုပ်ဖြစ်တဲ့ Dr. Seuss ရဲ့  And to Think That I Saw it on Mulberry Street စာအုပ် ကို ထုတ်ဝေသူတွေ ဆီလိုက်လံအပ်နှံစဉ်က ထုတ်ဝေသူပေါင်း ၂၇ ရဲ့ ငြင်းဆန်မှုကို ခံခဲ့ရပါတယ်။ နောက်ဆုံး ၂၈ ယောက်မြောက် ထုတ်ဝေသူဆီ သွားပြီး ကမ်းလှမ်းတဲ့အခါ အဆိုပါ စာအုပ် ကို အုပ်ရေပေါင်း ၆သန်းအထိ ရောင်းချခဲ့ရပါတယ်။

စနိုးဝှိုက်မင်းသမီးနဲ့  လူပုလေး၇ ယောက်

ရုပ်ရှင်လောက မှာဆိုရင် “စနိုးဝှိုက်မင်းသမီးနဲ့  လူပုလေး၇ ယောက်”ကာတွန်းရုပ်ရှင်ဇာတ်လမ်းအပါအ၀င် အခြား ဝေါလ်ဒီစနီ ကာတွန်း ရုပ်ရှင် ဇာတ်လမ်းများ၊ မိသားစု အပန်းဖြေ စရာ ဝေါလ်ဒီစနီ ဥယျာဉ် လုပ်ငန်းများနဲ့ ကြွယ်ဝချမ်းသာနေတဲ့ သူဌေးကြီး ဝေါလ်ဒီစနီ ဟာ အောင်မြင်တဲ့ ဘ၀ကို လွယ်လွယ်နဲ့ ရခဲ့သူမဟုတ်ပါ။ သတင်းစာတိုက် တစ်ခု အတွက် ကာတွန်းရေးဆွဲခဲ့ချိန်မှာ သူ့ ရဲ့  ရေးဆွဲမှုတွေဟာ အတွေးအခေါ်မပါတဲ့ ရေးဆွဲမှုတွေဖြစ်တယ် ဆိုပြီး အယ်ဒီတာ တစ်ဦးက အလုပ်မှ ထုတ်ပစ်ခဲ့ဖူးတယ်။ အလုပ်ထုတ်ခံရပေမယ့် ဝေါလ်ဒီစနီဟာ မလျော့သောဇွဲနဲ့  မိမိယုံကြည်တဲ့ ကာတွန်းရုပ်ပုံတွေကို ပဲ ဆက်လက်ရေးဆွဲခဲ့ပါတယ်။ နောက်ပိုင်း စီးပွားရေးအဆင်မပြေဖြစ်ပြီး မကြာခန ဒေ၀ါလီခံရတဲ့  အထိ ဆင်းရဲ ခဲ့ပေမယ့်၊ အလျော့မပေးပဲ ဆက်လက် ရေးဆွဲခဲ့တာကြောင့် အခုတော့ အောင်မြင်မှု အသီးအပွင့်တွေ ကို ခံစားနေရပြီဖြစ်ပါတယ်။

သိပ္မံပညာရှင် အိုင်းစတိုင်း

သိပ္မံပညာရှင် အိုင်းစတိုင်း ဟာ အသက် ၄နှစ် အထိအောင် စကားမပြောတတ်ခဲ့၊ အသက် ရနှစ် တိုင်အောင် စာမဖတ်တတ်ခဲ့တဲ့ အတွက် ကျောင်းမှ ဆရာ၊ ဆရာမ များက ဒီကလေးဟာ ဥာဏ်ရည်ချို့ တဲ့ တဲ့ ကလေးဖြစ်ပြီး၊ အတန်းဖော်တွေနဲ့  မ၀င်ဆန့် တဲ့ အပြင် ရူးကြောင်ကြောင် အိပ်မက်ဆန်ဆန် အကြောင်း ကို ပဲ ပြောနေ တတ်တာမို့ ၊ Zurich Polytechnic School ကျောင်းက သူ့ ကို ကျောင်းသားအဖြစ် လက်ခံဖို့  ငြင်းဆိုခြင်း ခံခဲ့ရဖူးတယ်။ The University of Bern ကလဲ အိုင်းစတိုင်းရဲ့  အတွေးအခေါ်တွေဟာ ကျိုးကြောင်း ဆီလျော် မှုမရှိဘူးလို့  ယူဆပြီး ပါရဂူဘွဲ့  ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ အခုတော့ လဲ အိုင်းစတိုင်းရဲ့ နိယာမတွေ ကို ကမ္ဘာက ယုံယုံကြည်ကြည်ကျင့်သုံးနေကြရပါပြီ။


ရော့ခ်အဲန်ရိုး၏ဘုရင် အဲပရစ်ပရက်စလေ

အနုပညာ အသိုင်းအ၀ိုင်း ကို ကြည့်မယ်ဆိုရင်…ရော့်ခအင်ရိုးသီချင်းများနဲ့ ကမ္ဘာကျော်ခဲ့တဲ့ အဆိုတော် အဲပရစ်ပရက်စလေ ရဲ့  သီဆိုဟန် က ၁၉၅၄ ခုနှစ်ဝန်းကျင် က သီဆိုဟန်တွေနဲ့  မတူပဲ ဆန်းသစ်နေတာ ကြောင့် မန်နေဂျာ ဂျင်မီဒယ်နီ က သူ့ ကို ပုံစံပြောင်းဆိုခိုင်းပေမယ့် ပြောင်းမရတဲ့ အဆုံး၊ ပရက်စလေ ကို “မင်းဟာ ဘာမှ ဖြစ်လာမဲ့ သူမဟုတ်ဘူး၊ အိမ်ပြန်ပြီး ထရပ်(ခ)ကားသာ ပြန်မောင်းစားပေတော့” ဟု ပြောဆိုကာ အလုပ်မှ ထုတ်ခဲ့ ဖူးတယ်။ အဲဒီ အချိန်မှာ ပရက်စလေသာ အရှူံးပေးခဲ့ရင် ကမာကျော်အဆိုတော် ဘ၀ကို ရောက်ခဲ့မှာ မဟုတ်ဘူး။
Symphonies သီချင်းများရေးစပ် တဲ့ ၊ စန္ဒရားပညာရှင် ဘီဒိုဗဲင် ကို သူ့ ဆရာ က အောင်မြင်တဲ့ အနုပညာသမား တစ်ယောက် ဖြစ်လာဖို့  မျှော်လင့်ချက် မရှိဘူးလို့  ထင်ကြေးပေးခံခဲ့ ရဖူးသူ တစ်ယောက် ဖြစ်တယ်။ ဘီဒိုဗင်ဟာ အကြားအာရုံချို့ တဲ့ မှု ရောဂါကို ခံစားခဲ့ရပြီး၊ အသက်ရှင်ချင်စိတ် မရှိတော့တဲ့ အထိ စိတ်ထိခိုက်ခဲ့ဖူးပေမယ့် နောက်ဆုံး မှာတော့ အောင်မြင်မှုသရဖူကို ဆောင်းနိုင်ခဲ့သူဖြစ်တယ်။

အမေရိကန်သမ္မတလင်ကွန်း

နိုင်ငံရေးလောက တော.သမ္မတဖြစ်ဖို့  နှစ်ပေါင်း ၃၀ကျော် ကြိုးစားခဲ့ရတဲ့ အမေရိကန်သမ္မတလင်ကွန်း အကြောင်းကို ပြောရမှာဖြစ်ပါတယ်။ လင်ကွန်း ဟာ အသက် ၁၅ နှစ်မှာ မှ အေ၊ဘီ၊စီ၊ဒီ စသင်ခဲ့ရတယ်။ ကျောင်းမနေနိုင်တဲ့ အတွက် ကိုယ့်ဘာသာ စာပေ လေ့လာခဲ့ရတယ်၊ အိမ်မှာ စာဖတ်စရာ လျှပ်စစ်မီး မရှိတဲ့ အတွက် မီးလင်းဖို (ဒါမှမဟုတ်) ဓာတ်တိုင်အောက်မှာ သွားပြီး စာဖတ်ခဲ့ရတဲ့ အထိ ဆင်းရဲတွင်းနက်ခဲ့ပါတယ်။ ရှေ့ နေပေါက်စ ဘ၀မှာ ရုံးခန်းငှားခ မပေးနိုင်တဲ့ အတွက် လခ လာတောင်းသူကို အနွေးထည် အကျီ ကို ချွတ်ပြီး ပေးခဲ့ရတယ်။


KFC ကြက်ကြော်

စားသောက်ကုန်လုပ်ငန်းကို ကြည့်ပြန်ရင်လဲ ...၁၉၆၇ ခုနှစ် ကာလ က စီးပွားပျက်နေတဲ့ ကာနယ် စန်းတား ဟာ နေရာပေါင်း ၁၀၀၀ ကျော် ကို သွားပြီး သူ့  ရဲ့  ကြက်သားကြော် အညွှန်း ကို သွားရောက် ရောင်းချခဲ့ပေမယ့် ဘယ်သူကမှ မ၀ယ်ခဲ့ပါဘူး။ နောက်ဆုံး စိတ်ဝင်စားသူ တစ်ဦးက ၀ယ်ယူလိုက်ပြီး၊ KFC လို့ ခေါ်တဲ့ ကြက်သားကြော် ကို စတင် ရောင်းချလိုက်ရာကနေ တဖြည်းဖြည်း လူကြိုက်များခဲ့ပါတယ်။ ၇ နှစ်ကြာတဲ့ အခါ ကာနယ်စန်းတားက သူ့ ရဲ့ ကြက်ကြော် ကုမ္မဏီ ကို အမေရိကန် ဒေါ်လာ ၁၅ သန်းနဲ့  ရောင်း ချခဲ့တဲ့အထိ အမြတ်ရခဲ့ပါတယ်။ နေရာပေါင်း ၁၀၀၀ ကျော်ရဲ့  ငြင်းဆန်မှု တွေ ကို ကာနယ် စန်းတား က လက်မြောက် အရှူံးမပေးခဲ့ပဲ၊ ယုံကြည်ချက်အပြည့်နဲ့  ဆက်လက်ပြီး လှုပ်ရှားခဲ့တဲ့အတွက်..အခုတော့ အမေရိကန် ပြည်ထောင်စုရဲ့  မြိုတိုင်းမှာ KFC ကြက်ကြော်ဆိုင်တွေ ကို မြင်တွေ့ နေရပြီ ဖြစ်ပါတယ်။

ကဲ… အခက်အခဲတွေ နဲ့  ကြုံရတိုင်း အားမလျော့ဘူးဆိုရင် ...

ငြင်းဆိုခြင်းခံရတိုင်း ကိုယ့်ကို အသုံးမကျဘူးဆိုပြီး ဝေဖန်မှုတွေကို မတုန်လှုပ်ခဲ့ဘူးဆိုရင်.....
ကိုယ့်ကိုကိုယ်ယုံကြည်မှု အပြည့်အ၀နဲ့  ဇွဲရှိရှိကြိုးစားမယ်ဆိုရင်......
အဆုံးသတ်မှာ အောင်မြင်နိုင်တယ်ဆိုတဲ့ အကြောင်း လက်တွေ့  ပြသူ တွေက ပြသွားခဲ့ပြီ။

စိန်ခေါ်မှုတွေ ဟာ အသွင်သဏ္ဍန် အမျိုးမျိုးနဲ့  ကျွန်တော်တို့ ကို အလှဲထိုးဖို့  စောင့်နေပါတယ်။ တချို့  စိန်ခေါ်မှု တွေ ကို တချက်တည်းနဲ့  အလှဲထိုးလို့  ရနိုင်ပေမယ့် အင်အားကြီးတဲ့ စိန်ခေါ်မှုတွေ ကိုတော့ ကျွန်မတို့  ခနခန ပြန်ထိုးဖို့ လိုမယ်၊ စိတ်ရှည်ရှည်နဲ့  အားနည်းချက်တွေ ကို ပြန်သုံးသပ်ဖို့ လိုချင်လိုမယ်၊ အရေးကြီးဆုံးက ယုံကြည်ချက်တွေ မပျက်ပြားဖို့  ပါပဲ။

ဒီဆောင်းပါးလေးဟာ နာမကျန်းဖြစ်နေတဲ့ နှလုံးသားများ ပြန်လည် ကျန်းမာလာဖို့  အဟာရ အနည်းငယ် ဖြစ်ပါစေလို့ ....

ခင်မင်ရင်းနှီးစွာဖြင့်
Credit to မစုဥာဏ်
(ကျမ်းကိုး။ ။ Jack Canfield and Mark Hansen: Chicken Soup for the Writer's Soul and A Cup of Chicken Soup for the Soul )

ကျောက်ပန်းတောင်း ဆေးရုံ မှာ စိတ်မကောင်းစရာ အဖြစ်အပျက်


ကျောက်ပန်းတောင်းမြို့နယ် သံဘို ချောင်းဖျားကျေးရွာက ကိုအောင်လှိုင်ဝင်း၊ မဖြူဖြုစန်း တို့ရဲ့ လေးနှစ်ငါးလ အရွယ် သမီး ကလေး မကျော့မွန်အေး ဟာ သွေးလွန်တုပ်ကွေး လို့ ယူဆလို့ ရတဲ့ ရောဂါနဲ့ ကျောက်ပန်းတောင်းဆေးရုံမှာ ကျန်းမာရေးဝန်ထမ်းတို့ရဲ့ ပေါ့လျော့စွာနဲ့ ဂရုမစိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ ရပါတယ်။

ဇူလိုင်လ ၁၈ ရက် နေ့ ကတည်း က မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ အောင်ဇော်မိုး ရဲ့ ဆေးခန်းမှာ ကုသမှုခံယူ ခဲ့ပါတယ်။ သာမန်သာ ကုပေးခဲ့ ပြီး လက်လုပ်လက်စား ပုပ္ပားတောင်ကလပ်မှာ ဈေးရောင်းနေရသူ မိသားစုက ဆေးခန်းပြတာ နေ့စဉ် ၇၅၀၀ ကျပ်ထိ တောင်းခံတယ် လို့ ပြောပါတယ်။

ဇူလိုင် လ ၂၀ရက် မနက် ကိုးနာရီ မှာတော့ ဆေးရုံအုပ်ကြီးဒေါက်တာအောင်ဇော်မိုးက ဆေးရုံကို လွှဲပေးပါတော့တယ်။ ဆေးရုံလွှဲပေးဖို့ ဆေးစာရေးပေးတာအတွက် ငွေ ၁၅၀၀၀ ကျပ်တောင်းခံပြီး ဖခင်ဖြစ်သူက ငွေအဆင်သင့်မရှိလို့ အခြားမိတ်ဆွေလူနာထံမှ ငွေ ၁၀၀၀၀ကျပ် ခဏချေးယူကာ တောင်းပန်၍ပေးခဲ့ ရပါတယ်။

အဲဒီနေ့ တစ်နေ့လုံး ဆေးရုံကို ဆရာဝန်ကြီးက လာမကြည့်ဘဲ ညကိုးနာရီကျော် အသက်ဆုံးပြီးကာ မှ လာရောက်ကြည့်ရှုတယ်လို့ သိရပါတယ်။ တစ်နေ့လုံး ပူဆွေးသောက ရောက်နေရသူ မိသားစုကို ကျန်းမာရေး စောင့်ရှောက်မှုထက် (ညနေပိုင်း မှာ တစ်ခေါက်လာခဲ့တဲ့ သူနာပြု ဆရာမလေးမှအပ) ဆေးရုံဝန်ထမ်းအားလုံးက ဆူပူငေါက်ငမ်းမှု၊ ငွေတောင်းခံမှု၊ရိုင်းပြစွာ ဆက်ဆံမှုတို့သာ ပြုခဲ့တယ် လို့ မိခင်ဖြစ်သူက ပြန်လည်ကာ ပြောပြခဲ့ပါတယ်။

အဆိုးဆုံးက တော့ သေဆုံးသူ ဟာ ဆေးရုံတက်ပြီး ၂၄နာရီအတွင်း (၁၂နာရီအကြာ) အသက်ဆုံး ခဲ့ပေမဲ့ ရင်ခွဲရုံမှာ မခွဲစိတ်ခဲ့ သလို သုဂတိရှင် နာမှုကူညီရေးအသင်း ကား က လာသယ်ရာမှာလည်း လူနာတင်ပို့ရန် ဟု တမင်သက်သက်ရေးခဲ့ပါတယ်။ ဒါကို သုဂတိရှင် အသင်းတာဝန်ကျသူက လက်မခံနိုင်လို့ ပြန်လည်ပြောကာမှ အလောင်းသယ်ယူရန် ဟုပြင်ဆင်ပေးခဲ့ပါတယ်။

ဒါပေမဲ့ ကျန်ရစ်သူ မိသားစုကို ဆေးမှတ်တမ်း၊ ဆေးရုံမှ သေဆုံး၍ ဆင်းကြောင်းလက်မှတ်၊ စသည်တို့ကို ယခုအချိန်ထိ ထုတ်မပေးသေးသလို သွေးလွန်တုပ်ကွေး ဟု တစ်ရွာလုံးမှ သိရှိသော်လည်း ဆေးရုံက သွေးလွန်တုတ်ကွေးဟု မိသားစုကို ယခုအချိန်ထိ မပြောခဲ့ပါဘူး။ လူတစ်ယောက် ရဲ့ စာရင်းမရှိ အင်းမရှိ၊ လက်လွတ်စပယ် ပြုခဲ့တယ် လို့ ယူဆကာ ကျန်ရစ်သူမိသားစုနဲ့ ရွာသူရွာသား အားလုံးက ခံပြင်းဒေါသထွက်လျက်ရှိနေပါတယ်။

ဒီကိစ္စကြောင့် ကျောက်ပန်းတောင်းမြို့နယ် ပြည့်သူ့ဆေးရုံ ကို အယုံအကြည်မရှိတော့ပဲ ရွံရှာကြောက်ရွံ့ပြီး ချောင်းဖျားရွာ နှင့် သံဘို အလယ်ရွာမှ ကလေး ၁၁ယောက် ဟာ ညောင်ဦးဆေးရုံမှာ သွေးလွန်တုပ်ကွေးနဲ့ ကုသမှုခံယူခဲ့ကြပါတယ်။ အခုဆို သက်သာပျောက်ကင်းလို့ တော်တော်များများ ဆေးရုံမှဆင်းခဲ့ပါပြီ။

ကျန်းမာရေးဝန်ကြီး ဌာန ကို မြို့နယ် ပြည်ခိုင်ဖြိုးအကူအညီနဲ့ မကျော့မွန်အေးအကြောင်းကို တိုင်ကြားခဲ့လို့ ဇူလိုင် လ ၂၄ရက်မှာ တော့ မြို့နယ်ကျန်းမာရေးဌာနက ရွာကို လာစစ်ရာမှာ ပိုးလောက်လန်းကို သာ ကြည့်ရှုခဲ့ပြီး ရွာသားများကို သွေးလွန်တုပ်ကွေး မဟုတ်ဘဲနဲ့ နင်တို့ ပြောနေတော့ ငါတို့ကို အထက်က အဆူခံရတယ် အလုပ်ရှုပ်တယ် ဟုဆိုကာ ထပ်မံ ဆူပူကြိမ်းမောင်းခဲ့ပြီး ယခုအချိန်ထိ ခြင်ဆေးဖြန်းခြင်းစသည်တို့ကို မလုပ်ဆောင်ပေးသေးပါဘူးဘူး ။
ညောင်ဦးမြို့ ဆေးရုံမှာ တက်ခဲ့ တဲ့ ကလေးငယ်တွေ ရဲ့ မိသားစုတွေ က အသက်ချမ်းသာရသလို စိတ်လည်းအင်မတန်ချမ်းသာခဲ့ရပါတယ် လို့ ပြောပြပါတယ်။ ဒါပေမဲ့ မကျော့မွန်အေးရဲ့ မိသားစုအသိုင်းအဝိုင်းက တော့ အခုအချိန်ထိ မျက်ရည်လည်ရွဲ ဖြစ်နေသလို ကျောက်ပန်းတောင်း ဆေးရုံအုပ်ကြီးနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ကြောင့် အခြားနယ်သူနယ်သားများကို သူတို့လို ဖြစ်မှာ စိုးလို့အင်တာနက် နဲ့အခြားသတင်းမီဒီယာတွေ က တစ်ဆင့်ပြောပြပေးပါလို့ အကူအညီတောင်းခံခဲ့ပါတယ်။

ကျေးဇူးပြုပြီး ရှယ်ပေးစေချင်ပါတယ်။ မကျော့မွန်အေး ကောင်းရာသုဂတိလားပါစေ။
(ညောင်ဦးဆေးရုံမှ ဝန်ထမ်းများရဲ့စေတနာ၊ ဆက်ဆံရေး၊ ဝန်ဆောင်မှုကောင်းတဲ့ အကြောင်း ရွာသားများ ပြောပြလို့ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်)







မေပုပ္ပား
၂၀၁၃ ဇူလိုင် လ ၂၉ ရက်

by Myanmar News Now


သာကေတမြို့နယ်တွင် ဆေးလိပ်မီးမှစတင် မီးလောင်မှုဖြစ်


ရန်ကုန်၊ ဇူလိုင် ၂၈

၂၈.၇.၂၀၁၃ ရက်နေ့ ၁၃၅၅ အချိန် သာကေတမြို့နယ်၊(၈)ရပ်ကွက်၊ ဧရာဝဏ်လမ်း၊ မြခွာညိုအိမ်ယာ၊ တိုက်(၂)၊ အခန်း(၀၀၆)
နေအိမ်နောက်ဘက်ဂိုဒေါင်အတွင်း ဦးအောင်ကြိုင်၊ (ဘ)ဦးသင့်၊ (၈)ရပ်ကွက်၊ သာကေတမြို့နယ် နေသူမှ ဆေးလိပ်တိုမီးအား ကတ်ထူပုံးပေါ်တင်ထားခဲ့ရာ ကတ်ထူပုံးမှ တဆင့် အနီးရှိ
ပလပ်စတစ်ပုံးနှင့် အထည်စများသို့ မီးကူးစက် လောက်ကျွမ်းခဲ့၍ မီးသတ်ယာဉ်(၂)စီးဖြင့်ငြိမ်းသတ်ခဲ့သဖြင့် ၁၄၀၀ အချိန်
မီးငြိမ်းသွားခဲ့ပါသည်။

မီးလောင်မှုကြောင့် တန်ဖိုးကျပ်(၃၀၀၀)ခန့်ဆုံးရှုံးခဲ့သဖြင့် မီးပေါ့ဆစွာသုံးစွဲသူ ဦးအောင်ကြိုင်အား သာကေတနယ်မြေရဲစခန်း
(ပ) ၄၉၉/၂၀၁၃၊ ပုဒ်မ၂၈၅ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

ABSDF မြောက်ပိုင်း ပါဂျောင်တွင် ဖြစ်ပွားခဲ့သည့် လူမဆန်သော လူသတ်မှုများ ကျူးလွန်ခဲ့သူ ထောင်ဒဏ်ကျခံနေဆဲ ဦးသံချောင်း(ခေါ်) မြင့်စိုး (ခေါ်) စ၀်ခွန်ကျော်ကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ခြင်းမှာ အငြင်းပွားဖွယ်ဖြစ်နေ


ပါဂျောင်တွင် အစိုးရ ထောက်လှမ်းရေး သူလျှိုဟု စွပ်စွဲခံရပြီး ညှဉ်းပန်းနှိပ်စက် ခံခဲ့ရသော ကျောင်းသားလူငယ် အချို့

ABSDF (မြောက်ပိုင်း) ပါဂျောင်စခန်းတွင် ဖြစ်ပွားခဲ့သည့် လူမဆန်သော လူသတ်မှုများ ကျူးလွန်ခဲ့သူ ထောင်ဒဏ်ကျခံနေရဆဲ ABSDF (မြောက်ပိုင်း) စစ်ရေးတာဝန်ခံနှင့် RCSS/SSA တပ်မဟာ ၂၄၁ ၏ တပ်မှူးဦးသံချောင်း (ခေါ်) မြင့်စိုး (ခေါ်) စ၀်ခွန်ကျော်ကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ခြင်းအပေါ် အငြင်းပွားဖွယ် ဖြစ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်က လွတ်မြောက်လာခဲ့သည့် နိုင်ငံရေး အကျဉ်းသား ၇၃ ဦးတွင် ဦးသံချောင်းအဖွဲ့မှ အဖွဲ့ဝင် ၂၉ ဦး ပါဝင်ခဲ့ပြီး ဦးသံချောင်းမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသဖြင့် ဦးသံချောင်းကို မည်သို့သဘောထားသနည်းဆိုသော မေးခွန်းကို မေးမြန်းရာ၌ ထိုကဲ့သို့ အငြင်းပွားမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါသည်။
"ကျွန်တော့်အနေနဲ့ မြင်တာကတော့ သူကရာဇ၀တ်မှုကို ကျူးလွန်ခဲ့တယ်။ မြောက်ပိုင်းမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသားလူငယ် ၃၈ ယောက်ကို သတ်တဲ့အထဲမှာ သူလည်းပါတာပဲ။ ကိုယ်ကတော့ သူ့ကို နိုင်ငံရေး အကျဉ်းသားတစ်ဦးလို့ မမြင်ဘူး။ ရာဇ၀တ်သား တစ်ဦးလို့ပဲ မြင်တယ်။ ခံခဲ့ရတဲ့ ကာယကံရှင်တွေကတော့ သူ့ကိုတရားစွဲမှာပဲ။ အခုလည်း စွဲနေကြတယ်။ တရားစွဲတဲ့အခါ အချို့နေရာတွေမှာ အမှုသက်သေ မခိုင်လုံလို့ဆိုပြီး ပယ်ချတာ ရှိတယ်။ ဒါကြောင့် ကိုယ်တို့နိုင်ငံတော် သမ္မတအထိ တင်နေတယ်။ ကိုသံချောင်းကိုလည်း ဦးစိန်အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး CID က ၀င်စစ်ထားတာ ရှိတယ်" ဟု ABSDF (မြောက်ပိုင်း)တွင် ညှဉ်းပန်းနှိပ်စက် ခံခဲ့ရပြီး ထွက်ပြေးလွတ်မြောက်ခဲ့သူ ဦးသိန်းထွန်းက ပြောကြားသည်။
ဦးသံချောင်းသည် ၁၉၉၁ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်တွင် ABSDF (မြောက်ပိုင်း) ပါဂျောင်ဒေသ၊ လိုင်စင်စခန်းတွင် ဖြစ်ပွားခဲ့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၌ အဓိက တာဝန်ရှိသူများထဲတွင် တစ်ဦးအပါအ၀င်ဖြစ်ကြောင်း ABSDF (မြောက်ပိုင်း)မှ ထွက်ပြေးလွတ်မြောက်ခဲ့သူများက ပြောကြားပါသည်။ လက်ရှိအချိန်တွင် ပါဂျောင်ဒေသ၌ ဖြစ်ပေါ်ခဲ့သော အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွင် ကျူးလွန်သူများအား အရေးယူခြင်း မရှိသေးသည့်အပြင် နစ်နာသူများ၏ တိုင်ကြားချက်များကိုလည်း အကောင်အထည်ဖော်ခြင်း မရှိသေးကြောင်း သိရသည်။
ကျောင်းသားလူငယ်များကို ထောက်လှမ်းရေး သူလျှိုဟု စွပ်စွဲကာ လူမဆန်သော ညှဉ်းပန်းနှိပ်စက်မှုများနှင့် ဓားဖြင့် ခေါင်းဖြတ်သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ရာတွင် အဓိက တာဝန်ရှိသူ ဖြစ်ခဲ့ပါသည်။ ထိုစဉ်အချိန်က ဦးသံချောင်းနှင့် ၎င်းအဖွဲ့ဝင်အချို့၏ လူမဆန်သော သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူ  ၃၉ ဦးရှိခဲ့ . . .
"သူတို့ ကျူးလွန်ခဲ့တာက အရမ်းဆိုးဆိုးဝါးဝါးကြီးလေ။ ဒါကြောင့် သံချောင်းကို နိုင်ငံရေးသမား တစ်ယောက်လို့ ကျွန်မတော့ မသတ်မှတ်ဘူး။ အဲဒီလို သတ်မှတ်လိုက်တာနဲ့ အခြားနိုင်ငံရေး သမားတွေရဲ့ ဂုဏ်သိက္ခာပါ လျော့သွားမှာပေါ့နော်။ ဒီလို အပြစ်ကြီး ကျူးလွန်ခဲ့တာကိုက လူ့အခွင့်အရေးဘက်ကပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးဘက်ကပဲ ဖြစ်ဖြစ် ခွင့်လွှတ်လို့ မရနိုင်တဲ့ ပြစ်မှုကြီးပါ။ လွန်ခဲ့တဲ့ နှစ် ၂၀ က ဖြစ်ခဲ့တာ ဆိုပေမယ့် အခုအချိန်အထိတောင် အစ်မတို့ ခံစားနေရတုန်းပဲ။ အစ်မတို့ အဖေတွေ ခံစားခဲ့ရတဲ့ အချိန်တုန်းက တရားမျှတမှု မရှိခဲ့ပါဘူး။ အစ်မတို့ကတော့ သူတို့ကို တရားဥပဒေအတိုင်းပဲ ဖြစ်စေချင်ပါတယ်။ သူဟာအပြစ်ရှိရင် ရှိမှန်း လူသိထင်ရှား အားလုံးက လက်ခံစေချင်တယ်။ သူအပြစ်ရှိတဲ့ အကြောင်းကို သူကိုယ်တိုင်လဲ သိရမယ်။ သူအပြစ်လုပ်လို့ လုပ်တာက တခြား၊ အစိုးရကို ဆန့်ကျင်လို့ နိုင်ငံရေးသမား ဖြစ်တာက တခြားဆိုတာကို အစ်မတော့ လက်မခံဘူး။ အစ်မတို့တွေစုပြီး နိုင်ငံတော်သမ္မတဆီ စာတင်ထားတာ ရှိတယ်။ နှစ်လကျော်နေပြီ။ အခုအချိန်အထိတော့ ဘာမှအကြောင်းပြန်တာ မရှိသေးဘူး" ဟု ABSDF (မြောက်ပိုင်း) ၌ ထောက်လှမ်းရေး သူလျှိုဟု စွပ်စွဲခံခဲ့ရပြီး စစ်ကြောရေးတွင် နှိပ်စက်ညှဉ်းပန်းခံရမှုကြောင့် သေဆုံးခဲ့ရသူ ဦးစိန် (မှိုင်းရာပြည့် ကျောင်းသားဟောင်း၊ ဒီးဒုတ်ဂျာနယ် ထုတ်ဝေသူ) ၏ သမီး ဒေါ်စန်းစန်းအေးက ပြောကြားသည်။
ထို့အတူ ထောက်လှမ်းရေး သူလျှိုဟု စွပ်စွဲခံခဲ့ရကာ ABSDF (မြောက်ပိုင်း) ရှိ အာဆံကုန်း (ခေါ်) လူသတ်ကုန်းတွင် လူပုံအလယ်၌ အ၀တ်အစားများချွတ်၍ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသူ ရန်ကုန်တက္ကသိုလ် ဒုတိယနှစ် (မြန်မာစာ) ကျောင်းသူ မခင်ချိုဦး၏ဖခင် ဦးတင်ပိုက အမှန်တရားကိုသာ လိုလားပြီး တရားဥပဒေအတိုင်း ဖြစ်စေလိုကြောင်း ပြောကြားပါသည်။
"သမ္မတဆီ စာတင်ထားတာ နှစ်လကျော်နေပြီ။ အခုအချိန်အထိ ဘာမှအကြောင်းမပြန်ဘူး။ မိသားစုတွေ အနေနဲ့ ဖြစ်စေချင်တာကတော့ မှန်မှန်ကန်ကန်ပဲ ဖြစ်စေချင်တယ်။ ဒို့သားသမီးတွေကို ထောက်လှမ်းရေးလို့ စွပ်စွဲတယ်။ ဒါကဟုတ်မှ မဟုတ်တာဘဲ။ ကိုယ့်သမီးဘာလဲ ဆိုတာတော့ ကိုယ်သိတာပေါ့။ အဲဒါကို မှန်မှန်ကန်ကန် ဖြစ်စေချင်တယ်။ ဒီကိစ္စတွေကို မှန်မှန်ကန်ကန်ဖြစ်အောင် လုပ်ပေးပါလို့ တောင်းဆိုဖို့ နှစ်ပေါင်း ၂၀ ကျော် စောင့်ခဲ့ရတာ။ အခုအချိန်အထိ အမှန်တရားက မပေါ်ခဲ့သေးဘူး။ ဒို့တွေကတော့ အမှန်တရားအတိုင်း ဖြစ်စေချင်တယ်။ ဥပဒေအတိုင်းလဲ အရေးယူ စေချင်တယ်။ သူ့မှာရှိတဲ့ အပြစ်အတိုင်းကိုလည်း လူတွေက အသိအမှတ်ပြုဖို့ လိုတယ်။ ပြီးတော့ အဲဒီဖြစ်စဉ်မှာ ပါဝင်တာက သံချောင်း တစ်ယောက်တည်း မဟုတ်ဘူး။ နောက်ထပ်လေးငါးယောက် ကျန်သေးတယ်။ တရားခံတွေ အကုန်လုံး တရားဥပဒေအတိုင်း ဖြစ်စေချင်တာက မိသားစုတွေရဲ့ ဆန္ဒပဲ" ဟု ဦးတင်ပိုက ပြောကြားသည်။
အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရ သူများထဲတွင် တစ်ဦးအပါအ၀င်ဖြစ်ပြီး စစ်ထောက်လှမ်းရေးဟုပင် စွပ်စွဲခံရကာ အာဆံကုန်း (ခေါ်) လူသတ်ကုန်းတွင် လူအများရှေ့၌ ဓားဖြင့်ခေါင်းဖြတ် အသတ်ခံခဲ့ရသည့် မန္တလေးမှ ကိုချိုကြီး၏အစ်မ ဒေါ်သင်းသင်းဝင်းကလည်း ဦးသံချောင်းကို ရာဇ၀တ်သား၊ လူရမ်းကား အနေဖြင့်သာ သတ်မှတ်ကြောင်း ပြောဆိုခဲ့သည်။


ဦးသံချောင်းနှင့် အဖွဲ့အား ဖမ်းမိပြီးနောက် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲမှ မှတ်တမ်းများ

"အစ်မ နားလည်ထားတာက အဲဒီဖြစ်စဉ်မှာ သံချောင်းတို့ကတော့ ကိုယ်တိုင်ကျူးလွန်ခဲ့တဲ့ သူတွေဖြစ်လို့ တရားခံမှာဆိုရင် နံပါတ်တစ်ပေါ့နော်။ နောက်ထပ်ကိုယ်တိုင် ကျူးလွန်တာ မဟုတ်ပေမယ့် ကျူးလွန်သူတွေကို အားပေးအားမြှောက် လုပ်ခဲ့တဲ့ လူတွေက နံပါတ်နှစ်ပေါ့။ နောက်ဒီဖြစ်စဉ် ဖြစ်လာဖို့ လှုံ့ဆော်ခဲ့တဲ့သူတွေလည်း ရှိတယ်။ ဘယ်သူတွေ ဘယ်လိုပဲ သတ်မှတ်ပါစေ အစ်မတို့ကတော့ သံချောင်းကို ရာဇ၀တ်သား၊ လူရမ်းကားလို့ပဲ မှတ်ယူပါတယ်။ သူက ခွေးရူးလိုပဲ မည်းမည်းမြင်ရာ ကိုက်တတ်တဲ့သူဖြစ်လို့ သူ့ကိုတော့ တရားဥပဒေအရ အရေးယူဖို့ လိုအပ်တယ်လို့ မြင်တယ်" ဟု ဒေါ်သင်းသင်းဝင်းက ပြောကြားသည်။
ဦးသံချောင်းသည် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် တောခိုခဲ့ပြီး ABSDF (မြောက်ပိုင်း) သို့ ရောက်ရှိခဲ့ကာ စစ်ရေးတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်နေစဉ် ၁၉၈၉ ခုနှစ်မှ ၁၉၉၂ ခုနှစ် ကာလအတွင်း ABSDF (မြောက်ပိုင်း) ပါဂျောင်၊ လိုင်စင်စခန်း၌ ကျောင်းသားလူငယ်များကို ထောက်လှမ်းရေး သူလျှိုဟု စွပ်စွဲကာ လူမဆန်သော ညှဉ်းပန်းနှိပ်စက်မှုများနှင့် ဓားဖြင့်ခေါင်းဖြတ် သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ရာတွင် အဓိက တာဝန်ရှိသူ ဖြစ်ခဲ့ပါသည်။ ထိုစဉ်အချိန်က ဦးသံချောင်းနှင့် ၎င်းအဖွဲ့ဝင် အချို့၏ လူမဆန်သော သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူ ၃၉ ဦးရှိခဲ့ကြောင်း မြောက်ပိုင်းပြန် ကျောင်းသားများက ပြောကြားသည်။
၁၉၉၄ ခုနှစ်တွင် KIO က အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ရယူခဲ့ပြီးနောက် ကချင်ဒေသ၌ လှုပ်ရှားနေသော ABSDF (မြောက်ပိုင်း) စစ်ရေးတာဝန်ခံ ဦးသံချောင်းနှင့်အဖွဲ့မှာ ပါဂျောင်ဒေသကို စွန့်ခွာခဲ့ပြီး SSPP/SSA အဖွဲ့နှင့် ပူးပေါင်းခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် SSPP/SSA နှင့် လမ်းခွဲလိုက်ပြီး RCSS/SSA နှင့် ဆက်လက်ပူးပေါင်းကာ ၂၀၀၂ ခုနှစ် ပန်မိုင်ဆုန်တိုက်ပွဲနှင့် ၂၀၀၅ ခုနှစ် လွယ်တိုင်းလျန် တိုက်ပွဲများတွင် ပါဝင်ခဲ့ပြီး RCSS/SSA တပ်မဟာ ၂၄၁ ၏ တပ်မှူးအဖြစ် တာဝန်ယူခဲ့ကြောင်း သိရသည်။
၂၀၀၆ ခုနှစ် ဇန်န၀ါရီ ၁ ရက်တွင် နမ့်ခမ်းမြို့နယ် အတွင်းရှိ နမ့်တီးရွာတွင် အဖမ်းခံခဲ့ရပြီးနောက် မတ်လတွင် စွဲချက် ၁၁ ချက်ဖြင့် သေဒဏ်ချမှတ် ခဲ့သည်။
၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်က လားရှိုးမြို့၌ ပြုလုပ်ခဲ့သော အစိုးရ သတင်းစာ ရှင်းလင်းပွဲတွင် ABSDF (မြောက်ပိုင်း) စစ်ရေးတာဝန်ခံ ဦးသံချောင်းကို ပြည်တွင်းသောင်းကျန်းမှု သမိုင်းတွင် လူသတ်မှုများ ကျူးလွန်ခဲ့သူ ရာဇ၀တ်ကောင်အဖြစ် သတ်မှတ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ABSDF (မြောက်ပိုင်း) ပါဂျောင် လူသတ်မှုတွင် အသတ်ခံခဲ့ရသူများ စာရင်းကို ထုတ်ပြန်ခဲ့သည်။
ဦးသံချောင်းကို လူသတ်မှု၊ ရာဇ၀တ်မှု၊ မူးယစ်ဆေးဝါး၊ အကြမ်းဖက်မှုများ အပါအ၀င် နိုင်ငံတော် ပုန်ကန်မှုများဖြင့် အရေးယူခဲ့သော်လည်း မြောက်ပိုင်းတွင် ကျူးလွန်ခဲ့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအတွက် မည်ကဲ့သို့ အရေးယူခဲ့သည် ဆိုခြင်းကိုမူ ရှင်းလင်းစွာ မထုတ်ပြန်ခဲ့သဖြင့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရာ၌ နိုင်ငံရေး အင်အားစုများက ဦးသံချောင်းကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်လာခြင်း ဖြစ်ပါသည်။
သံချောင်းကတော့ ကိုယ်တိုင်လည်း အမိန့်ပေးပြီး ကိုယ်တိုင်လည်း ရက်ရက်စက်စက် လူသတ်ခဲ့သူ ဖြစ်တယ်။ သူ့ကြောင့် ၈၈၈၈ မှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေ ဂုဏ်သိက္ခာ ကျဆင်းခဲ့ရသလို ABSDF လည်း ဂုဏ်သိက္ခာ ကျဆင်းခဲ့ရတယ်။ သူ့ကို နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်ပြီး သူ့ကိုပြန်လွှတ်ပေးမယ်ဆိုရင် . . . .
"RCSS/SSA က တင်လာတဲ့ စာရင်းထဲမှာ သူပါတယ်။ အဲဒါကြောင့် တင်လာတဲ့ စာရင်းကို ထောက်ခံပြီး နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ပြီး တင်ပြခဲ့တာ ဖြစ်ပါတယ်" ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ၏ အတွင်းရေးမှူးနှင့် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ လေ့လာစိစစ်ရေး ကော်မတီ အဖွဲ့ဝင် ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
"သူ့ကို ပုဒ်မ ၁၇/၁ နဲ့ ထောင်ချတယ်လို့ပဲ ယူဆပါတယ်။ ဒါကြောင့် နိုင်ငံရေး အကျဉ်းသားလို့ပဲ သတ်မှတ်ပါတယ်" ဟု RCSS/SSA ၏ ကျိုင်းတုံမြို့ ဆက်ဆံရေး ရုံးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စိုင်းစိုးမိန်းက ပြောကြားခဲ့ပြီး သီးခြားမှတ်ချက် ပေးရန်ကိုမူ ငြင်းဆန်ခဲ့သည်။
"နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့တွေ အနေနဲ့ သူ့ကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ပါတယ်။ သူအခြားမှာ ဖြစ်ခဲ့တဲ့ကိစ္စ အခြားပြဿနာပါ။ သူထောင်ကျရခြင်းရဲ့ အကြောင်းရင်းက နိုင်ငံရေးကြောင့်ဖြစ်လို့ သူ့ကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ထားပါတယ်။ သူကျခံထားရတဲ့ ပြစ်ဒဏ်ကတော့ တစ်ကျွန်းနဲ့ အခြားပြစ်မှုတွေရောပေါ့။ ထောင်ထဲမှာ သံချောင်းတစ်ယောက်တည်း ကျန်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့ စာရင်းအရကို ၁၀၄ ယောက် ကျန်နေသေးတော့ အဲဒီလူတွေ အကုန်လုံးကို ဆက်လွှတ်ပေးဖို့တော့ တောင်းဆိုထားပါတယ်။ ဒါကြောင့် သံချောင်းကို မြောက်ပိုင်း ABSDF ကိစ္စကြောင့် မလွှတ်တာလို့ ပြောလို့မရနိုင်ပါဘူး။ နိုင်ငံရေး အကျဉ်းသားဆိုလို့ သူတစ်ယောက်တည်း ကျန်နေတာ ဆိုရင်တော့ တစ်မျိုးပေါ့။ ကျွန်တော်တို့ လွှတ်ပေးဖို့ စာရင်းတင်ထားတဲ့ အထဲမှာ သူ့နာမည်လဲ ပါပါတယ်" ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ကိုမြင့်အောင်က အဖွဲ့၏ သဘောထား အနေဖြင့် ပြောကြားခဲ့ပါသည်။
"ကိုသံချောင်းကို AAPP အနေနဲ့ နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ပါတယ်။ ကိုသံချောင်း မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေက ABSDF အနေနဲ့ ဖြစ်ခဲ့တာ။ အခု အဖမ်းခံရတာက SSA အနေနဲ့ အဖမ်းခံရတာ။ လူတစ်ကိုယ်တည်း နှစ်ဘ၀ ဖြစ်နေတာပေါ့။ ABSDF အနေနဲ့ ဖြစ်ခဲ့တဲ့ ဥစ္စာကိုတော့ သူ့ဘာသာ ရဲဘော်တွေနဲ့ ရှင်းပေါ့နော်။ အဲဒါ ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ ကျွန်တော်တို့ ရှင်းပေးလို့လဲ မရဘူး။ ကျွန်တော်တို့ အစိုးရကိုလည်း အခုလိုပဲ ပြောပြထားပါတယ်" ဟု AAPP မှ ကိုဘိုကြည်က ပြောကြားခဲ့သည်။
ထို့အပြင် NLD ပါတီ၏ အမှုဆောင် တစ်ဦးဖြစ်သူ ကိုကျော်ထွေးက "နိုင်ငံရေး ယုံကြည်ချက်ကြောင့် ဖမ်းဆီးထိန်းသိမ်းခံရတဲ့လူ အားလုံးကိုတော့ နိုင်ငံရေး အကျဉ်းသားအဖြစ် လက်ခံတယ်။ ဥပဒေကို ချိုးဖောက်တာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေကိုတော့ ခွင့်လွှတ်လို့မရဘူး။ အဲဒါတွေ အတွက်တော့ အပြစ်ပေး အရေးယူခံရမှာပဲ၊ ဒါတွေကို ရောနှောလိုက်လို့ မရဘူး" ဟု ပြောကြားခဲ့ပါသည်။
ABSDF (မြောက်ပိုင်း) တွင် ညှဉ်းပန်းနှိပ်စက် ခံခဲ့ရသူ တစ်ဦးဖြစ်သည့် ကိုရဲလင်းက ဦးသံချောင်းသည် ၁၉၈၈ ခုနှစ် အရေးတော်ပုံနောက်ပိုင်း စစ်အစိုးရကို လက်နက်ကိုင် တော်လှန်ခဲ့သူတစ်ဦး ဖြစ်ခဲ့သည့်အတွက် နိုင်ငံရေး အကျဉ်းသား တစ်ဦးဖြစ်သည်ကို လက်ခံသည်ဟု ပြောကြားခဲ့ပြီး အကယ်၍ လွတ်မြောက်လာခဲ့ပါက ၎င်းအနေနှင့် ရှင်းလင်းနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ဇူလိုင် ၂၃ ရက် ပြန်လွတ်လာသူများထဲတွင် ဦးသံချောင်းနှင့်အတူ အဖမ်းခံခဲ့ရပြီး သေဒဏ်ချမှတ် ခံခဲ့ရသူ အများစု ပြန်လွတ်ခဲ့ကာ ဦးသံချောင်းနှင့် အခြားတပ်မှူး တစ်ဦးသာ သာယာဝတီထောင်အတွင်း ကျန်ရှိတော့ကြောင်း သိရသည်။


ဦးသံချောင်းအား RCSS/SSA ၀တ်စုံဖြင့် တွေ့ရစဉ်

၁၉၈၉ တွင် ABSDF (မြောက်ပိုင်း)ရှိ ပါဂျောင်စခန်းတွင် ကျောင်းသားလူငယ်များကို သူလျှိုဟုဆိုကာ စတင်သတ်ဖြတ်မှုများ ရှိနေခဲ့ပါသည်။ ၁၉၈၉ ခုနှစ်တွင် မြင်းခြံမြို့မှ ကိုမြတ်ကိုကိုအား ထောက်လှမ်းရေးဟု စွပ်စွဲကာ သတ်ဖြတ်မှုကို စတင်ပြုလုပ်ခဲ့ပြီး ထိုသတ်ဖြတ်မှုကို ဦးသံချောင်းမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ၁၉၉၀ ပြည့်နှစ်တွင် မိုးကောင်းမြို့မှ ကိုလွှမ်းအား အဖွဲ့အစည်း ပြိုကွဲအောင် လုပ်သည်ဟု စွပ်စွဲပြီး စခန်းအလယ် သင်တန်းကွင်းတွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ကျန်ရှိသော အလောင်းကို ထိုနေရာ၌ပင် ကျင်းတူးမြှုပ်နှံပြီး ဘော်လီဘောကွင်း ပြုလုပ်ခဲ့ခြင်း၊ ရန်ကုန်မှ ကိုအောင်ကျော်ကို ထောက်လှမ်းရေးဟု စွပ်စွဲကာ ဖမ်းဆီးညှဉ်းပန်းခဲ့ပြီး ညှဉ်းပန်းနှိပ်စက်နေစဉ် သေဆုံးခဲ့ရခြင်း၊ ၁၉၉၂ ဖေဖော်ဝါရီ ၁၂ ရက်နေ့ (ပြည်ထောင်စုနေ့) တွင် ABSDF (မြောက်ပိုင်း) ၏ ပထမဆုံး ဥက္ကဋ္ဌနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (အထက်ဗမာပြည်) ဥက္ကဋ္ဌ မန္တလေးမှ ကိုထွန်းအောင်ကျော် အပါအ၀င် ကျောင်းသား ၁၅ ဦးကို အစိုးရ ထောက်လှမ်းရေးဟူသော စွပ်စွဲချက်များဖြင့် အာဆံကုန်း (ခေါ်) လူသတ်ကုန်းတွင် လူအများရှေ့၌ သွေးအေးအေးဖြင့် ညှဉ်းပန်းနှိပ်စက်ကာ ဓားဖြင့်ခေါင်းဖြတ် သတ်ခဲ့ခြင်းများ၊ ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ အတွင်းမှာပင် ကိုကျော်ဝေ၊ ကိုစိုးဝင်းသန်း၊ ကိုဝင်းနောင်တို့ကို လူသတ်ကုန်း၌ပင် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ခြင်းများ အစရှိသည့် လူမဆန်သော လုပ်ရပ်များထဲတွင် ဦးသံချောင်းမှာ အဓိက လုပ်ဆောင်ခဲ့သူတစ်ဦး ဖြစ်ပါသည်။
ABSDF (မြောက်ပိုင်း) ပါဂျောင်ဒေသ၌ ၁၉၈၉ ခုနှစ်မှ ၁၉၉၂ ခုနှစ် အလွန်အထိ ဖြစ်ပွားခဲ့သော လူမဆန်သော ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများတွင် အင်အားသုံးရာ ခန့်သာရှိသော ကျောင်းသားတပ်မတော်မှ ၁၀၇ ဦးကို ထောက်လှမ်းရေး သူလျှိုဟု စွပ်စွဲခဲ့ကာ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ပြီး ၃၅ ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီး ၇၁ ဦးမှာမူ ထွက်ပြေးလွတ်မြောက် ခဲ့ပါသည်။
အသတ်မခံရဘဲ ထွက်ပြေးလွတ်မြောက် ခံခဲ့ရသူများလည်း သေရာပါဒဏ်ရာများ ရရှိသည်အထိ နည်းမျိုးစုံဖြင့် နေ့စဉ်ရက်စက် ညှဉ်းပန်းနှိပ်စက် ခံခဲ့ရကြောင်း၊ ထိုသို့နှိပ်စက်ရာတွင် လက်နောက်ပြန်ကြိုးတုပ်ပြီး တိုင်ငုတ်တွင်ချည်ကာ ရိုက်နှက်ခြင်းများ၊ ထောင်အတွင်း ထိတ်တုံးခတ်ပြီး ရိုက်နှက်စစ်ဆေးခြင်း၊ ရင်ဘတ်ကို ဓားဖြင့်မွှန်းခြင်းများ၊ လျှပ်စစ်ရှော့ခ်ရိုက်ပြီး ညှဉ်းပန်းနှိပ်စက်ခြင်း၊ မြေတွင်စိုက်ထားသော လက်ဝါးကပ်တိုင် ပုံစံတွင် ကြိုးဖြင့်ကပ်ချည် (အချို့သူများကို သံရိုက်သွင်း) ပြီး စခန်းပြင်၌ ထုတ်ထားခြင်း၊ အသတ်ခံခဲ့ရသူ၏ သွေးများကို သောက်ခိုင်းခြင်း၊ အသတ်ခံရသူများ၏ လက်ပြတ်များကို ပါးစပ်ဖြင့် ကိုက်ချီစေခြင်းများ အပါအ၀င် အခြားသော လူမဆန်သည့် နှိပ်စက်နည်းမျိုးစုံဖြင့် နှိပ်စံခံခဲ့ရပြီး အချို့မှာမူ နှိပ်စက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ရကြောင်း သိရပါသည်။
ထိုသို့ လုပ်ဆောင်ခဲ့ သူများထဲတွင် ဦးသံချောင်းမှာ အဓိက ပါဝင်သူဖြစ်ပြီး အခြားတာဝန်ရှိသူများမှာ ဦးအောင်နိုင် (ခေါ်) ရော်နယ်အောင်နိုင်၊ ဦးကျော်ကျော်၊ ဦးအောင်ကြီး၊ ဦးစိန်အေး၊ ဦးလှဆိုင်း၊ ဦးနေဒွန်း၊ ဦးမျိုးဝင်း (ကွယ်လွန်)၊ ဦးသန်းဇော် (သာယာဝတီထောင်တွင် ထောင်ဒဏ်ကျခံခဲ့ရပြီး ပြန်လည်လွတ်မြောက်) နှင့် ဒေါက်တာနိုင်အောင် (ထိုအချိန်က ABSDF (ဗဟို) ဥက္ကဋ္ဌ) တို့ဖြစ်ကြောင်း မြောက်ပိုင်းပြန် ကျောင်းသားများက ပြောကြားသည်။
"သံချောင်း ဘယ်လိုရက်စက်ခဲ့တယ် ဆိုတာကို အားလုံးသိပါတယ်။ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တာတွေ လုပ်ခဲ့တဲ့သူ့ကို နိုင်ငံရေး အကျဉ်းသားလို့ ဘယ်လိုသတ်မှတ်မလဲ။ သူ့ကို နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်မယ်ဆိုရင် သူ့လိုပဲ ရက်ရက်စက်စက် နှိပ်စက်တာတွေ လုပ်ခဲ့တဲ့ ထောက်လှမ်းရေးတွေကို ဘယ်လိုသတ်မှတ်မလဲ။ သံချောင်းကို နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်ထားတယ်ဆိုရင် နိုင်ငံရေး အကျဉ်းသား စံသတ်မှတ်ချက်တွေကို ကန့်ကွက်ပါတယ်။ သူကလူသတ်မှုတွေ ကျူးလွန်ထားတဲ့သူ ဖြစ်တယ်။ လူသတ်မှုကို တရားစွဲဆိုရမှာ အစိုးရရဲ့ အလုပ်ပဲ။ အသတ်ခံရတယ်ဆိုတဲ့ တရားဝင် အချက်အလက်တွေလည်း ရရှိထားပြီးပြီ မဟုတ်လား။ ရဲကစစ်ဆေးပြီး တရားရုံးကို တင်ဖို့က အစိုးရ ဆက်လုပ်သင့်တယ်" ဟု ABSDF (မြောက်ပိုင်း) တွင် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး ထွက်ပြေးလွတ်မြောက်ခဲ့သူ ကိုစိုးလင်းက ပြောကြားခဲ့ပါသည်။
"သံချောင်းကို နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်ပြီး လွှတ်ပေးလိုက်ပြီးမှ လွတ်သွားရင် ဘယ်သူအာမခံမှာလဲ။ အခုအချိန်လို သက်သေတွေ အလုံအလောက် ရှိနေတဲ့အချိန်မှာ မြောက်ပိုင်းအမှုကို ထောင်ထဲမှာပဲ စစ်ဆေးသင့်တယ်။ စစ်ဆေးတဲ့ အခါမှာလည်း သူ့အတွက်ပါ တရားမျှတမှုရှိအောင်၊ အမှန်တရား ပေါ်ပေါက်အောင် အများပြည်သူ ရှေ့မှောက်မှာ စစ်ဆေးသင့်ပါတယ်။ ရှမ်းတိုင်းရင်းသားတွေ အနေနဲ့လည်း တိုင်းရင်းသားဖြစ်တာ တစ်ခုတည်းနဲ့ သူ့ကိုလွှတ်ပေးဖို့ မတောင်းဆိုသင့်ဘူး။ ရာဇ၀တ် ကျူးလွန်တဲ့ သူတွေထဲမှာ တချို့က အမိန့်ပေးတယ်။ တချို့ကတော့ အမိန့်ပေးစေခိုင်းလို့ လုပ်ရတယ်။ သံချောင်းကတော့ ကိုယ်တိုင်လည်း အမိန့်ပေးပြီး ကိုယ်တိုင်လည်း ရက်ရက်စက်စက် လူသတ်ခဲ့သူ ဖြစ်တယ်။ သူ့ကြောင့် ၈၈၈၈ မှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေ ဂုဏ်သိက္ခာ ကျဆင်းခဲ့ရသလို ABSDF လည်း ဂုဏ်သိက္ခာ ကျဆင်းခဲ့ရတယ်။ သူ့ကို နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်ပြီး သူ့ကိုပြန်လွှတ်ပေးမယ်ဆိုရင် အစိုးရရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေမယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းနေတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေး ဂုဏ်သိက္ခာလည်း ကျဆင်းသွားမှာ ဖြစ်ပါတယ်" ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့သည်။
ABSDF (မြောက်ပိုင်း) ပါဂျောင်စခန်းတွင် ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများတွင် ကျူးလွန်ခဲ့သူများကို အရေးယူနိုင်ရန် မြောက်ပိုင်းပြန် ကျောင်းသားများမှ ၂၀၁၂ ခုနှစ် သြဂုတ်လတွင် တောင်းဆိုခဲ့သည်။
ထို့အတူ ၁၉၉၂ ခုနှစ်၊ အောက်တိုဘာလက ပါဂျောင်စခန်းတွင် ထောက်လှမ်းရေးဟု စွပ်စွဲခံခဲ့ရပြီး အသတ်ခံခဲ့ရသူ ဦးစိန်၏သမီး မစမ်းစမ်းအေးက ဖခင်အသတ်ခံရမှုကို စုံစမ်းဖော်ထုတ်ပေးရန် မြောက်ဥက္ကလာပ ရဲစခန်း၌ ၂၀၁၂ ခုနှစ် သြဂုတ် ၁၉ ရက်တွင် အမှုဖွင့်ခဲ့ပြီး ထိုအမှုကို ပ/၈၆၉/၁၂/၃၀၂ ဖြင့် လက်ခံခဲ့ကြောင်း သိရသည်။ သို့သော် အဆိုပါ တိုင်ကြားမှုအတွက် CID မှ ဦးသံချောင်းကို သွားရောက်စစ်ဆေး ခဲ့သည်ဆိုသော သတင်းမှအပ အခြားသော တုံ့ပြန်မှု တစ်စုံတစ်ရာ မရရှိသေးကြောင်း သိရှိရပါသည်။
ABSDF (မြောက်ပိုင်း) စစ်ရေးတာဝန်ခံ ဦးသံချောင်း (ခေါ်) မြင့်စိုး (ခေါ်) စ၀်ခွန်ကျော်၏ လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံခဲ့ရသူများ
၁။ ကိုကျော်ဝေ (မန္တလေး၊ ၇-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၂။ ကိုသာဓု (ရန်ကုန်၊ ၁၂-၂-၁၉၉၂ တွင် သေနတ်ဖြင့် ပစ်သတ်ခံရ)
၃။ မခင်ချိုဦး (ဒုတိယနှစ် (မြန်မာစာ)၊ ရန်ကုန်တက္ကသိုလ် (လှိုင်)နယ်မြေ၊ ၁၂-၂-၁၉၉၂ တွင် အ၀တ်အစားများချွတ်၍ လူပုံအလယ်၌ သေနတ်ဖြင့် ပစ်သတ်ခံရ)
၎။ ကိုသောင်းမြင့် (တန့်ဆည်ရွာ၊ ၁၂-၂-၁၉၉၂ တွင် သေနတ်ဖြင့် ပစ်သတ်ခံရ)
၅။ ကိုတူးတူး (မြစ်ကြီးနား၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၆။ ကိုထွန်းအောင်ကျော် (မန္တလေး၊ ABSDF (မြောက်ပိုင်း) ၏ ပထမဆုံးဥက္ကဋ္ဌနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (အထက်ဗမာပြည်) ဥက္ကဋ္ဌ၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၇။ ကိုချိုကြီး (မန္တလေး၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၈။ ကိုအေးမြင့် (ကသာ၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၉။ ကိုမောင်မောင် (ကသာ၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၁၀။ ကိုဌေးမြင့်ဝင်း (ရန်ကုန်၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၁၁။ ကိုရန်အောင် (မန္တလေး၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၁၂။ ကိုသက်နိုင် (ရန်ကုန်၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၁၃။ ကိုအောင်ဖိုး ( ရန်ကုန်၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၁၄။ ကိုလှမြင့် (ခေါ်) ကိုဇော်မင်းသွေး (မြို့ကုန်း၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၁၅။ ကိုကျော်ကျော်မင်း (ကန့်ဘလူ၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၁၆။ ကိုမောင်မောင်ကြွယ် (ရန်ကုန်၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၁၇။ ကိုစိုးဝင်းသန်း (မန္တလေး၊ ၁၅-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၁၈။ ကိုဝင်းနောင် (ရန်ကုန်၊ ၁၉၉၂ ခုနှစ်တွင် ဓားဖြင့်ခုတ်သတ်ခံရ)
၁၉။ ကိုအောင်ကိုး (ဗန်းမော်၊ အဖမ်းခံထားရစဉ် ၁၉၉၁ ခုနှစ်၌ သေနတ်ဖြင့် ပစ်သတ်ခံရ)
၂၀။ ကိုမြတ်ကိုကို (မြင်းခြံ၊ ၁၉၈၉ ခုနှစ်တွင် သတ်ဖြတ်ခံရ)
၂၁။ ကိုလွှမ်းမိုး (မိုးကောင်း၊ အဖွဲ့အစည်းပြိုကွဲအောင် လုပ်သည်ဆိုသော စွပ်စွဲချက်ဖြင့် ၁၉၉၀ တွင် သေနတ်ဖြင့် ပစ်သတ်ခံရ)
၂၂။ ကိုကျော်ကျော်အုန်း (တန့်ဆည်၊ ၁၉၉၁ ခုနှစ်က ဖားကန့်တွင် အသတ်ခံရ)
၂၃။ ကိုရန်ရှင်း (မြင်းခြံ၊ ၁၉၉၂ ခုနှစ်က ဖားကန့်တွင် အသတ်ခံရ)
၂၄။ ကိုအောင်မြင့်ထွန်း (KIA တပ်ရင်း-၆ နယ်မြေတွင် အသတ်ခံရ)
ABSDF (မြောက်ပိုင်း) စစ်ရေးတာဝန်ခံ ဦးသံချောင်း (ခေါ်) မြင့်စိုး (ခေါ်) စ၀်ခွန်ကျော်၏ လူမဆန်စွာ ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့ရသူများ
၁။ ကိုစိုးမင်းအောင် (မန္တလေး၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ် သြဂုတ်လတွင် သေဆုံး)
၂။ ကိုတင့်လွင်(မြစ်ကြီးနား၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ်တွင် သေဆုံး)
၃။ ဦးစိန်(ရန်ကုန်၊ စစ်ကြောရေးဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ်တွင် အချုပ်ထောင်တွင်း သေဆုံး)
၎။ ကိုကျော်ဌေး (မန္တလေး၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ် သြဂုတ်လတွင် သေဆုံး)
၅။ ကိုရာကွတ်ဘိုင် (စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ် သြဂုတ်လတွင် သေဆုံး)
၆။ ကိုခင်မောင်စိုး (ခေါ်) စိုးကြီး (မန္တလေး၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ် စက်တင်ဘာလတွင် သေဆုံး)
၇။ ကိုတင်မောင်အေး (ကသာ၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ်တွင် သေဆုံး)
၈။ ကိုအောင်မင်း (ခေါ်) ထိန်လင်း (မန္တလေး၊ ရိုက်နှက်ခံရမှုကြောင့် အချုပ်ထောင်အတွင်း သေဆုံး)
၉။ ကိုအေးကျော် (မန္တလေး၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ်တွင် သေဆုံး)
၁၀။ ကိုကျော်ကျော်ဦး (ကသာ၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၂ ခုနှစ်တွင် သေဆုံး)
၁၁။ ကိုပြည့်စိုးနိုင် (ရန်ကုန်၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ် စက်တင်ဘာလတွင် သေဆုံး )
၁၂။ ကိုဇော်ဝင်းချစ် (ဗန်းမော်၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ်တွင် သေဆုံး)
၁၃။ ကိုဝင်းသိန်း (ခေါ်) အရှည်ကြီး (၀န်းသို၊ အချုပ်ထောင်အတွင်း သေဆုံး)
၁၄။ ကိုအောင်ကျော် (ရန်ကုန်၊ စစ်ကြောဒဏ်ရာများဖြင့် ၁၉၉၀ တွင် သေဆုံး)
၁၅။ ကိုဝင်းနောင် (ရန်ကုန်၊ စစ်ကြောဒဏ်ရာများဖြင့် ၁၉၉၂ ခုနှစ်တွင် သေဆုံး)
၁၆။ ကိုတင်မောင်အေး (ကသာ၊ စစ်ကြောဒဏ်ရာများဖြင့် ၁၉၉၁ ခုနှစ်တွင် သေဆုံး)

တရုတ်သို့ပို့မည့်ခွေး၁၇၀ ကျော် ပလိပ်တွင် သိမ်းဆည်းရမိ

မန္တလေး၊ဇူလိုင်၂၇

မန္တလေးတိုင်းဒေသကြီးပလိပ်မြို့ မြောင်းဘောင်ရပ် ကွက်နေ အိမ်ခြံဝင်းတွင်းသို့ ဇူလိုင်လ ၂၆ ရက်နေ့ နေ့လယ်၁၂ နာရီ ၄၅ မိနစ်အချိန်တွင်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက သတင်းအရ ဝင်ရောက်ရှာဖွေရာ လိုင်စင်မဲ့ယာဉ် များနှင့်အတူ

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့မည့် ခွေး၁၇၀ ကျော်သိမ်းဆည်းရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံးထံမှစုံစမ်းသိရှိရသည်။

ယင်းသို့သိမ်းဆည်းရာတွင်ခွေး၁၇၂ ကောင်၊ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး၊လိုင်စင်မဲ့ဆိုင်ကယ်ခုနစ်စီး၊သစ်ပြန်လည် ခွဲစိတ်စက် တစ်လုံးတို့ကို ရှာဖွေသိမ်းဆည်းခဲ့ကြောင်း အဆိုပါရုံးထံမှ သိရသည်။

ပလိပ်မြို့ မြောင်းဘောင်ရပ်ကွက်တွင်နေထိုင်သူ ခြံပိုင်ရှင်ဦးထွန်းလင်း(၄၆နှစ်)သည် ၁၉၉၈ ခုနှစ်မှ စတင်ကာ ဆိုင်ရာဌာန/တပ်ဖွဲ့/စည်ပင်သာယာတို့၏ ခွင့်ပြုချက်ဖြင့်မန္တလေး၊ စစ်ကိုင်း၊ကျောက်ဆည်၊ တံတားဦး၊စဥ့်ကိုင်၊မြစ်သားမြို့နယ်တို့မှ ခွေးလေခွေးလွင့်များကိုဖမ်းဆီးပြီးတရုတ်နိုင်ငံသို တင်ပို့ရောင်းချကြောင်း အဆိုပါရုံးမှတ်တမ်းများအရ သိရှိရသည်။

ယင်းခွေးလေခွေးလွင့်များကို တရုတ်နိုင်ငံသို တင်ပို့ရာတွင်မူဆယ်၁၀၅ မိုင် ကုန်သွယ်ရေးဂိတ် အကောက်ခွန်ဌာန၌ ခွေးတစ်ကောင်လျှင်၄၀၀၀ ကျပ် အခွန်ပေးဆောင်ပြီးတစ်ဖက်နိုင်ငံကြယ်ဂေါင် သို့တင်ပို့ရောင်းချရာ၌တစ်ကောင်လျှင်တရုတ်ယွမ် ငွေ၅၀ မှ၈၀ ယွမ် (မြန်မာငွေ ၇၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်ထိ)ရှိကြောင်းယင်းဈေးကွက်အရ သိရှိရသည်။

ယင်းလိုင်စင်မဲ့ဆိုင်ကယ် ခုနစ်စီးနှင့်မော်တော်ယာဉ် လက်ဝယ်ထားရှိသူဦးထွန်းလင်းနှင့်ဒေါ်မိုးနန္ဒတို့က ပလိပ်မြို့ ရဲစခန်းက(ပ)၄၈/၂၀၁၃နှင့်(ပ)၄၉/၂၀၁၃ ပို့ကုန်သွင်းကုန် ပုဒ်မ ၈ အရ အမှုဖွင့် စစ်ဆေးအရေးယူလျက်ရှိကြောင်း ပလိပ်ရဲစခန်းထံမှသိရှိရသည်။

ထို့အပြင်မူဆယ်မှတစ်ဆင့်တရုတ်နိုင်ငံဘက်သို့ ရောင်းချရန်ဖမ်းဆီးခံထားရသည့်ခွေးနှစ်ရာကျော် ကိုတရုတ်သို့တင်ပို့မည့်သူများလက်မှ ငွေချေ၍ ပြန်ရွေးယူရန်ငွေကြေးအခက်အခဲ ဖြစ်လျက်ရှိကြော င်းမန္တလေးမြို့တော်အခြေစိုက်ခွေးချစ်သူများက တညီတညွတ်တည်းပြောကြားသည်။

လက်ရှိကယ်တင်ပြီးသည့် ခွေးများကိုပခုက္ကူခရိုင် ရေစကြိုမြို့ရှိ မေတ္တာစိမ့်စမ်းဘေးမဲ့ခြံတွင် ထားရှိလျက်ရှိပြီးကျန်ရှိသည့်ခွေးများကိုလည်း ကယ်တင်မည်ဖြစ်ရာ အဆိုပါခွေးများအတွက် အစားအစာနှင့် အဆောက်အအုံဆောက်လုပ်ရန် ငွေကြေးအခက်အခဲရှိသည့်အတွက်ခွေးချစ်သူ များအနေနှင့်ငွေကြေးလှူဒါန်းလိုပါက ဒေါ်မြတ်သက်မွန်(၀၉-၅၁၈၉၁၉၈) သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်းThe Voice Daily သတင်းစာ Vol.1/No.94 တွင် ဖော်ပြထားပြီးဖြစ်သည်။

ဖြိုးဖြိုးဇော်
The Voice Weekly 

မကြာခဏ နုံးချည့်ညောင်းညာ တတ်သူတို့ စွမ်းအင် တိုးစေမည့် နည်းများ


မကြာခဏ နုံးချည့် ညောင်းညာပြီး ပင်ပန်း သလိုလို စွမ်းအင် မရှိသလိုလို ဖြစ်နေ ပါသလား။

ရိုးစင်းတဲ့ ဘဝ နေထိုင်မှု ပုံစံကို ပြောင်းလဲ ပေးလိုက်ရုံနဲ့ သင့်ဘဝမှာ စွမ်းအင်တွေ ပြန်ရှိ လာပါ လိမ့်မယ်။

(၁) ရေများများသောက်ပေးပါ

ရေဓာတ် ခန်းခြောက်မှု ဖြစ်ရင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ထိထိ ရောက်ရောက် လုပ်ဆောင်စွမ်း ကျစေတာကြောင့် နုံးချည့် ပင်ပန်း နေတတ်ပါတယ်။ ဒါကြောင့် မကြာခဏ ရေသောက် ပေးရပါမယ်။

(၂) ကဖင်းဓာတ်ကို သတိထားပါ

တစ်နေ့မှာ ကဖင်းပါတဲ့ အရည် (ဥပမာ- ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကိုလာ) တို့ကို တစ်ခွက်၊ နှစ်ခွက် သောက်တာက စွမ်းအင် တိုးစေပြီး စိတ်ရွှင်လန်း စေပါတယ်။ ဒါပေမဲ့ ကဖင်းဓာတ်ကို များများ မှီဝဲတာ (ဥပမာ- တစ်နေ့ ခြောက်ခွက်ခန့်) က ရင်တုန်တာ၊ ကတုန်ကယင် ဖြစ်တာနဲ့ သက်လုံ ကျဆင်းတာ တို့ကို ဖြစ်စေ နိုင်ပါတယ်။

(၃) နံနက်စာကို ပုံမှန်စားပါ

နံနက်စာကို မှန်မှန်စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို ရရှိစေပါတယ်။ ဦးနှောက်ဟာ လောင်စာအဖြစ် ဂလူးကို့စ် ပေါ်မှာ မူတည် နေတဲ့ အတွက် ကာဗိုဟိုက်ဒရိတ် များများပါတဲ့ နံနက်စာကို စားပေးသင့်ပါတယ်။ အစာမစားဘဲ နေရင် သွေးတွင်း သကြားဓာတ်ကို လျော့ကျ စေတာကြောင့် နုံးချည့် နွမ်းနယ်မှု ဖြစ်လွယ် ပါတယ်။

(၄) အာဟာရပြည့်ဝအောင်စားပါ

ကောက်နှံ တစ်ခုလုံးနဲ့ လုပ်ထားတဲ့အစာ (ဥပမာ- ဆန်လုံးညို၊ ခေါက်ဆွဲညို)၊ အဆီနည်းနို့နဲ့ နို့ထွက် ပစ္စည်း၊ အဆီနည်းအသား၊ သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်တို့ကို များများစားရင် အာဟာရ ပြည့်ဝ စေပါတယ်။ အဆီ၊ သကြားနဲ့ ဆားများတဲ့ အစာတွေကို လျှော့စားပါ။ အမျိုးသမီးတွေ အနေနဲ့ သံဓာတ် ချို့တဲ့မှုဖြစ်ရင် နုံးချည့် ညောင်းညာ တတ်တာကြောင့် အဆီနည်း အသားလို သံဓာတ် ပါဝင်မှုများတဲ့ အစာ စားပေး သင့်ပါတယ်။

(၅) ရက်တို အစာလျှော့နည်းများ မကျင့်သုံးပါနှင့်

ကိုယ်အလေးချိန် ကျဖို့အတွက် ရက်တိုတို အတွင်း အလေးချိန် ကျစေမယ့် အစာ၊ အဆီကျဆေး စတာတွေသုံးပြီး ကိုယ်အလေးချိန် မလျှော့ချပါနဲ့။ ဒီလို အစာ လျှော့တာကြောင့် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေကို မရရှိဘဲ နုံးချည့် ညောင်းညာ နိုင်ပါတယ်။

(၆) အိပ်ရေးဝဝအိပ်ပါ

တစ်ညကို ရှစ်နာရီလောက် အိပ်ချိန် ပေးသင့် ပါတယ်။ အိပ်စက် ချိန်မှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ လိုပါတယ်။ အိပ်ရာထဲ ရောက်တဲ့အခါ ပူပင်စရာ အတွေးတွေကို မေ့ပစ်ပြီး ဝင်လေထွက်လေ မှတ်တာ၊ ဘုရားစာ ရွတ်တာတို့နဲ့ အပန်းဖြေကာ အိပ်စက် အနားယူပါ။

(၇) အိပ်ဆေးမသောက်ပါနှင့်

အိပ်ဆေးတွေက အိပ်မပျော်တဲ့ ဝေဒနာအတွက် ရေရှည်ဖြေရှင်းနည်း မဟုတ်ပါဘူး။ ဒီဆေးတွေက အိပ်မပျော်တဲ့ အကြောင်းရင်းကို ကုသတာ မဟုတ်တဲ့ အတွက် ဘာကြောင့် အိပ်မပျော် ရတာလဲ ဆိုတာ အဖြေရှာပါ။ အိပ်မပျော်ဘဲ နုံးချည့် ညောင်းညာ နေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကျန်းမာရေး စစ်ဆေးမှု ခံယူသင့်ပါတယ်။

မြ၀တီ

မြန်မာ့ငြိမ်းချမ်းရေးပွဲတော်သို့ ဒေါ်အောင်ဆန်းစုကြည်ပေးပို့ခဲ့တဲ့ မက်ဆေ့တစ်ခုပါ


ဇူလိုင်လ ၂၇ ရက်နေ့မှာ ကျင်းပတဲ့ မြန်မာ့ငြိမ်းချမ်းရေးပွဲတော်သို့ ဒေါ်အောင်ဆန်းစုကြည်ပေးပို့ခဲ့တဲ့ မက်ဆေ့တစ်ခုပါ...

ငြိမ်းချမ်းရေးဆိုတာ...

မနက် အိပ်ယာထချိန်မှာ ကောင်းမွန်စွာ နိုးထခွင့်ရတာနဲ့
ညအိပ်ယာဝင်ချိန်မှာ ကောင်းမွန်စွာ အိပ်စက်ခွင့်ရတာ..
ငြိမ်းချမ်းရေးပဲ ....

ဒေါ်အောင်ဆန်းစုကြည်

Mizzima - News in Burmese

အလင်းရောင်ရှိနေသည့်အချိန် ဆွဲကြိုးဖြတ်ပြေးသူအား ၀ိုင်းဝန်းဖမ်းဆီး


ရန်ကုန်၊ ဇူလိုင် ၂၈

၂၈.၇.၂၀၁၃ ရက်နေ့ ၁၅၄၅ အချိန် လှိုင်မြို့နယ်၊ (၁)ရပ်ကွက်၊
ဇေယျမင်္ဂလာလမ်းမကြီးနေ မခင်ချောစု၊ (ဘ)ဦးမောင်ငယ်သည်
နေအိမ်မှ လှိုင်မြို့နယ်၊ (၁)ရပ်ကွက်ရှိ ချစ်တီးကွေ့ဈေးသို့ တစ်ဦးတည်းလမ်းလျှောက်၍ထွက်လာစဉ် ဘူတာရုံလမ်း၊ ပရဟိတကျားကျောင်းရှေ့အရောက်တွင် နောက်မှ အမျိုးသားတစ်ဦး
လိုက်လာပြီး လည်ပင်းတွင်ဆွဲထားသော MC ရွှေဆွဲကြိုး (၁)ကျပ်သားအား စောင့်ဆွဲလိုက်သဖြင့် နောက်သို့လှည့်ကြည့်စဉ် ၎င်းအမျိုးသားမှာ ထပ်မံဆွဲဖြတ်၍ယူဆောင်ထွက်ပြေး သွားခဲ့ပါသည်။

ထိုသို့ ဖြစ်ပွားခဲ့သဖြင့်အော်ဟစ်အကူအညီတောင်းရာ ပတ်ဝန်းကျင်မှ
ပြည်သူများနှင့်လှည့်ကင်း ရဲတပ်ဖွဲ့ဝင်များမှလိုက်လံဖမ်းဆီးခဲ့ရာ အဆိုပါအမျိုးသားမှာ (၁)ရပ်ကွက်၊ ဘူတာရုံလမ်းထိပ်ရှိ အပ်ချုပ် ဆိုင်တစ်ခုအတွင်း ၀င်ပြေးသွားသဖြင့် ၀ိုင်းဝန်းဖမ်းဆီးရမိခဲ့ပါသည်။

ဆွဲကြိုးလုယက်သွားသည့် ဖမ်းဆီးရမိသူမှာ ကျော်ကျော်နိုင်(ခ)
ကုလားကြီး၊ (ဘ)ဦးစောရင်၊ (၄၂) ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်နေသူဖြစ်ကြောင်း သိရှိရသဖြင့် မခင်ချောစုမှ
အရေးယူပေးပါရန်တိုင်တန်းခဲ့၍ လှိုင်မြို့မရဲစခန်း(ပ)၃၁၇/၂၀၁၃၊
ပုဒ်မ ၃၈၂ ဖြင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။
Yangon Police

Wi-Fi ကွန်ရက်ကို အနုပညာပုံရိပ်အဖြစ် ဖန်တီးပြသ


အမေရိကန် နိုင်ငံမှ အနုပညာရှင် တစ်ဦးသည် Wi-Fiကွန်ရက်များ ပျံ့နှံ့နေမှုကို အရောင်ဖြင့် ပုံရိပ်ဖော် ပြသသည့် ဖန်တီးမှုများ ပြုလုပ်ပြခဲ့ရာ ထူးခြားလှပသည့် မြင်ကွင်းများ ဖြစ်လာ
Posted on Jul 28 13 - 04:01 PM | Hits : 361

ပတ်ဝန်းကျင်တွင် ထုတ်လွှင့်ထားသည့် Wi-Fiကွန်ရက်ကို မျက်စိဖြင့် တွေ့မြင်နိုင်ပါက လှပသော အနုပညာ ပုံရိပ်တစ်ခု ဖြစ်လာနိုင်ကြောင်း ပညာရှင် တစ်ဦးက ဖန်တီး ပြသခဲ့သည်။ အမေရိကန် နိုင်ငံမှ အနုပညာရှင် တစ်ဦးသည် Wi-Fiကွန်ရက်များ ပျံ့နှံ့နေမှုကို အရောင်ဖြင့် ပုံရိပ်ဖော် ပြသသည့် ဖန်တီးမှုများ ပြုလုပ်ပြခဲ့ရာ ထူးခြားလှပသည့် မြင်ကွင်းများ ဖြစ်လာသည်။ Wi-Fiကွန်ရက်၏ လှိုင်းအနိမ့်အမြင့်နှင့် ပျံ့နှံ့ပုံ စက်ကွင်းများကို အရောင်များဖြင့် သရုပ်ဖော်သည့် အဆိုပါ မြင်ကွင်းများကို နစ်ကိုလေလမ်းက NASAမှ နက္ခတ်ဇီဝဗေဒ ပညာရှင် တစ်ဦး၏ အကူအညီဖြင့် ပြုလုပ်ခဲ့ခြင်းဟု သိရသည်။

နစ်ကိုလေသည် NASAပညာရှင် ဘရောင်နင်ဗိုဂဲလ်ထံမှ အင်တာနက် ကြိုးမဲ့ကွန်ရက်၏ ရွေ့လျားမှု သဘောတရားနှင့် စက်ကွင်း ပျံ့နှံ့မှု သဘောတရားတို့ကို မေးမြန်း လေ့လာခဲ့သည်။ ၎င်းသည် ဝါရှင်တန်ဒီစီ မြို့တော်ရှိ သမ္မတရုံးစိုက်ရာ အိမ်ဖြူတော် အဆောက်အအုံ၊ အမျိုးသားခန်းမတို့အနီး Wi-Fiကွန်ရက် ဖြန့်ကျက်မှုကို ဖန်တီး သရုပ်ဖော်ခဲ့ခြင်း ဖြစ်သည်။ Wi-Fiကွန်ရက်အတွင်း မတူညီသည့် Sub Channelများကို ကွဲပြားသော အရောင်များဖြင့် ပုံရိပ်ဖော်ခဲ့သည့်နောက် လှပသည့် စက်ကွင်းကောက်ကြောင်းများ ဖြစ်ပေါ်လာသည်။



နစ်ကိုလေက မိမိ၏ စိတ်ကူးသည် Wi-Fiကွန်ရက်များ မည်သို့မည်ပုံ အလုပ်လုပ်သည်ကို လူအများ သိရှိအောင် သင်ပြပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ "Wi-Fi နည်းပညာကို ကျွန်တော်တို့ ခဏခဏ သုံးနေပေမယ့် အဲဒီနည်းပညာ ဘယ်လို အလုပ်လုပ်တယ် ဆိုတာကို တွေးမိတာ ရှားလွန်းပါလိမ့်မယ်။ ကျွန်တော်တို့ဟာ အသုံးများတဲ့ နည်းပညာ တစ်ခုအတွက် သိပ္ပံပညာက ဘယ်လို ဖန်ဆင်းခဲ့တယ် ဆိုတာကို အသိအမှတ် မပြုမိကြဘူး မဟုတ်လား"ဟု နစ်ကိုလေက ပြောကြားခဲ့သည်။

၎င်းသည် Wi-Fi ထုတ်လွှင့်မှု လှိုင်းကြိမ်နှုန်းအလိုက် ကွဲပြားမှုကို အဝါ၊ အပြာ၊ အစိမ်း၊ အနီရောင်များ ခွဲခြားပြထားခဲ့သည်။ "Wi-Fiစက်ကွင်းက စက်ဝန်းပုံ၊ ဒါမှမဟုတ် ဘဲဥပုံမျိုးနဲ့ အများဆုံး တည်ရှိတတ်ပါတယ်"ဟုလည်း နစ်ကိုလေက ဆိုသည်။ ထို့အပြင် Wi-Fi၏ လှိုင်းအလျားသည် ရေဒီယိုလှိုင်းများထက် တိုပြီး မိုက်ကရိုလှိုင်းများထက် ရှည်ရာ ကြိမ်နှုန်း ကွဲပြားမှုကြောင့် Wi-Fi၏ သီးခြားထုတ်လွှင့်မှု တစ်ခုကို အခြားလှိုင်းများက နှောင့်ယှက်နိုင်ခြင်း မရှိဟုလည်း ၎င်းက ရှင်းပြသွားသည်။

အမျိုးသမီးအလောင်းနှင့် ကလေးအလောင်း တရားခံ (၃)ရက်အကြာတွင် ဖမ်းဆီးရမိ

ဒဂုံတောင်မြို့နယ်တွင် အမျိုးသမီးအလောင်းနှင့် ကလေးအလောင်း
တွေ့ရှိသည့် လူသတ်မှုမှ တရားခံ ပြည့်ဝအောင်အား တိုင်တန်းပြီး
(၃)ရက်အကြာ ၎င်း၏ဇာတိရွာမှ ဖမ်းဆီးရမိ



ရန်ကုန်၊ ဇူလိုင် ၂၈

၂၃.၇.၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် ဒဂုံတောင်မြို့နယ်၊ ရွာသာကြီး
ရပ်ကွက်၊ ဒီဇင်ဘာအိမ်ယာမုခ်ဦးအ၀င်လမ်း၏ အနောက်ဘက်
ကွင်းထဲတွင် မအေးအေးအောင်၊ ၂၁နှစ်၊ အအေးခန်းစက်ရုံအလုပ်သမ၊ (ဘ)ဦးမြင့်အောင်၊ ဒဂုံမြို့သစ်(အရှေ့)မြို့နယ်နေသူ၏အလောင်းနှင့် ၎င်း၏ ဘေးတွင်မွေးကင်းစ ယောက်ျားကလေးတစ်ဦး အလောင်း
ကိုပါတွေ့ရှိရပြီး အလောင်းများမှာပုတ်ပွလျက်ရှိရသဖြင့် ဒဂုံတောင်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၃၃/၂၀၁၃)ဖြင့်
ရေးဖွင့်စုံစမ်းစစ်ဆေးခဲ့ရာ မှုခင်းဆရာဝန်ကြီး၏စစ်ဆေးချက်များ
အရလည်းကောင်း၊ သေဆုံးသူ မအေးအေးအောင်နှင့် ချစ်ကြိုက်ပြီး သားမယားအဖြစ် ဆက်ဆံခဲ့သူ ပြည့်ဝအောင်(စုံစမ်းဆဲ)မှ
၁၉.၇.၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန်ခန့်တွင် သူမအား လာရောက်
ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထိုအချိန်မှစ၍ ပျောက်ဆုံးနေကြောင်း စုံစမ်းစစ်ဆေးသိရှိချက်များအရလည်းကောင်း ဒဂုံတောင်မြို့မရဲစခန်း (ပ)၆၀၂/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် ပြောင်းလဲအရေးယူခဲ့ကာ
ပြည့်ဝအောင်အားဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ပါသည်။

စုံစမ်းရရှိချက်အရ ပြည့်ဝအောင်၊ (ဘ)ဦးမြင့်သန်း၊ အစာစပ်စက်ရုံ
လုပ်သား၊ ရွာသာကြီး၊ ဒဂုံမြို့သစ်(အရှေ့)မြို့နယ် နေသူမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်၊ မျက်နှာပန်းကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သတင်းရရှိသဖြင့် ဒဂုံတောင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အရှေ့ပိုင်းခရိုင်အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် လိုက်လံစုံစမ်းရှာဖွေဖမ်းဆီးခဲ့ရာ ၀က်လက်မြို့နယ်၊
လှတောကျေးရွာ၌ ၂၆.၇.၂၀၁၃ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။
Yangon Police