သာကေတမြို့နယ်တွင် ဆေးလိပ်မီးမှစတင် မီးလောင်မှုဖြစ်

ပို့စ်တင်ချိန် - 7/29/2013 11:55:00 AM


ရန်ကုန်၊ ဇူလိုင် ၂၈

၂၈.၇.၂၀၁၃ ရက်နေ့ ၁၃၅၅ အချိန် သာကေတမြို့နယ်၊(၈)ရပ်ကွက်၊ ဧရာဝဏ်လမ်း၊ မြခွာညိုအိမ်ယာ၊ တိုက်(၂)၊ အခန်း(၀၀၆)
နေအိမ်နောက်ဘက်ဂိုဒေါင်အတွင်း ဦးအောင်ကြိုင်၊ (ဘ)ဦးသင့်၊ (၈)ရပ်ကွက်၊ သာကေတမြို့နယ် နေသူမှ ဆေးလိပ်တိုမီးအား ကတ်ထူပုံးပေါ်တင်ထားခဲ့ရာ ကတ်ထူပုံးမှ တဆင့် အနီးရှိ
ပလပ်စတစ်ပုံးနှင့် အထည်စများသို့ မီးကူးစက် လောက်ကျွမ်းခဲ့၍ မီးသတ်ယာဉ်(၂)စီးဖြင့်ငြိမ်းသတ်ခဲ့သဖြင့် ၁၄၀၀ အချိန်
မီးငြိမ်းသွားခဲ့ပါသည်။

မီးလောင်မှုကြောင့် တန်ဖိုးကျပ်(၃၀၀၀)ခန့်ဆုံးရှုံးခဲ့သဖြင့် မီးပေါ့ဆစွာသုံးစွဲသူ ဦးအောင်ကြိုင်အား သာကေတနယ်မြေရဲစခန်း
(ပ) ၄၉၉/၂၀၁၃၊ ပုဒ်မ၂၈၅ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police