Myanmar IT websites best of 2013 – မြန်မာ့ နည်းပညာ ဝဘ်ဆိုက်များ ၂၀၁၃
၂၀၁၃ – ၂၀၁၃ မှာ ကျွန်တော် ဒီ blog ကို စ run ဖြစ်ပါတယ်၊ အဲဒီအခါကျမှ မြန်မာနိုင်ငံမှာ အိုင်တီ စိတ်ဝင်စားတဲ့ လူငယ်တွေ အများကြီးရှိမှန်း သိလိုက်ရပါတယ်။ ဒါပေမယ့် အွန်လိုင်းက website တော်တော်များများကလည်း software crack တွေ share တာလောက်နဲ့ပဲ အချိန်ကုန်နေကြပါတယ်။ လူငယ်တော်တော်များများကလည်း ဒီလို ဝဘ်ဆိုက်မျိုးတွေလောက်မှာပဲ software တွေ download လုပ်လိုက် ကိုယ့်စက်မှာ install လုပ်လိုက်နဲ့ သူတို့ကိုယ်သူတို့ testing သမားတွေ ဖြစ်မှန်းမသိ ဖြစ်နေပါတော့တယ်၊ testing သမားဆိုတာ ကျွန်တော်တို့ software တွေ website တွေ web application တွေ develop လုပ်ပြီးပြီဆိုရင် develop လုပ်လိုက်တဲ့ products မှာ ဘာတွေများ အမှားတွေရှိလဲလို့ စစ်ဆေးပေးရတဲ့သူ ဖြစ်ပါတယ်။ အခုလည်း ကိုယ်ပိုင်စက်ကို အသုံးချပြီး online က software တွေကို တင်လိုက် ဖြုတ်လိုက်နဲ့ အဆင်မပြေရင် ဘယ်ဟာကအဆင်မပြေဘူးဆိုတာ အောက်မှာ comment သွားရေးလိုက်နဲ့ အချိန်တွေ ကုန်နေကြတာမဟုတ်လား?
အမှန်တော့ ဒါမျိုးတွေက မလုပ်သင့်တော့ပါဘူး၊ မိတ်ဆွေဟာ အဲ့လိုလုပ်နေတဲ့လူတစ်ယောက်ဆိုရင် အခုကစပြီးရပ်လိုက်ပါတော့၊ မိတ်ဆွေရဲ့ သူငယ်ချင်းတွေထဲမှာလည်း ဒါမျိုး လုပ်နေတဲ့လူတွေရှိရင် အောက်မှာ ကျွန်တော် ပြောပြမယ့်အတိုင်း ပြောပြပြီး ရပ်ခိုင်းလိုက်ပါတော့။ ကျွန်တော် ဘာကြောင့် ဒီလိုမျိုးတွေနဲ့ အချိန်မကုန်စေချင်လဲဆိုတော့ -
အပြည့်အစုံ ဖတ်ရန် Myanmar IT
အိမ်မွေးခွေးက ပိုင်ရှင်ရဲ့ ဝှေးစေ့ကို ကိုက်စား
အသက် ၃၉ နှစ်အရွယ် အမည်မဖော်လိုသူ အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ပြောပြချက်အရ မနက် ၇ နာရီ ၄၅ မိနစ်လောက်မှာ တင်ပါးပိုင်းတစ်ခုလုံး သေလောက်အောင်နာကျင်လာလို့ အိပ်ယာက နိုးလာခဲ့ပါတယ်။ သူနိုးလာလာချင်း သူ့ပေါင်ကြားမှာ နှုတ်ခမ်းနဲ့ ရှေ့ခြေထောက်မှာ သွေးတွေပေနေတဲ့ အမွှေးထူ ခွေးအဖြူလေး တစ်ကောင်ကိုလည်း သတိထားမိခဲ့ပါတယ်။ ခွေးကို သေချာကြည့်လိုက်တဲ့အခါမှာတော့ ခွေးဟာ သူ့ရဲ့ ဝှေးစေ့ နှစ်လုံးထဲက တစ်လုံးကို စားခဲ့တာသိလိုက်ရပါတယ်လို့ သူကပြောပြပါတယ်။ ဒီခွေးကို လွန်ခဲ့တဲ့ သုံးပတ်လောက်တုန်းက လမ်းပေါ်မှာတွေ့လို့ အိမ်ကို ခေါ်လာခဲ့တာပါလို့ သူက ဆက်ပြောပါတယ်၊ ပြီးတော့ ကာကွယ်ဆေးထိုးထားလား မထိုးထားလားဆိုတာတော့ သူမသိပါဘူး။ ရဲတွေကတော့ ထိုခွေးကို သတ်ပစ်လိုက်ကြပါတယ်။
Myanmar CNN (http://www.myanmarcnn.com)
စင်ကာပူစစ်တပ်ထဲက မြန်မာပြည်ဖွား အရာရှိငယ်
မြန်မာပြည်ဖွား မောင်သက်နိုင်ဝင်းဟာ စင်ကာပူ နိုင်ငံ စစ်တပ်မှာ အခုဆိုရင် အရာရှိငယ်လေး ( Officer Cadet )  ဖြစ်နေပါ ပြီ။
 မောင်သက်နိုင်ဝင်း ( အလယ်) ၊ ဓာတ်ပုံ- straittimes.com
သူ့အသက် ၁၉ နှစ်အရွယ်လောက်က သူက မိဘတွေကို စစ်တပ်ထဲဝင်ချင်တဲ့အကြောင်း ပြောခဲ့ပေမယ့် မိဘတွေက တောက်လျှောက် ကန့်ကွက်ပြောဆိုခဲ့တယ်လို့ စင်ကာပူ Strait Times သတင်း တပုဒ်က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ခါးသည်းတဲ့ စစ်အုပ်ချုပ်ရေးအောက်ကြီးပြင်းလာသူတွေဖြစ်တဲ့ မိဘတွေအနေနဲ့ သူတို့ရဲ့ သားဖြစ်သူကို စစ်သား တယောက်ဖြစ်မလာစေချင်ခဲ့ပါဘူး။ ဒါကြောင့် မိဘတွေက ကန့်ကွက်ပြောခဲ့တာပါ တဲ့။
စင်ကာပူ ( OCT) စစ်အရာရှိငယ် မောင်သက်နိုင်ဝင်း ဟာ သူ့မိဘတွေနဲ့အတူ အသက် ၁ နှစ်သား အရွယ် ကတည်းက စင်ကာပူနိုင်ငံကို ပြောင်းရွှေ့နေထိုင်လာရင်း ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်မှာ စင်ကာပူနိုင်ငံသား ဖြစ်ခဲ့ကြပါတယ်။
မောင်သက်နိုင်ဝင်းဟာ Istana မှာ မနေ့က ကျင်းပတဲ့ အခမ်းအနား တခုမှာ ယခုနှစ်အတွက် SAF Overseas Scholarship (Safos) ဆုရ ၈ ဦးထဲမှာ တဦး အပါအ၀င်ဖြစ်လာပါပြီ။
အခုလို SAF က ရွေးချယ်ခံလိုက်ရတဲ့အပေါ်  မောင်သက်နိုင်ဝင်းက စင်ကာပူနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့အတွက် အခုလို အလုပ်အတည်တကျရတာကြောင့် ဖခင်ဖြစ်သူကလည်း သူ့အပေါ် ယုံကြည်မှုကို ရလာစေတယ်လို့ ပြောထားပါတယ်။
အိမ့်သံစဉ် ~
ဗုဒ္ဓ၏ အံ့သြဖွယ် မိန့်ခွန်းတော်များ
“ဗုဒ္ဓ” သည် ကမ္ဘာပေါ်ရှိ မည်သည့် ဘာသာ အယူဝါဒ ထူထောင် ဖွဲ့စည်းသူမျှ မပြုလုပ်ဝံ့၊ မပြုလုပ်နိုင်သော“ ထူးခြားအံ့ဖွယ် ကမ္ဘာကျော် မိန့်ခွန်းတစ်ရပ်”ကို ရဲဝံ့ ပြတ်သားစွာ ဟောကြားခဲ့ ပါသည်။
အိန္ဒိယနိုင်ငံ၊ ကောသလတိုင်း၊ ကေသမုတ္တိရွာသား၊ ကာလာမ လူမျိုးတို့ကို ဟောကြားသော “ကာလာမ သုတ္တန်” သည် “အမှန်တရားကို ရှာဖွေသူ တစ်ဦးထံသို့ ဗုဒ္ဓ၏ လက်ဆောင် လမ်းညွှန်ချက်” တရားတို့ပင် ဖြစ်သည်။
ဤ သုတ္တန်တရားတော်မှ ဗုဒ္ဓ၏ မိန့်ခွန်းသံသည် အတွေးအမြင် မှုန်ဝါးနေသူကို အလင်းရောင်ခြည် ရစေသော “မီးရှုးတန်ဆောင်ပမာ” ဖြစ်ပါသည်။
ဘာသာရေး ထုံးတမ်းစဉ်လာ ကြားတွင် တွေဝေငေးမော နေသူများကို သစ္စာတရား လမ်းမှန်ဆီသို့ တက်တက်ကြွကြွ လျှောက်လှမ်းနိုင်အောင် လမ်းဖွင့် ပေးလိုက်သော ကြည်လင် ချိုမြသည့် “ဓမ္မခေါင်းေ လာင်းသံ” လည်း ဖြစ်ပေသည်။
ဗုဒ္ဓ ၏ ထို မိန့်ဆိုချက်မှာ……
“အို….ကာလာမလူမျိုး အမျိုးကောင်းသားတို့…၊ သင်တို့သည် လက်ခံကျင့်သုံး အပ်သော အမှန်တရား ဓမ္မတို့ကို ဤ အချက် (၁၀) ချက်ဖြင့် ဆင်ခြင်စိစစ်၍ ဆုံးဖြတ် အားထုတ်ကြ ကုန်လော့…။
(၁) ဤတရားတော်သည် မိရိုးဖလာ ရှေးအစဉ်အဆက်က ပြောကြား သိမှတ် လာခဲ့တာပဲလို့ “ရှေးစကား” ဖြစ်ရုံနဲ့လည်း အယူဝါဒတစ်ခုကို လက်မခံလိုက်ပါ နဲ့ဦး။
(၂) ဘိုးစဉ်ဘောင်ဆက် ကျင့်သုံးလာခဲ့တဲ့ “ဓလေ့ထုံးစံ” ဖြစ်ရုံနဲ့ပဲ အားလုံးကို အမှန်ဖြစ်တယ် လို့ ယူဆပြီး လက်မခံလိုက်ပါနဲ့ဦး။
(၃) လူအများက ပြောနေကြတာပဲ ဆိုပြီးတော့ လူသိထင်ရှား “နာမည် ကျော်ကြားရုံ” နဲ့ မစုံစမ်း မဆင်ခြင် ဘဲ အဲဒီ အယူဝါဒကို လက်မခံလိုက် ပါနဲ့ဦး။
(၄) “ရှေးဟောင်း စာပေကျမ်းဂန်” တွေထဲမှာ ရေးထားတာပဲ ဆိုပြီးတော့လည်း အလွယ် တကူ လက်မခံ လိုက်ပါနဲ့ဦး။
(၆) အဲဒီတရား အယူအဆဟာဖြင့် ထောက်ပံ့ အမှီပြုအပ်တဲ့ “နည်းနာ နိဿယ” တွေ၊ အကြောင်းပြချက်တွေ ရှိနေတာဘဲ ဆိုပြီးတော့လည်း အလွယ် တကူ လက်မခံလိုက်ပါနဲ့ဦး။
(၇) မိမိဘာသာ “တွေးခေါ်ကြံစည် ဆင်ခြင်ပြီး” ဟုတ်လှပြီ လို့ သဘောကျ နှစ်ခြိုက်ရုံနဲ့လဲ မှန်လှပြီ လို့ မယူဆ လိုက်ပါနဲ့ဦး။
(၈) ဒီတရား အယူအဆတွေ ဟာဖြင့် မိမိစဉ်းစား တွေးတော ထားတာတွေနဲ့“တူညီတာပဲ” ဟု ဆိုရုံမျှနဲ့ လည်း အမှန်တွေဘဲ လို့ လက်မခံလိုက် ပါနဲ့ဦး။
(၉) အများက “လေးစားရိုသေ အပ်တဲ့ ပုဂ္ဂိုလ်ကြီး” ရဲ့ ပြောတဲ့ စကားပဲ ဆိုပြီး တော့လည်း မဆင်မခြင်ပဲ မယုံကြည် လိုက်ပါနဲ့ဦး။
(၁၀) ငါတို့ ရင်းနှီး ကျွမ်းဝင်ချစ်ခင်တဲ့ “ငါတို့ဆရာသမား” ပြောကြားတဲ့ စကားပဲ ဆိုပြီတော့လည်း အပြီး သတ် လက်ခံ ယုံကြည်မှုကို မပြုလိုက်ပါနဲ့ဦး။
“ကာလာမ လူမျိုးတို့……
သင်၏ ကိုယ်ပိုင်ဥာဏ်ဖြင့် ဦးစွာဆင်ခြင် သုံးသပ်ကာ…
ဤတရားတို့ကား.. မကောင်းမှု တရားတို့ပေတည်း။
ဤတရားတို့ကား.. အကျိုးမဲ့ အပြစ်ကိုသာ ဖြစ်စေသော တရားတို့တည်း။
ဤတရားတို့ကား.. ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း။
ဤတရားတို့ကား.. ဆင်းရဲ ဒုက္ခအပေါင်းမှ လွတ်မြောက်ကြောင်း မဟုတ်သော တရားတို့ပေတည်း……ဟု ရှောင်ရှား ပယ်စွန့်သင့်သည် တို့ကို စွန့်ပစ်ကာ လက်ငင်း အကျိုးကျေးဇူး အမှန်တကယ် ပြုနိုင်သော တရားတို့ကိုသာ လက်တွေ့ ကျင့်သုံးပြီးမှ ယုံကြည် လက်ခံကြပါ…ဟု ပွင့်လင်းစွာ မိန့်ကြားခဲ့ ပါသည်။
“ဘာသာအယူဝါဒ ဂိုဏ်းဂဏ ထူထောင်သူတို့သည်…
ငါ့ကိုသာ ယုံကြည်ကိုးကွယ် ကြရမည်။
ငါပြောသည့် အတိုင်းသာ ပြုလုပ်ကြရမည်။
ငါ့ကို မယုံကြည်လျှင် အပြစ်ရှိသည်။ ငရဲ သို့ကျရောက်စေရမည်။”
ဟု ခြိမ်းခြောက် ဟောပြော၍ လူစုနေချိန်တွင်……”
“ဗုဒ္ဓ” က…
“ငါပြောတာကိုလည်း ရမ်းပြီး မယုံလိုက်ပါနဲ့ဦး။ ဆင်းရဲဒုက္ခ ငြိမ်းအေးပြီး ချမ်းသာသုခကို ဖြစ်စေတဲ့ …. သစ္စာ(၄)ပါး၊ မဂ္ဂင်(၈)ပါး.. တရားဓမ္မကို ဦးစွာ ကျင့်သုံးပြီး ကိုယ်တိုင် ပစ္စုပ္ပန်မှာ လက်တွေ့ သဘာဝကျကျ အကျိုးခံစားရမှ ယုံယုံကြည်ကြည်နဲ့ လက်ခံကြပါ”…ဟု ဟောကြားရဲခြင်းသည်…
ဓမ္မ၏ မြင့်မြတ်မှန်ကန်သော...ဂုဏ်တော် တစ်ရပ်ပင်ဖြစ်ပြီး၊ ကမ္ဘာပေါ်ရှိ ဘာသာအယူဝါဒ မျိုးစုံတို့ အတွက် “အံ့သြ တုန်လှုပ်ဖွယ် မိန့်ခွန်းတော် တစ်ရပ် ” ပင် ဖြစ်ပေတော့သည်။
post by နှင်းဆီဖူးလေးများ-Love BUDS
Galaxy S4 ပေါက်ကွဲပြီး အိမ် မီးလောင်ကျွမ်းမှု ဟောင်ကောင်တွင် ဖြစ်ပွားခဲ့
မစ္စတာ ဒူ လို့ခေါ်တဲ့ ဟောင်ကောင်နိုင်ငံသား တစ်ဦး အသုံးပြုတဲ့ Samsung Galaxy S4 စမတ်ဖုန်းဟာ ပေါက်ကွဲခဲ့ပြီး အိမ်မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ Xianguo.com မှ ဖော်ပြခဲ့ပါတယ်။ ၎င်းအသုံးပြုတဲ့ ဖုန်း၊ ဘက်ထရီနဲ့ အားသွင်းစက်ဟာ Samsung ရဲ့ တရားဝင် ထုတ်ကုန်များ ဖြစ်ပါတယ်။ ဒါပေမဲ့ အိမ်တစ် အိမ်လုံး မီးလောင်ကျွမ်းခဲ့မှုနဲ့ ပတ်သက်ပြီး အတည်ပြုရ ခက်နေတယ်လို့ ဆိုပါတယ်။
မစ္စတာ ဒူ ဟာ ဧည့်ခန်း ဆိုဖာပေါ်မှာ ထိုင်ပြီး အားသွင်းထားတဲ့ Galaxy S4 မှာ Love Machine ဂိမ်းကို ကစားနေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုအချိန်တွင် မစ္စတာဒူမှာ အပူရှိန်ကြောင့် စမတ်ဖုန်းကို ဆိုဖာပေါ်သို့ လွှင့်ပစ်လိုက်ရာမှ ဆိုဖာတွင် မီးစစွဲကြောင်း၊ မီးတောက်မှာ လိုက်ကာများထံ ကူးစက်သွားပြီး အိမ်အသုံးအဆောင် ပစ္စည်းများ၊ ပရိဘောဂများ အပြင် အိမ်အပြင်ဘက်မှာ ရပ်ထားတဲ့ မာစီဒီးကားကိုပါ လောင်ကျွမ်း ခဲ့ခြင်းဖြစ်ကြောင်း Xianguo.com မှ ဖော်ပြခဲ့ပါတယ်။
ကနဦး စုံစမ်းစစ်ဆေးမှုများအရ ၅ လက်မအရွယ် စမတ်ဖုန်းကနေတစ်ဆင့် အိမ်တစ်အိမ်လုံး မီးလောင် ကျွမ်းခဲ့ခြင်းနဲ့ ပတ်သက်ပြီး သံသယဖြစ်ဖွယ် အနေအထား မရှိဘူးလို့ မီးသတ်ဌာနမှ ဆိုပါတယ်။
နောက်ပြီး Samsung ကလည်း အသေးစိတ် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ Xianguo.com ထံ ပြောကြားခဲ့ပါတယ်။
Ref: PCMag
Internet Journal
ပီကေဝါးသူများတွင် ဦးနှောက် မှတ်ဉာဏ် ချွတ်ယွင်းမှု စောစီးစွာ ဖြစ်နိုင်ဟုဆို
ပီကေဝါးပြီး သွားရောဂါ ဖြစ်သူများတွင် အယ်လ်ဇိုင်းမားခေါ် ဦးနှောက် မှတ်ဉာဏ် ချွတ်ယွင်းသည့် ဝေဒနာကို စောစီးစွာ ခံစားရကြောင်း သွားနှင့် ဆေးတက္ကသိုလ် ပါမောက္ခ ဒေါက်တာ စိန့်ဂျွန်ကရင်က ပြောကြား ခဲ့သည်။
ပီကေ စားသူများတွင် သွားရောဂါ စွဲကပ်နိုင်ပြီး ယင်းမှတစ်ဆင့် ဗက်တီးရီးယားများသည် မှတ်ဉာဏ် ပျက်ယွင်းစေသည်အထိ ဒုက္ခပေးနိုင်ကြောင်း ဒေါက်တာကရင်က ဆိုသည်။
ပီကေဝါးခြင်းဖြင့် ကျိုးပဲ့ ပျက်စီးလာသော သွား အစိတ်အပိုင်းနှင့် သွားဖုံးများ မှတစ်ဆင့် ဗက်တီးရီးယားများ ဝင်လာတတ်ကြောင်း၊ ထိုဗက်တီးရီးယား များသည် နာ့ဗ် ဆဲလ်များ အတွင်းသို့ ဝင်ရောက်သွားခြင်းကြောင့် အာရုံကြောများ ပျက်စီးပြီး မှတ်ဉာဏ် ချွတ်ယွင်းမှုများ ကိုပါ ဖြစ်ပေါ်စေနိုင်ကြောင်း လန်ကက်ရှိုင်းယား ဗဟိုတက္ကသိုလ် မှ ဒေါက်တာ ဆင်မ်ရှင်ဂျရွိုင်းကလည်း ပြောကြားသည်။
The Voice Weekly
မြဝတီရေကြီးမှု အဆိုးဆုံး အခြေအနေရောက်
မြဝတီ မြို့တွင် သောင်းရင်းမြစ်ရေကြီး ရေလျံမှုကြောင့် ရေကြီး မှုသည် အဆိုးဆုံးအခြေအနေသို့ ရောက် ရှိနေခြင်းကြောင့် ကယ်ဆယ်ရေး စခန်း ၅ရခုအထိဖွင့်လှစ်ကာ ဆောင်ရွက်နေရကြောင်း ကရင် ပြည်နယ် လူမှုရေး ဝန်ကြီး ဦးချစ် လှိုင်က ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ပြောသည်။ ကရင်ပြည်နယ်လူမှုရေး ဝန်ကြီး ဦးချစ်လှိုင်က ''ကရင်ပြည် နယ်မှာ ခါတိုင်းနှစ်နဲ့မတူဘူး။ တော် တော်ဆိုးတာ မြဝတီဘက်သွား လမ်းတွေမှာ တောင် တွေပြို လို့ လမ်းရှင်းလင်းရေး ဆောင်ရွက် နေရတယ်။ ကျောင်းတွေလဲ ပိတ် လိုက်ရတယ်''ဟု ပြောသည်။ ရေကြီးမှုကြောင့် မြဝတီမြို့ အတွင်းရှိရုံးများနှင့် လူနေအိမ်အ များအပြားရေနစ်မြုပ်မှုများဖြစ် ပေါ်ကြောင်း ဒေသခံများ၏ ပြော ပြချက် အရသိရ သည်။
မြန်မာနိုင်ငံ အောက်ပိုင်း ဒေသတွင် ဇူလိုင်လအတွင်း မိုး များအဆက်မပြတ်ရွာသွန်းလျက် ရှိရာ မြဝတီမြို့ရှိ သောင်ရင်းမြစ် တွင်လည်း ဇူလိုင် ၂ရရက်မှစ တင်ကာ ရေတက်လျက်ရှိပြီး မြို့ ၏စိုးရိမ်ရေအမှတ်ကို ကျော် လွန်ရောက် ရှိခြင်း ဖြစ် ကြောင်း သိရသည်။ မြဝတီမြို့ အမှတ်(၅)ရပ် ကွက်မှ ဈေးဆိုင်ဖွင့်လှစ်ရောင်း ချသူတစ်ဦးက ''မြို့ထဲကနေရာ တ်ာတော်များရေမြုပ်နေတယ်။ မိုးကလဲ ဒီနေထိမရပ်သေးဘူး။တချို့နေရာရပ်ကွက်တွေဆိုရင် အိမ်ခေါင် မိုးတောင် မြုပ်သွား ပြီ။ တချို့နေ ရာတွေ ဆိုရင် လူတစ် ရပ်မြုပ်တယ်။ ရေတွေအရမ်း များလို တစ်နေရာနဲ့ တစ်ရာသွား ရင် လှေနဲ့သွားရတယ်''ဟုပြော သည်။
ယင်းကဆက်လက်၍ မိုး တွင်းကာလများတွင် ရေတက်မှု များရှိသော်လည်း ယခုနှစ်တွင် ရက်ပေါင်းလေးရက်ရှိသော်လည်း တစ်နာရီလျှင် နှစ်ပေခန့်မြင့်တက် လျက်ရှိပြီး ထိုင်း-မြန်မာနယ်စပ် တံတားမှာလည်း ထိုင်းဖက်အခြမ်း မှ ပိတ် လိုက်ပြီဖြစ် ကြောင်းပြော သည်။
စိုင်းဟန်
Yangon Media Group
ခေါက်ဆွဲထုပ်ကို အန္တာရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်း
ခေါက်ဆွဲထုပ်ကို အန္တာရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်းလူအများစုဟာ ရေးနွေးထဲ အဆင်သင့် ထည့်စားရုံ လွယ်ကူတဲ့ ခေါက်ဆွဲခြောက် ထုပ်တွေကို စားသုံးမှု များကြပါ တယ်။ ဒါတွေက ကြာရှည်လည်း အ ထားခံတဲ့အတွက် နောက်ပိုင်းမှာ တဖြည်း ဖြည်း ပိုမိုတွင်ကျယ်လာပါတယ်။
အဆင်သင့် ခေါက်ဆွဲခြောက်ထုပ်( Instant Noddle) တွေကို ဂျပန်ကုမ္ပဏီ တစ်ခုက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါ တယ်။ အဆင်သင့် ခေါက်ဆွဲခြောက်ထုပ် တွေကို နေ့စဉ် စားနေတာဟာ ကျန်းမာရေးကို အန္တရာယ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ အာဟာရတန်ဖိုး နည်းပါးပြီး ဆား(ဆိုဒီယမ်)၊ အဆီ၊ အချို မှုန့်၊ အရသာ စတဲ့ အရာတွေ ပါဝင်မှု များတာကြောင့်ပါ။
ဆား(ဆိုဒီယမ်) ပါဝင်မှု များတာ ကြောင့် အဆင်သင့် ခေါက်ဆွဲခြောက် ထုပ်တွေကို နေ့တိုင်းစားရင် သွေးတိုးရော ဂါ ဖြစ်စေနိုင်ပါတယ်။ အဲဒီကတစ်ဆင့် နှလုံးရောဂါ၊ လေဖြတ်တာနဲ့ ကျောက် ကပ်ထိခိုက်တာတို့ ဖြစ်တတ်ပါတယ်။ အ ရွယ်ရောက်သူနဲ့ လေးနှစ်ကျော်တဲ့ က လေးတွေရဲ့ တစ်နေ့မှာ ဆိုဒီယမ် စားနိုင် တဲ့ ပမာဏက ၁၅၀ဝ မီလီဂရမ်ဖြစ်ပြီး ပျမ်းမျှအားဖြင့် ခေါက်ဆွဲထုပ်တစ်ထုပ် မှာ ပါဝင်တဲ့ ဆိုဒီယမ်က ၂၇၀ဝ မီလီဂ ရမ်ဖြစ်ပါတယ်။
ခေါက်ဆွဲ ခြောက်ထုပ်မှာ ပါဝင်တဲ့ ဆီဟာ ချက်ပြုတ်စားသောက်နည်း မမှန် ရင် ကင်ဆာဖြစ်စေနိုင်ပါတယ်။
အချိုမှုန့် (Flavour) ပါဝင်တာကြောင့် သွေးတိုးရော ဂါနဲ့ တခြားရောဂါဝေဒနာတွေကို ဖြစ်စေ နိုင်ပါတယ်။
အရသာ (Junk Food ) အဖြစ် အမဲ သားအနံ့၊ ပင်လယ်စာအနံ့ စတာတွေကို ထည့်သွင်းထားကာ ထုတ်လုပ်တဲ့ ကုမ္ပဏီ ပေါ်မူတည်ပြီး အမျိုးအစား မတူပေမယ့် အများအားဖြင့် အန္တရာယ်ရှိပါတယ်။
ခေါက်ဆွဲထုပ်ကို အများကြီး စား ရင် အစာမကြေဖြစ်တတ်ပါတယ်။ ခေါက် ဆွဲထုပ်ကို အဆင်သင့်အစာ (Junk Food) အဖြစ် ကျန်းမာရေးနဲ့ မညီညွတ် တဲ့ အစာလို့ ဝေဖန်ကြပါတယ်။ ခေါက် ဆွဲထုပ်တစ်ထုပ်မှာ ကာဗိုဟိုက်ဒရိတ်နဲ့ အဆီပါဝင်မှု များပေမယ့် အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်မှုက လျော့နည်းပါတယ်။
ခေါက်ဆွဲထုပ်ကို အန္တာရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်း
ခေါက်ဆွဲထုပ်ကို ဖောက်ပြီး ခေါက် ဆွဲတွေကို အရင်ဆုံး ရေနွေးထဲ ထည့် ပြုတ်ပါ။ ပြီးရင် ရေကို သွန်ပစ်လိုက်ပါ။ ဒါဆိုရင် ခေါက်ဆွဲတွေ မကပ်ငြိအောင် ကာကွယ်ပေးတဲ့ ဖယောင်း (Wax)ကွာ ကျသွားပါ လိမ့်မယ်။ ပြီးမှ ဟင်းအရည်နဲ့ စားချင်ရင် ရေနွေး ထပ်ထည့်ရပါမယ်။ ခေါက်ဆွဲကျက်မှ ဆီ၊ ဆား စတဲ့ ပါဝင်တဲ့ အရသာအမှုန့်တွေကို ထည့်ပေးရမှာ ဖြစ် ပါတယ်။ ဒီနည်းက လုံးဝ အန္တရာယ်ကင်း တာတော့ မဟုတ်ပါဘူး။ အရင်က လူအ များစုဟာ ရေနွေးပြုတ်ထဲ ခေါက်ဆွဲနဲ့ ပါဝင်တဲ့ ပစ္စည်းတွေ အကုန်ထည့်ပြီး ခေါက်ဆွဲကျက်ရင် စားလေ့ရှိကြပါတယ်။ ဒီနည်းနဲ့ စာရင် အခုပြောပြတဲ့ ချက်ပြုတ် နည်းက အန္တရာယ် ပိုလျော့ပါးသွားတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က လတ်ဆတ်တဲ့ ဟင်းသီးဟင်း၇ွက်တွေ ထည့်ပြီး ပြုတ်စားရင် ခေါက်ဆွဲထုပ်မှာ ပါဝင်မှု နည်းတဲ့ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ် တွေကို ရရှိစေနိုင်တာကြောင့် ကျန်းမာ ရေးအတွက် ကောင်းပါတယ်။
အန္တာရယ်ကင်းချင်ရင် ခေါက်ဆွဲ ထုပ်ကို နေ့တိုင်း မစားသင့်ပါဘူး။ တစ်နေ့ သုံး-လေးထုပ်စားတာကို ရှောင်ရပါမယ်။ ကြိုက်လို့ စားချင်ရင် သုံးရက်ကြာမှ တစ် ထုပ်လောက်ပဲ စားပါလို့ ပြောချင်ပါတယ်။
ဒေါက်တာဦးကိုကို
By Good Health
မဖွယ်မရာများ ကင်းဝေးရေး သန်လျင်နည်းပညာ တက္ကသိုလ် စာသင်ခန်းများ အတန်းပြီးချိန် သော့ခတ်ပြီ
သန်လျင်နည်းပညာတက္ကသိုလ်မှ ကျောင်း သားနှင့် ကျောင်းသူတို့၏ မဖွယ်မရာ ပြုလုပ်နေ သည့် ဗီဒီယိုဖိုင် အွန်လိုင်း၌ ပျံ့နှံ့ခဲ့ပြီးနောက် ၄င်းေ ကျာင်းအတွင်း စာသင်ချိန်ပြီးဆုံးသည်နှင့် စာသင်ခန်းများအား တံခါးသော့ ခတ်သည့်ကိစ္စ များ ပြုလုပ်နေပြီဖြစ်ကြောင်း ၄င်းတက္ကသိုလ်မှ ဒုတိယနှ စ် စက်မှုအင်ဂျင်နီယာ ကျောင်းသား ကိုကျော်ဇင်ထက်က ပြောသည်။
ယခင်က အခန်းများနှင့်အဆောင်များကို တာဝန်ကျ ဆရာ၊ ဆရာမများမှ လှည့်လည်စစ် ဆေးခြင်း၊ ကျောင်းမှတာဝန်ကျလုံခြုံရေးဝန်ထမ်း မှ အလှည့်ကျတာဝန်ယူခြင်းများ ပြုလုပ်သော် လည်း လက်ရှိတွင် စာသင်ခန်းတံခါးသော့ခတ် ခြင်းကိစ္စကိုပါ တိုးချဲ့ဆောင်ရွက်လာခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။
”စာသင်ခန်းတွေကို အရင်က Lock မခတ် ဘူး။ အဆောင် Main တံခါးတွေလောက်ပဲ သော့ခတ်တာ။ အခုတော့ သော့ခတ်တဲ့အပိုင်း တစ်ခုတိုး လာတာပေါ့” ဟု ၄င်းက ပြောသည်။
အဆိုပါကျောင်းမှ ကျောင်းသား ကျောင်း သူတို့၏ ဖြစ်ရပ်မှာ ဇွန်လ ၂၆ ရက်နေ့ ပါမောက္ခ ချုပ်မှ ကျောင်းသူ၊ ကျောင်းသားအားလုံး ကို ကျောင်းခန်း မတွင် စုဝေးတွေ့ဆုံနေချိန်ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်း သန်လျင်နည်း ပညာ တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများက ဇူလိုင်လ ၂၈ ရက်တွင် ပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
သန်လျင်နည်းပညာတက္ကသိုလ်မှ မြို့ပြ အင်ဂျင်နီယာ ဒုတိယနှစ် တက်ရောက်နေသည့် ကျောင်းသားကိုစည်သူအောင်က ဖုန်းနှင့်နည်းပညာ ပစ္စည်းများ တိုးတက်ပေါများလာခြင်းကြောင့်သာ ယခုကဲ့သို့အွန်လိုင်း၌ လွယ်လွယ်ကူကူ ပျံ့နှံ့ သွားခြင်းဖြစ်သည်ဟု ပြောကြားသည်။
လက်ရှိတွင် အဆိုပါမဖွယ်မရာ ပြုလုပ် သည့် ကျောင်းသား၊ ကျောင်းသူနှင့် ဗီဒီယိုဖိုင် ဖြန့်ချိသူများကို အရေးယူခြင်းမျိုး ပြုလုပ်ခြင်း မရှိသေးဘဲ ကျောင်းသားအချင်းချင်း ထိန်းသိမ်း သည့်ပုံစံမျိုးဖြင့် သာဆောင်ရွက်နေသည်ဟု စက်မှု အင်ဂျင်နီယာကျောင်း သား ကိုကျော်ဇင်ထက်က ဆက်ပြောသည်။
”ကျောင်းသားတွေကိုယ်တိုင်လည်း ဒီကိစ္စ လိုမျိုး လုံးဝလုပ်ရဲတော့မှာ မဟုတ်ပါဘူး။ သူတို့ လည်း သိသွားပါပြီ”ဟု ကိုစည်သူအောင်က ဆို သည်။
အထက်ပါကိစ္စများနှင့် စပ်လျဉ်း၍ သန် လျင်နည်းပညာတက္က သိုလ် ကျောင်းသားများမှ ဇူလိုင်လ ၂၈ ရက်နေ့တွင် သတင်းစာရှင်းလင်း ပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ဇူလိုင်လ ၂၉ ရက်နေ့တွင် လည်း ကျောင်း ပါမောက္ခချုပ်မှ ကျောင်းသား၊ ကျောင်းသူအားလုံးကိုခေါ်ယူ၍ ၄င်းကိစ္စများနှင့် ပတ်သက် သည့် ဆွေးနွေးပွဲတစ်ရပ်ကို ကျောင်း စုဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သုတလင်း
Popular Myanmar News Journal
ရှန်ဟိုင်းတွင် အပူချိန် စံချိန်တင်မြင့်မားမှုကြောင့် လူ ၁၀ ဦးသေဆုံး
ဇူလိုင်လအတွင်း ရှန်ဟိုင်း၏ အပူချိန်သည် စံချိန်တင် ပမာဏအထိ မြင့်တက်ခဲ့ရာ အပူဆုံးဇူလိုင်ဟူသော ဝေါဟာရကိုပင် ညွှန်းဆို သုံးစွဲလာကြသည်။
တရုတ်အစိုးရသည် ရှန်ဟိုင်းမြို့နေ ပြည်သူများ အနေဖြင့် အပူချိန် မြင့်တက်မှုကို ဂရုတစိုက် ကိုင်တွယ် တုံ့ပြန်ရန် သတိပေးထားကြောင်း သိရသည်။ ယခုနှစ် ဇူလိုင်လအတွင်း ရှန်ဟိုင်း၏ အပူချိန်သည် စံချိန်တင် ပမာဏအထိ မြင့်တက်ခဲ့ရာ အပူဆုံးဇူလိုင်ဟူသော ဝေါဟာရကိုပင် ညွှန်းဆို သုံးစွဲလာကြသည်။ တရုတ်နိုင်ငံ၏ အထင်ကရ စီးပွားရေး ဗဟိုအချက်အခြာ မြို့ကြီးတစ်မြို့ဖြစ်သော ရှန်ဟိုင်းတွင် အနည်းဆုံး လူ(၁၀)ဦးမျှ ပြင်းပြင်းထန်ထန် အပူရှပ်ကာ သေဆုံးခဲ့သည်။
ယခုဇူလိုင်လသည် နှစ်ပေါင်း(၁၄၀)ကျော် ကာလအတွင်း ရှန်ဟိုင်း၌ အပူချိန် အမြင့်မားဆုံး ဖြစ်ခဲ့ကြောင်းလည်း မိုးလေဝသ ပညာရှင်များက ပြောကြားထားသည်။  ဒေသဆိုင်ရာ သတင်းမီဒီယာသမား အချို့က အပူလွန်ကဲမှုကို လူအများ သတိပြုမိစေရန် ရည်ရွယ်ကာ လမ်းဘေး ပလက်ဖောင်းပေါ်တွင် ဒယ်အိုးတည်ကာ မီးမမြှိုက်ဘဲ ဝက်သား ကြော်ပြခြင်းဖြင့် သရုပ်ပြ သတိပေးကြသည်။ အဆိုပါ အသားတုံးသည် (၁၀)မိနစ်အတွင်း ကျက်သွားသည်။ အမျိုးသားအဆင့် အပူချိန် သတိပေး နှိုးဆော်ချက်ကို အန်ဟွိုင်၊ ဂျီယန်ဆု၊ ဟူနန်၊ ဟူဘိုင်း၊ ရှန်ဟိုင်းနှင့် ချုံကင်းတို့ အပါအဝင် ဒေသကြီး (၉)ခု၌ ထုတ်ပြန်ထားကြောင်းလည်း သိရသည်။ ရှန်ဟိုင်း မိုးလေဝသ ဗျူရိုမှ ပညာရှင်များက မြို့၏ အပူချိန်သည် တစ်လလုံးတွင် အနည်းဆုံး (၂၄)ရက်မျှ (၃၅)ဒီဂရီ ဆဲလ်ဆီးရပ်စ်နှင့် အထက်တွင် ရပ်တည်ခဲ့ကြောင်း ပြောကြားခဲ့သည်။
"ရှန်ဟိုင်းရဲ့ ကိုယ်ပိုင် မိုးလေဝသ မှတ်တမ်းတွေ အရတော့ အပူချိန်က စံချိန်သစ်ပဲ"ဟု ဗျူရို၏ အကြီးအကဲ ဝူရိုင်းက မှတ်ချက်ပြုခဲ့သည်။ ၎င်းက "ဒီနှစ်၊ ဇူလိုင်လမှာ ရှန်ဟိုင်းရဲ့ အပူချိန်က (၄၀.၆) ဆဲလ်ဆီးရပ်စ်ထိ မြင့်တက်ခဲ့သေးတယ်။ ဒါဟာ သမိုင်းတစ်လျှောက် အမြင့်ဆုံး အပူချိန်ပါပဲ။ ဇူလိုင် တစ်လလုံး အနေနဲ့ တိုင်းတာရင်လည်း အပူချိန် မြင့်တက်မှု စံချိန်ဟောင်းကို ချိုးဖျက်နိုင်ခဲ့တယ်"ဟု ဆက်လက် ပြောဆိုသွားသည်။ မြို့ခံတစ်ဦးက "လူတွေ အဲကွန်းမရှိဘဲ နေလို့ကို မရဘူး ဖြစ်နေတယ်။ အပြင်ထွက်လိုက်တာနဲ့ လူစင်စစ်က အကျွတ်ကြော် ဖြစ်သွားလိမ့်မယ်"ဟု Reutersသို့ ပြောကြားသွားသည်။
Planet Myanmar Network
တာဝန်ဝတ္တရားဆောင်ရွက်သူအား ဆဲဆိုဟန့်တားသဖြင့် အရေးယူ
ရန်ကုန်၊ ဇူလိုင် ၃၁
၃၀.၇.၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် ပန်းဘဲတန်းမြို့နယ်၊
ရွှေတိဂုံဘုရားလမ်း၊ သိမ်ကြီးဈေး(စီ)ရုံ၊ ဈေးတာဝန်ခံ ဦးဝင်းနိုင်ဦးနှင့်အဖွဲ့သည် သိမ်ကြီးဈေး(စီ)ရုံအတွင်း ပျံကျဈေးသည်
များအား စနစ်တကျရှိစေရန် စည်းကမ်းထိန်းသိမ်းရေးတာဝန်ကို
ဆောင်ရွက်နေစဉ် သိမ်ကြီးဈေး(စီ)ရုံ၊ အမှတ်(၁)ဓါတ်လှေကား ၀င်ပေါက်(ယာ)ဘက်ခြမ်းတွင် ရွှေရည်စိမ်ပစ္စည်းများအား ပျံကျဈေး
ရောင်းသူ မမြင့်မြင့်ဌေး၊ (ဘ)ဦးဘသန်း၊ သင်္ဃန်းကျွန်းမြို့နယ်နေသူမှာ ခွင့်ပြုသတ်မှတ်ချိန်မရောက်သေးဘဲ ရောင်းချနေသဖြင့်တားမြစ်ရာ
မချေမငံပြောဆိုပြီး ဆဲဆိုသည့်အပြင် ဈေးလုံခြုံရေးဝန်ထမ်း
ဦးဟန်တင့်နှင့်နေ့စားဝန်ထမ်း ဦးမြတ်ကိုတို့၏ ရင်ဘတ်များကို လက်ဖြင့်တွန်းခြင်းများပြုလုပ်ခဲ့၍ တာဝန်ဝတ္တရားဆောင်ရွက်နေသော
ပြည်သူ့ဝန်ထမ်းများကိုဆဲဆိုပြီး ၀တ္တရားဆောင်ရွက်နိုင်ခြင်းမရှိအောင် ဟန့်တား နှောက်ယှက်သူ မမြင့်မြင့်ဌေးအပေါ်အရေးယူပေးပါရန် ဦးဝင်းနိုင်ဦးမှ တိုင်ကြားခဲ့သဖြင့် ပန်းဘဲတန်းမြို့မရဲစခန်း
(ပ)၂၄၁/၂၀၁၃၊ ပုဒ်မ ၂၉၄/၃၅၃ ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်းသတင်းရရှိပါသည်။
Yangon Police
ကလေးမီးဖွားရာမှ မိခင်သေဆုံး
ရန်ကုန်၊ ဇူလိုင် ၃၁
၃၀.၇.၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် လှိုင်သာယာမြို့နယ်၊
ညောင်ရွာတွင် အမျိုးသမီးတစ်ဦး မီးဖွားရာ မှ သေဆုံးကြောင်း
သတင်းအရ လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များမှ
သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မစမ်းသီတာ၊ (ဘ)ဦးထိန်ဝင်း
ဖြစ်ကြောင်းသိရှိရပါသည်။
၎င်းသည် ၂၉.၇.၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန်ခန့်တွင် မီးဖွားရန်
ဗိုက်နာလာ၍ ၎င်း၏ခင်ပွန်းဖြစ်သူ ကိုအေးမှ အရန်သားဖွားဆရာမ(လက်မှတ်ရ) ဒေါ်လင်းလင်းမော်အား ခေါ်ယူ
မွေးဖွားခဲ့ရာ ၁၈၄၅ အချိန် ကလေး(မိန်းကလေး)အရှင်မွေးဖွားခဲ့ပြီး
နောက် ၁၉၀၀ အချိန်တွင် မစမ်းသီတာမှာ သေဆုံးသွားခဲ့ကြောင်း
စုံစမ်းသိရှိရသဖြင့် လှိုင်သာယာမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၅၅/၂၀၁၃ ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း
သတင်းရရှိပါသည်။
Yangon Police
မာစီဒီးကထုတ်လုပ်ထားတဲ့ ပထမဆုံး Mercedes Benz
ခေတ်တွေဘယ်လောက်ပြောင်းပြောင်း နည်းပညာမြင့် မာစီဒီးတွေ ဘယ်လောက်ပဲထွက်ထွက် ကုမ္ပဏီ စတင်တည်ထောင်စဉ်က ပထမဦးဆုံး ထုတ်လုပ်ထားတဲ့ Marcedes Benz ကိုတော့ယှဉ်နိုင်မယ် မထင်ပါဘူး..
၂၁ ရာစုရဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ နည်းပညာတိုက်ပွဲမှာ စီးမျောလိုက်ပါနေတဲ့
ကျွန်တော်တို့ရဲ့ စာဖတ်ပရိတ်သတ်ကြီးကို အဟောင်းထဲကအသစ်ဖြစ်သွား
အောင်ရှာဖွေဖော်ပြပေးလိုက်ပါတယ်။
Ref:techblog
Khun Nay(August Myanmar Media Group)
သန်လျင် GTC က အတွဲကိစ္စ ဘယ်သူ့မှာ တာဝန်ရှိသလဲ
မကြာသေးမီက တက္ကသိုလ် တစ်ခုမှာ ကျောင်းသား တစ်ဦးနဲ့ ကျောင်းသူ တစ်ဦး မဖွယ်မရာလုပ်နေတဲ့ ဗီဒီယို မှတ်တမ်းကိစ္စ ဂျာနယ်တွေမှာ ပြဿနာ ရှင်းနေကြတာကို ဖတ်လိုက်ရပါတယ်။ ပြုသူတွေကပြု၊ ပြသူတွေ က ပြ၊ ဖော်သူတွေ ဖော်၊ လှော်သူတွေ လှော်၊ အော်သူတွေ အော်ပြီးမှ ဟိုလိုလို သည်လိုလို လုံးထွေးပြီး သူ့ဘက်၊ ကိုယ့်ဘက် ကာလိုက်တာတွေကို စိတ်ညစ်ဖွယ် ကြားနေရပါတယ်။
ဂျပန်မှာ ဝန်ကြီး တစ်ဦးက တံတားပြိုတော့ သူ့မှာ တာဝန်ရှိပါတယ်ဆိုပြီး ဝန်ကြီးဘဝက နုတ်ထွက် သတဲ့။ ကျောင်းတွေမှာ ဒီလို ကျောင်းသားတွေ မဖွယ်မရာ လုပ်နေတာ ကျွန်တော်တို့ ကျွန်မတို့မှာ တာဝန်ရှိပါတယ် လို့ မြန်မာပြည်မှာတော့ ဝန်ကြီး မပြောနဲ့ ကျောင်းအုပ်တွေတောင် နုတ်ထွက် ကြမယ် မထင်ပါဘူး။ အဲဒီအစား ရာထူးနဲ့ နေရာ ပြုတ်မှာကြောက်လို့ အသေအလဲ ခုခံ ကာကွယ်ကြမှာ သေချာပါတယ်။
တက္ကသိုလ်တွေ၊ ကောလိပ်တွေ ပျက်စီးတယ်လို့ အော်သံတွေ ကြားနေရ တာ နှစ်ပေါင်း မနည်းတော့ပါဘူး။ ပထမဦးဆုံး ကျောင်းနဲ့ တူတဲ့ ကျောင်းတွေ ဖြစ်ရဲ့လား ပြန်စစ်ဆေးကြည့်စေချင်တယ်။ ကျောင်းသားတွေကို မြို့ထဲစုပြီး မဟုတ်တရုတ်လုပ်မှာ စိုးရိမ်လို့ မြို့ပြင်တွေထုတ်၊ ဇနပုဒ် ကို နှင်လိုက်တော့ လူမမြင် သူမမြင်ရတဲ့ နေရာတွေမှာ အခြေအနေ ပိုးဆိုးသွားစေတာ စေတနာလို့ ခေါ်နိုင်သလား။
တက္ကသိုလ် ကောလိပ်ဆိုတာ ပညာဆည်းပူးရာ၊ ရှာမှီးရာ၊ ဖလှယ်ရာ၊ မျှဝေရာ လွတ်လပ်သော နေရာ တစ်နေရာလို့ လက်ခံကြတယ်။ တက္ကသိုလ် မှာ ပညာရှင်တွေ ရှိရတယ်။ ဟောပြော ပို့ချတာတွေ လုပ်ရတယ်။ စာအုပ် စာတမ်းတွေ အပြည့်အစုံ ထားပေးရတယ်။ ခေတ်သစ်မှာ ဆိုရင် ကွန်ပျူတာ အင်တာနက်တွေ အလျှံအပယ် ရယူနိုင်အောင် လုပ်ပေးထားရတယ်။ ပညာရပ်တွေကို ဖော်ထုတ်ခွင့်၊ စာတမ်းဖတ်ခွင့်၊ ဆွေးနွေး ဖလှယ်ခွင့်တွေ ပေးရတယ်။ ရရှိလာတဲ့ ရလဒ်တွေကို စီးပွားရေးသမားတွေ၊ လုပ်ငန်းရှင်တွေက လာပြီး လေ့လာကြရတယ်။ ပညာရှင်တွေကို သူတို့က တော်ကောက်ပြီး မြှောက်စားရတယ်၊ နေရာ ပေးရတယ်။ ပညာ ရှာမှီးနေသူတွေကလည်း ငါတို့ကို ထင်ပေါ်ရင် စင်တော်က ကောက်မှာပဲ ဆိုတဲ့ အသိတွေနဲ့ ကြိုးစား အားထုတ်ပြရတယ်။
တက္ကသိုလ်ဆိုတာ စာပေ လေ့လာနိုင်တဲ့ စာသင်ခန်း ကောင်းကောင်း၊ တကယ်တော် တကယ် တတ်ပြီး တကယ် ဦးဆောင် လမ်းညွှန် သင်ပြနိုင်တဲ့ ဆရာကောင်းတွေ ရှိရတယ်။ ပညာ လေ့လာ ရှာမှီးစရာ ရည်ညွှန်း စာကြည့်တိုက်တွေ၊ သုတေသန ဌာနတွေ ရှိရတယ်။ ပညာရှင်ကြီးတွေ လာရောက် ဟောပြော ပို့ချတာကို တလေးတစား လာရောက် ဆည်းပူး နာယူတတ်သူတွေ ရှိရတယ်။ သုတေသနပြုဖို့ ပုဂ္ဂလိက လုပ်ငန်းရှင်ကြီးတွေ က အရင်းအနှီးစိုက်ထုတ်ပြီး တက္ကသိုလ် ကောလိပ်တွေက ကျောင်းသား စိုက်ကာ လေ့လာ သုတေသန ပြုနေတဲ့ လုပ်ငန်းတွေ ရှိရတယ်။ ကျောင်း ကို ရောက်လာတဲ့ ကျောင်းသားတွေ ငြိမ်းချမ်းစွာ ပညာ လေ့လာ ရှာမှီးနိုင် ဖို့ နေထိုင်စရာ အဆောင်တွေ၊ စားသောက်ဖို့ အစီအစဉ်တွေ၊ သွားလာဖို့ အစီအစဉ်တွေ ဖန်တီးပေးထားရတယ်။ အခြားကိစ္စတွေ အများကြီး ရှိပေမယ့် မြန်မာနိုင်ငံ တက္ကသိုလ် ကောလိပ်တွေမှာ ကျောင်းသားတွေကို အဆောင်တောင် မထားနိုင်ပဲ၊ ခွေးတိုးဝက်ဝင် နေချင်သလိုနေ၊ စားချင်သလို စား ဆိုပြီး ပစ်ထားတာ နှစ်ပေါင်း ဘယ်လောက် ကြာနေပြီလဲ။ ကျောင်းနဲ့ မတူတဲ့ ကျောင်းတွေကို ဖန်တီးပေးပြီးတော့ ကျောင်းလို့ သဘောမထားတာ ဟာ ဘယ်သူ့မှာ တာဝန် ရှိပါသလဲ။
တက္ကသိုလ်က ဆရာတွေဆိုတာ ကိုယ်ကျင့်တရားနဲ့ သိက္ခာမှာ စံပြ ဖြစ်နေ ရမယ်။ ဘာကြောင့်လဲဆိုတော့ အနာဂတ်ရဲ့ လူကြီးလူကောင်းတွေ ကို လေ့ကျင့် ပျိုးထောင်ပေးနေတဲ့ အခြေခံကျသောနေရာ ဖြစ်နေလို့ပဲ။ ဆရာတွေကအစ ကိုယ့် ကျောင်းသားကို ကျူရှင်ခေါ်သင်၊ ကျူရှင်တက်ရင် တစ်မျိုး၊ မတက်ရင် တစ်မျိုး အမှတ်နဲ့ အောင်ချက်ကို အမျိုးမျိုး ပြုပြင် ပြောင်း လဲပေးတယ် ဆိုတာတွေ၊ ကျောင်းမတက်ဘဲ အောင်တယ် ဆိုတာတွေ၊ စာတမ်းတွေ၊ ကျမ်းတွေကအစ ပြင်ပမှာ သွားအပ်ပြီး ရေးခိုင်းတာတွေ၊ ပိုက်ဆံပေးရင် ဘာမဆို ဖြစ်နိုင်ပါတယ်ဆိုတဲ့ အတွေးမျိုး၊ အကျင့်စရိုက် မျိုးတွေကို ကျောင်းသားတွေရဲ့ ဦးနှောက်ထဲ၊ ရင်ထဲ အသည်းထဲ စွဲသွားအောင် လုပ်နေတာဟာ ပညာရေးကို စနစ်တကျ ဖျက်ဆီးတယ်လို့ မပြောရင် ဘယ်လို ပြောရမလဲ။ အကျင့်စရိုက်ကောင်းတဲ့ ဆရာ ဆရာမတွေ ရှိနိုင်ပေမယ့် ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်နေရတဲ့ တက္ကသိုလ် ပညာရေး စနစ်ကို ပြုပြင် ပြောင်းလဲဖို့ ဘယ်သူ့မှာ တာဝန်ရှိပါ သလဲ။
ကျောင်းတွေ၊ ဆရာတွေအပြင် ကျောင်းသားတွေမှာလည်း ကျောင်းသားနဲ့ တူအောင် ဆင်ခြင်နေဖို့ လိုပါတယ်။ အနေအထိုင် မတတ်တော့ နဂိုကတည်း ကမှ အထင်ကြီး လေးစားမှု မရနိုင်တဲ့အထဲ ပိုပြီးတော့ လက်ညှိုးထိုး စရာ ဖြစ်တော့တာပေါ့။ တက္ကသိုလ်၊ ကောလိပ်ကျောင်းသား ဆိုတာ တစ်ချိန် က တန်ဖိုးထားပြီး အလွန် လေးစားကြတယ်။ ပညာတတ်ကလည်း ရှားတာ ကိုး။ ခုတော့ ဘွဲ့ရဆိုတာ အဝေးသင်နဲ့ တစ်မျိုး၊ စာပေးစာယူ ဆိုတာနဲ့ တစ်ဖုံ၊ ဒေသကောလိပ် ဆိုတာနဲ့ တစ်နည်း စက်တွေနဲ့ လှိမ့်ထုတ်သလို ထုတ်ထားခြင်း ခံရတာကြောင့် ပညာတတ်ဆိုတာ ဆိုက္ကား နင်းစားတဲ့ သူတောင် ဘွဲ့ရလို့ လက်မထောင်နိုင်တဲ့ခေတ် ဖြစ်နေပါပြီ။ ပညာတတ်တွေ တိုင်းပြည်မှာ များလာတာ၊ ပညာ မသင်ရ၊ ပညာ မတတ်တာ ထက်တော့ ကောင်းပါတယ်။ ဒါပေမဲ့ အရေအတွက်သာ များပြီး အရည်အချင်း မရှိတဲ့ ဘွဲ့ရ ပညာတတ်တွေ မွေးထုတ်ပေးနေတာ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။
တက္ကသိုလ် ကောလိပ်ဆိုတာ အနာဂတ်ကို ဦးဆောင်မယ့်သူတွေကို မွေး ထုတ်ပေးရာ နေရာလို့ ကမ္ဘာ့ထိပ်သီး တက္ကသိုလ်ကြီးတွေကတော့ ဂုဏ်ယူ ဝင့်ကြွားကြတယ်။ ဆိုက္ကားဆရာ၊ လမ်းဘေး ဈေးရောင်း၊ ကုန်ထမ်း ဘွဲ့ရတွေကို မွေးထုတ်ပေးနိုင်တာကိုတော့ ဘယ်တက္ကသိုလ်ကမှ ဂုဏ်ယူမယ် မထင်ပါဘူး။
အရည်အချင်း ပြည့်ဝသူတွေကို အမှန်တကယ် မွေးထုတ်နိုင်တဲ့ ကျောင်း ဆိုရင်၊ အရည်အချင်း အမှန်တကယ်ရှိတဲ့ ဆရာတွေက လေ့ကျင့် ပျိုးထောင်ပေးတဲ့ နေရာဖြစ်ရင်၊ အရည်အချင်း ပြည့်ဝလာ တဲ့ ကျောင်းသားတွေကို တိုင်းပြည်ကလည်း သူ့နေရာနဲ့သူ တော်တည့် မှန်ကန်စွာ နေရာ ပေးနိုင်မယ်ဆိုရင် ပြဿနာ မရှိနိုင်ပါဘူး။
တက္ကသိုလ်မှာ အဆောင်နေတယ်ဆိုတာ ဆရာနဲ့ ကျောင်းသား နီးစပ်မှု ရှိအောင်၊ အချိန်မရွေး ပညာတွေ လေ့လာ ဆွေးနွေးနိုင်အောင်၊ တိုင်ပင်ပြီး အကူအညီ ရယူနိုင်အောင်လို့ ဆိုပါတယ်။ ခုတော့ ကျောင်းလာတဲ့ သူတွေကို အဆောင်လည်း မပေးနိုင်ဘဲ နေချင်တဲ့ နေရာမှာနေ၊ လာချင်မှလာ၊ မလာရင် အပြစ်၊ လာရင်လည်း စိတ်ညစ်နေရတဲ့ ကျောင်းသားတွေ ကို ကျောင်းနေပျော်ပြီး စာတော်အောင် လုပ်နိုင်ပါ့မလား စဉ်းစားစရာပါ။
ကျောင်းကို လာတယ်ဆိုတာ ပညာကို ဦးတည်လာမယ်။ ပညာနဲ့ ပတ်သက် တာကို လာယူတာပဲ ဖြစ်ရမယ်။ ပညာဆိုတာ ကျောင်းစာ သက်သက်ကို ဆိုလိုတာ မဟုတ်ပါဘူး။ တက္ကသိုလ်မှာ ပညာဆိုတာ လူမှု ပေါင်းသင်း ဆက်ဆံရေး၊ အသင်းအဖွဲ့နှင့် နေထိုင် လုပ်ကိုင် ဆောင်ရွက်တတ်ရေး၊ အချင်းချင်း အပြန်အလှန် လေးစားတတ်ရေး၊ လူကြီးလူကောင်း ပီသစွာ နေထိုင် စားသောက်တတ်ရေး ဆိုတာတွေကိုလည်း ကိုလိုနီခေတ် ကတည်းက လေ့ကျင့် ပြုစုပေးခဲ့ကြတယ်။
ခေတ်သစ်မှာ ဆရာက ကျူရှင်ပြလို့ တပည့်က မလေးစား၊ ကျောင်းသား အချင်းချင်း ပေါင်းသင်း စုစည်း လှုပ်ရှားနိုင်စရာ အသင်းအဖွဲ့ကလည်း မထွန်းကား၊ ကျောင်းထဲ ရောက်လာကတည်းက မျက်လုံးဒေါက်ထောက် ပြီး စောင့်ကြည့် ခံနေရတဲ့ ကျောင်းသားတွေ ဘဝဟာ လွတ်လပ်မှု ကင်းပြီး ဒီမိုကရေစီ ပညာရေးနဲ့ အလှမ်းဝေးမယ် ထင်ပါတယ်။
ဒီမိုကရေစီ ပညာရေးဆိုတာ ပရမ်းပတာ လုပ်ခွင့်ကို ပြောတာ မဟုတ်ပါ ဘူး။ ပညာကို လေးစား၊ အပြန်အလှန် တန်ဖိုးထား၊ အထိန်းအချုပ် ကင်းပြီး လွတ်လပ်စွာ ပညာရှာခွင့်ရဖို့ ပြောတာပါ။ သတ်မှတ်ထားတာပဲ ဖတ်၊ ပြော ထားတာ ပြန်ရေး၊ စာထဲကအတိုင်းပါမှ အမှတ်ပေး စနစ်နဲ့ တစ်လမ်းသွား ပညာရေးစနစ်ကို ဒီမိုကရေစီ ပညာရေးလို့ မသတ်မှတ်ပါဘူး။ အားလုံး ကောင်းချင်ရင် တစ်နေရာတည်း ပြုပြင်လို့ မရပါဘူး။ ကျောင်း၊ ဆရာ၊ ကျောင်းသားအပြင် စနစ်ကို မပြင်သမျှ မြန်မာ့ ပညာရေးလောက တိုးတက်ပြီလို့ ပြောစရာ မမြင်ကြောင်းပါ ခင်ဗျာ။
မိဘတစ်ဦး
The Voice Weekly
သောက်ထားပေမယ့် သတိရှိတယ် (ဟာသ)
ကုမ္ပဏီပိုင်ရှင်။ ။မင်းဘာလို့ မနက်အစောကြီးအရက်သောက်လာရတာလဲ...
ဝန်ထမ်း။ ။ မနေ့ ညကသောက်တာပါဆရာ... ကျွန်တော်အလုပ်လာခါနီးသောက်လာတာမဟုတ်ပါဘူး...
ကုမ္ပဏီပိုင်ရှင်။ ။
ဘာပဲပြောပြော ခုကို မူးနေတာမဟုတ်လား...
ဝန်ထမ်း။ ။ မူးပေမယ့် သတိရှိပါတယ်ဆရာ...
ကုမ္ပဏီပိုင်ရှင်။ ။သတိရှိတယ်ဆိုရင် ဘာလို့ လာရတာလဲကွ... ဒီနေ့ အလုပ်ပိတ်ရက်ဆိုတာသိရမှာပေါ့...
လပြည့်ဝန်းပလာဇာတွင် မီးလောင်မှုအား အမှုဖွင့်စုံစမ်းစစ်ဆေးလျက်ရှိ
ရန်ကုန်၊ ဇူလိုင် ၃၁
၃၀.၇.၂၀၁၃ ရက်နေ့ ၁၂၂၀ အချိန်တွင် ဒဂုံမြို့နယ်၊
aယာမင်းကြီးရပ်ကွက်၊ န၀ဒေးလမ်းနှင့်အလံပြ ဘုရားလမ်းရှိ လပြည့်ဝန်းပလာဇာ၏ (၆)လွှာ၊ အနောက်ဘက်(ယာ)ခန်း မီးလောင်နေကြောင်း သတင်းအရ ဒဂုံမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးရာ အဆိုပါအခန်းတွင် သင်္ဘောဆေးပုံးအခွံများ
နှင့် အဆောက်အဦးဆောက်လုပ်ပြုပြင်ရာတွင် ကာရံသည့်
နိုင်လွန်ပိုက်ကွန်များထားရှိပြီး နိုင်လွန်ပိုက်ကွန်များမှ မီးလောင်ကျွမ်းမှုဖြစ်ခဲ့ကြောင်း၊ မီးသတ်ယာဉ်များရောက်ရှိငြိမ်းသတ်ခဲ့၍ ၁၂၃၀ အချိန်မီးငြိမ်းသွားခဲ့ကြောင်း၊ ဆုံးရှုံးမှုတန်ဘိုးငွေကျပ် (၄၀၀၀၀) ခန့်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနနှင့် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့တို့မှ အဆိုပါမီးသည် ပေါ့ဆမီးဟုယူဆခဲ့သဖြင့် မီးပေါ့ဆစွာသုံးစွဲသူအား စုံစမ်းအရေးယူနိုင်ရေးအတွက် ဒဂုံမြို့မရဲစခန်း (ပ)၁၇၃/၂၀၁၃၊
ပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။
Yangon Police
တရားရုံးက စီရင်လိုက်သည့်အမှုများကို ဝေဖန်နိုင်ပြီ
လွန်ခဲ့သော နှစ်ကိုးဆယ်နီးပါးက ပြဌာန်းထားသည့် ဥပဒေဟောင်းကို ဖျက်သိမ်းပြီး ဇူလိုင် ၂၉ ရက်တွင် အသစ်ပြဌာန်းလိုက်သည့် တရားရုံး မထီမဲ့မြင်ပြုမှုဥပဒေသစ်တွင် တရားသူကြီးက အမိန့်ချမှတ်ပြီးသည့် အမှုကို ဝေဖန်နိုင်ကြောင်း ထည့်သွင်းပြဌာန်းထားသည်။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ယင်းပြဌာန်းချက်သည် “ စီရင်ချက် ချလိုက်လို့ အဲ့ဒီ စီရင်ချက်ကြီးက မမှန်ကန်ဘူး၊ မမျှတဘူး၊ တစ်ဖက်ဖက်ကို ဘက်လိုက်တဲ့အကြောင်း ရှိနေတယ်၊ ဘာညာ သုံးသပ်မယ်ဆိုရင် သုံးသပ်လို့ ရသွားပြီပေါ့ဗျာ။ အင်မတန် ကောင်းတဲ့အချက်ပါပဲ”ဟု မှတ်ချက်ပြုသည်။
အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို ကိုလိုနီ ပြုလုပ်ထားသည့်အချိန် ၁၉၂၆ ခုနှစ်က ပြဌာန်းထားသည့် တရားရုံး မထီမဲ့မြင်ပြုမှုဥပဒေကို ပယ်ဖျက်ပြီး အသစ်ပြဌာန်းသည့် ယင်းဥပဒေ၏ ပုဒ်မ ၈ တွင် ထိုသို့ ပြဌာန်းထားခြင်းဖြစ်သည်။
စီရင်ချက်ချပြီးသည့် အမှုအပေါ် ဝေဖန်မှု၊ သုံးသပ်မှုများကိုလည်း ပုံနှိပ်ထုတ်ဝေခြင်း၊ ဖြန့်ချိခြင်းများလည်း လုပ်ဆောင်နိုင်ပြီး ထိုသို့ ပြုလုပ်မှုသည် တရားရုံးကို မထီမဲ့မြင် လုပ်မှုမမြောက်ကြောင်း ထိုပုဒ်မတွင်ထည့် သွင်းထားသေးသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အထက်လွတ်တော်အမတ် ဦးအောင်ကြည်ညွန့်က ထိုအချက်သည် တရားစီရင်ရေး၏ အလားအလာကောင်း ဖြစ်သည်ဟုလည်း သုံးသပ် ပြောဆိုသည်။
ထို့ပြင် တရားစီရင်နေဆဲ ကာလတွင်လည်း အမှုနှင့်ပတ်သက်၍ မှန်ကန်တိကျ ခိုင်လုံသော အကြောင်းအရာ တစ်ရပ်ရပ်ကို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ထုတ်ဖော်ကြေငြာခြင်း၊ သတင်းအဖြစ် ရေးသားခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်းနှင့် ဖြန့်ချိခြင်းသည် တရားရုံးကို မထီမဲ့မြင်ပြုမှု မမြောက်စေရဟုလည်း အဆိုပါဥပဒေ၏ ပုဒ်မ ၇ တွင် ပြဌာန်းထားသည်။
တရားခွင်ကို အများပြည်သူ ၀င်ရောက်ခွင့်မရှိဘဲ သီးသန့် စစ်ဆေးသည့် အမှုများကိုပင်လျှင် ဥပဒေမချိုးဖောက်ဘဲ ရေးသားလျှင် လည်းကောင်း၊ တရားရုံးက အတိအလင်း ပိတ်ပင်မထားလျှင် လည်းကောင်း၊ တရားစီရင်ရေးတွင် အငြင်းပွားဆဲ လျှို့ဝှက်ကိစ္စ မဟုတ်လျှင်လည်းကောင်း ပုံနှိပ်ထုတ်ဝေ ဖြန့်ချိနိုင်သည်ဟုပင် ထိုဥပဒေက ကင်းလွတ်ခွင့်ပေးထားသည်ကိုလည်း လေ့လာတွေ့ရှိရသည်။
သို့သော် တရားရုံးကို မထီမဲ့မြင်လုပ်မှု မြောက်စေသော လုပ်ရပ်များကို ပြုလျှင်မူ အများဆုံး ငွေဒဏ် တစ်သိန်းနှင့် ထောင်တစ်နှစ် ချမှတ်နိုင်ပြီး၊ တရားမဆိုင်ရာ မထီမဲ့မြင်မှု ဖြစ်လျှင် ငွေဒဏ်တစ်သိန်းနှင့် ထောင်သုံးလ ချနိုင်ကြောင်းလည်း ဥပဒေတွင် ထည့်သွင်း ပြဌာန်းထားသည်။
မင်းမင်း
Mizzima - News in Burmese
မြန်မာနိုင်ငံအတွင်း အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန်
ဖျာပုံ ဇူလိုင် ၃၀
မြန်မာနိုင်ငံအတွင်း အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန်စေရန် ရန်ကုန်ရုံးချုပ် ပြည်ပဆက်သွယ်ရေးမှ အင်ဂျင်နီယာမှူးအဖွဲ့နှင့် ဖျာပုံမြို့ပြည်ပ ဆက်သွယ်ရေးရုံးမှ လက်ထောက်အင်ဂျင်နီယာ အဖွဲ့တို့ ပူးပေါင်းပြင်ဆင်ခဲ့ရာ ဇူလိုင် ၃၀ ရက် ညနေ ၅နာရီမှ စတင်ကာ အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန် ခဲ့ပြီဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့အနီးတွင် ပင်လယ်ရေအောက် ကေဘယ်ဆက်ကြောင်းနှင့် ဆက်သွယ်ထားသော  ကုန်းတွင်းပိုင်း ဆက်ကြောင်း ပြတ်တောက်နေမှုကို အဆိုပါအဖွဲ့နှစ်ဖွဲ့က ပူးပေါင်းကာ ရှစ်ရက်ခန့်ကြာမျှ ကြိုးစားပြင်ဆင် ခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ ပြင်ဆင်ရာတွင် ဖျာပုံမြို့နယ် ကုလားထပ်ကျေးရွာ ပင်လယ်ကမ်းစပ်ရှိ Beach Man Hole ရှိ Joint  ကို ဖွင့်ပြီး ပင်လယ်ရေအောက် ကေဘယ်နှင့် ကုန်းတွင်းပိုင်း မြေအောက်ကေဘယ်ကြိုး Joint အဆက်ကို ပြန်လည်ဆက်သွယ် နိုင်ခဲ့ရာမှ ဇူလိုင် ၃၀ ရက် ညနေ ၅နာရီတွင် အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန်သွားခြင်းဖြစ်သည်။
အင်တာနက် ကေဘယ်ဆက်ကြေင်း ချွတ်ယွင်းသွားမှုမှာ ဖျာပုံမြို့နှင့် နှစ်မိုင် တစ်ဖာလုံနှင့် နှစ်မိုင် ခြောက်ဖာလုံကြား ကုန်းတွင်းပိုင်း မြေအောက်မြှုပ်ထားသော ပါဝါကေဘယ်ကြိုး ပေါက်ပြီး ပါဝါယိုစိမ့်မှု ဖြစ်ပေါ်နေခြင်းကို ပါဝါကေဘယ်ကြိုး အရှည်မီတာ ၅၀၀ဖြင့် အစားထိုးပြုပြင် ခဲ့ခြင်းဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံအတွင်း အင်တာနက်လိုင်းများ ပြန်လည် ကောင်းမွန်သွားပြီဖြစ်သည်။
Ministry of Information
သင့် ကျန်းမာရေး (မျက်လုံး)
မျက်စိသည် အလွန်နုနယ်သော အရေးကြီး ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုဖြစ်သည်။
မျက်စိနှစ်ကွင်း အလင်း မရလျှင် တစ်ကိုယ်ရည် စိတ်ဆင်းရဲမှုများ ဖြစ်ပေါ်ကာ ပတ်ဝန်းကျင် အပေါ်၌ မှီခိုရမှု၊ လုပ်အား ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသည်။ မြန်မာ နိုင်ငံတွင် မျက်ခမ်းစပ် ရောဂါ၊ ဗီတာမင်အေ ချို့တဲ့၍ ဖြစ်ပွားသော ကြက်မျက်သင့် ရောဂါ၊ မျက်စိ မတော်တဆ ထိခိုက်ဒဏ်ရာ ရခြင်းများ အဖြစ်များလျက် ရှိသည်။
ထို့ကြောင့် မျက်စိ ကျန်းမာရေး အတွက် အောက်ပါတို့ကို လိုက်နာသင့် ပါသည်-
(၁) အလင်းရောင် နည်းသော အချိန်များနှင့် နာလန်ထ အားနည်း နေချိန်တွင် မျက်စိအားစိုက်ရသော အလုပ်များ ကို ရှောင်ပါ။
(၂) စာကြည့်စဉ်နှင့် အလုပ်လုပ်စဉ် အလင်းရောင်ကို မျက်စိထဲသို့ တိုက်ရိုက် မဝင်အောင် အကာအကွယ်ဖြင့် နေပါ။ အလင်းရောင်ကို နောက်ကျောမှ လာစေလျှင် ပိုကောင်းပါ၏။
(၃) အနီးကြည့်စဉ် ကြည့်သော အရာဝတ္ထုနှင့် မျက်စိကို သာမန်အားဖြင့် တစ်ပေမျှ ကွာသင့်သည်။ နီးပါက မျက်စိ အားစိုက်ရ တတ်သည်။
(၄) နာရီဝက်၊ တစ်နာရီ တစ်ခါ စာဖတ်ပြီးတိုင်း ၅ မိနစ် ၁ဝ မိနစ်ခန့် မျက်စိကို အနားပေးပါ။
(၅) နေရှိန်ပြင်းသော နေရာများနှင့် တံလျှပ်များ ထနေသော နေရာများတွင် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ရန် နေကာ မျက်မှန် သို့မဟုတ် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်မည့် မျက်မှန် တပ်ပါ။
(၆) ပါဝါ မျက်မှန်ကို မျက်စိဆရာဝန်ဖြင့် စမ်းပြီးမှသာ တပ်ပါ။ သူတစ်ပါး မျက်မှန်ကို ခေတ္တတပ်ခြင်း ရှောင်ပါ။
(၇) မျက်စိထဲသို့ ဖုန် သို့မဟုတ် အမှိုက်သရိုက် ဝင်ခဲ့သော် တအား မပွတ်ပစ်ဘဲ မျက်စိဆရာဝန်နှင့် ပြသ၍ ကုသမှု ခံယူပါ။ မျက်စဉ်းဆေး ကောင်းနိုးရာရာ ထည့်ခြင်း ရှောင်ပါ။
(၈) ကျောင်းသား လူငယ်များ ဗီတာမင်အေ ကြွယ်ဝသော နို့၊ ထောပတ်၊ ဒိန်ခဲ၊ ဥနှင့် ဟင်းသီးဟင်းရွက် များများစားပါ။
(၉) ခေါင်းကိုက်ခြင်း၊ ဇက်ကြောထိုးခြင်း၊ မျက်စိမှုန်ခြင်း စသည့် မျက်စိနှင့် ပတ်သက်သည့် ထူးခြားသော ဝေဒနာ တစ်ခုခု တွေ့ရလျှင် မျက်စိ ဆရာဝန်နှင့် ပြသ စစ်ဆေး ကုသမှု ခံယူပါ။
(၁ဝ) ဗီတာမင်အေသည် အမြင်အာရုံအတွက် အရေးကြီးသော်လည်း ကိုယ်ဝန်သည် များသည် တိရစ္ဆာန် များ၏ အသည်းကို ချက်ထားသော ဟင်းလျာ စားလျှင် သို့မဟုတ် ဗီတာမင်အေ အားဆေးများ စားပါက သန္ဓေသား အမြင်လွှာ ပျက်ယွင်းတတ်သည်။
ဗီတာမင်အေမှာ လူတို့ကို ဒုက္ခပေးလျက်ရှိသော အောက်ဆီးဒင့်များကို ဖျက်ဆီး ဖယ်ရှားနိုင်သည်။ အရိုးနု၊ အရိုးနှင့် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ကြီးထွား ဖွံ့ဖြိုးရန် အတွက်မူ ဗီတာမင်အေ လိုသည်။ ခန္ဓာကိုယ်တွင် မြူးကပ် လွှာ အောက်ရှိ တစ်သျှူးများ၏ ခုခံစွမ်းအားကို ကောင်းစေသဖြင့် ရောဂါပိုးမွှား ဝင်ရောက်ခြင်းမှလည်း ကာကွယ်ပေး သည်။
ဗီတာမင်အေ လုံလောက်စွာ ရရှိစေရန် အသည်း၊ နို့နှင့် နို့ထွက် ပစ္စည်း၊ ဥအမျိုးမျိုး၊ ငါးကြီးဆီ၊ မုန်လာဥတို့ စားပေးသကဲ့သို့ အားဆေး အေဒီဗစ် တစ်နေ့တစ်လုံး တစ်လခန့် စားလျှင် ဗီတာမင်အေ ချို့တဲ့မှုမှ ကာကွယ်နိုင်သည်။ ကလေး အားဆေး ရက်ကီနော ကျွေးလျှင် မျက်စိအတွက် လိုအပ်သော ဗီတာမင်အေ ရရှိနိုင်ပါသည်။
မျက်စိအဆုံး ဆိုသကဲ့သို့ မြင်လွှာ ထိခိုက်စေတတ်သည့် ဖုန်ဝင်၊ သဲဝင်၊ အမှိုက် ဝင်သဖြင့် မျက်စိနာလျှင် ဆရာဝန်နှင့် ပြ ပါ။ မျက်စဉ်းဆေး ထည့်ပါ။ ပိုးသတ်ဆေး အမောက်စလင်နှင့် ပါရာ သုံးကြိမ် လေးရက် စားပါ။
ဒေါက်တာလွင်သန့် (ဆေး-၂)
မြ၀တီ
ပြင်သစ်ရှိ ဟိုတယ်တွင် ဒေါ်လာ သန်း ၅၀ တန်ဖိုးရှိ ရတနာများအား ဓားပြတိုက်မှုဖြစ်
ဓားပြတစ်ဦးသည် ကိန်းရှိ အဆင့်မြင့် ဇိမ်ခံဟိုတယ် တစ်ခုကို သေနတ်တစ်လက် ဝှေ့ယမ်းခြိမ်းခြောက်ကာ ဝင်ရောက် စီးနင်းခဲ့
Posted on Jul 31 13 - 10:52 AM | Hits : 34
ပြင်သစ်နိုင်ငံတွင် တနင်္ဂနွေနေ့ နံနက်ပိုင်းက ဖြစ်ပွားသော ဓားပြမှု တစ်ခုအတွင်း ဒေါ်လာ သန်း(၅၀)မျှ တန်ဖိုးရှိ လက်ဝတ်ရတနာများ ပါသွားခဲ့ကြောင်း သိရှိရသည်။ ဓားပြတစ်ဦးသည် ကိန်းရှိ အဆင့်မြင့် ဇိမ်ခံဟိုတယ် တစ်ခုကို သေနတ်တစ်လက် ဝှေ့ယမ်းခြိမ်းခြောက်ကာ ဝင်ရောက် စီးနင်းခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ရတနာပစ္စည်းများကို ရယူကာ လုံခြုံရေးများ ရောက်မလာခင် တိမ်းရှောင်သွားခဲ့ခြင်းဟု သိရသည်။ ပြင်သစ် ရဲတပ်ဖွဲ့သည် ကိန်းစ်မြို့ရှိ ကာလ်တန် အင်တာကွန်တီနန်တယ်လ် ဟိုတယ်၌ ဖြစ်ပွားခဲ့သော ဓားပြမှုကို ခြေရာခံနေဆဲ ဖြစ်သည်။
ယင်းဟိုတယ်သည် မြေထဲပင်လယ်မှ ကမ္ဘာ့အချမ်းသာဆုံး၊ အကျော်ကြားဆုံး လူပုဂ္ဂိုလ်များ ဆုံဆည်းရာ နေရာတစ်ခုလည်းဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံ၊ ရဲတပ်ဖွဲ့က Pink Pantherအမည်ရှိ လက်ဝတ်ရတနာ သူခိုးဂိုဏ်း တစ်ခုသည် အကျဉ်းထောင်မှ ထွက်ပြေး လွတ်မြောက်သွားကြောင်း မကြာသေးမီကမှ ကြေညာထားသေးသည်။ ယခုဓားပြမှုသည် (၁၉၅၅)ခုနှစ်က အဲလ်ဖရက်ဒ်ဟစ်ခ်ျကော့ ရိုက်ကူးသည့် To Catch a Thief ဇာတ်ကားမှ ဇာတ်ဝင်ခန်းမျိုးနှင့်ပင် ဆင်တူကြောင်း ဝေဖန်မှုများ ရှိနေသည်။
ဟိုတယ် မန်နေဂျာ ဌာနကမူ ယခုဖြစ်စဉ်အပေါ် သတင်းဌာနများက ဖုန်းဆက် မေးမြန်းမှုအတွက် တစ်စုံတစ်ရာ ဖြေဆိုခြင်း မရှိချေ။ သတင်းဌာနများက ပျောက်ဆုံးသွားသော ပစ္စည်းတန်ဖိုးသည် ဒေါ်လာ သန်း(၅၀)ကျော်မျှ ရှိနိုင်ကြောင်း ဖော်ပြနေသည့်တိုင် အာဏာပိုင် အဖွဲ့အစည်းများက ပစ္စည်းတန်ဖိုးကို အတည်မပြုနိုင်သေးဟုသာ ပြောကြားထားသည်။ ခိုးယူခံရသော ရတနာ ပစ္စည်းများသည် Levievစိန်တိုက်မှ ပြသထားသည့် ပြပွဲတစ်ခုမှဟုလည်း ဖော်ပြနေပြီး Levievကလည်း မည်သည့်မှတ်ချက်မျှ မပေးခဲ့ချေ။
လူတစ်ဦးသည် လည်စည်းဖြင့် မျက်နှာကို ဖုံးကွယ်ပြီး ဦးထုပ်ကို ငိုက်ငိုက်ဆောင်းကာ ဟိုတယ်ထဲ ဝင်လာပြီးနောက် ပစ္စတိုတစ်လက်ဖြင့် ခြိမ်းခြောက်ကာ ပြခန်းထဲ ဝင်သွားခြင်းဟု ဆိုသည်။ ထိုအချိန်က ပြခန်းထဲတွင်လည်း လုံခြုံရေး အစောင့်အချို့ ရှိနေသည်။ "ဖြစ်သွားတာ အရမ်းမြန်တယ်။ ဘာမှတော့ အကြမ်းပတမ်း မကြုံလိုက်ဘူး"ဟု အစိုးရ ရှေ့နေရုံးက မျက်မြင်များ၏ အဆိုကို ကိုးကား ပြောကြားခဲ့သည်။ အဆိုပါ ဓားပြမှုသည် ယခုနှစ်အတွင်း ကိန်းတွင် ပေါ်ပေါက်လာသည့် တတိယမြောက် အထင်ကရ ကျောက်မျက်ရတနာ လုယက်မှုကြီးလည်း ဖြစ်လာကြောင်း သိရှိရသည်။ 
မိန်းကလေး စိတ်ပေါက်နေသူနှင့် ခုနစ်နှစ်ကြာ ချစ်ကြိုက်ခဲ့ပြီးမှ မိန်းမယူသွား၍ လူသတ်မိသူ ထောင်ဒဏ် ခုနစ်နှစ်ချမှတ်
ရေတာရှည်    ဇူလိုင်      ၃ဝ
ရေတာရှည်မြို့နယ်  ဆွာချောင်းရေလှောင်တမံရေပြင်  ဝံဂဲတဲစုတွင်  မိန်းကလေးစိတ်ပေါက်နေသူနှင့် ခုနစ်နှစ်ကြာ အတူ နေထိုင်လာသူက အိမ်ထောင်ပြုသွားသည်ကို မကျေနပ်၍ သတ်လိုက်သူကို ဇူလိုင် ၁၇ ရက်က အလုပ်နှင့် ထောင်ဒဏ် ခုနစ်နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၃ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ဆွာချောင်းရေလှောင်တမံရေပြင်အတွင်းရှိ ဝံဂဲတဲစုနေ ဝင်းဇော်ဦး(၃ဝ)နှစ်  ၄င်း၏တဲပေါ်တွင် ရင်ဝ၌ထိုးသွင်းဓားဒဏ်ရာတစ်ချက်ရရှိကာ သေဆုံးနေကြောင်း သတင်းအရ ဆွာနယ်မြေ ရဲစခန်းမှ  စခန်းမှူး ရဲအုပ်သောင်းစံ  ဦးစီးရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သည့် မိန်းကလေးစိတ်ပေါက်နေသူ မော့လေး(ခ)ချစ်ထွေး(၂၂)နှစ်ကို ကျွန်းပင်ဆိပ်ကျေးရွာတွင် ဖမ်းဆီးရမိခဲ့သည်။
ဆွာချောင်း ဆည်ရေပြင် အတွင်း ငါးရှာသည့်အလုပ်လုပ်ကိုင်သော ဝင်းဇော်ဦးက မော့လေး(ခ)ချစ်ထွေးကို ဝင်ငွေကောင်းသော ငါးရှာခြင်းအလုပ်ကို လုပ်ကိုင်ရန် ပြောဆိုပြီး ဝင်းဇော်ဦးတို့နေထိုင်သော ဝံဂဲတဲစုတွင် အတူနေထိုင်ကာ ငါးရှာသည့် အလုပ်ကို ဝင်းဇော်ဦးနှင့် အတူ လုပ်ကိုင် ခဲ့ပြီး ဝင်းဇော်ဦးနှင့် မိန်းကလေးစိတ်ပေါက်နေသူ မော့လေး(ခ)ချစ်ထွေးတို့ ချစ်သူအဖြစ် ခုနစ်နှစ်ကြာ အတူနေထိုင်လာ ခဲ့ကြောင်း ယခုနှစ်သင်္ကြန်အပြီး ဝင်းဇော်ဦးက တစ်တဲစုတည်းနေ မိန်းကလေးနှင့်ချစ်ကြိုက်ကာ ခိုးယူထွက်ပြေးသွားသည် ကို မော့လေး(ခ) ချစ်ထွေးက မကျေနပ်၍ မေ ၃ ရက် မွန်းလွဲပိုင်းက ငါးဖိုးစာရင်း ရှင်းကြရင်း စကားများရာမှ ဓားဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်းသိရ၍ ဆွာ နယ်မြေ ရဲစခန်းက ပြစ်မှုကျူးလွန်သူ မော့လေး(ခ)ချစ်ထွေးအား (ပ)၇၄/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ပြီး စွဲချက်အမှတ် ၉၁/၂ဝ၁၃ ဖြင့် တောင်ငူခရိုင် တရားသူကြီးရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ရာ (ဒု)ခရိုင်တရားသူကြီးရုံးမှ ရာကြီး ၃၁/၂ဝ၁၃ ဖြင့် လက်ခံကြားနာစစ်ဆေးကာ ပြစ်မှုထင်ရှား၍ ပြစ်မှုပုဒ်မ ၃ဝ၂ (၂)အရ အလုပ်နှင့်ထောင်ဒဏ် ခုနစ်နှစ်ကျခံစေရန် ဇူလိုင် ၁၇ ရက်က အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။  
မြန်မာ့အလင်း
နီလာကျောက်ဝတ်ဆင်ခြင်းဖြင့် ဆေးဘက်ဆိုင်ရာ အကျိုးဆက်များ ရရှိစေခြင်း
ယေဘူယျအားဖြင့် အဆစ်အမြစ်ရောဂါ ဓာတ်မ တည့်သောရောဂါ၊ ကြို့ထိုးခြင်း၊ ကိုယ်လက်မအီမသာ ဖြစ်ခြင်းတို့ကို သက်သာပျောက်ကင်းစေသည်ဟု ဖော်ပြ ထားသည်။ အပြာရောင်နီလာကိုနဖူးပေါ်တွင် တင် ထားပါကခေါင်းကိုက်ခြင်း၊ အိပ်မက်ဆိုးမက်ခြင်း၊ နှာ ခေါင်းသွေးလျှံခြင်းတို့ကို ပျောက်ကင်းစေသည်။
- အဆိပ်အတောက်ဖြစ်ခြင်း၊ ပိုးမွှားကိုက်ခြင်းတို့အတွက် ကုစားနိုင်သည်။
- ရှေးအီဂျစ်တို့၏ အယူအဆအရ မျက်လုံးကိုလည်း ဆေးကြောနိုင်သည်ဟု ယုံကြည်ကြသည်။
- စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာဖြစ်သည့် စိတ်ကစဥ့် ကလျားဖြစ်ခြင်း၊ လေထိုးလေအောင့်ခြင်း၊ စိတ်ဓာတ်ကျ ခြင်း၊ရန်ငြိုးဒေါသကြောင့် စိတ်မတည်မငြိမ်ဖြစ်ခြင်းတို့ကို သက်သာစေနိုင်သည်။
အထူးသဖြင့် ဝတ်ဆင်သော လက်ချောင်းပေါ်တွင် မူတည်ပြီး ရောဂါများကို သက်သာစေသည်။
(၁) လက်ညှိုး - ဗိုက်နာခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
(၂) လက်ခလယ် - စိတ်၊ အသည်း၊ သရက်ရွက်တို့ကို စွမ်းအင်ပေးနိုင်သည်။
(၃) - လက်သူကြွယ် - ကျောက်ကပ် နှင့် သွေးလှည့် ပတ်မှုဆိုင်ရာ စနစ်ကို ထောက်ကူပေးသည်။ အထူးသဖြင့် စိတ်ကြည်လင်ပေါ့ပါးပျော်ရွှင်စေဖို့အတွက် လက်သူကြွယ် တွင် ဝတ်ခြင်းက အကောင်းဆုံးဖြစ်သည်။
(၄) - လက်သန်း - မျိုးပွားမှုစနစ်၊ ဒူး၊ ခြေထောက်၊ ခြေတံအတွက်
လက်မအတွက်မူ ထွေထွေထူးထူး ဖော်ပြထားခြင်း မရှိချေ။
လည်တွင်ပတ်ဆင်ပါက သိုင်းရွိုက်ပြဿနာ အဖျား တက်ခြင်း လေသင်တုန်းဖြတ်ခြင်း၊ ယုံမှားလွန်စိတ် ဝေဒနာများအတွက် အကျိုးဖြစ်စေသည်။
ဒေါန
Health Updates Journal
ရေသောက်ဖြစ်အောင် ဘယ်လိုလုပ်မလဲ
အစာစားတိုင်းရေသောက်ပါ
ရေ၊ လိမ္မော်ရည်၊ သံပုရာရည်စသည့်အရည်တစ်မျိုးမျိုးကို အစာ တစ်ခုခုစားပြီးတိုင်းသောက်ပေးပါ။
ရေဘူးသေးတစ်ဘူး သွားလေရာ သယ်ပါ
သယ်ရလွယ်သည့် အရွယ် အစားရှိသော ရေဘူးကိုသွားလေရာ ဆောင်ထားပါ။ အနီးအနားတွင် ရေတစ်ဘူး အရံသင့်ရှိနေခြင်းကြောင့် ရေသောက်ဖြစ်စေသည်။
ရေခဲသေတ္တာထဲမှာ ရေကရားထည့် ထားပါ
တစ်ခုခုစားမည်ကြံ၍ ရေခဲ သေတ္တာဖွင့်တိုင်း ရေဘူးတစ်ဘူးအရံ သင့်ရှိနေလျှင် ရေသောက်ဖြစ်စေ သည်။
ရေဓါတ်ဆုံးရှုံးသမျှပြန်ဖြည့်ပါ
ရေဘူးရှိသည့်နေရာသို့ ထမ သွားဖြစ်လျှင် သန့်စင်ခန်းအနီး၌ ရေဘူးထားပါ။ ဤနည်းဖြင့်ရေဓါတ် ဆုံးရှုံးသမျှ ပြန်လည်ဖြည့်တင်းနိုင် သည်။
ရေမသောက်ချင်လျှင် အဖျော်ရည် သောက်ပါ
သစ်သီးဖျော်ရည်များ၊ လက် ဖက်စိမ်းရည်များကိုလည်း ရေဓါတ် ဖြည့်တင်းရန် သောက်သုံးနိုင်သည်။ အိပ်မပျော်သည့် ပြဿနာရှိလျှင် ကော်ဖီ၊လက်ဖက်ရည်များ မသောက် သင့်ပါ။
ဇော်ကို
Source:howstuffwork
Health Updates Journal
တရားရုံးက စီရင်လိုက်သည့်အမှုများကို ဝေဖန်နိုင်ပြီ
လွန်ခဲ့သော နှစ်ကိုးဆယ်နီးပါးက ပြဌာန်းထားသည့် ဥပဒေဟောင်းကို ဖျက်သိမ်းပြီး ဇူလိုင် ၂၉ ရက်တွင် အသစ်ပြဌာန်းလိုက်သည့် တရားရုံး မထီမဲ့မြင်ပြုမှုဥပဒေသစ်တွင် တရားသူကြီးက အမိန့်ချမှတ်ပြီးသည့် အမှုကို ဝေဖန်နိုင်ကြောင်း ထည့်သွင်းပြဌာန်းထားသည်။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ယင်းပြဌာန်းချက်သည် “ စီရင်ချက် ချလိုက်လို့ အဲ့ဒီ စီရင်ချက်ကြီးက မမှန်ကန်ဘူး၊ မမျှတဘူး၊ တစ်ဖက်ဖက်ကို ဘက်လိုက်တဲ့အကြောင်း ရှိနေတယ်၊ ဘာညာ သုံးသပ်မယ်ဆိုရင် သုံးသပ်လို့ ရသွားပြီပေါ့ဗျာ။ အင်မတန် ကောင်းတဲ့အချက်ပါပဲ”ဟု မှတ်ချက်ပြုသည်။
အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို ကိုလိုနီ ပြုလုပ်ထားသည့်အချိန် ၁၉၂၆ ခုနှစ်က ပြဌာန်းထားသည့် တရားရုံး မထီမဲ့မြင်ပြုမှုဥပဒေကို ပယ်ဖျက်ပြီး အသစ်ပြဌာန်းသည့် ယင်းဥပဒေ၏ ပုဒ်မ ၈ တွင် ထိုသို့ ပြဌာန်းထားခြင်းဖြစ်သည်။
စီရင်ချက်ချပြီးသည့် အမှုအပေါ် ဝေဖန်မှု၊ သုံးသပ်မှုများကိုလည်း ပုံနှိပ်ထုတ်ဝေခြင်း၊ ဖြန့်ချိခြင်းများလည်း လုပ်ဆောင်နိုင်ပြီး ထိုသို့ ပြုလုပ်မှုသည် တရားရုံးကို မထီမဲ့မြင် လုပ်မှုမမြောက်ကြောင်း ထိုပုဒ်မတွင်ထည့် သွင်းထားသေးသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အထက်လွတ်တော်အမတ် ဦးအောင်ကြည်ညွန့်က ထိုအချက်သည် တရားစီရင်ရေး၏ အလားအလာကောင်း ဖြစ်သည်ဟုလည်း သုံးသပ် ပြောဆိုသည်။
ထို့ပြင် တရားစီရင်နေဆဲ ကာလတွင်လည်း အမှုနှင့်ပတ်သက်၍ မှန်ကန်တိကျ ခိုင်လုံသော အကြောင်းအရာ တစ်ရပ်ရပ်ကို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ထုတ်ဖော်ကြေငြာခြင်း၊ သတင်းအဖြစ် ရေးသားခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်းနှင့် ဖြန့်ချိခြင်းသည် တရားရုံးကို မထီမဲ့မြင်ပြုမှု မမြောက်စေရဟုလည်း အဆိုပါဥပဒေ၏ ပုဒ်မ ၇ တွင် ပြဌာန်းထားသည်။
တရားခွင်ကို အများပြည်သူ ၀င်ရောက်ခွင့်မရှိဘဲ သီးသန့် စစ်ဆေးသည့် အမှုများကိုပင်လျှင် ဥပဒေမချိုးဖောက်ဘဲ ရေးသားလျှင် လည်းကောင်း၊ တရားရုံးက အတိအလင်း ပိတ်ပင်မထားလျှင် လည်းကောင်း၊ တရားစီရင်ရေးတွင် အငြင်းပွားဆဲ လျှို့ဝှက်ကိစ္စ မဟုတ်လျှင်လည်းကောင်း ပုံနှိပ်ထုတ်ဝေ ဖြန့်ချိနိုင်သည်ဟုပင် ထိုဥပဒေက ကင်းလွတ်ခွင့်ပေးထားသည်ကိုလည်း လေ့လာတွေ့ရှိရသည်။
သို့သော် တရားရုံးကို မထီမဲ့မြင်လုပ်မှု မြောက်စေသော လုပ်ရပ်များကို ပြုလျှင်မူ အများဆုံး ငွေဒဏ် တစ်သိန်းနှင့် ထောင်တစ်နှစ် ချမှတ်နိုင်ပြီး၊ တရားမဆိုင်ရာ မထီမဲ့မြင်မှု ဖြစ်လျှင် ငွေဒဏ်တစ်သိန်းနှင့် ထောင်သုံးလ ချနိုင်ကြောင်းလည်း ဥပဒေတွင် ထည့်သွင်း ပြဌာန်းထားသည်။
Mizzima - News in Burmese
ကျောက်ကပ်ဝေဒနာသည်များဝမ်းမြောက်ဖွယ်
ကျောက်ကပ်ဝေဒနာခံစားနေရသူများမှာ လူလည်းပင်ပန်း၊ငွေကြေးကုန်ကျမှု့ များပြားသော ရောဂါတစ်ခုဖြစ်ပါသည်။ သိန်းထောင်ချီ၍
ချမ်းသာသောသူပင် ဒေ၀ါလီခံ ရသော ရောဂါပါ ။
ကျောက်ကပ်ဆေးနေရသူများမှာ လူလည်းနာ ငွေလဲကုန်လှပါသည်။အချိန်အခိုက်အတန့်တခုသာ
ထိန်းထားနိုင်ပြီး မရဏမင်းထံ သွားရသည်သာများပါသည်။
လဲလှယ်နိုင်မှသာ အသက်ဆက်နိုင်ပါသည်။ လဲဖို့စားရိတ်ကလည်း သိန်းထောင်ကျော် ကုန်ကျပါသည်။
ထို့ကြောင့်ကျောက်ကပ် ဝေဒနာသည်များ အောက်ပါအတိုင်း ဆောင်ရွက်ကြည့်ပါ။ ဖြစ်ခါစတွင်ပျောက်ကင်း၍ နာတာရှည် ခံစားနေရသူ
များသက်သာပြီး ကျောက်ကပ်ဆေးနေရသူများ အကြိမ်ရေ လျော့ပါးလာစေရပါမည်ဟု လုံးဝအာမခံပါသည်။
ကျွန်တော်ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစားခဲ့ဖူးပါသည်။သိသိခြင်း ဆောင်ရွက်ခဲ့သဖြင့် သုံးလအတွင်း ပျောက်ကင်းခဲ့ပါသည်။
စရိတ်သက်သာ အကုန်အကျနည်း၍ လုံးဝအထင်မသေးပါနှင့်။ ကမ္ဘာပေါ်တွင် နံမည်ကြီးနေပြီဖြစ်သည့် HERBAL MEDICINE ကုသနည်းပါ။
အနောက်နိုင်ငံများတွင်ပင် ဘေးထွက်ဆိုးကျိုးများပြားလာသည့် အနောက်တိုင်းဆေးများကို သောက်သုံးရန် ချင့်ချိန်လာကြပြီး သစ်ဥသစ်ဖု သဘာဝအပင်များမှ
ထုတ်ယူသောဆေးများကို ပြောင်းလဲသုံးစွဲနေပါပြီ။
မြန်မာပြည်တွင် ဒေါက်တာခင်မောင်လွင် ထုတ်လုပ်သည့် fame ဆေးတိုက်မှဆေးများ ကမ္ဘာတွင် နံမည်ရနေပါပြီ။
ယခုတင်ပြသောဆေးနည်းမှာ
ကျွန်တော်တို့မိသားစု ဘိုးစဉ်ဘောင်ဆက် သုံးစွဲခဲ့သောနည်းပါ။
၁။ကျောက်ဖရုံသီးဟင်းချိုကို နေ့စဉ်သောက်ပေးပါ။(အသား၊ငါး မရောပါနှင့်၊ရောဂါမရှိသေးသူများသောက်ပါကဆီးကောင်းစေပြီး၊ယောက်ျားများအတွက်၊ယောက်ျား
ပီသစေပါသည်)
၂။တရုပ်နံနံပင်ငါးရွက်ကို ရေနွေးဖြူထဲတွင် ထည့်စိမ်ပါ။ လဖက်ခြောက်ခပ်၍ ရေနွေးသောက်သလိုသောက်ပါ။ အဖတ်ဝါးစားပါ။ ညနေစာစားပြီး နာရီဝက်ခန့်
ခြားပြီးမှသောက်ပါ။ အိပ်ချိန်နှင့်ဝေးပါစေ။ သွေးတိုးပါကျစေသဖြင့် မျက်လုံးကြောင်တတ်ပါသည်။ ည ခုနစ်နာရီဆိုလျင် သင့်ပါသည်။
၃။ ကျောက်ကပ်ကြောင့် အသည်းအသန်အောင့်နေသူများ ကျောက်ဖရုံသီးကို ခွဲ အူတိုင်ထုတ်ပြီး ကျောက်ကပ်နေရာသို့ အတွင်းသားဖြင့်ကပ်၍ စည်းထားပါ။
ဖြေးဖြေးသက်သာလာပါမည်။
၎။ ရေပူစမ်းနှင့်နီးပါက တပါတ်တစ်ကြိမ်ချိုးပါ၊ မနီးပါက ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။
သုံးလအနည်းဆုံးထားပြီး ဆောင်ရွက်ပါ။ ကျောက်ကပ်ဆေးနေရသူများပင် အကြိမ်ရေ လျော့လာသည်ကိုတွေ့ရပါမည်။
ပျောက်ကင်းသက်သာပါက လူတိုင်းအားဖြန့်ဝေပါ ။ မသက်သာပါက ကျွန်တော့်အား စိတ်ဆိုးကြပါ။ ယနေ့အချိန်အထိတော့ လာရောက်ကျေးဇူးတင်သူသာ ရှိပါသေးသည်။
သက်သာကြသူသာတွေ့ရသဖြင့်အများအသုံးချနိုင်စေရန် အင်တာနက်စာမျက်နှာပေါ် တင်လိုက်ရပါသည်။
ရေးသားသူ- Sandar Laynyuntmg
မြ၀တီ
ငွေသိန်းခြောက်ဆယ်ကျော်ပျောက်ဆုံးမှု ရှာဖွေဖမ်းဆီးရာမှ မန္တလေးဆေးရုံကြီးတွင် လှည့်လည်ခိုးယူနေသူအား ဖမ်းမိ
ကချင်ပြည်နယ် အမှတ်(၂)သတ္တုတွင်းဌာနမှ အထွေထွေမန်နေဂျာ ၏ ငွေသိန်းခြောက် ဆယ်ကျော်ပျောက်ဆုံးမှုရှာဖွေဖမ်းဆီး ရာမှ မန်းဆေး ရုံကြီးတွင် ယခင်ကထဲကလှည့်လည်ခိုးယူနေသောအမှုများပါ
ပေါ်ပေါက်ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇူလိုင်၂၁ရက်နေ့ညနေပိုင်းတွင်ဦး---- ကချင်ပြည် နယ်၊ အမှတ်(၂) သတ္တတွင်း ဌာနသည်နေပြည်တော်အစည်းဝေးမှ မြစ်ကြီးနားသို့ ပြန်လာချိန် လမ်းခုလက်တွင် နှလုံးထိခိုက်မိပြီး မန်းလေးပြည်သူ့ဆေးရုံကြီးတွင်
ဆေးကုသမှုခံယူခဲ့ကြောင်း၊ ၂၃ရက်နေ့တွင်ခွဲစိတ်ကုသခဲ့ပြီးနောက် နှလုံး
သွေးကြော ပိတ် ကု သဆောင်တွင် ဆက်လက်ကုသမှုခံယူခဲ့ကာ
၂၅ရက်နေ့ ညနေ ၄နာရီခန့်တွင် ဆေးရုံ ကုတင်ဘေးစားပွဲပေါ်တွင် တင်ထားသော ငွေကျပ် ၆၃သိန်းခန့်ပါ ပြင်သစ်နိုင်ငံလုပ် ELLSE အမျိုးစားလက်စွဲ အိပ်အညိုရောင်မှာ ပျောက်ဆုံးလျှက်ရှိကြောင်း တွေ့ရှိရသဖြင့် ၄င်ကိုယ်တိုင် အမှတ်(၈)ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်။
စခန်းမှ (ပ) ၃၀၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀အရအမှုဖွင့်ဆောင်ရွက်ခဲ့ပြီး သံသယရှိသူအား လိုက်လံစစ် ဆေးရာသုံးနိုင်ဖြုန်းနိုင်သည့် အခြေနေ မရှိသော တရားခံဟု ယူဆရသူတစ်ဦးသည် စင်တင်ဆိုင်များနှင့် တခြားနေရာ များတွင်
ငွေအများပြားသုံးစွဲနေသည်ကို တွေ့ရှိရသဖြင့် ၄င်းသံသယရှိသူအား ၄င်း၏အဒေါ်ရှိရာ ယာဉ်ပျံဘူ တာအနီးသို့ Taxi ဖြင့် ပြန်လာချိန်တွင်
ဖမ်းဆီးစစ်ဆေးရာ သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည် ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
တရားခံအား ဆက်လက်စစ်ဆေးရာ ယခင် ဆေးရုံကြီးတွင် ငွေများ၊ အားသွင့်ထားသည့် ဖုန်းများအား လှည့်လည် ခိုးယူနေကြောင်း
စစ်ဆေးတွေ့ရှိရသဖြင့် အမှုအား အမှတ်(၈)ရဲစခန်းမှ နောက်ထပ် ခိုးယူထားသည့်အမှုများရှိမရှိ ယနေ့ ၃၀-၇-၂၀၁၃ရက်နေ့ ညနေ ၄နာရီခွဲခန့်အထိ
ဆက်လက်စစ်ဆေးနေဆဲဖြစ် ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖိုးလပြည့်
Popular Myanmar News Journal
အင်တာနက် အသုံးပြုခြင်းကစိတ်ကျခြင်းကို သက်သာစေနိုင်
စိတ်ကျခြင်းကို ကုစားတဲ့နေရာ မှာ အင်တာနက် အသုံးပြုခြင်း ဟာလည်း နည်းလမ်းတစ်ရပ် ဖြစ် လာနေတယ်လို့ စိတ်ကျန်းမာရေး ဆရာဝန်တွေက သုံးသပ်ခဲ့ပါတယ်။ စိတ်ကျနေသူအများစုဟာ အင်တာ နက်နဲ့ လူမှုကွန်ယက်တွေ အသုံး ပြုပြီး ပျော်ရွှင်မှုတွေ ရရှိလာနိုင် တယ်လို့ သိရပါတယ်။ လေ့လာမှုကို နယူးဇီလန် စိတ်ကျန်းမာရေး ဖောင်ဒေးရှင်းက ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။
လေ့လာမှုခေါင်းဆောင် Dr.Judi Clements က"၁၉၅၀ပြည့် နှစ်များ မှာတော့ စိတ်ဖိစိးမှုနဲ့ စိတ်ကျ ဝေဒနာကို ခံစားနေရသူတွေဟာ တယ်လီဖုန်းကို အသုံးပြုခြင်း၊ သူငယ်ချင်း မိတ်ဆွေများထံ လည် ပတ်ခြင်းတွေကသာ ကုစားနိုင်ခဲ့ပြီး ၂၀ဝ၀ ပြည့်နှစ်အလွန်မှာတော့ လူထုဟာ ဖုန်းခေါ်ဆိုခြင်း၊ လည်ပတ် ခြင်းတွေထက်စာရင် အင်တာနက်မှ တစ်ဆင့် လူမှုကွန်ယက်တွေ အသုံး ပြုကာ မိတ်ဆွေတွေနဲ့ စကားပြောခြင်း အားဖြင့် စိတ်ကျန်းမာရေးကို မြှင့်တင် နိုင်လာကြတယ်"လို့ ပြောကြားထားပါ တယ်။
စိတ်ကျသူတွေဟာ သူငယ်ချင်း ကိုဖြစ်စေ၊ ကိုယ်မသိသေးတဲ့ သူစိမ်း တစ်ယောက်ကို မိတ်ဆွေဖွဲ့စကားပြော ရမှာ စိတ်သက်တောင့်သက်သာနဲ့ ရှက်နေစရာမလိုဘဲ စကားပြောနိုင်တဲ့ အတွက် စိတ်ဖိစီးမှု၊ စိတ်ကျဝေဒနာ တွေကို ရာခိုင်နှုန်းအတော်များများ သက်သာစေနိုင်ပါတယ်။ ရလဒ်များ အရတော့ လူမှုကွန်ယက် facebook ကို အသုံးပြုသူတွေဟာ စိတ်ဖိစီးမှု လျော့ပါးနိုင်ပြီး စိတ်ကျခြင်းတွေ ကိုလည်း ကွန်မန့်များရေးသားခြင်း၊ Status များ၊ ခံစားချက်စာသားများ ရေးသားမျှဝေခြင်းအားဖြင့် လျော့ပါး နိုင်ကြောင်း Dr.Judi Clements က ပြောကြားထားပါတယ်။ ဒါ့အပြင် စိတ်ထဲမှာခံစားနေရတာကို သူငယ်ချင်း တွေ သိရှိအောင်ပြောပြနိုင်တဲ့
အတွက် အကူအညီများစွာလည်း ရရှိနိုင်ကြောင်း၊ သူစိမ်းတစ်ယောက် ကိုပြောပြတာဟာ ကောင်းမွန်တဲ့ ရွေးချယ်မှုမဟုတ်ပေမယ့် ယုံကြည် ရတဲ့ သူငယ်ချင်းတွေထံကနေ အင်တာ နက်ကို အသုံးပြုပြီး တိုင်ပင်တာဟာ လေ့ကျင့်ခန်းလုပ်တာ ထက်စာရင် စိတ်ကျခြင်းကို ပိုမိုလျော့ပါးစေနိုင် တယ်လို့ အခု လေ့လာမှုမှာ ဖော်ပြ ထားပါတယ်။
ငြိမ်းအေး
ref:ANI
မြ၀တီ
နံနက်ပိုင်း သံပရာရေ နွေးနွေးသောက်ခြင်း၏အကျိုးကျေးဇူးများ
ကြက်သည်းနွေးတွင် သံပရာ ရည်သောက်ခြင်းက ရေခဲရေနှင့် သံပရာရည်ကို သောက်ခြင်းထက် ခန္ဓာကိုယ်ကို ပို၍အကျိုးဖြစ်စေ သည်။ ပုလင်းနှင့် အသင့်ဖျော် သံပရာမျိုးမဟုတ်ဘဲ သံပရာသီး လတ်လတ်ဆတ်ဆတ် (၁)ခြမ်းခန့်ကို ညှစ်ဖျော်ထားသော ဖျော်ရည်မျိုး ဖြစ်သည်။ ကောင်းကျိုးများအနေနှင့်
-အစာချေဖျက်မှုကို ထောက်ကူခြင်း
-ဆီးရွှင်စေခြင်း
- ကိုယ်ခံအားကောင်းစေခြင်း
- PH level ကို ညှိပေးခြင်း
- အသားအရေကြည်လင်စေခြင်း
- စိတ်ကိုတက်ကြွစေခြင်း၊ အားဖြစ် စေခြင်း
- အနာကျက်စေခြင်း
- အသက်ရှူလမ်းကြောင်းကို သန့်ရှင်းစင်ကြယ်စေခြင်း
- သွေးဖြူဥဆဲလ်များ ပါရှိသည့် ကိုယ်တွင်းထွက် အရည်ကြည်ကို ရေ ဓာတ်ဖြည့်ပေးခြင်း
- ခန္ဓာကိုယ်ဝိတ်ကျစေဖို့အတွက် အ ထောက်အကူဖြစ်စေခြင်းတို့ကို ရရှိ စေသည်။
သံပရာဖျော်ရည်တွင် အထူး သဖြင့် Citric acid ကယ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဗီတာမင်စီ၊ ဘိုင်အိုဖလေ ဗိုနွိုက်၊ ပက်ကတင်ဒြပ်၊ လင်မိုနီးစ်တို့ ပါဝင်သည်။
ဒေါန
မြ၀တီ
လာဘ်စားမှုအများဆုံးကျောင်း ၁၉ကျောင်းစာရင်း တရားဝင်ထုတ်ပြန်ထားသည်ဆိုသည်မှာမဟုတ်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးဦးဉာဏ်ထွန်းဦးပြောကြား
အွန်လိုင်း သတင်းစာမျက်နှာတစ်ခုတွင် ရန်ကုန် တိုင်းဒေသကြီးအစိုးရအ ဖွဲ့က ထုတ်ပြန်ထားသည်ဟူ၍ ဖော် ပြထားသော လာဘ်စားမှုအများ ဆုံးကျောင်း ၁၉ ကျောင်းစာရင်း မှာ တရားဝင်ထုတ်ပြန်ထားခြင်း မဟုတ်ဟု အဆိုပါတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးတစ်ပါးဖြစ်သူ ဦးဉာဏ်ထွန်းဦးက ပြောသည်။
အဆိုပါလာဘ်စားမှုအများ ဆုံးကျောင်းများ၏ အမည်စာရင်း များကို ရန်ကုန်တိုင်းဒေသကြီး အစိုး ရအဖွဲ့က တရားဝင်ထုတ်ဖော်ပြော ကြားထားခြင်းဖြစ်သည်ဟု မီဒီယာ တစ်ခုမှ ဖေ့စ်ဘွတ်စ်စာမျက်နှာတွင် ဖော်ပြထားခြင်းဖြစ်သည်။
ဝန်ကြီးဦးဉာဏ်ထွန်းဦးက ''အဲဒါကို တိုင်းဒေသကြီး အစိုးရ အဖွဲ့က မထုတ်ပြန်ထားပါဘူး။ သ တင်းအမှားတွေပါ။ ထုတ်ပြန်တဲ့ သူတွေက တခြားတစ်ယောက် ယောက်ကို မေးရင်းဖော်ပြလိုက် တာဖြစ်မှာပါ''ဟု ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက် ပြီး နေပြည်တော်ပညာရေးဝန်ကြီး ဌာနရုံးသို့ဆက်သွယ်မေးမြန်းရာ ယင်းတို့၏ဝန်ကြီးဌာနရုံးသို့ တရား ဝင်အကြောင်းကြားစာမရောက် သေးသဖြင့် မသိရှိသေးဟု တာဝန် ရှိသူတစ်ဦးကပြောသည်။
အွန်လိုင်းတွင်ဖော်ပြထား သော ကျောင်း ၁၉ ကျောင်း၏ အမည်စာရင်းမှာ အထက်တန်း ကျောင်းမင်္ဂလာဒုံ(၂)၊ ဒဂုံ(၁)၊ ဗိုလ် တထောင်(၄)၊ ဗိုလ်တထောင် (၅)၊ ကမာရွတ်(၂)၊ ရန်ကင်း (၂)၊ လမ်း မတော်(၂)၊ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း (TTC)၊ လသာ(၂)၊ ဗဟန်း(၂)၊ စမ်းချောင်း(၂)၊ အလုံ(၄)၊ အင်း စိန်(၂)၊ တာမွေ(၄)၊ ကမာရွတ် (၅)၊ အလယ်တန်းကျောင်းတွင် ပန်းဘဲတန်း(၁)၊ အခြေခံပညာမူလ တန်းကျောင်းများတွင် ကမာရွတ် (၂)၊ ဗဟန်း(၂)၊ ဗဟန်း (၃)တို့ဖြစ် သည်ဟု ဖော်ပြထားသည်။
ယင်းနှင့်စပ်လျဉ်း၍ ဗဟန်း မြို့နယ်လက်ထောက်ပညာရေး မှူးဦးတင်ဖုန်းက ''ကျောင်းအုပ်ကြီး ၁၉ ဦးကို ပညာရေးဝန်ကြီးဌာနက နေပြီးခဲ့တဲ့နှစ်က ခေါ်တွေ့တာမျိုး ရှိတယ်။ ဒါကလဲ ကျောင်းတွေက နာမည်ကြီးနေတဲ့အတွက် လာဘ် စားမှုတွေမရှိအောင် ထိန်းထိန်း သိမ်းသိမ်းလုပ်ဆောင်ကြဖို့အ တွက်ပါ။ ဒီလိုအနေနဲ့ခေါ်တွေ့ တာမျိုးပဲရှိပါတယ်။ အခုလာဘ် စားတယ်ဆိုပြီး သတင်းတက်လာ တယ်ဆိုတာကလဲ ဖွလိုက်တာလို့ပဲ ထင်တယ်''ဟု ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် အခြေခံပညာမူလတန်း ကျောင်း ပေါင်း ၂၂၈၀ဝနီးပါး၊ အလယ်တန်း ကျောင်းပေါင်း ၂၅ဝခန့်နှင့် အထက် တန်းကျောင်းပေါင်း ၁၇၀ နီးပါး ခန့်တို့ ဖွင့်လှစ်ထားကြောင်း အမှတ် (၃)အခြေခံပညာဦးစီးဌာနထုတ် ပြန်ချက်များအရ သိရသည်။
Yangon Media Group
ကမာရွတ်မြို့နယ်တွင် ဆိုင်ကယ်နှစ်စီးဖြင့် အုပ်စုဖွဲ့၍ မင်းမဲ့စရိုက်ဆန်သော ၀ိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွား
ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော အရေးပေါ်ဌာနတွင် ဆေးကုသမှုခံနေသာ အရိုက်ခံရသူကို ဇူလိုင် ၃၀ ရက် နံနက်ပိုင်းတွင် တွေ့ရစဉ်
ကမာရွတ်မြို့နယ်၌ ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းက မင်းမဲ့စရိုက်ဆန်စွာ ဆိုင်ကယ်နှစ်စီးဖြင့် အုပ်စုဖွဲ့ ရိုက်နှက်မှုကြောင့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၉ ရက်၌ ကမာရွတ်မြို့နယ်၊ ၃ ရပ်ကွက်၊ ၀င်းသော်တာလမ်းတွင် နေထိုင်သူ ကိုအောင်ကျော်ဦးသည် အိမ်သို့ ဆိုက်ကားဖြင့် ပြန်လာစဉ် ၀င်းသော်တာလမ်းပေါ်၌ ဆိုင်ကယ်နှစ်စီး၊ အမျိုးသားလေးဦးနှင့် အမျိုးသမီးနှစ်ဦးတို့ စောင့်နေစဉ် ယင်းတို့အနက် အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦးတို့မှ ၎င်းအား တုတ်၊ အုတ်ခဲများဖြင့် အုတ်စုဖွဲ့ ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း အရိုက်ခံရသူ ကိုအောင်ကျော်ဦး၏ ဦးလေးဖြစ်သူ ဦးလှထွန်းက ပြောကြားသည်။
အရိုက်ခံရသူ ကိုအောင်ကျော်ဦးမှာ လက်ကျိုးပြီး ဦးခေါင်းတွင် ဒဏ်ရာများ ရရှိမှုကြောင့် ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော အရေးပေါ်ဌာနသို့ ပို့ဆောင်၍ အတွင်းလူနာ (စိုးရိမ်ရ) အနေဖြင့် ခွဲစိတ်ကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
ထိုသို့ ရိုက်နှက်သူ တစ်ဦးဖြစ်သည့် ကမာရွတ်မြို့နယ်၊ ၁ ရပ်ကွက်တွင် နေထိုင်သူ အောင်ကျော်မိုးနှင့် အရိုက်ခံရသူ အောင်ကျော်ဦးတို့မှာ ဇူလိုင် ၂၇ ရက်က အနည်းငယ် စကားများခဲ့ရာ အရိုက်ခံရသူနှင့်အတူ ပါလာသူ အမည်မသိ အမျိုးသားတစ်ဦးမှ အောင်ကျော်မိုးအား ဆဲဆို၍ ပါးကိုလက်ဖြင့် ရိုက်ခဲ့ကြောင်း သိရသည်။
"ရိုက်နှက်မှု မဖြစ်မီ နံနက်ပိုင်းက ၁ ရပ်ကွက်နေ အောင်ကျော်မိုးနဲ့အတူ လူတစ်ဦးက အိမ်ကိုလာပြီး ကျွန်တော့်တူ ဘယ်မှာလဲ။ ပါးရိုက်ခဲ့တဲ့အတွက် ဘယ်လိုရှင်းမှာလဲဆိုပြီး မေးတယ်။ အဲဒါ တူဖြစ်သူ မရှိဘူး။ သူလည်းပါးရိုက်တာလည်း မဟုတ်ဘူး ဖြေလိုက်တယ်။ တကယ်က သူ့သူငယ်ချင်း ရိုက်တာ။ ခဏနေတော့ သူတို့ပြန်သွားတယ်။ မွန်းလွဲပိုင်း တူဖြစ်သူ အိမ်ကိုပြန်လာတဲ့အခါ ဒီလိုအုပ်စုဖွဲ့ ၀ိုင်းရိုက်တော့တာပဲ။ ရဲစခန်းကတော့ ကျူးလွန်သူ တစ်ဦးလို့ပဲ ဖော်ပြထားတယ်" ဟု ဇူလိုင် ၃၀ ရက်တွင် ပြောကြားသည်။
အဆိုပါ အုပ်စုဖွဲ့ ရိုက်နှက်မှုနှင့် ပတ်သက်၍ ကမာရွတ်မြို့နယ် ရဲစခန်းမှ အမှုစစ် ဒုရဲအုပ် ထွန်းမင်းအောင်က "လက်ရှိစစ်ဆေးနေတဲ့ အချိန်မှာတော့ အုပ်စုဖွဲ့ရိုက်နှက်တာမျိုး မဟုတ်ဘဲ တစ်ဦးထက် ပိုတယ်။ တစ်ဦးချင်းဖြစ်တယ်ဆိုတာ မပြောနိုင်သေးပါဘူး။ လက်ရှိစစ်ဆေးနေဆဲ ကာလဖြစ်လို့ ဒီလောက်ပဲ ပြောပြနိုင်ပါမယ်" ဟု ပြောကြားသည်။
ထိုသို့ အုပ်စုဖွဲ့ အရိုက်ခံရမှုကြောင့် ဦးလေးဖြစ်သူ ဦးလှထွန်းမှ ရိုက်နှက်သူ အောင်ကျော်မိုးအား အရေးယူပေးပါရန် တိုင်ကြားသဖြင့် ကမာရွတ် မြို့မရဲစခန်းမှ (ပ)၃၄၃/၁၃ ပြစ်မှုပုဒ်မ-၂၃၅ ဖြင့် အမှုဖွင့်ထားပြီး၊ အောင်ကျော်မိုးမှလည်း ဇူလိုင် ၂၇ ရက်တွင် ၎င်းအားပါးရိုက်မှုနှင့် ပတ်သက်၍ အောင်ကျော်ဦးပါ သုံးဦးအား အရေးယူပါပေးရန် တိုင်ကြားထားသဖြင့် ကမာရွတ် မြို့မရဲစခန်းမှ (ပ)၃၄၄/၁၃၊ ပြစ်မှုပုဒ်မ-၂၉၄/ ၃၂၃/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Eleven
အမြန်ဘတ်စ်ကားလိုင်း စနစ်တွင် အသုံးပြုရန် ပုဂ္ဂလိက ကုမ္ပဏီများကို ပြည်ပနိုင်ငံများမှကားများ တင်သွင်းခွင့်ပြုထားပြီး ကားအချို့ စတင်ရောက်ရှိ
ပြည်ပနိုင်ငံများမှ တင်သွင်းခွင့်ပြုပြီး ဆိပ်ကမ်းသို့ ရောက်ရှိလာသော ကားများကို တွေ့ရစဉ်
အမြန်ဘတ်စ်ကားလိုင်း စနစ်တွင် အသုံးပြုနိုင်ရန်အတွက် ပုဂ္ဂလိက ကုမ္ပဏီများကို ပြည်ပနိုင်ငံများမှ ကားများတင်သွင်းခွင့် ပြုထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်၏ ပြောကြားချက်အရ သိရသည်။
အမြန်ဘတ်စ်ကားလိုင်း စနစ်အတွက် ပုဂ္ဂလိက ကုမ္ပဏီများအား ပြည်ပနိုင်ငံများမှ ယင်းသို့တင်သွင်းလာသည့် ကားများအနက် အဆင့်မီသည့် ကားများကို ပြန်လည်ရွေးချယ်ကာ ပြေးဆွဲစေမည်ဖြစ်ကြောင်း သိရသည်။
"ကားတွေကိုတော့ ပြည်ပနိုင်ငံစုံက တင်သွင်းခွင့် ပြုထားတယ်။ ရောက်ရှိလာတဲ့ ကားတွေထဲကမှ အကုန်လုံးကိုလည်း အဲဒီမှာ ပြေးဆွဲမယ်လို့တော့ မဟုတ်ဘူး။ အဆင့်မီတဲ့ ကားတွေကို စိစစ်ရွေးချယ်ပြီး ပြေးဆွဲစေမှာ ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားခဲ့သည်။
ယခု ပုဂ္ဂလိက ကုမ္ပဏီအချို့က တင်သွင်းသည့် ပြည်ပမှ ကားအချို့ ရန်ကုန်ဆိပ်ကမ်းသို့ စတင်ရောက်ရှိနေပြီ ဖြစ်ကြောင်းနှင့် ထပ်မံ၍လည်း ကားများရောက်ရှိ လာဦးမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများကြောင့် ခရီးသည်များ ဘတ်စ်ကားများ စီးနင်းရာတွင် အချိန်ကြာမြင့်စွာ စီးနင်းနေရပြီး လမ်းပေါ်တွင်သာ အချိန်များစွာ ကုန်ဆုံးနေရကြောင်း၊ ထို့အတွက် ခရီးသည်များ အချိန်ကုန် သက်သာစေရန် ရည်ရွယ်၍ အမြန်ဘတ်စ်ကားလိုင်း စနစ်ကို အကောင်အထည်ဖော်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမြန် ဘတ်စ်ကားလိုင်း စနစ်အား လုပ်ကိုင်လိုသည့် ကုမ္ပဏီများကို တင်ဒါခေါ်ယူ လုပ်ကိုင်စေမည်ဖြစ်ပြီး အမြန်ဘတ်စ်ကားများတွင် ခရီးသည်များ သက်သောင့်သက်သာ စီးနင်းနိုင်ရန် စီစဉ်ပေးမည့်အပြင် အဲကွန်းလည်း ပါဝင်မည်ဖြစ်ကြောင်း၊ ကားစီးနင်းခ နှုန်းထားကိုလည်း ခရီးသွားပြည်သူများ ၀န်ထုပ်ဝန်ပိုး မဖြစ်စေမည့် ဈေးနှုန်းများဖြင့် ပြေးဆွဲရန် စီစဉ်နေကြောင်း သိရသည်။
အမြန်ဘတ်စ်ကားလိုင်း စနစ်အတွက် မှတ်တိုင်များ သီးခြားသတ်မှတ်ခြင်း၊ မီးပွိုင့်များ ပြင်ဆင်ခြင်းတို့ကို ပြုလုပ်သွားရမည်ဖြစ်ပြီး အမြန်ဘတ်စ်ကားလိုင်းမှာ သုံးမိနစ်ခြားတစ်စီး ပြေးဆွဲမည်ဖြစ်ကြောင်း၊ လမ်းကြောင်းအနေဖြင့် ပြည်လမ်းအား ပဏာမ ရွေးချယ်ထားပြီး ခရေပင်လမ်းခွဲမှ မြို့ထဲအထိ စတင်ပြေးဆွဲရန် စီစဉ်လျက်ရှိသည်ဟု သိရသည်။
Eleven
ထိုင်းဘုရင်ဟောင်း၏ အရိုးအိုးအား ဖွင့်လှစ်စစ်ဆေးခဲ့ပြီးနောက် ထိုင်းဘုရင်ဟု ရာခိုင်နှုန်း ၉၀ ခန့်မှန်းနိုင်ပြီး တူးဖော်မှုများကို သြဂုတ်တွင် ဆက်လက်ပြုလုပ်သွားမည်
ထိုင်းဘုရင်ဟောင်း၏ အရိုးအိုးအား မြန်မာ-ထိုင်းနိုင်ငံမှ ပညာရှင်များနှင့် ဘုရင်၏ ဆွေတော်မျိုးတော်များက ဖွင့်လှစ်ပြီး စစ်ဆေးမှုများ ပြုလုပ်နေကြစဉ် (ဓာတ်ပုံ-ဆရာဝန် တင်မောင်ကြည် (မန္တလေး))
ယိုးဒယားဘုရင်ဟောင်း ကျောက်ဘွားဒေါက်မဒူဝါး၏ အရိုးအိုးအား ဖွင့်လှစ်စစ်ဆေး ခဲ့ကြပြီးနောက် ထိုင်းဘုရင်ဟု ၉၀ ရာခိုင်နှုန်း ခန့်မှန်းနိုင်ပြီဖြစ်ပြီး တူးဖော်မှုများကို သြဂုတ်လအတွင်း ပြန်လည်စတင် သွားမည်ဖြစ်ကြောင်း ထိုင်းဘုရင့်ဟောင်း အုတ်ဂူတူးဖော်ရေး ကော်မတီမှ စုံစမ်းသိရသည်။
ယင်းသို့ ယိုးဒယားဘုရင်ဟောင်း၏ အရိုးအိုးအား ဇွန်လအတွင်းက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီတွင် မြန်မာ-ထိုင်းနိုင်ငံမှ တာဝန်ရှိသူများ မြန်မာမှု ဗိသုကာပညာရှင်များ၊ သမိုင်းပညာရှင်များ၊ ထိုင်းနိုင်ငံမှ ပညာရှင်များ၊ ဘုရင်၏ ဆွေတော်မျိုးတော်များရှေ့တွင် အရိုးအား စစ်ဆေးကြည့်ရှု ခဲ့ကြသည်။
ထိုင်းဘုရင့်ဟောင်း၏ သင်္ချိုင်းဂူအား ၂၀၁၂ ခုနှစ် စက်တင်ဘာလ အတွင်းက ထိုင်းနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ လာရောက်လေ့လာခဲ့ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် တူးဖော်မှုများကို စတင်ခဲ့သည်။ တူးဖော်မှုများ စတင်ပြီးနောက် မတ်လအတွင်း၌ ထိုင်းဘုရင်နှင့် သက်ဆိုင်သည့် မှန်စီသပိတ်နှင့် ပြုလုပ်ထားသည့် ထိုင်းဘုရင်၏ အရိုးအိုးနှင့် အခြားအသုံးအဆောင် ပစ္စည်းများကို ရှာဖွေတွေ့ရှိ ခဲ့ကြသည်။
"ထိုင်းဘုရင်ဟောင်းရဲ့ အရိုးအိုးကို ဖွင့်ပြီးစစ်ဆေးလိုက်တဲ့ အခါမှာ အရိုးမှာ သင်္ကန်းစတွေ ကပ်နေတာ တွေ့ရပါတယ်။ ဒါကြောင့် ဒါဟာ ရဟန်းတစ်ပါးရဲ့ အရိုးဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ ဒီလို လေ့လာမှုကို တစ်နေကုန် ပြုလုပ်ကြပါတယ်။ သူတို့နိုင်ငံက တာဝန်ရှိသူတွေနဲ့ မင်းမျိုးမင်းနွယ်တွေရဲ့ ရှေ့မှောက်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ဒုတိယအဆင့် တူးဖော်မှုတွေကိုတော့ နိုင်ငံတော်အစိုးရရဲ့ ခွင့်ပြုချက် ရယူပြီးတော့ သြဂုတ်လအတွင်းမှာ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်" ဟု ထိုင်းဘုရင်ဟောင်း၏ အုတ်ဂူတူးဖော်ရေး ကော်မတီအဖွဲ့ဝင်ဖြစ်သည့် ဆရာဝန်တင်မောင်ကြည် (မန္တလေး) က ပြောကြားခဲ့သည်။
အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်တန်းရပ် လင်းဇင်းကုန်း သုသာန်အတွင်းရှိ ထိုင်းဘုရင်ဟောင်း၏ အုတ်ဂူနေရာအား အယုဒ္ဓယ ကျေးရွာငယ်ပုံစံနှင့် အပန်းဖြေဥယျာဉ်၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များ၊ ယိုးဒယား အစားအစာများ၊ အပျော်စီး ကားများပါ ထည့်သွင်းပြုလုပ်သွားရန် စီစဉ်ထားကြောင်း၊ မြေနေရာကိုလည်း ၆ ဧက အကျယ် ရရှိနိုင်ရန်အတွက် သက်ဆိုင်ရာ အစိုးရသို့ တင်ပြတောင်းခံထားကြောင်း သိရသည်။
Eleven