ကလေးမီးဖွားရာမှ မိခင်သေဆုံး

ပို့စ်တင်ချိန် - 7/31/2013 04:13:00 PM


ရန်ကုန်၊ ဇူလိုင် ၃၁

၃၀.၇.၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် လှိုင်သာယာမြို့နယ်၊
ညောင်ရွာတွင် အမျိုးသမီးတစ်ဦး မီးဖွားရာ မှ သေဆုံးကြောင်း
သတင်းအရ လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များမှ
သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မစမ်းသီတာ၊ (ဘ)ဦးထိန်ဝင်း
ဖြစ်ကြောင်းသိရှိရပါသည်။

၎င်းသည် ၂၉.၇.၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန်ခန့်တွင် မီးဖွားရန်
ဗိုက်နာလာ၍ ၎င်း၏ခင်ပွန်းဖြစ်သူ ကိုအေးမှ အရန်သားဖွားဆရာမ(လက်မှတ်ရ) ဒေါ်လင်းလင်းမော်အား ခေါ်ယူ
မွေးဖွားခဲ့ရာ ၁၈၄၅ အချိန် ကလေး(မိန်းကလေး)အရှင်မွေးဖွားခဲ့ပြီး
နောက် ၁၉၀၀ အချိန်တွင် မစမ်းသီတာမှာ သေဆုံးသွားခဲ့ကြောင်း
စုံစမ်းသိရှိရသဖြင့် လှိုင်သာယာမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၅၅/၂၀၁၃ ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း
သတင်းရရှိပါသည်။
Yangon Police