တာဝန်ဝတ္တရားဆောင်ရွက်သူအား ဆဲဆိုဟန့်တားသဖြင့် အရေးယူ

ပို့စ်တင်ချိန် - 7/31/2013 04:18:00 PM


ရန်ကုန်၊ ဇူလိုင် ၃၁

၃၀.၇.၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် ပန်းဘဲတန်းမြို့နယ်၊
ရွှေတိဂုံဘုရားလမ်း၊ သိမ်ကြီးဈေး(စီ)ရုံ၊ ဈေးတာဝန်ခံ ဦးဝင်းနိုင်ဦးနှင့်အဖွဲ့သည် သိမ်ကြီးဈေး(စီ)ရုံအတွင်း ပျံကျဈေးသည်
များအား စနစ်တကျရှိစေရန် စည်းကမ်းထိန်းသိမ်းရေးတာဝန်ကို
ဆောင်ရွက်နေစဉ် သိမ်ကြီးဈေး(စီ)ရုံ၊ အမှတ်(၁)ဓါတ်လှေကား ၀င်ပေါက်(ယာ)ဘက်ခြမ်းတွင် ရွှေရည်စိမ်ပစ္စည်းများအား ပျံကျဈေး
ရောင်းသူ မမြင့်မြင့်ဌေး၊ (ဘ)ဦးဘသန်း၊ သင်္ဃန်းကျွန်းမြို့နယ်နေသူမှာ ခွင့်ပြုသတ်မှတ်ချိန်မရောက်သေးဘဲ ရောင်းချနေသဖြင့်တားမြစ်ရာ
မချေမငံပြောဆိုပြီး ဆဲဆိုသည့်အပြင် ဈေးလုံခြုံရေးဝန်ထမ်း
ဦးဟန်တင့်နှင့်နေ့စားဝန်ထမ်း ဦးမြတ်ကိုတို့၏ ရင်ဘတ်များကို လက်ဖြင့်တွန်းခြင်းများပြုလုပ်ခဲ့၍ တာဝန်ဝတ္တရားဆောင်ရွက်နေသော
ပြည်သူ့ဝန်ထမ်းများကိုဆဲဆိုပြီး ၀တ္တရားဆောင်ရွက်နိုင်ခြင်းမရှိအောင် ဟန့်တား နှောက်ယှက်သူ မမြင့်မြင့်ဌေးအပေါ်အရေးယူပေးပါရန် ဦးဝင်းနိုင်ဦးမှ တိုင်ကြားခဲ့သဖြင့် ပန်းဘဲတန်းမြို့မရဲစခန်း
(ပ)၂၄၁/၂၀၁၃၊ ပုဒ်မ ၂၉၄/၃၅၃ ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်းသတင်းရရှိပါသည်။
Yangon Police