ရေသောက်ဖြစ်အောင် ဘယ်လိုလုပ်မလဲ

ပို့စ်တင်ချိန် - 7/31/2013 09:26:00 AM


အစာစားတိုင်းရေသောက်ပါ
ရေ၊ လိမ္မော်ရည်၊ သံပုရာရည်စသည့်အရည်တစ်မျိုးမျိုးကို အစာ တစ်ခုခုစားပြီးတိုင်းသောက်ပေးပါ။

ရေဘူးသေးတစ်ဘူး သွားလေရာ သယ်ပါ
သယ်ရလွယ်သည့် အရွယ် အစားရှိသော ရေဘူးကိုသွားလေရာ ဆောင်ထားပါ။ အနီးအနားတွင် ရေတစ်ဘူး အရံသင့်ရှိနေခြင်းကြောင့် ရေသောက်ဖြစ်စေသည်။

ရေခဲသေတ္တာထဲမှာ ရေကရားထည့် ထားပါ
တစ်ခုခုစားမည်ကြံ၍ ရေခဲ သေတ္တာဖွင့်တိုင်း ရေဘူးတစ်ဘူးအရံ သင့်ရှိနေလျှင် ရေသောက်ဖြစ်စေ သည်။

ရေဓါတ်ဆုံးရှုံးသမျှပြန်ဖြည့်ပါ
ရေဘူးရှိသည့်နေရာသို့ ထမ သွားဖြစ်လျှင် သန့်စင်ခန်းအနီး၌ ရေဘူးထားပါ။ ဤနည်းဖြင့်ရေဓါတ် ဆုံးရှုံးသမျှ ပြန်လည်ဖြည့်တင်းနိုင် သည်။

ရေမသောက်ချင်လျှင် အဖျော်ရည် သောက်ပါ
သစ်သီးဖျော်ရည်များ၊ လက် ဖက်စိမ်းရည်များကိုလည်း ရေဓါတ် ဖြည့်တင်းရန် သောက်သုံးနိုင်သည်။ အိပ်မပျော်သည့် ပြဿနာရှိလျှင် ကော်ဖီ၊လက်ဖက်ရည်များ မသောက် သင့်ပါ။

ဇော်ကို
Source:howstuffwork
Health Updates Journal