စင်ကာပူစစ်တပ်ထဲက မြန်မာပြည်ဖွား အရာရှိငယ်

ပို့စ်တင်ချိန် - 7/31/2013 05:51:00 PM


မြန်မာပြည်ဖွား မောင်သက်နိုင်ဝင်းဟာ စင်ကာပူ နိုင်ငံ စစ်တပ်မှာ အခုဆိုရင် အရာရှိငယ်လေး ( Officer Cadet )  ဖြစ်နေပါ ပြီ။



 မောင်သက်နိုင်ဝင်း ( အလယ်) ၊ ဓာတ်ပုံ- straittimes.com

သူ့အသက် ၁၉ နှစ်အရွယ်လောက်က သူက မိဘတွေကို စစ်တပ်ထဲဝင်ချင်တဲ့အကြောင်း ပြောခဲ့ပေမယ့် မိဘတွေက တောက်လျှောက် ကန့်ကွက်ပြောဆိုခဲ့တယ်လို့ စင်ကာပူ Strait Times သတင်း တပုဒ်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ခါးသည်းတဲ့ စစ်အုပ်ချုပ်ရေးအောက်ကြီးပြင်းလာသူတွေဖြစ်တဲ့ မိဘတွေအနေနဲ့ သူတို့ရဲ့ သားဖြစ်သူကို စစ်သား တယောက်ဖြစ်မလာစေချင်ခဲ့ပါဘူး။ ဒါကြောင့် မိဘတွေက ကန့်ကွက်ပြောခဲ့တာပါ တဲ့။

စင်ကာပူ ( OCT) စစ်အရာရှိငယ် မောင်သက်နိုင်ဝင်း ဟာ သူ့မိဘတွေနဲ့အတူ အသက် ၁ နှစ်သား အရွယ် ကတည်းက စင်ကာပူနိုင်ငံကို ပြောင်းရွှေ့နေထိုင်လာရင်း ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်မှာ စင်ကာပူနိုင်ငံသား ဖြစ်ခဲ့ကြပါတယ်။

မောင်သက်နိုင်ဝင်းဟာ Istana မှာ မနေ့က ကျင်းပတဲ့ အခမ်းအနား တခုမှာ ယခုနှစ်အတွက် SAF Overseas Scholarship (Safos) ဆုရ ၈ ဦးထဲမှာ တဦး အပါအ၀င်ဖြစ်လာပါပြီ။

အခုလို SAF က ရွေးချယ်ခံလိုက်ရတဲ့အပေါ်  မောင်သက်နိုင်ဝင်းက စင်ကာပူနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့အတွက် အခုလို အလုပ်အတည်တကျရတာကြောင့် ဖခင်ဖြစ်သူကလည်း သူ့အပေါ် ယုံကြည်မှုကို ရလာစေတယ်လို့ ပြောထားပါတယ်။



အိမ့်သံစဉ် ~