လပြည့်ဝန်းပလာဇာတွင် မီးလောင်မှုအား အမှုဖွင့်စုံစမ်းစစ်ဆေးလျက်ရှိ

ပို့စ်တင်ချိန် - 7/31/2013 04:09:00 PM


ရန်ကုန်၊ ဇူလိုင် ၃၁

၃၀.၇.၂၀၁၃ ရက်နေ့ ၁၂၂၀ အချိန်တွင် ဒဂုံမြို့နယ်၊
aယာမင်းကြီးရပ်ကွက်၊ န၀ဒေးလမ်းနှင့်အလံပြ ဘုရားလမ်းရှိ လပြည့်ဝန်းပလာဇာ၏ (၆)လွှာ၊ အနောက်ဘက်(ယာ)ခန်း မီးလောင်နေကြောင်း သတင်းအရ ဒဂုံမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးရာ အဆိုပါအခန်းတွင် သင်္ဘောဆေးပုံးအခွံများ
နှင့် အဆောက်အဦးဆောက်လုပ်ပြုပြင်ရာတွင် ကာရံသည့်
နိုင်လွန်ပိုက်ကွန်များထားရှိပြီး နိုင်လွန်ပိုက်ကွန်များမှ မီးလောင်ကျွမ်းမှုဖြစ်ခဲ့ကြောင်း၊ မီးသတ်ယာဉ်များရောက်ရှိငြိမ်းသတ်ခဲ့၍ ၁၂၃၀ အချိန်မီးငြိမ်းသွားခဲ့ကြောင်း၊ ဆုံးရှုံးမှုတန်ဘိုးငွေကျပ် (၄၀၀၀၀) ခန့်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနနှင့် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့တို့မှ အဆိုပါမီးသည် ပေါ့ဆမီးဟုယူဆခဲ့သဖြင့် မီးပေါ့ဆစွာသုံးစွဲသူအား စုံစမ်းအရေးယူနိုင်ရေးအတွက် ဒဂုံမြို့မရဲစခန်း (ပ)၁၇၃/၂၀၁၃၊
ပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။
Yangon Police