အင်တာနက် မဲများကြောင့် ထားထက်ထက် အဆင့်(၁၀) မှ အဆင့်(၂)သို့ တက်လှမ်း
Miss Grand International 2013 ပြိုင်ပွဲသို့ မြန်မာကိုယ်စားပြုအလှမယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိသော ထားထက်ထက်သည် အဆင့် (၁၀)နေရာမှ ယခုအခါတွင် အင်တာနက်မှပေးသည့်မဲများကြောင့် အဆင့် (၂)နေရာသို့ တက်လှမ်းခဲ့နိုင်ခဲ့ပြီဖြစ်သည်။ အဆိုပါပြိုင်ပွဲ၏ နောက်ဆုံးအဆင့်ယှဉ်ပြိုင်မှု ကို ထိုင်းနိုင်ငံဘန်ကောက်မြို့၌ နိုဝင်ဘာ ၃ ရက်မှ ၁၉ ရက် အထိ ကျင်းပမည်ဖြစ်သည်။
ထားထက်ထက်က “အခုလို အသိအမှတ်ပြုခံရတဲ့အထဲပါတာ အရမ်းပျော်ပါတယ်။ အခုလို ပရိသတ်က သတိတရနဲ့ အားပေးကြတာ ညီမအတွက်အားဖြစ်စေပါတယ်။ ညီမအခုပြိုင်ပွဲအတွက် လေ့ကျင့်မှုအပြည့် ၀င်နေပါတယ်။ Talent ပိုင်းရော knowledge ပိုင်းရောလေ့လာနေပါတယ်။ ဒီပွဲမှာ Best National Costume အတွက် အမှတ်ပေးမှာဖြစ်တဲ့အတွက် ထိုင်းနိုင်ငံနဲ့ ကွဲထွက်မယ့်ဝတ်စုံကို ၀တ်ဆင်ရမှာဖြစ်ပါ တယ်။ အ၀တ်အစားပိုင်းကတော့ ချုပ်နေတုန်း ပါပဲ” ဟု ပြောပြသည်။
၎င်းပြိုင်ပွဲကာလအတွင်း ထားထက်ထက်သည် မြန်မာ့ချည်ထည်၊ ပိုးထည်များဖြင့် ချုပ်လုပ်ထားသည့် မြန်မာဝတ်စုံများကို ၀တ်ဆင်မည်ဖြစ်သည်။
မြန်မာကိုယ်စားပြုအလှမယ်များသည် ၂၀၁၂ ခုနှစ်မှစတင်ကာ နိုင်ငံတကာပြိုင်ပွဲများသို့ ၀င်ရောက်ယှဉ် ပြိုင်ရာတွင် အခြားဆုများအပြင် အင်တာနက်မှမဲပေးရွေးချယ်သည့်ဆုများကို ဆွတ်ခူးလေ့ရှိသည်။ ယခု Miss Grand International 2013 ပြိုင်ပွဲကို မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ်
ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ် ပြီးပြိုင်ပွဲစီစဉ်သူများ၏ ဖော်ပြထားသော စာရင်းများအရ အင်တာနက်အားပေးမှုများသည့် နိုင်ငံများတွင် မြန်မာနိုင်ငံသည် Top 5 နေရာ၌ ရပ်တည်လျက်ရှိသည်။
ပန်းမြတ်ဇော် – Mizzima – News in Burmese
မွန်ပြည်နယ်တွင် တရားမဝင်ကုန်ပစ္စည်းများနှင့် လိုင်စင်မဲ့ မော်တော်ယာဉ်များစဖမ်း
မော်လမြိုင်၊ အောက်တိုဘာ ၁
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အခွန်ဆောင်ခြင်းမရှိဘဲ ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် တရားမဝင် ကုန်ပစ္စည်းများနှင့် လိုင်စင်မဲ့ မော်တော်ယာဉ် များကို အောက်တိုဘာလမှ စတင်ကာ ရွေ့လျားစစ်ဆေးရေး အဖွဲ့ (Mobile Team) များဖြင့် ဖမ်းဆီးသွားမည် ဖြစ်ကြောင်း မော်လမြိုင်ခရိုင် ရဲအုပ်တင်မျိုးဇော်က ပြောကြားသည်။
အခွန်မဲ့ တင်သွင်းလာသော ကုန်ပစ္စည်းများ၊ ကျန်းမာရေး ထိခိုက်စေသည့် စားသောက်ကုန် အတုများ၊ လိုင်စင်မဲ့ မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များကို အဓိက ဖမ်းဆီးသွားမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။
ထိုင်းနိုင်ငံမှ မော်လမြိုင်သို့ ကုန်ပစ္စည်းများ ဝင်ရောက်နိုင်သည့် အတ္ထရံ ကြိုးတံတားထိပ်နှင့် မော်လမြိုင်-ကျိုက်မရော အဝိုင်းထိပ်တွင် ၂၄ နာရီလုံးလုံး အဖွဲ့ပေါင်းစုံက စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းရွေ့လျားစစ်ဆေး ဖမ်းဆီးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ဆိုသည်။
အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကာ တရားမဝင်သည့် ကုန်ပစ္စည်း များနှင့် စည်းကမ်းမဲ့ယာဉ်များ စစ်ဆေးရာတွင် လိုင်စင်မဲ့ မော်တော်ယာဉ် သုံးစီးကို ဖမ်းဆီး ရရှိထားကြောင်း ၄င်းက ရှင်းပြသည်။
အဆိုပါ တရားမဝင် ကုန်ပစ္စည်းနှင့် လိုင်စင်မဲ့မော်တော်ယာဉ် တင်သွင်းလာသူ များကို သွင်းကုန်ထုတ်ကုန် ဥပဒေပုဒ်မ ၈ ဖြင့် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၄င်းကဆက်လက် ပြောကြားသည်။
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှ ၂၀၁၃ခု မတ်လ ၃၁ ရက်နေ့အထိ မွန်ပြည်နယ်တွင် လိုင်စင်မဲ့ မော်တော်ယာဉ် ၁၁၇ စီးကို ဖမ်းဆီးထားကြောင်း ၄င်းက ထပ်မံပြောကြားခဲ့သည်။
တရားမဝင် ကုန်ပစ္စည်းများ စစ်ဆေး ဖမ်းဆီးရေး ရွေ့လျားအဖွဲ့များတွင် မွန်ပြည်နယ် ရဲတပ်ဖွဲ့၊ မွန်ပြည်နယ်ယာဉ် ထိန်းရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အကောက်အခွန်ဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ လူဝင်မှု ကြည့်ကြပ်ရေးနှင့် ကျန်းမာရေးဦးစီးဌာန များပါဝင်ကြောင်း ယင်းမိုဘိုင်းလ်အဖွဲ့မှ တာဝန်ရှိသူများက ဆိုသည်။
အခွန်ဆောင်ခြင်းမရှိသည့် တရားမဝင် ကုန်ပစ္စည်းနှင့် မော်တော်ယာဉ်များကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ နောက်ဆုံးအပတ်မှ စတင်ကာ စစ်ဆေးဖမ်းဆီးမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားထားသည်။
မော်လမြိုင်မြို့တွင် ထိုင်းနိုင်ငံမှ တင်သွင်းလာသော Surf နှင့် Mark 2 မော်တော်ယာဉ်များကို ကျပ်သိန်း ၅၀ အောက်ဖြင့် ဝယ်ယူရရှိနိုင်ပြီး အချို့မှာ တရားမဝင် တင်သွင်းလာသော မော်တော် ယာဉ်များကို အစိတ်အပိုင်းအလိုက် ဖြုတ်ရောင်းလျက် ရှိကြောင်း မော်လမြိုင်မြို့ခံ တစ်ဦးက ဆိုသည်။
The Voice Weekly
မြိတ်မြို့ပေါ်တွင် လက်စွမ်းပြ ဓားသရမ်းသူများအား ရဲနှင့် ပြည်သူ ပူးပေါင်း ဖမ်းဆီး
Wednesday, October 2, 2013
မြိတ်မြို့ပေါ် ရပ်ကွက်များအတွင်း မော်တော်ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ သွားလာကာ ညပိုင်း အချိန်များတွင် လမ်းသွား လမ်းလာများ၊ မော်တော် ဆိုင်ကာ စီးနင်းသူများအား အကြောင်းမဲ့ ဓားဖြင့် လမ်းသရဲ ဆန်ဆန် လိုက်လံ ခုတ်ထစ်နေသည့် လူငယ်(၇) ဦးအား မြိတ်မြို့ ရဲတပ်ဖွဲ့ဝင်များ ၊ အုပ်ချုပ်ရေးမှူးများ ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပြည်သူများမှ ၀ိုင်းဝန်း ပူးပေါင်း ပိတ်ဆို့ ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့ ည (၁၁)နာရီခွဲ အချိန်ခန့်တွင် လူငယ် တစ်အုပ်သည် မော်တော်ဆိုင်ကယ်များဖြင့် မြိတ်မြို့အတွင်း နောက်လယ်ရပ်ကွက်မှ စတင်ကာ လမ်းသွားလမ်း လာများ၊ မော်တော်ဆိုင်ကယ်စီးနင်း သူများအား ၄င်းတို့တွင် အဆင်သင့် ပါလာသည့် ဓားများဖြင့် မော်တော် ဆိုင်ကယ် စီးနင်းပြီး လိုက်လံ ခုတ်နေကြောင်း သတင်းအရ ပူးပေါင်း အဖွဲ့မှ ဖမ်းဆီးရာ သက်ပိုင်ဦး အသက် (၁၇)နှစ်၊ ကျော်စိုးထွန်း အသက် (၁၉)နှစ်၊ အာကာစိုး အသက် (၁၇)နှစ်၊ အောင်ဇင်မိုး အသက် (၁၈)နှစ်၊ အောင်သူရပိုင် အသက် (၁၈)နှစ် ၊ အားမာန်ပြည့် အသက် (၁၇)နှစ်၊ ကျော်ရန် အသက် (၁၆)နှစ်၊ တို့အား ၄င်းတို့ ကိုင်ဆိုင်ထားသည့် ဓားများနှင့်အတူ ပိတ်ဆို့ ဖမ်းဆီး နိုင်ခဲ့သည်။
အဆိုပါ ဓားဖြင့် လိုက်ခုတ်သည့် လူငယ်များအား မြိတ်မြို့မ ရဲတပ်ဖွဲ့စခန်းမှ ဖမ်းဆီးထိန်းသိမ်းကာ (ပ) ၄၉၈/၂၀၁၃၊ ပြစ်မှုပုဒ်မ - ၂၃၆/၂၉၄/၁၁၄ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
မြိတ်ပုလဲမြေ
ဓာတ်ငွေ့ပိုက်လိုင်းနဲ့ ရခိုင်ရိုးမက ကျေးရွာများ
ရခိုင်ပြည်နယ်က ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားတဲ့ ရခိုင်ရိုးမပေါ်က တိုင်းရင်းသားကျေးရွာတွေမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ ရှိနေပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုဇော်တူးက တင်ပြထားပါတယ်။
လောင်းကစားဒိုင်ချုပ်ဖမ်းဆီးရန် ပျက်ကွက်၍ တောင်ငူခရိုင် ရဲအရာရှိငါးဦးကို စုံခုံဖွဲ့စစ်ဆေး
ပြည်ထဲရေးဝန်ကြီးသို့ တိုက်ရိုက်တိုင်ကြားမှုဖြင့် တောင်ငူမြို့ရှိ လောင်းကစားဒိုင်ချုပ်ကို အထူးရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီးနောက် တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးအပါအ၀င် သက်ဆိုင်ရာရဲအရာရှိငါးဦးကို အထူးစုံစမ်းစစ်ဆေးရေးခုံရုံး၌ စစ်ဆေးနေကြောင်း သတင်းရရှိသည်။
““သက်ဆိုင်ရာ ဒေသတွင်းမှာ ဥပဒေချိုးဖောက်နေသူတွေကို ရဲတပ်ဖွဲ့ဌာနချုပ်ကနေ တိုက်ရိုက်အရေးယူခဲ့ရတဲ့အတွက် တာဝန်အရှိဆုံးရဲတပ်ဖွဲ့ဝင်ငါးဦးကို စုံ/ခုံဖွဲ့စစ်ဆေးနေတာပါ။ စစ်ဆေးဆဲအဆင့်ပဲရှိပါသေးတယ်””ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တောင်ငူမြို့၊ အမှတ် (၂)ရပ် ကွက်၊ မိုးသောက်ကြွယ်ဘုရားလမ်းရှိ သုံးလုံးထီလောင်းကစားဒိုင်ကို စက်တင်ဘာ ၁၆ ရက် (သုံးလုံးထီထွက်သောနေ့)တွင်  မှုခင်းအထူးရဲတပ်ဖွဲ့ဝင်များက ၀င်ရောက်ဖမ်းဆီးပြီးနောက် သက်ဆိုင်ရာဒေသတွင်း တာဝန်အရှိဆုံး ရဲတပ်ဖွဲ့ဝင်များကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ စစ်ဆေးနေခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ်(၂)ရပ်ကွက် နယ်ထိန်းအပါအ၀င် နယ်ထိန်းခေါင်းဆောင်၊ မြို့နယ်ရဲစခန်းမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး အဆင့်အထိ စစ်ဆေးနေခြင်းဖြစ်ကြောင်း တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
““လက်ရှိတာဝန်တွေတော့ ထမ်းဆောင်နေဆဲပဲ။ စုံစမ်းစစ်ဆေးပြီးမှ လိုအပ်သလို အရေးယူရမှာပါ””ဟု နေပြည်တော်ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲအရာရှိတစ်ဦးကပြောသည်။
တောင်ငူမြို့၊ အမှတ်(၂)ရပ်ကွက် မိုးသောက်ကြွယ်ဘုရားလမ်းရှိ လောင်းကစားပြုလုပ်သူ ဦးအေးမင်းထွန်းဆိုသူကို ဖမ်းဆီးပြီးနောက် ပြစ်မှုပုဒ်မ ၁၅(က)/၁၆(က)ဖြင့် အမှုဖွင့်စစ်ဆေးနေပြီး ၎င်း၏ ခယ်မတော်စပ်သူတစ်ဦးကလည်း မှုခင်းရဲတပ်ဖွဲ့ဝင်များကို ကာယိနြေ္ဒဖျက်ဆီးမှု ပြစ်မှုပုဒ်မ ၃၅၄ ဖြင့် ပြန်လည်တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။
7Day Daily
အမြင်မှန်မှ အမှန်မြင်မည်
(ဆောင်းပါးရှင် - ကိုနော် (ပုဂံ) )
ယခုရက်ပိုင်း ဂျာနယ်တစ်စောင်မှာပါတဲ့ သတင်းတစ်ပုဒ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့မြို့လေးမှာ အတော်ဂယက်ထသွားတယ် ခင်ဗျ။
''ရိုးရာအယူအဆကြောင့်'' ''မာတင်္ဂမျိုး ရိုးကြောင့်'' တောင်းရမ်း စားသောက်နေရတဲ့ သူများနေထိုင်တဲ့ ကျေးရွာ ၁၀ ရွာကျော် ပုဂံရွှေစည်းခုံ ဘုရားအနီးမှာ ရှိတဲ့အကြောင်း၊ မျက်ခမ်းစပ်ရောဂါ၊ အနာကြီးရောဂါ ဖြစ်ပွားနေသူတွေလည်းရှိပြီး ဆေးရုံ၊ ဆေးပေးခန်းများလည်း လိုအပ်နေတဲ့ အကြောင်းရေးသားထားတဲ့ သတင်းတစ်ပုဒ် အတွက်ကြောင့်ပါ။
ဒီသတင်းစာမျက်နှာကို ဒေသခံတစ်ဦးက ဓာတ်ပုံရိုက်ပြီး facebook တင်လိုက်တော့ သတင်းအပေါ် ပြစ်တင်ဝေဖန်သူတွေ၊ မခံမရပ်နိုင်ဖြစ်သူတွေ ချက်ချင်းတက်လာကြတယ်။ ကျွန်တော့်ဆီလည်း ဖုန်းနဲ့တစ်မျိုး၊ လူကိုယ်တိုင်တစ်သွယ် ရေးသားပေးဖို့ ပြောဆိုတဲ့သူတွေတောင် ရှိလာတယ်ခင်ဗျ။
သတင်းရေးသူက ဖွံ့ဖြိုးမှုနည်းတဲ့ နေရာဒေသပဲဆိုပြီး စေတနာနဲ့ ဖော်ထုတ်ပေးလိုက်တာ ဖြစ်နိုင်ပေမယ့် လက်ရှိအခြေအနေတွေနဲ့ တခြားစီဖြစ်နေပါတယ်။ မင်္ဂလာသာစည်ဆိုတာ ညောင်ဦး ရွှေစည်းခုံ ဘုရားခြေတော်ရင်းက ရပ်ကွက်တစ်ခုပါ။ ဆေးရုံ ဆေးပေးခန်း ဆိုတာလည်း ပုဂံညောင်ဦးမြို့မှာတော့ လူမှုရေးအသင်းတွေ ကုသိုလ်ရှင်တွေကောင်းမှုနဲ့ အခမဲ့ကုသနိုင်တဲ့ နေရာတွေ ရှိနေတာကြာပါပြီ။ ဆေးရုံဆိုတာလည်း အနီးအနား မြို့တွေကတောင် အားထားပြီးလာရောက်ကြရတဲ့ နေရာ။
ရိုးရာဖြစ်လို့၊ ဘုရားကျွန်ဖြစ်လို့၊ မာတင်္ဂမျိုးရိုးဖြစ်နေလို့ တောင်းရမ်းစားသောက် နေရပါတယ်ဆိုပြီး ပုဂံညောင်ဦး ဒေသ၀န်းကျင်မှာ တောင်းရမ်း စားသောက်နေသူတချို့ဟာ ပြောကောင်းပြောပါလိမ့်မယ်။ ဒီလိုအယူအဆ အစွဲအလမ်းတွေဟာ ဟိုးအတိတ်က အမှန်ပဲ ရှိခဲ့တာလား။ မရှိခဲ့ဘူးလား။ ဒီနေရာမှာ ကျွန်တော်မငြင်းချင်ပါဘူး။ ဒီအယူအဆတွေကိုလည်း အတိတ်ကာလတစ်ခုမှာ မင်းမိန့်ထုတ်ပြီး ဖျောက်ဖျက်စေခဲ့ပါတယ်။
ကျွန်တော်တို့မြို့ဟာ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်တွေပေါတယ်။ ဘာသာ၊ သာသနာကို အခြေတည်ထားတဲ့ မြို့ဖြစ်တဲ့အတွက် ဘုရားပွဲတော်တွေ၊ အလှူဒါနပြုသူတွေ အင်မတန်ပေါပါတယ်။ ပွဲတော်ချိန်တွေ၊ ခရီးသွား ရာသီချိန်တွေဆိုရင် တောင်းရမ်း စားသောက်သူတွေဟာ ဘယ်ကမှန်းမသိ ရောက်လာတတ်တယ်။ ဒေသခံလည်း ပါနိုင်သလို ဒေသခံမဟုတ်တဲ့သူတွေလည်း ရောက်လာတတ်ပါတယ်။ တချို့သက်ကြီး ရွယ်အိုတွေ၊ တချို့က ကလေးတွေ ခါးထစ်ခွင်ချီလို့၊ တချို့ ကလေးငယ်လေးတွေကိုယ်တိုင် ခွက်လေးကိုင်လို့ တစာစာ တောင်းရမ်းနေကြတာ ဒေသခံတွေ၊ ခရီးသွားပြည်သူနဲ့ တိုင်းတစ်ပါးသားတွေကြား မတွေ့ချင်၊ မမြင်ချင်အဆုံးပေါ့။
တောင်းရမ်း စားသောက်နေသူတွေကို မြင်တဲ့အခါတိုင်း ကျွန်တော်တွေးမိတာက ဆင်းရဲမွဲတေမှုပါ။ ကျွန်တော်တို့ဒေသ၊ ကျွန်တော်တို့ဝန်းကျင်၊ ကျွန်တော်တို့နိုင်ငံမှာ ဆင်းရဲမွဲတေမှုတွေ ရှိနေသေးတယ်ဆိုတာပါပဲ။ သူတို့တစ်တွေဟာ ရိုးရာဓလေ့ အစွဲလမ်းဟောင်းတွေကြောင့်၊ ဘုရားကျွန်ဖြစ်တာကြောင့်၊ မာတင်္ဂမျိုးရိုး ဖြစ်တာကြောင့် တောင်းရမ်းနေကြသူတွေ မဟုတ်ကြပါဘူး။ပြီးတော့ ရပ်ကွက်၊ ကျေးရွာ၊ လူ့အဖွဲ့အစည်းတစ်ခုခု၊ နေရာဒေသတစ်ခုခုကို ကိုယ်စားပြု ရိုးရာအစဉ်အလာတစ်ခုကို ထိန်းသိမ်းပြီး တောင်းရမ်းနေကြသူတွေလည်း မဟုတ်ကြပါဘူး။
ဒါဖြင့် သူတို့ဘာကြောင့် တောင်းနေကြသလဲ။ အဖြေက ရှင်းရှင်းလေးပါ။ ဆင်းရဲလို့။ ဥစ္စာ၊ ဓန၊ ငွေကြေးဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာပိုင်ဆိုင်မှုနဲ့ အသိဉာဏ်ပညာ၊ ဗဟုသုတ စတဲ့ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့နွမ်းပါးမှုတွေကြောင့်ပါပဲ။
ဆိုခဲ့သလို သူတို့ဟာ မာတင်္ဂမျိုးရိုးဖြစ်လို့၊ ဘုရားကျွန်ဖြစ်လို့ တောင်းရမ်းစားနေကြပါတယ် ဆိုနေခြင်းဟာ သူတို့ရဲ့စိတ်လုံခြုံမှု၊ လက်တွေ့ဘ၀၊ လက်ရှိဘ၀ကို ငြင်းဆန်လိုမှုတွေကြောင့် ဖြစ်မယ်လို့ ကျွန်တော်ယူဆပါတယ်။ အဓိကအကြောင်းတရားက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အစစအရာရာ နွမ်းပါးချို့တဲ့မှု၊ ဆင်းရဲမွဲတေမှု အရင်းခံပါပဲ။
ကျွန်တော်တို့နိုင်ငံဟာ ခေတ်သစ်၊ စနစ်သစ်တစ်ခုကို ဦးတည် လျှောက်လှမ်းနေတဲ့ အချိန်အခါပါ။ စိန်ခေါ်မှုပေါင်းစုံ၊ ပြဿနာပေါင်းစုံကို ဖြေရှင်းနိုင်ဖို့ ချဉ်းကပ်ကြတဲ့အခါ အမြင်မှန်ဖို့လိုပါတယ်။ မှန်ကန်တဲ့ အမြင်ကသာ မှန်ကန်တဲ့ အဖြေရှိရာဆီ လမ်းပြပေးနိုင်မှာပါ။
ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မကြားသေးမီက အခမ်းအနားတစ်ခုမှာ ပြောခဲ့တာရှိပါတယ်။ ပြည်သူတွေမှာ တူညီတဲ့ဆန္ဒ အဓိကအားဖြင့် နှစ်ခုရှိတဲ့အကြောင်း တစ်ခုက ပြည်သူတွေဟာ မိမိတို့နိုင်ငံကို တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးတဲ့ နိုင်ငံဖြစ်လိုကြကြောင်း၊ နောက်တစ်ခုက အဘက်ဘက်မှ နောက်ကျကျန်နေတဲ့ လူမှုစီးပွား ဘ၀မြင့်တက်လိုကြကြောင်း ပြောကြားသွားခဲ့တာ စက်တင်ဘာ ၂၈ ရက်ထုတ် အစိုးရ သတင်းစာမှာ ဖတ်လိုက်ရပါတယ်။
ကျွန်တော်တို့ဒေသ၊ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အဘက်ဘက်မှ နောက်ကျကျန်နေတဲ့ လူမှုစီးပွား ဘ၀များစွာ ရှိနေပါသေးတယ်။ ဒါဟာအမှန်တရားပါ။ အလုပ်အကိုင် မယ်မယ်ရရ မရှိသေးတဲ့သူတွေ၊ အလုပ်အကိုင်ရှိပါလျှက် လုပ်အားခ အပြည့်အ၀မရကြသူတွေ၊ နွမ်းပါးလွန်းလို့ စာသင်ခန်းနဲ့ ဝေးကွာနေရတဲ့ ကလေးသူငယ်တွေ ဒုနဲ့ဒေး ရှိနေပါတယ်။ ဒီအားနည်းချက်၊ လိုအပ်ချက်တွေကို မီဒီယာတွေက မြင်အောင် ကြည့်မယ်။ ဝေဖန်ထောက်ပြမယ်။ သက်ဆိုင်ရာကလည်း အားနည်းချက်၊ လိုအပ်ချက်တွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖြေရှင်းပေးမယ်ဆိုရင် ကျွန်တော်တို့ ပတ်ဝန်းကျင်ရဲ့ လူမှုစီးပွားဘ၀တွေ မြင့်တက်လာမယ်။ ဆင်းရဲမွဲတေမှု ပြဿနာတွေ တစ်စထက်တစ်စ လျော့ပါးသွားပါလိမ့်မယ်။
ပြောရမယ်ဆိုရင် တောင်းရမ်း စားသောက်နေသူတွေဟာ ပုဂံညောင်ဦးဒေသကလည်း ပါချင်ပါမယ်။ အခြားဒေသကလည်း ပါချင်ပါမယ်။ ဒါပေမဲ့ သူတို့တစ်တွေဟာ ရိုးရာဓလေ့အစွဲလမ်း၊ အယူသည်းမှုတွေကြောင့် ဒေသတစ်ခု၊ ကျေးရွာရပ်ကွက်တစ်ခုမှ လာရောက် တောင်းရမ်းနေကြရသူတွေ မဟုတ်ပါဘူး။ တကယ်တော့ တောင်းရမ်း စားသောက်နေကြသူတွေဟာ လူမှုစီးပွားဘ၀ နုံချာပြီး ဆင်းရဲတွင်းနက်လွန်းလို့ တောင်းရမ်းစားသောက်နေကြရသူများသာ ဖြစ်ကြောင်းပါခင်ဗျာ။
(ပုဂံဒေသရှိ ရွှေစည်းခုံ ဘုရားအနီးမြင်ကွင်း)
Eleven Media Group
ဖာဂူဆန်ကတော့ လက်ရှိ မန်နေဂျာ ဒေးဗစ် မိုယက်စ်ဟာ အသင်းအတွက် သင့်တော်မှန်ကန်တဲ့သူ ဖြစ်ပါတယ်တဲ့
မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းဟာ ဒီနှစ် ဘောလုံးရာသီအစမှာ ရှုံးပွဲတွေနဲ့ ရင်ဆိုင်နေရသည့်တိုင်အောင် အရင်မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန်ကတော့ လက်ရှိ မန်နေဂျာ ဒေးဗစ် မိုယက်စ်ဟာ အသင်းအတွက် သင့်တော်မှန်ကန်တဲ့သူ ဖြစ်ပါတယ်လို့ ပြောလိုက်ပါတယ်။
မန်ယူအသင်းဟာ ဒီည ဥရောပချန်ပီယံလိဂ် ပွဲစဉ်မှာ ရှက်တာ ဒေါနစ်စ်နဲ့ အဝေးကွင်း ကန်ရဖို့ ရှိပါတယ်။
မန်စီးတီးအသင်းကတော့ ဒီညမှာ လက်ရှိ ချန်ပီယံ ဘိုင်ယန်မြုးနစ်နဲ့ အိမ်ကွင်းမှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
BBC Burmese
မန္တလေးယာဉ်ထိန်းရဲတစ်ဦး အပြုံးရှင်ဆုရ
မန္တလေး၊ အောက်တိုဘာ ၁
မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှ ရဲတပ်ကြပ်ကြီး သန့်ဇော်မင်းကို မန္တလေးမြို့ အခြေစိုက် လူမှုကူညီရေးအသင်း တစ်သင်းဖြစ်သည့် လောကပါလ အသင်းက အမြဲတမ်းပြုံးနေသူ အဖြစ် အမည်ရသော (Eversmile) အပြုံးရှင်ဆု ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း အဆိုပါဆု ချီးမြှင့်ခြင်း အခမ်းအနားအရ သိရသည်။
အဆိုပါ ရဲတပ်ကြပ်ကြီး သန့်ဇော်မင်းသည် တာဝန်ကျ လမ်းပိုင်း၌ တာဝန်ထမ်းဆောင် နေချိန်တွင် မျက်နှာအမြဲတမ်း ပြုံးရွှင်နေသည်ကို ထူးထူးခြားခြား တွေ့မြင်ရပြီး ကျန်ဝန်ထမ်း များ အားကျအတုယူစေရန် အတွက် ယင်းကဲ့သို့ ဆုချီးမြှင့်ရခြင်း ဖြစ်ကြောင်း လောကပါလ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမြင့်သိန်း က ပြောကြားသည်။
အဆိုပါ အမြဲတမ်းပြုံးရွှင်စွာ တာဝန်ထမ်းဆောင်နေသည် ဟုဆိုသော ရဲတပ်ကြပ်ကြီး သန့်ဇော်မင်းကို မန္တလေး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဝင်များ နှင့် UD Group မှ ဒါရိုက်တာ ဦးခင်မောင်ဝင်း၊ မန္တလေး သတင်းပုံရိပ်များအဖွဲ့ တို့က ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ရာ ဆုကြေး ငွေစုစုပေါင်း လေးသိန်းရှစ်သောင်းကျပ် ရရှိသည်။
ယင်းကဲ့သို့ ပြည်သူများကိုယ်စား ယာဉ်ထိန်းရဲတပ်ဖွဲ့ ဝင်များကို ဆုချီးမြှင့်ခြင်းသည် ထူးခြားမှုတစ်ခု ဖြစ်ပြီး ယခင်က ပြည်သူများက ယာဉ်ထိန်းရဲများ အပေါ်တွင် အထင်လွဲခဲ့ခြင်းများ ရှိခဲ့သော်လည်း ယခုအခါ ယင်းအထင်အမြင် လွဲခြင်းများ တဖြည်းဖြည်း လျော့ကျလာကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ရဲမှူးသိန်းကိုကိုက ပြောကြားသည်။
"ပြည်သူတွေက ဒါမျိုးဆု (Eversmile) ကိုပေးတာ အရမ်းဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ ရှေ့ဆက်လည်း ဒါမျိုး ပြုံးပြုံးရွှင်ရွှင်နဲ့ လမ်းတွေပေါ်မှာ ဆက်လက် တာဝန်ထမ်းဆောင် သွားမှာပါ" ဟု Eversmile ဆု ချီးမြှင့်ခြင်းခံရသူ ရဲတပ်ကြပ်ကြီး သန့်ဇော်မင်းက ဆိုသည်။
"အထူးသဖြင့် စည်ပင်သာယာ ဝန်ထမ်းတွေ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရဲတပ်ဖွဲ့တွေ၊ အဲဒါတွေဆိုရင် အရင်က အများပြည်သူကို မောက်မောက် မာမာနဲ့ ဆက်ဆံခဲ့တာလေ။ ပြည်သူတွေပေးတဲ့ လစာကို စားနေမှတော့ ပြည်သူတွေကို ဒီလိုမျိုး ပြုံးပြုံးရွှင်ရွှင်နဲ့ ဆက်ဆံတယ် ဆိုတာ ကောင်းပါတယ်။ ပေးလည်းပေးသင့်ပါတယ်" ဟု မန္တလေးမြို့ခံ စာရေးဆရာ တစ်ဦးက သုံးသပ်ပြောဆိုသည်။
(၄၉) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြု သောအားဖြင့် အမှတ်(၃) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး အောင်ကိုဦးကို ဂါရဝဆု၊ အမှတ် (၁၁) ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူး ရဲမှူးသိန်းကိုကိုကို မန္တလာမြေမှ ဝန်ထမ်းကောင်းဆုံးဆု ချီးမြှင့် ခဲ့ကြသည်။
The Voice Weekly
အိန္ဒိယတွင် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရ
 အန္ဒိယနိုင်ငံတွင် ကလေးငယ်တစ်ဦးကို လူမဆန်စွာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုတစ်ခု ဖြစ်ခဲ့ကြောင်း သိရှိရသည်။ယင်းကလေးငယ်သည် စက်တင်ဘာလ (၃၀)ရက်နေ့က ဖခင်ဖြစ်သူနှင့် ပြဿနာရှိသူ နှစ်ဦး၏ ဖမ်းဆီးခြင်းကို ခံရပြီး ဓာတ်ဆီလောင်း မီးရှို့မှုနှင့် ကြုံခဲ့ရှာခြင်း ဖြစ်သည်။ ကလေး၏ ဖခင်မှာ ဈေးဆိုင်ပိုင်ရှင် တစ်ဦးဖြစ်ပြီး စွန်ကြိုးဝယ်ယူသူ နှစ်ဦးနှင့် အတန်ငယ် အခြေအတင် စကားများခဲ့သည်။ ပန်ဂျပ်ပြည်နယ်၊ ဆန်ဂရူရှိ မာလာကိုတလာမြို့တွင် နေထိုင်သော ကလေးငယ်သည် အညှိုးကြီးလှသည့် အဆိုပါ ဈေးဝယ်သူ နှစ်ဦး၏ ပစ်မှတ်ထား ဖမ်းဆီးမှုနှင့် ကြုံရပြီးနောက် ရက်ရက်စက်စက် ပြုမူခံရခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။
 ဗစ်ဟူဂျိန်းသည် ညီငယ်၏ ကျောင်းသို့ စက်ဘီးစီးကာ ထမင်းဘူးပို့ရန် ထွက်ခွာသွားခဲ့သည်။ ထို့နောက် မကြာမီတွင်လမ်းကြားတစ်ခုထဲမှ ထိတ်လန့်တကြား အော်ဟစ်ရင်း ပြေးထွက်လာသည့် ဂျိမ်းကို လမ်းသွားလမ်းလာများက တွေ့မြင်ခဲ့သည်။ ထိုအချိန်တွင် သနားစရာ ကလေးငယ်မှာ တစ်ကိုယ်လုံး မီးစွဲလောင်လျှက် ရှိနေသည်။ အနီးအနားရှိ လူများက ဂျိမ်း၏ ကိုယ်ပေါ်ရှိ
 ဓာတ်ဆီများပေါ် စွဲလောင်နေသည့် မီးလျံများကို ကြိုးစားပမ်းစား ငြိမ်းသတ်ပေးပြီးနောက် ကလေးကို ဆေးရုံတင်ပို့ခဲ့ကြသည်။သို့သော်လည်း ခန္ဓာကိုယ် တစ်ခုလုံး မီးလောင်နေသည့် ဂျိမ်းခမျာ ပြင်းထန်သော ဝေဒနာများကို ခံစားရင်း ကွယ်လွန်ခဲ့ရှာသည်။
 ထိုအငြင်းပွားမှု ဖြစ်စဉ်များက ဆိုင်အကူဝန်ထမ်း ရှိနေသော်လည်း အခင်းဖြစ်ချိန်တွင် ၄င်းလည်း ပျောက်ဆုံးနေပြီးရဲများက လိုက်လံရှာဖွေနေကြောင်း Hindusan Times  သတင်းစာက ဖော်ပြခဲ့သည်။ သတင်းအချို့ကလည်း ကလေးကို ပြန်ပေးဆွဲ ငွေညှစ်ရန် အားထုတ်မှုတစ်ခု ဖြစ်နိုင်ကြောင်း ခန့်မှန်းရေးသားနေသည်။ ရဲတပ်ဖွဲ့ အနေဖြင့်
 ကလေးငယ်သည် စက်ဘီးပေါ်မှ အတင်းဖမ်းချုပ် ခေါ်ယူသွားပြီး အဆောက်အအုံသစ် တည်ဆောက်နေသည့် နေရာတစ်ခုတွင် မီးတင်ရှို့ခံခဲ့ရခြင်းဟု ဖော်ထုတ်တွေ့ရှိထားသည်။ လက်ရှိတွင်မူ မည်သည့် ဖမ်းဆီးမှုမျှ မရှိသေးသလို စွန်ကြိုးဝယ်သူ နှစ်ဦးကို လူသတ်သမားအဖြစ်လည်း ရဲများက အတည်ပြုခြင်း မရှိချေ။
 ယင်းသေဆုံးမှုသတင်းကို ကြားသိပြီးနောက် ယင်းမြို့တွင် နေထိုင်သူများက ဒေါသတကြီး ဆူပူမှုအချို့ ပြုလုပ်ခဲ့ပြီး ဘက်စ်ကားများကို ဖျက်ဆီးခဲ့သလို အဝေးပြေး လမ်းမကိုလည်း ပိတ်ခဲ့ကြောင်း သိရှိရသည်။ ရဲတပ်ဖွဲ့များက မိမိတို့သည် ဆင်းကို မီးရှို့ခဲ့သူများအား ဖော်ထုတ်နိုင်ရန် စုံစမ်းနေဆဲဟု ဆိုသည်။ မာလာကိုတလာ ရဲတပ်ဖွဲ့မှ အရာရှိ တစ်ဦးက “ ဖြစ်စဉ်ကို ကျွန်တော်တို့ လေးလေးနက်နက် စုံစမ်းနေဆဲပါ။ တရားခံတွေကို တိတိကျကျ  ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေပါတယ်” ဟု ပြောဆိုသွားသည်။
Planet Myanmar Network
Iggy azalea ရဲ့ သီဆိုဖျော်ဖြေမှု ဖက်ရှင်စတိုင်လ်
ပုံအကြီးကြည့်ရန် ကလစ်နှိပ်ပါ။
iTunes Festival တွင် သီဆိုဖျော်ဖြေခဲ့သည့် သြစတြေးလျအဆိုတော် အစ်ဂီ အက်ဇလီယာ၏ စင်မြင့်ဖက်ရှင်။
Video ကြည့်ရန်
သူမ၏ အခြား video တစ်ခု
မိကျောင်းကန် မူလမြေပိုင်ရှင်များ မဟာဗန္ဓုလပန်းခြံရှေ့မှာ ဆန္ဒပြ
၁၉၉၁ ခုနှစ်မှာ တပ်မ ၂၂ က သိမ်းယူထားတဲ့ မြေနေရာတွေပြန်ရဖို့ သင်္ဃကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊၂၊၃ ရပ်ကွက်မှာ နေထိုင်ခဲ့တဲ့ မူလမြေပိုင်ရှင်တွေက ဒီနေ့ မဟာဗန္ဓုလပန်းခြံရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြကြပါတယ်။
photo: RFA/ Thiha Tun
ပြည်သူချစ်သော အကောင်းဆုံး ရဲဆု ဓမ္မစေတီလမ်းမှ ယာဉ်ထိန်းရဲ ရရှိ
ရန်ကုန် ၊ အောက်တိုဘာ ၁ ။     ။ ပြည် သူချစ်သော ပြည်သူ့ဝန်ထမ်း ရဲ ဒုတပ်ကြပ်ခင်မောင်မြင့်ကို (၄၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေ့တွင် ရဲဒုတပ်ကြပ်ရာထူးမှ ရဲ တပ်ကြပ်ရာထူး တိုးမြှင့်ခံလိုက်ရ သည့်အပြင် အကောင်းဆုံးရဲတပ် ဖွဲ့ဝင်ဆုရ ရှိခဲ့ကြောင်း သိရသည်။ ၂၀၁၃ခုနှစ် အောက်တိုဘာ ၁ရက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယာဉ် ထိန်း ရဲတပ်ဖွဲ့အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)တွင် ကျင်းပသော (၄၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဆုချီးမြှင့် ပွဲအခမ်း နားတွင် ရာထူးတိုးမြှင့် ခြင်းနှင့် အကောင်းဆုံးရဲတပ်ဖွဲ့ ဝင်ဆု ချီးမြှင့်ခြင်းခံခဲ့ရခြင်းဖြစ် သည်။
ရဲဒုတပ်ကြပ် ခင်မောင်မြင့်သည် ပေးအပ်သောတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ခြင်း၊ မိမိကိုယ်ကိုမိမိ ယုံကြည်ချက်ထား ခြင်း၊ တပ်ဖွဲ့ဝင်အချင်းချင်းပေါ် တွင် ရိုင်းပင်ကူညီတတ်သည့်စိတ် ဓာတ်ရှိသူဖြစ်ခြင်း၊ အခြားတပ်ဖွဲ့ ဝင်များနှင့် မတူဘဲ လုပ်ငန်းတာ ဝန်ကို ထူးခြားစွာဆောင်ရွက်ခဲ့ သည့် တပ်ဖွဲ့ဝင်ဖြစ်ခြင်း၊ ၎င်းတာ ဝန်ကျသည့်နေရာသည် ယာဉ် ကြောရှုပ်ထွေးသည့် နေရာဖြစ် သော်လည်း ယာဉ်ကြောကို နိုင် နိုင်နင်းနင်း ရှင်းလင်းဆောင်ရွက် နိုင်မှုရှိခြင်း၊ တစ်နှစ်ပတ် လုံးခွင့် မယူဘဲ လုပ်ငန်းတာဝန်ကို အချိန် ပြည့် တက်ကြွစွာထမ်းဆောင်ခဲ့ ခြင်း၊ ဖြတ်သန်းသွားလာသော ယာဉ်မောင်းများနှင့် ခရီးသွား ပြည်သူများအား ပြုံးရွှင်စွာဆက် ဆံတတ်သူဖြစ်ခြင်းနှင့် ပြည်သူ လူထုမှချစ်သော ရဲဖြစ်ခြင်းတို့ ကြောင့် အကောင်း ဆုံး ရဲတပ်ဖွဲ့ဝင် ဆုနှင့် ရဲတပ်ကြပ်ရာထူးတိုးမြှင့်ချီး မြှင့်ခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိ ရသည်။
''ပီတိဖြစ်တယ်။ ပြည်သူ့ရဲ တပ်ဖွဲ့ဝင်တစ်ဦးအနေနဲ့ ပြည်သူ ကိုဗဟိုပြုပြီး ပြည်သူ့လုပ်ငန်းတာ ဝန်ကို ဆက်လက်ထမ်းဆောင် သွားမှာပါ''ဟု ရဲတပ်ကြပ်ခင်မောင် မြင့်က ရန်ကုန်တိုင်းမ်နေ့စဉ်သတင်း စာသို့ပြောသည်။ ရဲတပ်ကြပ်ခင်မောင်မြင့် (ယခင် ရဲတပ်သား)သည် သူ၏တာဝန်ဝတ္တရားကျေပွန်မှုနှင့် ပြည် သူများ ချီးကျူးခံရမှုများကြောင့် (၄၇)နှစ်မြောက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့နေ့တွင် ယာဉ်ထိန်းရဲတပ် ဖွဲ့၏ 'စံပြရဲဘော်ဆု'ချီးမြှင့်ခြင်း ခံခဲ့ရကြောင်း သိရသည်။
ရည်မွန် ၊ စိုးချစ်ချစ်ပိုင် 
ဝေဖန်မှုတွေကြောင့် ဓာတ်ပုံရိုက်ကူးမှုကို ရပ်လိုက်တော့မယ်လို့ မော်ဒယ် မြနှင်းရည်လွင် ပြော
ဂျာနယ်တစ်ခုရဲ့မျက်နှာဖုံးမှာ ပြီးခဲ့တဲ့လအတွင်းက ဖော်ပြခံရတဲ့ ရင်ဟိုက် ဓာတ်ပုံကြောင့် ပရိသတ်တွေ ရဲ့ဝေဖန်မှုကို ပြင်းပြင်းထန်ထန်ခံခဲ့ရတဲ့ မော်ဒယ်မြနှင်းရည်လွင်က လာမယ့်နှစ်
ကစပြီး ဓာတ် ပုံမော်ဒယ် အဖြစ် ဆက်ပြီးလုပ်ကိုင်သွားမှာ မဟုတ်တော့ဘူးလို့ မြန်မာတိုင်းမ်
ကို ပြော ပါတယ်။
စက်တင်ဘာလ ၂၆ ရက်ထုတ် CELebrites 8 days အပတ်စဉ်ထုတ် ဂျာနယ်ရဲ့ မျက်နှာဖုံး
ဓာတ်ပုံအဖြစ် ဖော်ပြခံရပြီးတဲ့နောက် မြနှင်းရည်လွင်က ခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
ဂျာနယ်ထွက်ရှိပြီးနောက်ပိုင်းမှာ သူမကို စော်ကားသလို ဖြစ်စေတဲ့ စာသား တွေနဲ့ အင်တာနက်
စာမျက်နှာပေါ်မှာ တိုက်ခိုက်ပြောဆိုခံခဲ့ရတာကြောင့် အရှက်ရခဲ့ရတယ်လို့လည်း ဆိုပါတယ်။
"ဂျာနယ်မှာပါလာတဲ့ မျက်နှာဖုံးဓာတ်ပုံက ညီမအနေနဲ့ပြင်ထားတယ်ထင်လို့ ဂျာနယ်ကို ဆက်
သွယ်ပြီးမေးခဲ့တယ်။ ဒါပေမဲ့ သူတို့တွေအနေနဲ့ ပြင်ထားတာ မဟုတ်ပါဘူးလို့ ပြောခဲ့တယ်။အဲဒီ
ပုံကိုရိုက်တဲ့နေ့က တစ်ပုံတည်းမဟုတ်ပါဘူး။ ပုံပေါင်းများစွာကို ရိုက်ခဲ့တာပါ။ အကယ်လို့ ပုံက
အမြင်မတော်ရင်လည်း သူတို့ အနေနဲ့ တခြားဓာတ်ပုံကို ရွေးသင့်ပါတယ်။ အဲဒီလိုတင်လိုက်တော့
အိမ်နဲ့လည်း ပြဿနာတက်တယ်။ တချို့အွန်လိုင်းစာမျက်နှာမှာဆိုရင် ညီမနာမည်နဲ့ 'ဇစ်ပြုတ်မြ
နှင်းရဲလွင်'ဆိုပြီး ဝေဖန်သလိုမဟုတ်ဘဲနဲ့ ဆဲတဲ့စကားလုံးတွေပါ လျှောက်ရေး ထားကြတယ်။
တချို့ဆိုရင် ဟိုမဂ္ဂဇင်းရိုက်၊ ဒီမဂ္ဂဇင်းရိုက်ပါလားဆိုပြီး ၀ိုင်းပြောကြ တယ်"လို့ သူကြုံရတာတွေကို
ဓာတ်ပုံမော်ဒယ်တစ်ဦးလည်း ဖြစ်သလို၊ ပြီးခဲ့တဲ့နှစ်အကယ်ဒမီဆုပေးပွဲမှာ ဗန်းကိုင်တစ်ဦးလည်းဖြစ်
တဲ့ မော်ဒယ်မြနှင်းရည်လွင် က ပြောပြပါတယ်။
"ကိုယ်ကလည်း အမြဲတမ်းဖော်ချွတ်ရိုက်လေ့ရှိတာ မဟုတ်ဘူး။ ဒီမျက်နှာဖုံး မှာ ဒီလိုမျိုးရိုက်လိုက်
မယ်လို့ ရည်ရွယ်ထားတာလည်းမရှိဘူး။ 8 Days ဂျာနယ် အနေနဲ့လည်း ညီမနဲ့လက်တွဲလာတာ
ကြာပါပြီ။ ညီမအနေနဲ့ ပြဿနာလည်း မတက်ချင်သလို၊ ခင်မင်မှုလည်း မပျက်ချင်ဘူး။
စိတ်မကောင်းဖြစ်မိတာပဲရှိတယ်။ ညီမအနေနဲ့က ဓာတ်ပုံအရိုက်မခံခင် ဘယ်လိုရှုထောင့်ကမျိုးဖြစ်
နိုင်သလဲဆိုတာ စဉ်းစားကြည့်တတ်တယ်။ အခုတင်လိုက်တဲ့ပုံစံမျိုးက Snap Shot ပုံစံကို
မျက်နှာဖုံးတင်လိုက်သလိုမျိုးဖြစ်သွားတယ်"လို့လည်း ပြောပါတယ်။
ဒီတစ်ကြိမ်ဟာ 8 Days ဂျာနယ်အတွက် သုံးကြိမ်မြောက် မျက်နှာဖုံးပုံ ရိုက်ကူးခံခဲ့တာဖြစ်ပြီး
ခုဂယက်ထနေတဲ့ဓာတ်ပုံရိုက်ကူးမှုကို ပြီးခဲ့တဲ့ စက်တင်ဘာ လဆန်း ပိုင်းက လှော်ကားဥယျာဉ်
ထဲမှာ ဓာတ်ပုံပညာရှင် ကိုအေးဇော်မိုး (စက်မှု)နဲ့ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
"ဂျာနယ်ထဲမှာ ကြည့်လိုက်ရင် ပုံတွေကအများကြီးပဲလေ။ ဒါပေမဲ့ အဲဒီပုံကို ရွေးထုတ်ခဲ့တယ်
ဆိုတာကတော့ အစ်ကိုနဲ့မဆိုင်ပါဘူး။ အဓိကရိုက်တဲ့အချိန်က နေ့လည် ၁၂ နာရီကနေ ၁ နာရီ
ကြားဖြစ်နေတယ်။ သူက ၁ နာရီခွဲ ပြန်ရမယ်ဆို တော့ ဓာတ်ပုံရိုက်ချလိုက်တယ်။ ပြီးတော့ ပုံ
ကိုပြန်မကြည့်နိုင်ဘူး။ သူလည်း မကြည့်ခဲ့ဘူး။ ဇစ်က တမင်သက်သက်ဆွဲခိုင်းလိုက်တာ မဟုတ်
ပါဘူး။ လူတွေက အဲဒီပုံကိုပဲ ကြည့်ပြီးတော့ဝေဖန်နေကြတာပါ။ တခြားပုံတွေ အများကြီးရှိပါသေး
တယ်။ ဗမာအမြင်နဲ့ကျတော့ တမျိုးဖြစ်သွားတာပါ"လို့ ဓာတ်ပုံကိုအေးဇော်မိုး (စက်မှု)က ပြောပြ
ပါတယ်။
ဒီကိစ္စကို 8 Days ဂျာနယ်တိုက်မှ တာဝန်ရှိသူတစ်ဦးကို ဖုန်းဆက် မေးမြန်းခဲ့ရာမှာ တစုံတရာ
ပြောဆိုဖို့ ငြင်းဆိုခဲ့ပြီး သူတို့ဂျာနယ်တိုက်အနေနဲ့ ဘယ်ဓာတ်ပုံကိုမှ ပြင်ဆင်ပြီး မထုတ်ဝေခဲ့ဘူး
လို့ ဆိုပါတယ်။
နန္ဒာအောင် - မြန်မာတိုင်း(မ်)
စံသတ်မှတ်ချက် မြေဈေးကျရန် ဆေးဖက်မ၀င်
ရေးသားသူ- မိုးညို
အစိုးရက မြေတစ်ပေပတ်လည်အပေါ်တွင် စံနှုန်းသတ်မှတ်၍ အခွန်ကောက်ခံရန် ပြင်ဆင်နေသော်လည်း ထိုစံနှုန်းသတ်မှတ်ခြင်းကြောင့် အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းလာဦးမည်မဟုတ်ကြောင်း အိမ်ခြံမြေဈေးကွက်ကျွမ်းကျင်သူများကပြောသည်။
ကနဦးအနေဖြင့် ရန်ကုန်မြို့တွင် သတ်မှတ်လိုက်သည့် တစ်ပေပတ်လည်စံနှုန်းများမှာ ယခုလကုန် အောက်တိုဘာ ၁ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်သည်။ ထိုသို့ အစိုးရကသတ်မှတ်လိုက်ခြင်းကြောင့် အိမ်ခြံမြေအရောင်းအ၀ယ်အပေါ် သိသိသာသာ သက်ရောက်လာနိုင်မည်မဟုတ်ဘဲ ဈေးနှုန်းများ ကျဆင်းလာနိုင်ဖွယ်မရှိကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်းမှ ပြန်ကြားရေးတာဝန်ခံကပြောသည်။
“သတ်မှတ်ထားတဲ့ဈေးအပေါ်မှာပဲ အခွန်ဆောင်ရမယ်လို့ပြောတာ။ အဲဒီဈေးအတိုင်း အရောင်းအ၀ယ်လုပ်ရမယ်လို့ သတ်မှတ်ထားတာမဟုတ်ဘူး”ဟု အထက်ပါတာဝန်ခံကပြောသည်။
ပြီးခဲ့သည့်နှစ်က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက မြန်မာနိုင်ငံတွင် မြင့်မားနေသည့် အိမ်ခြံမြေဈေးနှုန်းကို ထိန်းချုပ်မည်ဟု စတင်ပြောဆိုချိန်မှစ၍ ယနေ့အချိန်အထိ မြေဈေးကျသည်မရှိချေ။ ထို့ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြေဈေးမှာ ကမ္ဘာတွင် အမြင့်မားဆုံးစာရင်းဝင်ဖြစ်လာသည်။
“ရင်းနှီးမြှုပ်နှံသူတွေ နောက်ဆုတ်ကုန်တယ်။ မြေဈေးက သူတို့မမျှော်လင့်ထားတဲ့ဈေးဖြစ်နေလို့ ဒီကိစ္စကို အစိုးရကမြန်မြန်ဖြေရှင်းလို့ရတယ်။ ဘာဖြစ်လို့မဖြေရှင်းနိုင်ရတာလဲ”ဟု စီးပွားရေးပညာရှင်ဦးလှမောင်က အစိုးရ၏စီမံခန့်ခွဲမှုအလွဲများအပေါ် ဝေဖန်ပြောဆိုပါသည်။
အိမ်ခြံမြေဈေးနှုန်းကြီးမြင့်နေချိန်တွင် အစိုးရက ကနဦးခြေလှမ်းအဖြစ် တစ်ပေပတ်လည်အပေါ် စံသတ်မှတ်ချက်များကို စက်တင်ဘာဒုတိယအပတ်၌ စတင်ထုတ်ပြန်လိုက်သည်။ မြို့နယ်တစ်ခုချင်းစီအလိုက်သော်လည်းကောင်း၊ လမ်းသွယ်များအလိုက်သော်လည်းကောင်း၊ ရွာမြေများအထိသော်လည်းကောင်း အသေးစိတ်ပါဝင်လာခဲ့သည်။
သို့သော် အစိုးရစံသတ်မှတ်ချက်မှာ ကာလပေါက်ဈေးနှင့်နှိုင်းယှဉ်လျှင် နည်းပါးနေပါသည်။ ထို့ကြောင့် မြေဈေးစံသတ်မှတ်ချက်မှာ မိုးသို့ထောင်တက်နေသော မြေဈေးကျရန်ထက် အစိုးရက အခွန်ရရန်ဖြစ်သည်ဟု ဝေဖန်မှုများထွက်ပေါ်လာသည်။ သို့သော်စံနှုန်းမှာ လက်တလောသတ်မှတ်ထားခြင်းမျိုးသာဖြစ်ပြီး နေရာဒေသအပေါ်မူတည်ကာ ကာလတန်ဖိုးအချို့ကို အပြောင်းအလဲပြုလုပ်သွားရန် အစီအစဉ်အချို့ရှိကြောင်း ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့တွင်ပါဝင်သော ညွှန်ကြားရေးမှူးတစ်ဦးကဆိုသည်။
ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့၏ စံနှုန်းများမထွက်လာမီ ရက်ပိုင်းအလိုတွင် တန်ဖိုးကြီးအိမ်ခြံမြေအရောင်းအ၀ယ် အများစုရပ်ဆိုင်းခဲ့ပြီး ဈေးကွက်တွင် အရောင်းအ၀ယ်မရှိသလောက်ပင် ရှားပါးသွားခဲ့ကြောင်း လမ်းမတော်မြို့နယ်မှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကပြောသည်။
သို့သော် စံနှုန်းများ တရားဝင်ထွက်ပေါ်လာပြီးနောက် အိမ်ခြံမြေဈေးကွက်မှာ ယခင်ကဲ့သို့ပင် အရောင်းအ၀ယ်ပုံမှန်နီးပါး ပြန်ဖြစ်လာခဲ့သည်။
“ဈေးကတော့ အရင်လိုရွှေထီးဆောင်းတုန်းပဲ။ ဘာမှ ထူးထူးခြားခြား လျော့သွားတယ်ဆိုတာမရှိဘူး”ဟု သီရိစံအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း တာဝန်ရှိသူတစ်ဦးကဆိုသည်။
ငွေမည်းမှ ငွေဖြူလိုသူ စီးပွားရေးလုပ်ငန်းရှင်များ၊ ဈေးကစားလိုသူ စီးပွားရေးလုပ်ငန်းရှင်များ၊ စီမံကိန်းအကြောင်းပြ ဈေးတက်ရန်ပြင်ဆင်နေသည့် မြေပိုင်ရှင်များ၏လက်ထဲတွင် မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်မှာ အစိုးရက ထိန်းချုပ်ရန်ခက်ခဲနေဆဲဖြစ်သည်။
အိမ်ခြံမြေဈေးကြီးလွန်းမှု ဖြေရှင်းရန် တစ်ဦးနှင့်တစ်ဦး ညာသံပေးဈေးတက်ရန် အကြောင်းရှာမှုများကို အရေးယူခြင်း၊ အစိုးရ၏လက်ထဲတွင် ကိုင်ဆောင်ထားသည့် မြေလွတ်မြေရိုင်းများကို လက်လွှဲရောင်းချခြင်းနှင့် လုပ်ငန်းအကောင်အထည်မဖော်သည့် မြေလွတ်မြေရိုင်းများအပေါ် သတ်မှတ်ဒဏ်ကြေးများ ပေးဆောင်စေခြင်းဖြင့် မြေဈေးမြင့်တက်မှုကို အနည်းငယ်လျှော့ချနိုင်ကြောင်း စီးပွားရေးပညာရှင်အချို့က အကြံပြုပြောကြားသည်။
စံနှုန်းအပေါ်အခြေခံ၍ အခွန်ကောက်ခံခြင်းမှာ အခွန်ဝင်ငွေ မှန်ကန်စွာရရှိနိုင်မည်မှန်သော်လည်း အိမ်ခြံမြေဈေး ကျဆင်းရန်လုပ်ဆောင်သည့် နည်းလမ်းတစ်ခုမဟုတ်ကြောင်း မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ အငြိမ်းစားညွှန်ကြားရေးမှူး ဦးမြင့်ဆွေကပြောသည်။
“ဒီလိုသတ်မှတ်တာဟာ အခွန်ပဲ အစိုးရက အရင်မရတာထက်စာရင် ပိုရလိမ့်မယ်။ အိမ်ခြံမြေဈေးကတော့ ကျလာမှမဟုတ်ဘူး”ဟု မြင့်မိုရ်မင်းဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာက သူ၏အမြင်ကိုပြောသည်။
ထို့ကြောင့် အနာတခြားဆေးတခြား ဖြစ်လာနိုင်သည့် အစိုးရ၏အိမ်ခြံမြေဈေးနှုန်းအပေါ် စံနှုန်းသတ်မှတ်၍ ထိန်းချုပ်ခြင်းမှာ အောင်မြင်နိုင်မည်မဟုတ်ကြောင်း ပညာရှင်နှင့် လုပ်ငန်းရှင်အများစုက သုံးသပ်ကြသည်။
ထို့အပြင် ရန်ကုန်မြို့၏ မြေဈေးကြီးမြင့်မှုမှာ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအတွက် အခက်အခဲတစ်ရပ်အပြင် အမှန်တကယ် နေထိုင်လိုသူ အခြေခံလူတန်းစားတစ်ရပ်လုံးအတွက် အကြီးမားဆုံးပြဿနာ ဖြစ်လာသည်။
“လက်လုပ်လက်စားအများစုက မြို့ထဲမှာမနေနိုင်တော့ဘူး။ မြို့ပြင်ကို တဖြည်းဖြည်းထွက်ပေးနေရပြီ။ လူလတ်တန်းစားတွေအတွက်လည်း နေရေးက ခုဆိုပြဿနာတစ်ခုဖြစ်လာပြီ။ ဒါဟာတိုင်းပြည်ရဲ့စီးပွားရေးတစ်ခုလုံးကို အကျိုးမဲ့စေတယ်။ လူတွေမှာ နေစရာမဲ့လာရင် အစိုးရအနေနဲ့ နောက်ပိုင်းပိုဖြေရှင်းရခက်လာလိမ့်မယ်”ဟု စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်သည်။
ယခင်အစိုးရလက်ထက်က ပွင့်လင်းမြင်သာမှုမရှိဘဲ လက်သိပ်ထိုးရောင်းစားခဲ့မှု၊ အစိုးရနှင့် နီးစပ်ရာစီးပွားရေးလုပ်ငန်းရှင်တစ်စုတို့မှာ နောက်ကွယ်မှ ကြိုးကိုင်မှုများရှိနေသရွေ့ အိမ်ခြံမြေဈေးနှုန်းက ကျဆင်းလာနိုင်ဦးမည်မဟုတ်ကြောင်း အထက်ပါစီးပွားရေးပညာရှင်က ဆက်ပြောသည်။
ထို့ကြောင့် အမေရိကန်နိုင်ငံ ဖလော်ရီဒါမြို့စွန်မှမြေဈေးနှင့် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှမြေဈေးနှင့် နှိုင်းယှဉ်ပါက အနည်းငယ်သာ ကွာခြားတော့သည်။ မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်
ကြီးထွားမှုကို အစိုးရက လက်ရှိအချိန်အထိ ဆေးမြီးတိုများဖြင့်သာ ကုသနေဆဲဖြစ်သည်။ ထို့ကြောင့် လက်ရှိအခြေအနေကို မထိန်းသိမ်းနိုင်ပါက အိမ်ခြံမြေဈေးနှုန်းနှင့် မြန်မာ့စီးပွားရေးမှာ
ပြောင်းပြန်အချိုးကျနေမည်ဟု စီးပွားရေးပညာရှင်အချို့က ခန့်မှန်းသည်။
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7Day News Journal
ရခိုင်ပြည်နယ် သံတွဲမြို့တွင်ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို အမေရိကန်ပြည်ထောင်စုက ပြစ်တင်ရှုတ်ချကြောင်းကြေညာချက်ထုတ်ပြ
Popular Myanmar News Journal
မြန်မာကျပ် သိန်း ၆၀ ကျော်တန် စမတ်ဖုန်း Vertu Constellation
Vertu ဆိုတာ ဗြိတိန်နိုင်ငံ အခြေဆိုက် ဇိမ်ခံမိုဘိုင်းဖုန်း ထုတ်လုပ်တဲ့ ကုမ္မဏီဖြစ်ပါတယ်။ ဇိမ်ခံမိုဘိုင်းဖုန်းဆိုတာ ဒီလိုပါ။ သာမန်ဖုန်းတွေကိုမှ ကမ္ဘာ့ဈေးကြီး ပစ္စည်း ဖြစ်အောင် အသေအချာ အကျအန ပြင်ဆင်ထုတ် လုပ်ခြင်း ဖြစ်ပါတယ်။ 
အခြားကုမ္မဏီများက ထုတ်တဲ့ ဖုန်းများကို ပြင်ဆင်ခြင်းနဲ့အတူ သူတို့ ကိုယ်တိုင် ထုတ်တဲ့ စမတ်ဖုန်းများလည်း ရှိပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ ဖုန်းကတော့ သူတို့ ကိုယ်တိုင်ထုတ်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ vertu Constellation စမတ်ဖုန်းလို့ အမည်ပေးထား ပါတယ်။ တိုက်တေနီယမ် ဂရိတ်-၅ ကို အသုံးပြုပြီး Based Body ကိုတည်ဆောက်ထားတာပါ။ Stainless Steel ထပ် ၂ ဆ သန်မာပြီး တစ်ဝက်တိတိ အလေးချိန် ကျသွားကြောင်း ဆိုပါတယ်။ မျက်နှာပြင် အရွယ် ၄.၃ လက်မ ရှိတဲ့ 720p display ကို အသုံးပြုထားပြီး ၅.၁ လက်မ Sapphire crystal နဲ့ ဖုံးအုပ်ထားခြင်းပါ။ ကွဲလဲမကွဲနိုင်သလို၊ စွန်းရာလည်း မထင်ပါဘူး။ စိန် အစစ်နဲ့ ဖျက်မှာ ပျက်မယ့်၊ ထိမယ့် မျက်နှာပြင်ဖြစ်ကြောင်း အာမခံ ထားပါတယ်။ 
ဖုန်းရဲ့ နည်းပညာ Specification က ဒီလို ရှိပါတယ်။ Processor – 1.7 GHz Qualcomm Snapdragon dual core , ကင်မရာ 13 Megapixel ရှိပြီး aptX support Bluetooth, NFC တို့ ပါဝင်ပါတယ်။ OS က Android 4.2 Jelly Bean ကို အသုံးပြု ထားပါတယ်။ London Symphony Orchestra ကနေ Vertu ကို ဖန်တီးထားတဲ့ selection ringtone များကို ထည့်ပေးထား တယ်လို့ ဆိုပါတယ်။ 
ထူးခြားချက်က ဒီမှာ တကယ်လာပါပြီ။ ရေးသားပြောဆိုချက်များအရ ကတော့ iPass လို့ခေါ်တဲ့ Global Wi-Fi access ပါဝင်တယ်လို့ ဆိုပါ တယ်။ မြန်မာပြည်မှာ သုံးလို့ရမရတော့ မသိပါဘူး။ Personal /Corporate security service များကိုလည်း ထည့်သွင်းပေးထားပြီး Protector Service Group နဲ့ Kaspersky က အာမခံ ထားတာပါ။ ဒီတော့ ကမ္ဘာ့လုံခြုံရေး အကောင်းဆုံး စမတ်ဖုန်း စာရင်းထဲမှာလည်း ပါဝင်လာအုံးမယ့်ဖုန်း ဖြစ်ပါတယ်။ 
ဒီတော့ ဈေးနှုန်းကလည်း မသက်သာပါဘူး။ ယူရိုငွေ ၄၉၀၀ ရှိပြီး အမေရိကန်ဒေါ်လာနဲ့ တွက်တော့ ၆၆၂၆ ဒေါ်လာတောင် ဖြစ်ပါတယ်။ ဒီတော့ မြန်မာငွေနဲ့ တိုက်ရိုက်တွက်ရင် သိန်း ၆၀ အထပ် ရှိပေမယ့် တကယ်ဝယ်ဖို့ မှာရင် သိန်း ၇၀ လောက်ရှိထားမှ အဆင်ပြေမယ် ထင်ပါတယ်။ Elegant ဖြစ်ပြီး တစ်သီးပုဂ္ဂလ ဆန်နေမယ့် စမတ်ဖုန်းမျိုးပါ။ နည်းပညာ Specification ထပ်၊ အပြင် အမြင်ပဿဓနဲ့ စိတ်ကို ဈေးကြီးကြီး စမတ်ဖုန်း ကိုင်ပါတယ် ဆိုတဲ့ psycho လေး ဝင်ဖို့ ပို ရွယ်ရွယ်ပုံ ပေါက်ပါ တယ်။ Vertu ကုမ္မဏီမှ အော်ဒါစနစ်နဲ့ ပြု လုပ် ရောင်းချပေးကြောင်း သိရပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( TSJ Team )
ထရုံလူမျိုးစု၏ နောက်ဆုံးသုံးယောက်
ရေးသားသူ- ရဲနောင်
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆီဒိုးနားဟိုတယ်၌ဖြစ်သည်။ သူ့လက်ထဲတွင်ကိုင်ထားသော ကော်ဖီခွက်ကို တစ်ဝက်ပင် ကုန်အောင်သောက်ခွင့်မရပါ။ “ဓာတ်ပုံရိုက်ချင်လို့”ဟု ခွင့်ပြုချက်တောင်းခံသူ အမျိုးသား၊ အမျိုးသမီးအချို့က သူနှင့်တွဲလျက် ဓာတ်ပုံရိုက်ခံကြသည်။ လက်ကိုင်ဖုန်း၊ ကင်မရာများအပြင် သတင်းဌာနများ၏ ကင်မရာမီးများက တဖျပ်ဖျပ်လင်းကုန်ကြ၏။
နှစ်ဆယ့်လေးနာရီ အချိန်အပိုင်းအခြားအတွင်း သူ၏အကြောင်းနှင့်ဓာတ်ပုံများ သတင်းစာမျက်နှာအချို့တွင် ပါလာသည်။ ဖေ့စ်ဘွတ်ခ်ကဲ့သို့သော အင်တာနက်စာမျက်နှာများတွင်ပါ ပျံ့နှံ့သွားသည်။ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခရောင်းကျေးရွာမှ ထရုံတိုင်းရင်းသားကိုဒါဝိကို မြန်မာ-အမေရိကန်ချစ်ကြည်ရေး ဂမ်လန်ရာဇီတောင်တက်ခရီးစဉ်အပြန်တွင် ထူးကုမ္ပဏီက ရန်ကုန်မြို့သို့ အလည်အပတ်ခေါ်ဆောင်လာစဉ် ယခုကဲ့သို့ ကြုံတွေ့နေရခြင်းဖြစ်သည်။
ကိုဒါဝိသည် မြန်မာနိုင်ငံရှိ လူပုမျိုးရိုးဖြစ်သည့် ထရုံလူမျိုးစု၏ နောက်ဆုံးလက်ကျန်သုံးဦးထဲမှ တစ်ဦးဖြစ်သည်။
မဖြူမညိုအသားအရေနှင့် နှုတ်ခမ်းမွေးပါးပါးရှည်ရှည်ရှိသော ကိုဒါဝိက “ပျော်ဖို့ကောင်းပါတယ်”ဟု ဓာတ်ပုံရိုက်ခံနေရင်း တိုင်းရင်းသားဘာသာစကားတစ်ခုဖြင့် ပြောသည်။ စကားနည်း၍ ခပ်တည်တည်နေတတ်သော မျက်နှာသွင်ပြင်ရှိသော်လည်း ကျဉ်းသွယ်သောမျက်ဝန်းများတွင် သူ၏အတွင်းစိတ်ရိုးသားမှုကို အလွယ်တကူတွေ့မြင်နိုင်သည်။ ထရုံလူမျိုးစု၏ ၀ိသေသတစ်ခုဖြစ်သည့် အရပ်သုံးပေခွဲသာသာရှိသော သူ့အရပ်အမြင့်က အသက်(၆၀)နီးပါးရှိသည်ဟုဆိုလျှင် မယုံနိုင်စရာဖြစ်ပါလိမ့်မည်။
အရှေ့တောင်အာရှ၏ အမြင့်ဆုံးဟုသတ်မှတ်ထားသော ပေတစ်သောင်းကိုးထောင်ကျော်မြင့်သည့် ခါကာဘိုရာဇီနှင့် ဂမ်လန်ရာဇီရေခဲတောင်ခြေရင်းရှိ ခရောင်းကျေးရွာတွင် ကိုဒါဝိတို့ မိသားစုအစဉ်အဆက် နေထိုင်ခဲ့ကြသည်ဟုဆိုသည်။ မြန်မာပြည်၏မြောက်ဘက်အစွန်ဆုံး တိဗက်လူမျိုးများနေထိုင်သည့် တဟွမ်ဒမ်းရွာနှင့် ခရောင်းရွာမှာ လေးမိုင်ခန့်သာကွာဝေး၏။
အိမ်ခြေသုံးဆယ်ခန့်ရှိသော ခရောင်းရွာတွင် အများစုမှာ ရ၀မ်တိုင်းရင်းသားများဖြစ်ပြီး ထရုံလူပုတိုင်းရင်းသားမှာ ကိုဒါဝိတို့ မောင်နှမသုံးယောက်သာ ကျန်ရှိတော့သည်။
“ဘာမှတော့မဖြစ်ပါဘူး။ တစ်ခါတစ်ခါစိတ်မကောင်းဘူး။ အရင်တုန်းက အမေ၊ အဖေတို့ရှိတယ်”ဟု ခရောင်းရွာတွင် ထရုံတိုင်းရင်းသား တဖြည်းဖြည်းလျော့နည်းလာခြင်းအပေါ် ကိုဒါဝိက ရ၀မ်တိုင်းရင်းသားစကားဖြင့် ပြောလိုက်သည်။
လွန်ခဲ့သောဆယ်နှစ်ခန့်က ဆုံးပါးခဲ့သော သူနှင့်လူမျိုးတူ အမျိုးသမီးနှင့်လည်း အမွေဆက်ခံဖို့ရာ သားသမီးသွေးသားရင်း မထွန်းကားခဲ့ပေ။ ယခုလက်ရှိတွင် အသက်(၆၅)နှစ်ခန့်ရှိသော စိတ်ဝေဒနာသည် အစ်မဖြစ်သူအား အလုပ်အကျွေးပြု အတူနေထိုင်သည်ဟုဆိုသည်။
“အသက်(၄၀)လောက်ရှိတဲ့ သူ့ညီမကလည်း ရွာထဲမှာ ရ၀မ်တစ်ယောက်နဲ့ အိမ်ထောင်ကျတယ်။ သားတွေသမီးတွေ အရွယ်ရောက်ကုန်ပြီ။ အားလုံးသာမာန်အရပ်ပဲ။ အရပ်မပုကြတော့ဘူး”ဟု ကိုဒါဝိ၏မိတ်ဆွေဖြစ်သူ ခါကာဘိုရာဇီရေခဲတောင် ပထမဆုံးတက်နိုင်ခဲ့သော မြန်မာနိုင်ငံသားအဖြစ် မှတ်တမ်းတင်ခံရသူ ကိုနမားဂျွန်ဆင်ကပြောသည်။
“သူတို့ အရပ်ရှည်တာကောင်းတယ်”ဟု သူ့ညီမ၏သားသမီးများဖြစ်သော တူ၊ တူမများနှင့်စပ်လျဉ်း၍ ကိုဒါဝိကပြန်လည်ချေပသည်။
အလွန်နည်းပါးသော အရေအတွက်ရှိသည့် ထရုံတိုင်းရင်းသားများနှင့်ပတ်သက်၍ တစ်နှစ်ပတ်လုံး နှင်းများဖုံးလွှမ်းနေသော တောင်တန်းများရှိ မြန်မာနိုင်ငံ၏ အမေ့ပျောက်ခံတိုင်းရင်းသားဟု ဂျာမန်လူမျိုး Wolfgang H.Trost က ၂၀၀၂ ခုနှစ်က ခရောင်းကျေးရွာတွင် ကိုဒါဝိတို့မိသားစုနှင့်တွေ့ဆုံခဲ့မှုကို မှတ်ချက်ပြုထားသည်။
ရန်ကုန်တက္ကသိုလ် မနုဿဗေဒဌာန၏ ၁၉၉၇ ခုနှစ်တွင် ကွင်းဆင်းသုတေသနပြုမှုအရ မြန်မာနိုင်ငံတွင် ထရုံလူပုတိုင်းရင်းသား ခြောက်ဦးသာ ကျန်ရှိတော့သည်ဟု ဖော်ပြထား၏။
“သူတို့သုံးယောက်မရှိရင်တော့ မြန်မာနိုင်ငံမှာ ထရုံလူပုဆိုတာ မရှိတော့ဘူး”ဟု ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်တွင် နှစ်ကာလရှည်ကြာစွာ တာဝန်ထမ်းဆောင်ခဲ့သူ ဦးသိန်းအောင်ကပြောပါသည်။
ခရောင်းကျေးရွာတွင် မိဘများရှိစဉ်ကပင် ရ၀မ်တိုင်းရင်းသားများနှင့်အတူ နေထိုင်လာခဲ့ခြင်းသည် ကိုဒါဝိအဖို့ “ပျောက်ကွယ်တော့မည်”ဟု မှတ်ချက်ပြုချက်က စိုးရိမ်စရာကိစ္စတစ်ရပ် မဟုတ်ခဲ့ပါ။ နံနက်လင်းလျှင် အများနည်းတူ တောင်ယာလုပ်ငန်းခွင်ဝင်မည်။ ဆတ်၊ ဂျုံ၊ ပြောင်းကို အဓိကထား စိုက်ပျိုးစားသောက်၏။ ဆန်ရှားပါးပြီး ဆန်နီကြမ်းသာရှိသည်ဟု ကိုဒါဝိကပြောသည်။ တောင်ယာလုပ်ငန်းခွင်တွင် သူ့ဘ၀ကို ပျော်ပျော်ပါးပါးမြှုပ်နှံထားပြီး တစ်ခါတစ်ရံ အမဲလိုက်သည်ဟုဆိုသည်။
“သူ့ဘ၀ကတော့ ထူးထူးခြားခြားမရှိပါဘူး။ အလုပ်ကလည်း အများတွေလိုပဲ တောင်ယာစိုက်တယ်။ ပေါင် ၁၀၀ လောက်ကို အလွယ်တကူထမ်းနိုင်တယ်”ဟု ဦးသိန်းအောင်က ကိုဒါဝိနှင့်ရင်းနှီးခဲ့စဉ်က အကြောင်းအရာအချို့ကို ပြောပြသည်။
ရက်သတ္တပတ်တိုင်း၏ တနင်္ဂနွေနေ့ကို အားလပ်ရက်အဖြစ် ခရောင်းရွာတွင် သတ်မှတ်ထားသည်။ ကိုဒါဝိ အပါအ၀င် ရွာသားအားလုံးနီးပါးက ရွာထဲရှိ ဘုရားကျောင်းတက်ကြသည်။ စာသင်ကျောင်းမရှိသော သူတို့ရွာအတွက် ဘုရားကျောင်းသည် သူတို့အတွက် ဗဟုသုတပေါင်းစုံ ပေးစွမ်းနိုင်သော နေရာတစ်ခုဖြစ်သည်။ ကျန်းမာရေးအတွက် ကျေးလက်ဆေးပေးခန်းမရှိ။ ကျန်းမာရေးဝန်ထမ်းမရှိ။ မိရိုးဖလာတိုင်းရင်းဆေးကိုသာ အားကိုးအားထားပြုကြသည်။
ရောင့်ရဲတတ်သော စိတ်အခံရှိသည့်အားလျော်စွာ သူတို့ဘ၀မှာ လိုအပ်ချက်များစွာမရှိပါ။ စားဝတ်နေရေး အခြေခံလိုအပ်ချက် အနည်းငယ်အတွက် တစ်ခါတစ်ရံတွင် ရွာနှင့်အနီးဆုံးရှိရာဒေသသို့ သွားကြသည်။ ဦးခေါင်းတွင်ကြိုးသိုင်း၍ နောက်ကျောဘက်တွင်ချထားသော ခြင်းအရှည်ထဲသို့ ဒေသထွက်ကုန်ပစ္စည်းများ၊ ဆေးဖက်ဝင်အပင်အမြစ်များ အပြည့်အလျှံထည့်သွားလေ့ရှိသည်။ တောတောင်ထူထပ်သောကြောင့် မော်တော်ကားလမ်း၊ ဆိုင်ကယ်လမ်းမရှိ။ မြန်မာပြည်၏ ရွာတိုင်းနီးပါးတွင်ရှိသော လှည်းလမ်းလည်းမရှိပါ။ ဘယ်နေရာ၊ ဘယ်ဒေသသွားသွား သူတို့အတွက် ခြေလျင်ခရီးသာဖြစ်သည်။
ကိုဒါဝိတို့ ခရောင်းရွာအတွက် အနီးဆုံးဈေးရှိရာမြို့မှာ မြန်မာနိုင်ငံ မြောက်ဘက်အစွန်ဆုံးမြို့ဖြစ်သည့် နောင်မွန်းဖြစ်သည်။ အသွားအပြန် ၁၅ ရက်ခရီးဖြစ်သည်။ (သို့မဟုတ်) အမြင့်ပေ တစ်သောင်းခွဲရှိသော တောင်များကိုကျော်၍ တရုတ်နိုင်ငံ နယ်စပ်မြို့သို့သွားပါက အသွားအပြန် ၇ ရက်သာ ကြာမည်ဖြစ်သည်။
ထို့ကြောင့် သူတို့လက်ထဲတွင် တရုတ်ငွေအရေအတွက်က မြန်မာငွေထက် ပိုများကြသည်။ မြန်မာနိုင်ငံနှင့်ပတ်သက်လာလျှင် ကိုဒါဝိအတွက် နေပြည်တော်နှင့် မန္တလေးတို့ကိုမသိပါ။ တစ်ခါတစ်ရံ လာရောက်လေ့ရှိသည့် တောင်တက်အဖွဲ့များထံမှ “ရန်ကုန်”ဟူသောအသံကို ကြားဖူးရုံမျှသာရှိသည်။ ယခုတော့ ရန်ကုန်ကို ခြေချလည်ပတ်နေပါပြီ။ နေပြည်တော်၊ မန္တလေးနှင့် အခြားနေရာများကိုလည်း လည်ပတ်ဦးမည်ဖြစ်သည်။
ရန်ကုန်ရောက်တာ ဘယ်လိုခံစားရလဲဟု မေးသောအခါ ကိုဒါဝိက “ခြေထောက်တွေနာတယ်။ လမ်းမလျှောက်ရလို့”ဟု သူ၏ခြေသလုံးများကို နှိပ်နယ်ပြရင်း ညည်းညူပြောဆိုသည်။
ထရုံလူမျိုးကိုဒါဝိက သူ့ထံ လာရောက်လည်ပတ်သူများကို ရေနွေးကြမ်းတွင်ဆားခတ်၍ နွားနို့ထည့်သောက်ရသော တိဗက်လက်ဖက်ရည်တိုက်မည်ဟု ကတိပြုထားပါသည်။ ခရောင်းရွာသို့ သွားရောက်လိုပါက ရန်ကုန်မှမန္တလေး၊ မန္တလေးမြို့မှတစ်ဆင့် မြစ်ကြီးနား၊ မြစ်ကြီးနားမှပူတာအို၊ ထိုမှတစ်ဆင့် လေ့ကျင့်သားရှိသော ခြေထောက်ဖြင့် အနည်းဆုံး ရက်ပေါင်း ၂၀ ခန့် ခရီးနှင်ရမည်ဖြစ်ပါသည်။
ဓာတ်ပုံ- ဒေါက်တာစောလွင်
7Day News Journal
အိမ်ခေါင်မိုးတွေကို ဆိုလာပြားနဲ့ပြောင်းလဲ အစားထိုးမယ့် Ikea
Ikea ဆိုတာကတော့ အင်္ဂလန်ပြည်တွင်း ကုမ္ပဏီတစ်ခုဖြစ်ပြီး နေရောင်ခြည်
စွမ်းအင်သုံးဆိုလာတွေကို အများအပြားထုတ်လုပ်နေတာပါ။ အဆိုပါ ကုမ္ပဏီ
ဟာ အင်္ဂလန်နိုင်ငံရဲ့  အနာဂတ်စွမ်းအင်လိုအပ်ချက်တွေကို ချွေတာနိုင်ဖို့
အတွက် အိမ်ခေါင်မိုးတွေကို Solar Panals အဖြစ်ပြောင်းလဲ ပစ်ဖို့အတွက်
ကြိုးပမ်းခြင်းဖြစ်တယ်လို့ သိရပါတယ်။
အင်္ဂလန် ပြည်တွင်းတစ်ခုတည်းမှာ သာစတင်လုပ်ဆောင်သွားမှာဖြစ်ပြီး
အိမ်ခေါင်မိုးတွေကို နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားတွေနဲ့ အစားထိုး
ပါက ဝန်ဆောင်မူအနေနဲ့ ဗြိတိန်ပေါင် ၅၇၀၀(၉၃၀၀ ဒေါ်လာ)လောက် အနည်းဆုံးကျသင့်မယ်လို့ ဆိုပါတယ်။
အဆိုပါ နေစွမ်းအင်သုံးဆိုလာစနစ်ကနေ လျှပ်စစ်ဓာတ်အား 3.36 kW အထိ
ရရှိ စေမှာပါ။ Ikea ရဲ့ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ Steve Howard ရဲ့ 
ပြောဆိုချက်အရ လက်ရှိအနေအထားမှာတော့ ပြည်တွင်းမှာသာ ဝန်ဆောင်မူ
ပေးသွားဦးမှာ ဖြစ်ပြီး ကမ္ဘာအနှံ့လုပ်ဆောင်သွားဖို့တော့မရှိသေးဘူးလို့
ဆိုပါတယ်။ သို့ပေမယ့် အနာဂတ်စွမ်းအင်လိုအပ်ချက်အရ နိုင်ငံတကာအထိ
ပါလုပ်ဆောင်သွားဖို့တော့ ရှိတယ်လို့သိရပါတယ်။
ဝေဖန်သူတွေအချို့တော့ ကြီးမြင့်တဲ့ဈေးနှုန်းကြောင့်လူချမ်း သာတွေ သာ အသုံးပြုနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ အင်္ဂလန်ပြည်တွင်းမှာ တပ်ဆင် ထားတဲ့ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာခေါင်းမိုး အိမ်ယာကို ယခုလို
မြင်တွေ့ ရမှာပါ။
Tsj comment
(စွမ်းအင်ချွေတာဖို့ အတွက် အကောင်းဆုံးလုပ်ဆောင်မူလို့ဆိုပေမယ့် အကုန်
အကျများတဲ့ ဝန်ဆောင်မူကြောင့် လူနည်းစုလောက်သာ အသုံးပြုမယ့်
System လို့မြင်တယ်။)
Ref:techblog
ခွန်နေ(AMMG)
တစ်ကမ္ဘာ လုံး ၌ အတော်ဆုံး အင်ဂျင်နီယာ ကျောင်းသား အဖြစ် ရွှေတံဆိပ် ဆု ရခဲ့သည့် မန္တလေး မှ မြန်မာ့ ဂုဏ်ဆောင် ကျောင်းသား
အင်္ဂလန် နိုင်ငံ City & Guilds International ( UK ) က တိုက်ရိုက် စစ်ဆေး သော စာမေးပွဲ တွင် Naypyidaw EngineeringCenter ( NEC ) အင်ဂျင်နီယာ ဒီပလိုမာ သင်တန်း ကျောင်း မှ ၂၀၁၁ - ၂၀၁၂ ပညာ သင်နှစ် ကျောင်း သား တစ်ဦး ဖြစ်သည့် မောင် အာကာဟိန်း မှာ မြို့ပြ အင်ဂျင်နီယာ ဘာသာရပ် တွင် တစ်ကမ္ဘာ လုံး ၌ ပထမဆု ရ ရှိ သွားသဖြင့် ရွှေ တံဆိပ် ဆု ချီးမြှင့် ခြင်း ခံခဲ့ ရကြောင်း သိရ သည်။ မန္တလေးမြို့ အင်ဂျင်နီယာ ဒီပလို မာ သင်တန်း ကျောင်း ကို City & Guilds International ၏ Approved Centre အဖြစ် ၁၉၉၉ ခုနှစ် က စတင်ဖွင့် လှစ်ခဲ့ ပြီး ၁၄ နှစ် အ တွင်း အင်ဂျင်နီယာ ဒီပလိုမာ အဆင့် ရရှိ သွားသူ ၆၀၀ ကျော်၊ အဆင့်မြင့် ဒီပလိုမာ ရရှိ သွားသူ ၃၀ ကျော်နှင့် အောင် လက်မှတ် အဆင့် ရရှိသူ ၁၀၀၀ ကျော် မွေး ထုတ် သင်ကြား ခဲ့ပြီး ဖြစ်သည်။
''NEC ကျောင်း က စာ မေးပွဲ အောင်ဖို့ သင်တဲ့ ကျူရှင် မဟုတ် ပါဘူး။ ဂုဏ်သိက္ခာ ရှိတဲ့ အတတ် ပညာတွေ ရဖို့ သင်ပေးတဲ့ ကျောင်း ပါ။ စာမေးပွဲ အောင်ဖို့ ဆို တဲ့ ဆန္ဒ ထက် တတ်မြောက် ကျွမ်း ကျင် တဲ့ အင်ဂျင်နီယာ ဖြစ် ရမယ် ဆိုတဲ့ စိတ်နဲ့ ကြိုးစား ပါ''ဟု တစ် ကမ္ဘာလုံး ပထမ ရွှေတံဆိပ် ဆုရှင် အား ဂုဏ်ပြု ဆုချီးမြှင့် ပွဲ တွင် NEC ကို တည်ထောင်သူ ဆရာကြီး ဦးလှ အောင် က ပြောသည်။
၂၀၁၁ - ၂၀၁၂ ပညာရည် ချွန် ဆုပေးပွဲ ကို စက်တင်ဘာ ၂၈ ရက် က ဟိုတယ် မန္တလေး ခန်းမ တွင် ကျင်းပ ရာ မြန်မာ နိုင်ငံ အင်ဂျင်နီယာ အသင်း ( မန္တလေး အသင်း ခွဲ ) ဥက္ကဋ္ဌ၊ မန္တလေး မြို့ေ တာ် စည် ပင် သာယာရေးေ ကာ် မတီဝင် ဦးထွန်းကြည် က အမှာ စကားပြော ကြား ခဲ့ပြီး British Council ၏ Office Manager ဆရာ ဦးအေး ကြူ က နိုင်ငံတကာ အသိ အမှတ် ပြု သင်တန်း များ၊ စာမေးပွဲ များ နှင့် ပတ်သက် ၍ ပြောကြား ကာ NEC ကျောင်းအုပ် ဆရာကြီး ဦးလှအောင် က သင် တန်း နှင့် ပတ်သက်၍ ရှင်း လင်း ပြောကြား သည်။
တာဝန် ရှိသူများ က သင်ကြား မှု ထူးချွန် ရွှေတံဆိပ် ဆုရ ဆရာမ ဒေါ်အေးမြတ်မွန်၊ တစ် ကမ္ဘာလုံး တွင် ရွှေ တံဆိပ် ဆုရ မောင်အာ ကာဟိန်း၊ အင်ဂျင်နီ ယာ ဒီပလိုမာ နှင့် အဆင့်မြင့် Advanced Diploma ထူးချွန်စွာ အောင်မြင်သူ များ ကို ဆုများ အသီးသီး ပေးအပ် ချီးမြှင့် ကြောင်း သိရသည်။
Yangon Media Group
အိမ်ထောင်ပြုတော့မည်ဆိုလျှင်..."..ပါသုံးပါ."....."...ချာသုံးချာ.."...."..ကွာသုံးကွာ..".....
ကိုရှောင်ကြဉ်ရမည်ဟု..... ရှေးဆရာတော်ကြီးများက နောင်လာနောက်သား တပည့် ဒကာဒကာမများအတွက် ဆိုဆုံးမထားခဲ့ပါသည်.။..
ပါသုံးပါဆိုသည်မှာ.......
(၁) အပိုစားမည့်သူ ပါလာတာ.....
(၂) အကြွေးတွေပါလာတာ....
(၃) ရောဂါပါလာတာ......။ ထိုပါသုံးပါကို ရှောင်ကြဉ်ရပါမည်..။
ချာသုံးချာ...ဆိုသည်မှာ ....
(၁) ပညာနုံချာသူ....
(၂) အလုပ်အကိုင်နုံချာသူ....
(၃) စာရိတ္တနုံချာသူ .....။ ထို ချာသုံးချာကို ရှောင်ကြဉ်ရပါမည်..။
ကွာသုံးကွာ...ဆိုသည်မှာ...
(၁) နိုင်ငံရပ်ခြားကွာသူ....
(၂) စိတ်သဘောထားကွာသူ...
(၃) ဘာသာကွာသူ.....။ ထိုကွာသုံးကွာကို ရှောင်ကြဉ်ရပါမည်..။
SweSwe Winn
တက္ကစီတစ်စီး ယာဉ်မောင်းမရှိဘဲ ရုတ်တရက် ထွက်ခွာမောင်းနှင်
 သာကေတမြို့နယ်တွင် တက္ကစီ အငှား ယာဉ်တစ်စီး  ယာဉ်မောင်း နှင်သူမရှိဘဲ ရုတ်တရက် ထွက်ခွာ မောင်းနှင်သွားသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။  သာကေတမြို့ နယ်၇/၈ ရပ်ကွက် အောင် သပြေ အရှေ့ (၁၃) လမ်းရှိ အဖြူရောင်ကိုရို လာဗင်အမျိုးအစား တက္ကစီအငှားယာဉ်တစ်စီးသည် စက်တင် ဘာ ၃ဝရက်မွန်းလွဲ ၂နာရီခွဲခန့်က အငှား ကားမောင်းနှင်သူ၏နေ အိမ်ရှေ့တွင်ရပ်နားထားစဉ် ယာဉ် မောင်းမပါဘဲ ထွက်ခွာ သွားခြင်း ဖြစ်ကြောင်း အဆိုပါရပ်ကွက်နေသူ မျက်မြင်သက်သေများက ပြောသည်။
မျက်မြင်သက်သေတစ်ဦး ဖြစ်သူ အငှားယာဉ်မောင်း၏ အစ်မဖြစ်သူက ''အစ်မကကလေး ကျောင်းကြိုပြီး ပြန်လာတာပေါ့။  ၂နာရီခွဲလောက်ဖြစ်မယ်။ ကား က အိမ်ရှေ့မှာရပ်ထားရာကနေ မောင်းတဲ့သူမရှိဘဲ ထွက်သွား တာ။ မောင်လေး ကလဲ ကားသော့ ကိုလဲ ဖြုတ်ယူထားပြီး အိမ်ထဲ မှာရောက်နေတဲ့အချိန်မှာ ဖြစ် တာပါ''ဟု ပြောသည်။ အဆိုပါကားသည် ပေ ၆၀ ခန့်အကွာသို့ ရောက်ရှိသွားခြင်း ဖြစ်ပြီး အောင်သပြေအရှေ့(၁၃) လမ်သွယ်မှတစ်ဆင့် အောင်သပြေ လမ်းမကြီး ပေါ်သို့  မောင်းနှင်သွား ကြောင်း၊ ယင်းသို့ လူမဲ့မောင်းနှင် လာစဉ် လမ်းချိုးတစ်ခု၌ ရပ်နား ထားသော စက်ဘီးတစ်စီးကိုဝင် တိုက်သွားကြောင်း မျက်မြင်သက် သေတစ်ဦးက ရန်ကုန်တိုင်းမ် သတင်းစာသို့ ပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက် ပြီး မျက်မြင်သက်သေတစ်ဦးက ''စက်ဘီးတိုက်တာ ဝုန်းကနဲအသံ ကြားတော့ ကြည့်လိုက်တာ။ ပြော မလို့ရှိသေးတယ်။ ထူးခြားတာက ကားက ရွေ့နေပြီးတော့ လူမပါ ဘူး။ ပြီးတော့ လမ်းကိုကွေ့ပြီး လမ်းဘေးမှာ ထိုးရပ်သွား တယ်။ ကားစက်နှိုးတဲ့အသံလဲ မကြားရ ဘူး။ ဖွတ်ဖွတ်နဲ့ ကားကမောင်း ထွက်သွားတာ''ဟု ပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက် ပြီး ယာဉ်ပိုင်ရှင်သို့ ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာမှ ဆက်သွယ် မေးမြန်းရာ ''ဒါ စက်ချွတ်ယွင်း တာပါ။ ကားဘက်ထရီထဲကိုရေ ဝင်ပြီး ရှော့ခ်ဖြစ်ပြီး မောင်းထွက် သွားတာပါ။ ကားကွေ့သွားတာက လဲ စတီယာရင် တိုင်က ချိုးထားလို့ ပါ''ဟု ပြန်လည်ဖြေကြားသည်။ အဆိုပါရပ်ကွက်မှ ရာအိမ် မှူး ဦးစံမြင့်က ''ဒီလိုဖြစ်တာ ကား က မော်တာကြိုးပဲငြိပြီးဖြစ်တာ လား၊ မော်တာကြိုးငြိရင်လဲ စက်က နိုးရမှာ။ အခုက စက်က မနိုးဘူး။ စတီယာ ရင်တိုင် ကွေ့ထားဦးတော့ ကားမောင်းသွားရင် စတီယာရင် က ပြန်တည့်သွားရမှာ။ ကားက တည့်တည့်မသွားဘူး။ သဘာဝ တော့ မကျဘူး''ဟု ပြောသည်။
မျက်မြင်သက်သေ ဆိုက် ကားနင်းသူ ကိုမျိုးက ''ကျွန်တော် ကားကို လူမပါဘဲ မောင်းသွား တာကိုမြင်တော့ သူတို့မောင်နှစ်မ ကို အော်ခေါ်တာပေါ့။ ကားက ကြည့်တော့ လူလဲမပါဘူး။ ဒါနဲ့ ကားကို ခုတုံးလိုက်ပြေးခုတာ သဲပုံ နား ခုတုံးကို ပစ်ထည့် လိုက်မှ ကားလဲ ရပ်သွားတယ်။ မွန်းလွဲ ၂နာရီခွဲလောက်က ဖြစ်တာ''ဟု ပြောသည်။
အဆိုပါ လမ်းဆုံနေရာသည် လူသွားလူလာပေါများကြောင်း၊ ညနေကျောင်းဆင်းချိန်မဟုတ် သည့်အတွက် ကျောင်းသား၊ ကျောင်းသူများအတွက် အလွန် ကံကောင်းကြောင်း ရပ်ကွက်နေ သူများက ဆိုသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက် ပြီး ကားမောင်း သက်တမ်း နှစ် ၃ဝခန့်ရှိသူ ကိုမောင်မောင်က ''ဒီလိုဖြစ်တာနဲ့ပတ်သက်ပြီး ကား ပိုင်ရှင်ပြောတာက ဖြစ်နိုင်ခြေများ ပါတယ်။ ကားကို ဂီယာတစ်ချက် ထိုးထားပြီး ကားသော့ဖြုတ်ထား ရင်တောင် ကားဝါယာရိန်းရှော့ခ် ဖြစ်ပြီး လူမမောင်း ဘဲ ထွက်သွား နိုင်တယ်။ တော်တော်လေးကို ဖြစ်တောင့်ဖြစ်ခဲပါ''ဟု ပြော သည်။
ယင်းက ဆက်လက်၍ ''တကယ်ထူးဆန်းတာမျိုးတော့ ဘားအံမှာ ကြုံခဲ့ဖူးတယ်။ စစ် ကားတစ်စီး ဟောင်းနွမ်းနေပြီး လမ်းဘေးမှာ ဒီတိုင်းပစ်ထား တယ်။ ကားမောင်းတဲ့သူက သူ့ မိန်းမဆုံးသွားတဲ့စိတ်နဲ့ သေသွား တဲ့သူ။ ကားက ဘက်ထရီလဲ မရှိ တော့ဘူး။ ဒါပေမဲ့ ကားက ည ၁၂နာရီဆိုရင် မီးတွေပွင့်တယ်။ စက်တွေနိုးလာတယ်။ ဝိုက်ဘာ တွေလှုပ်လာတယ်။ ဒါကတော့ နာနာဘာဝလို့ ပြောစရာဖြစ်တာ ပေါ့။ ဘက်ထရီမရှိရင် ကားက နိုးစရာအကြောင်း မရှိဘူး လေ။ အခု သာကေတမှာ ဖြစ်တာမျိုး က ဖြစ်တောင့်ဖြစ်ခဲ ရှော့ခ်ဝင် ပြီးဖြစ်တာပါ။ ကားကွေ့သွား တာလဲ လမ်းအနေအထားကြောင့် ဖြစ်နိုင်တယ်''ဟု ပြောသည်။
သော်ဇင်ထက်
yangonmedia
ဆီးဂိမ်းအတွက် ဗီဇာ မလိုပဲ မြန်မာပြည် လာနိုင်
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပြိုင်ပွဲ အိမ်ရှင်အဖြစ်ကျင်းပမြန်မာနိုင်ငံက အားကစား တာဝန်ရှိသူ တွေ၊ နည်းပြတွေနဲ့ အားကစားသမားတွေအနေနဲ့ ဗီဇာ မလိုပဲ လာရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
အားကစား ၀န်ကြီးဌာန တာဝန်ရှိသူတဦးကို ကိုးကားပြီး ပြန်ကြားရေး ၀က်ဆိုက်မှာ ဗီဇာ မလိုပဲ လာနိုင် တာကို ဖော်ပြ ထားပါတယ်။
ဒီဇင်ဘာလ ဆီးဂိမ်းပြိုင်ပွဲမှာ ဆီးဂိမ်းပြိုင်ပွဲဝင် အဖွဲ့ဝင်နိုင်ငံများမှ အားကစား တာဝန်ရှိသူများ၊ နည်းပြ များနှင့် အားကစား သမားတွေအနေ နဲ့ ဗီဇာမလိုဘဲ လာရောက်နိုင်မှာ ဖြစ်ပါတယ်။ ဗီဇာအစား အသိ အမှတ်ပြု ကတ်ပြား (Accreditation Card) တွေနဲ့ ဝင်ရောက်ခွင့်ပြုမှာ ဖြစ်ပါတယ်”လို့ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ နိုင်ငံတကာဆက်ဆံရေး အတွင်းရေး မှူး ဒေါက်တာမြတ်သူရစိုးက ပြောထားပါတယ်။
အဲဒီလို ကတ်ပြားတွေနဲ့ လူပေါင်း ၁ သောင်းကျော်လာမှာဖြစ်ပြီး (Accreditation Card) ကတ်ပြားတွေကို အရောင် ၁၁ မျိုး နဲ့ သတ်မှတ်ထားပြီး မီဒီယာသမားတွေလည်း ဗီဇာ မလိုတဲ့ အထဲ ပါဝင်တယ် လို့ ပြန်ကြားရေး ၀က်ဆိုက်က ဖော်ပြထားပါတယ်။
“နိုင်ငံ့ အကြီးအကဲများ၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် နိုင်ငံများ မှ နည်းပြနှင့် တာဝန်ရှိသူများ၊ အားကစားသမားများ၊ မီဒီယာ အဖွဲ့များ ပါဝင်ကြောင်း၊ ယင်းတို့သည် ဗီဇာမလိုဘဲ ကတ်ပြားများဖြင့် မြန်မာနိုင်ငံသို့ လာရောက် ကြမည်ဖြစ်ကြောင်း သိရသည်” လို့ ပြန်ကြားရေး ၀က်ဆိုက်က ဆိုပါတယ်။
ဆီးဂိမ်းအတွက် လာရောက်ကြမယ့်သူတွေဟာ လာမယ့် နိုဝင်ဘာလ ၂၄ ရက်က စပြီး လာရောက်ကြ မှာ ဖြစ် သလို မြန်မာဘက်ကတော့ အားကစားကွင်းတွေ၊ တည်းခိုမယ့် အားကစားရွာတွေလည်း အဆင်သင့် ဖြစ်နေပြီ ဖြစ်လို့ မကြာခင် ဖွင့်လှစ်တော့မယ်လို့ ဆိုပါတယ်။
အိမ့်သံစဉ်~
irrawaddy
အငှားကိုယ်ဝန်ဆောင်ခြင်းလုပ်ငန်း
အိန္ဒိယမှာ ဖြစ်ထွန်းနေတဲ့ စီးပွားရေးလုပ်ငန်းတခုကတော့ အငှားဗိုက်အကျိုးဆောင်လုပ်ငန်းပါ။
ကမ္ဘာအရပ်ရပ်က ကိုယ်ဝန်ဆောင်ဖို့ အခက်အခဲရှိသူ၊ ကလေးမရနိုင်သူအများအပြားဟာ အိန္ဒိယက ဒီလုပ်ငန်းကို ချိတ်ဆက် ကလေးယူနေကြပါတယ်။
သူတို့ကိုယ်တိုင် ကိုယ်ဝန်မဆောင်ဘူး ဆိုတော့ သူတို့ရဲ့ ကိုယ်စား အိန္ဒိယမှာ ရှိတဲ့ အမျိုးသမီးတချို့ကို ကိုယ်ဝန်ဆောင်စေခြင်းပါပဲ။
မွေးလာတာ ရက်ပိုင်းပဲ ရှိသေးတဲ့ သမီးလေး Gabriella
မိဘများက  Rekha Patel, 42 နဲ့ Daniele Fabbricatore, 39တို့ ဖြစ်ပါတယ်။  (Photo: Reuters)
အလုပ်အပ်သူများထဲမှာ လိင်တူစုံတွဲများလည်း ပါတာပေါ့။
လိင်တူတယ်ဆိုမှတော့ ကလေးရဖို့က ဒီနည်းပဲ ရှိပါတော့မယ်။
အခု အိန္ဒိယမှာ နည်းနည်းလေး ဆူညံလာတာက ... ဒီလုပ်ငန်းက ဆင်းရဲတဲ့ အိန္ဒိယအမျိုးသမီးတွေကို  အမြတ်ထုတ်သလို ဖြစ်နေတယ် ဆိုပြီး ငြင်းခုံလာကြတာပါပဲ။
ပြည်ပကနေ ကလေးမွေးလိုသူတွေ အိန္ဒိယကို လာပြီး အငှားဗိုက်ရှာဖွေရ ခက်ခဲစေမယ့် ဥပဒေမျိုး ပြဋ္ဌာန်းရေးလည်း ပါဝင်တာပေါ့။
ဘုံဘေမှာ အခြေစိုက်တဲ့  Surrogacy India ဆိုတဲ့ အကျိုးဆောင်လုပ်ငန်းက အငှားဗိုက်နဲ့ ကလေး ၂၉၅ ယောက် မွေးအောင် ဆောင်ရွက်ပေးခဲ့ပြီးပြီ၊
အများစုက ပြည်ပက လာအပ်တဲ့ဖောက်သည်တွေ ဖြစ်တယ်လို့ ဆိုတယ်။ ၄၀ ရာနှုန်းက လိင်တူစုံမက်မိဘတွေဖြစ်ပါသတဲ့။ ဒါက ၆ နှစ်အတွင်း သူတို့လုပ်ငန်းရဲ့ ကိန်းဂဏန်းတွေပါ။
အဲဒီအကျိုးဆောင်လုပ်ငန်းက Dr. Sudhir Ajja ရဲ့ တွက်ချက်မှုကတော့ ပြည်ထဲရေးဌာနကအကြံပြုထားတဲ့အတိုင်း ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ တင်းကျပ်လာရင်
ဒီလုပ်ငန်းကို သေချာပေါက် ထိခိုက်ပါလိမ့်မယ်၊ ပြည်ပက အလုပ်လာအပ်နှုန်းလည်း ကျသွားပါမယ် တဲ့။
အိန္ဒိယမှာ ဒီလုပ်ငန်း အစပြုနေတာ ၁၁ နှစ် ရှိပါပြီ။
အမျိုးသမီးတွေကို အခကြေးငွေပေးပြီး အငှား ကိုယ်ဝန်ဆောင်ခြင်းကို ခွင့်ပြုထားတာ နိုင်ငံ နည်းနည်းလေးပဲ တွေ့ရမှာပါ။
အိန္ဒိယ၊ ဂျော်ဂျီယာ၊ ရုရှ၊ ထိုင်း၊ ယူကရိန်း၊ အမေရိကန်တို့ပါပဲ။ အမေရိကန်ဆိုပေမယ့် တနိုင်ငံလုံးမဟုတ် - ပြည်နယ်တချို့မှာ ခွင့်ပြုပါတယ် တဲ့။
ခွင့်ပြုတဲ့နိုင်ငံနည်းပါးတယ် ဆိုတဲ့ အချက်အပြင် တခြားအကြောင်းအရာတွေလည်း အိန္ဒိယမှာ ရှိနေပါတယ်။
နည်းပညာအတွက်ကုန်ကျစရိတ်နည်းပါး၊ ကျွမ်းကျင်တဲ့ဆရာဝန်တွေရှိ၊ စာရွက်စာတမ်းကိစ္စလိုမျိုး ကြိုးနီစနစ် နည်းပါး၊  ဗိုက်အငှားလိုက်မယ့်အမျိုးသမီးပေါများ ဆိုတဲ့
အချက်တွေကြောင့် အိန္ဒိယကို ဒီလုပ်ငန်းအတွက် နှစ်သက်နေကြတာပါ။
အိန္ဒိယမှာ ဒီလုပ်ငန်းအကျိုးဆောင်ပေးတဲ့ဆေးဘက်ဆိုင်ရာဌာနပေါင်း ၃,ဝဝဝ ရှိမယ်၊ ဒီလုပ်ငန်းကနေ ၀င်ငွေ ဒေါ်လာ သန်း ၄၀၀ ထက်မနည်း ရှိနေပြီ လို့ မနှစ်တုန်းဆီက ထွက်လာတဲ့ လေ့လာချက်တခုက ဆိုပါတယ်။
ကုလသမဂ္ဂ ပါဝင်တဲ့  လေ့လာချက်ဖြစ်ပါတယ်။
ဗြိတိန်၊ အမေရိကန်၊  သြစတေးလျ၊ ဂျပန် စတဲ့ စတဲ့ တိုင်းပြည်တွေက ဒီလုပ်ငန်းအတွက် အိန္ဒိယသွားကြပါတယ်။ အိန္ဒိယမှာ နာမည်အရဆုံးကတော့  Gujarat ပြည်နယ် Anand  မြို့မှာရှိတဲ့ Akanksha  ဖြစ်ပါလိမ့်မယ်။
အငှားကိုယ်ဝန်ကို တကြိမ်မက ဆောင်ပေးတဲ့အမျိုးသမီးတွေလည်း ရှိမှာပဲ။ ၀င်ငွေကလည်း မက်လောက်စရာ ဖြစ်နေတယ် မဟုတ်လား။
ဘယ်လောက်ရသလဲဆို ... အထက်မှာ ရေးခဲ့တဲ့ Anand  မြို့လေးမှာ ဆိုရင် အိမ်တလုံးတောင် ၀ယ်နိုင် ဆိုပဲ။
အိမ်ဝယ်နိုင်တဲ့ငွေပမာဏရရှိဖို့ အမျိုးသမီးတချို့ အငှားကိုယ်ဝန်ဆောင်နေကြတယ်ဆိုပါစို့။
လတ်တလော ဥပဒေထဲမှာတော့ ဒီလိုကိုယ်ဝန်ဆောင်ဖို့ဆိုရင် အသက် ၂၁ နဲ့ ၃၅ အတွင်း ရှိမှ ဖြစ်မယ်၊
ကိုယ်ဝန်ဆောင်ပေးသူကို ကျန်းမာရေးအာမခံချက်  ရှိအောင် လုပ်ပေးရမယ်၊ ဟိုစုံတွဲနဲ့ သူနဲ့ကြား စာချုပ်ချုပ်ရမယ် စသဖြင့် သတ်မှတ်ထားပါတယ် တဲ့။
ဒါကတော့ India Seeks to Regulate Its Booming ‘Rent-a-Womb’ Industry ဆိုတဲ့ သတင်းကို ဖတ်ကြည့်ပြီး ပြန်ပြောပြတာပါ။ ဧရာဝတီသတင်းဌာနရဲ့ အွန်လိုင်း http://www.irrawaddy.org/archives/44962 မှာ ဒီမနက် တက်လာတဲ့သတင်းဆောင်းပါးပါ။ အကျိုးဆောင်လုပ်ငန်းတွေဟာ  အကျိုးဆောင်မွေးမိခင်တွေက ဗိုက်ထဲက သူ့ကလေး မဟုတ်တဲ့ ကလေးကို မေ့ထားဖို့၊ ကိုယ့်ရင်သွေးမဟုတ် - ကိုယ်နဲ့မဆိုင် - အလုပ်သဘောအရ တော်စပ်တဲ့ကလေးလို့ပဲ သဘောထားဖို့ သင်ပေးမယ် ထင်ပါရဲ့။ ဒါမှ နောက်ဆက်တွဲပြဿနာ နည်းမယ်၊ နှစ်သိမ့်ဆွေးနွေးပညာပေးတာမျိုးတွေ လုပ်ရမှာ နည်းပါလိမ့်မယ်။
အင်း ... "သူ့ကလေး မဟုတ်" ဆိုတဲ့စကားလုံးကိုသုံးရတာတော့ အားနာပါရဲ့။
မွေးလာတဲ့ကလေးမှာ မိဘ ၃ ဦး ရှိနိုင်ပါတယ်။
 ကိုယ်ဝန်ဆောင်မိခင်မှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ဘယ်လောက်အထိ ရမယ် မသိပါ။ အနည်းနဲ့အများ ရကြပါလိမ့်မယ်။
 ဟိုမိဘနှစ်ပါးကရော ကလေးအပေါ် သားသမီးအရင်းလို ချစ်နိုင်ကြမလား။ အင်း .... ချစ်ကြမယ် ထင်ပါရဲ့။
ကလေးကရော .. ဘာထိခိုက်မှု ရှိမလဲ။
ကလေးဆိုတာ ဗိုက်ထဲမှာ ရှိတုန်းကတည်းက မိခင်နဲ့ ရုပ်ပိုင်းရော စိတ်ပိုင်းပါအဆက်အသွယ်ရှိတယ်လို့ ကြားဖူးပါတယ်။
ကိုယ်ဝန်ဆောင်မိခင်က ဗိုက်ထဲကဒီကလေးကို မွေးပြီးပြီးချင်း ခွဲခွာ ရတော့မယ် ဆိုတာ သိထားတော့ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ သူ့ဗိုက်ကို ဗိုက်ထဲက ပိစိလေးကို ဘယ်လို သဘောထားမလဲ။
အဲဒီသဘောထားတွေကြောင့် ကလေးမှာ ဘယ်လို သက်ရောက်မှု ရှိမလဲ။ အင်း... တွေးကြည့်ရင် စိတ်မောစရာ စိတ်ဝင်စားစရာကောင်းလှပါတယ်။
irrawaddy
၂၀၁၂ ခုနှစ် အကယ်ဒမီဆုအတွက် ဆန်ခါတင်ရုပ်ရှင်ခုနစ်ကား ရွေးချယ်
အကယ်ဒမီထူးချွန်ဆုအတွက် ၂၀၁၂ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သော ရုပ်ရှင် ၁၇ ကား ထဲမှ ဆန်ခါတင်ခုနစ်ကားကို ရွေးချယ်ခဲ့ပြီး စက်တင်ဘာ ၃၀ ရက်မှ စတင်၍ အကဲဖြတ်အဖွဲ့ ၀င် ၁၇ ဦးက ရွေးချယ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သတင်းရရှိသည်။
အဆိုပါ ဆန်ခါတင်ရွေးချယ်ခဲ့သော ဇာတ်ကားခုနစ်ကားမှာ လက်ပံ၊ မော်ကင်းဥဒါန်း၊ ဥ၊ ကယန်းအလှ၊ တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ၊ အမုန်းမီးတောက်၊ အမွေခံထိုက်သူဖြစ်ပါစေတို့ဖြစ်သည်။ ထိုရုပ်ရှင်ကားများကို စက်တင်ဘာ ၁၉ ရက်က ထပ်မံဖွဲ့စည်းလိုက်သည့် ဒါရိုက်တာ ဦးဇော်ထက်၊ ဒါရိုက်တာ ဦးမျိုးဇော်အောင်၊ ဓာတ်ပုံပညာရှင် ဦးဖေမြင့်ဦး၊ ဓာတ်ပုံပညာရှင် ဦးဆန်နီတင်၊ ဇာတ်ညွှန်းပညာရှင် ဒေါ်ခင်လေးသိမ့်၊ ဇာတ်ညွှန်းပညာရှင် ဦးချစ်ဦးညို၊ တည်းဖြတ်ပညာရှင် ဦးဆွေသက်၊ သရုပ်aဆာင် ဦးဌေးအောင်၊ သရုပ်ဆောင် စိုးသိမ်းထွဋ်၊ တေးဂီတပညာရှင် ဦးမောင်မောင်လတ်၊ တေးဂီတပညာရှင် ဦးလှဆန်းဦး၊ အသံပညာရှင် ဦးအေးမြင့်၊ အသံပညာရှင် ဦးကိုမြင့်၊ စာပေပညာရှင် ဦးနွမ်ဂျာသိုင်း၊ ရုပ်ရှင်ဝေဖန်ရေး ရေးသားသူ ဦးမြတ်ခိုင်၊ မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးဝင်းသူတို့ပါဝင်သည့် အကဲဖြတ်အဖွဲ့က အကယ်ဒမီဆုများကို ရွေးချယ်ပေးသွားမည်ဖြစ်သည်။
ဆန်ခါတင်ဇာတ်ကားစာရင်းကို ထုတ်ပြန်ခဲ့သော်လည်း အကယ်ဒမီထူးချွန်ဆုပေးအပ်ပွဲ နေ့ရက်ကို ထုတ်ပြန်ခြင်းမရှိသေးပေ။ ရုံတင်ပြသခဲ့သော ရုပ်ရှင်များမှာ အချစ်ကွိုင်၊ မေခင်ကညာ၊ ချစ်တယ်ပြောမှလွှတ်မယ်၊ ငါမင်း ကို...၊ သွားလူဆိုး ဒါမျိုးတော့ တတ်တယ်။ ဟက်ထိတယ်၊ အထာသစ်နဲ့ နှစ်ခါချစ်မယ် နှင့် ဆန်ခါတင် ရွေးချယ်ပြီးဖြစ်သော ဇာတ်ကားများအပါအ၀င် စုစုပေါင်း ဇာတ်ကား ၁၇ ကား ဖြစ်သည်။
ဆန်ခါတင်ရွေးချယ်ခဲ့သော ရုပ်ရှင်ကားများစာရင်းအရ ရဲအောင်၊ စိုးမြတ်သူဇာတို့က သုံးကား၊ န၀ရတ်၊ ကျော်ရဲအောင်၊ ဟိန်းဝေယံ၊ ခန့်စည်သူတို့က နှစ်ကားစီနှင့် ခုနစ်ကားတွင် အများဆုံးပါဝင်သော သရုပ်ဆောင်များ ဖြစ်သည်ကို တွေ့ရသည်။
7Day Daily
သံတွဲမြို့နယ် ရွှေလှေရွာတွင် ပဋိပက္ခများဖြစ်ပေါ်
သံတွဲမြို့နယ် ရွှေလှေရွာတွင် ပဋိပက္ခများဖြစ်ပေါ်ရာမှ မီးလောင်ကျွမ်းခဲ့သည့် လူနေအိမ်တစ်လုံးကို အောက်တိုဘာ ၁ ရက် ညနေပိုင်းကတွေ့ရစဉ်။ စက်တင်ဘာ ၂၈ ရက်မှ စတင်အစပြုခဲ့သည့် ပဋိပက္ခသည် အောက်တိုဘာ ၁ ရက်တွင် ပိုမိုဆိုးရွားလာခဲ့ပြီး အိမ်ခြေပေါင်း ၄၄ လုံး မီးရှို့ခံခဲ့ရကာ စာသင်ကျောင်းများနှင့် ဈေးများလည်း ပိတ်ထားရသည်။ (ဓာတ်ပုံ - ခင်မောင်ဝင်း)
Mizzima - News in Burmese
ဒူဘိုင်းမှာရှိတဲ့ ကားမှတ်တိုင်
ဒူဘိုင်းမှာရှိတဲ့ ကားမှတ်တိုင်တွေကတော့
သူများနိုင်ငံမှရှိတဲ့ကားမှတ်တိုင်တွေလိုမဟုတ်ပဲ ပိုမိုအဆင့်မြင့်ပါတယ်။
အကြောင်းကတော့ ဒူဘိုင်းရှိကားမှတ်တိုင်တွေအားလုံးဟာ
အလုံပိတ်ပြီးလေအေးပေးထားတဲ့ အအေးခန်းကားမှတ်တိုင်ဖြစ်နေလို့ ပါ။
ZK(ကနောင်)
Scientist Myanmar
မကွေး-နေပြည်တော်လမ်းရှိကွန်ကရစ်ရေကျော်ချောင်းရေကြောင့်ကျိုးပျက်
ချောင်းရေတိုက်စားမှုကြောင့် မကွေး-နေပြည်တော်-ကားလမ်းပိုင်းရှိ ကွန်ကရစ်ရေကျော် 
ယာဉ်သွားလာမှုရပ်ဆိုင်းသည်ထိ ပျက်စီး
Popular Myanmar News Journal
ဖိလစ်ပိုင်မှ အဆုံးအစမဲ့ နက်သော ထူးဆန်းမြစ်ငယ်
ဖိလစ်ပိုင်နိုင်ငံ အရှေ့ မြောက်ပိုင်းက Hinatuan မြို့ ငယ်မှာ ရှိတဲ့ မြစ်တစ်ခု ရဲ့  တစ်နေရာမှာပါ။ Enchanted River လို့ခေါ်ပါတယ်။ ချောင်း အရွယ်လောက် ပဲ ရှိပါတယ်။
သူ့မှာထူးခြားချက်တွေ အများကြီးပါ။ သူ့ အနက်ဘယ်လောက် ရှိတယ် ဆိုတာ ဘယ် သိပ္ပံပညာရှင်မှ မခန့်မှန်းနိုင်ပါဘူး။ ရေငုပ်သမားက အစ လေ့လာမှု ပြုလုပ်ပေမယ့် အောက်အထိ မဆင်းနိုင်ခဲ့ပါဘူး။ သူ့အနက် အင်မတန် ရှည်လျားလို့ ဖြစ်ပါတယ်။ ရေကလည်း အပြာရောင် သန်းနေတော့ အောက် ကိုလည်း တော်တော်နဲ့ မဆင်းရဲ ကြပါဘူး။ အပေါ်မှာတော့ ရေကစားသူ များပါတယ်။
ရေကူးကြပါတယ်။ သို့ပေမယ့် ညနေ ရောက်ရင် အားလုံး ရေထဲမှ ထွက်ရ ပါတယ်။ ညဘက်ရောက်ရင် ငါးများပေါ်ထွက်လာပြီး ရေပေါ်မှာ ကစား ကြလို့ ဖြစ်ပါတယ်။ ရေပေါ်ခုံလိုက်၊ ကူးခတ်လိုက်လုပ်နေတဲ့ ငါးများ၊ အပြာရောင်လက်လက်ရေများကြောင်း ညတိုင်း လာရောက်ကြည့်ရှုသူ များပြီး အပန်းဖြေစရာ နေရာတစ်ခု ဖြစ်ကြောင်း သိရ ပါတယ်။
-
Ref: knoledge
Aung Kham (International news for myanmar)
အစိုးရ၀န်ထမ်းတွေကို ကားတွေ အရစ်ကျရောင်းပေးမည်
စက်မှုဝန်ကြီးဌာန အကြီးစားစက်မှုလုပ်ငန်းမှထုတ် လုပ်သည့်မြန်မာမီနီဆလွန်းယာဉ် များအား၊အစိုးရဌာနများမှအရာ ထမ်းဝန်ထမ်းများကိုစက်တင်ဘာ လအတွင်းတွင်ငွေကျပ်သိန်း၆၀ ဖြင့်နှစ်နှစ်ဆိုင်းအရစ်ကျငွေချေး စနစ်ဖြင့်ရောင်းချပေးမည်ဖြစ် ကြောင်းသိရသည်။
ငွေပေးချေရမည့်စနစ်မှာသုံး ဆင့်ခွဲခြားထားပြီးတစ်လလျှင်ငွေ ကျပ်နှစ်သိန်းခွဲနှုန်းဖြင့်နှစ်နှစ်အရစ် ကျပေးချေရမည့်စနစ်၊ပထမအရစ် တွင်ငွေဆယ်သိန်းပေးချေပြီးကျန် ငွေကိုတစ်လလျှင်နှစ်သိန်းခွဲနှုန်း ဖြင့်လပေါင်း၂၀ပေးသွင်းရမည့် စနစ်၊လက်ငင်းငွေချေစနစ်များဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
““အခုလိုရောင်းပေးမယ်ဆို တာအရမ်းကောင်းပါတယ် ကျွန်တော်တို့တွေကျတော့တစ်ခါ တည်းငွေချေပြီးတော့မ၀ယ်နိုင်ဘူး လေ။ အရစ်ကျနဲ့ရောင်းပေးမယ် ဆိုတော့ဝယ်နိုင်မှာပါ။ ပြီးတော့ တစ်လကိုငွေနှစ်သိန်းခွဲနဲ့လ ၂၀ ဆိုတာလည်းဘယ်လောက်မှမ ကြာပါဘူး”” ဟုအရာထမ်းဝန်ထမ်း တစ်ဦးမှပြောခဲ့သည်။
ယခုအချိန်တွင်မြန်မာမီနီ ဆလွန်းအစီးရေစုစုပေါင်း၂၁၃၂ စီးအားထုတ်လုပ်ပြီးစီးရာ၊အစီးရေ ၁၇၀၀ကျော်ရောင်းချခဲ့ပြီး၊အစီးရေ ၄၀၀ကျော်ကျန်ရှိနေသေးကြောင်း လည်းသိရသည်။
မြန်မာမီနီဆလွန်းကားများ တပ်ဆင်ရန်ပစ္စည်းများကိုတရုတ် နိုင်ငံ Cherry ကုမ္ပဏီမှတင်သွင်း ၍ရန်ကုန်အမှတ်(၁)အကြီးစား စက်မှုလုပ်ငန်းမှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ၉၉၂စီး၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် တွင် ၁၁၃၈စီး၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ၂စီးစုစုပေါင်း ၂၁၃၂စီးအားတပ်ဆင်ထုတ်လုပ် ခဲ့ပြီးဖြစ်ကြောင်းသိရသည်။
The Hot News Weekly.
ဖိလစ်ပိုင်မှ အဆုံးအစမဲ့ နက်သော ထူးဆန်းမြစ်ငယ်
ဖိလစ်ပိုင်နိုင်ငံ အရှေ့ မြောက်ပိုင်းက Hinatuan မြို့ ငယ်မှာ ရှိတဲ့ မြစ်တစ်ခု ရဲ့  တစ်နေရာမှာပါ။ Enchanted River လို့ခေါ်ပါတယ်။ ချောင်း အရွယ်လောက် ပဲ ရှိပါတယ်။
သူ့မှာထူးခြားချက်တွေ အများကြီးပါ။ သူ့ အနက်ဘယ်လောက် ရှိတယ် ဆိုတာ ဘယ် သိပ္ပံပညာရှင်မှ မခန့်မှန်းနိုင်ပါဘူး။ ရေငုပ်သမားက အစ လေ့လာမှု ပြုလုပ်ပေမယ့် အောက်အထိ မဆင်းနိုင်ခဲ့ပါဘူး။ သူ့အနက် အင်မတန် ရှည်လျားလို့ ဖြစ်ပါတယ်။ ရေကလည်း အပြာရောင် သန်းနေတော့ အောက် ကိုလည်း တော်တော်နဲ့ မဆင်းရဲ ကြပါဘူး။ အပေါ်မှာတော့ ရေကစားသူ များပါတယ်။
ရေကူးကြပါတယ်။ သို့ပေမယ့် ညနေ ရောက်ရင် အားလုံး ရေထဲမှ ထွက်ရ ပါတယ်။ ညဘက်ရောက်ရင် ငါးများပေါ်ထွက်လာပြီး ရေပေါ်မှာ ကစား ကြလို့ ဖြစ်ပါတယ်။ ရေပေါ်ခုံလိုက်၊ ကူးခတ်လိုက်လုပ်နေတဲ့ ငါးများ၊ အပြာရောင်လက်လက်ရေများကြောင်း ညတိုင်း လာရောက်ကြည့်ရှုသူ များပြီး အပန်းဖြေစရာ နေရာတစ်ခု ဖြစ်ကြောင်း သိရ ပါတယ်။
-
Ref: knoledge
Aung Kham (International news for myanmar)
ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအားကစားသမားများ အားကစားသမား အာမခံ ပရီမီယံကြေးကို အခမဲ့ ဆောင်ရွက်ပေးမည်ဖြစ်ပြီး နိုင်ငံခြားသား အားကစားသမားများ အနေဖြင့် အာမခံဝယ်ယူနိုင်
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစား သမားများအတွက် အားကစားသမား အာမခံ ပရီမီယံကြေးကို အခမဲ့အဖြစ် မြန်မာ့အာမခံ လုပ်ငန်းနှင့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီများ ပါဝင်သည့် အာမခံဈေးကွက်က ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မြန်မာ့အာမခံ ရုံးချုပ်တွင် စက်တင်ဘာ ၃၀ ရက်က ပြုလုပ်သည့် အစည်းအဝေးပွဲမှ သိရသည်။
မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်မည့် မြန်မာအားကစား သမားများ စာရင်းကို အားကစား ၀န်ကြီးဌာနမှ ကောက်ခံသွားမည်ဖြစ်ပြီး အဆိုပါ အားကစားသမားများ အတွက် ကျသင့်မည့် ပရီမီယံကြေး ကျပ် ၅၀၀၀ ကို အခမဲ့ ဆောင်ရွက်ပေးမည်ဖြစ်ကာ နိုင်ငံခြားသား အားကစားသမားများ အနေဖြင့် အားကစားသမား အာမခံကို ၀ယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။
''(၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲက နှစ်ပေါင်း ၄၄ နှစ်အတွင်းမှာ ပထမဆုံး အကြိမ် ကျင်းပတာဖြစ်တဲ့ မြန်မာနိုင်ငံ အနေနဲ့ ကမ္ဘာကနေ မြန်မာ့အာမခံကို သိအောင်ရယ်၊ မြန်မာအားကစားသမားတွေ အတွက်ကို ရည်ရွယ်ပြီး အခုလို အားကစားသမား အာမခံကို စီစဉ်ပေးတာ ဖြစ်ပါတယ်။ မြန်မာအားကစားသမားတွေ အတွက်ကတော့ အားကစားသမား ကိုယ်တိုင်နဲ့ အရန်အားက စားသမားအတွက်ပဲ အကျုံးဝင်မှာ ဖြစ်ပါတယ်'' ဟု ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
နိုင်ငံခြားသား အားကစားသမားများ အနေဖြင့် Sport Contigent Personal Accident Insurance ကို ပရီမီယံကြေး ဒေါ်လာ ၁၀၀ နှင့် ၀ယ်ယူနိုင်ပြီး ထိခိုက်ဒဏ်ရာ ရရှိပါက ဒေါ်လာ ၅၀၀၀၀ အများဆုံး ပေးလျော်မည်ဖြစ်ပြီး ထိခိုက်ဒဏ်ရာ အမျိုးအစားကို မူတည်ကြောင်း သိရသည်။
မြန်မာအားကစား သမားများအတွက်မူ သေဆုံးပါက ကျပ်သိန်း ၅၀ ပေးလျော်မည်ဖြစ်ပြီး ဒဏ်ရာ အမျိုးအစားပေါ် မူတည်ကာ ပေးလျော်သွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းအာမခံ အမျိုးအစားသည် နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၂၃ ရက်အထိ အကျုံးဝင်မည်ဖြစ်ပြီး ဆီးဂိမ်းပြီးဆုံးပါက ယခင်ဆောင်ရွက်သည့် အတိုင်းသာ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ အားကစားသမား အာမခံ အမျိုးအစား အနေဖြင့် ပရီမီယံကြေးကျပ် ၂၅၀၀၀ ဖြစ်ပြီး သိန်း ၅၀ အထိ အများဆုံး ၀ယ်ယူနိုင်ကြောင်း၊ ၀ယ်ယူထားသည့် အာမခံသည် တစ်နှစ် အကျုံးဝင်ကြောင်း သိရသည်။
ဆီးဂိမ်းအားကစားသမားများ အာမခံအတွက် မြန်မာ့အာမခံ ရုံးချုပ်တွင် ဘဏ္ဍာရေးဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ဆွေးနွေးစဉ်
Eleven Media Group
ဘတ်ဂျက်ကြောင့် ကန် အစိုးရဌာနတွေ ပိတ်ရပြီ
ဒါပေမယ့် တချို့ သူတွေကတော့ သူ့တို့ အလုပ်စားပွဲတွေကို ရှင်းလင်းဖို့အတွက် ရုံးတွေကို ရောက်လာခဲ့ကြတယ်လို့ ဆိုပါတယ်။
ရုံးတွေ ပိတ်ပစ်ဖို့ အပြည့်အဝ သက်ရောက်မှု မတိုင်ခင် အချိန် အနည်းငယ်တော့ ရကောင်းရနေနိုင်သေးတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
ဒီကနေ့မှာ တစိတ်တပိုင်း စတင် အသက်ဝင်ပြီ ဖြစ်တဲ့ သမ္မတ အိုဘားမားရဲ့ ကျန်းမားရေး စောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ရီပတ်ဘလီကန်တွေက ဆိုင်းငံ့ထားစေချင်တာ ဖြစ်ပြီး အပြန်အလှန်အားဖြင့် အခု ဘတ်ဂျက်ကို အတည်ပြုပေးဖို့ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အဲဒီလို သဘာမတူနိုင်ခဲ့တဲ့အတွက် အိုဘားမား အစိုးရ အနေနဲ့ ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး အစိုးရ လုပ်ငန်းဌာန တချို့ကို ရပ်ဆိုင်းဖို့ အိမ်ဖြူတော်က အမိန့်ထုတ်လိုက်ရတာ ဖြစ်ပါတယ်။
bbc
အနားယူဖို့ လိုအပ်နေကြောင်း ခန္ဓာကိုယ်က ဖော်ပြနေသော အချက်များ
၁။ ခေါင်းကိုက်ခြင်း
တစ်ပတ်လုံး ခံစားခဲ့ရတဲ့ စိတ်ဖိစီးမှုတွေက စနေ၊ တနင်္ဂနွေရုံးပိတ် ရက်ရောက်တဲ့အခါ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို ဆိုးဆိုးရွားရွား ခံစားရတာမျိုးဖြ...စ်တတ်ပါတယ်။
အဲဒီလို မဖြစ်ရလေအောင် သင်ဘယ်လောက်ပဲ အလုပ်များများ အိပ်ချိန်၊ စားချိန်ကို ပုံမှန်ဖြစ်အောင် ကြိုးစားပါ။
၂။ ကြွက်တက်ခြင်း
တစ်ခါတစ်ရံ စိတ်ဖိစီးတာများလွန်းတဲ့အခါ ကြွက်တက်တာကို နာနာကျင်ကျင် ခံစားရနိုင်ပါတယ်။ စိတ်ဖိစီးတာကြောင့် ခန္ဓာကိုယ်တွင်းက ဟော်မုန်းတွေ မညီမမျှ ဖြစ်တာကြောင့်ပါ။
အဲဒီလိုမဖြစ်ရလေအောင် အားကစားရုံသွားပြီး တတ်ကျွမ်းတဲ့ နည်းပြရဲ့ စနစ်တကျ သင်ပြတဲ့ လေ့ကျင့်ခန်းတွေကို ဂရုတစိုက် သင်ယူလေ့ ကျင့်ပေးပါ။ ထိန်းချုပ်မှုမဲ့ အာရုံကြောရဲ့ လုပ်ဆောင်ချက်တွေကို
လျှော့ချပေးနိုင်တာကြောင့် ကြွက်တက်တာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
၃။ မေးရိုးနာကျင်ခြင်း
သင်သွားကြိတ်တာကြောင့် ဖြစ်ရတာပါ။ သင့်မှာ စိတ်ဖိစီးမှုတွေများတဲ့အခါ ညအိပ်နေရင်း သင်မသိလိုက်ပေမယ့် သွားကြိတ်မိတတ်ပါတယ်။
အဲဒီလိုမဖြစ်အောင် သွားကိုကာကွယ်ပေးတဲ့ သွားဖုံးစွပ်တပ်ပြီးအိပ်ပါ။ ၇၀ ရာခိုင်နှုန်းထိ သွားမကြိတ်အောင် ကာကွယ်နိုင်ပါတယ်။ တချို့တွေမှာ သွားလုံးဝမကြိတ်တော့တဲ့အထိ ထိရောက်မှုရှိပါတယ်။
၎။ အိပ်နေရာမှ လန့်နိုးခြင်း
တစ်ခါတစ်ရံ အိပ်ပျော်နေရင်း မကြာခဏလန့်နိုးနေတာမျိုး သင်ဖြစ်ဖူးမှာပါ။ သတိမထားမိပါဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ သင့်ကို စိတ်ပူပန်စရာတွေက လန့်နိုးနေတာပါ။
အဲဒီလိုမဖြစ်ရလေအောင် တစ်နေ့ကို ၇-၈ နာရီလောက် အိပ်ချိန်ရပါစေ။ အိပ်ခါနီး ကဖင်းဓာတ်ပါတာတွေနဲ့ အရက်သောက်သုံးတာကို ရှောင်ကြဉ်ပါ။
၅။ သွားဖုံးသွေးယိုခြင်း
စိတ်ဖိစီးမှုများတဲ့လူတွေဟာ သွားနဲ့ သွားဖုံးရောဂါတွေဖြစ်ဖို့ အခွင့်အလမ်းများပါတယ်။ ကြာရှည် စိတ်ဖိစီးတာကြောင့် ထွက်လာတဲ့ ကော်တီဇော (Cortisol) က ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို လျော့နည်းစေတာကြောင့် သွားဖုံးမှာ ဘက်တီးရီးယားတွေဝင်ဖို့ အခွင့်အလမ်းပိုရသွားပါတယ်။
အဲဒီလိုမဖြစ်ရလေအောင် ညစာစားပြီးတဲ့အခါတိုင်း သွားတိုက်ပေးပါ။
၆။ ဝက်ခြံထွက်ခြင်း
စိတ်ဖိစီးမှုများတဲ့အခါ သင့်အရေပြား ရောင်ရမ်းရာကနေ ဝက်ခြံတွေထွက်တတ်ပါတယ်။
အဲဒီလို မဖြစ်ရလေအောင် ဆယ်လီစလစ်အက်စစ် (Salcylic acid)နဲ့ ဘန်ဇွိုင်းပါအောက်ဆိုက် (Benzoyl peroxide)တွေ ပါဝင်တဲ့ လိုရှင်းတွေ လိမ်းပေးပါ။ အရေပြားခြောက်သွေ့နေရင် အစိုဓာတ်ထိန်းသိမ်းပေးတဲ့ ခရင်မ်တစ်ခုခုပါ ထပ်လိမ်းပေးပါ။ ရက်အနည်းငယ်အတွင်း မသက်သာခဲ့ရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ပါ။
၇။ နာကျင်ကိုက်ခဲခြင်း
စိုးရိမ်ပူပန်စရာတွေနဲ့ စိတ်ဖိစီးမှုတွေများတဲ့အခါ ခေါင်းကိုက်တာ၊ ခါးနာတာ၊ အိပ်မပျော်တာတွေလည်း ဖြစ်တတ်ပါသေးတယ်။
အဲဒီလိုမဖြစ်ရလေအောင် လေ့ကျင့်ခန်းလုပ်ပါ။ စိတ်ကိုဖြေလျှော့ပါ။ အေးငြိမ်းရာနေရာမှာ တရားထိုင်ပါ။
YeeMon' Diary
လက်ပံတောင်းမှာ ထုတ်မယူတဲ့ လျော်ကြေးတွေနဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေ ထူထောင်
စက်တင်ဘာလ ၃၀ ရက် မနေ့ကအထိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေက လျော်ကြေး မထုတ်ကြတဲ့ ဒေသခံတွေ ရဲ့လျော်ကြေးငွေတွေကို အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ အဖြစ် ထားရှိသွားမယ်လို့ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရေးကော်မတီ တာဝန်ရှိသူက အာအက်ဖ်အေ ကို ပြောပါတယ်။
မြေယာလျော်ကြေးငွေတွေကို စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားထုတ်ရမယ်လို့ အစိုးရက တရားဝင်ကြေငြာထားတာဖြစ်ပါတယ်။ အဲဒီငွေတွေကို ၁၈၉၄ မြေသိမ်းဥပဒေအတိုင်း ဒေသဖွံ့ဖြိုးရေးအတွက် သုံးစွဲတာဖြစ်တယ်လို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်ဆောင်ရေးကော်မတီ အတွင်းရေးမှူး ဦးတင်မြင့်ကပြောပါတယ်။
"လျော်ကြေးလာထုတ်တာ ၇ဝ ရာခိုင်နှုန်းရှိပြီ၊ သက်သက်ကို လာမထုတ်တဲ့ လူအတွက်ကတော့ သူတို့ရွာရဲ့ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းတွေမှာ သုံးစွဲပေးမယ်၊ ကျနော်တို့ ၁၈၉ ၄ မြေသိမ်းဥပဒေမှာ လည်း လျော်ကြေးနဲ့ ပတ်သက်ပြီးတော့မှ ပေးမယ်၊ ပေးလို့လာမယူရင် နောက်ဆုံးကျနော်တို့က ဒေသခံတွေ အတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေလုပ်ပေးဖို့ပါပါတယ်၊ အဲဒါကြောင့် ကျနော်တို့လုပ်တာ ဥပဒေနဲ့အညီဖြစ်ပါတယ်"
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မြေယာနဲ့ သီးနှံလျော်ကြေးငွေကို ၀မ်ပေါင်ကုမ္ပဏီက လျော်ကြေးပေးတာ ဖြစ်ပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာထဲမှာ ကျေးရွာ ၂၆ ရွာပါဝင်ပြီး ၀က်မှေး၊ ကံတော၊ ဆည်တဲနဲ့ ဇီးတောရွာတွေကတော့ စီမံကိန်းနဲ့ မလွတ်ကင်းတဲ့အတွက် အပြီးတိုင်ပြောင်းရွှေ့ရမှာ ဖြစ်တယ်လို့လည်း ကော်မတီအတွင်းရေးမှူးက ပြောပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သီးနှံလျော်ကြေးနဲ့ မြေယာလျော်ကြေးကို စက်တင်ဘာလအထိ ကျပ်ငွေသိန်းပေါင်း ရှစ်သောင်းနီးပါး လျော်ကြေးပေးပြီးဖြစ်တယ်လို့ ကော်မတီက ပြောပါတယ်။
RFA Burmese
နိုင်ငံရေးနည်းလမ်းနဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့ သမ္မတ တိုက်တွန်း
ခိုင်မာတဲ့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ခုတည်းနဲ့ မလုံလောက်ဘဲ နိုင်ငံရေးနည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ လိုအပ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ဒီနေ့ပြောလိုက် ပါတယ်။
ဒီနေ့ မနက်က သမ္မတဦးသိန်းစိန်ရဲ့ ပြည်သူတွေကို လစဉ်ပြောကြားတဲ့ မိန့်ခွန်းမှာ ခုလိုထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။
တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ သဘောတူပြီးတာနဲ့ တစ်ပြိုင်နက် နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ကို လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ၂၁ရက် နိုင်ငံတကာငြိမ်းချမ်းရေးနေ့က မြို့ကြီးတွေမှာ ငြိမ်းချမ်းရေးပွဲတွေ ကျင်းပခဲ့တာကို အားရကျေနပ်မိကြောင်းလည်း ဦးသိန်းစိန်ကပြောပါတယ်။
"ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ ထူးခြားချက်တစ်ရပ်ကတော့ ဒီနှစ် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မြစ်ကြီးနား အစရှိတဲ့ မြို့ကြီးတွေမှာ ငြိမ်းချမ်းရေးပွဲတော်တွေ ကို ပြည်သူလူထုရဲ့ ဆန္ဒအမှန်တွေကိုထင်ဟပ်ပြီး ရဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ပြင်းပြတဲ့ဆန္ဒ ကနေ ပေါက်ဖွားလာတဲ့ တက်ကြွလှုပ်ရှားမှုတွေ၊ အနုပညာလှုပ်ရှားမှုတွေကို ကျနော့်အနေနဲ့ အားရကျေနပ်မိပါတယ်၊ ပြည်သူလူထုပါဝင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အောင်မြင်မှုရရှိရန်ဖြစ်တယ်လို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်"
ဒါ့အပြင် သမိုင်းဝင်မယ့် နိုင်ငံတည်ဆောက်ရေးတွေလုပ်နေချိန်မှာ သတင်းမီဒီယာတွေအနေနဲ့ မီဒီယာလွတ်လပ်ခွင့်ကိုခုတုံးလုပ်ပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေ၊ မီဒီယာစည်းကမ်းနဲ့ မညီညွှတ်တာတွေ မလုပ်ကြဖို့လည်း အဲဒီမိန့်ခွန်းထဲမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။
RFA Burmese