You Tube ဝက်ဆိုက်ကနေ You Tube Music Awards ဆိုတဲ့ အွန်လိုင်း တေးဂီတ ဆုပေးပွဲ ကျင်းပမည်

ပို့စ်တင်ချိန် - 10/02/2013 08:56:00 AM


အင်တာနက်မှာ ဗီဒီယိုတွေကို မျှဝေကြည့်ရှုဖို့ ဝန်ဆောင်မှုပေးနေတဲ့ You Tube ဝက်ဆိုက်ကနေ You Tube Music Awards ဆိုတဲ့ အွန်လိုင်း တေးဂီတ ဆုပေးပွဲကို လာမယ့် နိုဝင်ဘာ ၃ ရက်နေ့မှာ ပထမဆုံး အကြိမ် ကျင်းပပေးတော့မှာ ဖြစ်ပါတယ်။

ဆုရွေးချယ်ပွဲအတွက် ဆန်ခါတင်စာရင်းကို ပြီးခဲတဲ့ နှစ်က You Tube ပ်ါမှာ တင်ထားတဲ့ ဗီဒီယိုတွေထဲကနေ ဘယ်လောက်ကြည့်ကြပြီး ဘယ်လောက် ရှယ်ကြလည်း ဆိုတဲ့အပေါ် မူတည်ပြီး ရွေးချယ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
BBC Burmese