Blackberry Z30 စမတ်ဖုန်းသစ် မိတ်ဆက်

ပို့စ်တင်ချိန် - 10/02/2013 08:51:00 AM




အမေရိကန်အခြေဆိုက် Blackberry ကုမ္မဏီရဲ့  မော်ဒယ်မြင့် ဖုန်းစီးရီ Z ရဲ့  နောက်ထပ် မျိုးဆက် Z30 ကို တရားဝင် မိတ်ဆက်လိုက်ပါပြီ။

မျက်နှာပြင် အရွယ်အစား ၅ လက်မ ရှိပြီး resolution က 1280x720 ရှိပါတယ်။ ppi 295 မို့ အရည်အသွေး ကောင်းတဲ့ မျက်နှာပြင်အမျိုးအစားထဲ ပါဝင်ပါတယ်။ AMOLED Display ပါ။ ဖုန်း ရဲ့  dimension အတိအကျ ကတော့ 140.7 x 72 x 9.4mm ဖြစ်ပါတယ်။ ဘက်ထရီက 2880mAh ရှိပါတယ်။ internal memory က 16GB ပါရှိပြီး microSD နဲ့ ထပ်တိုးနိုင် ပါတယ်။ 1.7 GHz Qualcomm Snapdragon S4 Pro chipset ကို အသုံးပြုပြီး RAM က 2GB ပါ။ နောက်ကင်မရာ 8 Megapixel, ရှေ့  ကင်မရာ 2 Megapixel စီ ပါရှိပြီး ကင်မရာ မှာကျ လက်ရှိ အမြင့်ဖုန်းများထက် နည်းနေတာ တွေ့ရပါတယ်။

အမေရိကန် ပစ္စည်းမို့လို့ ထင်ပါတယ်။ ဈေးနှုန်းကတော့ ဗြိတိန်ပေါင် ၆၀၀ ဝန်းကျင် ရှိပြီး ၂၀၁၃ နှစ်မကုန်ခင် ဖြန့်ချိ ရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ Team)
TechSpace Journal