တာချီလိတ်တွင် အိုက်စ် မူးယစ်ဆေး အလေးချိန် ၇ တန်ဖမ်းမိ


သျှမ်းသံတော်ဆင့်
၈ အောက်တိုဘာလ ၂၀၁၃

တာချီလိတ်မြို့နယ် တာလေမြို့နယ်ခွဲတွင် အိုက်စ် (ice or crystal methamphetamine) မူးယစ်ဆေးအမျိုးအစား ၇ တန် ထက်မနည်းဖမ်းရမိကြောင်း နီးစပ်သည့်သတင်းရပ်ကွက်ကပြောပါသည်။

အောက်တိုဘာ ၃ ရက် ညနေ ၄ နာရီခန့်တွင် ပါလျောင်း - ကျိုင်းလပ်မှ လာသည့် ကားတစီးအား မိုင်းလျဲန်းရဲတပ်ဖွဲ့ တားစီးစစ်ဆေးရာမှာ အိုက်စ် မူးယစ်ဆေးတုံးများ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း အမည်မဖေါ်လိုသူ ကုန်သည်တဦးက ပြောပါသည်။

“ပြီးခဲ့တဲ့ အပတ်ထဲက မြန်မာအာဏာပိုင်တွေက ဖမ်းမိတာ။ ပါလျောင်း- ကျိန်းလပ်ဘက်ကလာတဲ့ မူးယစ်ဆေးချက်ဖို့ ရေခဲ တုံးလိုဟာမျိုးပေါ့။ ၇ တန်လောက်ရှိတယ်။ အဲဒီအမျိုးအစားက ၁ ကီလို ဘတ် ၅ သိန်းရောင်းတယ်။ ဒေသအတွင်းပြည်သူ့ စစ်တပ်ဖွဲ့တဖွဲ့ရဲ့ ပစ္စည်းတွေ လို့ပြော တာဘဲ။ သယ်ဆောင်လာတဲ့ လူ ၃ ယောက်ကိုလဲ အာဏာပိုင်တွေဖမ်းထားတယ်။ စိုင်းနွဲ့ စိုင်းဆု နဲ့ စိုင်းဟောင်တဲ့” ဟု တာလေဒေသခံ လုံးနန်ဒီး ကပြောသည်။

အဆိုပါ ဖမ်းဆီးရမှုအား အိုက်စ် မူးယစ်ဆေးတုံး ၇ တန်မဟုတ်ဘဲ မူးယစ်ဆေးဝါးချက်လုပ်သည့် ဓါတုဆေးရေများသာ ဖြစ်ကြောင်း တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့ သတင်းရပ်ကွက်ကလည်းအတည်ပြုပြောဆိုသည်။

အဆိုပါ သယ်ဆောင်သူ ၃ ဦးမှာ မြန်မာစစ်တပ် ခလရ ၅၇၁ နှင့် ၅၇၂ တို့ထံတွင် ရံပုံငွေထည့်သွင်း နားလည်မှုရယူသဖြင့် ယခင်က လွတ်လွတ်ကင်းကင်း သယ်ယူနိုင်ခဲ့ကြောင်း၊ သို့သော် ယခုမှာမူ အပေးအ ယူမျှတမှုမရှိသည့်အတွက် သတင်း ပေါက်ကြားကာ မိုင်းလိန်းရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ကိုယ်တိုင်မြင်တွေ့ရသည့် ပြည်သူစစ်တပ်ဖွဲ့ ဝင်လားဟူအမျိုးသားတဦး ကပြောသည်။

ယခုအခါအဆိုပါ ၃ ဦးအား ရဲများက စစ်ဆေးမှုပြုလုပ်နေကြောင်းလည်း တာလေဒေသခံ နန်းနွန်းက ပြောဆိုပါသည်။

Panglong(Burmese)

ဒေါ်လာ တရာတန် ငွေစက္ကူသစ်

ဒေါ်လာ တရာတန် ငွေစက္ကူသစ် အမေရိကန်မှာ ဒီကနေ့ ဖြန့်ပါမယ် တဲ့။ ဖရန်ကလင်ရဲ့ပုံနဲ့ပါပဲ။

ကဲ ... အသစ်မှာ ဘာတွေ ပါမလဲ ကြည့်လိုက်ကြရအောင်။

ရှေ့ဘက်


ဖရန်ကလင်ရဲ့ညာဘက် အ၀ါကွက်မှာ USA, 100 စသဖြင့် ရေးထားပါတယ်။
ဘယ်ဘက်မှာ မှင်အိုးပုံတခု ထင်ထင်ရှားရှား   ရိုက်နှိပ်ထားတယ်၊ မှင်အိုးပေါ်မှာ ခေါင်းလောင်းပုံ တွေ့ရပါမယ်။
ဖရန်ကလင် နဲ့ မှင်အိုးကြားထဲမှာတော့ လုံခြုံရေးကြိုး ရှိပါမယ်။ ကြိုးပေါ်မှာ ခေါင်းလောင်းပုံတွေ 100 ဆိုတဲ့ ဂဏန်းတွေ တွေ့ရပါမယ် တဲ့။

မှင်အိုးအထက်မှာ ခပ်ရေးရေးတွေ့ရမှာကတော့ ငှက်တောင်တခုပါ။ ငှက်တောင် ဆိုတာ ကလောင်တံတို့၊ ဘောပင်တို့အစား သုံးခဲ့ဖူးတဲ့ ပစ္စည်းပါပဲ။
အမေရိကန်ခေါင်းဆောင်တွေ လွတ်မြောက်ရေးကြေညာစာတမ်းကို အဲဒါနဲ့ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

နောက်ဘက်



လေထဲ ထောင်ကြည့်ရင် ဖရန်ကလင်ကို ခပ်ရေးရေး တွေ့မယ်။
မှန်ဘီလူးနဲ့ကြည့်ရင် United States of America, USA 100, ONE HUNDRED USA, 100 ဆိုတာတွေကို ခပ်သေးသေး တွေ့ရမယ်။
စက္ကူမှာ အပြာ၊ အနီစတွေ ထည့်ထားတယ်။
အလွယ်တကူ မြင်သာတဲ့ ရွှေရောင်စာလုံးကြီးနဲ့ 100 ဆိုပြီး ရေးထားသေးတယ်။

ဒီတော့ ... ဒေါ်လာ အတုလုပ်သူတွေ ခေါင်းကိုက်စေမယ့် ငွေစက္ကူသစ် ဖြစ်ပါလိမ့်မယ်။
ဒေါ်လာအတုက တကမ္ဘာလုံးမှာ လုပ်နေကြတာပါ။ မြန်မာပြည်သားတဦးလည်း ဒေါ်လာအတု သံသယနဲ့ ထိုင်းမှာ အဖမ်းခံခဲ့ရဖူးပါတယ်။

ပုံထဲက ပိုက်ဆံမှာ SPECIMEN ဆိုတဲ့ စာလုံးကို ခပ်ရေးရေး ခပ်ကြီးကြီး တွေ့ရမှာပါ။
နမူနာ လို့ အဓိပ္ပာယ်ရတဲ့ အဲဒီစာလုံးကို ငွေစက္ကူမှာ တကယ် ပုံနှိပ်ထားခြင်း ရှိမယ် မဟုတ်ပါ။
ငွေစက္ကူထွက်ရင် ဒီစာလုံးရိုက်ထည့်ပြီးမိတ်ဆက်လေ့ရှိမယ်လို့ ယူဆရပါတယ်။

Irrawaddy


မြန်မာ့ပညာရေး မြှင့်တင်ရေးအဖွဲ့ ဖွဲ့စည်းမည်



2013-10-08

မြန်မာ့ပညာရေးကို လက်တွေ့ကျကျ ပြုပြင်ပြောင်းလဲဖို့အတွက် ပညာရှင်တွေရဲ့ အကြံဥာဏ်တွေကို စုစည်းပြီး မြန်မာ့ပညာရေး မြှင့်တင်ရေး အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန MICC မှာ မနေ့ မနက်ပိုင်းက ကျင်းပခဲ့တဲ့ ပညာရေးပြုပြင်ပြောင်းလဲမှု ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။

လက်တွေ့ကျတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုလို့ အမည်ရတဲ့ အဲဒီဆွေးနွေးပွဲမှာ သမ္မတ ဦးသိန်းစိန်က အဖွင့် မိန့်ခွန်း ပြောကြားခဲ့ရာမှာ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အဲဒီနိုင်ငံရဲ့ ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အပေါ် လုံးဝတည်မှီနေကြောင်း၊ ပညာရေးဟာ နိုင်ငံနဲ့ လူမျိုးရဲ့ အသက်ဝိဥာဉ်၊ ဖွံ့ဖြိုးမှုရဲ့ အခြေခံအုတ်မြစ်၊ လူ့အဖွဲ့အစည်း တည်ငြိမ်အေးချမ်းမှုရဲ့ ဗဟို အဖြစ် မိမိတို့အစိုးရအဖွဲ့က ခံယူထားကြောင်း၊ အခြေခံပညာနဲ့ အဆင့်မြင့်ပညာ ကဏ္ဍ နှစ်ရပ်လုံးမှာ မသင်မနေရ မူလတန်းပညာရေး၊ တက္ကသိုလ်တွေမှာ နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရေး၊ အဆင့်မီ စနစ်တည်ထောင်ရေး စတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေကြောင်း၊ ကျောင်းသစ်တွေတိုးချဲ့ဖွင့်လှစ်သလို၊ ကျောင်းအဆင့်တွေတိုးမြှင့်ရေး၊ ကျောင်းဆရာ တွေရဲ့ အရည်အသွေး တိုးမြှင့်ရေး၊ ကလေးဗဟိုပြု ချဉ်းကပ်သင်ယူမှုပုံစံနဲ့ လေ့ကျင့်သင်ကြားပေးရေး စတာ တွေ ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် မြန်မာ့အမျိုးသားပညာရေးဟာ မူဟန်မယွင်း ဖွံ့ဖြိုးတိုးတက်ခြင်းကို ဖေါ်ဆောင်နိုင်စွမ်းရှိတဲ့၊ စဉ်ဆက် မပြတ် တိုးတက်နေတဲ့ နိုင်ငံတကာအဆင့် ခေတ်မီ ပညာရေး လမ်းကြောင်းပေါ် တက်ရောက်လျှောက်လှမ်းနိုင် တဲ့ ပညာရေး ဖြစ်ကိုဖြစ်ရမယ်၊ ဒီအတွက် ပညာရှင်ကြီးတွေအနေနဲ့ မိမိတို့ရဲ့အတွေ့အကြုံတွေ၊ အမြင်တွေကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးကြပါလို့လည်း တိုက်တွန်းခဲ့ပါတယ်။

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့လေ့လာချက်တွေမှာ မြန်မာနိုင်ငံမှာ စာသင်ကျောင်းနဲ့ ကျောင်းဆရာ မလုံလောက်တာ၊ မူလတန်းပြီးအောင် မနေနိုင်သူတွေ များပြားလာနေတာ၊ ပညာရေး အဆင့် အတန်း နိမ့်ကျလာနေတာ စတဲ့ ပညာရေးကျဆင်းမှုကြီးနဲ့ ရင်ဆိုင်နေရတယ်လို့ ဖေါ်ပြကြပါတယ်။
RFA Burmese

ဆရာကြီး ဦးဂိုအင်ကာရဲ့ အရိုးပြာကို ရန်ကုန်မြစ်ဝမှာမျှော






RFA (Burmese)


နိုင်ငံရေးအကျဉ်းသား ၅၆ ဦးကို ယနေ့ စတင်လွှတ်ပေး


မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား ၅၆ ဦးကို ယနေ့ စတင်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သမ္မတဦးသိန်းစိန်၏ အကြံပေးဖြစ်သူ ဦးလှမောင်ရွှေက AFP သို့ ပြောကြားသည်။

မြန်မာနိုင်ငံတွင်င ၂၀၁၁ ခုနှစ် မတ်လက သမ္မတဦးသိန်းစိန်အစိုးရ တာဝန်ယူပြီးနောက်ပိုင်း ရာနှင့်ချီသော အကျဉ်းသားများကို ပြန်လွှတ်ပေးခဲ့ပြီးဖြစ်သည်။ ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ပြန်လွှတ်ပေးမည်ဟု သမ္မတဦးသိန်းစိန်က ဇူလိုင်လအတွင်း လန်ဒန်သို့ သွားရောက်ခဲ့သည့် ၎င်း၏ခရီးစဉ်တွင် ပြောကြားထားသည်။

Photo: AFP/Ye Aung Thu
Source: Channel NewsAsia

PLANET ညနေခင်းသတင်းလွှာ

ဈေးကွက်စီးပွားရေးစနစ် ပီပြင်စေလို

(ဆောင်းပါးရှင် - ဒေါက်တာခင်ကြီးမောင်)

အောက်တိုဘာ ၃ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်မှ ဆက်သွယ်ရေး ဥပဒေကြမ်းအား အတည်ပြု၍ သမ္မတကြီးထံသို့ ပြန်ပို့ပေးပြီး၍ ရက်ပိုင်းအတွင်း သမ္မတကြီးလက်မှတ် ထိုးပြီးပါက ဥပဒေ ပေါ်ပေါက်လာတော့ ပေမည်။ တင်ဒါအောင်ထားသော နော်ဝေအခြေစိုက် Telenor ကုမ္ပဏီနှင့် ကာတာအခြေစိုက် Ooredoo ကုမ္ပဏီများ ဖြစ်ကြသော ပြည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုလည်း လုပ်ငန်းများ စတင်နိုင်တော့မည်ဖြစ်၍ မလုံလောက် မစို့မပို့ ဆင်ပါးစပ်နှမ်းပက် ၁၅၀၀ ကျပ်တန်ဖုန်းကို စိတ်ကုန်နေကြတဲ့ ပြည်သူတွေ ပျော်နေကြပါပြီ။

နိုင်ငံတကာမှာ လက်ကိုင်ဖုန်း (Cell Phone) ၀ယ်ရင် ဆင်းမ်ကတ်တစ်ပါတည်းပါပြီး ကတ်ဖိုးသက်သက် ပေးစရာ မလိုသည်ကို ပြည်ပရောက်ဖူးသူတိုင်း သိရှိကြပြီးပါ။ ကတ်ဖိုးပေးစရာ မလိုခြင်းမှာ ဖုန်းပြောတဲ့ မိနစ်တိုင်း ၀င်ငွေရနေသောကြောင့် ကတ်ဖိုးပေးရန် မလိုပါ။ မြန်မာပြည် တစ်ခုတည်းမှာပဲ ကတ်ဖိုးပေးဝယ်ရခြင်း၊ ဈေးကြီးခြင်းများနှင့် တွေ့ကြုံကြရတဲ့ နိုင်ငံခြား ဧည့်သည်များ အံ့အားသင့်စေခဲ့ပါသည်။ ကတ်ဖိုးပေးရတဲ့ အစဉ်အလာ အကျင့်ဆိုးကို ယခုဝင်လာမည့် ပြည်ပကုမ္ပဏီနှစ်ခုသို့ အမွေဆိုး မပေးခဲ့ဖို့ သက်ဆိုင်ရာ ၀န်ကြီးဌာနနှင့် ဆက်သွယ်ရေး ဦးစီးတို့အား ပြည်သူများမှ အထူးသဖြင့် ကျေးလက်နေ ပြည်သူများမှ ကြိုတင်မေတ္တာ ရပ်ခံလိုပါသည်။

နိုင်ငံတော်တွင် လက်ရှိနှစ်ကောင်တည်းပြေးတဲ့ မြင်းပွဲမှာတော့ တစ်ကောင်က လျှော့ပေးလိုက်၊ နောက်တစ်ကောင်က တက်လိုက် အပေးအယူလုပ်ပြီး ဈေးကွက်ကို အပိုင်စီးထားရာက မကြာမီ ပြည်တွင်းကုမ္ပဏီ နှစ်ခုနှင့် ပြည်ပကုမ္ပဏီနှစ်ခု ၀င်လာတော့မည်ဖြစ်၍ လေးကောင်ပြေးမယ့် မြင်းပွဲဖြစ်လာပြီး ဈေးကွက်ပြိုင်ဆိုင်မှုတွေကို တွေ့မြင်ကြရတော့မှာ ဖြစ်ပါသည်။

ပြည်ပ ကုမ္ပဏီများ မ၀င်သေးချိန်တွင် ပြည်တွင်းကုမ္ပဏီတွေ နှစ်ပေါင်းများစွာ ကျပ် ၁၅ သိန်းတန်ကနေ ယခု ကျပ် ၁၅၀၀ တန်ဖုန်း ဖြန့်တာကလည်း ခြောက်ကြိမ်ရှိသွားပေမယ့် သုံးစွဲသူတွေ မကျေနပ်သည်ကများပြီး အတိုင်အတောတွေနဲ့ ရင်ဆိုင်နေရဆဲပါ။ ကျပ် ၁၅၀၀ ဈေးချပေးတာလျှင်ပင် ပြည်တွင်းကုမ္ပဏီ တစ်ခုမှ ကျပ် ၇၀၀ နှင့် ရောင်းချဖြန့်ဖြူးပေးမည့်အသံ ထွက်လာလို့သာ ကျပ် ၁၅၀၀ နှင့် ဈေးဖြစ်သွားကြောင်း ပြည်သူအချို့က ပြောဆိုကြပါသည်။

ဝင်ရောက်လာမည့် Telenor နှင့် Ooredoo ကုမ္ပဏီ နှစ်ခုကတော့ ငွေအရင်းအနှီးမှာလည်း တောင့်တင်းခိုင်မာ၊ Technology လည်း ပြောစရာမလို၊ အတွေ့အကြုံနှင့် စီမံခန့်ခွဲ မှုတွေမှာလည်း အခြားနိုင်ငံများမှာပါ ဆောင်ရွက်နေ၍ အဘက်ဘက်က ပြည်တွင်းကုမ္ပဏီ နှစ်ခုထက်တော့ အစစမှာ သာနေပါသည်။ ဒါကြောင့် ပြည်တွင်းကုမ္ပဏီ နှစ်ခုကလည်း တစ်ကောင်တည်း ပြေးရတဲ့ ဈေးကွက်မဟုတ်တော့ဘဲ ဈေးကွက်ဝေစု များများရအောင် Market Share တရားမျှတသော ယှဉ်ပြိုင်ခြင်းမျိုးနှင့် ပြိုင်ဆိုင်ကြရတော့မှာ ဖြစ်ပါသည်။ ပြည်တွင်းကုမ္ပဏီ ဆိုရာတွင်လည်း နိုင်ငံတော်က ရရှိတဲ့ ထောက်ပံ့ငွေ၊ ချေးငွေတွေနှင့် ဆက်သွယ်ရေး အခြေခံများကို တည်ထောင်ထားခြင်း ဖြစ်ပါသည်။ ပြည်ပကုမ္ပဏီ နှစ်ခုနှင့် ပြိုင်ဖို့က ဒါလောက်နှင့် မလုံလောက်နိုင်သေးပါ။ MPT နှင့် ထိုင်ဝမ်အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီတွေနှင့်လည်း ပေါင်းစပ်လုပ်မယ်လို့ ကြားသိရပါတယ်။ ပြင်သစ်အခြေစိုက် Orange ကုမ္ပဏီကလည်း စောင့်မျှော်နေလျက်ပါ။

ပြည်သူတွေ အနေနဲ့ လက်ရှိ ဈေးကွက်စီးပွားရေးဆန်တဲ့ မော်တော်ကား ဈေးကွက်လို မိုဘိုင်းဖုန်းဈေးကွက်ကို ဖြစ်လာစေပါသည်။ ကားဆိုရင် Show Room တွေက ကြိုက်တဲ့ကား၊ ကြိုက်တဲ့ Model ကို ကြိုက်တဲ့အချိန်၊ ကြိုက်သလောက် အစီးရေ ၀ယ်ယူရရှိနေပြီး ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး အကြွေးစနစ်ဖြင့်ပင် ၀ယ်ယူနိုင်ပါသည်။ မိုဘိုင်းဖုန်း ဈေးကွက်လည်း ဈေးကွက်စီးပွားရေးဆန်ဆန် သုံးစွဲသူ၏ ဈေးကွက် Buyer Market ဖြစ်စေရန် တရားမျှမျှတတ မှန်မှန်ကန်ကန် နိုင်ငံတကာ၏ စံနှုန်းများနှင့် ဆက်သွယ်ရေး ကုမ္ပဏီ လေးခုစလုံး ယှဉ်ပြိုင်နိုင်စေရန် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ စီစဉ်ပေးရ ပါတော့မည် ဖြစ်ပါသည်။ ရာခိုင်နှုန်း ၇၀ သော ကျေးလက်ပြည်သူများပါ ဈေးနှုန်းသက်သက်သာသာနှင့် အချိန်မရွေး ကြိုက်သလောက် ၀ယ်ယူသုံးစွဲနိုင်ပါက တောင်သူလယ်သမားများ အနေနဲ့ သတင်းအချက်အလက်များ ရရှိပြီး လူမှုဘ၀ တိုးတက်မြင့်မား လာနိုင်တော့မှာ ဖြစ်ပါသည်။

ပြည်တွင်းကုမ္ပဏီ နှစ်ခုနှင့် ပြည်ပကုမ္ပဏီ နှစ်ခုတို့မှ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မိုဘိုင်းဖုန်းရေ ၃၉ ဒသမ ၅ သန်း ရောင်းတပ်ဆင်ရမည် ဖြစ်ကြောင်း၊ တယ်လီဖုန်း သိပ်သည်းဆကို ၂၀၁၅-၂၀၁၆ မှ ၇၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၈၀ အထိ ရည်မှန်းထားကြောင်း စက်တင်ဘာလ အတွင်းက ကျင်းပခဲ့သော Myanmar Connet 2013 မှာ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြောကြားခဲ့ကြောင်း သိရသည်။ ဖြစ်နိုင်ပါသည်။ ဇူလိုင် ၅ ရက်က Park Royal ဟိုတယ်မှာ ပြုလုပ်သွားသော စာနယ်ဇင်း ရှင်းလင်းပွဲတွင် Ooredoo ကုမ္ပဏီက အာရှဒေသဆိုင်ရာ ဒါရိုက်တာဖြစ်သူ Mr.Nicholas Swierzy က ပြောကြားရာတွင် အင်ဒိုနီးရှားနှင့် မြန်မာပြည်ကို နှိုင်းယှဉ်ပြောသွားပြီး အကောင်းဆုံး ၀န်ဆောင်မှုနှင့် အကောင်းဆုံး ကွန်ရက်ကို ပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းကုမ္ပဏီမှ Representative ဖြစ်သူ Mr. Ross Cormack ကလည်း မြန်မာနိုင်ငံ အနေနဲ့ အင်တာနက် ပျံ့နှံ့မှုနှုန်းမှာ ၁၀ ရာခိုင်နှုန်း တိုးတက်လာသည်နှင့်အမျှ နိုင်ငံတော်၏ GDP သည်လည်း ၁ ဒသမ ၆ ရာခိုင်နှုန်းမှ ၁ ဒသမ ၈ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဖြစ်ပြီး မိုဘိုင်းဖုန်း ပျံ့နှံ့မှုနှုန်း ၁၀ ရာခိုင်နှုန်း တိုးတက်လာသည်နှင့် နိုင်ငံတော်၏ GDP မှာ ၁ ဒသမ ၂ ရာခိုင်နှုန်းမှ ၁ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်လာမည် ဖြစ်သဖြင့် နိုင်ငံတော်၏ စီးပွားရေး တိုးတက်မှုကို အထောက်အကူပြုစေပြီး နိုင်ငံသားများ အတွက်လည်း အလုပ်အကိုင် အခွင့်အရေးတွေ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။

သို့ပါ၍ အင်တာနက်နှင့် မိုဘိုင်းဖုန်းတို့၏ ပျံ့နှံ့သိပ်သည်းမှု ရာခိုင်နှုန်းနှင့် နိုင်ငံတော်၏ GDP မှာ ဆက်စပ်နေခြင်းကြောင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ IMF နှင့် ကမ္ဘာ့ဘဏ် World Bank တို့မှ မြန်မာပြည်၏ လာမည့်နှစ်များတွင် မျှော်မှန်းထားသော တိုးတက်လာမည့် GDP ကိုလည်း အထောက်အကူ ပြုစေရန်၊ ပြည်တွင်းပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီများမှ အားသွန်ခွန်စိုက် အချိန်တိုအတွင်း ဆင်းရဲသား ပြည်သူများအထိ သုံးစွဲနိုင်ရန် ထုတ်လုပ်ဖြန့်ဖြူး နိုင်ကြပါစေရန် ဆန္ဒပြုရ ပါသည်။ ခွဲတမ်းနှင့် ဖြန့်ဖြူးခြင်းမျိုးကို ရပ်ပြီး မှောင်ခိုဈေးကွက်ပျောက်၍ ဈေးကွက်စီးပွားရေး ပီပြင်ပါစေသော်။

Eleven Media Group

Raspberry Pi ကွန်ပျူတာ ဘုတ်ပြားတွေကို ဗြိတိန်နိုင်ငံမှာ ထုတ်လုပ်ခဲ့တာ အရေအတွက် ၁ သန်း ရှိသွားပြီ


ကမ္ဘာပ်ါမှာ အသေးဆုံးနဲ့ အရိုးရှင်းဆုံး စားပွဲတင် ကွန်ပျူတာ ဆားကစ်ပြားလို့ ခေါ်ဆိုနိုင်မယ့် Raspberry Pi ကွန်ပျူတာ ဘုတ်ပြားတွေကို ဗြိတိန်နိုင်ငံမှာ ထုတ်လုပ်ခဲ့တာ အရေအတွက် ၁ သန်း ရှိသွားပြီလို့ ရက်စ်ဘယ်ရီ ပိုင် ဖေါင်းဒေရှင်းက ပြောကြားလိုက်ပါတယ်။

အလျား ၄ လက်မ၊ အနံ ၂ လက်မ အရွယ်သာရှိတဲ့ ဒီ ကွန်ပျူတာ ဘုတ်ပြားလေးတွေကို ဗြိတိန်ရဲ့ ပညာရေး အသွင်ကူးပြောင်းရေးအတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
BBC Burmese

ဂျပန်နှင့် တရုတ် ပညာရှင်များထံမှ ရွှေတူးဖော်နည်းရယူမည်


မန္တလေး၊ အောက်တိုဘာ ၇

ရွှေကြောတွေ့ရှိပြီး ရွှေထုတ်သော်လည်း မရရှိသည့် နေရာများတွင် တူးဖော်လုပ်ကိုင်နိုင်ရန် ဂျပန်နှင့် တရုတ်နိုင်ငံမှ ပညာရှင်များကို ခေါ်ယူကာ နည်းပညာ အကူအညီဖြင့် ရွှေထုတ်လုပ်သွားမည်ဖြစ် ကြောင်း စဥ့်ကူးမြို့နယ်တွင် ရွှေတူးဖော်ရေး ဆောင်ရွက်မည့် လမ်းကျယ်ကုမ္ပဏီ လီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းလွင်က ပြောကြားသည်။
"ပေတစ်ရာအနက်မှာ ရွှေကြောတစ်ခု တွေ့တယ်။ အဲဒီက ဗြုန်းတွေကို ပြဒါးနဲ့ဖမ်းပြီး ရွှေချက်တာ ရွှေထွက်မလာလို့ နည်းပညာ အကူအညီနဲ့ ထုတ်လုပ်ဖို့ စီစဉ်နေတာပါ" ဟု ၄င်းကဆိုသည်။
အဆိုပါ ပညာရှင်များသည် အောက်တိုဘာလကုန်တွင် လာရောက် လေ့လာမည်ဖြစ်ပြီး ရွှေထုတ်လုပ်မှုကို နည်းပညာ အကူအညီဖြင့် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ၄င်းကဆက်လက်ပြော ကြားသည်။

"အခုအချိန်မှာ ရွှေထုတ်တာ အဆင့်မြင့်နည်းပညာတွေ သုံးပြီး လုပ်လာကြတယ်" ဟု မန္တလေးမြို့တော် အခြေစိုက် ရွှေပန်းထိမ်လုပ်ငန်းရှင် ဦးရွှေမိုးကဆိုသည်။

လက်ရှိ သပိတ်ကျင်းနှင့် စဥ့်ကူးမြို့နယ် တို့ရှိ ရွှေတူးဖော်ရေး လုပ်ငန်းအချို့ ရွှေတူးဖော်ရေး လုပ်ငန်းများ ရာသီဥတုကြောင့် ရပ်နားထားရပြီး မန္တလေးမြို့တော် ဈေးကွက်အတွင်းသို့ ရွှေဝင်ရောက်မှု လျော့နည်းနေကြောင်း မန္တလေးမြို့တော် အခြေစိုက် ရွှေလုပ်ငန်းရှင်များ ထံမှ သိရသည်။

"ရွှေတူးဖို့တွင်းတွေမှာ ရေပြည့်နေလို့ ရပ်ထားရတာ သုံးလရှိပြီ။ တွင်း ၂၀ လောက် ပတ်ဝန်းကျင်မှာ ရေပြည့်နေတော့ ဘယ်လိုမှတူးမရဘူး" ဟု စဥ့်ကူးမြို့နယ်တွင် ရွှေတူးဖော်နေသည့် ရွှေလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

ယင်းရေများ စုပ်ထုတ်တူးဖော်ရန်လည်း ခက်ခဲနေသဖြင့် နိုဝင်ဘာလ ရောက်မှသာလျှင် တူးဖော်နိုင်မည် ဖြစ်ကြောင်း ၄င်းက ထပ်မံပြောကြားသည်။
The Voice Weekly

ရန်ကုန် - သံတွဲ ပြေးဆွဲနေသော ယာဉ်လိုင်းတချို့ ဘာသာခြား တင်ဆောင်ခြင်း ကို ခေတ္တ ရပ်ဆိုင်းထား


ဇင်မျိုးထက် ၊ စိုးချစ်ချစ်ပိုင်

ရန်ကုန် ၊ အောက်တိုဘာ ၇။ ။ ရခိုင် ပြည်နယ် သံတွဲမြို့နယ်တွင် ဘာ သာရေးဆိုင်ရာ ပဋိပက္ခများဖြစ် ပွားမှုကြောင့် ရန်ကုန်-သံတွဲပြေး ဆွဲနေသော ယာဉ်လိုင်းတချို့မှာ ဘာသာခြားတင်ဆောင်ခြင်းကို ခေတ္တရပ်ဆိုင်းထားပြီး ကြိုတင် ဘွတ်ကင်ဖြင့် လက်မှတ်ဝယ်ယူခြင်း ကိုလည်း လက်မခံတော့ကြောင်း ရန်ကုန်-သံတွဲပြေးဆွဲလျက်ရှိ သည့် ယာဉ်လိုင်းဂိတ်များထံမှ သိရသည်။

''ကြိုတင်ဘွတ်ကင်ဆိုရင် ဘယ်လိုလူက ဝယ်မှန်းမသိလို့ မရောင်းဘူး။ လာဝယ်ရင်လဲ ဝယ် တဲ့သူကိုကြည့်ပြီး ရောင်းသင့်တယ် ထင်တဲ့သူကိုပဲ ရောင်းတယ်''ဟု ရန်ကုန်-သံတွဲ ယာဉ်လိုင်းပြေးဆွဲ သူတစ်ဦးကပြောသည်။

ယင်းကဲ့သို့ ပဋိပက္ခများဖြစ် ပေါ်လျက်ရှိသော်လည်း သံတွဲမြို့ သို့သွားရောက်သည့် ခရီးသည် များမှာ လျော့နည်းသွားခြင်းမရှိ သည့်အပြင် ယခင်ကထက် ခရီး သွားသူပိုများလာကြောင်း အောင် သစ္စာကားဂိတ်မှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

''ဒီရက်ပိုင်းအတွင်း ရန်ကုန် နဲ့သံတွဲကို အသွားအပြန်သွားဖြစ် ကြတာများတယ်။ ပုံမှန်အားဖြင့် တော့ မိုးတွင်းမှာသွားလာမှုနည်း တယ်။ သံတွဲမှာပြဿနာပေါ်လာ တော့ သွားကြသူတွေများလာ တယ်။ ကားတစ်စီးမှာ ခရီးသည် ၃ဝလောက်ရှိတယ်။ နှစ်စီးဆွဲတယ် ဆိုတော့ ၆ဝကျော်လောက်တော့ သွားဖြစ်ကြတာပေါ့။ ခုလို ပြ ဿနာတွေ ထပ်ဖြစ်မှာကိုစိုးရိမ် တာတို့ရှိတယ်။ ဖြစ်လာရင်တော့ ပိတ်လိုက်ရတော့မှာပဲ''ဟု ယင်း ကထပ်မံပြောသည်။

တချို့သောယာဉ်လိုင်း များမှာ နိုင်ငံသားမှတ်ပုံတင်ပါရှိ ပါက ဘာသာခြားတင်ဆောင်ခြင်း မျိုးရှိသော်လည်း ယာဉ်လက်မှတ် ဝယ်ယူသူအား လက်မှတ်ရောင်း သင့် မရောင်းသင့်ကြည့်ပြီးမှ ရောင်းကြခြင်း မျိုးလည်းရှိကြောင်း ရန်ကုန်မှ သံတွဲသို့ပြေးဆွဲနေသည့် ယာဉ်လိုင်းတချို့ထံမှ သိရသည်။

''သံတွဲမှာ ပြဿနာဖြစ်နေ တယ်ဆိုပြီးကြားတော့ ဒီက ရန် ကုန်-သံတွဲပြေး ဆွဲတဲ့ ကားတွေ မှာ ဘာသာခြားတွေကို မတင် တော့ဘူး။ လမ်းခရီးမှာလဲ စစ် တာတို့ ဘာတို့ကတော့ ပုံမှန်အ တိုင်းရှိပါတယ်။ ပဋိပက္ခကြောင့် ကားပြေးဆွဲတာမှာ အခက်အခဲ တော့မရှိဘူး။

တင်ပေးလိုက်လို့ ပြဿနာအကြီးကြီး ဖြစ်သွားမယ် ဆိုရင် ဂိတ်တွေပိတ်ပစ်ရမှာ''ဟု ရဲအောင်လံကားဂိတ်မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ရန်ကုန်-သံတွဲသို့ ခရီးသည် တင်ယာဉ်များပြေးဆွဲရာတွင် အ ဆင်ပြေမှုများရှိစေရန်အတွက် လုံခြုံရေးအင်အားများကိုလည်း အပြည့်အဝယူထားကြောင်း သံ တွဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှတာ ဝန်ရှိသူတစ်ဦးက ပြောသည်။

စက်တင်ဘာ ၂၈ ရက်က စက်ပစ္စည်း အရောင်းဆိုင်တစ် ဆိုင်ရှေ့ သုံးဘီးဆိုင် ကယ်တစ်စီး ရပ်ထားသည့်အတွက် ရင့်သီးစွာ ဆဲဆိုပြောဆိုကြရာ မှ အစပြုဖြစ် ပွားခဲ့သည့် သံတွဲမြို့နယ်အတွင်း ဆူပူအကြမ်းဖက်မှု မှာ အောက် တိုဘာ ၃ ရက်တွင်မှ ဒေသအခြေ အနေအနည်းငယ် တည်ငြိမ်သွား ခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် လူနေအိမ် ၁၀၀ ကျော်၊ ဗလီနှစ် လုံးနှင့် ဈေးဆိုင် တစ်ဆိုင် တို့ မီး ရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး လူပေါင်း ၅ဝဝခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် သံ သယရှိသူ ၄၄ဦးကိုလည်း သက် ဆိုင်ရာမှ ဖမ်းဆီးစစ်ဆေးနေ ကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
Yangon Media Group

Samsung Galaxy Note 3 ပြီးတော့ Galaxy J လာမည်


ဂျပန်နိုင်ငံ Rbmen techblog မှ ထွက်ရှိလာတဲ့ သတင်းနဲ့ ဓာတ်ပုံ ဖြစ် ပါတယ်။ လက်ရှိ Samsung ရဲ့  Galaxy S4 နဲ့ Galaxy Note 3 နှစ်လုံးစလုံး ကို ရောစပ်ထးတဲ့ စမတ်ဖုန်း တစ်လုံးအနေနဲ့ တီထွင်ဖန်တီးထားကြောင်း သိရပါတယ်။

ရောတယ်ဆိုတာ ဒီလိုပါ။ အရွယ်အစားက Samsung Galaxy S4 လို ၅ လက်မဖြစ်ပေမယ့် ဘေးအနား သပ်ပုံ ကျတော့ Samsung Galaxy Note 3 နဲ့ အတူတူနီးပါးကျပါမယ်။ Japanese carrier ဖြစ်တဲ့ Docomo ကတော့ သူ့ Local အတွက်မို့ docomo လို့ ရှေ့ မျက်နှာပြင်ထိပ်မှာ ဖော်ပြထားပါတယ်။ အခြားဈေးကွက်ကို ဖြန့်မယ် ဆိုရင်တော့ Samsung အမည်နဲ့ပဲ ဖြစ်ပါတယ်။ 2.3 GHz Snapdragon 800 processor, RAM 3GB, 32 GB internal storage, 2600mAh battery, 13 Megapixel Camera အစရှိသဖြင့် Specification အမြင့်တွေချည်း ပါဝင်မှာ ဖြစ်ပါတယ်။ တစ်ခုထူးခြားလာတာ ကတော့ HTC One လိုပဲ TV Tunner ပါဝင်လာပြီး ရုပ်သံချယ်နယ်များ ဖမ်းယူ ကြည့်ရှုနိုင်အုံးမှာ ဖြစ်ပါတယ။်

ဈေးနှုန်း ဘယ်လောက်ရှိမယ်ဆိုတာ မကြေညာရသေးပါဘူး။ အများစု ကတော့ Samsung Galaxy Note 3 နဲ့ မတိမ်းမယိမ်း ဈေးရှိမယ့် စမတ် ဖုန်း ဖြစ်ကြောင်း ဆိုပါတယ်။ အနီရောင်၊ အဖြူရောင်နဲ့ အပြာရောင် အရောင် သုံးမျိုး ထုတ်လုပ်ထားပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့မှ ဂျပန်မှာ စတင်ကြေညာပြီး ကမ္ဘာ့ ဈေးကွက်ကို ဖြန့်ချိရန် ရှိမရှိ မသိရသေးကြောင်း သိရပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( TSJ Team )
TechSpace Journal

မိုဟာမက်မော်စီ ထောက်ခံသူများနှင့် လုံခြုံရေးတို့ အီဂျစ်တွင် ထိပ်တိုက် အဓိကရုဏ်းဖြစ်၊ အနည်းဆုံးလူ ၅၀ သေဆုံး


ကိုင်ရို၊ အောက်တိုဘာ ၇

လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ အီဂျစ်သမ္မတရာထူးမှ ဖြုတ်ချခံလိုက်ရသည့် မိုဟာမက်မော်စီကို ထောက်ခံသူများ အီဂျစ်တွင် လမ်းမပေါ် ထိပ်တိုက် အဓိကရုဏ်းများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅၀ သေဆုံးပြီး လူအတော်များများ ဒဏ်ရာရရှိသွားခဲ့ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

သေဆုံးမှု အများဆုံး ဖြစ်ခဲ့သည့် မြို့တော်ကိုင်ရိုတွင် မွတ်ဆလင် ညီနောင်များ အင်အားစုမှ အဖွဲ့ဝင် ၂၀၀ ကျော် အဖမ်းခံခဲ့ရသေးသည်။

၁၉၇၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အာရပ်-အစ္စရေးစစ်ပွဲ နှစ် ၄၀ ပြည့် အခမ်းအနားကို စစ်တပ်ကျောထောက် နောက်ခံ အစိုးရက ဦးဆောင် ပြုလုပ်နေစဉ် မွတ်ဆလင် ညီနောင်များကို ထောက်ခံသူများက မြို့ကြီး အတော်များများတွင် ချီတက် ဆန္ဒပြကြရာမှ ထိုသို့လုံခြုံရေးများ၏ ဖြိုခွင်းမှုနှင့် ကြုံရခြင်း ဖြစ်သည်။

ဇူလိုင်လ အစောပိုင်းက မစ္စတာမိုဟာမက်မော်စီကို စစ်တပ်က အာဏာသိမ်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကို ထောက်ခံသူများက အခိုင်အမာ ပြောဆိုကြသည်။

စစ်ပွဲ ဖြစ်ပွားသည့် အထိမ်းအမှတ်နေ့၌ ပါဝင်ရန်အတွက် ရာပေါင်းများစွာသော အီဂျစ်ပြည်သူများ မြို့တော်ကိုင်ရိုရှိ တာရီရာ ရင်ပြင်တွင် စုဝေးခဲ့ကြသည်။

ဂျက်လေယာဉ်များနှင့် အပါချီ ရဟတ်ယာဉ်များကို ကိုင်ရိုမြို့ ကောင်းကင်ယံတွင် စစ်ရေးပြ ပျံဝဲခဲ့ပြီး လူထုကလည်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အဗ္ဗဒယ် ဖာတာအယ်စီစီ ပုံများကို ကိုင်ဆောင်ကာ ဂုဏ်ပြုကြပြီး အချို့ပြည်သူများက ၎င်းကို အီဂျစ်၏ နောက်တက်မည့် သမ္မတလုပ်ရန် ပြောဆိုနေကြသည်။

ထိုစဉ် မွတ်ဆလင် ညီနောင်များကို ထောက်ခံသူများကလည်း အင်အား ထောင်ပေါင်းများစွာ လမ်းမများ ပေါ်ထွက်လာကြပြီး အဆိုပါ ရင်ပြင်သို့ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် သွားကြကာ ဗိုလ်ချုပ်ကြီး အယ်စီစီကိုလည်း လူသတ်သမားဟု ဟစ်အော် ပြောဆိုကြသည်။

လုံခြုံရေးတပ်ဖွဲ့များက လမ်းမှနေ၍ ယင်းအဖွဲ့ကို ပိတ်ထားပြီး မျက်ရည်ယို ဗုံးများဖြင့် ပစ်ခြင်း၊ သေနတ်များ ထောင်ဖောက်ခြင်းတို့ဖြင့် လူစုခွဲခဲ့သည်။

မော်စီကို ထောက်ခံသူများနှင့် တပ်မတော်ကို ထောက်ခံကြသူများတို့ စင်ပြိုင်ဆန္ဒပြပွဲများ ထိပ်တိုက်တိုးမိသည့်အခါ လမ်းမပေါ်တွင် ရန်ပွဲများဖြစ်သွားသည်ဟု BBC အာရဗီဘာသာ အစီအစဉ်က ရေးသားဖော်ပြထားသည်။

လမ်းမပေါ်ရန်ပွဲများသည် နာရီပေါင်း အတော်ကြာကြာ ဖြစ်ပွားလျက်ရှိပြီး မြို့တော်ကိုင်ရိုတွင် မီးလောင်မှု အသေးစားများ ဟိုတစ်စ ဒီတစ်စ ဖြစ်ပွားခဲ့ကာ မီးခိုးလုံးများမှာလည်း နေရာအနှံ့မှ ထွက်ပေါ်လျက်ရှိသည်။

နောက်ဆုံးတွင် နှစ်ဖက်ဆန္ဒပြသူများကို စစ်တပ်က ကြားဝင်ထိန်းနိုင်ခဲ့ပြီး အခြေအနေများ တည်ငြိမ်သွားပြီ ဖြစ်သော်လည်း ဖမ်းဆီးထိန်းသိမ်းမှုများ ဆက်တိုက် ဖြစ်လျက်ရှိသည်။
The Voice Weekly

နယူးယော့ခ်သို့ ရောက်ရှိကာစက မုဒိမ်းကျင့်ခံရဖူးကြောင်း မက်ဒေါနားဖွင့်ဟ


အသက်(၅၅)နှစ် အရွယ်ရှိပြီဖြစ်သော မက်ဒေါနားက သူမသည် နယူးယော့ခ်ကို ရောက်ကာစ အချိန်တွင် တိုက်ခေါင်မိုး တစ်ခုပေါ်၌ ဓားထောက်၍ မုဒိမ်းကျင့်သူ တစ်ဦး၏ သားကောင် ဖြစ်ခဲ့ကြောင်း ဖွင့်ဟခဲ့

နယူးယော့ခ်သို့ ရောက်ရှိကာစက မုဒိမ်းကျင့်ခံရဖူးကြောင်း မက်ဒေါနားဖွင့်ဟ
သူမ၏ ငယ်ဘဝက နယူးယော့ခ် မြို့တော်တွင် မုဒိမ်းကျင့်ကြံမှု ခံခဲ့ရဖူးကြောင်း မက်ဒေါနားက ကိုယ်တိုင်ကိုယ်ကျ ဖွင့်ဟ ပြောကြားလိုက်သည်။ နိုဝင်ဘာလထုတ် Harper's Bazaar မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် Popဂီတ နာမည်ကျော် အဆိုတော်က နယူးယော့ခ်သည် သူမအတွက် နွေးထွေးစွာ ကြိုဆိုသည့် နေရာတစ်ခု မဖြစ်ခဲ့ဟု ဝန်ခံခဲ့သည်။ သူမ၏ လူငယ် အဆိုတော်ဘဝ နေ့ရက်များအကြောင်း ဖွင့်ဟရေးသားထားသည့် မှတ်တမ်းတွင် မက်ဒေါနားက ယင်းတုန်လှုပ်ဖွယ် ဖြတ်သန်းမှုကို ထည့်သွင်း ဖော်ပြခဲ့သည်။ အသက်(၅၅)နှစ် အရွယ်ရှိပြီဖြစ်သော မက်ဒေါနားက သူမသည် နယူးယော့ခ်ကို ရောက်ကာစ အချိန်တွင် တိုက်ခေါင်မိုး တစ်ခုပေါ်၌ ဓားထောက်၍ မုဒိမ်းကျင့်သူ တစ်ဦး၏ သားကောင် ဖြစ်ခဲ့ကြောင်း ဖွင့်ဟခဲ့သည်။

Material Girlစတား မက်ဒေါနားက "နယူးယော့ခ်ဟာ ကျွန်မကို လက်ကမ်းကြိုခဲ့တာတော့ မဟုတ်ဘူး။ ပထမဆုံးနှစ်မှာ ကျွန်မ သေနတ်နဲ့ ချိန်ခံရဖူးတယ်။ ကျွန်မကျောကို ဓားတစ်ချောင်းနဲ့ ထောက်ပြီး အတင်းဆွဲခေါ်တဲ့ လူတစ်ယောက်က တိုက်ခေါင်မိုး တစ်ခုမှာ မုဒိမ်းကျင့်တာကို ကြုံရဖူးတယ်"ဟု မဂ္ဂဇင်းတွင် ကိုယ်တိုင် ရေးသားထားခဲ့သည်။ သူမအနေဖြင့် ယင်းကဲ့သို့ ခက်ခဲကြမ်းတမ်းသော အတွေ့အကြုံကို မည်သည့်အသက်အရွယ်တွင် ဖြတ်သန်းခဲ့ရကြောင်း ဖော်ပြမထားသည့်တိုင် နယူးယော့ခ်သို့ ရောက်ကာစ နှစ်အပိုင်းအခြားဟု ရည်ညွှန်းမှုအရ အသက်(၂၀) ဝန်းကျင် ဖြစ်နိုင်သည်။


မက်ဒေါနားသည် အဆိုပါ လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက်မှုကို ရဲတပ်ဖွဲ့ထံ သတင်းပို့ တိုင်ကြားမှု မပြုလုပ်ခဲ့ချေ။ လူစီအိုဘရိုင်ယန် ရေးသားသည့် မက်ဒေါနား၏ အထုပ္ပတ္တိ စာအုပ်ထဲတွင် ယင်းအကြောင်းကို ထည့်သွင်း ရေးသားဖူးပြီး မက်ဒေါနား အနေဖြင့် ရဲတိုင်ရန်ထက် တုန်လှုပ်စွာပင် ငိုကြွေးနေခဲ့ကြောင်း ဖော်ပြထားသည်။ မက်ဒေါနားက နယူးယော့ခ်သည် သူမ၏ ပျိုမြစ်သော အချိန်ပိုင်းများတွင် အန္တရာယ် အပေးနိုင်ဆုံး နေရာတစ်ခုအဖြစ် ရှိနေခဲ့ကြောင်းလည်း ဝေဖန်ထားသည်။ "ကျွန်မအိမ်ကို (၃)ခါ ဖောက်ထွင်းခံရတယ်။ ဘာကြောင့်မှန်းတော့ မသိဘူး။ ကျွန်မဆီမှာ ဘာတန်ဖိုးရှိတဲ့ အရာမှ မရှိတော့ ရေဒီယိုလေးကို ခိုးသွားတယ်"ဟု Vogue အဆိုတော်က မဂ္ဂဇင်းအတွင်း ရေးသားထားသည်။


သူမက နယူးယော့ခ်တွင် အထီးကျန် ဆန်ခဲ့ခြင်းကပင် ဘဝ၏ အောင်မြင်မှု တွန်းအား ဖြစ်လာကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။ "ကျွန်မကို လူတော်တော်များများ ကြောင်တောင်တောင်လို့ ထင်ကြတယ်။ ကျွန်မမှာ သူငယ်ချင်း များများစားစားလည်း မရှိဘူး။ ဒါပေမဲ့ အားလုံးဟာ အဆုံးသတ်ချိန်မှာ အကောင်းဘက်ကို ဦးတည်သွားတယ်။ ကိုယ့်မှာ ပုဂ္ဂိုလ်ရေးဘဝ တွယ်ယှက်မှု သိပ်မရှိတဲ့အခါ အနာဂတ်ကို ပိုပြီးတော့ အာရုံစိုက်လို့ ရလာတယ် မဟုတ်လား"ဟု သူမက ထောက်ပြသွားသည်။

၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် အားကစား သတင်းထောက်များ နှင့် ဓာတ်ပုံသမားများ အလိုရှိသည်။




၁။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ငွေဆောင်မြို့များ၌ ကျင်းပမည့် အားကစားပွဲများအတွက် သတင်းရယူနိုင်သူ ဖြစ်ရမည်။

၂။ နိုဝင်ဘာ ၁၅ ရက် မှ ဒီဇင်ဘာ ၃၁ အထိ တာဝန်ထမ်းဆောင်ရမည်။

၃။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများကို စိတ်ဝင်စားပြီး အပင်ပန်းခံနိုင်ရမည်။

၎။ သတင်းစာပညာ တတ်ကျွမ်းထားသူ ဖြစ်ရမည်။ သတင်းထောက် အတွေ့အကြုံရှိသူကို ဦးစားပေးမည်။

၅။ အားကစားပြိုင်ပွဲများအတွက် သတင်းရယူခြင်းနှင့် ပတ်သက်ပြီး မဇ္ဈိမမှ ပို့ချပေးမည့် သင်တန်းများသို့ တတ်ရောက်နိုင်ရမည်။

လျှောက်ထားလိုသူများသည် ကိုယ်ရေးအကျဉ်း၊ ပညာအရည်အချင်း လက်မှတ်၊ ရဲစခန်း ထောက်ခံစာ၊ မှတ်ပုံတင် မိတ္တူ၊ ဓာတ်ပုံ ၃ ပုံတို့ကို ယူဆောင်ပြီး အောက်တိုဘာ ၁၅ ရက် မတိုင်မီ မဇ္ဈိမ မီဒီယာ၊ အခန်း ၄ဝ၇၊ ပုလဲကွန်ဒို အဆောင်(C)သို့ လူကိုယ်ဖြစ်စေ သို့မဟုတ် [email protected] သို့ဆက်သွယ် ပေးပို့နိုင်ကြပါသည်။

သိလိုသည့် အချက်လက်များကိုလည်း ဖုန်းနံပါတ် ဝ၉ ၄၂၁၁၁၃၄၄၂ သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
The Myanma Age

ဆီးဂိမ်းအတွင်း အင်တာနက်အသုံးပြုရာတွင် လူသုံးသောင်းခန့် တစ်ပြိုင်နက် အသုံးပြုနိုင်မည့်ကွန်ရက်ကို တည်ဆောက်ထားဟုဆို


မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် ဆီးဂိမ်းအတွင်း အင်တာနက်အသုံးပြုရာတွင် လူသုံးသောင်းခန့် တစ်ပြိုင်နက်အသုံးပြုနိုင်မည့် ကွန်ရက်ကို တည်ဆောက်ထားကြောင်း Red
Link ကုမ္ပဏီ၏ Vice Chairman နှင့် Co-Founder ဦးသိန်းသန်းတိုးက ပြောသည်။


အဆိုပါကုမ္ပဏီအနေဖြင့် ပြိုင်ပွဲကာလအတွင်း နေရာ ၆ နေရာတွင် အင်တာနက်ဝန်ဆောင်မှုကို ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ “ရန်ကုန်နဲ့ ပုသိမ်မှာ ကျင်းပမယ့် (၆) နေရာမှာ ဆောင်ရွက်ပေးသွားမှာပါ။ ကွန်ရက်ကို သေချာ တည်ဆောက်နေတယ်။ တစ်ပြိုင်နက်တည်း လူအယောက်သုံးသောင်းလောက် သုံးလို့ရတဲ့ နက်ပ်ဝက်ကို တည်ဆောက်ထားတယ်” ဟု ဦးသိန်းသန်းတိုးက ပြောသည်။ မြန်နှုန်းသတ်မှတ်ချက်ကို လက်ရှိအချိန်တွင် မသတ်မှတ်ရသေးသော်လည်း မြန်နှုန်းအများအပြား တိုးချဲ့သွားမည်ဖြစ်ကြောင်း ဆိုသည်။


“Speed ကိုတော့ အခုအချိန်ထိ မသတ်မှတ်ရသေးပေမယ့် ကျိန်းသေတယ်။ MPT ဘက်ကနေပြီး Sea Game အတွက်ရည်ရွယ်ပြီးတော့ အများကြီးချဲ့ထားတယ်” ဟုပြောကြားသည်။ ဝိုင်ဖိုင်အင်တာနက်စနစ် အသုံးပြုရာတွင် လိုင်းကျပ်တည်းမှုမဖြစ်အောင် Access Point အများအပြား ထည့်သွင်းထားကြောင်း၊ ယခင်သတ်မှတ်ထားသော အစီအစဉ်ထက် သုံးဆခန့်တိုးမြှင့်ထားကြောင်း သိရသည်။ အဆိုပါ အင်တာနက်စနစ်ဆောင်ရွက်ချက်အတွက် အတွေ့အကြုံရှိ ပြည်ပနည်းပညာကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။


နိုင်ငံတကာအဆင့်မီ နည်းပညာများသုံးထားသည်ဟု ဆိုသည်။ “နိုင်ငံခြား ကုမ္ပဏီက အရင်နှစ်တွေက ဆီးဂိမ်းတွေကို အင်တာနက်ဝန်ဆောင်မှုပေးရာမှာ အတွေ့အကြုံရှိထားတော့ သူတို့ရဲ့ အကြံဉာဏ်နဲ့ ပူးပေါင်းဆောင်ရွက်တာပါ။ သူတို့နဲ့ပေါင်းပြီးတော့မှ ဒီဇိုင်းတွေဘာတွေပြန်ပြင်၊ ထပ်တိုးစရာရှိတာတွေထပ်တိုး စတာတွေ ဆာင်ရွက်သွားတာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်ကျင်းပသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအမီ ပြည်တွင်းအင်တာနက်လိုင်းများ၏ မြန်နှုန်းကို 10GB အထိ တိုးမြှင့်ရန် ပြင်ဆင်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြောကြားခဲ့ဖူးသည်။ အင်တာနက်မြန်နှုန်းများ အဆင့်မြှင့်တင်ခြင်းကို နေပြည်တော်၌အဓိက ဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ကုန်-မန္တလေး-နေပြည်တော် ဖိုင်ဘာဆက်ကြောင်း အဆင့်မြှင့်တင်ြခင်းကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။



ထွန်းထွန်း
myanmarinternetjournal

ဘုရားခန်းကိုးကွယ်ထားရှိခြင်း၏ အကျိုးကျေးဇူး (၉) မျိုး




မိမိတို့ အိမ်တွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များကို
ဘုရားခန်းနှင့် ကိုးကွယ်ထားခြင်းအားဖြင့် ဖော်ပြလတ္တံ့ ပါ
အကျိုးကျေးဇူး (၉) မျိုးကို ရရှိပါသည်။


(၁) ဘုရားခန်းရှိသည့်အတွက် ဘုရားကို မြင်နေရခြင်း၊
ဘုရားဝေယျာဝစ္စ ပြုနေရခြင်း၊ ဘုရားကို ကိုင်းညွတ်သည့်
စိတ်ဖြင့် မမေ့ခြင်းနှင့် ဘုရား တရားနှင့် ကင်းကွာမနေခြင်း။

(၂) မြတ်စွာဘုရားကို ဖူးတွေ့ ရခြင်းဖြင့် ဗုဒ္ဓဘာသာအပေါ်
ပို၍ ယုံကြည်မှု လေးနက်လာသည်။

(၃) အိမ်တွင် ဘုရားခန်းရှိလျှင် စနစ်တကျ ဆည်းကပ်ကိုးကွယ်မှု
ပြုခြင်းဖြင့် သတိမြဲခြင်းနှင့် ပညာဥာဏ် ထက်မြက်ခြင်းများ
ရှိလာသည်။

(၄) ကုသိုလ်တရားများ တိုးပွားလာသည်။

(၅) စိတ်ညစ်ညူးမှု ရှိလာလျှင် ဘုရားခန်း ဘုရားရှင် ရှေ့ တော်သို့ 
သွားပြီး ဘုရားပန်းလဲခြင်း၊ မြတ်စွာဘုရားကို အသေအချာကြည့်
အာရုံပြုလိုက်ခြင်းဖြင့် စိတ်ညစ်ညူးမှုများ ပပျောက်လာသည်။
အမှားအယွင်းများ မပြုလုပ်မိတော့ဘဲ ရပ်တန်းမှ ရပ်ပြီး
စိတ်ကြည်နူးမှု ချက်ချင်း ရရှိလာပါသည်။

(၆) အိမ်တွင် ဘုရားခန်းရှိသဖြင့် နာနာဘာဝ ၀ိနာဘာဝများ၏
အနှောက်အယှက်များမှ ကင်းပြီး မကြောက်မရွံ့  နေနိုင်ပါသည်။

(၇) ဆင်းရဲဒုက္ခကို သည်းခံလာနိုင်သည်။

(၈) ဘုရားခန်းကို ပိုးမျှင် ဖုန်များ ကင်းစင်အောင် လှည်းကျင်း
သုတ်သင်ပြီး ကျကျ နန ထားလျှင် အိမ်ကျက်သရေ၊
လူ့ ကျက်သရေ တက်ပြီး ဂုဏ်သိက္ခာများ တက်ပါမည်။

(၉) ဘုရားခန်းရှိသဖြင့် မြတ်စွာဘုရားနှင့် အတူပေါင်းသင်း
နေရသကဲ့သို့  ဖြစ်ပြီး သူတပါး၏ ချီးမြှောက်ပူဇော်မှုကို
ခံယူရရှိနိုင်ပါသည်။

(ဗုဒ္ဓဘာသာကောင်း တစ်ယောက် မှ)

Credit To : အနှိုင်းမဲ့စာတိုပေစများ

မှတ်ချက် - နံပါတ် (၉) အချက်ကို ကျွန်တော် သင့်လျော်သလို စာသားပြင်ထားပါသည်။ မူရင်း စာရေးသူ၏ အရေးအသားမှာတော့ " ဘုရားခန်းရှိသဖြင့် မြတ်စွာဘုရားနှင့် အတူပေါင်းသင်း
နေရသကဲ့သို့  ဖြစ်ပြီး သူတပါး၏ ချီးမြှောက်ပူဇော်မှုကို ခံယူရရှိနိုင်ပါသည်။ " လို့ ပါရှိပါတယ်။
...................
Myawady News

ဒေါ်အောင်ဆန်းစုကြည်ကို ဒေါက်တာ ဇာနည် ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်

ဒေါ်အောင်ဆန်းစုကြည်ကို ဒေါက်တာ ဇာနည် ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက် - Silly man Mg Zarni criticises Daw Aung San Suu Kyi


မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမှာ လက်ရှိနေထိုင်နေတဲ့ ဒေါက်တာ ဇာနည် က ဒေါ်အောင်ဆန်း စုကြည် ကို ရိုဟင်ဂျာ ( ဘင်ဂါလီ) ကိစ္စ နဲ့ ပြင်းပြင်းထန်ထန် ဝေဖန်တာကို အယ်လ်ဂျာဇီးရား သတင်းက ထုတ်လွှင့်ပြသ သွားပါတယ်။
ဒေါက်တာ ဇာနည်ဟာ တချိန်က မြန်မာစစ်အစိုးရကို အကြီးအကျယ် ကန့်ကွက်ခဲ့သူ အမေရိကန် အခြေစိုက် ကင်ပိန်း သမား ဖြစ်ခဲ့ပြီး စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့် အာဏာ ရှိစဉ်က ရန်ကုန်ပြန်ပြီး စစ်ထောက်လှမ်းရေးတွေနဲ့ အလွမ်းသင့်ခဲ့သူလည်း ဖြစ်ပါတယ်။

သူ ဘာကြောင့် အခုလို ပြောရတယ်ဆိုတာ ဒေါက်တာ ဇာနည်နဲ့ အယ်လ်ဂျာဇီးရား အမေးအဖြေကဏ္ဍ ရုပ်/သံမှာ ကြည့်နိုင်ပါပြီ။
မူရင်း ကိုထွန်းဝေ
L T

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ အီးမေးလ်၊ ဖုန်းများဖြင့် အကြံပြုချက်ပေးပို့နိုင်

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ အီးမေးလ်နှင့်ဖုန်းများဖြင့် အကြံပြုချက်ပေးပို့နိုင်ကြောင်း သိရသည်။
 
ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင်ရည်အကဲဖြတ်အဖွဲ့သို့ ပြည်သူများမှ အကြံပြုချက်များ ပေးပို့နေသည့် အီးမေးလ်လိပ်စာ pspa.taskforce@gmail. com နှင့် ဖုန်းနံပါတ် ၀၁-၂၃၉၉၆၆၆ သို့ပေးပို့ပါကလည်း ပုဂ္ဂလိကကဏ္ဍပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီသို့ပါ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ပုဂ္ဂလိကကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖြည့်ဆည်းပေးရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခြင်း သတင်းထုတ်ပြန်ချက်အရသိရသည်။ ယခင်က ပြည်သူများလတ်တလောကြုံတွေ့နေရသည့် အခက်အခဲများ ဖြေရှင်းနိုင်ရန်အတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင်ရည်အကဲဖြတ်အဖွဲ့မှ ဆောင်ရွက်ပေးခဲ့ပြီး ပြည်သူများ၏ အကြံပြုချက်များကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရထံများမှ ပြည်သူများသိရှိအောင် ပြန်လည်ဖြေရှင်း အသိပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ယခုအခါ ပြည်သူများ၏ စီးပွားရေးနှင့် လူမှုရေးကဏ္ဍအသီးသီးမှ ဆွေးနွေးမေးမြန်းအကြံပြုချက်များမှာ ပိုမိုကျယ်ပြန့်လာ၍ နိုင်ငံတော်သမ္မတမှ ကျန်ရှိသည့် ကာလများတွင် ပြည်သူ့ဗဟိုပြု၊ အကျိုးပြုလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာနယ်ပယ်ကဏ္ဍ အသီးသီးအလိုက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ဆပ်ကော်မတီ (၂၆) ခုကို ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ကြောင်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင်ရည်အကဲဖြတ်အဖွဲ့ခေါင်းဆောင်၊ သမ္မတရုံးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက အထက်ပါအစည်းအဝေး၌ ပြောကြားခဲ့ကြောင်း စက်တင်ဘာလ ၃၀ ရက် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။


ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင်ရည်အကဲဖြတ်အနေဖြင့်လည်း လုပ်ငန်းများကို သီးခြားဆောင်ရွက်သွားမည့်အပြင် ပြည်သူများ၏ ဆန္ဒမေးမြန်းချက်များကို သက်ဆိုင်ရာဆပ်ကော်မတီများမှ တာဝန်ယူဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ ၎င်းဆပ်ကော်မတီများသည် ပုဂ္ဂလိကအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်တွင်းပြည်ပနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် နီးကပ်စွာအချိန်ယူတွေ့ဆုံ၍ အများပြည်သူ့ဆန္ဒ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပုဂ္ဂလိကကဏ္ဍများ ပိုမိုတိုးတက်အောင် ဆောင်ရွက်ဖြည့်ဆည်းပေးရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းရာတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။


ထွန်းထွန်း
myanmarinternetjournal

လိင်ပြောင်းခွဲစိတ်ကုသမှုအဆင်မပြေ၍ ကိုယ့်ကိုယ်ကို အဆုံးစီရင်




ပြီးခဲ့တဲ့တနင်္လာနေ့ က အသက် ၄၄ နှစ်အရွယ် လိင်ခွဲစိတ်ပြုပြင်ထားတဲ့ ဘယ်လ်ဂျီယံအမျိုးသား တဦးဟာတရားဝင် သူ့ ကိုယ်သူသတ်သေသွားခဲ့ ပါတယ်။
နာသန်ဗာဟက်စ်ဟာ နန်စီ ဆိုတဲ့အမည်နဲ့ အမျိုးသမီးတယောက်အဖြစ်မွေးဖွားလာခဲ့ပြီး သူ့ ကိုယ်သူ အမျိုးသမီးခန္ဒာကိုယ် ထဲမှာပိတ်မိနေတဲ့ ယောက်ျားလေးတစ်ယောက်အဖြစ်အမြဲခံစားနေရတာပါ။ ဒါနဲ့  ၂၀၀၉ ခုနှစ်မှာ ဟော်မုန်း ဆေးတွေနဲ့ ယောက်ျားအဖြစ်ပြောင်းဖို့ ကုသခြင်းကိုစတင်ခဲ့ပါတယ်။၂၀၁၂ ခုနှစ်မှာ တော့နောက်ထပ် ခွဲစိတ်ကုသမှုအတော်များများပြုလုပ်ခဲ့ပါတယ်။
ခွဲစိတ်ကုသမှုတွေမပြီးခင်မှာတော့ သူဟာယောက်ျားတစ်ယောက်အဖြစ်အသစ်မွေးဖွားလာဖို့ အတွက် အတော်မျှော်လင့်ချက်ကြီးခဲ့တာပါ။ ဒါပေမယ့် ခွဲစိတ်မှုတွေအပြီး သူ့ ကိုယ်သူမှန်ထဲမှာပြန်ကြည့်တော့ "မှန်ထဲကြည့်ရတာ ကျနော့်ကိုယ် ကျနော်တောင်စိတ်ပျက်ပါတယ်ဗျာ။ကျနော့်ရင်အုပ် ကမျှော်လင့် ထားသလို ဖြစ် မလာဘူး။ခွဲစိတ်ပြုပြင်ထားတဲ့လိင်အင်္ဂါ ကလည်းအဆင်မပြေ တဲ့လက္ခဏာတွေပြနေ တယ် ဗျာ။" (symptoms of rejection ဖြစ်နေတယ်လို့ ဆိုပါတယ်။လိင်အင်္ဂါခွဲစိတ်ကုသခံရာမှာ သူ့ ရဲ့ ကိုယ်ခံအားစနစ်က ခွဲစိတ်တပ်ဆင်လိုက်တဲ့လိင်အင်္ဂါတစ်ရူးတွေကိုတိုက်ခိုက်တာလို့ ဆိုပါတယ်)

စိတ်ဓာတ်အကျကြီးကျနေတဲ့ နာသန်ဟာနောက်ဆုံး သူ့ ကိုယ်သူ တရားဝင်သတ်သေ ဖို့ ဆုံးဖြတ် လိုက်ပါတယ်။ဘယ်လ်ဂျီယမ်ဟာ ကမ္ဘာပေါ်မှာကိုယ့်ကိုယ်ကို သတ်သေဖို့ ခွင့်ပြုတဲ့ ဥရောပ သုံးနိုင်ငံထဲကတနိုင်ငံဖြစ်ပါတယ်။
ပြီးခဲ့တဲ့လပေါင်းများစွာကတည်းကသူ့ ကိုယ့်သတ်သေခွင့်ပြုဖို့ လျှောက်လွှာတင်ထားခဲ့ပြီးဘယ်လ်ဂျီယမ် ရဲ့ ၂၀၀၂ခုနှစ်ဥပဒေအရ သူ့ ကိုသေခွင့်ပြုလိုက်ပါတယ်။ တနင်္လာ နေ့ နာသန်ဟာ ဘရပ်ဆဲလ် ကဆေးရုံမှာသေဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

သေခွင့်လျှောက်ထားသူတွေဟာစိတ်ကူးပေါက်ပြီး လုပ်တာမျိုးမဖြစ်ရလေအောင် ဆရာဝန်တွေနဲ့  အကြိမ်ကြိမ်တိုင်ပင်ဆွေးနွေးရပါတယ်။ သေခွင့်လျှောက်ထားချိန်နဲ့ ခွင့်ပြုချိန်အကြား အနည်းဆုံးတစ်လကြာပါတယ်။
သူတို့ ကို သေစေနိုင်တဲ့အကြောဆေးထိုးပေးလိုက်တာပါပဲ။ စက္ကန့် ပိုင်းအတွင်းမှာ သတိလစ်သွားပြီး ငါးမိနစ်အတွင်းငြိမ်ငြိမ်သက်သက်နဲ့ ပဲသေဆုံးသွားပါတယ်။
ဒီဥပဒေက လူသားတွေကို သိက္ခာရှိရှိသူတို့ ဘ၀ကိုအဆုံးသတ်ခွင့်နောက် ဆုံးအခွင့်အရေးကိုပေးခြင်းဖြစ် တယ်လို့ ဆိုပါတယ်။လူသားတိုင်းမှာသူတို့ ဘ၀ကို သူတို့ အဆုံးသတ်ချင်ရင် အဆုံးသတ်လိုက် ဖို့ ဆုံးဖြတ်ချက်ချနိုင်တယ်။ ဒီလိုအဆုံးသတ်တဲ့ကိစ္စမှာ ဂုဏ်သိက္ခာရှိရှိနဲ့ အဆုံးသတ်နိုင် ဖို့ ဒီဥပဒေကအာမခံပါတယ်လို့ ဆိုပါတယ်။
ဒီဥပဒေထုတ်ပြန်ပြီး ၂၀၀၂ နောက်ပိုင်းမှာ သတ်သေဖို့ ခွင့်တောင်းမှုတွေတနှစ်ထက်တနှစ်ပိုပို တိုးလာတယ်လို့ သိရပါတယ်။
၂၀၁၀ နဲ့  ၂၀၁၁ခုနှစ်မှာသတ်သေခွင့်တောင်းသူတွေဟာ အသက်၆၀နဲ့ ၇၀ကြား သက်ရွယ်ကြီးရင့် သူတွေဖြစ်ပြီး ၇၅ ရာခိုင်နှုန်း ကပြင်းထန်တဲ့ ကင်ဆာရောဂါခံစားနေကြရသူတွေဖြစ်ပါတယ်။
မှတ်တမ်းတွေအရ၂၀၁၂ခုနှစ်မှာတရားဝင် သတ်သေသူ ၁၄၃၂ ဦးရှိတယ်လို့ သိရပါ တယ်။ ဥရောပတိုင်းပြည်တွေဖြစ်တဲ့ နယ်သာလန်၊ဘယ်လ်ဂျီယန်နဲ့ လူဇင်ဘတ်နိုင်ငံတွေမှာ ဒီလိုသတ်သေခွင့်ကိုတရားဝင်ခွင့်ပြုထားပြီး အမေရိကန်မှာတော့ဝါရှင်တန်၊အော်ရီဂွန်၊ မွန်တာနား နဲ့ ဗားမောင့်ပြည်နယ်တွေမှာ ဆေးပညာရှင်ရဲ့ အကူအညီနဲ့ သတ်သေခွင့်ကို ဥပဒေအရခွင့်ပြုထားပါတယ်။
Myawady News


Android က iPhone ထက် ပိုလုံခြုံတယ် - Eric Schmidt




ကျနော်ပြောတာမဟုတ်ပါဘူး။ Google ရဲ့  ဥက္ကဌ ( Chairman ) အရစ်စမစ်ခ်ျ ကိုယ်တိုင် အင်တာဗျူးတစ်ခုမှာ ပြောတဲ့စကားပါ။

အမေရိကန် Homeland Security ရဲ့  ထုတ်ပြန်တဲ့ သတင်းအချက်အလက် အရ ၇၃ ရာခိုင်နှုန်းသော Malware attack ဟာ Android ဆီကို ဦးတည်ပြီး ၀.၇ ရာခိုင်နှုန်းကသာ iOS platform ဆီကို ဦးတည်ခြင်း ဖြစ်ပါ တယ်။ ပြီးတော့ နည်းပညာ လုံခြုံရေးဆော့ဖ်ဝဲ ကုမ္မဏီ Tech Micro က ထုတ်ပြန်တဲ့ စစ်တမ်း အရဆိုရင်လည်း Android application အခုပေါင်း ၁ သန်းမှာ malware များ ပါဝင်နေပြီး iOS မှာတော့ အနည်းငယ်သာ ပါဝင် ခြင်း ဖြစ်ပါတယ်။ (iOS platform က app တွေမှာ Malware ပါဝင်မှု စာရင်းကို မထုတ်ပြန်ပေမယ့် Android ထပ် အစပေါင်းများစွာ နည်းပါးတယ်လို့ လူတိုင်း ယုံကြည်ထား ပါတယ်။)

အဲ့ဒီလို သတင်းတွေထွက်နေချိန်မှာ ITxpo သတင်းဌာနက Eric Schmidt ကို Face to Face အင်တာဗျူးတုံး မေးခဲ့ပါတယ်။ Ecri ဖြေခဲ့ပုံကတော့ -
“ဘာ.. မလုံခြုံဘူး ဟုတ်လား။ အဲဒါ iPhone ထပ် ပိုလုံခြုံတာပါ”

သူ့ရဲ့  ဖြေရှင်းချက်ကတော့ ဒီလိုပါ။ Android ကို တိုက်ခိုက်မှု များတယ် ဆိုတာ တိုက်ခိုက်ချင်စရာ ကောင်းလောက်အောင် လုံခြုံနေလို့ပါ။ ဘီလျံ တစ်ထောင်ကျော်တဲ့ Activation များ ရှိနေပြီး real-world testing မှာ ကြံ့ ကြံ့ ခံနေတဲ့ သူရဲကောင်း တစ်ဦးပမာ ဥပမာ ပေးထားပါတယ်။

“Android ဟာ အင်မတန် လုံခြုံရေး မြင့်မားပါတယ်” နောက်ထပ် ထပ်လောင်းပြောကြားခဲ့သေးကြောင်း သိရပါတယ်။

.

Ref: pocketlint
အောင်ခမ်း ( TSJ Team )
TechSpace Journal


တစ်ချိန်ထဲမှာဘာသာနှစ်မျိုးကို လက်နှစ်ဖက်နဲ့ မတူတဲ့ဦးတည်ရာသို့  ရေးနိုင်တဲ့တရုတ်အမျိုးသမီးတစ်ဦး


သူမရဲ့နာမည်ကတော့ " Chen Siyuan "ဖြစ်ပြီး သူမအကြောင်းကိုစတင်သိရှိချိန်မှာတော့
သူမရဲ့အသက်ဟာ 24နှစ်ရှိနေပါပြီ။

သူမဟာ သူမငယ်စဉ်ကတည်းကကျောင်းသူဘ၀ထဲကအိမ်စာတွေကို
ဒီစာရေးနည်းနဲ့ ကျောင်းမှာပဲပြီးအောင်အမြန်လုပ်ခဲ့ပြီး ဒီအိမ်စာတွေ
ပြီးသွားချိန်မှာသူမကိုယ်သူမလက်နှစ်ဖက်စလုံးနဲ့ စာရေးခဲ့တာတောင်
သတိမထားခဲ့ပါဘူးတဲ့...ဒါကိုမြင်တဲ့သူမရဲ့သူငယ်ချင်းတွေကသူမလို
စာရေးနိုင်အောင်လိုက်ကြိုးစားသင်ယူခဲ့ပေမယ့် တစ်ယောက်မှမအောင်မြင်
ခဲ့ဘူးလို့ လဲပြောကြားထားခဲ့ပါတယ်။

ယခုအချိန်မှာတော့သူမဟာ English အထူးပြုနဲ့ တက္ကသိုလ်ပြီးခဲ့ပြီဖြစ်ပြီး
သူမရဲ့ဝါသနာပါရာ ကဗျာရေးတဲ့အနုပညာကိုအောင်မြင်စွာ
လုပ်ကိုင်နေပြီလို့ သိရပါတယ်။

Chen Siyuan စာရေးတဲ့ Video ကိုကြည့်ချင်ရင်တော့
မှာဝင်ရောက်ကြည့်နိုင်ပါတယ်။
Credit: Scientist Myanmar

ကျမတို့မှာ အနာဂတ် ပျောက်နေပြီ


ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲမြို့အနီးတ၀ိုက်ရှိ အနည်းဆုံးရွာ ၅ ရွာတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး အခြေအနေက တည်ငြိမ်စပြုလာသလို ထင်ရသည်။

သို့သော်လည်း ရခိုင်ဗုဒ္ဓဘာသာဝင် လူအုပ်ကြီး၏ တိုက်ခိုက်မှုကြောင့် ထွက်ပြေးလာခဲ့ရသည့် ရာနှင့်ချီသော မွတ်ဆလင် ရွာသားများ ကတော့ ဟိုဒီ ပြန့်ကျဲလျှက် ကျန်နေသေးသည်။ အချို့က အနီးအနားက မွတ်ဆလင်ရွာတွေဆီ ထွက်ပြေးကြရသည်။ အချို့က တောအုပ်တွေ အတွင်းမှာ ဒါမှမဟုတ် အခြားပုန်းအောင်းလို့ ရသည့် နေရာတွေမှာ ပုန်းရှောင်နေကြရသည်။

ကြာသပတေးနေ့ ညနေပိုင်းမှာတော့ မွတ်ဆလင် အုပ်စုငယ်အချို့ ရဲတွေစောင့်ကြပ်နေသည့် ရွာတွေထဲကို ပြန်ဝင်လာကြပြီး မိမိတို့ နေအိမ်များမှ ကျန်ခဲ့သမျှ ပိုင်ဆိုင်မှုလေးတွေကို ကောက်ယူ စုဆောင်းဖို့ ရောက်လာကြသည်။

အင်္ဂါနေ့က အိမ် ၂၈ လုံး မီးရှို့ခံလိုက်ရသော ပေါက်တောရွာ အတွင်းသို့ ကြောက်ရွံ့ နေပုံရသည့် ကမန်လူမျိုး မွတ်ဆလင် မိသားစု ၀င်ရောက်လာပြီး သူတို့ ပိုင်ပစ္စည်း အချို့နှင့် မွေးမြူထားသည့် တိရိစ္ဆာန်တွေကို ပြန်လည် သိမ်းဆည်းနေချိန်မှာ လက်နက်ကိုင် မထားသည့် ရဲတပ်ဖွဲ့ဝင် အချို့က လုံခြုံရေး စောင့်ကြပ်ပေးကြသည်။

“ကျနော့် ဘ၀တော့ ဆုံးပါပြီ၊ ကျနော့် ဘ၀တော့ ဆုံးပါပြီ” ဟု အသက် ၃၀ အရွယ် ကိုဘစောလေးက တဖွဖွ ပြောရင်း ထရပ်ကားငယ်တစီး ပေါ်သို့ သူ့မိသားစုပိုင် ပစ္စည်းအချို့ကို တင်ရင်းနှင့် ပြောနေချိန်တွင် ရွာပတ်လည်က လယ်ကွင်းတွေ ပေါ်ကို အမှောင်ထုက တဖြည်းဖြည်းလွှမ်းလာသည်။

အခုတော့ ဇာတိရွာမှာ သူ ဆက်နေလို့ မဖြစ်နိုင်တော့ပါ။ “သူတို့ ကျနော့် အိမ်ကို မီးရှို့လိုက်ကြတယ်။ အခု ကျနော့်မှာ နေစရာ မရှိတော့ဘူး” ဟု သူက ပြောသည်။

ထိုအချိန်မှာ ကိုဘစောလေး၏ သမီးက ပြီးခဲ့သည့် ပဋိပက္ခတွေကြားမှာ မိခင်ပျောက်ဆုံးသွားခဲ့ကြပုံရသည့် ကြက်ပေါက်လေးတွေကို လိုက်ဖမ်းနေသည်။

“ကြက်မကြီး ရှာလို့ မတွေ့တော့ဘူး။ သူတို့ကို ကယ်ဖို့ လိုက်ဖမ်းနေတာ” ဟု ကိုဘစောလေး၏ သမီး မြင့်မြင့်နိုင်က ပြောပြသည်။ ထို့နောက် ပြောရင်း နှင့် မျက်ရည်လည်း ကျလာသည်။ “ကျမတို့ ကို ကယ်ပါဦး၊ ကျမ တို့မှာ အနာဂတ်လဲ ပျောက်နေပါပြီ၊ ကျမတို့ လုံလုံခြုံခြုံနေရမယ့် နေရာလဲ မရှိတော့ပါဘူး” ဟု သူကပြောသည်။

သံတွဲမြို့ တ၀ိုက်က ကျေးရွာများသို့ သွားရောက်လေ့လာသည့် အချိန်တွင် အခရာကျသော လမ်းမများပေါ်၌ ကင်းလှည့်နေကြသော လုံခြုံရေးတပ်ဖွဲ့ဝင် ဒါဇင် အနည်းငယ်ကို တွေ့ရသည်။ ပေါက်တောရွာတွင် ရဲတပ်ဖွဲ့ဝင်များ ရှိနေလျက်နှင့် တုတ်များ၊ ဒါးရှည်များ ကိုင်ဆောင်ထား သည့် ဗုဒ္ဓဘာသာဝင် လူငယ်များ လျှောက်သွားနေကြသည်ကိုမြင်ခဲ့ရသည်။ ရွာထဲရှိ မွတ်ဆလင် အိမ်များကို မည်သူက မီးရှို့ခဲ့သည် ဆိုသည်ကို မသိကြောင်း ရခိုင်အမျိုးသားတယောက်က ပြောသည်။ “အဲဒါတွေ ဖြစ်တုန်းက ကျနော် အိမ်မှာ မရှိဘူး” ဟု သူက ဆိုသည်။

ထိုအချိန်က သံတွဲ တမြို့နယ်လုံးကို ထိန်းချုပ်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား ၈၀ ခန့်သာရှိခဲ့သည်ဟု ရဲ အရာရှိ တဦးက ဧရာဝတီသို့ ပြောသည်။

ပေါက်တောရွာမှ ထွက်ခွာသွားရန် ပြင်ဆင်ထုပ်ပိုးနေသည့် ကမန်မိသားစု တခုမှ မငယ်ပု အမည်ရှိသည့် အမျိုးသမီးက ပြီးခဲ့ သည့် ပဋိပက္ခ ကာလများအတွင်းတွင်ရဲတပ်ဖွဲ့က ကာကွယ်ပေးနိုင်ခဲ့ခြင်း မရှိသည့်အတွက် ဒေသခံ မွတ်ဆလင်များ စိတ်ထဲတွင် လုံခြုံမှု မရှိသလို ခံစားနေကြရသည်ဟု ပြောသည်။ “ကျမတို့ လုံခြုံရေးတွေကို မယုံကြည်နိုင်တော့ဘူး။ ဘာ ဖြစ်လို့လဲ ဆိုတော့ ကျမတို့တွေ အတိုက်ခိုက်ခံနေရပါပြီလို့ သူတို့ကိုပြောပေမယ့် လာပြီး မကူညီကြဘူး” ဟု မငယ်ပု က ပြောသည်။

“ကျမတို့ အခုနေတဲ့ နေရာကို လူတချို့လာကြည့်ကြတာ ကျမတို့တွေ့တယ်။ ကျမတို့ကို လုံခြုံရေး လုံလုံလောက်လောက် ပေး မထားတဲ့အတွက် သူတို့ အချိန်မရွေး လာပြီး တိုက်ခိုက်နိုင်တယ်” ဟု သူကပြောသည်။ ကိုကြီး အမည်ရှိသည့် လူငယ် တယောက်ကမူ“ ကျနော်တို့မှာ ထပ်ပြီးပြေးစရာ နေရာလည်း မရှိတော့ဘူး။ တကယ်လို့ သူတို့က လာပြီး တိုက်ခိုက်ကြမယ် ဆိုရင်တော့ ကျနော်တို့ သေတဲ့ အထိပြန်ပြီး ခုခံတိုက်ခိုက်သွားမယ်” ဟု ဆိုသည်။

သံတွဲ ဒေသခံ အမြောက်အများ၏ ပြောပြချက်အရ ၎င်းတို့ မြို့တွင် သြဂုတ်လ ၂၆ ရက်နေ့နောက်ပိုင်းမှ စ၍ မွတ်ဆလင် ဆန့်ကျင်ရေး စိတ်ဓာတ်များ မြင့်တက်လာခဲ့သည်ဟု သိရသည်။ ထိုနေ့တွင် အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့် ရှောက်ရေး အသင်းက ဦးစီး၍ “ဗုဒ္ဓဘာသာနေ့” အခန်းအနားကို ကျင်းပခဲ့သည်။ တရားဝင် အစိုးရအသိအမှတ်ပြု မဟုတ် သည့် ဘာသာရေး အခန်းအနားတခု ဖြစ်ပြီး အဆိုပါနေ့ကို ပြန်တမ်းဝင် ရုံးပိတ်ရက် အဖြစ်သတ်မှတ်ရန် ၁၉၆၀ အစောပိုင်း နှစ်များက အဆိုပြုခြင်းများ ရှိခဲ့သော်လည်း သတ်မှတ်ခဲ့ခြင်း မရှိပေ။

“ဗုဒ္ဓဘာသာနေ့” အခန်းအနားသို့ ရာနှင့် ချီသော ဘုန်းတော်ကြီးများနှင့် ဒေသခံပြည်သူ သောင်းနှင့်ချီ၍ တက်ရောက်ခဲ့ ကြသည် ဟု သံတွဲမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဝင်းနိုင်ကပြောသည်။ ထို့ပြင် ၉၆၉ ဟု ခေါ်ကြသည့် အစွန်း ရောက် အမျိုးသားရေးဝါဒီ ဗုဒ္ဓဘာသာအဖွဲ့က ယင်းကဲ့သို့ အခြေအနေမျိုး ကို သူတို့၏ အယူဝါဒများ ပြန့်ပွားစေရန် အသုံးချလေ့ ရှိသည် ဟုလည်း သူက ဆက်ပြောသည်။

မြန်မာနိုင်ငံအတွင်းတွင် မွတ်ဆလင် ဆန့်ကျင်ရေး တရားများ ဟောပြောနေသော မန္တလေးမြို့မှ ဘုန်းတော်ကြီး ဦးဝီရသူ ဦးဆောင်သည့် ၉၆၉ လှုပ်ရှားမှုသည် ဗုဒ္ဓဘာသာဝင်များကို မူဆလင်ပိုင်ဈေးဆိုင်များ စီးပွားရေး လုပ်ငန်းများကို သပိတ် မှောက်ရန် စည်းရုံးလှုံ့ဆော်ခြင်းကြောင့် လူသိများလာခဲ့သည်။

၉၆၉ အမှတ်တံဆိပ်ပါ စတစ်ကာများ၊ အလံများ နှင့် လက်ကမ်းစာစောင်များ သည် သံတွဲ တမြို့လုံးသို့ ပျံ့နှံ့လာခဲ့ပြီး ၉၆၉ လှုံ့ဆော်ရေး သီချင်းများကိုလည်း အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် စတင်ဖွင့်လာကြသည်ဟု ဦးဝင်းနိုင် က ပြောသည်။

“လူတွေက သူတို့ဘာသာကိုကာကွယ်ဖို့ အကြောင်းတွေ စပ်ဆိုထားတဲ့ ၉၆၉ သီချင်းတွေကို ဖွင့်ကြတယ်။ တမြို့လုံးမှာ လည်း သာသနာ့အလံတွေ ထူကြတယ်။ အဲဒါကြောင့် တင်းမာမှုတွေ စဖြစ်လာရတာပဲ” ဟု သံတွဲမြို့ခံ တယောက်က ဆိုသည်။

သံတွဲမြို့တွင် ဇူလိုင်လ အစောပိုင်းကထဲက မွတ်ဆလင်ဆန့်ကျင်ရေး ပဋိပက္ခတခု အခိုက်အတန့် ဖြစ်ပွားခဲ့သေးပြီး မွတ်ဆလင်ပိုင် အိမ် ၃လုံး ဖျက်ဆီးခံခဲ့ရဖူးသည်။ သို့သော်လည်း ဗုဒ္ဓဘာသာအလံ လွှင့်ထူထားသည့် ဆိုင်ကယ်သမား တယောက်နှင့် သံတွဲမြို့မှ ကမန်အမျိုးသား မွတ်ဆလင် တဦးတို့ စကားများပြီး အချေအတင်ဖြစ်ခဲ့သော ပြီးခဲ့သည့် စက်တင်ဘာ ၂၉ရက်နေ့ကျမှ တင်းမာမှုက အမြင့်ဆုံး ဖြစ်သွားခဲ့သည်။

မွတ်ဆလင် အမျိုးသားကို ရဲစခန်းသို့ ခေါ်ယူစစ်ဆေးနေချိန်တွင် ဗုဒ္ဓဘာသာဝင် တစုက ၎င်း၏ နေအိမ်ကို ၀ိုင်း၍ ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်။ ညပိုင်းရောက်သည့် အခါ သံတွဲမြို့ရှိ မူဆလင်အိမ် အမြောက်အများ မီးရှို့ခံလိုက်ရပြီး ပဋိပက္ခက အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ပါ ပျံ့နှံသွားသည်။

ပဋိပက္ခ စတင်ဖြစ်ပွားပြီး လေးရက်ကြာ ကာလအတွင်းတွင် သဗြုချိုင်၊ ပေါက်တော နှင့် မဲကျွန်း အစရှိသည့် မူဆလင် ကျေးရွာများရှိ အိမ်ခြေ ၁၀၀ ကျော်နှင့် ဗလီ အမြောက်အများ မီးရှို့ ဖျက်ဆီးခံလိုက်ရသည်။ အခြား ကမန် ကျေးရွာ ၂ ရွာ လည်း တိုက်ခိုက်ခြင်းခံခဲ့ရသည်။ လူ ၆ယောက်သေဆုံး၍ အနည်းဆုံး ၅ ယောက် ဒဏ်ရာရကာ ရာနှင့် ချီသော မူဆလင် များ နေအိမ်ကို စွန့်၍ ထွက်ပြေးတိမ်းရှောင် ခဲ့ကြသည်ဟု သတင်းများက ဆိုသည်။

သံတွဲမြို့မှ မတည်ငြိမ်မှုများသည် လွန်ခဲ့သော နှစ်မှ စ၍ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားနေခဲ့သည့် မြန်မာနိုင်ငံ အနောက် ပိုင်းမှ ရခိုင်ပြည်နယ်သို့ သမ္မတဦးသိန်းစိန် ပထမဆုံး လာရောက်သည့် ခရီးစဉ်နှင့်လည်း တိုက်ဆိုင်နေသည်။ ၂၀၁၂ ဇွန်လ နှင် အောက်တိုဘာလ များတွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ အတွင်းတွင် ဟု ခေါ်နေကြသည့် မွတ်ဆလင်အများစုပါဝင်သော လူ ၁၉၂ ဦး သေဆုံးခဲ့ပြီး ၁၄၀၀၀၀ ကျော် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရသည်။

မြန်မာ အစိုးရက ရိုဟင်ဂျာများ ကို နိုင်ငံသား အဖြစ်သတ်မှတ်ရန် ငြင်းပယ်ခဲ့သည်။ သို့သော်လည်း ရခိုင်ပြည်နယ် တောင် ပိုင်းမှ ကမန် မူဆလင်များကို တိုင်းရင်းသား အဖြစ်တရားဝင် အသိအမှတ်ပြုပေးထားသည်။

ကမန်မွတ်ဆလင်များသည် ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် ငြိမ်းချမ်းစွာ အတူနေထိုင်ခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဟု ဒေသခံများကဆိုသည်။ မွတ်ဆလင် ဧည့်လမ်းညွှန်တဦးဖြစ်သူ ကိုဆန်းမြင့်က “ဒီက မွတ်ဆလင်တွေက ပညာတတ်တွေပါ။ ကျနော်တို့ အိမ်နီးချင်းတွေနဲ့ အဆင်ပြေအောင် အမြဲနေတယ်။ အရင်က ကျနော်တို့ကြားမှာ ဘာပြဿနာမှ မပေါ်ဘူးဖူး” ဟု ဧရာဝတီသို့ ပြောသည်။

ကမန်အမျိုးသားပါတီ တီရှပ်ဝတ်ဆင်ထားသော မွတ်ဆလင်ခေါင်းဆောင်အချို့က မီးရှို့ခံရသော သပြုချိုင်ရွာနှင့် ၃ မိုင်ဝေးသော ဆင်ခေါင်းရွာမှ အစွန်းရောက်ရခိုင်များကို အပြစ်ဆိုကြသည်။ ၎င်းတို့အဆို ယင်းတို့မှာ သံတွဲအနောက်ဘက် ယမန်နှစ်က မွတ်ဆလင် ဘုရားဖူးများ သတ်ဖြတ်ခံခဲ့ရသော တောင်ကုတ်မှ လာကြသည်ဟု သိရသည်။

“မနှစ်က တောင်ကုတ်မှာ အဓိကရုဏ်းဖြစ်ပြီး သူတို့အိမ်တွေ မီးရှို့ခံရတော့ ပြောင်းလာကြတာ၊ သူတို့စိတ်ထဲ မွတ်ဆလင်တွေကို နာနေကြတယ်။ ဒါကြောင့် ကျနော်တို့ အိမ်တွေကို လာမီးရှို့ကြတာ ” ဟု အသက် ၅၀ အရွယ် ကမန်ခေါင်းဆောင်တဦးက ဆိုသည်။

သံတွဲအာဏာပိုင်များအနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်နေသည်ဟု မသင်္ကာသူများကို ရှာဖွေဖမ်းဆီးနေရာ တနင်္ဂနွေနေ့ထိ ရခိုင် ၃၇ ဦးနှင့် ကမန် ၁၁ ဦးရှိကြောင်း ရဲအရာရှိ ညီညီထွေးက ဧရာဝတီကို ပြောသည်။ “ကျနော်တို့ ဖမ်းနေတုန်းပဲ” ဟုလည်း ဆိုသည်။

(ဧရာဝတီသတင်းထောက် လဝီဝမ်နှင့် ဓာတ်ပုံသတင်းထောက် စတိဗ်တက္ကနာတို့ သံတွဲမြို့မှ တိုက်ရိုက်သတင်းပေးပို့သည်)
ဧရာဝတီ

နိင်ငံပေါင်း ၂၁၀တွင် ငွေထုတ်ယူနိင်သည့် EASI TRAVEL PREPAID MASTER CARD ကို ပြည်တွင်းတွင်စတင်သုံးစွဲနိင်ပြီ


နိင်ငံပေါင်း ၂၁၀တွင် ငွေထုတ်ယူနိင်မည့် EASI TRAVEL PREPAID MASTER CARD ကို
ို ပြည်တွင်းတွင်စတင်သုံးစွဲနိင်ပြီဖြစ်ကြောင်း CB bankမှယနေ့ နေလည်က လသာရှိ CB bankရုံးချုပ်တွင် စာနယ်လင်းရှင်းပွဲပြုလုပ်သည်။သုတလင်း
Popular Myanmar News Journal

သိန်း ၄၀ ကျော်တန် HTC One ရွှေအစစ်ဖုန်း ရပြီ





iPhone 5S က ရွှေရောင်၊ Samsung Galaxy S4 က ရွှေရောင်၊ ဒီတစ်ခါ HTC က ရွှေအစစ်နဲ့ လုပ်တဲ့ HTC One ကို မိတ်ဆက်ပြသလိုက်ပါပြီ။

ဗြိတိန်အခြေဆိုက် Goldgenie အမည်ရ ကုမ္မဏီနဲ့ ပါတနာဖွဲ့ပြီး ဖန်တီးတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ အတွင်းက ဖုန်း နည်းပညာ Specification များ ပြောင်းလဲမှု မရှိပါဘူး။ အဓိက ပြောင်းလဲမှုကတော့ အပြင်က ရွှေ အစစ်နဲ့ လုပ်တဲ့ အခွံမှာ ဖြစ်ပါတယ်။ အခွံမှာ MOBO 18 ဆိုတဲ့ လိုဂိုလည်း ပါဝင် ပါတယ်။ MOBO ဆိုတာ ဗြိတိန် အခြေဆိုက် ဥရောပ အနုပညာတေး ဂီတ ဆုချီးမြင့် မြေတောင်မြောက်ပေးတဲ့ အဖွဲ့ဖြစ်ပြီး ၁၈ နှစ်ပြည့် ပွဲအတွက် HTC က စပွန်ဆာ ပေးထားပါတယ်။ ဒါကြောင့် ရွှေအခွံမှာ MOBO 18 ဆိုတဲ့ လိုဂိုကို ထည့်သွင်းထားခြင်း ဖြစ်ပါတယ်။ ဒီတော့ ဗြိတိန်ဈေးကွက်ကို ပိုရည်ရွယ်တဲ့ စမတ်ဖုန်း ဖြစ်ပါလိမ့်မယ်။

ကမ္ဘာတစ်ဝန်းက မှာယူမှုအတွက်လည်း လက်ခံမှာပါ။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၄၄၀၀ ဖြစ်ပါတယ်။ မြန်မာငွေနဲ့ တွက်ရင် သိန်း ၄၀ အထက်မှာ ရှိပါတယ်။ အော်ဒါမှာယူ စနစ်နဲ့ HTC ကနေ လည်းကောင်း၊ Goldgenie ကုမ္မစီကနေ လည်းကောင်း မှာယူနိုင်ကြောင်း သိရပါတယ်။
.
Ref: mashable
အောင်ခမ်း ( TSJ Team )
TechSpace Journal

ပျောက်ဆုံးနေသော ဟော်နန်းကို ရှာဖွေတွေ့ရှိခြင်း


မျှော်မဆုံး မြင်နေရသည့် အစိမ်းရောင် ပြောင်းခင်းကြီးများနှင့် အလယ်တွင် ဖြောင့်တန်း စွာဖောက် ထားသည့် မြေနီလမ်းလေးက အလွန်တရာမှ လိုက်ဖက်လှသည်။ ညီညာစွာ စီတန်းနေသော ပြောင်းခင်းများသည် ကျယ်ပြန်သော လွင်ပြင်မှ မှိုင်းပြာနေသော ရှမ်းရိုးမ တောင်တန်း များဆီ သို့ မြင့်တက်သွားကြ၏။

ကျယ်ပြောသော လွင်ပြင်ကြီးကို ၀ိုင်းရံထားသည့် ရှမ်းရိုးမအပေါ်၌မူ နေခြည်က မလင်းတလင်းဖြစ်နေသည်က ပန်းချီကား တချပ် နှယ်။

ဤလွင်ပြင်ကြီးသည် တချိန်က တောင်ပေါ်မြို့လေးအဖြစ် လူသိများခဲ့ဖူးသလို သီပေါစော်ဘွားဟောင်း ဆာစောချယ်၏ နွေရာသီ စံနန်းတော် စခန်းသာဟော်လည်း ရှိခဲ့ဖူးသည်။

ဆာစောချယ်က မင်းတုန်းမင်း၏ ယောက်ဖတော် မွေးစားသားဖြစ်ပြီး မန္တလေးနေပြည်တော်တွင် ပညာသင်ကြားခဲ့ဖူးသူဖြစ်ပြီး မန္တလေးကျအပြီး ဗြိတိသျှကိုလိုနီအစိုးရကလည်း ဆာဘွဲ့ ချီးမြှင့်ခံရသူဖြစ်သည်။ ဒီဟော်နန်းကို မိဖုရား ၄၀ နှင့် စံမြန်းရန် ဆောက်ခဲ့သည်ဟု ကြားဖူးသည်။

စခန်းသာဟော်ကို ရောက်ဖူးချင်နေသည်မှာ ကြာပြီ။ အခွင့်မကြုံနိုင်ခဲ့ပေ။ ပြီးခဲ့သည့်နှစ် သီပေါဟော်သို့ ရောက်ခဲ့စဉ်ကလည်း စခန်းသာဟော်သို့ ခရီးမဆက်နိုင်ခဲ့။

ဒီတခေါက် ရှမ်းပြည်မြောက်ပိုင်း ခရီးစဉ်တွင် စခန်းသာဟော် သွားဖို့ ထည့်သွင်းခဲ့သည်။ သို့သော် ဒေသအခြေအနေမှာ ငြိမ်သက်မှု့မရှိသည့်အတွက် နယ်ခံမိတ်ဆွေ များကို အကူအညီတောင်းကာ သေသေချာချာ ပြင်ဆင်ခဲ့ရသေးသည်။

စခန်းသာသည် ကျောက်မဲမြို့မှ ၇ မိုင်ခန့် ဝေး၍ လားရှိုး- မန္တလေးကားလမ်းနံဘေးမှ ရွာကြီးဖြစ်သည်။ ကျောက်မဲမှ နာရီဝက်ခန့် သွားလိုက်သည်နှင့် လမ်းဘေးတနေရာ၌ အပြာရောင်အောက်ခံ၌ အဖြူရောင်စာလုံး ဖြင့် ရှမ်း- မြန်မာ နှစ်ဘာသာရေးထိုးထားသော စခန်းသာ ကျေးရွာအုပ်စု မြင်းကွင်း ကျေးရွာ ဆိုသည့် ဆိုင်းဘုတ်ကို တွေ့မြင်ရသည်။

ဆိုင်းဘုတ်နံဘေး မြေနီလမ်းကလေးထဲသို့ ချိုးဝင်လိုက်သည့်နှင့် လူတရပ်နီးပါးမြင့်သည့် ပြောင်းခင်းကြီးများ အလယ် ရောက်သွား ပြီး လူရိပ်လူခြေ မမြင်ရတော့သလို သွားရသည်ကလည်း တမျှော်တခေါ်ပင်။

ဤ ပြောင်းခင်းကျယ်ကြီးသည် ကိုလိုနီခေတ်က သီပေါစော်ဘွားကြီး ဆာစောချယ်၏ သားဖြစ်သူ စောအုံကြာနှင့် အပေါင်းအပါ ပြိုင်မြင်းဝါသနာအိုးတို့ နှစ်စဉ် မြင်းပွဲ ကျင်းပရာကွင်းကြီး ဖြစ်သည်။

၁၉၂၉- ၃၀ ခုနှစ်များမှ စတင်ကာ ကျိုက္ကဆံမြင်းကွင်းရှိ ရန်ကုန်တပ် ကလပ်မှ မြင်းသမားများ၊ မန္တလေး၊ လားရှိုး၊ နမ္မတူ၊ နမ့်ဆန် ဒေသ များမှ မျက်နှာဖြူ အရာရှိကြီးများ၊ မြန်မာသူဌေး မန်းညွန့် ဦးမောင်လေး၊ မစ္စတာ မာဖီးယားသား ချန်ချော ခိုင်၊ ပခုက္ကူ ဦးဘကျားစသည့် နာမည်ကြီး မြင်းသမားကြီးများကို ဖိတ်ကြားကာ တောင်ခါးပန်းတွင် ပွဲကြည့်စင်များထိုးပြီး မြင်းပွဲ အကြီးအကျယ် ပြုလုပ်သည့် နေရာဟု မှတ်သားဖူးသည်။ ယင်းသို့ မြင်းပွဲများတွင် လောင်းကစားစေရုံမက ၃၆ ကောင်ကဲ့သို့ လောင်းကစားပွဲများကို ဝှဲချီးကျင်းပကြောင်းလည်း ကြားဖူးသည်။

စောအုံကြာသည် အင်္ဂလန်နိုင်ငံ အောက်စ်ဖို့ဒ်တက္ကသိုလ် ကျောင်းထွက်တဦးပီပီ အနောက်တိုင်းဆန်ပြီး ခေတ်မီသည့် စော်ဘွား တဦးဖြစ်သကဲ့သို့ ပြိုင်မြင်းများ မွေးမြူခြင်းကိုလည်း ၀ါသနာထုံသူတဦးဟု သိရသည်။

ပဒေသရာဇ် ခေတ်၊ ကိုလိုနီခေတ်မှသည် လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံ၊ နောက် ဆိုရှယ်လစ်ခေတ်ကိုဖြတ်၊ ယခု နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တံခါးဖွင့်သည့် ဈေးကွက်စီးပွားရေးစနစ် အရောက်တွင် စော်ဘွားစောအုံကြာ၏ မြင်းကွင်းသည် ထိုင်းကုမ္ပဏီ CP ၏ ပြောင်းခင်း အတိအကျဆိုသော် ကြက်စာပြောင်းခင်းများ ဖြစ်သွားလေပြီ။

ပြောင်းခင်းအလယ်ဖြတ်ဖောက်ထားသည့် မီးရထားလမ်းကို ကျော်သည်နှင့် လမ်းမှာ ပို၍ဆိုးလာသည်။ မိုးဆက်တိုက် ရွာထား သည့်အတွက် ဗွက်ပေါက်ကာ မြေပျော့သောကြောင့် ကားဆရာမှာ ကားကို ဂရုတစိုက် မောင်းနှင်နေရ၏။ ဤအတိုင်း စခန်းသာဟော်ကုန်းကို ကားဖြင့်တက်ရန် မလွယ်ကူ၊ ထို့ကြောင့် မြင်းကွင်းရွာသို့ ၀င်ကာ သတင်း စုံစမ်းရသည်။

မြင်းကွင်းရွာတွင် ကားဆရာနှင့် ရှမ်းအမျိုးသားတသိုက် အပြန်အလှန်ပြောဆိုကြပြီးနောက် စခန်းသာဟော်ကုန်းသို့ ကား တက်၍ မရ၊ အနီးရှိ တောရဘုန်းကြီးကျောင်းအထိသာ ကားသွားနိုင်မည်၊ ထိုမှ တဆင့်ဆက်ပြီး စခန်းသာဟော်သို့ ခြေလျင်သာ သွားရမည်ဟု သိရသည်။

ဆက်လက်ထွက်ခွာခဲ့ရာ ချောင်းတခုကို ကျော်လွန်ပြီးသည်နှင့် တောင်စွယ်တခု ပေါ်သို့ တက်သည်။ တောင်စွယ် တဆစ်ချိုးအရောက် နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်အခါ ပြောင်း၊ မြေပဲနှင့် ပဲမျိုးစုံ စိုက်ခင်းများသည် မြစိမ်း ရောင် ကမ္ဗလာ ကဲ့သို့ ဖြစ်နေပြီး ကြည့်၍မဆုံး။ တချိန်က သည်ပြန့် သည်တောင်စောင်းတို့တွင် ဒေလီယာ၊ ဂန္ဓမာ၊ နှင်းဆီ၊ သစ္စာ ပန်းစသည့် ပန်းပင်များဖြင့် လှပေနေခဲ့ပေလိမ့်မည်။

မကြာမီတွင် တောရဘုန်းကြီးကျောင်းသို့ရောက်သည်။ ကျောင်းပရ၀ုဏ် အတွင်း လူသူ အရိပ်အယောင် မမြင်ရ။ ကျောင်းပေါ်မှာတော့ ရှမ်းလူမျိုး ဆရာတော်တပါး သီတင်းသုံးနေသည်။

ဆရာတော်သည် ပခုက္ကူ နှင့် မန္တလေးရှိ ကျောင်းတိုက်ကြီးများတွင် စာဝါလိုက်ဖူးသဖြင့် မြန်မာစကားကို ရေလည်စွာ ပြောဆိုနိုင်သည်။ ဘုန်းကြီးကျောင်းတို့၏ ထုံးစံအတိုင်း တိုင်ကပ်နာရီများကလည်း နေရာအနှံ၊ တနေရာတွင် ရှမ်းဘာသာဖြင့် ရိုက်နိုပ်ထားသည့် ဟော်နန်းများပုံပါ ပြက္ခဒိန်တခု ချိတ်ဆွဲထားသည်။

စခန်းသာဟော်သို့ သွားမည်ဖြစ်ကြောင်း ဆရာတော်အား လျှောက်သည့်အခါ ရှမ်းလက်နက်ကိုင်များ နှင့် စစ်တပ်တို့ မကြာသေးမီကမှ အနီးအနားတွင် တိုက်ပွဲဖြစ်ထားသည့်အတွက် ကပ္ပိယကြီးနှစ်ဦးကို လိုက်ပါစောင့်ရှောက်ရန် ထည့်ပေးလိုက်လေသည်။

စခန်းသာဟော်သို့ သွားသည့်လမ်းမှာ ကျောင်းနှင့်မနီးမဝေးရှိပြီး လျှိုတခု၏ အောက်ဖက်သို့ ဆင်းကာ တောလမ်းအတိုင်း လျှောက်ရသည်။ လမ်းဘေးဝဲယာတွင် ချုံများတောထနေပြီး အသွားအလာမရှိသည့်အတွက် လူသူခိုအောင်းချင်စရာ ဖြစ်နေပြီး အချိန်မရွေး အန္တရာယ်ပေါ်တတ်သည့် အနေအထားဖြစ်သည်။

အနီရောင် သစ္စာပန်းပင်များက လမ်းဘေးတဖက်တချက်တွင် အလေ့ကျပေါက်လျက်။ တချို့နေရာများတွင် ချုံနွယ်ပိတ်ပေါင်း များ ထူထပ်သည့် အတွက် ကပ္ပိယကြီး နှစ်ဦးက ရှေ့မှဓားဖြင့် ရှင်းကာ သွားရ၏။ ဟော်အနီးသို့ ရောက်လာလေ ချုံက ပိုမိုထူလာလေ၊ ကပ္ပိယကြီး နှစ်ယောက်၏ ဓားမှာလည်း ပို၍ ပို၍ သွက်လာလေလေပင်။

နာရီဝက်ခန့်လျှောက်မိသောအခါ ပန်းကနုတ်များစီချယ်ထားသည့် မြင့်မိုရ်ပိတ်၏ အလယ်၌ အမြီးဖြန့်ချထားသည့် ဒေါင်းရုပ် သဏ္ဍန် ပုံဖော်ထားသော စခန်းသာဟော် မုဒ်ဦးကြီးကို ချုံနွယ်ပိတ်ပေါင်းကြားမှ ဘွားကနဲ မြင်ရပါလေပြီ။

နေ၀န်းထဲ၌ ကနေသည့် ဒေါင်းရုပ်သည် လွတ်လပ်ကြမ်းတမ်းသော ပဒေသရာဇ်ခေတ်ကို ပုံဖော်နေသည့် အလားရှိ၏။ လူသူအရောက်အပေါက်နည်းပြီး ဤမျှ ချောင်ကြသည်နေရာတွင် ခမ်းနားသည့် အဆောက်အဦနှင့် ဗိသုကာလက်ရာများကို မြင်ရသည်မှာ အိပ်မက်ထဲမှ ရတနာသိုက် ရှာတွေ့သလို စိတ်လှုပ်ရှားနေခဲ့သည်။

ဥရောပဆန်ဆန် တည်ဆောက်ထားသည့် ဟော်နန်းမှာ တထပ်တိုက်ဖြစ်ပြီး နှစ်ပရိစ္ဆေဒ အတော်ကြာ စွန့်ပစ်ထားခြင်းခံရသော်လည်း အဆောက်အဦးတွင် သုတ်လိမ်းထားသည့် အ၀ါရောင်ဆေးသားမှာမူ ပျက်ပြယ်ခြင်းမရှိသေး။

နောက်ဆုံး သီပေါစော်ဘွား စ၀်ကြာဆိုင်၏ ဇနီး သြစတြီးယန်းသူ သုစန္ဒီ(အင်ဂျီ) က စခန်းသာဟော်သည် အီတလီ မြောက်ပိုင်းတောင်ကုန်းတခုပေါ်မှာ ဆောက်ထားသော နို့နှစ်ရောင် အဆောက်အဦးတခုကဲ့သို့ ထည်ထည်ဝါ၀ါရှိလှသည်ဟု သူ၏ Twilight Over Burma စာအုပ်တွင် ဆိုထား၏။

မြေထဲပင်လယ်ထွက် အဖြူရောင် စကျင်ကျောက်ပြားခင်းထားပြီး စံနန်းအလယ် ခန်းမကို ဦးတည်နေသည်ဟု သူရေးခဲ့သည့် အဝင်ပေါက် လှေခါးကြီးမှာ ကျနော် မြင်တွေ့ရသောအခါ ချုံအတိဖုံးအုပ်နေပြီး စော်ဘွား အဖူးအမျှော်ခံရာ စံနန်းအလယ် ညီလာခံ ခန်းမကား အမိုးဗလာနတ္တိ။

ဟော်နန်းတခုလုံးမှာ တပိုင်းတစ ပြိုပျက်နေသည့် နံရံများ၊ ကပ်ပါးပင်များ တွယ်ကပ်နေသည့် ယက်မတန်းကြီ များနှင့် ၎င်းတို့ကို ထောက်ခံထားသည့် ရောမခေတ်ဟန် တိုင်ကြီးများကိုသာ ထောင်လျှက်သား မြင်တွေ့ရသည်။

ကြမ်းခင်း ကျွန်းသားပါကေးများမှာ အကောင်းပကတိနီးပါးရှိဆဲဟု ဆိုနိုင်သော်လည်း ရေညှိများ တက်ကာ တချို့နေရာများတွင် မြက်ရိုင်းနှင့် ချုံများပေါက်လျှက်ရှိ၏။

သစ်ပင်များ ချုံနွယ်များနှင့် ပြိုပျက်နေသည့် အုတ်ပုံများကိုကျော်ပြီး အထဲသို့ ၀င်ခါနီး ဂမ္ဘီရဆန်သည့် ကြီးမားသော မြွေကြီး နှစ်ကောင်ရှိသည်ဟု နယ်ခံတဦးက သတိပေးစကားကြောင့် ခြေလှမ်းများပင် တုန့်သွားမိသည်။ သစ်ပင်ချုံနွယ်များ၊ ကျိုးပဲ့နေသည့် အုတ်ပုံများအောက်တွင် မြွေဆိုးများက ခိုအောင်းနေနိုင်သည် မဟုတ်လား။

ပြန့်ပြူးသည့် တောင်စွယ်ပေါ်တွင် တည်ထားသည့် စခန်းသာဟော်သည် ပေ ၁၅၀ နီးပါးခန့်ရှည်ပြီး အဝင်ပေါက် အဆောင် မျက်နှာစာ၏ ၀ဲ ယာတွင် နောက်ထပ် အဆောင်နှစ်ဆောင်ရှိ၍ အဆောင်များတွင် မီးလင်းဖိုကြီးများနှင့် လူနေအိပ်ခန်းများ ဖွဲ့ခဲ့ဟန်တူ၏။

မှတ်သားမိသည်မှာ မြန်မာဂီတပညာရှင် ဒေါ်စောမြအေးကြည် နာမည်ကျော် မိုးဒေ၀ါ ပတ်ပျိုးကို ယခု စခန်းသာဟော်တွင် နေထိုင်စဉ်က ဖွဲ့ခဲ့ခြင်းဖြစ်သည်။ မီးလင်းဖိုကြီးများ၏ အပေါ် အဖြူရောင်နံရံတွင် “အလွမ်းကမ္ဘာ” “အမှတ်တမဲ့မှ အမှတ်တရသို့” “နင့်ကိုငါချစ်တယ်” စသည့် မီးသွေးခဲဖြင့် ရေးထားသည့် ခေတ်သစ်နံရံစာများကိုလည်း တွေ့မြင်ရ၍ ဟော်နန်းက အလွမ်းရေစီးကြောင်းကို စိတ်ကူးယဉ်မိသည်။

ဘေးဘက် အဆောင်များ၏ နံရံတချို့မှာ ဖြိုဖျက်ခံထားရပြီး ကြမ်းခင်းအောက်ခံ အုတ်များလည်း မရှိတော့ချေ။ ရှေးဟောင်းတွေ ရောင်းစားကောင်း၍ သင်္ချိုင်းဂူများကိုပင် ဖြိုဖျက်ကာ အုတ်များ တူးဖော်ရောင်းစားနေသည့် ခေတ်ကြီးတွင် ဟော်နန်း အုတ်တိုက်ကြီး၏ အခြေအနေမှာ အလွန်စိုးရိမ်စရာ ကောင်းသည်။

ရှမ်းအမျိုးသားကပ္ပိယကြီးက ဟော်ကုန်းမှ အောက်ဘက် အဝေးတနေရာသို့ ကြည့်ကာ နှမြောတသသော မျက်နှာဖြင့် ဤကား ရေကန်၊ ဟိုကား စော်ဘွားမြင်းကွင်းစသဖြင့် ရှမ်းလိုတမျိုး၊ မြန်မာလိုတဖုံ ရှင်းပြနေစဉ် နံဘေးရှိ ချုံများကို တိုးဝှေ့လာသည့် အစိမ်းရောင် အကျီဝတ်ဆင်ထားသည့် လူတယောက်ကို ရုတ်တရက်မြင်လိုက်ရ၍ အားလုံး အံအားသင့်သွား၏။

ရှမ်းဘာသာဖြင့် မေးမြန်းသည့်အခါ ဖြေကြားခြင်းမရှိ။ တောအတွင်း ပြန်လှည့် ပြေးဝင် ပျောက်ကွယ် သွားလေသည်။ တောထဲကလူ လော၊ စစ်သားလော၊ ရွာသားလော မကွဲပြားပေ။ ဆရာမြသန်းတင့်၏ လွမ်းမောဘွယ်ကမ္ဘောဇ မှ ဟော်နန်းအစောင့်ကို သူပုန်များက ပစ်သတ်လိုက်ဖူးသည်ဆိုသည်ကို အမှတ်မထင် သွား၍ သတိရလိုက်မိသေး။

နေ့အလင်းရောင်သည် တဖြည်းဖြည်း နည်းလာပြီ။ အချိန်က လင့်လာလေပြီ။ လေ့လာမှုကို အဆုံးသတ်ပြီး သမိုင်းအရ တူးဆွမှုကို မြို့ပေါ်က အထောက်အထားတွေ ပေါ်မှာ ဆက်လက်လုပ်ဆောင်ရန် လာလမ်းအတိုင်း ပြန်ခဲ့ကြသည်။

စခန်းသာဟော်သည် ၁၉၀၀ပြည်နှစ်က စ တည်ဆောက်ခဲ့ရာ ယနေ့ဆိုလျှင် သက်တမ်း ၁၁၃ နှစ် တိုင်ပြီ။ ထိုစဉ်က စော်ဘွား ဆာစောချယ်နှင့် သားဖြစ်သူ စောအုံကြာတို့က နောက်လိုက်နောက်ပါ အခြွေအရံများဖြင့် သီပေါနွေ၏ အပူဒဏ်ကိုရှောင်ရန် ရည်ရွယ်၍ တောင်ပေါ်မြို့ကလေးအဖြစ် တည်ထားခဲ့ခြင်းဖြစ်ပြီး အင်္ဂလိပ်အစိုးရ မီးရထားဌာနဘက်ကလည်း စခန်းသာ၌ ဘူတာလေးတခု ဖွင့်လှစ် ပေးခဲ့သည်။

၁၉၃၃ ခုနှစ်က ကျိုင်းတုံကျမိုင်း(စော်ဘွားလေး)နှင့် သီပေါစော်ဘွား ဆာစောချယ်၏ ညီ စောလူးမှမွေး သော စောအုံးညွန့်တို့၏ လက်ထပ်ပွဲကို စခန်းသာ မြင်းကွင်းတွင် ထီးဖြူရုံကြီးဆောက်ကာ ဒေါ်စောမြအေးကြည် ဦးစီးသည့် အချောအလှ ဟော်နန်း ပျိုဖြူ များ၏ ဂီတနှင့်အက ဖြေဖျော်မှု အပါအ၀င် ပွဲလမ်းသဘင်များနှင့် ခမ်းခမ်းနားနား ကျင်းပခဲ့ကြောင်း လူထုဦးလှ၏ “ကျွန်တော်မြင်းသမား” စာအုပ်၌ ဆိုထား၏။

လက်ထပ်ပွဲတွင် သီပေါစော်ဘွားစောအုံကြာနှင့် ဥရောပတိုက်သားမျက်နှာဖြူများ၊ လူကုံတန်များသည် ညစာစားပွဲများ၊ ကပွဲများ၊ ၃၆ ကောင်ပွဲများနှင့် ပျော်ရွင်ခဲ့မည်။

မြန်မာပြည်သို့ ဒုတိယကမ္ဘာစစ်ရောက်လာသည့်အခါ ဂျပန်တပ်များ၏ လက်ချက်ဖြင့် ဟော်နန်း၏ ဘယ်ဘက်ခြမ်း မီးစွဲလောင်ခဲ့သော်လည်း ကျန် အဆောက်အဦများမှာ အကောင်းပကတိ ကျန်ရှိခဲ့၏။

နောက်ဆုံး သီပေါစော်ဘွား စ၀်ကြာဆိုင်လက်ထက်တွင် ပြန်ပြင်ရန် ကြိုးစားခဲ့သေးသည်။ သို့သော် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေ၀င်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီက အာဏာသိမ်းခဲ့ရာတွင် စ၀်ကြာဆိုင် အဖမ်းခံရသည့် နောက်ပိုင်း စစ်တပ်များ တပ်စွဲထားသည့်အတွက် ဤနေရာသို့ မည်သူမျှ သွားရောက်ခွင့်မရှိ တော့ပေ။ အဖမ်းခံရပြီး နောက်ပိုင်း စဝ်ကြာဆိုင် ပျောက်ဆုံးသွားခဲ့ရာ ဗထူး တပ်မြို့တွင် သုတ်သင်ခံခဲ့ရနိုင်သည်ဟု ယူဆချက်များရှိသည်။

စခန်းသာဟော်ကို မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက်မှာတော့ မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် ဘိန်းဖြတ် စခန်းအဖြစ် အသုံးပြုခဲ့ဖူးသည်မှ အပ စွန့်ပစ်ခံထားရသည်မှာ ကြာပြီဖြစ်သည်။

သို့သော် သမိုင်းဘီးတပတ်လည်ခြင်းလောဟု မေးခွန်းထုတ်စရာပင်။ ရှမ်းပြည်တွင် စော်ဘွားများသည် အင်္ဂလိပ်လက်ထက်မှ အာဏာစွန့်ချိန် ၁၉၅၉ ခုနှစ်အထိ ပဒေသရာဇ်၊ နယ်ရှင်ပယ်ရှင်များဖြစ်ပြီး သားစဉ်မြေးဆက် အုပ်ချုပ်ခဲ့သူများအဖြစ် နေထိုင်ခဲ့ကြသည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် နိုင်ငံရေးအမြင်တိုးတက်လာသော ရှမ်းပြည်သူများ၏ ဆန့်ကျင်တော်လှန်ခြင်းကို ခံခဲ့ရပြီး အာဏာစွန့်ခဲ့ကြသည်။ သို့သော် ပဒေသရာဇ်စနစ်ထက် ဆိုးရွားသည့် စစ်အာဏာရှင်စနစ်ကို ကြုံတွေ့ရသောအခါ လူထုသည် စော်ဘွားများ၏ ရွှေခေတ်ကို တမ်းတကြပြန်သည်။

သီပေါ်စော်ဘွား၏ စခန်းသာဟော်နန်းကတော့ ၅၁ နှစ်ကြာ စွန့်ပစ်ခံထားရသောကြောင့် ယခုအခါ အပျက်အစီးများဖြင့်။ တခြမ်းပဲ့နေသည့် ဒေါင်းရုပ်က သမိုင်းတွင် ရွှေရောင်လွှမ်းသော နေ့များကို ထင်ဟပ်ပြနေသည်။

လက်ရှိ သီပေါစော်ဘွား၏ မျိုးနွယ်များအနေဖြင့်လည်း စခန်းသာဟော်ကို ပြန်လည်ပြုပြင်နိုင်ခြင်း မရှိတော့ပေ။ ရှမ်းစော်ဘွားများ၏ ဟော်နန်းတော်များ ကံမကောင်း။ ရှမ်းစော်ဘွားများထဲမှ တဦးဖြစ်သည့် ကျိုင်းတုံစော်ဘွား၏ ဟော်နန်းသည်လည်း စစ်အစိုးရလက်ထက် ၁၉၉၁ ခုနှစ်တွင် ဖြိုဖျက်ခံခဲ့ရသည်။ ညောင်ရွှေ ဟော်သည်လည်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထိန်းသိမ်းထားပြီး မိသားစုလက်သို့ ယခုတိုင် မရောက်သေးပေ။

နေထွက်ဘုရင် မြန်မာမင်းများ စံမြန်းရာ မန္တလေး ရတနာပုံ၊ ရွှေဘို စသည့် နန်းတော်များမှ အစ ပုဂံခေတ်၊ ပျူ ခေတ်တိုင် သမိုင်း ယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်နေသည့်အချိန်တွင် နေ၀င်ဘုရင် ရှမ်းစော်ဘွားများ၏ ဟော်နန်းများကိုလည်း ၀ိုင်းဝန်း ပြုပြင်ကာ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်လျှင် သမိုင်းတန်ဘိုးသာမက တိုးတက်လာမည့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် အကျိုးရှိရှိ အသုံးချနိုင်မည်ဟု ထင်မြင်မိပါသည်။

အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အချိန်ကာလ ဖြစ်နေသောကြောင့် ရှမ်းတိုင်းရင်းသားများ၏ သမိုင်းအမွေအနှစ်များ သက်ဆိုင်သူများလက်တွင် ပြန်လည်ထိန်းသိမ်းခွင့် ပေးအပ်သင့်ပါသည်။ အမြန်ဆုံး လုပ်ဆောင်သင့်သည်မှာ နယ်မြေငြိမ်းချမ်းရေး တိုက်ပွဲများ ရပ်သင့်ပြီ။ ခါးသီးသော အတိတ်ဒဏ်ရာများ ဖြေသိမ့်သင့်ပြီ။ ပြည်တွင်းစစ်တွင် အချင်းချင်း တိုက်ခိုက် သတ်ဖြတ်ရင်း ဆင်းရဲဒုက္ခတွင်းထဲမှ ရုန်းလွတ်သင့်ပါပြီ။

 ရန်ပိုင်
ဧရာဝတီ

ဝမ်းဗိုက်အဆီစုခြင်းကို ကာကွယ်ရန်


(၁)အသည်းကို ၀န်ပိစေသောအစားအစာများ၊ အစာချေဖျက်မှုကို လျော့ချပေးသောအစားအစာများ စားသုံးမှုကို ချင့်ချိန်ရပါမည်။ သကြားဓာတ် ၊ သဘာဝနှင့်ဆန့်ကျင်သော အချိုဓာတ်ပါသည့်အစားအစာများ၊ ကဖိန်း၊ အဆီကို ဖြစ်သောအစားအစာများ၊ ဆိုဒါတို့ကို ရှောင်ရပါမည်။

(၂) ငါးဆီ 6ဂရမ်စားပေးခြင်း၊ ဆယ်လ်မွန်၊၊ ငါးကွန်းရှပ်တို့ကို တစ်ပတ်လျှင် 2 ကြိမ်ရအောင် စားပါ။ ဗီတာမင်ဘီ၊ ကယ်လ်ဆီယမ်နှင့် အင်တီအောက်ဆီးဒင့်ပါသောအစာများကို စားပါ။

(၃) သံပရာ၊ရှောက်ရေကို ရေနွေးနှင့် နေ့စဉ်သောက်ပါ။ နေ့စဉ်သောက်ပါ ဟုဆိုသော်လည်း မိမိ၏အစာအိမ်မှ ခံနိုင်စွမ်းအားပေါ် မူတည်ပြီး ချင့်ချိန် သောက်ပါ။ ယင်းတို့က အသည်းကို လန်းဆန်းအားတိုးစေပြီး အဆီများကို ပျော်စေသည်။ ရေကို လုံလောက်စွာသောက်ရန်မှာ အဓိက အချက်ဖြစ်သည်။ သို့မှသာ ကျောက်ကပ်က အသည်း၏အဆီလောင်ကျွမ်းမှုစနစ်ကို ထောက်ကူနိုင်မည်။ ဤသို့ဖြင့် ၀မ်းဗိုက်အဆီ စုခြင်းကို လျော့ချနိုင်သည်။

(၄) ငြုတ်သီး၊ ဂျင်းစသည်တို့က ကိုယ်တွင်းအစာချေဖျက်မှုကို ဖြစ်ပေါ်စေသည်။ အလားတူ သစ်ဂျပိုးခေါက်၊ လေးညှင်း၊ ဖာလာစေ့တို့ စားသုံးခြင်းသည်လည်း သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသည်။

ထူး
Health Updates Journal

Huawei U8818 ICS 4.0.3 တင်နည်းနှင့် Original Firmware ပြန်တင်နည်း


Huawei U8818 ICS 4.0.3တင်ချင်ရင်ပဲဖြစ်ဖြစ် ORIGINAL Firmware ပြန်တင်ချင်ရင်ဘဲဖြစ်ဖြစ် အောက်ကနည်းတိုင်းလုပ်ပါ့မယ်အခုပာာကတော့ ICS firmwar 4.0.3 တင်နည်းပါပထမဦးဆုံး u8818 ရဲ့ ICS firmware ဖိုင်ကိုအရင်ဒေါင်းရပါမယ်။
ICS firmware 4.0.3 ကို ဒီမှာဒေါင်း ပါ
ပြီးရင် သင် ဒေါင်းထားတဲ့ zip ဖိုင် ကိုဖြည် လိုက်ပါ။dload ဆိုတဲ့ folder တစ်ခုရပါလိမ့်မယ်။
ထို folder ထဲမှာ UPDATE.APP ဖိုင် ကိုတွေ့ပါလိမ့်မယ်။ ဒုတိယအရေးကြီးတာကတော့ Kingstom SD ကဒ် 2GB (or) 4GB တစ်ကဒ်လိုပါလိမ့်မယ်။ Firmware တင်ဖို့က အဓိက SD card ကောင်းကောင်းတစ်ကဒ်လိုတာပေါ့။ ဘာလို့လဲဆိုတော့ သင် firmware ဖိုင်ကို ထည့်ထားပေမယ့် ဖုန်းက အလုပ်မလုပ်နိင်ခြင်း။ SD ကဒ်၏ စွမ်းဆောင်ရေ နည်းခြင်းကြောင့် ဖုန်း boot မှ SD card အား အတက်နေးခြင်း စသည့် အခြေအနေများကြောင့် Firmware တင်လို့မရခြင်းအခြေ အနေများစွာ ဖြစ်တတ်ပါတယ်။ ကဲစမယ်နော်။

၁။သင့်ဖုန်းအား Power ပိတ်လိုက်ပါ။ ပြီးရင် သင့် SD Card အား ကွန်ပျူတာတွင် တပ်ကာ Format ရိုက်လိုက်ပါ။
၂။ သင် ခုနက zip ဖိုင်ဖြည် ချထားတဲ့ (UPDATE.APP) ပါတဲ့ dload folder အား SD Copy ကူးထည့် လိုက်ပါ။
၃။သင့်ဖုန်းတွင် SD ကဒ်ပြန်တပ်လိုက်ပါ။
၎။ သင် ဖုန်းအား ပါဝါ ဖွင့်လိုက်ပါ။ပြီးရင် System Setting > Storage> Software Upgrade> SD card upgrade> Select “OK” ပေးလိုက်ပါ။ Restart ကျသွားပါလိမ့်မယ်။


၅။ ဘာမှလုပ်ပေးဖို့မလိုပဲ Firmware စတင်ပါလိမ့်မယ်။ Step 1> Step2 > Step 3 သူ့မှာသူအလိုလို အလုပ်လုပ်ပါလိမ့်မယ်။
၆။ ပြီးရင် Restart ကျပြီး Boot ပြန်တတ်လာပါလိမ့်မယ်။ Recover mode ကိုသူ့မှာသူ ၀င်သွားပါလိမ့်မယ်။
၇။ Restart ထပ်ကျပြီး ပြန်တက်လာလျှင် သင့်ဖုန်း ICS ဖြစ်သွားပါပြီ။ :D

အခုအောက်ကနည်းလမ်းကတော့ Original Firmware ပြန်တင်နည်းပါ အောက်ကနည်းအတိုင်းဆက်လုပ်ပါ့မယ်

Original Firmware ကို ဒီမှာဒေါင်း ပါ အထက်မှာ ပြောထားတဲ့ နံပါတ် (၃) အဆင့်ထိ လုပ်သွားပါ။
၎။ ပြီးရင် သင့်ဖုန်းကို ပါဝါမဖွင့်ခင် Volum (+ ကော , – ကော)နှစ်ခုလုံးကိုဖိထားပါ။
၅။ ပြီးရင် ထိုနှစ်ခုလုံးကိုဖိထားပြီး POWER ခလုပ်ကိုပါ ထပ်ဖိထားပါ။ ထိုအချိန်မှာ နံပါတ်(၅) မှာရေးထားတဲ့အဆင့်တိုင်းအကုန်လုပ်သွားပါလိမ့်မယ်။

ကဲ အခုတော့ ကလိချင်တိုင်းကလိလို့ ရပါပြီဗျာ စိတ်မပူရတော့ဘူးပေါ့ပဲာပဲာ :D
Ref>>> ကိုကျော်ကိုကို

Myanmar IT

ခိုးမှုမသင်္ကာစစ်ဆေးရာမှ ရေမော်တာနှင့် စက်ဘီးခိုးမှု (၁၀)မှုဖေါ်ထုတ်



ရန်ကုန်၊ အောက်တိုဘာ ၈

မြောက်ဥက္ကလာပမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မြောက်ဥက္ကလာမြို့မ
ရဲစခန်း(ပ)၆၉၄/၂၀၁၃၊ပုဒ်မ ၃၈၀ အမှုဖြင့် ရီမန်ယူစစ်ဆေးလျက်ရှိသော စန်းဝင်း၊ (ဘ)ဦးတင်ရွှေ၊ မြောက်ဥက္ကလာပ မြို့နယ်နေသူအား အခြား
ခိုးမှုများကျူးလွန်ခဲ့ဖူးခြင်း ရှိ/မရှိစစ်ဆေးရာ စန်းဝင်းသည် ၂၀၁၃ခုနှစ် ၊
သြဂုတ်လအတွင်းက မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်၊ သီရိကန်သာအိမ်ယာဝင်းအတွင်းမှ Dream စာတမ်းပါ နီညိုရောင်
မောင်းတိန်းစက်ဘီး (၁)စီးအား ခိုးယူရောင်းချထားကြောင်း
ပေါ်ပေါက်သဖြင့် မြောက်ဥက္ကလာပမြို့မရဲစခန်း(ပ)၇၁၆/၂၀၁၃၊
ပုဒ်မ ၃၇၉/၅၄ဖြင့် အမှုဖွင့်အရေး ယူခဲ့ပါသည်။

ထို့အပြင် ၎င်းသည် ၂၀၁၃ခုနှစ်၊ သြဂုတ်လအတွင်းက ဗဟန်းမြို့နယ်၊
မြလမ်းရှိ နေအိမ်တစ်အိမ်၏ လှေကားအောက်တွင်ထားရှိသော JING WANG တံဆိပ်ပါ အပြာ/အနက်ရောင် (၅)မူး ကိုင်းဆွဲ ရေမော်တာ (၁)လုံးအားခိုးယူခဲ့ကြောင်း ပေါ်ပေါက်သဖြင့် ဗဟန်းမြို့မရဲစခန်း
(ပ) ၃၉၁/၂၀၁၃၊ ပုဒ်မ ၃၇၉/၅၄ဖြင့်လည်းကောင်း၊ဗိုလ်တထောင်မြို့နယ်၊ ဂန္ဒီဆေးရုံအနီးရှိ နေအိမ်တစ်အိမ်၏ လှေကား အောက်တွင်ထားရှိသော INTERDAB တံဆိပ်ပါ အပြာ/အနက်ရောင် (၅)မူး ရေမော်တာ(၁)လုံး၊ (၄၁)လမ်းအပေါ်ဘလောက်ရှိ အဆောက်အဦ (၁)လုံး၏ လှေကား
အောက်တွင်ထားရှိသော မင်းတုံးတံဆိပ်ပါ Low Speed (၂)ကောင်အား
ရေမော်တာ(၁)လုံး၊ MARKERS တံဆိပ်ပါ အပြာရောင် (၅)မူး
ရေမော်တာ(၁)လုံးနှင့် ဘိုကလေးဈေးအနီးရှိ နေအိမ်တစ်အိမ်၏
လှေကား အောက်တွင်ထားရှိသော SELF-PRIMING PUMPတံဆိပ်ပါ အပြာ/အနက်ရောင် (၁)ကောင်ခွဲ ရေမော်တာ(၁)လုံးတို့အား
ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဗိုလ်တထောင်မြို့မရဲစခန်း (ပ)၁၉၀/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄၊ (ပ)၁၉၁/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄၊
(ပ) ၁၉၂/၂၀၁၃၊ ၃၈၀/၅၄တို့ဖြင့်လည်းကောင်း၊ သင်္ဃန်းကျွန်း မြို့နယ်၊ စံပြဈေးအနီးရှိ နေအိမ်တစ်အိမ်၏ လှေကားအောက်တွင်ထားရှိသော
IDB 35 တံဆိပ်ပါ အနက်/လိမ္မော်ရောင် (၅)မူးရေမော်တာ(၁)လုံးအား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သင်္ဃန်းကျွန်း
မြို့မရဲစခန်း(ပ)၄၀၆/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ဖြင့်လည်းကောင်း၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ဈေးလမ်းရှိ နေအိမ်တစ်အိမ်၏လှေကား
အောက်တွင် ထားရှိသော ANCHOR တံဆိပ်ပါ အပြာ/အနက်ရောင်
(၃)မတ် ကိုင်းဆွဲရေမော်တာ (၁)လုံးနှင့် မင်္ဂလာတောင်ညွန့်ရဲစခန်းအနီး လမ်းဘေးမှ Bridgestone တံဆိပ်ပါ အပြာ/ငွေရောင်(မ)စီး စက်ဘီး(၁)စီးတို့အား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်း(ပ)၆၇၆/၂၀၁၃၊ပုဒ်မ ၃၈၀/၅၄၊ (ပ)၆၇၇/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄တို့ဖြင့် လည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံဘူတာ အနီး လမ်းကြားမှ Bridgestone တံဆိပ်ပါ
အ၀ါ/ငွေရောင် (မ)စီး စက်ဘီး(၁)စီးအား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မင်္ဂလာဒုံမြို့မရဲစခန်း(ပ)၆၁၇/၂၀၁၃၊
ပုဒ်မ ၃၇၉/၅၄ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူ
ဆောင်ရွက်လျက်ရှိပါသည်။

ထို့အပြင် ပန်းဘဲတန်းမြို့နယ်၊ (၃၂)လမ်းအလယ်ရှိ နေအိမ်တစ်အိမ်၏
လှေကားအောက် တွင်ထားရှိသော Sichuan Doaggond တံဆိပ်ပါ အစိမ်းရောင် (၁)ကောင်ခွဲ ရေမော်တာ(၁)လုံးအား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပန်းဘဲတန်းမြို့မရဲစခန်းသို့အမှုအား
လွှဲပြောင်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

ရန်ကုန်လေဆိပ် ပြည်ပထွက်ခွါ ဆောင်တွင် စိတ်ကြွဆေးပြား ငါးသောင်းကျော်ဖမ်းဆီးရမိ



ရန်ကုန်၊ အောက်တိုဘာ ၈

၇.၁၀.၂၀၁၃ရက်နေ့ ၀၉၀၀အချိန် ရန်ကုန်(မူယစ်တပ်ဖွဲ့စု-၄၅)မှ တပ်ဖွဲ့ဝင်များသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပထွက်ခွာဆောင် Main X ray စက်၌ စစ်ဆေးရှာဖွေရေး တာဝန်ဆောင်ရွက်နေစဉ် မဖြူဥ၊ (ဘ)ဦးဘိုနီ၊ သင်္ဃန်းကျွန်းမြို့နယ်နေသူ၏ ခရီးဆောင်အိတ်အား X ray စက်ဖြင့်  ဖြတ်သန်းစစ်ဆေးရာ အိတ်အတွင်း၌ မသင်္ကာပုံရိပ်များ တွေ့ရှိရသဖြင့် မဖြူဥ၏ ခရီဆောင်အိတ်အား စစ်ဆေးခဲ့ရာ မြင့်မြင့်ဝေနှင့် ကမ္ဘာစန်းတံဆိပ်ပါ ထိုးမုန့်ဗူးခွံ (၁၈)ဗူးအတွင်း၌ သိုဝှက်သယ်ဆောင်လာသော WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြာ(၅၄၇၂၀)ပြား၊ အလေးချိန် (၅.၄၇၂)ကီလိုဂရမ်နှင့် ဆေးပြားအကြေ(၀.၀၁)ကီလိုဂရမ် စုစုပေါင်းအလေးချိန် (၅.၄၈၂)ကီလိုဂရမ်၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၂၇၄၁)သိန်းနှင့် PHYU OU အမည်နှင့် ပတ်စ်ပို့(၁)စောင်၊ မဖြူဥ အမည်ပါ မှတ်ပုံတင်(၁)ခု၊ ရန်ကုန်-ဘန်ကောက်-ဒါကာ ၊ ဘန်ကောက်-ရန်ကုန်အသွားအပြန် လေယာဉ် လက်မှတ်(၁)စောင်၊ အမေရိကန်ဒေါ်လာ(၄၀၀)၊ ခေါက်ပိုက်ဆံအိတ် (၁)လုံး၊ ဆင်းကဒ်ပါ (YUWIN)တံဆိပ်နီ/ခဲကြား လက်ကိုင်ဖုန်း(၁)လုံးတို့အား သိမ်းဆည်းရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူအား စစ်ဆေးရာ အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအား တင်မောင်၊ (ဘ)ဦးရှုနာအာလီ၊ (၁)ရပ်ကွက်၊ သာကေတမြို့နယ်နေသူမှ ပို့ဆောင်ခိုင်းကြောင်း ပေါ်ပေါက်သဖြင့် မူးယစ်တပ်ဖွဲ့ စု(၄၅/၄၂)မှတပ်ဖွဲ့ဝင်များပူးပေါင်း၍ တင်မောင်၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြားများ ရှာဖွေတွေ့ရှိ ရခြင်းမရှိဘဲ တင်မောင်အား ဖမ်းဆီးရမိသဖြင့် မဖြူဥနှင့် တင်မောင်တို့အား မင်္ဂလာဒုံမြို့မရဲစခန်း မူးယစ်(ပ)၁၀/၂၀၁၃၊မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)(ခ)/၂၁ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
အငှားယာဉ်ပေါ် လုယက်သူ လေးဦး နာရီပိုင်းအတွင်း ဖမ်းမိ
မန္တလေး သုံးလောင်းပြိုင် လူသတ်မှု မသင်္ကာဖွယ်လူတစ်ဦးကို စတင်စစ်ဆေးပြီ
ရဲအုပ်ကို သေနတ်ဖြင့်ပစ်သတ်သည့် ဒုရဲအုပ်အား ရဲတရားရုံးမှ ဦးစွာ ထောင်ဒဏ်သုံးနှစ်ချ
ငါးထောင်တန် ငွေစက္ကူအတုများ ပြုလုပ်သုံးစွဲနေသူ နှစ်ဦးကို ဖမ်းဆီးရမိ
ဇနီးမှ ယောက်ျားအား ကြက်သွန်လှီးဓါးဖြင့်ထိုးသတ်
ရန်ကုန်လေဆိပ် ပြည်ပထွက်ခွါ ဆောင်တွင် စိတ်ကြွဆေးပြား ငါးသောင်းကျော်ဖမ်းဆီးရမိ
မန္တလေးလူကုံထံများကြား နာမည်ကြီး နိုက်ကလပ်တစ်ခုဝင်ရောက်ဖမ်းဆီး
ဇနီးကိုသတ်ပြီး ရန်ကုန်မြစ်တွင်း အလောင်းဖျောက်ဖျက်သူခင်ပွန်း ဖမ်းမိ
လှိုင်သာယာမြို့နယ်၊ လူသတ်မှုမှ တရားခံများအား (၁၂)နာရီအတွင်းဖမ်းဆီးရမိ
သံတွဲမီးရှို့မှု ဆက်ဖြစ်၊ လူအချို့ကို ထပ်မံထိန်းသိမ်း


Ditulis Oleh : Thit Lwin Hari: 1:14 PM Ka

ဇနီးမှ ယောက်ျားအား ကြက်သွန်လှီးဓါးဖြင့်ထိုးသတ်



ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့၊ အင်းတကော်ရဲစခန်းအပိုင်၊အမှတ်(၄)ရပ်ကွက် တွင် (၇.၁၀.၂၀၁၃)နေ့ နံနက်(၁၁း၀၀)အချိန်ခန့်က လင်မယား နှစ်ယောက် စကားများရန်ဖြစ်ရာ ဇနီးမှယောက်ျားအား ကြက်သွန်လှီးဓါးဖြင့် ထိုးသတ်မှုတစ်ခုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာဦးစိုးကြည်၊အသက်(၄၀)နှစ်၊ (ဘ)ဦးလှမောင်၊ အမှတ်(၄)ရပ်ကွက်၊ အင်းတကော် ကျေးရွာနေသူနှင့် ဇနီးဖြစ်သူ မကြည်ကြည်မြင့်၊အသက်(၃၉)နှစ်၊(ဘ)ဦးသန်းမြင့်၊တို့ နေအိမ်မီးဖိုချောင်တွင် နှမ်းဖတ်ချဉ်သုတ်ရန်ကြက်သွန်လှီး နေစဉ်စကားများကြရာ ဒေါသစိတ်မထိမ်းနိုင်ဘဲ မကြည်ကြည်မြင့်မှ ခင်ပွန်းဖြစ်သူ ဦးစိုးကြည်အား ကော်ရိုးတပ်အရိုးအသွား (၉)လက်မခန့်ရှိ ကြက်သွန်လှီးဓါးနှင့်ထိုးလိုက်ရာ ဦးစိုးကြည်မှာဝဲဘက်ရင်အုံနှင့် ၀ဲဘက်လက်မောင်းတို့တွင် စူးဝင်ဒဏ်ရာများဖြင့်သဆုံးသွားခဲ့သည်။

သေဆုံးသူ ဦးစိုးကြည်၏အကိုဖြစ်သူ ဦးစိန်မောင်မှ တရားလိုပြုလုပ်၍ အင်းတကော်ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားရာ အင်းတကော် ရဲစခန်းစခန်းမှူး ရဲအုပ်ကျော်ထင်ဦးမှ(ပ)၂၀၇/၂၀၁၃ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂အရ အမှုဖွင့်ပြီးတရားခံအား ဖမ်းဆီးအရေးယူ ထားကြောင်းသတင်းရရှိသည်။

Thant Zin

by Myanmar News Now

ထိုင်းရောက် မြန်မာလုပ်သားများကို ယာယီလက်မှတ်အစား နိုင်ငံကူး လက်မှတ် ပြောင်းထုတ်ပေးမည်



ရန်ကုန်၊ အောက်တိုဘာ ၇

ယာယီနိုင်ငံကူး လက်မှတ်ဖြင့်သာ လုပ်ကိုင်နေရသည့် ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကို မြန်မာနိုင်ငံကူး လက်မှတ် (စာအုပ်အနီ) အောက်တိုဘာလ ၂၁ ရက်နေ့မှ စတင်ကာ ထုတ်ပေးသွားမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန နေပြည်တော်ရုံးရှိ Complaint Mechanism မှ ပြန်ကြားရေး တာဝန်ခံက ပြောကြားသည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ထွက်ခွာခွင့်ပြုသည့် နယ်စပ်မြို့များ ဖြစ်သည့် မြဝတီ၊ ကော့သောင်း၊ တာချီလိတ်မြို့တို့မှတစ်ဆင့် သွားရောက် လုပ်ကိုင်မည့် သူများကိုလည်း နိုင်ငံကူးလက်မှတ် ထုတ်ပေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးမည့်ကိစ္စ အသေးစိတ်ကို ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ အလုပ်သမား ဝန်ကြီးအဆင့် တွေ့ဆုံ ဆွေးနွေးမှုအပြီး အောက်တိုဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်မည် ဖြစ် ကြောင်း ပြန်ကြားရေး တာဝန်ခံက ပြောကြားသည်။

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း မြန်မာလုပ်သားများ ကိုင်ဆောင်နေသည့် ယာယီနိုင်ငံကူး လက်မှတ်မှာ (ခရမ်းရောင်) ဖြစ်ပြီး ထိုင်းနိုင်ငံ တစ်နိုင်ငံတည်းတွင်သာ တရားဝင် လုပ်ကိုင်ခွင့် ပြုထားသော သီးခြားလက်မှတ် ဖြစ်သည်။

ယင်းလက်မှတ်အစား မြန်မာနိုင်ငံကူး လက်မှတ်ကို ပြောင်းလဲ ထုတ်ပေးရန် စီစဉ်နေခြင်း ဖြစ်ရာ ထိုင်းရောက် မြန်မာလုပ်သားများအတွက် များစွာ အဆင်ပြေနိုင်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားတစ်ဦးက ဆိုသည်။

နိုင်ငံကူးလက်မှတ် (စာအုပ်အနီ) ကို ထိုင်းနိုင်ငံတွင် တရားမဝင် လုပ်သားများ အထောက်အထား ထုတ်ပေးသည့် ရုံးများ၌ ထုတ်ပေးရန် စီစဉ်ထားကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။

တရားမဝင် လုပ်သားများကို တရားဝင် မှတ်ပုံတင် ပေးရာတွင် ပွဲစားများ၏ ကြားဝင် လုပ်ဆောင်မှုကြောင့် စရိတ်အဆမတန် ပိုကုန်ကျကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းလုပ်သားများ အခွင့်အရေး ကွန်ရက်မှ ဒါရိုက်တာစိန်ဌေးက ပြောကြားသည်။
“ပွဲစားရဲ့ အခန်းကဏ္ဍကို ထိန်းချုပ်သင့်တယ်” ဟု ၎င်းကဆိုသည်။

မြန်မာအစိုးရ စာရင်းများအရ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား ၁ ဒသမ ၇ သန်းကျော်မှာ ယာယီနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူများ ဖြစ်သည်။

The Voice Weekly

အကြမ်းဖက် ပဋိပက္ခကြောင့် ခရီးသွားလုပ်ငန်း ထိခိုက်နိုင်



မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ ဘာသာလူမျိုးအခြေခံ အကြမ်းဖက် ပဋိပက္ခတွေကြောင့် တိုးတက် ဖွံ့ဖြိုးစပြုလာနေတဲ့ ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်နိုင်ဖွယ်ရှိနေတယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။

ရခိုင်ပြည်နယ်မှာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းမှာ ထင်ရှားတဲ့ ငပလီ ကမ်းခြေ အနီးမှာ ဖြစ်ပွားခဲ့တာပါ။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက သူ့နိုင်ငံသားတွေကို သတိပေးထားရာမှာ ငပလီမှာ အခုထိ လုံခြုံမှုရှိတယ် ဆိုနိုင်ပေမဲ့၊ ခရီးသွားတွေအနေနဲ့ ဒေသဆိုင်ရာ အခြေအနေတွေကို အမြဲ သတိပြုနေကြဖို့၊ သက်ဆိုင်ရာ ခရီးသွားကုမ္ပဏီတွေနဲ့ အမြဲထိတွေ့နေဖို့ ကြေညာထားပါတယ်။

ငပလီ ကမ်းခြေအနီး သံတွဲမြို့ မှာ ညနေ ၆ နာရီကနေ မနက် ၆ နာရီ အထိ ညမထွက်ရ အမိန့် ထုတ်ထား ပါတယ်။

မြန်မာ ခရီးသွားလုပ်ငန်းကုမ္ပဏီတွေအနေနဲ့လည်း လက်ရှိ အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး စိုးရိမ်နေကြတယ် လို့ ဆိုပါတယ်။

အခုအခါ ခရီးသွားရာသီ စတင်ပြီမို့ အရေးကြီးတဲ့ အချိန်ရောက်လာပြီလို့ ကုမ္ပဏီ တစ်ခုက ပြောပါတယ်။

မြန်မာနိုင်ငံအကြောင်း လေ့လာသူ သြစတေးလျ စီးပွားရေး ပညာရှင် ဒေါက်တာ Sean Tunnel ကလည်း လတ်တလောအနေနဲ့ ပြည်တွင်းပဋိပက္ခတွေကြောင့် ပြည်ပခရီးသွားဦးရေ ရုတ်တရက် ချက်ခြင်း မကျဆင်းနိုင် ပေမဲ့၊ ရေရှည်မှာတော့ ပြဿနာကြီးတစ်ရပ်ဖြစ်လာနိုင်ကြောင်း၊ ပြီးတော့ ကမ်းခြေတွေဟာ ဝေးလံတဲ့နေရာ တွေ မှာရှိတာမို့ တစ်စုံတခုဖြစ်ခဲ့ရင် အန္တရာယ်အရှိဆုံးနေရာတွေဖြစ်သွားနိုင်ကြောင်း သတိပေးပြောဆိုပါတယ်။

RFA Burmese

နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်



နိုင်ငံတ၀န်းရှိ အကျဉ်းထောင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို ဒီနေ့ ပြန်လွှတ်ပေးနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ-ဘီ) ပြောခွင့်ရ ဦးဘိုကြည်က ပြောပါတယ်။

သူတို့ရရှိထားတဲ့စာရင်းအရ ပြန်လွှတ်ပေးမယ့် နိုင်ငံရေးအကျဉ်းသား ၅၆ ဦးရှိပြီး အခု စလွှတ်ပေးနေတယ်လို့ ပြောပါတယ်။

“အပြင်ရောက်တာ မော်လမြိုင်ထောင်က ရောက်ပြီ။ သူ့ကို အက်စ်ဘီက ခေါ်သွားတယ်။ မော်လမြိုင်မှာရှိတဲ့ ဒေသခံတွေက အက်စ်ဘီရုံးကို လိုက်သွားတယ်။ တချို့ထောင်တွေကလည်း ဆက်လွှတ်ဖို့ ပြင်နေပြီ။ အင်းစိန်ထောင်က ၁ ယောက်ပဲ လွှတ်မှာ။ နောက် နာရီဝက်လောက်ဆို အပြင်ပြန်ရောက်မယ်။”

ဒီနေ့ ပြန်လွှတ်ပေးမယ့် နိုင်ငံရေးအကျဉ်းသားတွေဟာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ အရ လက်မှတ်ထိုးပြီးမှ လွှတ်ပေးတာ များမယ်လို့ ဦးဘိုကြည်က ပြောပါတယ်။
“၄၀၁ ကို လက်မှတ်ထိုးပြီး လွှတ်ရတယ်ဆိုတာ ထားခဲ့တယ်။ ပြစ်ဒဏ်မရှိဘဲနဲ့ လွှတ်ပေးတယ်ဆိုရင် လုပ်ငန်းပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအက ၄၀၁ ကို လက်မှတ်ထိုးရတယ်။ ဒါပေမယ့် ၄၀၁ ထဲမှာ ချွတ်ယွင်းချက်ဖြစ်စေ၊ ချွတ်ယွင်းချက်မရှိဘဲဖြစ်စေဆိုတာ သမ္မတကနေပြီး ချွတ်ယွင်းချက်မရှိဘဲ လွှတ်ပေးတာမျိုးကို ကြေညာပေးပါ။ တရားဝင်ဖြစ်အောင် လုပ်ပေးပါလို့ တိုက်တွန်းပြောဆိုနေတာ ရှိပါတယ်။ ဒါပေမယ့် အခုချိန်ထိ အကောင်အထည် ပေါ်မလာသေးပါဘူး။”

ဒီနေ့ ပြန်လွှတ်ပေးမယ့်သူတွေထဲမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ /ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့နဲ့ တိုင်းရင်းသားတွေ များတယ်လို့ ဦးဘိုကြည်က ပြောပါတယ်။

ဗန်းမော်၊ မြစ်ကြီးနား၊ ကလေး၊ လားရှိုး၊ မော်လမြိုင်၊ ပုသိမ်၊ သာယာဝတီ၊ အင်းစိန် အစရှိတဲ့ အကျဉ်းထောင်တွေကနေ ပြန်လွှတ်ပေးမှာလို့ ဆိုပါတယ်။

အခု ၅၆ ယောက် ပြန်မလွှတ်မီက အေအေပီပီ-ဘီ၊ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ကျဉ်းဟောင်းများအဖွဲ့ရယ်၊ နိုင်ငံရေးအကျဉ်းသားများအဖွဲ့ချုပ် (နိုင်ချုပ်)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) အဖွဲ့ ၅ ဖွဲ့ရဲ့ စာရင်းအရ ၁၆၇ ယောက်ရှိတယ်လို့ ဦးဘိုကြည်က ပြောပါတယ်။

ဒါ့အပြင် ပုဒ်မ ၁၈၊ ၅၀၅ (ခ)၊ လယ်ထွန်လို့ အဖမ်းခံရတဲ့ ပုဒ်မတွေနဲ့ လက်ရှိအမှုရင်ဆိုင်နေရဆဲသူ ၂၃၂ ယောက် ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။

by ဒီဗွီဘီ

ဦးဘိုကြည်နဲ့ မေးမြန်းချက် အပြည့်အစုံ နားဆင်ရန်

ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခများမှာ ၉၆၉ ကြောင့် မဟုတ်ဟု သာသနာရေးဝန်ကြီးပြော



ဘာသာရေး၊ လူမျိုးရေးဆန်ဆန် ပဋိပက္ခများ ဖြစ်ပွားရခြင်းသည် ကောလာဟလ သွေးထိုးလှုံ့ဆော်မှုများကြောင့်သာဖြစ်ပြီး အချို့ထင်မြင်နေသကဲ့သို့ ၉၆၉ အယူဝါဒ လှုံ့ဆော်မှုကြောင့် ဖြစ်ပွားရခြင်းမဟုတ်ကြောင်း သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ပြောသည်။

““နိုင်ငံတွင်းဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေဟာ လူမျိုးရေး၊ စီးပွားရေးပေါ်မှာ အခြေခံပြီး ဖြစ်ပွားခဲ့တဲ့အပေါ် ဘာသာရေးအမြတ်ထုတ်ပြီး ဆောင်ရွက်ခဲ့ကြတဲ့ ဖြစ်စဉ်တွေ ဖြစ်ပါတယ်။ တချို့ထင်မြင်ယူဆနေသလို ၉၆၉ ဆိုတာနဲ့ လှုံ့ဆော်တာမဟုတ်ဘူးဆိုတာ ပြောလိုပါတယ်”” ဟု ဦးဆန်းဆင့်က အောက်တိုဘာ ၆ ရက်တွင် ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့၌  ကျင်းပပြုလုပ်သည့် ကံကျောင်းဆရာတော် ဘဒ္ဒန္တသံဝရ၏ (၉၇) နှစ်ပြည့် အထိမ်းအမှတ်ပူဇော်ပွဲသို့ တက်ရောက်လာကြသော ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန်ဘာသာဝင်များ၊ အစ္စလာမ်ဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ဖြစ်ပွားခဲ့သော ဖြစ်စဉ်များသည် မိသားစုအချင်းချင်း ရန်ဖြစ်ကြသည့် ဖြစ်စဉ်ကဲ့သို့သာဖြစ်ပြီး မကြာမီကာလတွင် ပြန်လည်တည်ငြိမ်အေးချမ်းသွားမည်ဟု မိမိအနေဖြင့် ယူဆကြောင်း ဦးဆန်းဆင့်က ပြောသည်။ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်ရေးလုပ်ငန်းစဉ်များကို မိမိတို့အနေဖြင့် ဆောင်ရွက်နေပြီး ပဋိပက္ခဖြစ်စဉ်များကြောင့် မျက်နှာချင်းဆိုင်ရန် အခက်အခဲရှိနေသည့် ယခုကာလတွင် ဘာသာရေး၊ လူမှုရေးပွဲလမ်းများ ပြုလုပ်၍ ဘာသာပေါင်းစုံ တက်ရောက်စုံစည်းသည့်နည်းလမ်းဖြင့် အတူယှဉ်တွဲနေထိုင်သွားရန်ဖြစ်ကြောင်း ဦးဆန်းဆင့်က ပြောသည်။

““တစ်ဖက်နဲ့တစ်ဖက် ထင်ယောင်ထင်မှားတွေဖြစ်နေသလို ဗလီတွေထဲမှာ အက်ဆစ်တွေ၊ တခြားလောင်စာတွေရှိတယ်ဆိုတာ မဟုတ်ပါဘူးဆိုတာကို သက်သေပြတဲ့အနေနဲ့ သံဃာတော်တွေကို ဗလီဝတ်ကျောင်းတွေထဲမှာ ဆွမ်းကပ်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိပါတယ်”” ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
သာသနာရေးဝန်ကြီးဌာနအနေဖြင့် ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေးအသင်းများကို မြို့နယ်တိုင်းတွင် ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်နေပြီး ၀န်ကြီးဌာနအောက်တွင် ဖွဲ့စည်းဆောင်ရွက်ခြင်းမဟုတ်ဘဲ လွတ်လပ်သော NGO အဖွဲ့အစည်းအနေဖြင့် လုပ်ဆောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

““၀န်ကြီးဌာနအောက်မှာ လုပ်လိုက်ရင် ဌာနက ချုပ်ကိုင်မှုတွေရှိတယ်ဆိုတာ ဖြစ်မှာစိုးတဲ့အတွက် ၀န်ကြီးဌာနအနေနဲ့ မလုပ်ပါဘူး။ NGO အနေနဲ့လုပ်ရင် သံသယကင်းကင်း၊ လွတ်လွတ်လပ်လပ် ဘာသာပေါင်းစုံ ဆွေးနွေးပူးပေါင်းဆောင်ရွက်နိုင်မှာ ဖြစ်တဲ့အတွက် သမ္မတကြီးပါဝင်တဲ့ ၀န်ကြီးများအစည်းအဝေးမှာ ဒါကို တင်ပြဆောင်ရွက်ခဲ့ပါတယ်”” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
မကြာမီက သွားရောက်ခဲ့သော နိုင်ငံတော်သမ္မတ၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင် သံတွဲမြို့ ပဋိပက္ခဖြစ်စဉ်များဖြစ်ပွားခဲ့ပြီး ယခုလ ၅ ရက်ညတွင် ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့၌လည်း မီးရှို့ဖျက်ဆီးသည့် ပဋိပက္ခဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည်။

7Day Daily

စစ်တကောင်း ဘာသာရေး ကျောင်းတစ်ခုတွင် ဗုံးကွဲ၍ ကျောင်းသား ၇ ဦး ဒဏ်ရာရ



ရခိုင်ပြည်နယ်နဲ့ ကပ်ရပ် တည်ရှိတဲ့ ဘင်္ဂလာဒေခ်ျ့နိုင်ငံ စစ်တကောင်းမြို့က အစ္စလာမ်မစ် ဘာသာရေး ကျောင်း တစ်ခုမှာ ဗုံးပေါက်ကွဲခဲ့တဲ့ အတွက် အနည်းဆုံး ကျောင်းသား (၇) ဦး ဒဏ်ရာ ရရှိသွားတယ်လို့ ဒီကနေ့ထုတ် The Daily Star သတင်းစာမှာ ဖေါ်ပြပါတယ်။

ဗုံးပေါက်ကွဲတဲ့ စာသင်ကျောင်းဟာ အစ္စလာမ်မစ် အဖွဲ့တစ်ခု ဖြစ်တဲ့ Hefajat ခေါင်းဆောင် တစ်ဦးရဲ့ ကျောင်းဖြစ်တယ်လို့ ပြောပါတယ်။

ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့က ဗုံးပေါက်ကွဲပြီးတဲ့ နောက်ပိုင်း မနေ့ နေ့လယ်က အဲဒီကျောင်းကို ၀င်ရောက် စီးနှင်းရာမှာ ပေါက်ကွဲစေတတ်တဲ့ ဗုံးနဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေ အပါအ၀င် သဲလွန်စတွေ အများကြီး သိမ်းဆည်းရမိတယ်လို့ သတင်းစာက ဖေါ်ပြပါတယ်။

ဒါ့အပြင် လက်လုပ်ဗုံး အလုံး (၃၀) ကိုလည်း စတိုအခန်း တစ်ခုထဲမှာ တွေ့ရပြီး အဲဒီအခန်းထဲမှာဘဲ ပေါက်ကွဲမူ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး သတင်းစာက ပြောပါတယ်။

ဘာသာရေး ကျောင်းအတွင်း ဗုံးကွဲမူနဲ့ ပတ်သက်ပြီး ဆရာအချို့နဲ့ ကျောင်းသား အချို့ကိုလည်း ရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်ပြီး အနည်းဆုံး လူ (၄) ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ပြောပါတယ်။

နေ့လယ်က ၀င်ရောက်စီးနှင်းပြီး ရှာဖွေမူ ပြုလုပ်တာဟာ ညဥ့်  ၁၀ နာရီမှာမှ ပြီးဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမူဟာ ယမန်နေ့ နံနက် ၁၁ နာရီ ခွဲခန့်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဘေးပတ်ဝန်းကျင်က လူတွေ ပေါက်ကွဲမူကို ကြားခဲ့ရတယ်လို့ ပြောပါတယ်။ ပတ်ဝန်းကျင်က လူတွေ ပေါက်ကွဲသံကြောင့် ကျောင်းအနီး စုရုံး ရောက်ရှိလာရာမှာ ၀င်ရောက်ခွင့် မပေးခဲ့ဘူးလို့ သိရပါတယ်။

နောက်ဖြစ်စဉ် တစ်ခုမှာတော့ တရားမ၀င် အဖွဲ့လို ကျေညာထားတဲ့ အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့ တစ်ခုက အဖွဲ့ဝင် ၄ ဦးကို ပစ္စတို တစ်လက်၊ ၎င်းကျည်ဆံ ၃၁ တောင့် အပါအ၀င် အခြား အမျိုးအစား ကျည်ဆံ ၁၁၃၅ နဲ့ အတူ ဖမ်းဆီးးရမိခဲ့တယ်လို့ အဲဒီ သတင်းစာမှာဘဲ ဖေါ်ပြထားပါတယ်။

(နိရဉ္စရာ- ၈ အောက်တိုဘာ ၂၀၁၃)

အခြားအော်ပရေတာများထက် မများသောဈေးနှုန်းဖြင့် ဝန်ဆောင်မှုပေးမည်ဟု ရတနာပုံတယ်လီပို့ ပြောကြား


Mon, 10/07/2013 - 13:29
ဆက်သွယ်ရေးဝန်ဆောင်မှုများအား အော်ပရေတာလေးခုဆောင်ရွက်ရာတွင် အခြားအော်ပရေတာများထက် မများသောဈေးနှုန်းဖြင့် ဝန်ဆောင်မှုပေးမည်ဟု ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်မှ CEO ဦးတင်ဝင်းက ပြောကြားသည်။

ဈေးနှုန်းသက်တမ်းတိုးခြင်းများကို လက်ရှိတွင် လုပ်ဆောင်ရန် အချိန်စောသေးကြောင်း၊ ယခုနှစ်ကုန်ခန့်တွင် ဆောင်ရွက်နိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။ “သူတို့လောက် ကျွန်တော်တို့က ဝန်ဆောင်မှုမသာရင်တောင် မညံ့အောင်လုပ်မှာပါ။ ဈေးနှုန်းလည်းသူတို့ပေးတဲ့ ဈေးထက်မများတဲ့ဈေးနဲ့ ကျွန်တော်တို့လုပ်မှာပါ။ အတတ်နိုင်ဆုံး သူများထက် ဈေးနှုန်းမများအောင် လုပ်သွားမယ်” ဟု ဦးတင်ဝင်းက ပြောကြားသည်။ အော်ပရေတာလေးခုတွင် ပြည်တွင်းအောပ်ရေတာနှစ်ခုနှင့် ပြည်ပအော်ပရေတာနှစ်ခု ပါဝင်မည်ဖြစ်သည်။

ပြည်ပအော်ပရေတာများအနေဖြင့် Sim Card တန်ဖိုး သတ်မှတ်ခြင်း၊ စီမံကိန်းများ ဆောင်ရွက်ခြင်းတို့ကို စီစဉ်ပြီးဖြစ်သော်လည်း ရတနာပုံတယ်လီပို့ကုမ္ပဏီလီမိတက်အနေဖြင့် အချိန်စောနေသေးသည်ဟု ဆိုသည်။ “အဲ့လိုသတ်မှတ်ဖို့ အချိန်က နည်းနည်း စောနေပါသေးတယ်။ ပြည်ပအော်ပရေတာ နှစ်ခုအတွက်တော့ တရားဝင်ကြေညာပြီးသားပေါ့နော်။ သူတို့ကတော့ လိုင်စင်ကိုစောင့်နေတာပေါ။့ ရတနာပုံအနေနဲ့ကလည်း လိုင်စင်ကို စောင့်နေတယ်။ သို့သော် တရားဝင်ရပြီလို့ မပြောသေးတဲ့အခါကျတော့ မီဒီယာတွေကို ဖိတ်ပြီးတော့အသိပေးဖို့၊ နိုင်ငံတစ်ဝှမ်းလုံးအသိပေးဖို့ကို အချိန်မကျသေးလို့ပါ” ဟုပြောကြားသည်။ အခြားအော်ပရေတာများနှင့် ဈေးကွက်ယှဉ်ပြိုင်ရာတွင် ပြည်တွင်းဝယ်ယူများအား နိုင်ငံသားပိုင်ကုမ္ပဏီများကို အားပေးစေလိုကြောင်း ဆိုသည်။

“ပြည်တွင်းက ကိုယ့်နိုင်ငံသားတွေကိုပဲ အားထားပါတယ်။ နိုင်ငံသားတွေအားလုံးက ကျွန်တော်တို့ တိုင်းရင်းသားပိုင်ကုမ္ပဏီကို အားပေးဖို့ပြောချင်ပါတယ်။ ဒီအားမပါဘဲနဲ့တော့ ယှဉ်ပြိုင်ဖို့က ခက်ပါတယ်” ဟု ပြောကြားခဲ့သည်။ အများပိုင် ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအား ပြောင်းလဲထားသော အများပိုင်ကုမ္ပဏီ၊ တယ်လီနော၊ အူရီဒူစသည့် ကုမ္ပဏီလေးခုတို့ အော်ပရေတာလုပ်ငန်းများကို ယှဉ်ပြိုင်ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။ တယ်လီကွန်းအော်ပရေတာလုပ်ငန်းဆိုသည်မှာ Fixed Lines ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်း ဆက်သွယ်ရေးလုပ်ငန်းအပါအဝင် ဆက်သွယ်ရေးနှင့် ဆက်စပ်နေသော လုပ်ငန်းများအားလုံးကို အပြည့်အဝလုပ်ကိုင်ခွင့်ရရှိမည့် အနေအထားဖြစ်ကြောင်းသိရသည်။

ထွန်းထွန်း
Myanmar Internet Journal