ပြည့်သူခိုးကြီးတေဇအား တပ်မတော်သားတစ်ဦးမှ ရာဇသံပေးလိုက်ခြင်း

ပို့စ်တင်ချိန် - 10/08/2013 08:41:00 AM

ကျွန်တော်သစ်ခုတ်ခဲ့မိတာ မှားယွင်းခဲ့ ကြောင်းဝန်ခံသွားသော သစ်ခရိုနီကြီးထံသို့ စာရေးဆရာ စစ်သူရဲဗလမင်းထင်ထံမှ သဘောထားတုံ့ပြန်ချက်။

ယခင်အစိုးရလက်ထက်မှ ခေါင်းဆောင်ကြီး လေးဦးထံတွင် မိကျောင်းမျက်ရည်ကျပြသွားသော သစ်ခရိုနီကြီးခင်ဗျား...
ယခင်အစိုးရဟောင်းလက်ထက် က ဗိုလ်ချုပ်ကြီး လေးဦးဆီမှာတော့ မိကျောင်းမျက်ရည်ကျပြသွားခဲ့ပြီးပါပြီ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်က ဂမ်လမ်ရာဆီတောင်တက် အောင် မြင်ခြင်းအထိမ်းအမှတ်အခမ်းအနား ကုန်သည်ကြီးများဟိုတယ်တွင် ပြု လုပ်သော ညစာစားပွဲတွင် ကျွန်း သစ်ခရိုနီကြီးမှ သူသည် ပြီးခဲ့တဲ့ နှစ် များအတွင်း ''ကျွန်တော်သစ်ပင်တွေ အများကြီးခုတ်မိခဲ့ပါတယ်။ အဲ့ဒီအ တွက် အခုအချိန်မှာ အဓိကလုပ် ရမှာကတော့ နယ်စပ် ဒေသတွေမှာ လိုအပ်နေတဲ့ပညာရေး၊ကျန်းမာရေး လုပ်ငန်းတွေကို အားဖြည့်လုပ် ဆောင်သွားဖို့ရှိပါတယ်။''

ရဟတ်ယာဉ် ပျက်ကျတုန်းက လည်း ဒီလေသံမျိုးပဲ။ နောက်တော့လဲ ခင်ဗျား သစ်တွေဆက်ခုတ်တာပါပဲ။ (၂၀၀၀-၂၀၀၇) (၇)နှစ်လုံးလုံး မြန်မာတစ်ပြည်လုံးရဲ့ တစ်ဦးထဲသော စားအုံးဆီ တင်သွင်းခွင့်ရတဲ့ ကိုယ်စားလှယ်အဖြစ် ခင်ဗျားရတော့မဲ့ အချိန်က စားအုန်းဆီအတွက် ပေးရမဲ့ အခွန်တွေအပြင် အပိုအဖြစ် မြန်မာ့တပ်မတော်ကို တစ်နှစ်လျှင် ရဟတ်ယာဉ်အစီး (၂၀) ပေးသွင်းပါ့မယ်လို့ ခင်ဗျားကပဲ ကမ်းလှမ်းပြီး ကတိပြုခဲ့တယ်။ အခုထိ ခင်ဗျား တစ်စီးမှမသွင်းရသေးဘူး။ ဒါ့ကြောင့် (၇) နှစ်အတွက် ရဟတ်ယာဉ်အစီး (၁၄၀) ခင်ဗျားပိုက်ဆံတွေနဲ့ မြန်မာ့တပ်မတော်ကို ပေးသွင်းဖို့ ခင်ဗျားကတိအကြွေးကျန်နေတယ်။ ဒီကိစ္စက မပေးသွင်းလို့ မရတဲ့ကတိပဲ။

အရင်တုန်းက တပ်မတော်ခေါင်းဆောင်တွေနဲ့ ပြေလည်တယ်ဆိုပြီး ပြီးသွားမယ့်ကိစ္စမဟုတ်ဘူးနော်။ လက်ရှိတပ်မတော်ခေါင်းဆောင်တွေက လက်ခံမှာမဟုတ်သလို နောင်မျိုးဆက်သစ်တပ်မတော်ခေါင်းဆောင်တွေကလည်း လုံးဝခင်ဗျားကို ခွင့်လွှတ်မှာမဟုတ်ဘူး။ DSA Never Surrender ဆိုတာခင်ဗျား(၃) နှစ်တက်ခဲ့တာပဲ ခင်ဗျားသိမှာပေါ့။ ဒါကြောင့် ''DSA Never Forgive You" ဖြစ်သလို ပြည်သူတွေကလည်း ဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ဘူး။

၁၉၈၈ ကစပြီး ခုတ်ခဲ့တာ ကျွန်းသစ်တစ်တန်ကို ဒေါ်လာ ၅ဝဝ နဲ့ နိုင်ငံခြားကို လက်လွှဲရောင်း ခဲ့တယ်။ နိုင်ငံတော်ကို ၁ဝ ဒေါ်လာ ပဲသွင်းရတယ်။ ခင်ဗျားကိုယ်တိုင် ကလည်း တစ်နှစ်ကို ဒေါ်လာ သန်း ၅ဝဝ မြတ်တယ်လို့ သတင်းထောက် တစ်ဦးကို ဂျာနယ်မှာ အတိအကျ ကိုယ်တိုင်ပြောခဲ့တာဆိုတော့ တစ်နှစ်ကို့ှ ဒေါ်လာ သန်း ၅ဝဝ နဲ့ ၂၅ နှစ် မြှောက်ရင် ၂၅ နှစ် x သန်း ၅ဝဝ့ှ = အမေရိကန် ဒေါ်လာသန်းပေါင်း တစ်သောင်း နှစ်ထောင်ငါးရာ့ှီသူမေ ၁၂၅ဝဝ မြတ်ခဲ့တယ်လေ။

ခင်ဗျားဆီမှာ လုပ်ငန်းပေါင်း မြောက်မြားစွာထဲက ကျွန်းသစ်တစ် ခုထဲကို့ှ သန်း ၁၂၅ဝဝ မြတ်နေ မှတော့ သန်း ၆ဝ သောပြည်သူလူ ထုရဲ့ ဘဝတွေကို ဘယ်လိုပြန်ပေး ဆပ်မှာလဲ။ ပြည်သူတွေက ခင်ဗျား ဆီက အဖြေကို တိတိကျကျ သိချင် နေကြတယ်။ ခင်ဗျားပိုင်ဆိုင်ထား တဲ့ မတရားပိုင်ဆိုင်ထားတဲ့ မြန်မာတပြည်လုံးကဟိုတယ်တွေ၊တောင်ပေါ်အပန်းဖြေစခန်းတွေ၊ ပင်လယ်ကမ်းခြေက အပန်းဖြေဟိုတယ်တွေ အင်ယားကန်ပတ်ပတ်လည်က နန်းတော်တချို့ ခြံဝင်းကြီးတွေ အိမ်ကြီးတွေ၊ စင်ကာပူက ဇိမ်ခံ အိမ်ကြီးတွေ၊ ဒူဘိုင်း၊ သြစတေးလျ မှာ ဝယ်ထား တဲ့ အိမ်ကြီးတွေ ခင်ဗျာပိုင်ဆိုင်မှု ၇၅%ကို မြန်မာပြည်သူတွေဆီ ပြန်အပ်မှာလား။ ဒါမှမဟုတ် ကျုပ်တို့ လူထုက ''ခရိုနီများ ဥစ္စာ စိစစ်ရေးကော်မတီ''ဖွဲ့စည်းပြီးစစ်ဆေး ရမလား။ မတရားသဖြင့် သိမ်းထား တာတွေအားလုံးကို စစ်ဆေးတွေ့ရှိ ခဲ့ရင်တော့ ခင်ဗျားပိုင်ဆိုင်မှုအားလုံး ကိုပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်း ရလိမ့်မယ်။ ပြီးမှ လေလံပစ်ပြီး ဆေးကုသဖို့ ဆေးရုံးတွေပေါ်က ကလေးတွေအတွက် ဆေးဝါးတွေ ကျောင်းတွေ၊ လမ်းတံတားတွေ စက်ရုံတွေ အများပြည်သူသုံး ဘတ်စ်ကားတွေ ရထားတွေ ဝယ်ယူတည်ဆောက်ရလိမ့်မယ်ဗျ။

၇၅% ပြန်အပ်မှာလား စစ်ဆေးတွေ့ရှိလို့ အဖြစ်မှန်ပေါ်ရင် အားလုံးအသိမ်းခံမှာလား စဉ်းစားပြီး အဖြေပေးပါလို့ လူထုက ခင်ဗျား ရဲ့ အဖြေကို စောင့်မျှော်နေပါတယ်။

စစ်သူရဲ ဗလမင်းထင်

Credit : The Sunlight Weekly News