မပုပ်မသိုးအောင် ကျပ်စည်းထားသည့် မံမီ ကလေးအလောင်း

ပို့စ်တင်ချိန် - 10/08/2013 12:47:00 PM


Tuesday, 08 October 2013

ကလေးငယ် ကောင်လေးတစ်ယောက် သေဆုံးသွား၍ မံမီ ရုပ်ကလာပ်ကဲ့သို့ ဆေးစီရင်ထားသည့် အလောင်းကို နှစ်နှစ်နီးပါး ကြာသွားတော့မှ တွေ့ရှိကြရသဖြင့် စိုးရိမ်မကင်း ဖြစ်နေကြသည့် လူမှုရေး ဝန်ဆောင်မှုနှင့် ဆရာဝန်များက သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်။
ယခုအခါတွင် မိခင်ဖြစ်သူ အာမန်ဒါဟတ္တန် (Amanda Hutton) အား ကလေးငယ်အား သေစေမှုဖြင့် တရားစွဲဆိုထားပြီး ဖြစ်သည်။ ကလေးငယ် ဟမ်ဇားခန် (Hanga Khan) မကွယ်လွန်မီနှင့် ကွယ်လွန်သွားပြီး နောက်ပိုင်းတို့တွင် ရောဂါသည် ကလေးငယ်အား စိုးရိမ်သဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေး ဝန်ဆောင်မှု အဖွဲ့၊ အိမ်တိုင်ရာရောက် ကျန်းမာရေး စစ်ဆေးသည့် အဖွဲ့၊ မူလတန်းကျောင်းနှင့် အထွေထွေ ကလေးရောဂါ ကုသပေးနေသည့် ဆရာဝန်တို့သည် အဆိုပါ အိမ်သို့ အကြိမ်ကြိမ် ရောက်ရှိခဲ့ကြသည်။

၂ဝဝ၉ ခုနှစ်နှင့် ၂ဝ၁ဝ ပြည့်နှစ်များတွင် အထွေထွေ အေဂျင်စီ၌ အစည်း အဝေးများ ကျင်းပကာ ကလေးငယ်အား ထိန်းသိမ်း စောင့်ရှောက်ပေးရေး အတွက် မိခင်အာမန်ဒါဟတ္တန် အပါအဝင် ဆွေးနွေး ခဲ့ကြကြောင်း ကလေးအထူးကု ဆရာဝန် ဒေါက်တာ ကက်သရင်းဝပ (Dr. Katharyn Ward) က ဂျူရီလူကြီးများကို ရှင်းပြသည်။ ၂ဝဝ၉ ခုနှစ် ဒီဇင် ဘာလ အတွင်းက မိခင် ဟတ္တန်အား လေးနှစ်ခွဲ သားလေးကို သေစေမှုဖြင့် တရား စွဲဆိုခဲ့သည်။ ၂ဝ၁၁ ခုနှစ် စက်တင်ဘာလ အတွင်းက ဟမ်ဇား၏ အလောင်းကို မိခင်၏ အိပ်ခန်းအတွင်းမှ ကလေး ခုတင်ထဲတွင် တွေ့ရှိရသည်။ မိခင်က သူမတွင် အပြစ်မရှိကြောင်း၊ သားလေးသည် သဘာဝ အတိုင်း သေဆုံးသွားခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ ကလေးငယ်လေးသည် လေးနှစ် ခွဲ ကျော်ကျော် ဖြစ်လင့်ကစား ခြောက်လမှ ကိုးနှစ်ကလေး ဝတ်ဆင်သည့် အဝတ်အစား များနှင့် တွေ့ရှိကြရသည်။ ဒေါက်တာ ကက်သရင်းဝပ်၏ G.P ဆေးရုံသို့ ၂ဝဝ၉ ခုနှစ် အောက်တိုဘာလ ကတည်း က လာရောက် မပြသတော့သဖြင့် စာရင်းမှ ပယ်ဖျက်ခဲ့ကြောင်း ကလေး အထူးကု ဆရာဝန် အမျိုးသမီးက ထွက်ဆိုခဲ့သည်။ အိမ်အရောက် ကျန်းမာရေး စစ်ဆေးပေးသည့် အရာရှိသည် အဆိုပါ အိမ်သို့ ၂ဝဝ၅ ခုနှစ် ဇူလိုင်လတွင် နောက်ဆုံး သွားရောက် ကြည့်ရှုခဲ့သည်။ ၂ဝဝ၆ ခုနှစ် နိုဝင်ဘာလတွင် လူမှုရေး ဝန်ထမ်းများသည် ကလေး၏ ကျန်းမာရေး အတွက် ပထမဆုံး စိုးရိမ်လာခဲ့သည်ဟု ဆိုသည်။ ၂ဝဝ၉ ခုနှစ်နှင့် ၂ဝ၁ဝ ပြည့်နှစ်တို့တွင် ကလေးငယ် ကျောင်းအပ်ရမည့် အချိန် ဆိုက်ရောက်နေပြီ ဖြစ်၍ ကျန်းမာရေး ဝန်ထမ်းများက သတိပေး နှိုးဆော်ခဲ့ကြသည်။ မိခင်သည် အရက်စွဲနေသူဖြစ်သည်။ အိမ်တွင်းရေးတွင်လည်း ရိုက်နှက် ဆူပူသည့် ဒဏ်ကို သူမ ခံစားနေရသည်ဟု သိရှိရသည်။ ထို့ကြောင့် သူမသည် Multi Agency Risk Assessment Confe-rences (Maracs)အဖွဲ့အစည်းနှင့်လည်း အဆက်အသွယ် ဖြတ်တောက် ထား သည်ကို တွေ့ရှိရသည်။ ကလေးငယ်၏ ဖွံ့ဖြိုး တိုးတက်မှု၊ ပြုမူသည့် စရိုက်၊ ကလေး၏ ကိုယ်ရေး အကြောင်းအရာများ သို့မဟုတ် အထွေထွေ ကျန်းမာရေး စသည့် မှတ်တမ်းတွင် ဗလာကျင်း၍ နေလေသည်။ မိခင်သည် အဆက်အသွယ် ဖြတ်တောက် ထားခြင်းနှင့် နယ်ပယ် အသီးသီးမှ ကျွမ်းကျင်သူများ ထံသို့ လာရောက်ခြင်း မရှိသဖြင့် အလွန်စိုးရိမ်ဖွယ်ရာ ဖြစ်လာခဲ့ရပေသည်။

ဟတ္တန်သည် ကလေးငယ်အား သေစေမှုတွင် အပြစ်မရှိကြောင်း ငြင်းဆိုထားသည်။ ဟမ်ဇားသည် သဘာဝအလျောက် ကွယ်လွန် သွားခဲ့ခြင်း သာ ဖြစ်သည်ဟု ရဲတပ်ဖွဲ့သို့ အစစ်ဆေးခံခဲ့သည်။ သို့သော်လည်း ဒေါက်တာ ကက်သရင်းဝပ်ကမူ ကလေး သေဆုံးရသည့် အကြောင်းရင်းမှာ အာဟာရ မပြည့်ဝမှုသည် အဓိက အကြောင်းရင်း ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

ကလေး သေဆုံးသွားခဲ့သော်လည်း မြေမြှုပ်သင်္ဂြိုဟ်ခြင်း မပြုရန် ဟမ်ဇား၏ အစ်ကို တာရဇ်ခန် (Tariq Khan) ၂၄ နှစ်က တားဆီးခဲ့သဖြင့် ၎င်းက အဆိုပါ ကိစ္စ၌ အပြစ်ရှိကြောင်း ဝန်ခံ ထွက်ဆိုခဲ့သည်။
Myawady News