ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မဒီမုန်တိုင်း မြန်မာနိုင်ငံအတွင်းသို့ မ၀င်ရောက်နိုင်


Created on Tuesday, 10 December 2013 00:32
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မဒီမုန်တိုင်းသည် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်မှ အားလျော့ကာ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး မြန်မာနိုင်ငံအတွင်းသို့ မ၀င်ရောက်နိုင်ကြောင်းကို မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ဆိုသည်။

"မုန်တိုင်းမဒီက အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကနေ အားလျော့ပြီးတော့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားပြန်လျော့သွားပြီးတော့ မြောက်ဘက်ကို ဆက်ရွေ့လျားနေတယ်။ လမ်းကြောင်းပြောင်းပြီးတော့ မြန်မာနိုင်ငံကို ၀င်ရောက်ဖို့ မရှိတော့ဘူး။ မိုးတိုင်းရဲ့အကျိုးဆက်ကြောင့် မိုးရွာသွန်းမှုတွေ ဖြစ်ပွားနိုင်တယ်။ အဲဒီအတွက်ကြောင့် တောင်သူတွေအနေနဲ့ သတိရှိဖို့လိုတယ်" ဟု ဦးချစ်ကျော်က ဆိုသည်။

"အာရှတိုက်အလယ်ပိုင်းမှာ ရာသီအလိုက်ဖြစ်တဲ့ လေဖိအားများရပ်ဝန်ကြီးက ကာထားတဲ့အတွက် မုန်တိုင်းမဒီက မြန်မာနိုင်ငံကို ၀င်ရောက်နိုင်ဖို့က လျော့နည်းသွားပြီ။ ဒါပေမဲ့ မုန်တိုင်းက တဖြည်းဖြည်းနဲ့ အားကောင်းပြီးတော့ Category 1 အဆင့်ရှိတဲ့ မုန်တိုင်းဖြစ်လာလို့ မုန်တိုင်းရှေ့ဆက်သွားမဲ့ လမ်းကြောင်းက မချောမွေ့နိုင်ပါဘူး" ဟု ဒေါက်တာဦးထွန်းလွင်က ဆိုသည်။

ကမ္ဘာကျော် မုန်တိုင်းခန့်မှန်းရေး ဗဟိုဌာနများဖြစ်သော JTWC(USA), IMD (India), Weather Underground(USA) တို့မှလည်း မုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ မလာနိုင်သည့်အပြင် ဆန့်ကျင်ဘက်အရပ်ဖြစ်သော အနောက်တောင်ဘက်ကို နောက်ကြောင်း ပြန်လှည့်သွားနိုင်ကြောင်း ထို့ပြင် ဒီဇင်ဘာ ၁၀ ရက်တွင် အေးပြီးခြောက်သွေ့သောလေများ တိုးဝင်မှုကြောင့် မဒီမုန်တိုင်းသည် အင်အားနှင့်သွားရာလမ်းကြောင်း ပြောင်းနိုင်ကြောင်း ခန့်မှန်းထားသည်။

ယခုအချိန်တွင် ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းမဒီသည် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းသို့ ရောက်ရှိနေပြီး အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၏ အရှေ့နှင့် အရှေ့မြောက်ဘက် မိုင် ၂၁၀ ခန့်၊ မြန်မာနိုင်ငံ ကိုကိုးကျွန်း၏ အနောက်နှင့် အနောက်တောင်ဘက် မိုင် ၄၉၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုလျှက်ရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သည်။

မုန်တိုင်းအရှိန်ကြောင့် မန္တလေး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်၊ ချင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကြား မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း၊ ကျန်နေရာများတွင် မိုးရွာသွန်းရန် ရာခိုင်နှုန်း ၆၀ ရှိကြောင်း ထုတ်ပြန်ထားသည်။
eleven media group

အီးယူသို့ တင်ပို့ခဲ့သည့် အမေရိကန်ဒေါ်လာ တစ်သန်းကျော် တန်ဖိုးရှိ ကုန်ပစ္စည်းများ အကောက်ခွန် သက်သာခွင့်ရရှိ


Created on Monday, 09 December 2013 23:59
ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံများသို့ တင်ပို့ခဲ့သည့် အမေရိကန်ဒေါ်လာ တစ်သန်းကျော် တန်ဖိုးရှိ ကုန်ပစ္စည်းများ အကောက်ခွန် သက်သာခွင့် ရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၅ ရက်မှ ၂၁ ရက်အထိ တစ်ပတ်အတွင်း အီးယူနိုင်ငံများသို့ တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများ အတွက် (GSP) အခွင့်အရေး ရရှိရန် မြန်မာနိုင်ငံမှ (GSP Form-A) ထုတ် ပေးမှုမှာ အမေရိကန်ဒေါ်လာ တစ်သန်းကျော် တန်ဖိုးရှိ လက်ခစားစနစ်ဖြင့် ထုတ်လုပ်သည့် ပစ္စည်းများဖြစ်ကြောင်း သိရသည်။ ဂျာမနီနှင့် စပိန်သို့တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများအတွက် (GSP Form-A) လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အီးယူနိုင်ငံများသို့ ကုန်ပစ္စည်းများ တင်ပို့ရာတွင် အီးယူမှပေးအပ်သည့် အကောက်ခွန်ဆိုင်ရာ တစ်ဖက်သတ် အခွင့်အရေးပေးသော စနစ် (GSP) ရရှိရန်အတွက် တင်ပို့သည့် နိုင်ငံ၏ သက်ဆိုင်ရာ အာဏာပိုင် ဌာနမှပင် ရင်းနိုင်ငံသက်သေခံ လက်မှတ်ကို ထုတ်ပေးရကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် အီးယူမှပေးသည့် (GSP) အခွင့်အရေးပြန်လည် ရရှိပြီးနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ပင်ရင်းနိုင်ငံ သက်သေခံ လက်မှတ်များ ထုတ်ပေးခဲ့ပြီး လယ်ယာထွက်ကုန်၊ ရေထွက်ကုန်၊ ချုပ်ပြီးအ၀တ်အထည်၊ သစ်တောထွက် ကုန်များအတွက် အများဆုံး ထုတ်ပေးခဲ့ကြောင်း...



မြန်မာနိုင်ငံ အနေဖြင့် အီးယူမှပေးသည့် (GSP) အခွင့်အရေးပြန်လည် ရရှိပြီးနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ပင်ရင်းနိုင်ငံ သက်သေခံ လက်မှတ်များ ထုတ်ပေးခဲ့ပြီး လယ်ယာထွက်ကုန်၊ ရေထွက်ကုန်၊ ချုပ်ပြီးအ၀တ်အထည်၊ သစ်တောထွက် ကုန်များအတွက် အများဆုံး ထုတ်ပေးခဲ့ကြောင်း သိရသည်။ GSP အခွင့်အရေး ရရှိရန်အတွက် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် တင်ပြရန် လိုအပ်ပြီး အီးယူသို့ တင်ပို့မှုများအတွက် (GSP Form-A) လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အီးယူမှပေးသည့် တစ်ဖက်သတ် အကောက်ခွန် သက်သာခွင့်ကို ယခင်ကတည်းက ရရှိခဲ့ဖူးပြီး ၁၉၉၇ ခုနှစ်တွင် အီးယူမှ ယာယီရုပ်သိမ်းခဲ့ကာ ၂၀၁၃ ခုနှစ်တွင် ယင်းသက်သာခွင့်ကို ပြန်လည် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ အီးယူ၊ ကိုရီးယား၊ အိန္ဒိယ စသည့်နိုင်ငံများမှ ပေးအပ်သည့် အကောက်ခွန်ဆိုင်ရာ ကင်းလွတ်ခွင့်များ ရရှိရန်အတွက် ပင်ရင်းနိုင်ငံ သက်သေခံ လက်မှတ်များကို ထုတ်ပေးနေကြောင်း သိရသည်။ ထို့ပြင် လွတ်လပ်သော ကုန်သွယ်မှု ဒေသဆိုင်ရာ အပြန်အလှန် အကောက်ခွန် သက်သာခွင့်ရှိသည့် ပင်ရင်းနိုင်ငံ သက်သေခံ လက်မှတ်များကိုလည်း ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
eleven media group

City Mart ပိုင်ရှင်နှင့် ဆက်နွှယ်သော ဂိုဒေါင်တွင် တွေ့ရှိထားသည့် ၀ိုင်၊ အရက် အားလုံးအတွက် ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းအထိ တရားဝင် အထောက်အထား မပြနိုင်ပါက ဥပဒေအရ ဆက်လက် ဆောင်ရွက်မည်

တွေ့ရှိထားသော ၀ိုင်ပုလင်းများကို Mobile Team မှ စစ်ဆေးနေသည်ကို တွေ့ရစဉ်

Created on Monday, 09 December 2013 22:58
City Mart ပိုင်ရှင်နှင့် ဆက်နွှယ်သော Premium Food Service ကုမ္ပဏီပိုင် သာကေတ စက်မှုဇုန် ဂိုဒေါင်ကို စစ်ဆေးရာတွင် တွေ့ရှိထားသော ၀ိုင်၊ အရက် အားလုံးအတွက် သတ်မှတ်ရက်အတွင်း တရားဝင် တင်သွင်းခွင့် အထောက်အထား မပြသနိုင်ပါက ဥပဒေအရ ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ Mobile Team က ဒီဇင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းသို့ သတ်မှတ်ရက်မှာ ဒီဇင်ဘာ ၁၁ ရက် ညနေ ၄ နာရီ အထိသာ ဖြစ်ကြောင်း Mobile Team ၏ ထုတ်ပြန်မှုအရ သိရသည်။

Mobile Team မှ တာဝန်ရှိသူ ဦးဝင်းလွင်က ''ကျွန်တော်တို့ အနေနဲ့ တွေ့ရှိထားတဲ့ အရက်၊ ၀ိုင်တွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို ဒီဇင်ဘာ ၁၁ ရက် ညနေ ၄ နာရီအထိ ကန့်သတ်လိုက်ပါပြီ။ အဲဒီအချိန် ကျော်လွန်သွားရင် တရားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက် သွားပါတော့မယ်'' ဟု ပြောကြားသည်။

မူလက Mobile Team မှ တွေ့ရှိထားသော အရက်၊ ဘီယာများနှင့် ပတ်သက်၍ တရားဝင် အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့်အတွက် ဒီဇင်ဘာ ၇ ရက်က သက်ဆိုင်ရာ ကုမ္ပဏီသို့ အကြောင်းကြားစာအပြင် သတ်မှတ်ရက် တစ်ရက်သာ ပေးနိုင်တော့မည်ဟု ပြောကြားသည်။

တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီသို့ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်ပါ ရက်စွဲဖြင့်သာ ကေတမြို့နယ် မြမာလာလမ်းရှိ ဂိုဒေါင်တစ်ခု၌ တရားမ၀င် ကုန်ပစ္စည်းများ သိုလှောင်၊ ဖြန့်ဖြူး၊ ရောင်းချနေကြောင်း သတင်းပေးပို့ တိုင်ကြားလာသည့်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၃ ရက် တိုင်ကြားချက်မှာ ပေါ်လွင်သဖြင့် ဒီဇင်ဘာ ၄ ရက်တွင် ၀င်ရောက် စစ်ဆေးခဲ့ခြင်းဖြစ်...

ယင်းအကြောင်းကြားမှုအပေါ် Premium Food Service Products ကုမ္ပဏီကို ဦးစီးဆောင်ရွက် နေသူဟုဆိုသူ City Mart Holding ကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်ဝင်းဝင်းတင်မှ ဒီဇင်ဘာ ၈ ရက်ကစ၍ တစ်ပတ် အချိန်ပေးရန် မေတ္တာရပ်ခံစာ ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသည်။

စစ်ဆေးမှုအတွင်း ၀ိုင်ပုလင်းများမှာ အမျိုးပေါင်း ၆၀ ခန့်ရှိပြီး ၀ိုင်ပုလင်းဖာများကို အလုံပိတ်အခန်းများ၊ ကွန်တိန်နာဘောက်များနှင့် ဂိုဒေါင်များကို အခန်းဖောက်ကာ ထည့်သွင်းထားပြီး ခန့်မှန်းပေ ၂၀၀ ပတ်လည်ခန့် အပြည့်ရှိပြီး ဒီဇင်ဘာ ၈ ရက်အထိ စစ်ဆေးတွေ့ရှိချက်အရ ၀ိုင်ပုလင်းပေါင်း ၈၇၆၀၀ နှင့် အရက်ပုလင်း ၁၂၉၀ လုံးတို့ဖြစ်ကြောင်း သိရသည်။

တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီသို့ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်ပါ ရက်စွဲဖြင့်သာ ကေတမြို့နယ် မြမာလာလမ်းရှိ ဂိုဒေါင်တစ်ခု၌ တရားမ၀င် ကုန်ပစ္စည်းများ သိုလှောင်၊ ဖြန့်ဖြူး၊ ရောင်းချနေကြောင်း သတင်းပေးပို့ တိုင်ကြားလာသည့် အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၃ ရက် တိုင်ကြားချက်မှာ ပေါ်လွင်သဖြင့် ဒီဇင်ဘာ ၄ ရက်တွင် ၀င်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ Mobile Team အဖွဲ့မှ လက်ရှိစစ်ဆေးနေသော ဂိုဒေါင်မှာ သုံးလအတွင်း ငါးခုမြောက် တိုင်ကြားချက်အရ စစ်ဆေးခြင်းဖြစ်ပြီး ယင်းမတိုင်မီ စစ်ဆေးခဲ့ရသော စက်ရုံများမှာ ပို့ကုန်-သွင်းကုန် ဥပဒေပုဒ်မများဖြင့် တရားစွဲဆို ခံထားရကြောင်း သိရသည်။

eleven media group

မြန်မာ့မန်ဒဲလားကို စောင့်ကြိုနေဆဲ


ခေါင်းဆောင်တွေ ပေါ်ပေါက်လာတယ်။ ပြီးတော့ ပြန်ထွက်သွားကြတယ်။ ဒါပေမယ့် သူတို့ရဲ့ ရဲစွမ်းသတ္တိ၊ အသိဥာဏ် ပညာနဲ့ ဖြောင့်မတ်မှန်ကန်မှုတွေက သူတို့တွေ ရာထူးကိုစွန့်လွှတ်သွားပြီးတဲ့နောက် ဒါမှမဟုတ် ကမ္ဘာမြေကို စွန်ခွာသွားခဲ့ ပြီးတဲ့နောက်မှာလည်း ဆက် ရှင်သန် ကျန်နေခဲ့တယ်။


 ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရစဉ်က မန်ဒဲလားနဲ့ နှိုင်းယှဉ်ခံရတယ်

ကွယ်လွန်သွားတဲ့ နယ်လ်ဆင်မန်ဒဲလားကလည်း လူသားမျိုးနွယ်ရဲ့ ထူးခြားတဲ့ ခေါင်းဆောင်တွေထဲက တဦးအဖြစ် အမြဲအမှတ်ရနေကြမယ့်သူပါ။ တောင်အာဖရိကက မန်ဒဲလားဟာ အောင်မြင်မှုတွေ အများကြီး ရခဲ့တဲ့သူပါ။

“မန်ဒဲလား ကျင့်သုံး လုပ်ဆောင်နိုင်ခဲ့တဲ့ သဘောထား ကြီးမြတ်မှုနဲ့ ပြန်လည်သင့်မြတ်ရေးကြောင့် သူ့ရဲ့သက်တမ်းတလျှောက်လုံး အကြီးအကျယ် အသိအမှတ်ပြုခံရမျိုး အရင်က သမိုင်းမှာ တယောက်မှ မရှိခဲ့ဘူး” လို့ အသားအရောင် ခွဲခြားမှု တိုက်ဖျက်ရေး တိုက်ပွဲမှာ ရဲဘော်ရဲဘက်ကြီးတဦးဖြစ်တဲ့ ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူးက ၀ါရှင်တန်ပို့စ် သတင်းစာမှာ ရေးခဲ့တယ်။

ချီးကျူးဂုဏ်ပြုစကားတွေနဲ့ အတူ ဒက်စ်မွန် တူးတူး ထောက်ပြခဲ့တဲ့ အချက်တခုက မြန်မာနိုင်ငံအနေနဲ့ အလေးထား သတိပြုသင့်တဲ့ အချက်တခု ပါတယ်။ အဲဒါက မန်ဒဲလားဟာ သူတော်စင် တပါး မဟုတ်ဘူးလို့ ဆိုတယ်။

“မန်ဒဲလားရဲ့ အဓိက အားနည်းချက်က သူ့ရဲ့အဖွဲ့ အစည်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ် သစ္စာရှိ လွန်းတာပဲ။ အရည်အချင်း မပြည့်ဝတဲ့ ၀န်ကြီးတွေ ပါဝင်နေတဲ့ စွမ်းဆောင်ရည်နိမ့်တဲ့ အစိုးရအဖွဲ့ကို ဆက်ထိန်းထားခဲ့တယ်။ သာမန်အဆင့်လောက်ပဲ ရှိတဲ့ အနေအထားကို လက်ခံထားခဲ့တာကြောင့် ဒီအခြေအနေမျိုးကို ပိုပြီးကျယ်ပြန့်လာစေဖို့ အကျင့်ပျက် ခြစားမှုတွေ တိုးပွားလာစေဖို့ မျိုးစေ့ချပေးသ လို ဖြစ်ခဲ့ရတယ်” လို့ ဒက်စ်မွန် တူးတူးက ပွင့်ပွင့်လင်းလင်းပဲ ရေးတယ်။

မြန်မာနိုင်ငံမှာလည်း စစ်အာဏာရှင်တွေကို ဆန့်ကျင်ရာမှာ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့တယ်။ အခုဆိုရင် အားနည်းချက်တွေ နက်နက်ရှိုင်းရှိုင်း ရှိနေတဲ့ စနစ်တခုထဲမှာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တယောက်အဖြစ်နဲ့ အလုပ်လုပ်နေရတယ်။

ဒေါ်အောင်ဆန်းစုကြည်က နယ်လ်ဆင်မန်ဒဲလားကို “လူသားမျိုးနွယ်ရဲ့ အဆင့်အတန်းကို မြှင့်တင်ပေးနိုင် တဲ့ ကြီးမြတ်တဲ့ လူသားတဦး ဖြစ်ပြီးတော့ ကမ္ဘာကိုပြောင်းလဲနိုင်ဖို့ အခြားသူတွေကို ဆွဲဆောင် စည်းရုံး
နိုင်ခဲ့သူ” လို့ ပြီးခဲ့တဲ့ သောကြာနေ့က ဂုဏ်ပြုစကားပြောခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရစဉ်က မန်ဒဲလားနဲ့ နှိုင်းယှဉ်ခံရတယ်။ ၂၀၁၀ ခုနှစ်မှာ သူ ပြန်လည်လွတ်မြောက်လာတော့ တချို့ သတင်းစာတွေက “မန်ဒဲလားကာလ” လို့
ခေါ်တဲ့ မန်ဒဲလား လွတ်မြောက်ပြီးကာလက ညှိနှိုင်းဆွေးနွေးဝိုင်းတွေကနေ ဒီမိုကရေစီအခြေခံတဲ့ ဖွဲ့စည်းပုံကို အစိုးရနဲ့ အတိုက်အခံအားလုံးက သဘောတူပြီး နောက်ဆုံး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကနေ သမ္မတဖြစ်လာခဲ့တဲ့ ဝမ်းမြောက်ပျော်ရွှင်ဖွယ် နိုင်ငံရေးဖြစ်စဉ် မြန်မာနိုင်ငံမှာ လည်း ဖြစ်ပြီ လို့
ဟောကိန်း ထုတ်ခဲ့ကြပါသေးတယ်။

ဒါပေမယ့် ခုထိ ဒီကာလကို မြန်မာတွေ စောင့်မျှော်နေရတုန်းပဲ ရှိပါသေးတယ်။
ဧရာဝတီ သတင်း Myanmar News

လူမှောင်ခိုသမားများလက်မှ မလေးရှား တရားမ၀င်သွားသူများကို ဘင်္ဂလာရဲက ကယ်တင်


မလေးရှားနိုင်ငံကို ရေလမ်းကြောင်းကတဆင့် မော်တော်ဘုတ်နဲ့ တရားမ၀င် သွားဖို့ အစီအစဉ် လုပ်နေတဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၃၂ ဦးကို လူမှောင်ခို သမားတွေရဲ့လက်ကနေ ရဲတပ်ဖွဲ့က ကယ်တိုင်လိုက်တယ်လို့ ဒီကနေ့ထုတ် ဘင်္ဂလာဒေခ်ျ့က သတင်းစာတွေမှာ ဖေါ်ပြပါတယ်။

သူတို့ ၃၂ ဦးကို လူမှောင်ခိုသမား (၂) ဦးက မလေးရှားကို တရားမ၀င် လမ်းကြောင်းကနေ သွားရောက်ဖို့ စစ်တကောင်းမြို့က AL Sakira ဟိုတည်မှာ စုဆောင်းနေစဉ် သတင်းအရ ဘင်္ဂလာ ရဲက သွားရောက် ကယ်တင် လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

စစ်တကောင်းမြို့ Chandgaon ရဲစခန်းမှ စခန်းမှူး Syed Abdur Rouf ပြောတာကတော့ သူတို့ဟာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနယ်နယ်အရပ်ရပ်က ဖြစ်ကြပြီး အလုပ်ကောင်းရနိုင်ဖို့ မလေးရှားကို ပို့ပေးမယ်ဆိုပြီး လူမှောင်ခိုသမားတွေရဲ့ မက်လုံးပေး စည်းရုံးခြင်းကို ခံရသူတွေ ဖြစ်တယ်လို့ ပြောပါတယ်။

သူတို့ဟာ မော်တော်ဘုတ် (သို့မဟုတ်) ငါးဖမ်းလှေ တစ်ခုခုနဲ့ မနေ့က (တနင်္ဂနွေနေ့) တချိန်ချိန်မှာ ထွက်ခွာဖို့ စီစဉ်နေစဉ်မှာ တနင်္ဂနွေနေ့ နံနက် အစောကြီးမှာ ကယ်တင်နိုင်ခဲ့တာ ဖြစ်တယ်လို့ ရဲက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ လူမှောင်ခို သမား (၂) ဦး ဖြစ်ကြတဲ့ Md Mujurbur Rahman နဲ့ Jarfar Alam တို့က သူတို့ကို မလေးရှားနိုင်ငံကို သင်္ဘော မဟုတ်ရင် မော်တော်ဘုတ်နဲ့ ပို့ဆောင်ဖို့ စီစဉ်နေတာ ဟုတ်မှန်တယ်လို့ ၀န်ခံ  ပြောကြားတယ်လို့ ဆိုပါတယ်။

အလားတူ နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း မလေးရှားကို တရား မ၀င် အလုပ်သွားလုပ်ဖို့အတွက် စစ်တကောင်းမြို့ကနေ မော်တော်ဘုတ် တစ်စီးနဲ့ ထွက်ခွာဖို့ လုပ်နေကြတဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၂၃ ဦးကို  လူမှောင်ခိုသမား ၆ ဦးနဲ့ အတူ ရဲက ဖမ်းဆီးခဲ့ပါတယ်။

သူတို့ ၂၃ ဦးစလုံးဟာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံရဲ့  Narsingdi ၊ Munshiganj၊ Tangail ၊ Kishoreganj ၊ Narayangaj၊ Chandpur ၊ Sirajganj မြို့တွေက ဖြစ်ကြတယ်လို့ နိုဝင်္ဘာ ၂၄ ရက်နေ့ထုတ် Dhaka Tribune သတင်းစာမှာ ဖေါ်ပြပါတယ်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံသားတွေဟာ မိုးရာသီမှာဆိုရင် တက်ကနက် လမ်းကြောင်းကို အသုံးပြုပြီး ဆောင်းရာသီဆိုရင်တော့ စစ်တကောင်း လမ်းကြောင်းက ဘုတ်တွေ၊ သင်္ဘောတွေနဲ့ မလေးရှားကို ထွက်ခွာကြတယ်လို့ ဆိုပါတယ်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံဟာ သူ့နိုင်ငံသားတွေကို မလေးရှားကို တရားဝင် အလုပ်သွားလုပ်ဖို့ မလေး အစိုးရနဲ့ စာချုပ်တွေ ချုပ်ဆိုပြီး ပို့ဆောင်နေပေမယ့် စရိတ်စခ အကုန်အကျများပြီး လစဉ် ရရှိတဲ့ လစာကနေ အစိုးရကို အခွန်ဆောင်ရတဲ့ အတွက် ဘင်္ဂလာဒေခ်ျ့နိုင်ငံသားတွေဟာ တရားဝင် လမ်းကြောင်းထက် တရားမ၀င် လမ်းကြောင်းကို ပိုနှစ်သက်ကြတယ်လို့ ဆိုပါတယ်။
narinjara burmese news

ရခိုင်ပြည်နယ် ပဋိပက္ခလေ့လာရန် သုတေသန စင်တာ ဖွဲ့မည်


ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ယမန်နေ့က အစည်းအဝေးတွင် အမှာစကား ပြောနေစဉ်။ (ဓါတ်ပုံ- ပြန်ကြားရေး ၀န်ကြီးဌာန)

ရခိုင်ပြည်နယ် ပဋိပက္ခကို လေ့လာရန် သုတေသန ပညာရှင်များပါဝင်သော  သုတေသန စင်တာတစ်ခုကို ဖွဲ့စည်း သွားမည်ဟု သိရှိရသည်။

ဒီဇင်္ဘာလ ၉ ရက် ယမန်နေ့က ပြုလုပ်သော ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်  နိုင်ငံတော် သမ္မတ ဒေါက်တာ စိုင်းမောက်ခန်းက ရခိုင် ပဋိပက္ခကို လေ့လာရန် ထိုသို့ သုတေသန စင်တာ တစ်ခု ဖွဲ့စည်းမည် ဖြစ်ကြောင်းကို သူ၏ မိန်းခွန်းတွင် ထည့်သွင်း ပြောကြားသွားခဲ့ဟု ဆိုသည်။

အမှတ်စဉ် (၈/၂၀၁၃)ဖြင့် ပြုလုပ်သော ၎င်းအစည်းအဝေးတွင် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းမှ ရခိုင်ပြည်နယ် ပဋိပက္ခ သုတေသန စင်တာကို သုတေသနပညာရှင်များနှင့် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း၊  နှစ်ဖက်အဖွဲ့အစည်းများ၏ အခြေအနေကို သုတေသန ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ယနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ဖေါ်ပြသည်။

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် လက်ရှိ အစိုးရမှ ဖွဲ့ထားသော “ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ” လည်း ဖြစ်သည်။

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ယမန်နေ့က ပြုလုပ်သော အစည်းအဝေးကို ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။

အစည်းအဝေးတွင်  ပြည်ထောင်စုလွှတ်တော် နာယကနှင့် ရခိုင်မိသားစုတို့ တွေ့ဆုံပွဲ တင်ပြချက်၊  OIC မှ  လူသားချင်း စာနာမှု အကူအညီများကို မျှမျှတတလုပ်ဆောင်သွားမည်ဆိုသည့် ကိစ္စရပ်၊  တရားဝင်နေထိုင်သူ ဟုတ်၊ မဟုတ် စီစစ်ရေး ကိစ္စ၊  တည်ငြိမ် အေးချမ်းရေးနှင့် ဒေသအတွင်း ယာယီနေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ရခိုင်ပြည်နယ် အတွင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဖွဲ့စည်းနိုင်ရေး ကိစ္စကိုလည်း  ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က တင်ပြခဲ့သည်ဟု သိရသည်။

များမကြာမီက  ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့သူ ရခိုင် ပဋိပက္ခစုံစမ်း စစ်ဆေးရေး ကော်မရှင် အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်က ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး နှစ်ဖက်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးခဲ့မှုအပေါ် တင်ပြခဲ့သည်ဟု ဆိုသည်။

၎င်းအစည်းအဝေးသို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်လည်း တက်ရောက်ခဲ့သည်ဟု သိရသည်။
narinjara burmese news

လျှပ်စစ်မီး ဖြန့်ချိရေးအထောက်အကူဖြစ်ဖို့ ADB က သန်း ၆ဝ ထုတ်ချေး


 ဓာတ်ပုံ- Heal Burma

အာရှဖွံ့ဖြိုးရေး ဘဏ် ADB က မြန်မာနိုင်ငံရဲ့ လျှပ်စစ်စွမ်းအင် ဖြန့်ချိရေး ကွန်ရက် လုပ်ငန်းတွေ လုပ်ဖို့ အမေရိကန် ဒေါ်လာ သန်း ၆၀ ချေးငွေကို ထုတ်ချေးလိုက်ပါတယ်။

အခု ဒေါ်လာ သန်း ၆၀ ဆိုတဲ့ ပမာဏ ဟာ နေ့စဉ် လျှပ်စစ်မီး မဖြစ်မနေ အသုံးပြုနေရတဲ့ ဒေသ ၄ ခုက အိမ်ခြေ ၅ သိန်း နီးပါး အတွက် အထောက်အကူဖြစ်ပါလိမ့်မယ်လို့ energy-business-review အွန်လိုင်း သတင်းတခုက ဆိုပါတယ်။

ADB ဒု ဥက္ကဋ္ဌ စတီဖင် ဂရော့ဖ်က လျှပ်စစ် မီး အသုံးပြုရေးဆိုတာ ဖွံ့ဖြိုးရေးအတွက် တကယ့် အရေးကြီးတဲ့ ကိစ္စဖြစ်ပြီး လက်ရှိ လျပ်စစ် ဖြန့်ဖြူးမှုဆိုင်ရာ တည်ဆောက်မှုပုံစံတွေကို ပြန်လည်ပြင်ဆင်မွမ်းမံပြီး ပိုမိုကောင်းမွန်အောင် လုပ်လိုက်ရင် လျပ်စစ်စွမ်းအင်ဆုံးရှုံးမှုတွေလည်း သက်သာသွားမှာ ဖြစ်သလို အရင်ကထက် သဘာဝအရင်းအမြစ်တွေကို ပိုပြီး အကျိုး ရှိရှိ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ပြောထား ပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်မီးဖြန့်ဖြူးဝေငှမှုဟာအတော်အားနည်းနေပြီး ဒီကိစ္စဟာ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အဟန့်အတား တခုဖြစ်နေတာ အားလုံးအသိပါ။

အခုလို ADB က အကြွေးတွေထုတ်ချေးလို့ ဒီကိစ္စက တနိုင်ငံလုံး အတိုင်းအတာနဲ့ လျှပ်စစ်မီး နေ့စဉ် အလုံအလောက် ရဖို့ ဆိုတာ မသေချာသေးပါဘူး။

လျှပ်စစ်မီးကို အားကိုးပြီးလုပ်ကိုင်နေရတဲ့ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းတွေကနေ အကြီးစား စက်ရုံ အလုပ်ရုံတွေ၊ လုပ်ငန်းကြီးတွေထိ လျှပ်စစ်မီး ပြဿနာက လုပ်ငန်းရှင်တိုင်း ရင်ဆိုင်
နေကြရ တာပါ။

မနှစ်ကနဲ့ ဒီနှစ်အတွင်းမှာလည်း လျှပ်စစ်မီး မလုံလောက်မှုတွေကြောင့် ရန်ကုန်နဲ့ မြို့နယ်အတော်များများ မှာ လျှပ်စစ်မီး အလုံအလောက်ရရှိရေး ဆန္ဒပြကန့်ကွက်မှုတွေလည်း ဆက်တိုက်ဖြစ်ခဲ့ကြပါတယ်။

အစိုးရကတော့ မီးစက်တွေသုံးပြီး တချို့နေရာတွေမှာ ရေတိုဖြေရှင်းပေးမှုမျိုး ရှိပေမယ့် ခိုင်မာတဲ့ လျှပ်စစ်
ဖြန့်ဝေမှု၊ လုံ လောက်တဲ့ လျှပ်စစ်မီး ဝေငှမှုမျိုးလည်း မဟုတ်ပါဘူး။

အခုလို ADB တို့ ကမ္ဘာ့ဘဏ်တို့က အကြွေးတွေယူပြီး လျှပ်စစ်မီး ကိစ္စ အထောက်အကူဖြစ်စေမယ့် စီမံကိန်းတွေ များများလိုပြီး လျှပ်စစ်မီး လုံလောက်လာတဲ့အခါ ကုန်ထုတ်လုပ်ငန်း တိုးမြင့်လာမှုတွေက တဆင့် တိုင်းပြည် ဝင်ငွေ ကောင်းကောင်း ပြန်ရပြီး အကြွေးတွေကို ခိုင်ခိုင်မာမာ ပြန်ဆပ်နိုင်မှာလည်း ဖြစ် ပါ တယ်။

အိမ့်သံစဉ်
ဧရာဝတီ သတင်း Myanmar News

ဂုဏ်ရည်အေးကျော် sexy bikini photo

ဂျပန်ရောက် အလှမယ်
ဂျပန်ရောက် ဂုဏ်ရည်အေးကျော်ရဲ့ Facebook မှာ ဘီကီနီနဲ့ ပြိုင်ပွဲဝင်ရပုံ ၂ ပုံ မနေ့က ရောက်လာပါတယ်။

 သူက Miss International 2013 ပြိုင်ပွဲကို ဂျပန်မှာ ၀င်ပြိုင်နေသူပါ။

 ဂုဏ်ရည်အေးကျော်ရဲ့ ဘီကီနီပုံတွေကို မြန်မာFacebook ပရိသတ်အများအပြားက ချီးကျူးနေကြပါတယ်။

"Very beautiful....love u.... မြန် မာ မတွေ ပြိုင် သ မျှထဲ မှာ အမိုက် ဆုံး ဘဲ" လို့ တယောက်က မှတ်ချက်ပြုထားပါတယ်။

 အသက် ၂၄နှစ်အရွယ် မန္တလေးသူ ဂုဏ်ရည်အေးကျော်ရဲ့ Facebook မှာလည်း သူ့အကြောင်းတွေကို ဟောဒီလို တွေ့ရမှာပါ။

Hello Fans: Thank you for your each & every single hit of like...
Let's keep in touch ...
Biography
DOB : August 8th
Zodiac : Leo
Education: B.A (Eng:) (MUFL)
Diploma in Computer Studies (NCC Education, England)

- Volunteer as a Hearse Driver, Taking care of Elders and Leader of Female Group No.(8), in Chan Mya Thu Kha Organization Since 3 January 2010 ....
- Volunteer at FFSS(Free Funeral Service Society) on 2 October 2013 ....
- ချမ်းမြသုခနာမှုကူညီရေးအသင်း၏ မ (၈) ယာဉ်မှူး၊ ဘိုးဘွားစောင့်ရှောက်ရေးနှင့် နာရေးကားမောင်းစေတနာ့ဝန်ထမ်း ခြင်းကို ၂၀၁၀ခုနှစ် ဇန်န၀ါရီ ၃ရက်မှ ယနေ့အထိ တာဝန်ထမ်းဆောင်လျက်ရှိ။ ။
- ဦးကျော်သူ ဦးဆောင်သည့် အခမဲ့နာမှုကူညီရေးအသင်းဍ် စေတနာ့ဝန်ထမ်းခြင်းကို ၂ရက် အောက်တိုဘာလ ၂၀၁၃တွင် စတင်ဆောင်ရွက်။ ။



ဧရာဝတီ သတင်း Myanmar News

မိကျောင်းကန် သပိတ်စခန်းကိစ္စ လိုအပ်ပါက နိုင်ငံတော်ကို တရားစွဲဆိုမည် ဟုဆို



နန်းသီတာဝင်း

ရန်ကုန် ၊ ဒီဇင်ဘာ ၉ ။ ။ မိကျောင်း ကန်သပိတ်စခန်းနှင့် ပတ်သက်ပြီး လိုအပ်ပါက နိုင်ငံတော် ကို တရား စွဲဆိုသွားမည်ဖြစ်ကြောင်း ဦးမိုးသီး ဇွန်က ထုတ်ဖော်ပြောကြားလိုက် သည်။

မိကျောင်းကန် သပိတ်စခန်း ဖွင့်လှစ် ထားမှု ၁၃ရက်မြောက် နေ့ကိုရောက်ရှိလာသည့် ၁၉၉၁ခု နှစ်က ကာကွယ်ရေးဝန်ကြီးဌာနက သိမ်းယူထားသည်ဆိုသော ယခင် မိကျောင်းကန်အပိုင်း (၁)၊ (၂)၊ (၃)မှ နေထိုင်သူများကို ဦးမိုးသီး ဇွန်က ဒီဇင်ဘာ ၈ရက်တွင် လာ ရောက်တွေ့ဆုံခဲ့ပြီးနောက် ယင်း သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

မိကျောင်းကန်သပိတ်စ ခန်းဖွင့်လှစ်ထားမှုအပေါ် အစိုး ရအနေဖြင့် ဥပဒေဘောင်အတွင်း မှ ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ဖြေရှင်းရန်ပြောဆိုသွားမည်ဖြစ် ကြောင်း သိရသည်။

ဦးမိုးသီးဇွန်က ''ဒီကိစ္စက မတရားမှုဆိုတာကို အားလုံးသိ အောင်ပြောမယ်။ အစိုးရအနေ နဲ့ ငြိမ်းချမ်းတဲ့နည်းတွေနဲ့ ဥပဒေ ဘောင်အတွင်းကနေ ဖြေရှင်းဖို့ ပြောဆိုသွားမယ်''ဟုပြောသည်။
ယင်းကဆက်လက်ပြီး လူ ထုကိုမြေနေရာများ ပြန်လည်ပေး အပ်ရန်အတွက်လည်း တာဝန်ရှိ သူများထံ တောင်းဆိုပေးသွား မည်ဟု သိရသည်။

မိကျောင်းကန်သပိတ်စခန်း မှခေါင်းဆောင်တစ်ဦးဖြစ်သူ ဦး ဇော်ထွန်းက ''ကျွန်တော်တို့ကို မ နက်ဖြန်အထိပဲ အချိန်ပေးထား တာဖြစ်တဲ့အတွက် ကျွန်တော်တို့ မှာ ဒီနေ့တစ်ညပဲ အချိန်ရတော့ တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ က မေတ္တာဘာဝနာပဲ ပွားများနေ ပါတယ်''ဟုပြောသည်။

တိုင်းပြည်တွင် မြေသိမ်းမှုများသည် နေရာအနှံ့ဖြစ်ပေါ် နေကြောင်း၊ တိုင်းပြည်အတွက် အကျိုးမရှိကြောင်း၊ အစိုးရအ လုပ်မှာ အကြမ်းဖက်ရမည်မ ဟုတ်ဘဲ မြေနေရာများ ပြန်ပေးရ မည်ဖြစ်ကြောင်း ဦးမိုးသီးဇွန်က အကြံပြုပြောကြားသည်။
ဦးမိုးသီးဇွန်က ''ဒီမြေတွေ ကို ပြန်ပေးလိုက်မယ်ဆိုရင် အစိုး ရက ပြည်သူကိုပျော်ရွှင်အောင် လုပ်ပေးလိုက်တာပဲ''ဟုပြောသည်။

ဆန္ဒထုတ်ဖော်သူများအနေ ဖြင့်လည်း မိမိလိုလားချက်ကိုငြိမ်း ချမ်းစွာတောင်းဆိုရန်နှင့် အစိုးရ အနေဖြင့်လည်း ယခုကိစ္စရပ်များ သည် သူပုန်ထနေခြင်းမဟုတ်သည့် အတွက် အကြမ်းဖက်မှုများမလုပ် သင့်ကြောင်း မေတ္တာရပ်ခံခဲ့သည်။

ယင်းအနေဖြင့် အစိုးရမ ဟုတ်သည့်အတွက် မိကျောင်းကန် သပိတ်စခန်းမှ ဆန္ဒထုတ်ဖော် သူများကို မည်သို့မျှမလုပ်ပေး နိုင်ဘဲ တစ်ကမ္ဘာလုံးသိစေရန် ပြောဆိုသွားမည်ဖြစ်ကြောင်း ဦး မိုးသီးဇွန်က ပြောသည်။ မိကျောင်းကန်သပိတ်စ ခန်းဖွင့်လှစ်ထား သည်မှာ ယနေ့ ဆိုလျှင် ၁၃ရက်မြောက်ရှိနေပြီ ဖြစ်သည်။ ဒီဇင်ဘာ ရရက်က တပ်မတော်စည်ပင်(မင်္ဂလာဒုံ)မှ ဝန်ထမ်းများက ဘုရားခြံစည်းရိုး ဝင်ရောက်ခတ်ရာမှ ပဋိပက္ခဖြစ် ခဲ့ပြီး အမျိုးသမီးကိုးဦး ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။
*******************************************
မိကျောင်းကန် သပိတ်စခန်းတွင် ဆန္ဒထုတ်ဖော်သူ များနှင့် တွေ့ဆုံနေသော ဦးမိုးသီးဇွန်ကို တွေ့ရစဉ်။ Photo - ဖြိုး(ဘူမိ)

Yangon Media Group

ကလေးများနဲ့ ကွန်ပျူတာဂိမ်း အန္တရာယ်


ကလေးများ စိတ်ဝင်စားသည့် ဂိမ်းတခု (ဓာတ်ပုံ – ဧရာဝတီ)

ဒီခေတ် ငွေရေးကြေးရေး အဆင်ပြေသူ မိဘများရဲ့ ကလေးတွေ လက်ထဲမှာ အနည်းဆုံးတော့ တက်ပလက် တလုံးစီလောက် ရှိနေကြပါပြီ။ ကွန်ပျူတာ၊ တက်ပလက်၊ အိုင်ပက်၊ ဟန်းဆက် စတာတွေဟာ ကျမတို့ ဘယ်လိုမှ ရှောင်လွှဲလို့မရတဲ့ အရာတွေ ဖြစ်လာကြ ပါတော့တယ်။ ၂ နှစ်၊ ၃ နှစ် အရွယ်လေးပေမယ့် တက်ပလက်က ဂိမ်းတွေကို ကောင်းကောင်း ကစားတတ်ကြတာ၊ ဟန်းဆက်ထဲမှာ သွင်းထားတဲ့ ဂိမ်းတွေကို ရှာတတ်ကြ၊ ကစားတတ်ကြတာကို အံ့သြစရာ ကောင်းအောင် တွေ့နေ ကြရတာပါပဲ။
တီဗီတွေ၊ ဗီဒီယိုတွေ ပေါ်လာတဲ့ အချိန်မှာ မိဘများက ကလေးငြိမ်အောင်လို့ ဆိုပြီးတော့ တီဗီတွေ၊ ဗီဒီယိုတွေ ဖွင့်ပြပြီးတော့ ကလေးထိန်းကြ သလိုပဲ၊ အခု ဟန်းဆက်တွေ၊ တက်ပလက်တွေ ပေါ်လာပြန်တော့လည်း ဟန်းဆက်တွေ၊ တက်ပလက်တွေ ထဲက ဂိမ်းတွေကို ကလေးငြိမ်အောင်လို့ ဆော့ကစားခိုင်းပြီးတော့ ကလေး ထိန်းကြပြန်ပါတယ်။

ခေတ်ဘုန်းသစ်သည် စာရေးဆရာမ ပန်းရိပ်ဖြူ၏ ကလောင်ခွဲ ဖြစ်သည်။
ခေတ်ဘုန်းသစ် ကလောင် အမည်ဖြင့် ကလေးစာပေ၊ ပုံပြင်၊ ကဗျာများ
ရေးသားနေသကဲ့သို့ ပန်းရိပ်ဖြူ ကလောင်အမည်ဖြင့် ရသစာပေ ၀တ္ထုတို၊ ၀တ္ထုရှည်နှင့် ကဗျာများ ရေးသားလျက် ရှိသည်။
ကလေးဟာ တက်ပလက်မှာ၊ ဟန်းဆက်မှာပါတဲ့ ဂိမ်းတွေကို လက်နဲ့ ဟိုရွှေ့၊ ဒီရွှေ့ ကစားရင်း နာရီများစွာ ငြိမ်သက် နေတာကို မိဘ တော်တော်များများက သဘောကျ နေတတ်ကြပါတယ်။ ဘယ်နေရာကိုပဲ ရောက်နေနေ ကလေးဟာ သူကစားနေတဲ့ ဂိမ်းက လွဲလို့ ဘာကိုမှ စိတ်မ၀င်စားတော့ပါဘူး။ စူးစမ်းလေ့လာခြင်းလည်း မပြုတော့ပါဘူး။ အမှန်တော့ တွေးကြည့်မယ် ဆိုရင်ဖြင့် ဒါဟာ ကလေးတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးရေး အတွက် အင်မတန်မှကို အန္တရာယ်ကြီးတဲ့ ကိစ္စ တရပ်ပါပဲ။
ကလေးတို့ သဘာဝဟာ စူးစမ်းတတ်ကြ၊ မေးမြန်းတတ်ကြတဲ့ သဘာဝပါ။ ဥပမာ – ကားပေါ်က နေပြီးတော့ လမ်းပြင်တာကို မြင်ကြရတယ် ဆိုပါတော့။ ကလေးမှာ မေးမြန်းစူးစမ်းချင် စရာတွေ အများကြီး ပေါ်လာ ပါတော့တယ်။ ဒါဘာလဲ …၊ ဘာလုပ်နေတာလဲ၊ ဒီစက်ကြီးတွေက ဘာတွေလဲ စသဖြင့် မေးစရာတွေ များစွာ ပေါ်လာပါတော့တယ်။ အဲဒီလို မေးမြန်း စူးစမ်းတာဟာ ကလေးတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု အတွက် အရေးကြီးလှပါတယ်။ များများ မြင်တွေ့ လေ့လာ၊ စူးစမ်းခွင့်ရတဲ့ ကလေးတို့ရဲ့ ဦးနှောက်ဟာ လေ့လာစူးစမ်းခွင့် မရတဲ့ ဦးနှောက်ထက် ပိုပြီးတော့ ဖွံ့ဖြိုးမှု အားကောင်းစေပါတယ်။ လွယ်လွယ် ပြောရမယ် ဆိုရင်တော့ ဉာဏ်ပိုကောင်းစေတယ်ပေါ့။
တက်ပလက် တလုံး၊ ဖုန်းတလုံးပေါ်မှာ မျက်နှာ အပ်ပြီးတော့ အချိန်များစွာ ဆော့ကစားနေတဲ့ ကလေးတို့ ခမြာမှာတော့ ပတ်ဝန်းကျင်ကို လေ့လာ စူးစမ်းခွင့် မရတော့ပါဘူး။ ကိုယ့်ဘေးနားမှာ ဘယ်သူ ထိုင်နေတယ်၊ ဘာလုပ်နေတယ် ဆိုတာလည်း မသိတော့ပါဘူး။ သူ့အာရုံဟာ ဂိမ်းထဲမှာပဲ ရှိနေပါတော့တယ်။
ကလေး သုတေသီ ပညာရှင်တို့ရဲ့ အဆိုအရ ဂိမ်းတွေ၊ တက်ပလက်တွေ၊ ကွန်ပျူတာ ဂိမ်းတွေ များများ ဆော့ကစားတဲ့ ကလေးများဟာ အာရုံစူးစိုက်မှုမှာ အားနည်းစေတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီစက်ပစ္စည်းတွေမှာ ပါတဲ့ လှုပ်ရှားမှုဟာ အပြင်က တကယ့် လှုပ်ရှားမှုနဲ့ စာရင် သိပ်ကို မြန်ပါတယ်။ စက်တွေလောက် အပြင်က လှုပ်ရှားမှုတွေက မမြန်ဆန် နိုင်တဲ့အခါ မှာတော့ ကလေးဟာ ပျင်းရိ ငြီးငွေ့လာပြီးတော့ အာရုံ မစိုက်နိုင်တော့ပါဘူး။ ဒါကြောင့် စာသင်ကြားတဲ့ အခါမှာ အာရုံမစိုက်နိုင်တာတွေ၊ သူတို့ကို တယောက်ယောက်က စကားသွားပြောတဲ့ အခါမျိုးမှာ ပြောနေတဲ့ စကားကို အာရုံစိုက်ပြီးတော့ နားမထောင်နိုင်တာတွေကို တွေ့လာရတယ်လို့ ဆိုပါတယ်။
တက်ပလက် တလုံး၊ ဖုန်းတလုံးနဲ့ တနေရာတည်းမှာ တယောက်တည်း ဆော့ကစားနေတတ်တဲ့ ကလေးမျိုးဟာ လူ့လောက အတွက် အင်မတန် အရေးကြီးတဲ့ ပေါင်းသင်း ဆက်ဆံရေးမှာလည်း ညံ့သွားတတ်ပါတယ်။ ကလေး အချင်းချင်း မကစားတတ်၊ မဆော့တတ်ကြတော့ပါဘူး။ တချို့အိမ်များမှာဆို ညီအစ်ကို သုံးယောက်ရှိရင် တက်ပလက် သုံးလုံး ၀ယ်ပေးထားတာမျိုး ကျမ တွေ့ဖူးပါတယ်။ ကျောင်းက ပြန်လာရင် တက်ပလက် တလုံးစီနဲ့ ငြိမ်နေတတ်တာမို့ မိဘတွေက ကလေး ငြိမ်တယ် ဆိုပြီးတော့ သဘောကျ နေတတ်ကြပါတယ်။ ကလေးတွေဟာ တယောက်နဲ့ တယောက် စကား မပြောကြ၊ မဆော့ကြ တော့ပါဘူး။ ပုံဆွဲတာ၊ ပြေးလွှား ခုန်ပေါက် ကစားတာ၊ စူးစမ်းလေ့လာတာ ဘာဆိုဘာမှ မလုပ်ကြတော့ပါဘူး။ တက်ပလက် ထဲက ဂိမ်းကိုပဲ သဲကြီးမဲကြီး ဆော့ကစားနေကြ တာပါ။
တကယ်တော့ တက်ပလက်က ဂိမ်းတွေ၊ ဟန်းဆက်က ဂိမ်းတွေ၊ ကွန်ပျူတာက ဂိမ်းဆိုတာတွေဟာ ကျမတို့ ရှောင်လွှဲလို့ မရတဲ့ အရာတွေပါ။ ဒါပေမယ့် ဒီပစ္စည်းတွေဟာ ကလေးထိန်းစက် မဟုတ်သလို၊ ကလေး ငြိမ်အောင်လို့ ထိန်းခိုင်းထားရမယ့် အရာတွေ မဟုတ်ပါဘူး။ လုံးလုံး မကစားခိုင်းဘဲနဲ့လည်း နေလို့ ရတဲ့ အရာတွေ မဟုတ်တာမို့ အချိန်လေး သတ်မှတ်ပြီးတော့ ကစားခိုင်းမယ် ဆိုရင်ဖြင့် ကလေးတို့အတွက် အကျိုးရှိစေ ပါတယ်။ ဒါပေမယ့် မိဘတို့ အနေနဲ့ ကိုယ့်ကလေး ကစားနေတဲ့ ကွန်ပျူတာ၊ တက်ပလက်၊ ဟန်းဆက် စတဲ့ ပစ္စည်း တွေထဲက ဂိမ်းတွေဟာ ဘယ်လို ဂိမ်းမျိုး ဖြစ်တယ် ဆိုတာ ကိုတော့ သိထားဖို့လိုပါတယ်။ ကလေး အရွယ်နဲ့ မသင့်တော်တဲ့ ဂိမ်းတွေ၊ ကလေးစိတ်ကို ကြမ်းတမ်း ရိုင်းပြစေတဲ့ ဂိမ်းတွေ ကစားနေတယ် ဆိုရင်ဖြင့် ခွင့်မပြုသင့်ပါဘူး။
ကွန်ပျူတာ ဂိမ်းတွေ၊ တက်ပလက် ဂိမ်းတွေ နေရာမှာ ကလေးအရွယ်နဲ့ သင့်တော်တဲ့၊ ကလေး အချင်းချင်း (မောင်နှမ အချင်းချင်း) ကစားလို့ ရတဲ့ မြွေတက်တမ်း ကစားနည်းလိုမျိုး၊ ချက်စ် ကစားနည်းလိုမျိုး၊ မိုနိုပိုလီ ကစားနည်းလိုမျိုး၊ စတဲ့ ကစားနည်း လေးတွေကိုလည်း အစားထိုး ကစားခိုင်းလို့ ရပါတယ်။ နေရာကျယ်ကျယ် ရှိမယ် ဆိုရင်တော့ ဘောလုံးကန်တာလိုမျိုး၊ ကြက်တောင် ရိုက်တာလိုမျိုး၊ စိန်ပြေးတမ်း ကစားတာလိုမျိုး ကစားနည်းတွေကို ကစားခိုင်းမယ် ဆိုရင်ဖြင့် ကလေးတို့ရဲ့ ခြေထောက်လေးတွေမှာ ရှိတဲ့ ကြွက်သားမျှင်တွေ သန်စွမ်း လာစေမှာပါပဲ။
အချိန် ကန့်သတ်မှု မရှိဘဲနဲ့ ကလေးများကို ဂိမ်းများ ပေးကစားခြင်းဟာ  ကလေးတယောက် အတွက် လိုအပ်တဲ့ တီထွင် ဖန်တီးမှု၊ ကိုယ်လက် ကြံ့ခိုင်မှု၊ ပေါင်းသင်းဆက်ဆံမှု၊ သတိပြု စူးစမ်း လေ့လာတတ်မှု၊ အာရုံ စူးစိုက်နိုင်မှု စတဲ့ စွမ်းရည်တွေကို ချို့ယွင်းသွားစေနိုင်တဲ့ အထိ အန္တရာယ် ရှိလှပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့ရဲ့ မိဘများ အနေနဲ့ ကလေးကို ချစ်လို့ အလိုလိုက်သည် ဖြစ်စေ၊ ငြိမ်အောင်လို့ ထိန်းခိုင်းသည် ဖြစ်စေ စည်းကမ်းလေး သတ်မှတ်ပြီးတော့ ဂိမ်းတွေကို ပေးကစားကြပါ။ ကလေးတို့ အတွက် လိုအပ်တဲ့ တခြား စွမ်းရည်လေးများ ကိုလည်း ဖွံ့ဖြိုးလာအောင်လို့ လေ့ကျင့်ပေးကြပါဦးလို့။
ဧရာဝတီ သတင်း Myanmar News

နိုင်​ငံ​အ​လိုက် ​အ​ကောင်း​ဆုံး​ဘဏ်​ဆု ​က​မ္ဘော​ဇ ​ရ


က​မ္ဘော​ဇ​ဘဏ်​ဟာ ​လန်​ဒန်​အ​ခြေ​စိုက် ​ဖိုင်​နင်​ရှယ်​တိုင်း​မ်​သ​တင်း​စာ​ရဲ့ ​နိုင်​ငံ​အ​လိုက် ​အ​ကောင်း​ဆုံး​ဘဏ်​ဆု​ကို ​ရ​ရှိ​ခဲ့​ကြောင်း ​ဖိုင်​နယ်​ရှယ်​တိုင်း​မ် ​သ​တင်း​ထုတ်​ပြန်​ချက်​အ​ရ ​သိ​ရ​ပါ​တယ်။

နိုင်​ငံ​အ​လိုက် ​အ​ကောင်​ဆုံး​ဘဏ်​လုပ်​ငန်း​ဆိုင်​ရာ ​ကျွမ်း​ကျင်​ဆု ​ပေး​အပ်​ခဲ့​ပေ​မယ့် ​မြန်​မာ​နိုင်​ငံ ​ကိုယ်​စား​ပြု ​ပေး​တာ​က​တော့ ​အ​ခု​နှစ်​မှ ​စ​တင်​တာ ​ဖြစ်​ကြောင်း​၊ ​ဖိုင်​နယ်​ရှင်​တိုင်း​မ် ​ရဲ့ Banker ​မ​ဂ္ဂ​ဇင်း​က ​ချီး​မြှင့်​ခဲ့​တာ​ဖြစ်​ကြောင်း ​ဖော်​ပြ​ထား​ပါ​တယ်။

က​မ္ဘော​ဇ​ဘဏ်​ရဲ့ ​ဒု​ဥ​က္က​ဋ္ဌ ​ဦး​သန်း​လွင်​က​တော့ ​မ​ဂ္ဂ​ဇင်း​အယ်​ဒီ​တာ ​ကိုယ်​တိုင် ​မေး​ခွန်း​တွေ ​အ​သေ​အ​ချာ ​မေး​၊ ​အ​ချက်​အ​လက်​တွေ ​အ​သေ​အ​ချာ ​ယူ​သွား​ပြီး​မှ ​ဆု​ပေး​တာ ​ဖြစ်​ကြောင်း​၊ ​နှစ်​ပေါင်း ၂၀ ​အ​တွင်း ​ပ​ထ​မ​ဦး​ဆုံး​ရ​တဲ့​ဆု ​ဖြစ်​ကြောင်း​၊ ​က​မ္ဘော​ဇ​ဘဏ်​ဆို​တာ​ထက် ​မြန်​မာ​နိုင်​ငံ​က ​ဆု​ရ​တယ်​လို့​ပဲ ​သ​ဘော​ထား​ကြောင်း ​ပြော​ပြ​ပါ​တယ်။

၂၀၁၃ ​ခု​နှစ် ​က​မ္ဘာ​လုံး​ဆိုင်​ရာ ​စွမ်း​ဆောင်​ရည် ​အ​ကောင်း​ဆုံး​ဘဏ်​ဆု​ကို​တော့ ​အ​မေ​ရိ​ကန်​နိုင်​ငံ​က ​စီး​တီး​ဘဏ်​က ​ရ​ခဲ့​တယ်​လို့ ​ထုတ်​ပြန်​ချက်​မှာ ​ပါ​ရှိ​ပါ​တယ်။

Myanmar Latest News

မြန်မာနိုင်ငံဆိုင်ရာမူဝါဒအပေါ် စိတ်ကြီးဝင်နေတာကို လူသိရှင်ကြားချပြလိုက်တဲ့ အိုဘားမားအစိုးရ

မြန်မာနိုင်ငံအပေါ်ကို ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို အိုဘားမားအစိုးရက ၂၀၁၂ ခုနှစ်မှာ ချွင်း ချက်မရှိ ဖျက်သိမ်းပေးလိုက်ခြင်းဟာ အမေရိကန်နိုင်ငံရဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်အတွင်းက မြန်မာနိုင်ငံ ဆိုင်ရာမူဝါဒတွေကို ပုံဖော်ပေးရာမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ရှိနေတဲ့ နှစ်ပါတီစနစ်နဲ့ ကွန်ဂရက် မဟာမိတ်ရဲ့တံခါးကို အလိုအလျောက်ဆိုသလို ပွင့်သွားစေခဲ့ပါတယ်။ အမေရိကန်အစိုးရရဲ့ လျင်လျင်မြန် မြန်နဲ့ကြုံသလို ချမှတ်ခဲ့တဲ့ “မြန်မာ့စစ်အာဏာ ရှင်ဟောင်းတွေနဲ့ ဆက်ဆံရေးတိုးမြှင့်တဲ့” မူဝါဒသစ်ကို ကြောင်းကျိုးဆီလျော်မှုရှိမရှိ ပြန်လည်ဆန်းစစ်ဖို့အတွက် ကွန်ဂရက်က တောင်းဆိုခဲ့တာကိုလည်း ထပ်ခါ ထပ်ခါ ဥပက္ခာပြုခဲ့တာကို မြင်တွေ့ခဲ့ရပြီးပါပြီ။

ဒါပေမဲ့ ဒီဇင်ဘာ ၄ ရက်မှာတော့ အိုဘားမားအစိုးရဟာ မိမိတို့အစိုးရရဲ့ ထိတွေ့ဆက်ဆံရေးမူဝါဒဟာ မြန်မာနိုင်ငံအတွင်းက ပြုပြင်ပြောင်းလဲရေးကို ဘယ်လို အထောက်အကူပြုမလဲဆိုတာကို အောက်လွှတ် တော် နိုင်ငံခြားရေးကော်မတီရဲ့ အာရှပစိဖိတ်ကော်မတီခွဲ ရှေ့မှောက်မှာတင်ပြဖို့ သဘောတူခဲ့ပါတယ်။ မြန်မာအစိုးရအနေနဲ့ တိုင်းရင်းသား လူနည်းစုတွေအပေါ်မှာ စစ်ပွဲတွေ ဆက်လက်ဆင်နွှဲနေတာနဲ့ လူ့အ ခွင့်အရေး ချိုးဖောက်တာတွေ ရှိနေပေမယ့်လည်း မြန်မာအစိုးရဟာ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို ကူး ပြောင်းနေတယ်ဆိုတဲ့ မှားယွင်းပြီး စိတ်ကြီးဝင်နေတဲ့ ဇာတ်ကြောင်းကို ပုံစံသစ်နဲ့တင်ပြခဲ့ပါတယ်။

ယင်းတင်ပြချက်ဟာ မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုအပေါ် စိုးရိမ်တာတွေကိုကျော် လွှားဖို့အတွက် အရေးပါတဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေးမူဝါဒ အောင်မြင်တယ်ဆိုတာကို ပြသဖို့အ တွက်ပဲဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် မြန်မာနိုင်ငံအတွင်းမှာ မဟာဗျူဟာအရ ဘဏ္ဍာရေးအရ ခြေကုပ်ယူ နိုင်ဖို့အတွက် တားမြစ်ခဲ့ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့ရဲ့ လာဘ်စားမှုအရှိဆုံးနဲ့ လူ့အခွင့်အရေး အချိုးဖောက်ဆုံး နိုင်ငံတွေထဲမှာ ပါဝင် နေတာကြောင့် အိုဘားမားအစိုးရရဲ့ တင် ပြချက်ကို ကာကွယ်ဖို့ အတွက် မြန်မာ နိုင်ငံရဲ့ စနစ်ပိုင်းဆိုင်ရာ စိန်ခေါ်ချက်တွေ အပေါ်မှာ လက်တွေ့ကျကျ ချဉ်းကပ်တာတွေ မပြုလုပ်ဖို့လိုပါတယ်။ အဲဒီလို စိန်ခေါ်ချက်တွေထဲမှာ အမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ဖိနှိပ်ချုပ်ချယ်မှုမ ကင်းတဲ့ ဖွဲ့စည်းပုံကိစ္စ၊ လူအုပ်စုတွေအပေါ်မှာ စစ်တပ်ကကျူးလွန်နေတဲ့ ရက်စက်တဲ့ရာ ဇ၀တ်မှုတွေနဲ့ မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံရေး ကိစ္စတွေလည်းပါဝင်ပါတယ်။

တကယ်တမ်းမှာလည်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲ ရေးကို မြှင့်တင်ပေးဖို့အတွက် အိုးဘားမား အစိုးရအနေနဲ့ ဘယ်လိုစီစဉ်ထားသလဲဆိုတာကို မေးမြန်းခံရ တဲ့အခါမှာ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအစိုးရအကြံပေး Judith Cefkin က နိုင်ငံတကာရဲ့ ဖိအားတွေ ကြောင့် ၂၀၁၃ ခုနှစ် နွေရာသီမှာ စတင်ဖွဲ့စည်းခဲ့တဲ့ မြန်မာ့လွှတ်တော်ဆိုင်ရာ ဖွဲ့စည်းပုံသုံးသပ်ရေးကော် မတီမှာ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ စွမ်းရည်ရှိနေပြီလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်ရဲ့ အခန်းကဏ္ဍမှာ ဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်ဖို့ကို သေချာစေမယ့် အမေရိကန်အကူအညီ တွေကို မြှင့်တင်ခြင်းထက် မြန်မာအစိုးရကို “နည်းပညာပိုင်းအကူအညီ” ပေးအပ်ဖို့အပိုင်းမှာ ပိုပြီး

အကန့် အသတ်ရှိလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲဖို့အတွက် နည်းပညာအကူအညီတွေ ပေးအပ်ခြင်းအပေါ်မှာသာ အိုဘားမားအ စိုးရက မှီခိုနေခြင်းဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေ ဘယ်လိုသွားနေလဲဆိုတာကို သတိမူလို စိတ်မရှိဘူးဆိုတာကို ပြသလိုက်ခြင်းပါ။ ဖွဲ့စည်းပုံသုံးသပ်ရေးကော်မတီမှာ ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ အ ခွင့်အာဏာ မရှိပါဘူး။ ပိုပြီးတော့ အရေးကြီးတာက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို ရေးဆွဲခဲ့တဲ့ စစ်အာဏာရှင် စနစ်ဟာ “ဒီမိုကရေစီ အသွင်ကူးပြောင်းရေး” စတင်ဆောင်ရွက်ခဲ့တဲ့ ၂၀၁၁ ခုနှစ် မတိုင်မီကတည်းကပါ လီမန်အမတ်နေရာရဲ့ ၂၅ ရာခိုင်နှုန်းကို တပ်မတော်အတွက် ချန်ထားခဲ့ပြီးသားပါ။ ဖွဲ့စည်းပုံဆိုင်ရာဥပဒေ တွေကို ပြင်ဆင်မယ်ဆိုရင်လည်း ပါလီမန်မအမတ် ၇၅ ရာခိုင်နှုန်းကျော်ရဲ့ ထောက်ခံမှုကို ရယူရမယ်ဆို တာလည်း ထည့်သွင်းထားပြီးသားပါ။ စစ်တပ်နဲ့စစ်တပ်က ကျောထောက်နောက်ခံပြုထားတဲ့ ပြည်ခိုင်ဖြိုး ပါတီဟာ လောလောဆယ်မှာ ပါလီမန်အမတ် နေရာရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို ထိန်း ချုပ်ထားတဲ့အတွက် ဖွဲ့စည်းပုံကို သိသိသာသာ ပြုပြင်ပြောင်းလဲဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလို့ ရှုမြင်ရပါမယ်။

မြန်မာ့စစ်တပ်နဲ့ စစ်ရေးအရ မဟာ ဗျူဟာမြောက်တဲ့ ဆက်ဆံမှုတွေကို အကဲဖြတ်တဲ့အခါမှာလည်း အို ဘားမားအစိုးရအနေနဲ့ လက်တွေ့ကျကျ ထပ်မံဆန်းစစ်ဖို့ လိုပါတယ်။ အမေရိကန် ကာကွယ်ရေးဌာနရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Vikram Singh ဟာလည်း မြန်မာအစိုးရရဲ့ မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်လက်ပတ်သက်နေတာတွေ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို လစ်လျူရှုပြီး ၎င်းကိုမွန်းမံသင် တန်းတွေ အကူအညီတွေကမ်းလှမ်းဖို့ အိုဘားမားအစိုးရက ရည်ရွယ်နေတာကို တင်ပြခဲ့ရာမှာ ပါတီနှစ်ရပ် စလုံးရဲ့ ဆန့်ကျင်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ နယူးယောက်ပြည်နယ်ရဲ့ ဒီမိုက

ရက်တစ်အမတ် Joe Crowley က “မြန်မာစစ်တပ်ကို လူသတ်တာတွေ၊ အဓမ်္မကျင့်တာတွေနဲ့ နိုင်ငံသားတွေရဲ့ မြေယာတွေကို ခိုးယူတာ တွေ ရပ်တန့်ဖို့ အတွက် မွန်းမံသင်တန်းပေးဖို့ လိုမယ်လို့ ကျွန်တော်မထင်ပါဘူး” ဟု ခပ်ရွှဲ့ရွှဲ့ ပြောခဲ့ပါတယ်။

ဒါ့အပြင် Singh က “မြန်မာ့တပ်မတော်နဲ့ ထိတွေ့ဆက်ဆံပြီး တပ်မတော် ခေတ်မီရေးနဲ့ အသွင်ကူး ပြောင်းရေးကို တပ်မတော်ဘာသာ လုပ်နိုင်ဖို့အတွက် အကူအညီပေးဖို့”” အမေရိကန်အစိုးရကို လူနည်းစု တိုင်းရင်းသားအဖွဲ့တွေက တောင်းဆိုထားတယ်လို့ လိမ်လည် တင်ပြခဲ့ပါတယ်။ တကယ်တမ်းမှာတော့ တိုင်းရင်းသားလူနည်းစု အဖွဲ့တွေကနေ သမ်္မတအိုးဘားမားထံကို ၂၀၁၃ ခုနှစ် အောက်တိုဘာလကပေး လိုက်တဲ့ စာထဲမှာ မြန်မာစစ်တပ်ဟာ အမေရိကန် နဲ့ ထိတွေ့ဆက်ဆံရေးကို တရားဝင်ဖြစ်တဲ့ လက်မှတ် တစ်ခုအဖြစ် အသုံးချပြီး PR စနစ် ပေါ်ပေါက်လာစေမယ့် လှုပ်ရှားမှုရဲ့ ထောက်တိုင်အဖြစ် အသုံးပြု လိမ့် မယ်လို့ သတိပေးထားပါတယ်။ ရှောင် လွှဲလို့မရတဲ့ ခြိမ်းခြောက်မှုတွေအောက် က တိုင်းရ

င်းသား လူနည်း စုတွေဟာ အမေရိကန်အစိုးရကို မြန်မာစစ်တပ် အရာရှိတွေကို သင်တန်းတက်ခွင့်မပေးခင်မှာ တိုက်ခိုက်မှုတွေအားလုံးကို ရပ်တန့်ဖို့ လိုအပ်တယ်ဆိုတဲ့ ချွင်းချက်တွေလို ချွင်းချက်တွေရဲ့အောက်မှာ စစ်ရေးအရအ ကူအညီပေးဖို့ကိုပဲ မျှော်လင့်ခဲ့ကြတာပါ။ Singh ဟာ အခုလိုအရေးကြီးတဲ့ အချက်ကို ချန်ထားခဲ့ပါတယ်။

ချွင်းချက်မရှိတဲ့ ထိတွေ့ဆက်ဆံမှု ဟာ ပြုပြင်ပြောင်းလဲရေးကို ဘယ်လိုမျိုး အထောက်အကူ ပြုစေမလဲ ဆိုတာကို ရှင်းပြဖို့ မေးမြန်းခံရတဲ့အခါမှာလည်း Cefkin ဟာ ကြံရာမရတဲ့အဆုံးမှာ သုံးနေကျ လက်သုံးစ ကားဖြစ်တဲ့ ““ကျွန် တော်တို့အနေနဲ့ အောင်မြင်လိမ့်မယ်လို့ သေချာပေါက် မပြောနိုင်ပါဘူး။ ဒါပေမဲ့ မကြိုး စားဘဲနေရင်တော့ အောင်မြင်လာ မှာ မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ သေချာသိတာပေါ့” လို့ပြော လိုက်ပါတယ်။ ချွင်းချက်မရှိ ထိတွေ့ဆက်ဆံခြင်း ကကလေးစစ်သားတွေ အသုံးပြုခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ဘယ်လိုမျိုး အဆုံးသတ်ပေးနိုင်မလဲဆိုတဲ့ ရီပတ်ပလစ်ကန်အမတ် Trent Franks ရဲ့ မေးခွန်းကိုလည်း Cefkin နဲ့ Singh တို့နှစ်ဦးစလုံးဟာ တိတိပပဖြေဆိုနိုင်ခဲ့ခြင်းမရှိပါဘူး။

ဒါကြောင့် လွှတ်တော်ကော်မတီ ရှေ့မှောက်မှာတင်ပြတဲ့ အိုဘားမားအစိုးရရဲ့ အစီရင်ခံစာဟာ ၎င်းရဲ့မြန် မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေးမူဝါဒအပေါ် မြန်မာနိုင်ငံသားတွေသာမက အမေရိကန်နိုင်ငံရေး နယ်ပယ်အ သီးသီးက ဥပဒေပြုအမတ်တွေကပါ အထင်မြင်သေးတာတွေ စိတ်ပါဝင်စားမှုမရှိတာတွေကို ဘယ်လိုမျိုး တိုးမြှင့်ကြုံတွေ့နေရတယ်ဆိုတာကို ပြသလိုက်ခြင်းတစ်ခုသာဖြစ်ပါတယ်။

ဤဆောင်းပါးမှာ foreignpolicy-journal.com တွင် ဖော်ပြထားသော Rachel Wagley ၏ “Obama Administration Goes Public on Patronizing Burma Policy” အားဆီလျော်သလို ထုတ်နုတ်ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။

Mizzima Burmese

ပြုပြင်ပြောင်းလဲမှု ခေါင်းဆောင်နှစ်ဦး - သမ္မတဦးသိန်းစိန် (မြန်မာ) နှင့် ဥက္ကဋ္ဌ ငုယင်ဗင်လင့် (ဗီယက်နမ်)


Doi Moi အင်္ဂလိပ် စကားလုံး Renovation ဟု အဓိပ္ပာယ်ရှိသည့် ပြုပြင် ပြောင်းလဲမှုတွင် လေးနှစ်အတွင်း ဥရောပါ၊ အမေရိကတို့နှင့် ဆက်ဆံရေး ပြန်လည် ရရှိခဲ့သည်။ စက်မှုလယ်ယာ၊ ကုန်ထုတ်လုပ်ငန်း အများတွင် တစ်ဟုန်ထိုး တိုးတက်ခဲ့သည်။ သို့သော် ၁၉၉၀ နောက်ပိုင်းတွင် ယခင်အရိုး စွဲနေသော အကျင့်များ၊ ကြိုးနီစနစ်များ မကုန်နိုင်သောကြောင့် နှေးကွေး သွားရပြန်သည်။ ၂၀၀၄ နောက်ပိုင်းတွင် ပြည်ပရောက် ဗီယက်နမ်များစွာ ပြန်လာသောကြောင့် စီးပွား ပြန်လည် တိုးတက် လာသော်လည်း မှန်းသလောက် ဖြစ်မလာသေးပါ။

ငုယင်ဗင်လင့် ၁၉၉၁ မှာ ကျန်းမာရေးအရ အနားယူသွားပြီး ဗီယက်နမ်ရဲ့ ပြုပြင်ပြောင်းလဲမှု ပြဿနာများကို ဆက်လက်ပြောဆို ရေးသားခဲ့သည်။ အထူးသဖြင့် ဆင်းရဲချမ်းသာ ကွာခြားလွန်းခြင်း၊ အမေရိကန် ကုမ္ပဏီများက ဗီယက်နမ်များကို နည်းပညာ မပေးဘဲ၊ အမေရိကန် ရောင်းမကုန်ပစ္စည်း တွေပဲ လာပုံချ သွားခြင်းများကို အပြစ်တင် ရေးသားခဲ့သည်။ ဗီယက်နမ် ခေါင်းဆောင်များ ကြားတွင် ခြစားမှု၊ အာဏာ အလွဲသုံးမှုများ ဖြစ်လာပြန်သည်ကို ခေါင်းဆောင်ဟောင်းကြီးက ထောက်ပြခဲ့သည်။

Nguyen Van Linh (ငုယင်ဗင်လင့်) ကို ယခုမြန်မာနိုင်ငံ အစိုးရသစ်၏ သမ္မတဦးသိန်းစိန်နှင့် ခိုင်းနှိုင်း လိုပါသည်။

၁၉၈၆ တွင် ဗီယက်နမ်တွင် ဆင်းရဲမွဲတေလှမှုကြောင့် ပြုပြင် ပြောင်းလဲရန် ပြည်သူနှင့် ကွန်မြူနစ်ပါတီက တွန်းအားပေးလာသည်။ သမားရိုးကျ ကွန်မြူနစ် ခေါင်းဆောင် Truong Chinh မှာ အသက် ၈၀ တွင် အနားယူသွားပြီး ခေါင်းဆောင်သစ် Nguyen Van Linh (ငုယင်ဗင်လင့်) ၇၁ နှစ် ပြုပြင် ပြောင်းလဲမှုကို ခေါင်းဆောင်ခဲ့သည်။ ယခု မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် လုပ်ဆောင်သကဲ့သို့ အရှေ့၊ အနောက်၊ အမေရိကန်၊ ဥရောပ၊ ဂျပန်နိုင်ငံ အားလုံးနှင့် ပြန်လည် ဆက်ဆံနိုင်ခဲ့သည်။

ပြည်သူပိုင်များကို ပုဂ္ဂလိကပိုင် ပြောင်းလဲသည်။ ငွေကြေးစနစ် တည်ထောင်သည်။ မှောင်ခို ငွေမည်း ဈေးကွက်ကို ဖျက်သိမ်းနိုင်သည်။ အထူးခြားဆုံးမှာ ငြိမ်းချမ်းရေးများကို လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုစဉ်က ဗီယက်နမ်သည် လာအို၊ ကမ္ဘောဒီးယား နိုင်ငံတို့တွင် စစ်တပ် စေလွှတ် ထိန်းချုပ်ထားသည့် အတွက် စစ်စရိတ် အလွန်ကြီးလှသည်။ ထိုနှစ်နိုင်ငံမှ ဗီယက်နမ် စစ်တပ်ကို ပြန်လည် ရုပ်သိမ်းနိုင်ခဲ့သည်။ ဗီယက်နမ် လူမျိုးကြီး ဝါဒီများက မကျေနပ်ကြပါ။ ထိုလူစုသည် လက်ရှိ ကွန်ဂရက်တွင်လည်း ကြီးမားသော အတိုက်အခံအုပ်စု ဖြစ်နေပါသည်။ ငုယင်ဗင်လင့်သည် သမ္မတဦးသိန်းစိန် ကဲ့သို့ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ပုဂ္ဂလိက ပိုင်ဆိုင်မှုဥပဒေ၊ ဒီမိုကရေစီ စနစ်သို့ ဦးတည်သော ဥပဒေများကို ဗီယက်နမ် ကွန်ဂရက်တွင် ပြဋ္ဌာန်း အတည်ပြု အကောင်အထည် ဖော်ခဲ့သည်။

သို့သော် ခေါင်းဆောင် ငုယင်ဗင်လင့်သည် သန့်ရှင်းသော အစိုးရ ဖြစ်အောင်၊ ခြစားမှုများ၊ အာဏာ အလွဲသုံးစားမှုများ လုပ်နေသော သမားရိုးကျ အရိုးစွဲနေသည့် ဗီယက်နမ် ကွန်မြူနစ်ပါတီ ခေါင်းဆောင်များကို အပြစ်တင် တိုက်ခိုက်မှု များစွာကို ပြုလုပ်ခဲ့သည်။ ထိုအုပ်စုကလည်း ငုယင်ဗင်လင့်၏ ပေါ်လစီများကို နည်းမျိုးစုံနှင့် တိုက်ခိုက်ကြသည်။ သို့သော် ငုယင်ဗင်လင့်သည် ပန်းပန်လျက်ပင် ဖြစ်သည်။ အတိုက်အခံ ခေါင်းမာသူ၊ သမားရိုးစွဲ အုပ်စုကလည်း ကွန်ဂရက်တွင် ဆက်လက်ရှိနေသည်။ ယခု မြန်မာပြည်တွင် ဖြစ်သကဲ့သို့ အာဏာနှင့်ငွေရှိသော ခရိုနီများနှင့် နိုင်ငံခြား ငွေကြေး ရှိသူများက နိုင်ငံရေး ခေါင်းဆောင်ဘဝမှ စီးပွားရေး သူဌေးကြီးများ ဘဝသို့ ပြောင်းလဲကြသည်။ ဗီယက်နမ်တွင် နိုင်ငံခြား ကုမ္ပဏီများစွာ လာရောက် ရင်းနှီးမြှုပ်နှံကြရာတွင် ယခု မြန်မာပြည်တွင် ဖြစ်နေသကဲ့သို့ အာဏာပိုင်များနှင့် ပေါင်းပြီး ဝန်ထမ်းများ ခြစားမှု အကြီးအကျယ် ဖြစ်ပေါ်လာသည်။

ခေါင်းဆောင် ငုယင်ဗင်လင့်၏ ရိုးသား ဖြောင့်မတ်မှုဖြင့် ပေါ်လစီများကို အကောင်းဆုံး ဖြစ်အောင် ချပေးထားသည်။ ၁၉၉၀ ပါတီ ခေါင်းဆောင်သစ် ရွေးကောက်ပွဲ မတိုင်မီ တစ်နှစ်အလို နောက်ထပ် သက်တမ်း ခေါင်းဆောင် မလုပ်တော့ဘူးဟု ကြေညာခဲ့သည်။ ပြောသည့်အတိုင်း ခေါင်းဆောင်ရွေးပွဲ တွင် သူမပါဘဲ ခေါင်းဆောင်သစ်ကို ကွန်ဂရက်မှ လွတ်လပ်စွာ ရွေးချယ်စေခဲ့သည်။ ၁၉၉၁ ကွန်ဂရက်က ပြုပြင် ပြောင်းလဲမှု ဘက်တော်သား Đỗ Mười ကို ခေါင်းဆောင်သစ်အဖြစ် ရွေးကောက်ခဲ့သည်။ ငုယင်ဗင်လင့်သည် ၁၉၉၇ ခုအထိ ပါတီ ဗဟိုကော်မတီ အကြံပေး အရာရှိအဖြစ် တာဝန်ယူခဲ့သည်။

၁၉၉၇ အရှေ့တောင်အာရှ စီးပွားကပ်ကာလ

သူ့နောက် တက်လာသော Đỗ Mười သည်လည်း ပြုပြင် ပြောင်းလဲရေးသမားပင် ဖြစ်သည်။ ပြုပြင် ပြောင်းလဲရေး များလည်း နှေးကွေးသွားခဲ့သည်။ လက်ရှိ မြန်မာနိုင်ငံကဲ့သို့ အတိုက်အခံများကို ကွန်ဂရက်ပါတီတွင် ပါဝင်စေသည့် ပွင့်လင်းသော နိုင်ငံရေးစနစ်ကို အာဏာကိုင်စွဲသူ ကွန်မြူနစ် များက ခွင့်မပြုခဲ့။ နိုင်ငံရေး အတိုက်အခံများ ပြည်တွင်း၊ ပြည်ပအားလုံးကို နှိပ်ကွပ်မှု ဆက်လက် လုပ်ဆောင်ခဲ့သည်။ သို့သော် သတင်းစာ လွတ်လပ်ခွင့်၊ မီဒီယာနှင့် ဝေဖန်ပြောဆို၊ ရေးသားမှုများကို ခွင့်ပြုကြသည်။ မြန်မာပြည်တွင်လည်း ၁၉၉၃ နောက်ပိုင်းတွင် ဗိုလ်ချုပ်ထွန်းကြည်၊ ဗိုလ်ချုပ်ကျော်ဘ စသည်တို့ဖြင့် တိုင်းပြည် စီးပွားမော့လာခဲ့သည်။ သို့သော် ၁၉၉၈ တွင် အရှေ့တောင် အာရှစီးပွားကပ် နှင့်အတူ မြန်မာပြည် အာဏာရှင် စနစ်ဟောင်းသို့ ပြန်ရောက် သွားခဲ့သည်။ ၁၂ နှစ်တိုင်အောင် အဆင်းရဲဆုံးနှင့် အခက်ခဲဆုံး စစ်အာဏာရှင် စနစ်အောက် အမှောင်ထု ဆက်လက် လွှမ်းမိုးခံရသည်။

ဗီယက်နမ်နိုင်ငံသည် မြန်မာနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ ၁၉၉၈ ခုနှစ် အရှေ့တောင်အာရှ စီးပွားကပ် နောက်ပိုင်းတွင် ဗီယက်နမ် ပြုပြင်ပြောင်းလဲမှု တစ်ဟုန်ထိုး လုပ်နိုင်ခဲ့သည်။ အထူးသဖြင့် နိုင်ငံခြားရောက် ဗီယက်နမ်များ ပြန်လာရေးအတွက် ပေါ်လစီများ ချမှတ် လုပ်ဆောင်နိုင်သောကြောင့် ဖြစ်သည်။

ငုယင်ဗင်လင့် အကြံပေး အရာရှိအဖြစ်မှ အငြိမ်းစားယူသည့် ၁၉၉၇ မှ သူကွယ်လွန်သည့် ၁၉၉၈ ဧပြီအထိ ခေါင်းဆောင်ဟောင်းကြီး မကျေနပ်မှုများကို ရင်ဖွင့်ခဲ့သည်။ (၈) ကြိမ်မြောက် ပါတီကွန်ဂရက်တွင် ပြုပြင်ပြောင်းလဲမှု၏ ရလဒ်ဆိုးများကို ပွင့်လင်းစွာ ဝေဖန် ပြောကြားခဲ့သည်။ လွတ်လပ်နေပြီ ဖြစ်သော ဗီယက်နမ် မီဒီယာ၊ သတင်းစာများတွင် စိတ်ဓာတ် မြင့်မြတ်မှု လိုအပ် ကြောင်း ဆောင်းပါးများ အဆက်မပြတ် ရေးသားခဲ့သည်။ ရေဒီယို၊ တီဗီ၊ စာစောင် များတွင် ခုတ်ရာတခြား၊ ရှရာတခြား၊ မိမိတို့ရေးခဲ့သည့် ပေါ်လစီများမှာ လက်တွေ့ မအောင်မြင်ဟု ပြောခဲ့သည်။ ပြည်တွင်းမှ နိုင်ငံရေး ခေါင်းဆောင် ခြစားသူများ၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူ ငွေရှင်များ ပူးပေါင်း လုပ်စားမှုများကို ‘Things That Must Be Done Immediately’ ဟု အခန်းကဏ္ဍတစ်ခု ဖွင့်ကာ သေသည့်တိုင်အောင် ဆောင်းပါးများ ရေးသားသွားခဲ့သည်။ (တရုတ် ပြုပြင်ပြောင်းလဲမှု ခေါင်းဆောင် ... တိန့်ရှောင်ဖိန်မှာ အောင်မြင်ခဲ့သည်။ ချက်ကိုစလိုဗက်က ဗားကလပ်ဟာဗဲလည်း အောင်မြင်ခဲ့သည်။ ကိုးရီးယားသမ္မတ ပတ်ချုံဟီးလည်း လုပ်ကြံ ခံခဲ့ရသော်လည်း ပြုပြင် ပြောင်းလဲမှုများ အောင်မြင်ခဲ့သည်)။

ဗီယက်နမ် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင် ငုယင်ဗင်လင့် ကွယ်လွန်ခဲ့ပြီ။ သူကွယ်လွန်ပြီးချိန်တွင် တရုတ်ပြည်ကြီးသည် တစ်ဟုန်ထိုး ထိုးတက်လာပြီး တရုတ်စီးပွားရေး သမားများနှင့် ဗီယက်နမ် ခရိုနီ၊ မိုနိုပိုလီ၊ အာဏာပိုင်များ ပူးပေါင်းကာ မြန်မာနိုင်ငံ မြစ်ဆုံ စီမံကိန်း၊ မြန်မာ လက်ပံတောင်းတောင် စီမံကိန်းကဲ့သို့ ပရောဂျက် များစွာကို (ပွင့်လင်းမြင်သာမှု မရှိဘဲ) လုပ်ခဲ့ကြသဖြင့် တိုင်းပြည်များစွာ နစ်နာခဲ့သည်။ မြန်မာပြည် ကဲ့သို့ပင် တရုတ်လက်နက် များစွာကို ဝယ်ယူခဲ့ပြီး ကြာကြာမခံ၊ သင်ခန်းစာများစွာ ရခဲ့သည်။ ယခုအခါ ဗီယက်နမ် ပြည်သူများသည် တရုတ် လုပ်ငန်းရှင်များကို အထူးသတိထား၊ ဆန့်ကျင်သော်လည်း ဗီယက်နမ် အစိုးရကမူ မလွန်ဆန်နိုင်ဆဲပင် ဖြစ်သည်။ ဗီယက်နမ်တွင် စက်မှု၊ စားကုန်လုပ်ငန်းများ တည်ထောင်ခဲ့သည့် ထိုင်းလုပ်ငန်းရှင် များစွာ၏ ရင်းနှီးမြှုပ်နှံမှုများမှာ အမျိုးသမီး များစွာရှိသော ဗီယက်နမ် လူဦးရေ သန်း ၁၀၀ အတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိခဲ့သည်။

ဗီယက်နမ်သည် တရုတ်နှင့် စစ်ရေး ပူးတွဲ လုပ်ဆောင်မှုများ မရှိသကဲ့သို့ အမေရိကန်နှင့် ပြင်သစ် ကိုလိုနီများကိုလည်း အတိတ်ကြောင့် မယုံပါ။ သယံဇာတ ကြွယ်ဝလှသော (မြန်မာပြည်ထက် နှစ်ဆကြီးမားသည့်) ကမ်းလွန်ရေနံ၊ ဓာတ်ငွေ့လုပ်ငန်း များကို ရုရှားနှင့် အများဆုံး ပူးပေါင်း စီးပွားလုပ်ကိုင်သည်။ အထူးသဖြင့် ဗီယက်နမ် စစ်တပ်နှင့် စက်မှုလုပ်ငန်း ပညာတော်သင် ၉၀ ရာခိုင်နှုန်းမှာ ရုရှားပြည်သို့ သွားရောက် ဆည်းပူးနေသည်အထိ ရုရှား-ဗီယက်နမ် ချစ်ကြည်ရေး ကောင်းလှနေပါသည်။

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်လည်း သူ့သက်တမ်း လေးနှစ်တွင် ပေါ်လစီများကို အကောင်းဆုံး ချပေးထားပြီဟု ဂုဏ်ယူစွာဖြင့် မိန့်ခွန်းများ ပြောပါသည်။ နောက် သမ္မတ အစိုးရ သက်တမ်းကို မည်သူရမည် မသိနိုင်သေးသော်လည်း၊ နောက်သက်တမ်းတွင် ဗီယက်နမ်ကဲ့သို့ အရိုးစွဲနေသော နောက်ကြောင်း ပြန်လှည့်လိုသည့် စီးပွားရေး ခရိုနီအုပ်စုကို မဖယ်ထုတ်နိုင်သေးလျှင် ခက်မည်။

၂၀၂၀ တွင် သမ္မတဟောင်း ဦးသိန်းစိန် တစ်ယောက် ဗီယက်နမ် ပြုပြင် ပြောင်းလဲရေး ခေါင်းဆောင်ကြီး ငုယင်ဗင်လင့်ကဲ့သို့ သတင်းစာများတွင် မကျေမနပ်နှင့် ဆောင်းပါးများ ရေးနေပါလိမ့်မည်။ သမ္မတဦးသိန်းစိန် ရေးခဲ့သမျှ ဥပဒေ အားလုံးလည်း ဗီယက်နမ် နိုင်ငံကဲ့သို့ ခရိုနီများက တလွဲအသုံးချ သွားပါလိမ့်မည်။ ဗီယက်နမ်ကို နမူနာယူပါ။

ထိုသို့ ခရိုနီများ ကြီးစိုးမည့် အရေးကို ကာကွယ်လိုပါက ၂၀၁၅ မတိုင်မီ ယခုကတည်းက NLD လွှတ်တော် အမတ်ကို ဝန်ကြီး သို့မဟုတ် ဒုဝန်ကြီး ခန့်ထားရန် လိုပါသည်။ ကြံ့ခိုင်ရေးပါတီ ကြီးစိုးမှုကို အင်ဒိုနီးရှားစတိုင် ပါတီများ လွတ်လပ်စွာ ပြိုင်ခွင့်ပေးပါကလည်း မဆိုးလှပါ။ နေရာမပေးလျှင် နောက်ကြောင်း ပြန်ဆွဲလိုသူများ ကြီးစိုးနေဦးမည်။

ဗီယက်နမ် ခေါင်းဆောင်သစ်သည် ၁၉၈၆ တွင် ဆင်းရဲမွဲတေမှုမှ လွတ်အောင် ယခုဦးသိန်းစိန် လုပ်နေသည်နှင့် တစ်ပုံစံတည်း ပြုပြင် ပြောင်းလဲမှု လုပ်ပါသည်။ လေးနှစ်ပြည့်သောအခါ ဥပဒေအားလုံး ပြုစုခဲ့ပြီဟု ဆိုကာ နောက် ပြုပြင် ပြောင်းလဲမှု ထောက်ခံသူ (ဥပမာ-ဦးရွှေမန်းလို လူကို) အာဏာလွှဲပေး လိုက်ပါသည်။ နောက်တက်သည့်လူက နောက်ကြောင်း ပြန်ဆွဲလိုသူများကို မကာကွယ်နိုင်သောကြောင့် ထင်သလို ဖြစ်မလာပေ။

အလားတူ ဦးသိန်းစိန် အနေနှင့် NLD ကို ဝန်ကြီး တစ်နေရာမျှပင် မပေးနိုင်ပါက ၂၀၂၀ တွင် သမ္မတဟောင်း ဦးသိန်းစိန် တစ်ယောက် ဗီယက်နမ် ခေါင်းဆောင်ဟောင်း ငုယင်ဗန်လင့် ကဲ့သို့ အငြိမ်းစားဘဝမှ သတင်းစာ၊ တီဗီတွေများတွင် မကျေမနပ်ဖြင့် ဆောင်းပါးများ အဆက်မပြတ် ရေးရင်း ဘဝ နောက်ဆုံးအချိန်များ ကုန်လွန်သွားမည်ကို မြင်ယောင်မိပါသည်။ ဒေါ်စုကို ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ (ကာ/လုံ) ထဲလည်း မထည့်နိုင်၊ ငြိမ်းချမ်းရေး ကော်မတီထဲလည်း မထည့်နိုင်၊ အာဏာရှိစဉ် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မြန် သုံးစေလိုသည်။ လက်ရှိတွင်မူ ခရိုနီများကို အကာအကွယ် ပေးလိုသူဟု မှတ်ချတ်ပြုခံရသူ ဦးရွှေမန်းက ကောင်းစွာ အသုံးချနေပေပြီ။

The Voice Weekly Myanmar

မိကျောင်းကန် သပိတ်စခန်းအား အကြမ်းဖက်ဖြေရှင်းခြင်း မပြုလုပ်ရန် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက နယ်/လုံဝန်ကြီးအား တွေ့ဆုံ မေတ္တာရပ်ခံ


ဒီဇင်ဘာ ၉ ရက် ည ၁၁ နာရီခန့်က သပိတ်စခန်းမြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
နိုင်ငံရေး တက်ကြွလှုပ်ရှားသူအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး နယ်/လုံဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မိကျောင်းကန် သပိတ်စခန်းအား အကြမ်းဖက်နှိမ်နင်းခြင်း မပြုလုပ်ရန် ဒီဇင်ဘာ ၉ ရက် ညနေပိုင်းက ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးမှုတွင် မိကျောင်းကန်သပိတ်စခန်း ကိုယ်စားလှယ်များမပါရှိဘဲ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီ ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ကိုရဲနောင်ဝင်းနှင့် အခြားတက်ကြွလှုပ်ရှားသူ သုံးဦးတို့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီး နယ်/လုံဝန်ကြီးနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုရဲနောင်ဝင်းက "နှစ်ဖက်လုံး ရုပ်ဆိုးစေတဲ့ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်တာမျိုး မဖြစ်စေဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံပါတယ်။ သူတို့ကလည်း အေးအေးချမ်းချမ်းနဲ့ ဖြစ်နိုင်အောင် အတတ်နိုင်ဆုံး သူတို့ဘက်က လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်" ဟု ဒီဇင်ဘာ ၉ ရက် ညပိုင်းက မီဒီယာများအား ပြောကြားခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးမှုတွင် နယ်/လုံ ၀န်ကြီးက အငြင်းပွားနေသည့် မြေနေရာအား ကုမ္ပဏီများသို့ ရောင်းချထားခြင်းမရှိဟု အခိုင်အမာ ကတိပေးခဲ့ကြောင်း၊ အဆိုပါမြေကိစ္စနှင့် ပတ်သက်ပြီး အဆုံးအဖြတ်ပေးရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ဆုံးဖြတ်ပိုင်ခွင့်မရှိဘဲ ပြည်ထောင်စုအစိုးရက ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် မိကျောင်းကန် သပိတ်စခန်းအား ဆီးဂိမ်းစ်ကာလဖြစ်နေသဖြင့် ပြည်သူနှင့် အစိုးရပုံရိပ်အား မပျက်ယွင်းစေလိုသဖြင့် ရုပ်သိမ်းစေလိုကြောင်း၊ အကယ်၍ လိုလားချက်များ မရရှိပါက ဥပဒေအရ ဆန္ဒပြမည်ဆိုပါက အလွယ်တကူ ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ကိုရဲနောင်ဝင်းက မီဒီယာများသို့ ပြောကြားခဲ့သည်။

သပိတ်စခန်း ဦးဆောင်သူတစ်ဦးဖြစ်သည့် မနေနွယ်သန်းက "အစိုးရဘက်က ကျွန်မတို့ကို အဖြူ၊ အမည်း သဲကွဲတဲ့၊ တိကျသေချာတဲ့ အဖြေတစ်ခုကို ချပြပါ။ ဒီမြေနဲ့ ပတ်သက်ပြီး ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်အခါမှာ၊ ဘယ်သူက တာဝန်ယူနိုင်မလဲဆိုတာ မီဒီယာတွေရှေ့၊ နိုင်ငံရေးအင်အားစုတွေရှေ့မှာ ချပြပါ။ ဒီလိုချပြတဲ့အခါကျရင် ပြည်သူတွေက အားလုံးလက်ခံရင် ကျွန်မတို့ ဒီသပိတ်ကို ရပ်တန့်ပေးမှာပါ" ဟု ပြောကြားသည်။

မိကျောင်းကန် သပိတ်စခန်းအား သင်္ဃန်းကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် တပ်မြို့စည်ပင်မှ ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီ နောက်ဆုံးထား ရုပ်သိမ်းရန် သတိပေးချက်ကို ဒီဇင်ဘာ ၇ ရက် ည ၁၀ နာရီခွဲခန့်က ထုတ်ပြန်ခဲ့ပြီးနောက် သပိတ်စခန်းအား သက်ဆိုင်ရာက အကြမ်းဖက် ဖြိုခွင်းခြင်းရှိ၊ မရှိကို ပြည်သူများ စိတ်ဝင်စားခဲ့ကြပြီး နောက်ဆုံးသတ်မှတ်ထားသည့်နေ့ ညနေ ၅ နာရီခွဲခန့်မှစ၍ ပြည်သူ ၃၀၀ ကျော်ခန့် လာရောက်ကြည့်ရှုခဲ့ကြသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က "ဖြိုခွင်းတယ်ဆိုတာဟာ အဖြေမဟုတ်ဘူး။ ဒါပေမဲ့ ဒီလိုဖြိုခွင်းခဲ့ရင် အင်အားဘယ်လောက်သုံးလဲ၊ ဘယ်လိုထိခိုက်မှုတွေ ရှိလဲဆိုတာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ သိချင်လို့လာကြည့်တာပါ" ဟု The Daily Eleven သတင်းစာသို့ ဒီဇင်ဘာ ၉ ရက် ည ၈ နာရီခန့်က ဆိုသည်။

သပိတ်စခန်းကို နိုဝင်ဘာ ၂၆ ရက်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ဒီဇင်ဘာ ၉ ရက်တွင် ၁၄ ရက်မြောက်ခဲ့ပြီဖြစ်ကာ ယင်းနေ့တွင် သပိတ်စခန်းခေါင်းဆောင် ဦးစိန်သန်းအား ကျောက်တံတားမြို့နယ်တရားရုံးမှ ပုဒ်မ-၁၈ ဖြင့် ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့သည်။
eleven media group

နေပြည်တော်မြို့မဈေး အဝေးပြေးဂိတ်၌ ကပ်ထားသည့် ဆီးဂိမ်းစ်တွင် အဖျက်အမှောင့်လုပ်မည့် ကေအိုင်အေ အကြမ်းဖက်သမားသုံးဦး ကြော်ငြာစာအား ပြန်လည်ဖြုတ်သိမ်း


နေပြည်တော် မြို့မဈေးရှေ့တွင် ကပ်ထားသည့် အကြမ်းဖက်သမား သုံးဦး၏ ကြေညာစာအား ဒီဇင်ဘာ ၇ ရက်နေ့ ညနေပိုင်းက တွေ့ရစဉ်
နေပြည်တော် မြို့မဈေး အဝေးပြေးဂိတ်၌ ကပ်ထားသည့် ဆီးဂိမ်းစ်ကာလ၌ အမှောင့်အဖျက် လုပ်ငန်းများ လုပ်ဆောင်ရန် ကေအိုင်အေအဖွဲ့မှ အကြမ်းဖက်သမား သုံးဦးပါသည့် ကြော်ငြာစာအား ဒီဇင်ဘာ ၉ ရက်နေ့တွင် ပြန်လည် ဖြုတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပေး ကြော်ငြာစာကို ဒီဇင်ဘာ ၇ ရက်နေ့တွင် ကြော်ငြာထားကြောင်း သိရှိရပြီး ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလအတွင်း၌ အဖျက်အမှောင့် လုပ်ငန်းများကို ဆောင်ရွက်ရန် ကေအိုင်အေ ကချင်အဖွဲ့မှ အကြမ်းဖက်သမား သုံးဦးအား မသင်္ကာဖွယ် တွေ့ရှိပါက သက်ဆိုင်ရာသို့ အကြောင်းကြား ပေးရန်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အဖျက်အမှောက် လုပ်ငန်းများ ဆောင်ရွက်ရန် ရန်ကုန်မြို့တွင် ရောက်ရှိနေသည့် အစ္စလာမ် ဘာသာရေး အစွန်းရောက် မွတ်စလင် အဖွဲ့များနှင့် ဆက်သွယ်ဆောက်နိုင်ရန် ကေအိုင်အေ ကချင်အဖွဲ့မှ အကြမ်းဖက်သမား သုံးဦးသည် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် ရန်ကုန်သို့ ထွက်ခွာခဲ့ကြောင်း ယင်းကြော်ငြာစာတွင် ပါရှိသည်။
''အထက်က ညွှန်ကြားလို့ ဒီစာကိုကပ်ရတာပါ။ ဘယ်သူ၊ ဘယ်ဝါ ညွှန်ကြားတယ်ဆိုတာ ပြောလို့မရပါဘူး။ ဒီစာကို အခုပြန်ပြင် နေပါတယ်'' ဟု ယင်းကြော်ငြာစာအား ကပ်သည့် မြို့မဈေးတာဝန်ခံ ဗိုလ်ကြီးမြင့်သန်းက ပြောကြားသည်။
အဆိုပါ ကြော်ငြာစာ ကပ်ခြင်းနှင့် ပတ်သက်၍ ကေအိုင်အို ပြန်ကြားရေးအရာရှိ ဦးလနန်က ''ဒီလိုတွေရှိနေရင် ဖမ်းပေးကြပါ။ အဓိပ္ပာယ်မရှိတဲ့ ကိစ္စပါ။ ဒါတမင်သက်သက် သိက္ခာကျအောင် လုပ်တဲ့ကိစ္စပါ။ တမင်သက်သက် ဖန်တီးနေတာပါ။ တကယ်အဖွဲ့ဝင် ဆိုရင်တော့ ကေအိုင်အေ အကြံပေးအဖွဲ့ (TAT) ကနေတစ်ဆင့် ပြန်လမ်းကြောင်း ပေးမယ်ဆိုရင် ကောင်းတာပေါ့။ အရေးယူလို့ ရတာပေါ့။ ကရင်၊ဗမာ စတာတွေက ကေအိုင်အေမှာ ဗိုလ်ကြီးအဆင့်လည်း မပေးဘူးခင်ဗျ။ ကေအိုင်အိုမှာ တခြားနာမည်နဲ့ တာဝန်ထမ်းဆောင်သူလည်း မရှိဘူးခင်ဗျ။ ဆီးဂိမ်းစ်ဖြစ်နေလို့ ပွဲဆူအောင်လုပ်တာပါ။ စရဖ (စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့) တွေက တပ်ကြပ်အဆင့် ရှိတဲ့လူတွေက နေ့စဉ်နဲ့အမျှ အထက်ကို ကြံဖန်ပြီး အစီရင်ခံစာတင်တဲ့ သဘောပါဗျ။ ဒါမျိုးက အများကြီးဖြစ်တာပါ။ အခုဖောက်ခွဲရေး သမားတွေ နေပြည်တော်ရောက်တယ် ဆိုတာလည်း အခုမှ ကြားရတာပါ။ ဆီးဂိမ်းစ်မှာ နိုင်ငံပေါင်းစုံလာတော့ နိုင်ငံရေး သိက္ခာချတဲ့ သဘောပါ။ အကြမ်းဖက်လုပ်ရပ်တွေ ကေအိုင်ကေမှာ လုပ်တာမရှိပါဘူး။ ရည်ရွယ်ချက်လည်း မရှိဘူး။ လုပ်စရာလည်း အကြောင်းမရှိပါဘူး'' ဟု ပြောကြားသည်။
အကြမ်းဖက် သမားများမှာ ဗိုလ်ကြီးအဆင့်ရှိ ရန်အောင်၊ ဒုအရာခံဗိုလ်အဆင့်ရှိ မျိုးနိုင်နှင့် တပ်ကြပ်အဆင့်ရှိ ရဲဝင်းတို့ဖြစ်ကြောင်း နေပြည်တော် မြို့မဈေး အဝေးပြေးဂိတ်တွင် ကပ်ထားသည့် ကြော်ငြာစာ၌ ဖော်ပြထားသည်။
''အဲဒီကြေညာစာကို မြန်မာနိုင်ငံရဲ တပ်ဖွဲ့အနေနဲ့ ကြော်ငြာထားတာတော့ မရှိဘူး။ အဲဒီသတင်းကို confirm ဖြစ်အောင် လုပ်နေတယ်။ ဒါပေမဲ့ အဲဒီသတင်းက ဘာမှအတည်ပြုချက် မရသေးဘူး။ စုံစမ်းနေတုန်းပါပဲ'' ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နေပြည်တော်မှ ဒုတိယရဲမှူးကြီး မင်းအောင်က ပြောကြားသည်။
eleven media group

ဖုန်းတစ်လုံးရဲ့ အပြင်အဆင်နဲ့ Omate Smartwatch


Android Smart ဖုန်းတစ်လုံးမှာရှိတဲ့ Apps တွေကို ဒီနာရီ သေးသေးလေးထဲမှာ အကုန်တွေ့မြင် အသုံးပြုနိင်မှာဖြစ်ပါတယ်။
Android 4.2 ကိုသုံးထားပါတယ်။

CPU ကတော့ 1.3GHz Dual-core ARM Cortex-A7 ဖြစ်ပြီး
Storage 4GB, မျက်နှာပြင်က ၁လက်မကျော်ကျော်လေပဲရှိပါတယ်။

လောလောဆယ် အမည်းရောင် တစ်မျိုးပဲရရှိမှာ ဖြစ်ပြီး Touch Screen ဖြစ်ပါတယ်။ ရေစိမ်ခံနိင်ပါတယ်။

5 megapixel ရှိတဲ့ ကင်မရာလည်းပါရှိပြီး magnetometer လို့မျိုး Sensor တောင်ပါ,ပါသေးတယ်။

ဘတ္တရီအားကတော့ အနည်းဆုံး(၁)ရက်ခံပြီး အားသွင်းဖို့ ကွန်ပျူတာ USB cable ကိုသုံးနိင်ပါတယ်။

ဈေးကတော့ 4GB Storage အတွက် $249 ကျသင့်မှာ ဖြစ်ပါတယ်။


ဒါကြောင့် စမတ်ဖုန်းတစ်လုံးရဲ့ ဒုတိယအစိတ်အပိုင်းတစ်ခုအနေနဲ့ အသုံးပြုနိင်တဲ့ Smart Watch ဖြစ်ပါတယ်။



Aung Heine (Smart.com.mm)
Smart Pro Journal

ထိုင်းဆိုင်ကယ်စတန့်စီး ချန်ပီယံရွှေးပွဲမှာ မြန်မာနိုင်ငံသား စတုထ္တဆုရရှိ (ရုပ်/သံ)


ဘန်ကောက်မြို့မှာ ကျင်းပတဲ့ Kawasaki Stunt King ဆိုင်ကယ် စတန့်စီးအားကစား ချံပီယံရွေးပွဲမှာ မြန်မာနိုင်ငံသား ချန်ပီယံဟောင်းက စတုထ္တဆု ရရှိခဲ့ပါတယ်။ ရိုက်ကူး/တင်ဆက်- ရဲဝင့်သူ DVB TV News



အရှုပ်အရှင်းမကောင်းသတင်းများထွက်ပေါ်သည့် အလှမယ်အား မြန်မာကိုယ်စားပြုမယ်ဆုနှင့်အခြားဆုများ ရုပ်သိမ်းသွားမည်ဟုဆို



မေစနိုး၊ ရန်ကုန်၊ ဒီဇင်ဘာ-၉

Miss Golden Land Myanmar အဖွဲ့အစည်းမှ နိုင်ငံတကာပြိုင်ပွဲ များသို့ ရွေးချယ်စေလွှတ်ထားသော ကိုယ်စားပြုမယ်များ အရှုပ်အရှင်း မကောင်းသတင်းများထွက်ပေါ်ခြင်းမရှိအောင် တာဝန်ယူနေထိုင်ပါ မည်ဆိုသည့် စာချုပ်ပါအချက်ကို ဖောက်ဖျက်ပါက မြန်မာ ကိုယ်စားပြုမယ်Title ဆုနှင့် အခြားဆုများကို ပြန်လည်ရုပ်သိမ်း သွားမည်ဖြစ်ပြီး သတင်းမီဒီယာများထံချပြပြောဆိုသွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၈ ရက်တွင်Miss Golden Land Myanmar အဖွဲ့အစည်း တည်ထောင်သူ ကိုဝေယံအောင်က စံတော်ချိန်သို့ ပြောဆိုသည်။
အဆိုပါ စာချုပ်သက်တမ်းသည် တစ်နှစ်ကြာမြင့်မည်ဖြစ်ကာ တစ်နှစ် သက်တမ်းအတွင်း အိမ်ထောင်ပြုခြင်းနှင့် အရှုပ်အရှင်းသတင်းများ မထွက်ပေါ်ရန်၊ အထူးသတိပြုရန် သတ်မှတ်ထားကြောင်းသိရသည်။ တစ်နှစ်သက်တမ်းအတွက် အဖွဲ့အစည်း၏ ဒေသဆိုင်ရာ ဒါရိုက်တာ မှ သတ်မှတ်ပေးထားသော ၀တ်စားဆင်ယင်မှုအတိုင်းသာ ၀တ်ဆင်ရန် သတ်မှတ်ထားကြောင်း၊ မည်သည့်အဖွဲ့အစည်း၏ သြဇာခံမဖြစ်ရေးကိုလည်း သတ်မှတ်ထားသည်။

" ကျွန်တော်တို့ သေချာတာကတော့ ဒီလိုဖြစ်ရပ်တွေဖြစ်လာရင် ကာယ ကံရှင်ကို ဘယ်တော့မှ ဒုတိယအကြိမ် အခွင့်အရေးပြန်ပေးမှာမဟုတ်ပါဘူး။ အလှမယ်တွေရဲ့ ဂုဏ်သိက္ခာ မထိခိုက်ရေးအတွက်လည်း ကျွန်တော် တို့အတတ် နိုင်ဆုံးထိန်းသိမ်းထားသလို အလှမယ် တွေကိုယ်တိုင်လည်း ထိန်းသိမ်းဖို့အတွက် ဒီလိုသတ်မှတ်ချက်ထည့်သွင်းထားတာပါ။ ဒီသတ်မှတ်ချက် ချိုးဖောက်တာနဲ့ သူရထားတဲ့ Miss Supranational Myanmar ,Miss Grand International လိုမျိုး Title ဆုတွေကို ရုပ်သိမ်း မယ့်အပြင်သူရထားတဲ့ အခြားဆုတွေကို လည်းပြန်သိမ်းပါမယ်။ ဒီလို အလှမယ်က စည်းကမ်းချိုးဖောက်မှုရော၊ သတ်မှတ်ချက် မလိုက်နာဘဲ စာချုပ်ကို ဖောက်ဖျက်မယ်ဆိုရင်တော့ မီဒီယာကို ချက်ချင်းဖွင့် ဟပြောကြားသွားပါမယ် " ဟု ကိုဝေယံအောင်က ပြောသည်။

စာချုပ်စည်းကမ်းပါ အချက်များအရ အဖွဲ့အစည်းနှင့် စာချုပ်ချုပ်ထားသည့် အလှမယ်သည် အနုပညာလုပ်ငန်း၊ ကြော်ငြာလုပ်ငန်းများကို ယင်းအဖွဲ့ အစည်း၏ ခွင့်ပြုချက်ရမှသာ ဆောင်ရွက်ခွင့်ရမည်ဖြစ်ကြောင်း၊ ယခင်က မယ်အဖွဲ့ အစည်းအများစုသည် အလှမယ်များနှင့် ချုပ်ဆိုထားသည့် စာချုပ်ပါစည်းကမ်းချက်များကို ယခုကဲ့သို့ ချပြမှုနည်းပါးခဲ့ပြီး ယခု ချပြခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

" ကျွန်တော်တို့ စာချုပ်ပါစည်းကမ်းချက်တွေကို ဖောက်ဖျက်လိုက်ပြီ ဆိုရင်တော့ မယ်ဆုတွေ ရုပ်သိမ်းရုံသာမက ပြိုင်ပွဲသွား ပြိုင်တုန်းက ကုန်ကျစရိတ်တွေ၊ လိုင်စင်ကြေးတွေကအစ ပြန်လည်ပေးဆောင်ရမယ်။ အခုလို ကျွန်တော်တို့ စည်းကမ်းချက်တွေ ချပြတယ်ဆိုတာ ကျွန်တော်တို့ရဲ့ မယ်တွေကလည်း လွယ်လွယ်နဲ့ ဒီနေရာကို ရောက်လာတာ မဟုတ်ဘူး ဆိုတာ သိစေချင်လို့ပါ။ ပြီးတော့ ကျွန်တော်တို့ အဖွဲ့အစည်းက မယ်တွေကလည်း ဒီအပိုင်းကို အရမ်းကိုထိန်းသိမ်းကြတယ် ဆိုတာ သိပါတယ်။ ဒီလိုစာချုပ်ပါစည်းကမ်းချပြတယ်ဆိုတာ ပရိသတ်နဲ့ ကျွန်တော်တို့ကြား ဘာမှဖုံးကွယ်ထားတာ မရှိဘူးဆိုတာကို ချပြချင်လို့ပါ " ဟု ကိုဝေယံအောင်က ပြောသည်။

Miss Golden Land Myanmar အဖွဲ့အစည်း၏ စည်းကမ်းချက် (၂၅)ချက်တွင် အရေးကြီးအချက်များ ပါဝင်သည့် စည်းကမ်းချက် (၆) ချက် ကို Miss Golden Land Myanmar အဖွဲ့အစည်းက ဒီဇင်ဘာ ၇ ရက်၌ အများပြည်သူသိစေရန် ထုတ်ပြန်ချပြခဲ့သည်။

ရင် နင့် ဖွယ် ရာ့ မေ့ မေ တ္တာ




ဒီဆောင်းပါးလေးနဲ့ မေမေနဲ့တကွ အမေများအားလုံးကို ဂုဏ်ပြုလိုက်ပါတယ်။
(ဖတ်ပြီးလို့ကောင်းတယ်ထင်ရင်တော့ ရှယ်ပေးဖို့မမေ့ပါနဲ့)

ဂျပန်နိုင်ငံမှာ ငလျင်အကြီးအကျယ်လှုပ်ပြီးတဲ့ နောက်တစ်နေ့မှာ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေကို ဆောင်ရွက်ကြပါတယ်..။

ကယ်ဆယ်ရေးသမားတွေဟာ ပျက်စီးနေတဲ့ အမျိုးသမီး တစ်ဦးရဲ့ အိမ်ကိုရောက်တဲ့အခါမှာ.. အဆောက်အဦအပုံပျက်များကြားထဲက သေဆုံးနေတဲ့ အမျိုးသမီး အလောင်းကို တွေ့ရှိခဲ့ရပါတယ်..။

ဒါပေမယ့် သူမသေဆုံးနေတဲ့ပုံစံက ထူးခြားလို့နေပါတယ်..။ သူမဟာ မြေပေါ်ကိုဒူးထောက်ထားပြီး ၀တ်ပြုနေတဲ့ ပုံစံရှိပါတယ်..။ သူမရဲ့ ခန္ဓာကိုယ်ဟာ ရှေ့သို့ ညွှတ်ကိုင်းနေပြီး လက်နှစ်ဘက်ကတော့ ပစ္စည်းတစ်ခုကို ထောက်မထားပါတယ်..။

အခက်အခဲပေါင်းများစွာနဲ့..၊ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်ဟာ လက်တစ်ဝင်စာ အပေါက်ငယ်လေး ထဲကနေ အဆိုပါ အမျိုးသမီးအလောင်းကို ထုတ်ယူနိုင်ဖို့ကြိုးစားပါတယ်..။

သူတို့ ဒီအမျိုးသမီး အသက်ရှင်နေလိမ့်အုံးမယ်လို့ မျှော်လင့်ဆဲပါ.။ ဒါပေမယ့် သူ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကို ထိမိလိုက်တဲ့ အချိန်မှာတော့ အေးစက်ပြီးတောင့်ခဲနေတဲ့အမျိုးသမီးရဲ့ ခန္ဓာကိုယ်က သူမသေဆုံးကြောင်းကို သက်သေပြလို့နေခဲ့ပါပြီ.။

သူတို့ဟာ လက်လျှော့လိုက်ပြီး တစ်ခြားမှာ ပိတ်မိနေတဲ့သူတွေကို အကူအညီပေးဖို့ ပြင်လိုက်ကြပါတယ်..။ ဒါပေမယ့်…. ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်ဟာ တစ်စုံတစ် ယောက်က သူ့ကို သေချာပြန်ကြည့်ဖို့ ဆွဲဆောင်နေတယ်လို့ ထင်တာကြောင့် သေချာအောင် သေဆုံးနေတဲ့ အမျိုးသမီးကို အပေါက်ထဲကနေ ပြန် ကြည့်လိုက်ပါတယ်..။

ရုတ်တရက်ပဲ… သူစိတ်လှုပ်ရှားစွာနဲ့ အော်လိုက်မိပါတယ်..
"ကလေး… ဒီမှာ ကလေးတစ်ယောက် ရှိနေတယ်…"

ကယ်ဆယ်ရေးအဖွဲ့တွေဟာ တက်ညီလက်ညီနဲ့ ပိတ်နေတဲ့ အဆောက်အဦပျက်တွေ အပိုင်းအစတွေကိုဖယ်ရှားကြပါတယ်..။

သေဆုံးနေတဲ့ အမျိုးသမီးရဲ့ အောက်မှာတော့ ပန်းပွင့်တွေပါတဲ့ စောင်လေးနဲ့ ထုပ်ပိုးထားတဲ့ သုံးလအရွယ် ကလေးလေးတစ်ယောက်ရှိနေပါတယ်..။

အမေဖြစ်သူက သူ့ကလေးအသက်ရှင်ဖို့အတွက် နောက်ဆုံးအချိန်ထိ အသက်စွန့်ခဲ့တာပါ..။ အိမ်ပြိုကျတဲ့အချိန်မှာ.. သူမဟာ သူမရဲ့ခန္ဓာကိုယ်ကို ကလေးအတွက် အကာအကွယ်အဖြစ် ပြုလုပ်ပေးခဲ့တာပါ..။

ကယ်ဆယ်ရေး ခေါင်းဆောင်ဟာ ကလေးဖြစ်သူကို ကောက်ချီလိုက်ချိန်မှာတော့ ကလေးဟာ နှစ်ခြိုက်စွာ အိပ်မောကျလျက်ရှိပါတယ်..။ဆရာဝန်တွေ အပြေးအလွှားရောက်လာပြီး ကလေးငယ်ကို ပြုစုပေးကြပါတယ်..။

ကလေးကို ထုပ်ပိုးထားတဲ့ အနှီးကို ဖွင့်လိုက်တဲ့အခါမှာ.. အနှီးထဲမှာ ဖုန်းလေးတစ်လုံးကို တွေ့လိုက်ရတယ်..။ အဲ့ဒီဖုန်းမှာ မက်ဆေ့(စ်) တစ်ကြောင်းရှိနေပါတယ်..။

"သားတစ်ကယ်လို့ အသက်ရှင်ခဲ့မယ်ဆိုရင်.. အမေသားကို ဘယ်လောက်ချစ်တယ်ဆိုတာ မမေ့ပါနဲ့…"

ဒီဖုန်းလေးဟာ တစ်ယောက်ကနေ တစ်ယောက်ဆီ လက်ဆင့်ကမ်းရောက်သွားပြီး ဖတ်မိသူတိုင်း မျက်ရည် မထိန်းနိုင်ခဲ့ကြပါဘူး..။

"သားတစ်ကယ်လို့ အသက်ရှင်ခဲ့မယ်ဆိုရင်.. အမေသားကို ဘယ်လောက်ချစ်တယ်ဆိုတာ မမေ့ပါနဲ့…" တဲ့….။
သြော်… အမေ့မေတ္တာ…. ကြီးမားလှချေလားဗျာ…။

အောင်ထွန်းဦး

Ref: သာသနာနွယ် သာသနာနွယ်
အင်းလေးမီဒီယာ

ဗြိတိန်ရှိ ခေတ်သစ်စုံတွဲများ၌ နှစ်ကိုယ်တူ ချစ်ကြည်နူးမှုနှုန်း သိသာစွာ ကျဆင်း လာစေသည့် အချက်များ


ဗြိတိန်နိုင်ငံအမျိုးသား ကျန်းမာရေးနှင့် ဘ၀နေထိုင်မှုပုံစံလေ့လာရေးဌာနမှတွေ့ရှိချက်အရ ဗြိတိန်ပြည်သူများ လိင်ကိစ္စ၌ စိတ်ဝင်စားမှုမှာလွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကထက် သိသာစွာနည်းလာကြောင်း ထောက်ပြခဲ့သည်။

အသက် ၁၆ မှ ၄၄ ကြားအရွယ်ရောက်ပြီးသူများအား လေ့လာခဲ့ရာ ပျှမ်းမျှအားဖြင့် တစ်လလျှင် ငါးကြိမ်မှ ခြောက်ကြိမ်ခန့်ထိသာ လိင်ဆက်ဆံလေ့ရှိပြီး ၁၉၉၀ -၁၉၉၁ မှ စစ်တမ်းများနှင့် ၁၉၉၉-၂၀၀၁ မှ စစ်တမ်းများထက်  သိသာ စွာနည်းလာကြောင်း တွေ့ရသည်။

နာမည်ကျော် Lancet  ဆေးပညာဂျာနယ်မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Dr. Cath Mercer  က ယင်းကဲ့သို့ ဖြစ်လာရခြင်းမှာ လူများက ပိုက်ဆံနှင့်အလုပ်အပေါ် စိုးရိမ်ပူပန်မှုများ ပိုများလာသောကြောင့် ဖြစ်သည်ဟု တင်ပြခဲ့သည်။

ထို့အပြင် ခေတ်မီဖွံ့ဖြိုးတိုးတက်လာသော နည်းပညာများကလည်း ခေတ်သစ် စုံတွဲများအား နှစ်ကိုယ်ရည်ချစ် ကြည်နူးမှုမှ အာရုံပျက်စေသည်ဟု ဆိုခဲ့သည်။

ယမန်နှစ်က လေ့လာမှု စစ်တမ်းများအရ စစ်တမ်း၌ ပါဝင်သူ ၅၄%ခန့်မှာ နှစ်ကိုယ်တူချစ်ကြည် နူးရန်ထက် အစားအသောက်ကိုသာ ပိုမိုစိတ်ဝင်စားနေကြောင်း တွေ့ ရသည်။

အပိန်လေး
ref:Netdoctor.co.uk
Health Updates Journal No. 95

အချိုရည်အများအပြား သောက်သုံးသူများတွင် အဖြစ်အများဆုံး သားအိမ်ကင်ဆာ ၇၈%ပိုဖြစ်ပွားနိုင်


လေ့လာမှုအသစ်တစ်ခုအရ  သွေးဆုံးပြီးသူအမျိုးသမီးများတွင် အချိုရည်များသောက်သုံးခြင်းက သားအိမ်ကင်ဆာပိုဖြစ်နိုင်ကြောင်း သတိပေးခဲ့သည်။

ယင်းလေ့လာမှုအား University of Minnesota  မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး  အမျိုးသမီး ၂၃၀၃၉ဦး၏ပြီးခဲ့သော ၁၂လအတွင်း စားခဲ့သည့်အစားအစာ ၁၂၇မျိုးအား စစ်တမ်းကောက်ယူ ၍ရလဒ်များအား အသုံးပြု၍ ယင်းအချက်ကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

ရလဒ်များအရ သွေးဆုံးပြီးချိန်၌ ယင်းအချက်ကို ဖော်ပြ ခဲ့ခြင်းဖြစ်သည်။

ရလဒ်များအရ သွေးဆုံးပြီးချိန်၌ အချိုလွန်ကဲသည့် ဖျော်ရည်များသောက်သုံးခြင်းက အီစထရိုဂျင်ပေါ်မူတည်၍ ဖြစ်ပွား သည့်အမျိုးအစား(၁)သားအိမ်ကင်ဆာ (Oestrogen -dependent type I endometrial cancer) ၇၈% ပိုမိုဖြစ်ပွားကြောင်း တွေ့ရသည်။

ဆက်လက်၍ လေ့လာချက်များအရ အ၀လွန်သည့်အမျိုးသမီးများတွင်လည်း အင်ဆူလင်နှင့်အီစထရိုဂျင် ပမာဏသာမန်သူများထက် ပိုများနေတတ်ပြီး ယင်းအချက်များကလည်း အထက်တွင်ဖော်ပြခဲ့သည့် သားအိမ်ကင်ဆာပိုဖြစ်နိုင်ကြောင်း တွေ့ရသည်။

အ၀င်း
ref:Netdoctor.co.uk
Health Updates Journal No. 95

ကာယဗလ အားကစားနည်းမှ ရွှေတံဆိပ် ဆွတ်ခူးလျှင် သိန်းတစ်ရာနှင့် ကားတစ်စီး ချီးမြှင့်မည်


ရန်ကုန်မြို့ MCC ခန်းမ၌ ကျင်းပမည့် ကာယဗလ ပြိုင်ပွဲတွင် မြန်မာ ကစားသမားများ ရွှေတံဆိပ် ဆွတ်ခူးပါက စည်ပင် သာယာရေး ဝန်ကြီးဌာနမှ ရွှေတံဆိပ် တစ်ခု အတွက် ကျပ်သိန်း တစ်ရာနှင့် pro box အမျိုးအစား
ကားတစ်စီးချီး မြှင့်မည်ဟု စည်ပင်သာယာရေး ဝန်ကြီးက ပြောကြားထားကြောင်း ကစားသမား ဖြစ်သူ ထွန်းမင်းက ပြောသည်။ ပြိုင်ပွဲတွင် မြန်မာနိုင်ငံ က ၅၅၊ ၆ဝ၊ ၇ဝ၊ ၈ဝ နှင့် ၉ဝ ကီလိုတန်းများ၌ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

မြန်မာ ကာယဗလ အဖွဲ့အနေဖြင့် ရွှေတံဆိပ်နှစ်ခု ရရန် မျှော်မှန်းထားပြီး ၅၅ကီလိုတန်းမှ ထွန်းမင်း၊ ၆ဝ ကီလိုတန်းမှ အောင်ခိုင်ဝင်းတို့ အပေါ် မျှော်မှန်း ထားကြ သည်။ ကာယဗလ ပြိုင်ပွဲကို ဒီဇင်ဘာ ၁၄ရက်၊ ၁၅ရက်တွင် ကျင်းပမည် ဖြစ်ပြီး ရုပ်သံလိုင်းမှလည်း တိုက်ရိုက် ထုတ်လွှင့်မည်ဖြစ်သည်။

တားမြစ်ဆေးဝါးနှင့် ပတ်သက်၍လည်း မြန်မာ ကစားသမားများ အနေဖြင့် တားမြစ်ဆေးဝါး ကိစ္စ ကင်းရှင်းကြောင်း နည်းပြ ဦးအောင်နိုင်က ဆိုသည်။ မြန်မာ အလေးမ အဖွဲ့အနေဖြင့် ၇ဝ ကီလိုတန်းတွင် စိုးမိုး၊ ၈ဝ ကီလိုတန်းတွင် မင်းဇော်ဦးနှင့် ၉ဝ ကီလိုတန်းတွင် အောင်ဆွေနိုင်တို့လည်း ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ မြန်မာ ကာယဗလ သမားများ အနေဖြင့် လေ့ကျင့်ရည် ပြည့်ဝနေပြီး ပြိုင်ပွဲဝင်ရန် အသင့်ရှိနေ ရာ ရွှေတံဆိပ် ဆုများ ရယူကာ မြန်မာ့ဂုဏ်ဆောင်မည့် ကာယဗလ ပွဲစဉ်များကို ပြည်သူများ တစ်ခဲနက် အားပေးကြပါရန်လည်း နည်းပြ ဦးအောင်နိုင်က ဖိတ်ခေါ်လိုက်သည်။

အေးမင်း၊ အောင်သူ
မြ၀တီ

ဗြိတိန်တွင် လူကြိုက်များနေသည့် အိပ်ပျော်စဉ် အဆီချပေးမည့် လိမ်းဆေး


Epochasဟု အမည်ပေးထားသည့် အဆိုပါ လိမ်းဆေးခရင်မ်သည် ခါး၊ ပေါင်အတွင်းသားနှင့် မေးနှစ်ထပ် ဖြစ်နေသော အဆီများကို လျှော့ချပေးနိုင်မည်ဟု ဆိုသည်။

ဗြိတိန်တွင် လူကြိုက်များနေသည့် အိပ်ပျော်စဉ် အဆီချပေးမည့် လိမ်းဆေး
ဗြိတိန်နိုင်ငံတွင် အိပ်စက်နေစဉ်အတွင်း အဆီချပေးမည့် လိမ်းဆေးတစ်မျိုးကို စတင်ရောင်းချနေပြီး ယင်းကို လူအများ အထူးတလည် စိတ်ဝင်စားလျှက် ရှိသည်။ Epochasဟု အမည်ပေးထားသည့် အဆိုပါ လိမ်းဆေးခရင်မ်သည် ခါး၊ ပေါင်အတွင်းသားနှင့် မေးနှစ်ထပ် ဖြစ်နေသော အဆီများကို လျှော့ချပေးနိုင်မည်ဟု ဆိုသည်။ Epochasကို ခန္ဓာကိုယ် အချိုးအဆက် ပန်းပုထုသည့် လိမ်းဆေးအဖြစ် ညွှန်းဆိုထားပြီး တိတိကျကျ သတ်မှတ်ထားသည့် နေရာများတွင် လိမ်းပေးခြင်းဖြင့် အဆီများကို လောင်ကျွမ်းစေမည်ဟု သိရသည်။

အဆိုပါလိမ်းဆေးကို စိတ်ဝင်စားသူ များပြားနေသော်လည်း သိပ္ပံပညာရှင်များက ယင်းလုပ်ဆောင်မှုသည် လူအများအတွက် ကျန်းမာရေး လိုက်စားမှုကို ကင်းဝေးစေပြီး နုံချာအားပျော့လာအောင် တွန်းအားပေးမှု တစ်ခုဟု စွပ်စွဲထားသည်။ ဗြိတိန်နိုင်ငံ၏ ကြော်ငြာစံနှုန်း စီစစ်ရေး အာဏာပိုင်အဖွဲ့ (ASA)က မိမိတို့အနေဖြင့် ယင်းလိမ်းဆေးနှင့် ပတ်သက်ပြီး မကျေမနပ် တိုင်ကြားမှု တစ်စုံတစ်ရာ မရှိမချင်း စစ်ဆေးကြားဝင်ခွင့် မရှိဟု ဝန်ခံထားသည်။

(၇၅)မီလီလီတာ ဝင်ဆံ့သည့် အိုးငယ်လေးနှင့် (၅၀)မီလီလီတာ Tubeတောင့်လေးတို့ ပါဝင်သည့် လိမ်းဆေးကို ဗြိတိန်ငွေ (၇၅)ပေါင်နှင့် ရောင်းချနေပြီး ဝယ်ယူသူများ အနေဖြင့် ခရင်မ်ကို မနက်ပိုင်းတွင်လိမ်းကာ Tubeတောင့်ထဲမှ အရည်ကြည်ကို ညပိုင်းတွင် လိမ်းရန် အကြံပြုချက် ရရှိထားကြောင်း သိရသည်။ Epochasသည် လက်မအနည်းငယ်မျှထိ အဆီထုကို ကျဆင်းစေမည်ဟု ၎င်း၏ ဝက်ဘ်ဆိုက်တွင် ကြေညာထားသည်။ ထို့အပြင် ဗြိတိန်တွင် စမ်းသပ်မှုများအရ အမျိုးသမီး (၂၄)ဦးတွင် စုစုပေါင်း အဆီပမာဏ (၄၁)လက်မထိ (၁၀)ရက်အတွင်း ကျဆင်းသည်ကို တွေ့ရှိရကြောင်းလည်း ဝက်ဘ်ဆိုက်က ညွှန်းဆိုထားခဲ့သည်။

Planet Myanmar Network

Mister and Miss University Myanmar 2014 ၀င်ခွင့်


ယခု တက္ကသိုလ်ပေါင်းစုံ မောင်မယ် ပြိုင်ပွဲကြီးကို ၀င်ရောက် ယှဉ်ပြိုင် ကြမဲ့ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိရန် မိမိလက်ရှိ သင်ကြားလျှက်ရှိတဲ့ တက္ကသိုလ် ပါမောက္ခချုပ် များ၊ မော်ကွန်း ထိန်းများ ပြိုင်ပွဲကျင်းပရေး ဆရာ ဆရာမများနှင့် ပထမဦးစွာ ဆက်သွယ်ပြီး တက္ကသိုလ် ကိုယ်စားပြု တရားဝင် ပြိုင်ပွဲဝင်အဖြစ် ၀င်ရောက် ယှဉ်ပြိုင်နိုင် မှာ ဖြစ်ပါတယ်..

Organizer အဖွဲ့မှလည်း တနိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်အသီးသီးကို ဆက်သွယ်ပြီး ပူးပေါင်းပါဝင်မှုရှိအောင် ချိတ်ဆက်လျက်ရှိပါတယ်..

အကြောင်းကြောင်းကြောင့် တက္ကသိုလ်အချို့မှ တရားဝင်မပါဝင်နိုင်တဲ့ အခြေအနေများ ရှိခဲ့တယ်ဆိုရင်တော့ ယင်းကျောင်း မှ ကျောင်းသား ကျောင်းသူများကို အလွတ်တမ်း ထပ်မံဖိတ်ခေါ်ပြီး ပါဝင်ယှဉ်ပြိုင်စေမှာ ဖြစ်ပါတယ်..

ယခုပြိုင်ပွဲကြီးကို စိတ်ပါဝင်စားစွာဖြင့် ပါဝင်ယှဉ်ပြိုင်လိုသူများ အနေဖြင့် အောက်ပါ နည်းလမ်း နှစ်မျိုးဖြင့် လျှောက်လွှာများ ရယူနိုင်မှာ ဖြစ်ပါတယ်..

နည်းလမ်း (၁). သက်ဆိုင်ရာ တက္ကသိုလ်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ် ကာ တက္ကသိုလ်၏ အစီအစဉ်ဖြင့် လျှောက်လွှာများ ရယူ ယှဉ်ပြိုင်ရန်

(မှတ်ချက်။ ။ တက္ကသိုလ်မှ ရွေးချယ်စေလွှတ်သူများသည် ဇန်န၀ါရီ ၁ရက်၊ ၂ရက်နေ့များတွင် Organizer ရုံးခန်းသို့ ဆက်သွယ်အကြောင်းကြားရန် ဖြစ်ပါသည်..)

နည်းလမ်း (၂). သက်ဆိုင်ရာ တက္ကသိုလ်မှ ရွေးချယ်စေလွှတ်ရန် မအားလပ် သဖြင့် စီစဉ်ပေးနိုင်ခြင်း မရှိပါက Organizer ရုံးခန်းတွင် မိမိ အစီအစဉ်ဖြင့် လျှောက်လွှာများ လာရောက် ရယူ ယှဉ်ပြိုင်ရန်

(မှတ်ချက်။ ။ မိမိအစီအစဉ်ဖြင့် ၀င်ရောက်ယှဉ်ပြိုင်သူများကို Organizer အဖွဲ့မှ လျှောက်လွှာပါ အကြောင်းအရာများကို ကြည့်ရှုပြီး အကြို စိစစ် ရွေး ချယ်မှာ ဖြစ်ပါတယ်။ ရွေးချယ်ခံရသူများကိုသာ ဇန်န၀ါရီ ၁ရက်၊ ၂ရက်နေ့များတွင် ပြန်လည်ဆက်သွယ်ပြီး ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင် ခွင့် ပြုမှာ ဖြစ်ပါတယ်..)

Miss University Myanmar
Popular Myanmar News Journal

ငါးလကြာမှ ရိုက်ကွင်းပေါ် ပြန်ရောက်တဲ့ ထွန်းအိန္ဒြာဗို


ပညာရေးဘက်ကို အချိန်ပေး ဖြစ်နေတာကြောင့် အနုပညာ ဇာတ်ကား ရိုက်ကူးမှုတွေ နဲ့ ခေတ္တဝေးကွာနေ တဲ့ ထွန်းအိန္ဒြာဗို က လတ်တလော မှာတော့ အောင်ရဲလင်း နဲ့ “ခေသူမဟုတ်” ဆိုတဲ့ ဗီဒီယို ဇာတ်ကား တစ်ကားပြန်လည် ရိုက်ကူးနေပြီး သားနဲ့ချွေးမ ကြားထဲမှာ ချယ်လှယ်တဲ့ အမေနေရာ က သရုပ် ဆောင်ရမှာကြောင့် ဇာတ်လမ်း ကိုကြိုက်ပြီး သရုပ်ဆောင်ဖို့ လက်ခံ ခဲ့တာဖြစ် ကြောင်း ထွန်းအိန္ဒြာဗို ကပြောပါတယ်။

ဇာတ်ကားတွေ ၅ လလောက် မရိုက်ကူးခဲ့ရာမှ အခုလို ပြန်လည် သရုပ်ဆောင်ဖြစ်ပုံ ကို ထွန်းအိန္ဒြာဗို က

“အဲဒီဇာတ်ရုပ် ကို သရုပ်ဆောင်ချင်လို့ပါ။ ကျွန်မ ကြိုက်ရင်တော့ ရိုက်ဖြစ်မှာပါ။ တစ်နှစ်လုံးနေ လို့ ကြိုက်တဲ့ ဇာတ်လမ်း မလာရင်လည်း တစ်နှစ် လုံး မရိုက်ဘူး။ ဘယ်တော့မှ မလာရင်လည်း ဘယ်တော့မှ မရိုက်တော့ဘူး။ အခုတော့ ဇာတ် လမ်းကို ကြိုက် လို့ ရိုက်တာပါ။ ဇာတ်လမ်းထဲက ပလော့တွေက သရုပ် ဆောင်ချင်စရာကောင်း တယ်။ လောလောဆယ်လည်း သားနဲ့ တော်တော်လေးနေဖြစ်နေ တဲ့ အချိန်ဖြစ် တော့ မုဒ်တွေက တအားဝင်နေတယ်။ ဇာတ်ရုပ် တစ်ခုက ကိုယ်တိုင် စိတ်ပါမှ ရိုက်လို့ကောင်းတာ။ စိတ်ပါလို့ ရိုက်တာပါ။ ကျွန်မတို့ အသက်အရွယ်က ဇာတ် ဆင်ရတာ တအား ခက်သွားပြီလေ။ ဒီကနေ့ နာမည်ကြီးနေတဲ့ အမျိုးသား သရုပ်ဆောင်တွေက ကိုယ့်သား အရွယ်၊ ကိုယ့်တူ အရွယ် တွေဖြစ်နေတော့ ဇာတ်ဆင် ရတာလည်း ခက်တယ်။ အဲဒီအထဲကမှ ကိုယ့် စိတ်ကြိုက်လာမှ ရိုက်မယ် ဆိုတော့ ၅ လမှ တစ်ကားလည်း ဖြစ်ချင်ဖြစ်မယ်။ တစ်နှစ်မှ တစ်ကား လည်း ဖြစ်ချင်ဖြစ် မယ်။ မရိုက်ဖြစ်တာမျိုးလည်း ဖြစ်နိုင် ပါတယ်။ အခုပြန်ရိုက်တော့ ဘာမှထွေထွေ ထူးထူးတော့ မဖြစ်ပါဘူး။ သားသားကို ကိုယ်ဝန်ရှိ တုန်းကတောင် တစ်နှစ်နဲ့ ၃လ လောက် နား လိုက် သေးတယ်။ ကင်မရာရှေ့မှာ Used to တောက် လျှောက်ဖြစ်ခဲ့တော့ ကိုယ့်ကို ကင်မရာ ချိန်နေတယ် ဆိုတာတောင် သတိ မထားမိတော့ ဘူး။ ကိုယ်လုပ် စရာ ရှိတာပဲ ကိုယ်လုပ်ပါတယ်” လို့ ပြောပါတယ်။

အနုပညာ လောကကြီး ကလည်း သူခိုး ဈေးကွက်တွေ ပျောက်မှ ပဲ အောင်မြင်မှာ ပါပဲလို့ ထွန်းအိန္ဒြာဗို က ပြောပါတယ်။ ဒီဇာတ်ကား ပြီးရင် ဒါရိုက်တာ ဗန်းကြီး ၊ကောင်းပြည့် တို့နဲ့ လေလုံးကြီးတဲ့ မိန်းမ တစ်ယောက်ပုံစံကို ရိုက်ကူးမယ့် ဇာတ်ကား မှာလည်း သရုပ်ဆောင် ဦးမှာ ဖြစ်ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်
Popular Myanmar News Journal

အောက်နှိုက်သွားတယ် လို့ လူသိများတဲ့ လူပျိုလှည့်တဲ့ဓလေ့


မွန်လူမျိုးတို့ရဲ့ ထုးဆန်းပြီးလူသိများတဲ့ လူပျိုလှည့်ခြင်းဓလေ့တစ်ခု

ကတော့ညဘက်အချိန်မှာ မိမိနှစ်သက်တဲ့မိန်းမပျိုအိမ်အောက် လူပျိုလှည့်

တဲ့ဓလေ့ပါ ။ အောက်နှိုက်သွားခြင်းလို့ လူသိများတဲ့ ဓလေ့

လို့အခြားတိုင်းရင်းသားတွေ သိထားတဲ့ဓလေ့ ဟာ ရိုင်းစိုင်းတဲ့ဓလေ့တစ်

ခု မဟုတ်ပါဘူး။ မွန်လို" ကြေ၀်ဝုတ် " မြန်မာအသံထွက် ကရဲဝု ( မိန်းမပိုး

ခြင်း) လို့အဓိပ္ပါလ်ရပါတယ်။ မိကောင်းဖသားပီပီ အိမ်အောက်အရောက်

သွားပြီးပွင့်ပွင့်လင်းလင်း ချစ်ရေးဆိုတဲ့ဓလေ့တစ်ခုပါ။

မွန်အိမ်တွေ ဟာ ခြေတံရှည်အိမ်ဖြစ်ပြီး အိမ်အောက်အထိ နွားလှည်းမောင်း

သွင်းလို့ရအောင်၊ အချို့စပါးကျီတွေကို အိမ်အောက်မှာကန့်ပြီးဆောက်

လို့ရအောင်ကို မြင့်ကြပါတယ်။ အခု လို ညဘက် လူပျိုလှည့်တဲ့ ဓလေ့မှာ

ကာလသားဟာမိမိနှစ်သက်သဘောကျတဲ့မိန်းမပျိုကို ညဘက်အိမ်အောက်

အရောက်ချစ်ရေးဆိုနိုင်ဘို့၊မိမိအပေါ်တိမ်းညွတ်မှုရှိမရှိ၊စတဲ့သတင်းချက်

လက်တွေ ရဘို့ အပျိုခေါင်းဆောင်( သို့) အောင်သွယ်တော်ကို အားကိုးရ

ပါတယ်။ အဓိက ကတော့ မိမိနှစ်သက်တဲ့မိန်းမပျိုအိပ်တဲ့ နေရာအတိကျ

ကို သိဘို့ သတင်းအချက်လက်ရဘို့ အရေးကြီးပါတယ်။အပျိုခေါင်းဆောင်

" သို့" အောင်သွယ်တော်က လည်းမိန်းမပျိုကို ကနေ့ည အိမ်အောက်လူပျို

လှည့်သူလာမယ်ဆိုတာ ပြောပြီးဘယ်သူဘယ်ဝါမပြောဘူး။ ညဘက်ရောက်

ရင် ကာလသားက အဖေါ်ခေါ်ပြီးသော်လည်းကောင်း တစ်ဦးတည်းသော်

လည်းကောင်း ခွေးခြေတစ်လုံးကို သယ်ဆောင်သွားရပါတယ်။ မိန်းမပျိုအိမ်

အောက်ရောက်ရင် အသင့်ဆောင်လာတဲ့ တုတ်(သို့)၀ါး စသဖြင့် မိန်းမပျို

အိပ်တဲ့ကြမ်းကို ခေါက်ပြီး နှိုးသလို အချို့က ကြမ်းကြားသေးသေးထဲ

ဝင်နိုင်အောင် ၀ါးကို အနည်းငယ်ချွန်တဲ့ဝါးနဲ့နိုးပြီး မိမိရောက်ပြီဖြစ်ကြောင်း

အသိပေးရပါတယ်။ မိန်းမပျိုက မိမိအိပ်တဲ့ ခေါင်းရင်း ကြမ်းပြင်ကြားကနေ

စကားပြန်ပြောပါတယ်။ ကာလသားက ခွေးခြေပေါ်ထိုင်ပြီး စကားကို

အချီကျ ပြောသလို စကားထှာသဘောလဲပြောတတ်ကြတယ်။

ဘယ်သူဘယ်ဝါဆိုတာလဲမေးရင်း နဲ့အပြန်လှန်စကားပြောတဲ့ဓလေ့သာ

ဖြစ်တယ်။ မိန်းမပျိုက မနှစ်သက်ရင် စကားပြန်မပြောလည်းနေနိုင်တယ်။

စကားပြန်မပြောရင် ကာလသားက ပြန်လှည့်ရတတ်ပါတယ်။

အခုလူပျိုလှည့်ခြင်းမှာ ချစ်သူရှိပြီးသား မိန်းကလေးဖြစ်နေရင်လဲ သွား

ရောက်လူပျိုလှည့်လို့ရသလို ရင်ဖွင့်ချစ်ရေးဆိုခွင့် ရှိပါတယ်။ အခု လူပျို

လှည့်နည်းမှာ ကိုယ်ထိလက်ရောက်ကျုးလွန်ခြင်းမလုပ်ဘို့စောင့်ထိမ်းရ

သလို အများထင်သလို လက်ဝင်လို့ရတဲ့ကြမ်းပေါက်လဲ မရှိပါဘူး။ အခု

လူပျိုလှည့်နည်းမှာ အိမ်ထောင်သည် လုံးဝ လိုက်ပါခွင့်မရှိပါဘူး။ ကာလ

သားဟာ ပထမဦးဆုံးလူပျိုလှည့်ခြင်း ဖြစ်ခဲ့ရင်နောက်နေ့မှာ ဘယ်မိန်းမပျို

အိမ်အောက် လူပျိုလှည့်ခဲ့ စကားပြောခဲ့တာ မိမိဖြစ်ကြောင်းကြေငြာပေး

ရပါတယ်။ အဲသလို ကြေငြာပေးမှ ရပ်သိရွာသိဖြစ်ပြီး မိန်းမပျိုကလည်းည

ကမိမိကို လူပျိုလှည့် ချစ်ရေးဆိုသူဘယ်သူလဲဆိုတာ သိဘို့လိုပါတယ်။

အခုလူပျိုလှည့်နည်းမှာ အဓိကအရေးကြီးတာက မိန်းမပျိုအိပ်တဲ့နေရာ

အတိကျသိဘို့အရေးကြီးပါတယ်။ တခါတလေ အဆင်မပြေမူလေးတွေ

ချွတ်ချော်တဲ့ နေရာပေးမိခြင်း ဖြစ်ခဲ့ရင်အိုးနင်းခွက်နင်းဖြစ်တတ်တယ်။

မိန်းမပျိုဖခင် အိပ်တဲ့နေရာ တုတ်နဲ့ထိုးမိသူများလဲရှိတတ်ကြပါတယ်။

မိန်းမပျိုအိပ်တဲ့နေရာ ဖြစ်ပေမဲ့ အဲဒီညမှ အခြားသူတစ်ဦး အိပ်လိုက်တဲ့

အခြေနေတွေလည်းဖြစ်တတ်ပါတယ်။ မူးရစ်သောက်စားပြီးလူပျိုလှည့်သွား

ရင် လဲ အဆင်မပြေပါဘူး။ ဒါ့ကြောင့် အောက်နိုက်ခြင်းလို့ လွယ်လွယ်

အမည်ပေးလိုက်တဲ့ လူပျိုလှည့်ဓလေ့မှာ ရိုင်းစိုင်းတဲ့ အပြုမူမရှိဘဲ ယဉ်ကျေး

သိမ်မွေ့ရတဲ့ဓလေ့တစ်ခုသာဖြစ်တယ်။

" ကျမကို ကြိုက်လို့အောက်နိုက်လာ ကျမ မကြိုက်တော့တုတ်နဲ့ထိုး

အဖေနိုးတော့ တုတ်နဲ့လိုက် သူထွက်ပြေးတော့ ခွေးလိုက်ကိုက် " လို့

လူရွင်တော်တွေ ပြက်လုံးထုတ်တတ်ပါတယ်။ အခု ဓလေ့ကို ရှေးကျတဲ့

မွန်ရွာအချို့မှာ ကျင့်သုံးဆဲဖြစ်ပေမဲ့ မြို့ပေါ်တွေ မှာ မရှိတော့ပါဘူး။

မွန်လူမျိုးများရဲ့နာမည်ကြီးပြီးထူးဆန်းတဲ့ လူပျိုလှည့်ခြင်းဓလေ့ဖြစ်ပြီး

ကိုယ်ထိလက်ရောက် မကျုးလွန်အောင် ထိမ်းသိမ်းယဉ်ကျေးရတဲ့

ဓလေ့သာဖြစ်ပါတယ်။

( ၉.၁၂.၂၀၁၃)
မွန်တို့ဌာနေ ရာမည

ကမ္ဘာ့အပြင်တွင် သီဆိုဖျော်ဖြေမည့် လေဒီဂါဂါ


တကယ်ပါ။ ကမ္ဘာ့အပြင်မှာ လေဒဂီဂါဂါ သီဆိုဖျော်ဖြေဖို့ အတည်ပြု ပြီး သွားပါပြီ။ ၂၀၁၅ ခုနှစ်မှာ သွားမယ့် အာကာသ လည်ပတ်ခရီးစဉ် မှာ လေဒီဂါဂါ ပါဝင်ပြီး ကမ္ဘာ့ အပြင် ရောက်နေချိန် သီဆို ဖျော်ဖြေပြီး အမေရိကန်မှာလည်း သူ့ရဲ့ သီဆို ဖျော်ဖြေမှုကို တီဗီချယ်နယ်အချို့ နဲ့ ပွဲတွေမှာ တိုက်ရိုက် ထုတ်လွင့်ပြသမှာ ဖြစ်ပါတယ်။

Virgin Galactic လို့ အာကာသ ခရီးသွားလာရေး လုပ်ငန်းဟာ ၂၀၁၅ ခုနှစ်မှာ ပထမဆုံး ခရီးစဉ် စတင်မှာ ဖြစ်ပြီး လေဒီဂါဂါက ကြိုတင် ဘိုကင် ယူပြီးထားသူ ဖြစ်ပါတယ်။ သူမရဲ့  ဘိုကင်က ခရီးသည် အနေနဲ့တင် မဟုတ် တာ့ပဲ သီဆိုဖျော်ဖြေမယ့် သူတစ်ဦးလည်း ဖြစ်လာမှာပါ။ ဆွဲအား သုည အမှတ်မှာပဲ ရှိတဲ့ ကမ္ဘာ့အပြင်မှာ ကိုးရို့ ကားရားနဲ့ Performance ပြ မယ့် လေဒီဂါဂါရဲ့  ပုံစံကို အားလုံးပဲ ခန့်မှန်းလို့ တွေးရင် ရင်ခုန်နေကြမှာ အမှန်ပါပဲ။ သူမလိုပဲ နောက်ထပ် ဘယ် Celebrity တွေများ သွားဆိုအုံးမလဲ ဆိုတာ စောင့်ဆိုင်း နားစွင့်လျက် ရှိကြပါတယ်။

ခရီးသွားစရိတ်လည်း မသေးပါဘူး။ ဒီတော့ လေဒီဂါဂါက အာကာသမှာ သီချင်းဆိုတဲ့ ကမ္ဘာ့ ပထမဆုံး အနုပညာရှင် တစ်ဦး အဖြစ် စံချိန်တင် သွားမှာ ဖြစ် ပါတယ်။ ခရီးစဉ်အတွက် ကြိုတင် ဘိုကင်ပေး လိုက်ချင် သူများ အောက်ပါလခ့်မှာ ဝင်ရောက် လေ့လာ နိုင်ပါတယ်။

www.virgingalactic.com
အောင်ခမ်း ( www.innewsmyanmar.com )

အလုပ်ရပ်စဲမှု နစ်နာကြေး သတ်မှတ်နိုင်ရန် အလုပ်ရှင်၊ အလုပ်သမားများ ဆွေးနွေးမည်

အလုပ်သမားများ လုပ်ငန်းခွင်မှ အလုပ်ရပ်စဲရာတွင် ရသင့်ရထိုက်သည့် နစ်နာကြေးနှုန်းထား သတ်မှတ် နိုင်ရန်အတွက် အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်ကိုယ်စားလှယ်များက ဒီဇင်ဘာ ၁၀ ရက်တွင် တွေ့ဆုံ ဆွေးနွေးသွားမည်ဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ သိရသည်။

“အလုပ်ရပ်စဲမှု နစ်နာကြေးနှုန်းထား ထုတ်ရမယ်ဆိုတာကလေ ကျွန်တော်တို့ရဲ့ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေရဲ့ နည်းဥပဒေ ၃၅ မှာ ပါပြီးသား၊ အလုပ်ရှင်က လုပ်ငန်းတစ်ခုခုကို ဆက်လက်လည်ပတ် လုပ်ကိုင်နိုင်ခြင်းမရှိသဖြင့်၊ လုပ်ငန်းရပ်ဆိုင်းရသောအခါတွင်ဖြစ်စေ၊ အလုပ်သမားအား အကြောင်းမဲ့ အလုပ်ထုတ်ပစ်သည့်အခါတွင်ဖြစ်စေ၊ ယင်းသို့ဆောင်ရွက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် အငြင်းပွားမှုများတွင် ပါဝင်သော အလုပ်သမားအား အလုပ်ရှင်က ပေးရမည့် နစ်နာကြေးနှုန်းထားကို ၀န် ကြီးသည် အမိန့်ကြော်ငြာစာအမှတ်ဖြင့် အခါအားလျော်စွာ သတ်မှတ်၍ ထုတ်ပြန်နိုင်သည် ဆိုတာ ပါ တယ်”ဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသန်းဝင်းက ဒီဇင်ဘာ ၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

အလုပ်ရပ်စဲမှုများကြောင့် အလုပ်သမားများသို့ နစ်နာကြေးပေးဆောင်ရာတွင် အခြေခံလစာပေါ် တွက် ချက်ပေးဆောင်ပါက အဆင်မပြေနိုင်ကြောင်းနှင့် လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ အခြေခံအလုပ်သမားများ ၏ လစာသည် ကျပ်သုံးသောင်းဝန်းကျင်သာ ရှိသည့်အတွက် နစ်နာကြေးကို လစာပေါ် အခြေခံ တွက် ချက်ပေးဆောင်လျှင်လည်း အနိမ့်ဆုံး သုံးလစာခန့်ရသင့်သည်ဟု မင်္ဂလာဒုံမြို့နယ်၊ အလုပ်သမားအငြင်း ပွားမှု ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှ အလုပ်သမားကိုယ်စားလှယ် ကိုဇော်လင်းထွန်းက ပြောကြားသည်။

နစ်နာကြေး သတ်မှတ်နိုင်ရေးအတွက် ဒေသတွင်းနိုင်ငံများရှိ အလုပ်သမားဥပဒေများနှင့် လေ့လာနှိုင်း ယှဉ်သွားရန်လိုပြီး နစ်နာကြေးပေးဆောင်ရာတွင်လည်း လုပ်သက်နှစ်ကာလအရ ခံစားခွင့်အဆင့်လိုက် သတ်မှတ်သွားရန် လိုမည်ဟု ဒေါက်တာသန်းဝင်းက ပြောကြားသည်။

“ဒီဟာက နိုင်ငံတကာမှာလဲ ရှိပါတယ်။ ဒါကို အာဆီယံနိုင်ငံတွေမှာလဲ လေ့လာပြီးပါပြီ။ လေ့လာတဲ့အခါ မှာ ကျွန်တော်တို့ဆီမှာ ဘာအားနည်းချက်လေး တွေ့ရလည်းဆိုရင် သုံးနှစ်နဲ့ သုံးနှစ်အထက်ဆိုရင် ငါး လစာ၊ အလုပ်ရပ်စဲမှု နစ်နာကြေး နှုန်းထားပေါ့လေ။ နစ်နာကြေးပေးတယ်။ သုံးနှစ်အထက်ဆိုတာက ၁၀ နှစ်လဲ ဒီလောက်ပဲ၊ ၁၅ နှစ်လည်း ဒီလောက်ပဲ၊ ဒါ ပုဂ္ဂလိကကဏ္ဍအတွက် ပြောတာပါ။ ဒီလိုဖြစ်နေတဲ့ အတွက် တကယ်လေ့လာလိုက်တဲ့အခါကျတော့ သူများတိုင်းပြည်မှာတော့ ၁၀ နှစ်အထက်ဆို တစ်မျိုး၊ ၁၅ နှစ်အထက်ဆို တစ်မျိုး စသည်ဖြင့် ရှိကြတယ်။ ဒီ အလုပ်ရပ်စဲမှုနစ်နာကြေး သတ်မှတ်ရေးဟာလဲပဲ အဓိကအပိုင်းထဲမှာ တချို့ပါဝင်နေပါတယ်”ဟု ပြောသည်။

Labour Fights Clinic(L.R.C) မှ ကောက်ယူခဲ့သော ရန်ကုန်တိုင်းစက်မှုဇုန် အလုပ်သမားများ အခြေအ နေအစီရင်ခံစာ (၂၀၁၂-၁၃)အရ အထည်ချုပ်စက်ရုံတစ်ရုံတွင် လုပ်ကိုင်နေသော လုပ်သားတစ်ဦးသည် တစ်ရက်လုပ်ခသည် ကျပ် ၇၂၀ သာရှိပြီး တစ်လျှင် ကျပ် ၁၈,၇၂၀ (ဒေါ်လာ ၂၀) ကိုသာ လစာရင်းအ ဖြစ် ရရှိကြောင်း သိရသည်။
Mizzima Burmese

ဝင်ငွေရလမ်းပြနိုင်ပါက အိမ်ခြံမြေများအတွက် ရောင်းဝယ်ခွန်ပေးရန်မလို

အိမ်ခြံမြေများ ရောင်းဝယ်မှုပြုလုပ်ရာတွင် ၀င်ငွေရလမ်းဖော်ပြ၀ယ်ယူပါက လက်ရှိသတ်မှတ်ထားရှိသည့် ရောင်းဝယ်ခွန်ကို ပေးဆောင်ရန်မလိုဟု မန္တလေးတိုင်း ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဦးကျော်မင်းက ပြောသည်။

“အိမ်ခြံမြေအပြင် တခြားဘာကိုပဲဝယ်ဝယ် ၀င်ငွေရလမ်းဖော်ပြနိုင်ရင် မြို့သုံးမြို့မှာ အခွန်ငွေ ခုနစ်ရာခိုင်နှုန်း ပေးဆောင်ရုံနဲ့ ၀ယ်ယူလို့ရပါတယ်။ ဒါကြောင့် အခြေပြုပစ္စည်းတစ်ခုခုကို ၀ယ်ယူမယ်ဆိုရင် ၀င်ငွေ ရလမ်းကို သေချာဖော်ပြဖို့လိုပါတယ်။ ဥပမာ ပြည်ပမှာ အလုပ်လုပ်လာတဲ့သူအနေနဲ့ ရရှိခဲ့တဲ့ငွေကို ဌာန မှာလာပြီး ငွေကြေးကို ပေါက်ဈေးအတိုင်း လဲလှယ်မှုပြုတာမျိုးဆိုရင်လဲ ၀င်ငွေရလမ်း ဖော်ပြပြီးဖြစ်ပါ တယ်”ဟု ဦးကျော်မင်းက ပြောသည်။

အခွန်ငွေများ ကောက်ခံရာတွင် နိုင်ငံတော်စီမံချက်များဖြစ်သော ကား၊ ဆိုင်ကယ်၊ လေယာဉ်၊ အိမ်ခြံမြေ များအဖြစ် ယခင်သတ်မှတ်ထားပြီး ၎င်းတို့ကို အခွန်ငွေ ၁၅ ရာခိုင်နှုန်းဖြင့် ရောင်းဝယ်ခြင်း ပြုလုပ်ခွင့် ပြု ထားခဲ့သည်။

ယခုအခါ အိမ်ခြံမြေရောင်းဝယ်ခြင်းကို ထိုစီမံချက်ထဲတွင် ထည့်သွင်းခြင်း မပြုလုပ်တော့ဘဲ ၀င်ငွေအခွန် ဥပဒေအတိုင်း အခွန် ၃၀ ရာခိုင်နှုန်း ပေးဆောင်ခြင်း စတင်လုပ်ဆောင်စေခဲ့သဖြင့် အိမ်ခြံမြေ ၀ယ်ယူလို သည့်သူများအတွက် ၀င်ငွေရလမ်း သေချာစွာပြသလျှင် သတ်မှတ်ထားရှိသော အခွန်ငွေများကို ပေး ဆောင်ရန် မလိုအပ်ပေ။

“နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တွေမှာ တံဆိပ်ခေါင်းခွန် ငါးရာခိုင်နှုန်း၊ မြို့နယ်အတွက် ပေးဆောင် ရတဲ့ အခွန် နှစ်ရာခိုင်နှုန်းကိုတော့ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ အခွန်ငွေ ၃၀ ရာခိုင်နှုန်းကိုတော့ ၀င်ငွေ ရလမ်းပြနိုင်ရင် လုံးဝ ပေးဆောင်စရာ မလိုပါဘူး။ အဲဒီသုံးမြို့ကလွဲပြီး ကျန်တဲ့မြို့တွေကတော့ အဲဒီ ခုနစ်ရာခိုင်နှုန်း မပါပါဘူး”ဟု ဦးကျော်မင်းက ပြောသည်။

အခွန်ဆိုင်ရာရုံးများတွင်လည်း ၀န်ထမ်းအင်အားများ တိုးချဲ့ခြင်း၊ ခေတ်မီစက်ကိရိယာများ တိုးချဲ့ခြင်းတို့ကိုလည်း လုပ်ဆောင်သွားရန် စီစဉ်လျက်ရှိနေသည်။ လက်ရှိတွင် မန္တလေးတိုင်း ပြည်တွင်းအခွန်ဦးစီးဌာ နရုံး၌ ၀န်ထမ်းအင်အား ၃၆၀ ဖြင့် လုပ်ငန်းများကို လုပ်ဆောင်ပေးလျက်ရှိသည်။



ဟာသလေးတွေ ရှာရှာဖွေဖွေ


ကွက်ကျော်အတွေး
အလှပြင်ခန်းအတွင်း အလှပြင်ခံနေသူ အမျိုးသမီးနှစ်ဦးစကားပြောနေကြသည်။မေရီ    - ဟဲ့ လူစီ .. အင်ဂျာလာ ကလေးအမွှာပူးမွေးတာ သိပြီးပြီလားလူစီ     - ဟင့်အင်း သိသေးဘူး ဘယ်တုံးကလဲမေရီ    - မနေ့ကလေ၊ အံ့သြစရာကောင်းတယ်သိလား

လူစီ     - ဘယ်လိုဖြစ်လို့လဲ…

မေရီ    - ဆရာဝန်ကပြောတယ်တဲ့ ဒီလိုအမွှာပူးမွေးဖို့ဆိုတာ အကြိမ် ၁၅၇၈၁ ကြီမ်မှ
တစ်ခါပဲဖြစ်နိုင်တာတဲ့

လူစီ     - အမလေးလေး သောင်းကျန်းလိုက်တာ ဒီကောင်မ
အိမ်အလုပ်လုပ်ဖို့အချိန်မှရသေးရဲ့လားမသိဘူး

စေတနာ ဝေဒနာဖြစ်
ဆယ်ကျော်သက် မိန်းမလှလေးက ချစ်သူနှင့် အရက်နှစ်ခွက် အတူတူသောက်ပြီးနောက်
ချစ်သူကို ရီဝေေ၀ကြည့်ရင်းပြောသည်။

ဟေး မိုက်.. တို့အူအတက်ပေါက်တုံးက ခွဲရတဲ့နေရာကို ကြည့်မလား … တဲ့

အလွန်အူအတဲ့ သူ့ချစ်သူပြန်ဖြေလိုက်ပုံက..

ဟင်းအင်း ကိုကဆေးရုံဆို သိပ်မုန်းတာတဲ့……  (အဲကောင် လဲသေဖို့ပဲကောင်းတယ်)…


ဒီလိုပဲ ပြောကျတာပဲ
အလွန်အလုပ်များသော သူဌေးက အတွင်းရေးမှူးမလေးကို ဒီလိုမှာသည်။

ဖုန်းဆက်လာရင် သူဌေးအစည်းအဝေးတက်နေတယ်လို့ပြောလိုက်..

အဲဒါကိုမှ သူတို့ကိစ္စက အရေးကြီးတယ်လို့ အထွန့်တက်လာရင် "ဒီလိုပဲ ပြောကျတာပဲ"
လို့ပြန်ပြောလိုက်…

ထိုနေ့နေ့လည်တွင် သူဌေးဇနီးက ဖုန်းခေါ်သည်။

"သူနဲ့ပြောမှကိုဖြစ်မှာ.. အစ်မကသူ့ဇနီးပါ" .. အတွင်းရေးမှူးမလေးက
ပြန်ပြောလိုက်သည်။

"ဒီလိုပဲပြောကျတာပဲလေ"

credit to original writer

ဂုဏ်ပြုပန်းစည်းသိမ်းထားဖို့ မိုးစက်ဝိုင်ကိုမှာကြားတဲ့ ထိုင်းမင်းသား


ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

ဆီးဂိမ်းအကြိုအဖြစ် ပရိသတ်များနှင့် ထိုင်း၊ မြန်မာ အနုပညာရှင်များ တွေ့ဆုံပွဲတွင် ဖိလစ်ပိုင်နိုင်ငံ missosology Organization မှ ပေးအပ်သော People Choice Award ရရှိခဲ့သည့် Miss Universe Myanmar မိုးစက်ဝိုင်အား ထိုင်းမင်းသား Mos Patiphan Patavikran က ဒူးထောက်ကာ ဂုဏ်ပြုပန်းစည်း ချီးမြှင့်ခဲ့သည်။

““မိုးစက်က အရမ်းချစ်စရာကောင်းတယ်။ ပြီးတော့ အခုလိုတွေ့ရတာ ၀မ်းသာတယ်။ ဒီပန်းလေးကို သေချာလေး သိမ်းပေးထားပါ။ နောက်တစ်ခါလာရင် ဒီပန်းလေးကို ပြန်လိုချင်ပါတယ်”” ဟု ထိုင်းမင်းသားက မိုးစက်ဝိုင်ကို  မှာကြားခဲ့သည်။

အဆိုပါပွဲတွင် ထိုင်းမင်းသား Mos Patiphan Patavikran က ထိုင်းသီချင်းသုံးပုဒ် သီဆိုခဲ့သည်။ Pee Mak  ဇာတ်ကားမှ ထိုင်းမင်းသမီး Davika Hoorne က စိုင်းစိုင်းနှင့်အတူ ဘတ်စကက်ဘော၊      စားပွဲတင်တင်းနစ်များ ကစားပေးခဲ့ပြီး ၎င်းကိုယ်တိုင် ဒီဇိုင်းထွင်ထားသော ပုဝါများကို ပရိသတ်များအား  ဝေမျှပေးခဲ့သည်။

ထိုင်းမင်းသား၊ မင်းသမီးတို့သည် မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ဖူးခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင်လည်း စိုင်းစိုင်းခမ်းလှိုင်၊ လူမင်းတို့နှင့် ဇာတ်ကားရိုက်ကူးရန် ထပ်မံလာရောက်မည်ဖြစ်ကြောင်း သိရသည်။ထိုင်းအနုပညာရှင်များသည် ဒီဇင်ဘာ ၄ ရက် နေ့လယ်၌ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြသည်။

7 Day Daily

အရင်ကထက်စာရင် သရုပ်ဆောင်ရတာပိုအဆင်ပြေလာပြီလို့ ဆိုတဲ့ ယုသန္တာတင်


အနုပညာပျိုးခင်းက တင်တဲ့ မင်းသမီးသုံးယောက်ထဲက တစ်ပွင့်သောပန်းလေးဖြစ်တဲ့ ယုသန္တာတင် နဲ့ တွေ့ဆုံခိုက် သူမရဲ့ အနုပညာလှုပ်ရှားမှုတွေအကြောင်း မေးကြည့်ဖြစ်တဲ့အခါမှာတော့ ‘အခုရိုက်နေတဲ့ ကားလေးက ဒါရိုက်တာ ကိုပေါက်၊ မင်းသားက ကိုမြင့်မြတ်ပါ။ ဒီကားပြီးရင် ဗီဒီယိုတွေပဲ ဆက်ရိုက်ဖို့ရှိပါတယ်။ ဒီအလုပ်နဲ့ပတ်သတ်ပြီး ယုဝါသနာပါတယ်။ လုပ်ရင်းလုပ်ရင်းနဲ့မှ ဒီအလုပ်ကို ပိုပြီးမြတ်နိုးလာတယ်။ ကြိုးစားချင်တယ် ။ ဆက်ပြီးလုပ်သွားချင်တဲ့အတွေးတွေ ၀င်လာတာပေါ့။ ယုဒီအလုပ်ကိုလုပ်တယ်။ နောက်ပိုင်းကျတော့ ပိုပြီးတန်ဖိုးထားလာတယ်။ ဒီအလုပ်ကို အကောင်းဆုံးဖြစ်အောင် ဆက်လုပ်သွားမယ်လို့လဲစဉ်းစားထားတယ်။  ယုကို လာငှားကြတဲ့ ကားလေးတွေထဲမှာ ခပ်သွက်သွက်ကလေးတွေလဲပါတယ်။ အေးတဲ့ ကာရိုက်တာလေးတွေလဲပါတယ်။ ကာရိုက်တာကတော့ သိပ်မစုံသေးဘူးပေါ့။ ယုနဲ့လိုက်တာက နဲနဲငြိမ်တာလေးတွေ၊ ခပ်သွက်သွက်ကလေးတွေ၊ ပြန်မပြောနားမထောင်တဲ့ ဂျစ်တစ်တစ် ပုံစံလေးတွေနဲ့လိုက်တယ်လို့မြင်တယ်။ လက်ခံဖို့ ဘယ်လိုဆုံးဖြတ်သလဲဆိုတာကတော့ ကိုယ့်အတွက်နေရာလဲရမယ်။ လုပ်ကွက်လဲရမယ်။ ကိုယ်လဲလုပ်နိုင်တဲ့ ကာရိုက်တာမျိုးလဲ ဖြစ်ရမယ်။ အရင်ကထက်စာရင် တစ်ကားနဲ့တစ်ကားရိုက်ရတာ အဆင်ပြေလာတယ်။ ရှေ့မှာလိုအပ်တဲ့ ဟာတွေကို သေချာကြည့်ပြီး နောက်ကားမှာ လိုက်ဖြည့်ဖြစ်တယ်။ အကုန်လုံးမပြည့်စုံသည့် တိုင်အောင် လိုက်ပြင်လိုက်တဲ့အခါကျတော့ အဆင်ပြေလာတယ်ပါတယ်’လို့ သူမက ပြောပါတယ်။

ကားရိုက်မှာ ဖက်ရှင်အပိုင်းနဲ့ပတ်သတ်ပြီးတော့လဲသူက ‘ကိုယ့်ဟာကိုယ်ပဲ စီစဉ်တယ်။ ဒီဇိုင်နာနဲ့ ချုပ်တာတွေလဲရှိတယ်။ ၀ယ်တာတွေလဲရှိတယ်။ ယုလဲလူငယ်တစ်ယောက်ဖြစ်တဲ့အတွက် အတိုတွေကြိုက်တယ်။ ဒါပေမဲ့ သူ့နေရာလေးနဲ့သူပေါ့နော်။ ပြီးတော့ ကိုယ်ဝတ်လိုက်တဲ့အတိုက မလိုက်မှာလဲစိုးတယ်။ အဲဒီတော့ သင့်တော်အောင်ဝတ်တတ်ရင်တော့ ပိုကောင်းတာပေါ့နော်။ ဖက်ရှင်ကတော့ အရမ်းကြီးဟော့မှ သူများဝတ်တိုင်းလိုက်ဝတ်မှ ဖက်ရှင်မဟုတ်ပါဘူး။ ကိုယ်နဲ့လိုက်ဖက်တာကို ရွေးဝတ်တတ်ရင်တော့ ဖက်ရှင်အကျဆုံးလို့ပဲထင်ပါတယ်။ အခုလတ်တလောတော့ တီရှပ်နဲ့ဘောင်းဘီတို၊ ဂါဝန်လေးတွေတော့ဝတ်ဖြစ်နေတယ်။ ယုက ကိုယ်ကိုယ်ကိုယ်အရောင်တောက်တောက်လေးတွေနဲ့လိုက်ဖက်တယ်လို့ထင်တယ်။အရမ်းကြီးကျပ်ကျပ်ထုပ်ထုပ်နဲ့ လူမြင်မကောင်းတာမျိုးဆို ယုကို စိတ်ကျဥ်းကျပ်စေပါတယ်’တဲ့။

အသားအရေထိန်းသိမ်းမှုအပိုင်းနဲ့ပတ်သတ်ပြီး ‘လိုးရှင်းမှန်မှန်လူးတယ်။ နေပူထဲသွားတဲ့အခါ SUN BLOCK ခံတယ်။ သုံးစွဲတာက SKII ၊ DECROL ၊MAC တို့သုံးဖြစ်ပါတယ်။’လို့ ဖွင့်ဟခဲ့ပါတယ်။

ခင်ဆွေသက်
Trend Myanmar

တွံတေးမြို့နယ်တွင် လူသတ်မှုဖြစ်


ရန်ကုန်၊ ဒီဇင်ဘာ ၉

၈.၁၂.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် တွံတေးမြို့နယ်၊ ကျိုက်သလဲကျေးရွာအုပ်စု၊ ဂွရွာကျေးရွာနေ မငြိမ်းငြိမ်းမြင့်
(ဘ)ဦးအေးသန်းသည် နေအိမ်တွင်ရှိနေစဉ် တွံတေးမြို့နယ် ရေကျော်စုကျေးရွာနေ ဖခင်ဖြစ်သူ ဦးအေးသန်းမှာ ရေကျော်စုကျေးရွာတွင် အရိုက်ခံရကြောင်းကြားသိရ၍ သွားရောက်ကြည့်ရှုရာ ဖခင်ဖြစ်သူအား ဦးခေါင်းတွင်ဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရပြီးဖခင်ဖြစ်သူသည် တစ်ရွာတည်းနေ ဦးလေးဖြစ်သူ ဦးလှတိုး(ဘ)ဦးထွန်းတင် နှင့်အရက်အတူ သောက်စဉ်စကားများရန်ဖြစ်ရာ ဦးလှတိုးမှလေးဂွဖြင့်ပစ်ပြီး ၎င်း၏သားများဖြစ်သော ချစ်ကိုနှင့် ကုလား(ခ)ရဲဇော်ထွန်းတို့မှ ၀ါးတုတ်ဖြင့်ရိုက်နှက်သောကြောင့် ဒဏ်ရာရသေဆုံးခြင်းဖြစ်ကြောင်း သိရှိရ၍ ဦးလှတိုးပါ(၃)ဦးအား အရေးယူပေးရန် မငြိမ်းငြိမ်းမြင့်မှ တိုင်တန်းသဖြင့် တွံတေးမြို့မရဲစခန်း (ပ)၄၃၅/၂၀၁၃၊ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်တရားခံဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police