မတွေးချင်ပေမယ့် အတွေးတွေ ဝင်လာရင် ဘယ်လိုလုပ်ရမလဲ

ပို့စ်တင်ချိန် - 2/02/2014 10:00:00 AM


အတွေးကတော့တရားရှုမှတ် အားကောင်းပြီး
သမာဓိဉာဏ် ရင့်သန်မှသာ ဖြတ်တောက်နိုင်မှာဖြစ်ပါတယ်။

သာမန်ပုဂ္ဂိုလ်တွေကတော့ အမြဲတွေးနေမှာပါပဲ။

• မကောင်းတဲ့အတွေးကိုသာခဏခဏ မတွေးဖို့ပြောတာပါ။
• စိတ်ဆင်းရဲစရာတွေပဲ တွေးနေရင် စိတ်ကဆင်းရဲမှာပဲလေ။
• စိတ်ချမ်းသာစရာလေးပြောင်းပြီး တွေးကြည့်ပါလား။
ပြန်ပြီးစိတ်ချမ်းသာလာတာ လက်တွေ့သိနိုင်မှာပါ။

ကောင်းတဲ့အတွေးတွေကိုတော့
ခဏခဏတွေးပေးသင့်ပါတယ်။
ကောင်းတဲ့အတွေးလေးတွေက တွေးတဲ့လူကို
ကောင်းမွန်တဲ့ ရလဒ်တွေပေးတတ်တယ်လေ။

တရားရှုမှတ်တဲ့လူကတော့
ကောင်းတဲ့အတွေးဖြစ်ဖြစ်၊
မကောင်းတဲ့အတွေးဖြစ်ဖြစ်၊
မတွေးပဲရှုမှတ်နိုင်မှတရားမြန်မြန် တက်နိုင်ပါတယ်။
အတွေးတွေနောက်ယှက်နေရင် တရားမတက်ပဲဖြစ်တတ်ပါတယ်။

♦ ရှုမှတ်မှုနဲ့ အတွေးကိုမထိန်းချုပ်နိုင်သေးရင်တော့
အတွေးကိုဖယ်ရှားဖို့မကြိုးစားပဲ
“ကောင်းတဲ့အတွေးလား”၊
“မကောင်းတဲ့အတွေးလား” ဆိုတာ
သိအောင်ကြိုးစားသင့်တယ်။

“မကောင်းတဲ့အတွေး” ဆိုရင် ဆက်မတွေးပဲ
“ကောင်းတဲ့အတွေး” ဖြစ်အောင် ပြောင်းလဲသင့်တယ်။

မြတ်စွာဘုရားကတော့
အတွေးမှန်သမျှ “အနိစ္စ” လို့သိမြင်အောင်
“ သိမှု ” ကို အဆင့်အတန်းမြင့်ခိုင်းခဲ့ပါတယ်။

- (ဗောဓိမြိုင်သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတော်)

Young Buddhist's Association