ဦးသန့်အကြောင်း မြန်မာလူငယ်တွေ နားလည်ဖို့ ပါမောက္ခ ဝေါ်လ်တာ ဟောပြော

ပို့စ်တင်ချိန် - 2/09/2014 04:56:00 PM


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်အကြောင်း မြန်မာလူငယ်တွေ အတုယူနိုင်စေဖို့ ရည်ရွယ်ပြီး ဖေဖော်ဝါရီ ၈ရက်နေ့က ဦးသန့်ပြတိုက်မှာ ကနေဒါစစ်တက္ကသိုလ်ကျောင်းက ပါမောက္ခက ဟောပြောခဲ့ပါတယ်။

ငြိမ်းချမ်းရေး ဗိသုကာအဖြစ် ဦးသန့်တာဝန်ထမ်းဆောင်ခဲ့တဲ့ ၁၉၆ဝ၊ ၁၉၇ဝပြည့်နှစ်တွေအတွင်း စွမ်းဆောင်ရည်နဲ့ ကမ္ဘာ့ပြဿနာတွေကို မြန်မာလူငယ်တွေ ပိုမိုနားလည်စေဖို့ ဟောပြောခဲ့တယ်လို့ ပါမောက္ခ ဝေါ်လ်တာ ဒွန်းက ဆိုပါတယ်။

ဦးသန့်ရဲ့ အတွေးအခေါ်၊ယုံကြည်ချက်နဲ့ အောင်မြင်မှုတွေအကြောင်း ဒီကနေ့ မြန်မာခေတ်လူငယ်တွေကို သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဦးသန့်အကြောင်း ဆောင်းပါးတွေ၊ စာအုပ်တွေ ရေးသားခဲ့တဲ့ ပါမောက္ခကို ရန်ကုန်မှာ ဟောပြောစေလိုတာဖြစ်တယ်လို့ ဒေါ်အေးအေးသန့်က ဆိုပါတယ်။

ဦးသန့်ပြတိုက်ကို ၂ဝ၁၃မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဦးသန့် အသုံးအဆောင်ပစ္စည်းတွေဟာ အမေရိကန်ပြည်ထောင်စုမှာပဲ ရှိနေသေးတာကြောင့် ပြတိုက်ကို အသေးစိတ် ပြင်ဆင်ပြီးမှသာ ဒီနှစ် နှစ်ကုန်ပိုင်းမှာ Grand Opening လုပ်ဖို့ မှန်းထားတယ်လို့ ဆိုပါတယ်။

Kamayut Media