အာဆီယံ လူငယ်ဖိုရမ်အတွက် ကုန်ကျမည့်ငွေ ဆယ်ပုံတစ်ပုံသာ ရ၍ အခက်ကြုံနေဟုဆို

ပို့စ်တင်ချိန် - 2/09/2014 04:57:00 PM


အာဆီယံ ၁ဝနိုင်ငံက လူငယ်တွေပါဝင်မယ့် အာဆီယံလူငယ်ဖိုရမ် ကျင်းပနိုင်ရေး ကုန်ကျစားရိတ်ရဲ့ ဆယ်ပုံတစ်ပုံပဲ ထောက်ပံကြေးရသေးတာကြောင့် အခက်အခဲတွေ့နေရတယ်လို့ ဖေဖော်ဝါရီ ၈ရက်နေ့မှာ အမျိုးသားလူငယ်ကွန်ဂရက်က ဆိုပါတယ်။

ဖိုရမ်တက်ရောက်မယ့် ဧည့်သည်တွေ တည်းခိုနေထိုင်ဖို့နဲ့ ဖိုရမ်ကျင်းပမယ့်နေရာတွေကို မြန်မာအစိုးရက တာဝန်ယူမှာဖြစ်ပေမယ့် ကျန်တဲ့ကုန်ကျငွေတွေ ရဖို့ လိုအပ်နေတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အာဆီယံလူငယ်ဖိုရမ်ကို ကျင်းပနိုင်ဖို့ မြန်မာလူငယ်ဖိုရမ်ကို မြန်မာနိုင်ငံထဲက လူငယ်အဖွဲ့အစည်း ၃၅ဖွဲ့နဲ့ စုစည်းထားတာဖြစ်ပြီး အာဆီယံဥက္ကဌအဖြစ် တာဝန်ယူရရမယ့်အချိန်မှာ မြန်မာလူငယ်တွေရဲ့ လှုပ်ရှားမှုတွေ အားကောင်းထိရောက်ဖို့ လိုတယ်လို့ ကိုသက်ဆွေဝင်းက ဆိုပါတယ်။

အာဆီယံ လူငယ်တွေ့ဆုံပွဲကို လာမယ့် မတ်လ ၁၇ရက်နေ့ကစပြီး ရန်ကုန်မှာ ကျင်းပမှာဖြစ်ပြီး ဒေသတွင်း လူငယ်တွေ ရင်ဆိုင်နေ၇တဲ့ ပြဿနာတွေကို ဆွေးနွေးအဖြေရှာကြမှာဖြစ်သလို သက်ဆိုင်ရာ အစိုးရတွေကို တိုက်တွန်းကြမယ်လို့ ဆိုပါတယ်။

Kamayut Media