ဒလမြို့နယ်တွင်မီးလောင်မှုဖြစ်ပွား

ပို့စ်တင်ချိန် - 2/09/2014 10:21:00 AM



ရန်ကုန် ဖေဖော်ဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီးဒလမြို့နယ် ကမာကသွယ်ရပ်ကွက်တွင် ယနေ့ ဖေဖော်ဝါရီ ၈ရက် ညနေ (၁၆း၁၀)တွင် မီးလောင်မှုတစ်ခုဖြစ်ပွား သည်။ ဖြစ်စဉ်မှာကမာကသွယ်ရပ်ကွက် ဗိုလ်ဥတ္တမ (၄)လမ်းအိမ်အမှတ် ၈၅၁ (က)နေ ဦးဖူးလူဝပိုင် ၁၉ပေ ၂၄ပေ ပျဉ်ထောင်၊ သွပ်မိုးအိမ်မှ ညနေ (၁၆း၁၀)နာရီအချိန်တွင် လျှပ်စစ်ရေနွေးအိုးအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းပြီးမီးလောင်မှုကြောင့် ဘေးကပ်လျက် အိမ်အမှတ် ၈၅၁(ခ) ရှိ ၈ပေ ၂၅ပေ ပျဉ်ထောင်အိမ်နှစ်လုံးမီးကူးဆက်လောင်ကျွမ်း သည်။ ရပ်ကွက်နေ ပြည်သူများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၄၅)ဦး၊ ဒလမြို့နယ်မီးသတ်တပ်ဖွဲ့မှဦးစီးမှူးဦးကျော်သူအောင်ဦးစီးသော မီးသတ်တပ်ဖွဲ့ဝင် (၇)ဦးတို့မှ မီးသတ်ယာဉ်နှစ်စီးဖြင့် ၀ိုင်းဝန်းမီးငြှိမ်းသတ်ကြပြီးညနေ ၁၆း၂၀အချိန်တွင်မီးညွှန့်ကျိုးပြီး ၁၆း၃၅ အချိန်တွင်မီးငြိမ်းသည်။ မီးလောင်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ် ရဲမှူးဦးတင်မောင်သိန်း၊ စခန်းမှူး ဦးခင်မောင်ဝင်းနှင့် တာဝန်ရှိသူများမှ အချိန်မှီရောက်ရှိလာပြီးလိုအပ်သည် များကိုဆောင်ရွက်ကြသည်။ မီးလောင်မှုကြောင့် တန်ဖိုးကျပ် ၁၄၉၈၀၀၀/ိ ခန့်မီးလောင်ဆုံးရှုံးပြီး ပ/၅၉/၂၀၁၄ ပုဒ်မ ၂၈၅ အရမီးလောင်မှု ကိုဒလမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်းသတင်းရရှိသည်။
MOI Webportal Myanmar