ထိပ်ဆုံးရောက်လာတဲ့ ချယ်လ်ဆီး

ပို့စ်တင်ချိန် - 2/09/2014 10:36:00 AM

ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်(၂၅) စနေနေ့ပွဲစဉ်များအပြီးတွင် ချယ်လ် ဆီးအသင်းမှာ အမှတ်ပေးဇယားထိပ်ဆုံးသို့ရောက်ရှိလာခဲ့သည်။ ချယ်လ်ဆီး အသင်းသည် ဟာဇက်၏ ဟက်ထရစ်သွင်းဂိုးများဖြင့် နယူးကာဆယ်ကို ဂိုးပြတ်အနိုင်ရခဲ့ပြီး အာဆင်နယ်အသင်းက အန်ဖီးလ်မှာ လီဗာပူးလ်အသင်း ကို ဂိုးပြတ်ခြေပြတ်အရေးနိမ့်ခဲ့ကာ မန်စီးတီးအသင်းကလည်း နောဝစ်ခ်ျ ကွင်းမှာ ဂိုးပေါက်မတွေ့ခဲ့ဘဲ သရေတစ်မှတ်စီ ခွဲယူခဲ့ရသည်။

ပရီးမီးယားလိဂ်စနေနေ့ရလဒ်များ
လီဗာပူးလ် ၅-၁ အာဆင်နယ်
အက်စတွန်ဗီလာ ၀-၂ ၀က်စ်ဟမ်း
ချယ်လ်ဆီး ၃-၀ နယူးကာဆယ်
ခရစ္စတယ်ပဲလေ့စ် ၃-၁ ၀က်စ်ဘရွန်း
နောဝစ်ခ်ျ ၀-၀ မန်စီးတီး
ဆောက်သမ်တန် ၂-၂ စတုတ်စီးတီး
ဆန်းဒါးလန်း ၀-၂ ဟားလ်စီးတီး
ဆွမ်ဆီး - ကာဒစ်ဖ်(မြန်မာစံတော်ချိန် ည၁၂နာရီတွင်ယှဉ်ပြိုင်ကစားမည်။)

EMG