ဗြိတိန်က ငွေထုတ်စက်မှာ ဓါးပြတိုက်ခံရ

ပို့စ်တင်ချိန် - 2/09/2014 07:06:00 PM


ဗြိတိန်နိုင်ငံ အနောက်မြောက်ပိုင်း Devon က ငွေထုတ်စက် တစ်ခုမှာ ဓားပြ တိုက်မှု တစ်ခု ဖြစ်ခဲ့ ပါတယ်။ ငွေထုတ်နေတဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်ကို ဓားနဲ့ ထောက်ပြီး ငွေတောင်းခံခြင်း ဖြစ် ပါတယ်။

ဒါနဲ့ပဲ လတ်လတ်လောလော ထုတ်ထားတဲ့ ဗြိတိန်ပေါင် ၁၀၀ ကို ကြောက် အား လန့်အားနဲ့ ပေးလိုက် ရပါတယ်။ ယင်း ဓားပြတိုက်မှု ကိုမှတ်တမ်း တင်ထားတဲ့ စီစီတီဗီ ကင်မရာမှ ဗီဒီယိုကို Dailymail မှ အွန်လိုင်းပေါ် တင်ခဲ့ပြီး ဗြိတိန်နိုင်ငံက လူထု တစ်ရပ် လုံးကို တုန်လှုပ်ခြောက်ခြားစေ ခဲ့ပါတယ်။ ငွေထုတ်တဲ့ အချိန်က ည ၉ နာရီ အချိန် ဖြစ်ပါတယ်။ ဒါကြောင့် မို့ ငွေထုတ်စက်မှာ ထားရှိတဲ့ လုံခြုံရေး စနစ်၊ ပတ်ဝန်းကျင်က လုံခြုံရေး မရှိမှုကို မီးမောင်းထိုး ထင်သာမြင်သာ ရှိစေခဲ့ ပါတယ်။

ဒါကြောင့်မို့ ငွေထုတ်စက်မှ ငွေထုတ်များအနေနဲ့ နေရာနဲ့ အချိန်ခါ ကို လေ့လာ လို့ ငွေထုတ်သင့်ကြောင်း ရဲများမှ အကြံပေး ပြောဆိုခဲ့ ပါတယ်။
.
Ref: dailymail
အောင်ခမ်း
International news for Myanmar