သင်္ကြန်လည်ပတ်ရာမှပြန်လာသော အမျိုးသမီးများအား ဆဲဆိုကာ လက်သီးနှင့်ထိုးကြိတ်ခဲ့သူများကို အရေးယူပေးရန်တိုင်တန်း

ပို့စ်တင်ချိန် - 4/17/2014 01:00:00 PM


ရန်ကုန်၊ ဧပြီ ၁၇

၁၆.၄.၂၀၁၄ ရက်နေ့ ၁၇၀၀ အချိန်တွင် ကွမ်းခြံကုန်းမြို့နယ်နေ မဇင်မာမှ ၎င်းသည် သူငယ်ချင်းများနှင့်အတူသင်္ကြန်လည်ပတ်ပြီးနေအိမ်သို့ပြန်လာစဉ် ကွမ်းခြံကုန်းမြို့နယ်၊ ဗိုလ်ချုပ်လမ်းနှင့် ညောင်ငူလမ်းထောင့်အရောက် တင်မျိုးဦးနှင့် အပေါင်းအပါများမှ ရေဖြင့်ပက်ခြင်း၊ မျက်နှာအား သနပ်ခါးဖြင့် လိမ်းခြင်းများပြုလုပ်ကာ ဆောင်းထားသောဦးထုပ်အား တင်မျိုးဦးနှင့်အဖွဲ့
တွင်ပါဝင်သော အမျိုးသားတစ်ဦးမှဆွဲချွတ်သဖြင့် ပြန်တောင်းရာ တစ်ယောက်တစ်ခွန်းစကားများပြီိး ဆဲဆိုခဲ့ကြကြောင်း၊ ထိုသို့ဖြစ်ပွားနေစဉ် တင်မျိုးဦးမှ ၎င်းအားလက်သီးနှင့်ထိုးခဲ့၍ နှာခေါင်းသွေးထွက်၊မျက်နှာနာကျင် ဒဏ်ရာများရရှိခဲ့ကြောင်း၊ တင်မျိုးဦးနှင့်အတူပါသူ အမျိုးသား(၂)ဦးတို့မှလည်း ၀ိုင်းဝန်းထိုးကြိတ်သဖြင့် ၎င်းနှင့်အတူပါသူ မမျိုးသီသီကျော်၊ မစိုးသီသီကျော်
တို့(၂)ဦးတွင်လည်း ဖူးရောင်နာကျင်ဒဏ်ရာများရရှိခဲ့ကြောင်း၊ ရရှိသည့်
ဒဏ်ရာများကို ကွမ်းခြံကုန်းမြို့နယ်ဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)များ အဖြစ်တက်ရောက်ကုသလျက်ရှိကြောင်းနှင့် ယင်းသို့ကျူးလွန်သူ တင်မျိုးဦး
ပါ(၃)ဦးကို အရေးယူပေး ပါရန်တိုင်တန်းလာခဲ့ပါသည်။

တိုင်တန်းချက်အရ ကွမ်းခြံကုန်းမြို့ရဲစခန်း(ပ)၇၉/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၉၄/
၃၅၄/၃၂၃/၁၁၄ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူ တင်မျိုးဦးပါ(၃)ဦးကို
ဖမ်းဆီးစစ်ဆေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police