အင်တာနက်ပေါ်မှာ နာမည်ကြီးလာတဲ့ တစ်ချိန်တုန်းက အဘွားကြီး

ပို့စ်တင်ချိန် - 6/20/2014 08:18:00 AM


လက်ရှိ တောင်ကိုရီးယားနိုင်ငံရဲ့ အင်တာနက်ပေါ်မှာ အရှာခံရဆုံး နာမည်ပိုင်ရှင်ကတော့ Sonyong Moon ဆိုတဲ့ ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။


တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် ဖြစ်ရပ်မှန်အစီအစဉ် “Let Me In” မှာ ပါဝင်ခဲ့ပြီးနောက်မှာ ပလစ်ဆာဂျရီလုပ်ပြီး ရုပ်ရည်ပြောင်းလဲခဲ့တဲ့ သူရဲ့အကြောင်းဟာ  ဒီလိုနာမည် ကျော်လာတာ ဖြစ်ပါတယ်။


နာမည်ကျော်လောက်အောင်လဲ သူဟာ ကလေးဘဝ ကတည်းက “အဘွားကြီးရုပ်” (Old Lady Face) လို့ ခေါ်ခံရသူတစ်ဦးဖြစ်ပါတယ်။

အသက်၂၀ ကျော်လို့ လူငယ်ပိုင်းထဲဝင်လာတဲ့အထိ  “အဘွား” လို့ ခေါ်ခံနေရဆဲဖြစ်ပါတယ်။
ရုပ်ရည်ကြောင့် အလုပ်ခွင်မှာလည်း အထက်လူကြီးဆီက ဖိအားပေးတာမျိုးကို ခံစားရတယ် လို့ဆိုပါတယ်။
ခု သူက ဒီလိုကြီး လုံးဝပြောင်းလဲလိုက်တာကြောင့် သူ့ရဲ့လုပ်ငန်းမှာတင်မကဘူး ကိုရီးယားတစ်နိုင်ငံလုံးကပါ အံ့သြသွားကြရပြီး အွန်လိုင်းပေါ်မှာ အရှာခံရဆုံးနာမည် ဖြစ်သွား လာပါတယ်။

မျက်နှာ၊သွားနဲ့ ပြင်ဆင်ရမယ့် အပိုင်းအားလုံး အပါအဝင် သူ့ရဲ ခွဲစိတ် စရိတ်ဟာ အမေရိကန်ဒေါ်လာ ၁၀၀၀၀ ခန့်ကုန်ကျတယ် လို့ဆိုပါတယ်။



phothutaw