မန်ယူအသင်း လုခ်ရှောကို ပေါင်သန်း(၄၀)တန် (၅)နှစ်စာချုပ်ချုပ်ဆိုမည်

ပို့စ်တင်ချိန် - 6/11/2014 12:01:00 PM



မန်ယူအသင်းမှာ ဆောက်သမ်တန် ဘယ်နောက်ခံလူ လုခ်ရှောကို တစ်ပတ်လုပ်ခ ပေါင် (၁၆၀၀၀၀)ဖြင့် (၅)နှစ် စာချုပ် ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ကြောင်း goal.com မှ ဖော်ပြခဲ့သည်။ မန်ယူသည် ပြီးခဲ့သည့် လပိုင်းအတွင်း လုခ်ရှောကို ပေါင်(၂၇)သန်းဖြင့် ခေါ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း ဆောက်သမ်တန်က ၎င်းတို့၏ ကစားသမားကို ရောင်းချရန် နှောင့်နှေးနေပြီး နည်းပြသစ် ခန့်အပ်ပြီးနောက်မှသာ အပြီးသတ် ဆုံးဖြတ်ရန် ရှိနေသည်။

သို့သော် မန်ယူမှာ လုခ်ရှောနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြိုသဘောတူညီမှု ရယူခဲ့ခြင်းဖြစ်ပြီး အပြီးသတ် စာချုပ်ချုပ်ဆိုပြီးပါက လုခ်ရှောအနေဖြင့် လုပ်ခလစာ အများဆုံး ဆယ်ကျော်သက် ကစားသမားအဖြစ် စံချိန်တင်နိုင်မည်ဟု သိရသည်။ အသက်(၁၈)နှစ်အရွယ်ရှိ လုခ်ရှောကို ချဲလ်ဆီးနည်းပြ မော်ရင်ဟိုက အက်ရှ်လေကိုးလ်နေရာတွင် အစားထိုးရန်အတွက် စိတ်ဝင်စားနေသော်လည်း ၎င်းအတွက် ပြောင်းရွှေ့ကြေး မြောက်မြားစွာ သုံးစွဲရန် တွန့်ဆုတ်နေချိန်တွင် မန်ယူက လက်ဦးမှု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

@z (ရိုးရာလေး)