ဖခင်တစ်ဦး၏ ချစ်ခြင်း မေတ္တာ

ပို့စ်တင်ချိန် - 6/22/2014 08:48:00 PM





သားသမီး အပေါ်ထားရှိတဲ့ မိဘတို့ရဲ့ မေတ္တာတရားဟာ အမြဲတမ်း တူညီမျှရှိပါတယ်။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် မိဘတို့ရဲ့ မေတ္တာတရားဟာ ပြောင်းလဲသွားခြင်း မရှိပါဘူး။ အမေရိကန်ပြည်ထောင်စု၊ လိုဂန်မြို့မှာ နေထိုင်တဲ့ ဖခင်တစ်ဦးဟာ သားအပေါ် ဘယ်လောက်အထိ မေတ္တာထားခဲ့သလဲ ဆိုတာ သိရှိနိုင်ဖို့ အစိုးရဌာန တစ်ခုဟာ ဖခင်များနေ့ မှာ ဓာတ်ပုံနဲ့ တကွ ဖော်ပြမှုပြု လုပ်ခဲ့ပါတယ်။ အသက် (၆၀) နှစ် အရွယ်ရှိ ဂျိမ်းစ်ဟာ အသက် (၁၈) နှစ် အရွယ်ရှိ သားဖြစ်သူကို အပင်ပန်းခံပြီး ဖြစ်ချင်တဲ့ ဆန္ဒတွေလိုက်လုပ်ပေးခဲ့ပါတယ်။ ဂျိမ်းစ်ဟာ ရှေ့နေဟောင်း တစ်ဦးဖြစ်ပြီး သားဖြစ်သူ ဂျိုနက် ဟာ ငယ်စဉ်ဘ၀ကတည်းက မသန်စွမ်း ဘ၀ကို ရောက်ရှိခဲ့ပါတယ်။ ဂျိုနက်ဟာ ပြင်ပကမ္ဘာကို သွားရောက်လေ့လာလို တာမို့ ဂျိမ်းစ်ဟာယူတက်ပြည်နယ်  မှာရှိတဲ့ သဘာဝဥယျာဉ်ကို ခေါ်ဆောင်သွားခဲ့ပါတယ်။ ဂျိမ်းစ်ဟာ သားဖြစ်သူ အဆင်ပြေစွာ လိုက်ပါနိုင်ရေး အထူးပြုလုပ်ထားတဲ့ တွန်းလှည်းနဲ့ ခေါ်ယူခဲ့ခြင်း ဖြစ်ပြီး၊ ပေ (၅၀၀) အထိ မြင့်တဲ့ကျောက်ဆောင်တွေကို ဖြတ်ကျော်ခဲ့ရပါတယ်။ ဂျိမ်းဟာ သားဖြစ်သူအတွက် အပင်ပန်းခံပြီး သဘာဝရှုခင်း တွေ လိုက်လံပြသနေတဲ့ ဓာတ်ပုံကို သမီးဖြစ်သူ လော်ရာက ပြီးခဲ့တဲ့ နှစ်နှစ်က မှတ်တမ်းတင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီဓာတ်ပုံဟာ အဓိပ္ပာယ်များစွာ ရှိခဲ့ တာမို့ ဖခင်များနေ့မှာ အစိုးရဌာန တစ်ခုက အထိမ်းအမှတ် အဖြစ် အင်တာနက်ပေါ် လွှင့်တင်ခဲ့ရာ လူကြိုက်များတဲ့ ဓာတ်ပုံဖြစ်ခဲ့ပြီး၊ ဖခင် နဲ့သားသမီး အကြား ရှိနေတဲ့ မေတ္တာတရားကို ပြသလိုက်ခြင်းဖြစ်ကြောင်း သုံးသပ်ခဲ့ကြပါတယ်။ ဂျိမ်းစ်ကလည်း မိမိသည် သားဖြစ်သူကို အလွန်ချစ်ကြောင်း၊ မိသားစု ကလည်း သားဖြစ်သူကို ဂရုစိုက်ကြကြောင်း၊ မိမိနှင့် သားဖြစ်သူအကြားတွင် ဖခင်တစ်ဦး ထက်ပိုသည့် ဆက်ဆံရေး ရှိကြောင်း ဂုဏ်ယူစွာပြောကြား သွား ခဲ့ပါတယ်။

အေသင်အောင်
The Messenger