မလေးရှားလေဆိပ်သို့ ရောက်ရှိလာသည့် လုပ်သားများအား ၂၄နာရီကျော်သည်အထိ အလုပ်ရှင်မှ လာမခေါ်ပါက နေရပ်ပြန်ပို့

ပို့စ်တင်ချိန် - 6/22/2014 10:12:00 AM


ရန်ကုန်၊ ဇွန် ၂၀- မလေးရှားနိုင်ငံ သို့ လာရောက်အလုပ်လုပ်ကိုင်သည့် အလုပ် သမားများအား မလေးရှားလေ ဆိပ်တွင် ၂၄နာရီ အတွင်း လုပ်ငန်းရှင် များမှ လာရောက်ခေါ်ဆောင်ခြင်း မရှိပါက လုပ်သားများအား မိမိနိုင် ငံသို့ပြန်ပို့သွား မည့် အစီအစဉ်အား မလေးရှားအစိုးရက စတင်ဆောင် ရွက်နေပြီဖြစ်ကြောင်း မြန် မာနိုင်ငံ ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ် ငန်းရှင်များ အသင်းချုပ်မှ အတွင်း ရေးမှူး ဦးကျော်ထင်ကျော်က ပြော သည်။

ဦးကျော်ထင်ကျော်က ''မလေး ရှားလေဆိပ်ကလုပ်သားတွေကို လေ ဆိပ်မှာ ၂၄နာရီပဲထားတယ်။ အချိန် ကျော်သွား ရင် နေရပ်နိုင်ငံကို ပြန်ပို့မှာ ဖြစ်တယ်။ အဲဒီကိစ္စက စနေပြီဖြစ် တယ်''ဟု ပြောသည်။

ယခင်က မလေးရှား အစိုးရသည် မိမိတို့နိုင်ငံသို လာရောက်အလုပ်လုပ် ကိုင်သည့် အလုပ်သမားများအား အ လုပ်ရှင်များက မလေးရှားလေဆိပ် တွင် လာရောက်ခေါ်ယူမှုကို ၁ဝရက် အထိ စောင့်ဆိုင်းပေးကြောင်း၊ ယင်း သို့ ၁ဝရက်အတွင်း လာရောက်ခေါ် ယူခြင်း မရှိမှသာ သက်ဆိုင်ရာနိုင်ငံ သို့ ပြန်ပို့ခြင်း ကို ပြုလုပ်ကြောင်းနှင့် ယခု အခါ ၂၄နာရီအတွင်း လာရောက်ခေါ် ယူခြင်းမပြုပါက ပြန်လွှတ်သည့်စနစ် ကို ကျင့်သုံးခြင်းဖြစ်သည်။ အဆိုပါ စည်းမျဉ်းစည်းကမ်းမှာ ဇွန် ၁၅ရက်က စတင်ကာ အကျုံးဝင်ခဲ့ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံလေဆိပ်တွင် တရားဝင်သွားရောက်လုပ်ကိုင်သည့် လုပ်သားများသည် မလေးရှိအေဂျင်စီ နှင့် မြန်မာနိုင်ငံ ရှိ အေးဂျင့်တို့အကြား အချိတ်အဆက်မမိခြင်း၊ စာရွက်စာ တမ်းမှားယွင်းခြင်း၊ လုပ်ငန်းခွင်တည် ရှိရာနေရာမှာ လေဆိပ်နှင့် ကွာဝေး ခြင်းတို့ကြောင့် လေဆိပ်တွင် လုပ်သား များအချိန်အကြာကြီး စောင့်ဆိုင်းနေ ရမှုများရှိသည့်အတွက် မလေးရှား အစိုးရဝန်ဆောင်မှု ညံ့ဖျင်းသည့် ကုမ္ပဏီနှင့် အေဂျင်စီများကို အမည် ပျက်စာရင်း (Black List)သွင်းမည် ဟု မလေးရှားအစိုးရမှ ကြေ ညာ ထား ကြောင်း သိရသည်။

''ရောက်ပြီဆိုတာနဲ့ မလေးရှား က အေဂျင်စီနဲ့လုပ်ငန်းရှင်တွေကို ၂၄ ရက်အတွင်း လာရွေးခိုင်းတာဖြစ် တယ်။ အဲ့ဒီအချိန်အတွင်း လာမ ရွေးရင် မလေးရှားအစိုးရက သူတို့ကို သွင်းမယ်လို့ လုပ်ငန်းရှင်တွေကို Black List သွင်းမယ်လို့ ဖိအားပေးတာ မျိုး လုပ်တာဖြစ်တယ်။ တရားမဝင် လာရောက်သူတွေကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနဥပဒေအ တိုင်း လုပ်သားဆီက စရိတ်မယူဘဲ နေရပ်ပြန်ပို့တာဖြစ်တယ်။ တရား မဝင်သွားတဲ့ လမ်းကြောင်းက အခု ချိန်ရှားသွား ပါပြီ''ဟု ပြည်ပအလုပ် ကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မလေးရှားနိုင်ငံမှ ပြည်တွင်းသို့ ပြန်လည်အခြေချလုပ်ကိုင်လျက်ရှိ သည့် လုပ်သား တစ်ဦးဖြစ်သည့် ဦးအောင်ကိုက ''မလေးရှားစရောက် စတုန်းက လေ ဆိပ်မှာ အကြာကြီး မလေးရှားလေဆိပ်မှာရှိတဲ့ လုပ်သား တွေ ထား တဲ့နေရာမှာ လာခေါ်မယ့် သူတွေကို စောင့်လိုက်ရတယ်။ ၁ရက် ၃ရက်ကြာတာတောင် လာမရွေးတော့ ကျွန်တော်တို့တော့သွားပြီ ထင်နေတာ နောက်မှ လာရွေးတယ်။ နောက်အ လိမ်ခံရတာလား၊ အလုပ်ရှင်က လာ မရွေးသေး လို့လား မသိဘူး။ ကျွန်တော့် ထက်စောရောက်ပြီး အဲ့ဒီအခန်းထဲ မှာ ကျန်ခဲ့သူတွေအများကြီးရှိတယ်။ ဟိုရောက်တော့ ကိုယ့်နိုင်ငံမှမဟုတ် တာ ဘယ်အဆင်ပြေပါ့မလဲ၊ မိသားစု လုပ်ကိုင်စားသောက်လို့ရပြီဆိုတာနဲ့ ပြန်အခြေချနေထိုင်တာ ဖြစ်တယ်''ဟု ပြောသည်။

SH

[--Democracy today Daily Newspaper--]

Yangon Media Group