လူထုခေါင်းဆောင်အန်တီစု ခွေးတော့ သတိပြု

ပို့စ်တင်ချိန် - 6/22/2014 08:47:00 PM


သူငယ်ချင်းရေ...

          လူထုခေါင်းဆောင်အန်တီစုနဲ့ ဒီမိုကရေစီသူရဲ ကောင်း ဦးမင်းကိုနိုင်တို့ မြန်မာနိုင်ငံအနှံ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး လူထုထောက်ခံ ဆန္ဒပြပွဲ တွေ လှည့်လည်ကျင်းပနေတာ အင်တာနက်နဲ့ သတင်းစာဂျာနယ် လူထုပရိသတ် အုံးအုံးထနေတော့ အာဏာပိုင်တွေလဲ ဖင်ကြားခဲညှပ်နေမှာပေါ့နော်။ ဒါပေမယ့် မင်းတို့ကိုပြောစရာရှိသကွ၊ မင်းတို့ NLDဥက္ကဋ္ဌကိုလူထုက သဲသဲလှုပ်ဖြစ်နေတော့ မင်းတို့ ကိုယ်တိုင်က အန်တီစုဆိုရင် ခွေးရောလူရောထောက် ခံတယ်အောက်မေ့နေကြတာ။ အဲဒီလို ထင်ရင် မှားမယ်သူငယ်ချင်း လူစိတ်ရှိတဲ့လူတွေကဘဲထောက် ခံတာ၊ ခွေးတွေက မထောက်ခံဘူးသူငယ်ချင်းရဲ့. .။

          ခွေးဆိုတာက သူ့ထမင်းကျွေးတဲ့သူကိုဘဲ သခင် လို့မြင်တာ။ ဒါတောင်ကျွေးတဲ့လက်ကို ပြန်ပြန်ကိုက် တတ်တဲ့ခွေးဆိုတာရှိသေးတယ်ကွ၊ ခွေးက ဒီမိုကရေစီ မသိဘူး၊ လူ့အခွင့်အရေးမသိဘူး၊ အများကောင်းစား ရေးဝါဒသူမသိဘူး၊ သခင်အားရကျွန်ပါးဝဘဲ လုပ် တတ်တာ။ အန်တီစုက နိုင်ငံတကာအမြင်၊ နိုင်ငံတ ကာ အတွေးတွေနဲ့ ခွေးကို လူ့အခွင့်အရေးသွားပေး တော့ ခြေသလုံးဖက်မကိုက်တာကံကောင်း၊ နေပြည် တော် နယ်မြေမှာ ပုဒ်မ ၄၃၆ပြင်ဆင်ရေး တရားသွား ဟောတာ ခွေးခပ်ဆိုးဆိုးတစ်ကောင် အန်တီစုကိုလိုက် ကိုက်တယ်ဆိုပြီး အင်တာနက်မှာ ဖတ်လိုက်ရတော့၊ ရုတ်တရက်စိတ်ပူသွားသေးတယ်။ ဘာပဲပြောပြော တို့ မြန်မာအယူမှာ ခွေးကိုက်ခံရရင် ကံနိမ့်တယ်လို့မှတ် ယူကြတာလေ။

          ဒါတောင်တော်ပါသေးရဲ့ သတင်းကြားရတာ  ခွေးအိုကြီးတစ်ကောင်လိုက်ကိုက်တာဆိုတော့ သွား  တွေသိပ်ကောင်းမှာမဟုတ်ဘူး။ရှူးတိုက်တဲ့သူရှိလို့ သာ သူ့ခမျာလိုက်ကိုက်ရတာ။ ကိုယ်တိုင်က ချိနဲ့နဲ့ ဆိုတော့ စိတ်ပူစရာမရှိပါဘူး။ ဒါပေမယ့် မင်းတို့တစ် တွေ သတိထားဖို့လိုတယ်။ လူထုခေါင်းဆောင်ဟာ ဘယ်လောက်ပဲသတ္တိကောင်းကောင်း ခွေးနဲ့တော့ဖက် မကိုက်သင့်ဘူး။ ခွေးနဲ့နပမ်းမလုံးသင့်ဘူး။ တစ်ခါ တလေကျတော့ နှာစေးနေတာ၊ ရှောင်လွှဲနေတာ ဒီပ လိုမေစီဆန်တယ်သူငယ်ချင်း လူ့အခွင့်အရေးဆိုတာ နာမည်ကိုက လူ့အခွင့်အရေး၊ လူတွေရရှိသင့်တဲ့ အ ခွင့်အရေး၊ လူကိုပေးရမဲ့ အခွင့်အရေးကို ခွေးကို သွားပေးလို့ကတော့ ဝိုင်းလုံတို့လက်ချက်မိသွားမယ်၊ ဝိုင်းလုံတို့က သူ့သခင်ခြံထဲဝင်လာပြီး သူ့သခင်ကို ဒုက္ခပေးမဲ့ သူကိုအလွတ်ပေးမှာမဟုတ်ဘူး၊ နာ မည် ကိုက ဝိုင်းလုံ သခင့်ဥစ္စာစည်းစိမ်ခြံဝင်းကို ကာကွယ် ဖို့ပေးထားတဲ့နာမည် သူငယ်ချင်းရဲ့...

သူငယ်ချင်းရေ...

          ရှေးရှေးပုံပြင်ထဲမှာ လူထုသူရဲကောင်းတွေက ခြင်္သေ့တွေကျားတွေနဲ့ဖက် နပန်းလုံးပြီး လူထုရဲ့ အားကိုးရသူအဖြစ် လူထုရှေ့မှာ ဂုဏ်ယူဝင့်ကြွားစွာ လုပ်ပြကြတာ ဒဏ္ဍာရီအဖြစ်ဖတ်ဘူးပါတယ်။ အခု ဟာက စစ်အာဏာရှင်ရဲ့ ခြံစောင့်အိမ်စောင့် ဝိုင်းလုံ တွေကွ၊ သူတို့နဲ့အန်တီစုနဲ့ သူတင်ကိုယ်တင် စကား ပြောစရာ အကြောင်းမရှိဘူး၊ မှန်ရင်လဲ ဂုဏ်တက် မှာမဟုတ်သလိုမှားသွားရင် လူထုခေါင်းဆောင် ဂုဏ်ပုဒ်က ရေစုံမျောရော၊ အဲဒီနေရာကြ အန်တီစုက ပြည်ထောင်စုဝန်ကြီး တွေလောက် အကင်းမပါးဘူး၊ ဝန်ကြီးတွေက မီဒီယာရှေ့မှာ အီးတောင်ရဲရဲ မပေါက် ဘူး အသံကျယ်ရင်လဲ အဝေဖန်ခံရမယ်။ အနံ့ပြင်းရင် လဲ အပုပ်ချခံရမယ်။ မီဒီယာထဲမှာလဲလိုတဲ့သူရှိတယ်။ မလိုတဲ့သူတွေရှိတယ် သူငယ်ချင်းရဲ့။

          ပညာရှိသတိဖြစ်ခဲဆိုသလို ဘေးနားက လူတွေ က နည်းနည်းဝိုင်းထိန်းပေးမှကောင်းမယ်။ တခါတ လေ ဒီလိုကိစ္စမျိုးတွေက ဖြစ်တတ်ပါတယ်၊ ဖြစ်တာ များလာရင်တော့ လူထုထောက်ခံမှုကျဆင်းတတ် တယ်။ လူထုနဲ့တိုက်ရိုက်ထိတွေ့တယ်၊ လူထုကို အချိန်မရွေးတံခါးဖွင့်လက်ခံကြိုဆိုတယ် ဆိုပေမယ့် ရန် သူလား မိတ်ဆွေလားတော့ သတိထားရမယ် သူငယ် ချင်း၊ အခုအချိန်ကာလက ဒီပဲယင်းရာသီ ရောက်နေ ပြီ သူငယ်ချင်း လူတိုင်းကိုသာမန် ပြည်သူတွေလို့ရိုးရိုး ရှင်းရှင်း မြင်လို့မရဘူး။

          နေရာဒေသကလဲရှိသေးတယ်။ အဲဒီနေရာက စစ်အာဏာရှင်တွေကြီးစိုးတဲ့၊ မင်းနေပြည်တော်လေ ဂျာမန် သိုးထိန်းအယ်လ်ဇေးရှင်းတွေလို ကောင်း    ကောင်းမွန်မွန်ကျွေးမွေးသင်တန်းပေးထားတာ မ ဟုတ်ပေမဲ့ ဆိတ်ရိုးနဲ့ပဲ၊ ကျွေးပြီးခရာမှုတ်တာနဲ့ပြေး ကိုက်မဲ့ သုနက္ခတွေအများကြီးရှိ တယ်ဆိုတာ မင်းတို့တတွေသတိထားကြအုံး၊ ၂ဝ၁၅ ရွေးကောက်ပွဲ နီးလာပြီကွ၊ ဒီပွဲက ဒီမိုကရေစီ မြို့သိမ်းတိုက်ပွဲဆိုတော့ ချောင်ပိတ်ရိုက်ခဲ့ရတဲ့ သုနက္ခတွေလို အသေပြန်ကိုက် မှာနော်။ အန်တီစု ခွေးကိုက်ခံရရင် ဟိုရှင်ဘုရင် ကျွဲ ခတ်ခံရတာထက် ဆိုးသွားမယ်။

သူငယ်ချင်းရေ...

          မင်းတို့ကလူထုခေါင်းဆောင်အနားမှာနေတာဆိုတော့ အစစအရာရာ သတိရှိရမယ်၊ မင်းတို့ ခေါင်း ဆောင်၊ လူထုခေါင်းဆောင်ကို အသက်၊ ဂုဏ်သိက္ခာ၊ တစ်ခုမဟုတ်တစ်ခု ပျက်စီးချောက်ကျအောင်လုပ်ကြ လိမ့်မယ်။ တချို့ကိစ္စတွေက လွှတ်ပေးထားလိုက်ပါ။ ခွေးလေးခုန်လို့ ဖုန်မထပါဘူး။ နိုင်ငံရေးမှာ ဆန်စင် ရာ ကျည်ပွေ့မလိုက်မိစေနဲ့ အချိန်ကုန်၊ လူပန်း၊ ဂုဏ် သိက္ခာ ပွန်းပါတယ်။ မိုက်တိုက်စန်ကို စိုးလင်းဦးနဲ့ မထိုးခိုင်းစမ်းပါနဲ့ ယှဉ်ထိုးရုံနဲ့ သိက္ခာကျနေပြီ၊ လူ ထုခေါင်းဆောင်ဆိုတာ သူ့ဝိတ်တန်းက အနည်းဆုံး သမ္မတနဲ့ ခါးပတ်လုရမှာ၊ သမ္မတမှာတော့ခါးပတ်မရှိ ဘူးကွ၊ စလွယ်လုရမှာပေါ့။ သမ္မတနဲ့စကားစစ်ထိုးရမှာ၊ ဘယ့်နဲ့သူငယ်ပြန်နေတဲ့ ခြံစောင့်အဘိုးကြီးနဲ့ပွဲစီစဉ် ပေးတာတော့ မင်းတို့နည်းနည်းလွန်သွားပြီ၊ သတိ ထား သူငယ်ချင်းရေ သမ္မတဖြစ်ခါနီးမှာ သစ်ပင် တက်လို့မရဘူး၊ ရေကူးလို့မရဘူး၊ စားသတိ၊ သွား သတိ၊ လာသတိနဲ့နေရမှာ မင်းတို့ကလဲဘေးနားက နေ ထိန်းပေးအုံး။

သူငယ်ချင်းရေ...

          အန်တီစုရဲ့ပြိုင်ဘက်တွေကို လျော့မတွက်နဲ့နော် ထမိန်ကြားထဲကနေ လက်သီးပုန်းထိုးတာတို့ ခါး အောက်ပိုင်းဖြတ်ကန်တာတို့၊ အမှောင်ထဲကနေခဲနဲ့ ပစ်တာတို့။ သူရဲဘောကြောင်စွာနဲ့ ရန်သူကိုအနိုင် ယူတဲ့နေရာမှာ အိုစမာဘင်လာဒင်က အဘခေါ်ရ တယ်။ ဘင်လာဒင်ကတောင် အဘခေါ်တယ်ဆိုတော့ ကျန်တဲ့တပည့်သားမြေးတွေကလည်း 'အဘ' 'အဘ' နဲ့ပါးစပ်ဖျားကမချဘူး။ လွှတ်တော်ထဲမှာ လူထုခေါင်း ဆောင်ကို 'အမ' 'အမ'နဲ့မျက်နှာချိုသွေးပြီး၊ လွှတ် တော် ပြင်ပ လူထုတရားပွဲတွေမှာ လက်သီးပုန်းဆော် နေကြတာ အဲဒီအဘတွေပဲ သူငယ်ချင်းရေ...

          လူထုခေါင်းဆောင်က အသက်လဲကြီးနေပြီဆို တော့ သူ့ကျန်းမာရေးကို ဂရုစိုက်ပါကွာ၊ တော်ကြာ အသွားမတော်တစ်လှမ်း ဆိုသလို လူကြားမကောင်း သူကြားမကောင်း နေပြည်တော်မှာ ခွေးကိုက်ခံရလို့ ဗိုက်လှန်ပြီး ချက်တစ်ဝိုက်မှာ ခွေးရူးကာကွယ်ဆေး ထိုးနေရရင် ရာဇအိနြေ္ဒ ထိခိုက်လှပါတယ်။ ပြည်သူ လူထုကြီးက သူ့ကိုအားထားနေကြတော့ လှေပြေး တုန်းတက်ကျိုး မဖြစ်စေချင်ကြဘူး၊ ငါတို့တတွေက ဒုတိယမြောက်ဒီပဲယင်း ဖြစ်လာမှာကို သိပ်ကြောက် နေကြတယ်။ အန်တီစုကို စကားတစ်ခွန်းတော့ ပြောပေးပါ။  ခွေးကိုတုတ်နဲ့ ရိုက်ရတယ်၊ လက်နဲ့ရိုက် လို့ မရဘူးလို့။ မင်းတို့ကိုလဲမှာချင်ပါတယ် သူငယ်ချင်း ရှင်ဘုရင်ကို ခွေးမမောင်းခိုင်းပါနဲ့ကွာ။

 မင်းတို့ရဲ့
 အရမ်းသန်းညွန့်

ပြည်သူ့ဆန္ဒဂျာနယ်အတွဲ(၂)အမှတ်(၁၂)