အံသြကုန်နိုင်ဖွယ် - ဟာသ

ပို့စ်တင်ချိန် - 6/11/2014 12:01:00 PM



ရဲဘော်တစ်ယောက်သည် နေမကောင်းသဖြင့် ဆေးရုံလာပြသည်။ တံခါး ၂ ခုတွေ့ရသည်။
တစ်ခုက သာမန်၊ နောက်တံခါးတစ်ခုက အရာရှိများသာဟုရေးထားသဖြင့်
သာမန်တံခါးကို တွန်းဖွင့်ဝင်လိုက်သည်။

အထဲတွင် တံခါး ၂ ခုထပ်တွေ့လိုက်ရပြန်သည်။

တစ်ခုက သာမန်ထိခိုက်ဖျားနာ၊ နောက်တံခါးတစ်ခုက
ခွဲစိတ်ရောဂါများသာဟုရေးထားသည်။

သူက ရိုးရိုးဖျားနာသူဖြစ်၍သက်ဆိုင်ရာတံခါးကို တွန်းဝင်လိုက်ပြန်သည်။

အထဲတွင် ပါတီဝင်များသာနှင့်ပါတီဝင် မဟုတ်သူများဟုရေးထားသည်ကို တွေ့လိုက်ရပြန်သည်။

သူကပါတီနိုင်ငံရေး ကင်းကင်းနေသူဖြစ်၍ ပါတီဝင် မဟုတ်သူများ
ရေးထားသည့်တံခါးကို တွန်းဝင်လိုက်ရာ မူးမေ့မတတ်ဖြစ်သွားသည်။

ထိုရဲဘော်မြင်လိုက်ရသည်မှာ အများသူငါ သွားလာနေသည့်
လမ်းမကြီးပင်ဖြစ်သတည်း။

ရဲစတိုင်း

The Myanma Age