လမ်းလျှောက်နေသူ အမျိုးသမီး၏ ငွေအိတ်အား လုယူထွက်ပြေးသူကို ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 6/11/2014 06:10:00 PM


၁၀.၆.၂၀၁၄ ရက်နေ့ ၀၉၃၀ အချိန်ခန့်တွင် မဇင်မာလင်းသည် ရိုးမဘဏ်တံဆိပ်ပါ ကြွပ်ကြွပ်အိတ် အတွင်းငွေကျပ် (၁၀)သိန်း ထည့်ကာ မရမ်းကုန်းမြို့နယ်၊(၁)ရပ်ကွက်၊ ဘုရင့်နောင်ပွဲရုံဝင်း၊ ငုဝါလမ်း အတိုင်းလမ်းလျှောက်နေစဉ် ၎င်း၏လက်တွင်ဆွဲလာသော ငွေအိတ်အား အမျိုးသားတစ်ဦးမှ လုယူထွက်ပြေးသွားခဲ့ ပါသည်။

ထိုသို့လုယူထွက်ပြေးသွားသူကို ပတ်ဝန်းကျင်ရှိပြည်သူများနှင့် ဘုရင့်နောင်ရဲစခန်းမှလှည့်ကင်းတပ်ဖွဲ့ဝင်တို့မှ ၀ိုင်းဝန်းဖမ်းဆီးခဲ့ရာ လုယူသွားသောငွေများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းမှာ နဂေးမီးယား(ခ)မုန်တိုင်း (၄၃)နှစ်၊ ကျိုက်လတ်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနေသူဖြစ်ကြောင်းသိရှိရပါသည်။

ထိုသို့ပြစ်မှုကျူးလွန်သူ နဂေးမီးယား(ခ)မုန်တိုင်းအား မရမ်းကုန်း မြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်း (ပ)၂၁၃/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police