ကန်ဒေါ်လာ ၅ သိန်းတက် ကားကို ဖျက်ဆီးဖို့ ပိုင်ရှင်ကိုယ်တိုင် ဦးဆောင်

ပို့စ်တင်ချိန် - 6/04/2014 08:39:00 PM



တရုတ်နိုင်ငံမှာ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံထွက် ကမ္ဘာ့ ဈေးကြီး ပြိုင်ကား ဖြစ် တဲ့ Maserati တစ်စီးကို ဝယ်ပါတယ်။ တန်ကြေးက အမေရိကန်ဒေါ်လာ ၅ သိန်း ဝန်းကျင် ရှိပြီး ချို့ယွင်းချက် တစ်ခုကြေင့် ဆိုင်သွား ပြပါတယ်။


ဆိုင်သွားပြပြီး ပြန်ရလာချိန်မှာတော့ အထဲမှာ အော်ရီဂျင်နယ် (မူရင်း) ပစ္စည်း တစ်ခုကို ထုတ်ပြီး ပစ္စည်း အတု တစ်ခုနဲ့ တပ်ဆင်ထားတာကို သိလိုက်ရ ပါတယ်။ ဒါကြောင့် ဒီအတွက် ပြန်အစားထိုးပေးဖို့ အတွက် တောင်းဆိုတာကို ဆိုင်က လက်မခံ ပါဘူး။ ဆိုင်ကိုရော၊ ကားဝယ်တုန်းက ယူထားတဲ့ အာမခံ ကုမ္မဏီ ဝန်ဆောင်မှု ကိုရော စိတ်ဆိုး ဒေါသ ထွက်ပြီး ဒေသတွင်း ကားပြပွဲ တစ်ခုကို မောင်းနှင်လာပါတယ်။

ပြီးတော့ နောက်ထပ် လူသုံးဦးကို ထပ်ငှားပြီး Maserati ကား တစ်စီးလုံး ကြေမွ ပျက်ဆီး သွားအောင် ရိုက်ခွဲ ဖျက်ဆီး ပါတော့တယ်။ သူ့အနေနဲ့ ကား ပြင်တဲ့ ဝပ်ရှော့ကော၊ အာမခံ ကုမ္မဏီကိုကော တရားစွဲ သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: huffingspot
အောင်ခမ်း (www.innewsmyanmar.com)