သားအမိနှစ်ဦးကို ကားဖြင့် တိုက်ထွက်ပြေးသူကို အက်ရှင် ဇာတ်ကားဆန်ဆန် ဖမ်းဆီး

ပို့စ်တင်ချိန် - 6/11/2014 11:40:00 AM


ဆိုင်ကယ်စီးလာသော သားအမိနှစ်ဦးကို ကားဖြင့်တိုက် ကာ ထွက်ပြေးသွားသော
ကားကို နောက်မှ ကားနှင့် အမီလိုက်ကာ အက်ရှင်ကားဆန်ဆန်ရှေ့တွင် ပိတ်ရပ်
လိုက်ပြီး ဖမ်းဆီးပေးခဲ့ သည့်ဖြစ်ရပ်တစ်ခု
ဇွန်လ ၉ ရက် ညက မန္တလေးမြို့တွင် ဖြစ်ပွားခဲ့ သည်။

မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် ၆၂ လမ်းနှင့် သိပံ္ပလမ်း ထောင့် မီးပွိုင့်အနီးတွင် ဇွန်လ ၉ ရက် ည၁၀ နာရီက ကျောင်းသူနှင့်မိခင်ဖြစ်သူတို့ စီးနင်းလာသော ဆိုင်ကယ်ကို ဖိုးဝှီးအိတ်စရာ ကပ်အမျိုးအစားကားက နောက်မှဝင်တိုက်ခဲ့သဖြင့် အသက်(၃၈) နှစ်အရွယ် မိခင်ဖြစ်သူမှာ လွင့်စဉ်ကျသွားပြီး ဒဏ်ရာရရှိခဲ့ကာ နောက်မှ ထိုင်လိုက်လာသော ကျောင်းသူမှာ ဆိုင်ကယ်နှင့် အတူ ယာဉ်တွင် ချိတ်ပါသွားပြီး တစ်ဖာလုံအကွာတွင် ပြုတ်ကျကျန်ခဲ့ကာနေရာတွင်ပင် သေဆုံးသွားသည်။

သားအမိနှစ်ဦးအား တိုက်ခဲ့သော ယာဉ်ကို အသက် (၂၀)ရှိ အမျိုးသားတစ်ဦးက မောင်း နှင်လာခြင်းဖြစ်ပြီး ၆၂ လမ်းသို့ဆက်လက်မောင်းနှင် ထွက်ပြေးသွားခဲ့သည်။ ရွိုင်ရယ် ဆလွန်းအမျိုးအစားခဲရောင် ယာဉ်တစ်စီးက အမီလိုက်ကာ ကျော်တက်ပြီးရှေ့မှ ပိတ်ရပ်လိုက်၍ မောင်းထွက်ပြေးသည့်ကားက ပိတ်ရပ်သည့်ကားကို ၀င်တိုက်မိပြီး သူနာပြု တက္ကသိုလ်ရှေ့တွင် တိမ်းမှောက်သွားကြောင်း မျက်မြင်တွေ့ရှိသူများနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

ထွက်ပြေးသွားသောယာဉ်ကိုလိုက်ဖမ်းပေးသူမှာ နေပြည်တော်မှ ဆရာဝန်တစ်ဦးဟု ပြောဆိုကြပြီး ၎င်း၏စွန့်စားသောလုပ်

ရပ်အတွက် ၀ိုင်းဝန်းချီးကျူးခဲ့ကြ သည်။ ရှေ့မှ ပိတ်ရပ်ခဲ့သဖြင့် ၎င်း၏ ကားမှာလည်း အနည်းငယ်  ပျက်စီးသွားသည်။

အခင်းဖြစ်ပွားသည့် နေရာ မှာ လူသွားလူလာများသည့် လမ်းမဖြစ်ခြင်း၊ ဖြစ်ပွားချိန်တွင်လူများစည်ကားနေသည့်အချိန် ဖြစ်ခြင်းတို့ကြောင့် ဖြစ်လျှင်ဖြစ် ချင်း လူတစ်ရာဝန်းကျင်ခန့် ၀ိုင်း ကြည့်ခဲ့ကြပြီး သေဆုံးသူကိုမြင်တွေ့ခဲ့ရသဖြင့် ဒေါသထွက် ကာ အော်ဟစ်ပေါက်ကွဲသူများရှိ ခဲ့သည်။ စိတ်မထိန်းနိုင်သူ အချို့ က ယာဉ်မောင်း၏ မော်တော် ယာဉ်နှင့် ၀န်းကျင်ကို ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်။

‘‘အုတ်ပုံဘေးမှာဖြစ်တာဆို တော့ အုတ်ခဲက အဝေးကြီးရှာ စရာမလိုတော့ဘူးဖြစ်သွားတယ်။ ရဲတွေတော်တော်များများလာ ထိန်းပေးခဲ့ရတယ်။ ကမ္ဘာမကျေ သီချင်းတွေလည်း ဆိုကြတယ်’’ ဟု အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့သူ မဟာအောင်မြေ မြို့နယ်မှ အမျိုးသားတစ်ဦးက ပြောသည်။ အခင်းဖြစ်ပွားရာသို့ ရဲအင်အား ၇၀ ခန့် လာရောက်ရှင်းလင်းပေးခဲ့သည်။

 အဆိုပါ ယာဉ်တိုက်မှု ကြောင့် အသက် (၁၂) နှစ်အရွယ် ကျောင်းသူမှာ နေရာတွင်ပင် သေ ဆုံးသွားပြီး ဆိုင်ကယ်မောင်းသူ မိခင်မှာ မန္တလေး အထွေထွေ ရောဂါကုဆေးရုံကြီးတွင် ဆေး ၀ါးကုသမှုခံယူနေသည်။ ယာဉ် တိုက်မှုကျူးလွန်ကာ  ထွက်ပြေး ခဲ့သော ယာဉ်မောင်းအမျိုးသား အား ပြစ်မှုပုဒ်မ ၃၀၄က/၃၃၈ လူသေမှု၊ အပြင်းအထန်နာကျင် စေမှုများဖြင့် တရားစွဲဆိုထား ကြောင်း သတင်းရရှိသည်။

7 Day News Daily