အသက် (၁၈) နှစ် ပြည့်လို့မြန်မာမယ်စကြ၀ဠာ ပြိုင်ပွဲဝင်ခွင့်ရသွားတဲ့ ဇွန်သံစဉ်

ပို့စ်တင်ချိန် - 6/09/2014 12:43:00 PM



ဓာတ်ပုံ−နစ်ကီ
ပြီးခဲ့သည့်နှစ် မယ်စကြ ၀ဠာ ပြိုင်ပွဲတွင် အသက်မပြည့် သောကြောင့် ၀င်ရောက်ယှဉ်ပြိုင် ခွင့်မရဘဲ ယခုနှစ်တွင် (၁၈) နှစ် ပြည့်၍ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ ခြင်းဖြစ်ကြောင်း မယ်စကြ၀ဠာ (မြန်မာ) ဆန်ခါတင် ၂၀ဦးတွင် ပါဝင်သည့် မော်ဒယ် ဇွန်သံစဉ် က ပြောသည်။

‘‘အရင်နှစ်က လျှောက်လွှာ တင်ခဲ့ပေမယ့် အသက်မပြည့်လို့ ပြိုင်ခွင့်မရခဲ့ဘူး။ ဒီနှစ်မှ (၁၈) နှစ် ပြည့်လို့ ပြိုင်ခွင့်ရတာပါ။ ဒါပေမဲ့ ဒီတစ်နှစ်အတွင်းမှာ အများကြီး ပြင်ဆင်ခဲ့တာဆိုတော့ ယုံကြည်မှု ပိုရှိလာပါတယ်’’ ဟု ဇွန်သံစဉ်က ပြောသည်။

မယ်စကြ၀ဠာ ပြိုင်ပွဲသည် ကမ္ဘာပေါ်တွင် အကြီးဆုံး အလှ မယ်ပြိုင်ပွဲဖြစ်သောကြောင့် အ ခြားပြိုင်ပွဲများနှင့်မတူဘဲ ကြိုးစား ရမည်ဖြစ်ပြီး ယခုကဲ့သို့ ဆန်ခါ တင် ၂၀ဦးတွင် ပါဝင်ခဲ့သော ကြောင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူ ကြောင်း ဇွန်သံစဉ်က ပြောသည်။

‘‘ငယ်ငယ်ကတည်းက Miss Universe ပြိုင်ပွဲတွေ ကြည့်ဖြစ် တယ်။ အရမ်းလည်း အားကျခဲ့ တယ်။ ကြီးလာရင် ကိုယ်တိုင် ယှဉ်ပြိုင်မယ်ဆိုပြီး စိတ်လည်း အ ရင်ကတည်းက ရှိခဲ့တယ်’’ ဟု ၎င်းကပြောသည်။

ဇွန်သံစဉ်သည် မော်ဒယ် လောကသို့ ၂၀၁၂ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး Miss Christmas ပွဲတွင် ယှဉ်ပြိုင်ခဲ့ရာ ဆုတစ်ဆု ရရှိခဲ့သည်။ ၂၀၁၃ ခုနှစ်၌   ပြုလုပ်ခဲ့သော Miss Myanmar International 2013 တွင် 1st Runner-Up ဆု ရရှိခဲ့ပြီး    ယခုနှစ် ကျင်းပသော Face of Myanmar 2014 ပြိုင် ပွဲတွင် Miss Cobaco 2014 ဆု ရရှိခဲ့၍ တောင်ကိုရီးယားနိုင်ငံ၌ ပြုလုပ်သော Asia Newe Star Model Contest 2014 တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ဆုတစ်ဆု ရရှိခဲ့သည်။

‘‘တခြားနိုင်ငံမှာ နိုင်ငံတကာ နဲ့ယှဉ်ပြီး ဘယ်လိုယှဉ်ပြိုင်ရမယ် ဆိုတာ သိခဲ့တယ်ဆိုတော့ Miss Universe Myanmar ပြိုင်ပွဲအ တွက်လည်း အထောက်အကူရ မယ်လို့ ထင်ပါတယ်’’ ဟု ဇွန်သံ စဉ်က ပြောသည်။

မယ်စကြ၀ဠာ (မြန်မာ) ပြိုင် ပွဲတွင် ခါးနံပါတ် ၆ ဖြင့် ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ပြီး လိုအပ်ချက် များကို ဖြည့်ဆည်းကာ ကြိုးစား ယှဉ်ပြိုင်သွားမည်ဖြစ်သော ကြောင့် ပရိသတ်များအနေဖြင့် အားပေးစေလိုကြောင်းဟု ဇွန်သံ စဉ်က ပြောသည်။

7day