ရဲ သေဆုံးမှု တိမ်းရှောင်နေသုများ တရားခံပြေး အဖြစ် ကြေညာ

ပို့စ်တင်ချိန် - 6/09/2014 07:25:00 AM


ဒီနှစ်အစပိုင်း ဇန်န၀ါရီလ ၁၃ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရာတန်းကျေးရွာမှာ ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်သိန်း သေဆုံးသွားတဲ့ ဖြစ်စဉ်တွေနဲ့ဆက်နွယ်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ၄၆ ဦးကို တရားခံပြေးအဖြစ် ထုတ်ပြန်ကြေငြာထားကြောင်း အမည်မဖေါ်လိုတဲ့ မောင်တောခရိုင်ရဲအရာရှိတစ်ဦးက ဒီကနေ့ ပြောကြားပါတယ်။

ရဲတပ်ဖွဲ့က တရားခံပြေးအဖြစ် ထုတ်ပြန်ကြေငြာထားတာနဲ့ ပတ်သက်ပြီး  အဲ့ဒီ ရဲအရာရှိကအခုလို ပြောပါတယ်။

" ထောင် ၇ နှစ်ချလိုက်တာတွေ့တယ်၊ ဆက်နွယ်ပြီးရှောင်နေတာကတော့  တရားခံပြေးတွေပဲ၊ တရား ခံပြေး စာရင်းကြေညာထားတယ်၊ ပြီးရင်ဒီမြို့ပေါ်တွေမှာလည်း ဗီနိုင်းတွေနဲ့ တရားခံပြေးဘယ်သူဆို တာတွေ  လွတ်သွားတာရှိတယ်၊ အဲ့လိုတော့ လုပ်ထားတယ် "

ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်သိန်း သေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ဒုချီးရာတန်းနဲ့ အနီးတစ်ဝိုက်ကျေးရွာတွေက မွတ်ဆလင် ၈ ဦးကိုလည်း မေလ ၂၈ ရက်နေ့က မောင်တောမြို့နယ်တရားရုံးကနေ အလုပ်နဲ့ထောင်ဒဏ် ၇ နှစ်စီအသီးသီးချမှတ်ခဲ့ပါတယ်။

ဦးအောင်ကျော်သိန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့က ဒုချီးရားတန်းကျေးရွာမှာ လုံခြုံရေးကင်းလှည့် စဉ် ကျေးရွာသားတွေနဲ့  တိုက်ခိုက်မှုဖြစ်ကာ သေဆုံးသွားခဲ့ပြီး သူနဲ့အတူပါတဲ့ သေနတ်တစ်လက်လည်း ပျောက် ဆုံးခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

RFA Burmese