” တော်လှန်” ဆိုတဲ့ စာလုံးနဲ့ ဝါကျ တစ်ကြောင်း (ဟာသ)

ပို့စ်တင်ချိန် - 6/09/2014 06:56:00 AM



တစ်နေ့… ကျောင်းဆရာ D2 တစ်ယောက် ကျောင်းသားတွေကို တော်လှန်ရေး ခေတ်က မြန်မာ့ အာဇာနည်တွေ အကြောင်းကို သင်ကြားနေတယ်..။

D2 >> အဲ့ခေတ်ကပေါ့ကွာ… အင်္ဂလိပ်တွေ ဂျပန်တွေကို တော်လှန် လိုက်ကြတာ မိန်းခလေးတွေပါမကျန် ပါဝင်တိုက်ခိုက်ခဲ့တာကွ… ဆရာ့အဖိုးရဲ့ အဖေဆိုရင်လည်း တော်လှန်ခဲ့တယ်… အမေဆိုရင်လည်း တော်လှန်ခဲ့တာပဲ.. တစ်ကယ်တော့ တော်လှန်ရေးဆိုတာ..ဆိုတာ..

ထိုသို့.. ဆရာက စိတ်အား ထက်သန်စွာ သင်ကြားနေသော်လည်း.. တပည့် အလိမ္မာများမှာ ငိုက်မြည်းနေကြ လေသည်..။ နောက်ဆုံး ခုံတန်းမှ ဂျပိုး( Amtda Awna) ဟုခေါ်သော သုံးနှစ်ကျ ကျောင်းသားမှာ အိပ်ပင် ပျော်နေလေသည်..။ ဒါကို ဆရာက မြင်လိုက်တော့…

D2 >> ဟိုး..နောက်ဆုံးတန်းက ဂျပိုး.. ဟေ့..ဘေးကကောင်တွေ နှိုးလိုက်စမ်း…

ဘေးလူများ၏ ကောင်းမှု့ကြောင့် ဂျပိုး နိုးလာသည်..။

ဂျပိုး >> ဟုတ်..ဟုတ်ကဲ့ ဆရာ..။

D2 >> ဟုတ်ကဲ့ လုပ်မနေနဲ့.. ဒီလောက် အိပ်ချင်တဲ့ကောင်.. ” တော်လှန်” ဆိုတဲ့ စာလုံးနဲ့ ဝါကျ တစ်ကြောင်းကို ဖွဲ့ပြစမ်း..
ဂျပိုး >> ဘယ်လိုဖြစ်ဖြစ် ရလားဆရာ.. ကျနော် မနေ့ညက ကြုံတာလေးတွေရော ရလား..

D2 >> ရတယ်ကွာ.. ဖွဲ့မှာသာ ဖွဲ့စမ်းပါ..။

ဂျပိုး >> ညအိပ်ခါနီးတွင် အမေက အဖေ့အား.. တော်လှန်မှာလား မလှန်ဘူးလားဟု…ဟု..

D2 >> ဟိုး… stop နေတော့..ရပြီ..။ မင်းထိုင်တော့..
ဘေးက ငိုက်နေတဲ့ကျောင်းသား ပဲခူးသား( Bago Thar) ထစမ်း.. မင်းတို့ရဲ့ ဆရာ ငါက အင်္ဂလိပ်တွေကို တော်လှန်တယ် ဆိုတဲ့ အဓိပ္ပါယ်ပါတဲ့.. ဝါကျ တစ်ကြောင်း ဖွဲ့ပြစမ်း…

ပဲခူးသား >> အင်္ဂလိပ်များ ရွာထဲသို့ ဝင်လာသော အခါ ဆရာကတော် လှန်သည်..။

D2 >> အွန်…သေဟ..!

credit: မြန်မာဟာသ