ကွန်ပြူတာရဲ့ ဆေးစာ (ဟာသ)

ပို့စ်တင်ချိန် - 6/09/2014 06:55:00 AM



လူတစ်ယောက်ဟာ သူ့ညာဘက် လက်မောင်း နာနေလို့ ဆရာဝန်နဲ့ ပြကြည့်မယ်ဆိုတော့.. သူ့ သူငယ်ချင်းက အလကား ပိုက်ဆံကုန်အောင်ကွာ.. ကွန်ပြူတာ စက်ကို “ဆီး” အစစ်ခိုင်းပြီး ရောဂါ ရှာလိုက်ရင် ဆယ်စက္ကန့် အတွင်း သိရမယ်.. ပြီးတော့ ငွေတစ်ထောင်ပဲ ကုန်မယ် ပြောတော့ စိတ်ဝင်စား ဖြစ်မိတာနဲ့…

ဆေးခန်းရှေ့ က ကွန်ပြူတာဆီကို ရောက်သွားမိတယ်…

ရောက် ရောက်ချင်း ကွန်ပြူတာထဲကို တစ်ထောင် ထည့်လိုက်တော့.. ကွန်ပြူတာက “ဆီး” ထည့်ဖို့ ပုလင်းခွံ တစ်လုံး ထွက်လာတယ်…

“ဆီး” တွေကို ကွန်ပြူတာနဲ့ ချိတ်ထားတဲ့ ခွက်ထဲ လောင်းထည့်လိုက်ပြီး ဆယ်စက္ကန့် အကြာမှာ ကွန်ပြူတာက ဆေးညွှန်းစာရွက် ထုတ်ပေးတယ်…

” သင့်လက်မောင်း နာနေတယ်.. စိုးရိမ်စရာမရှိ.. ရေနွေးနွေးနဲ့ ကြပ်ပူတိုက်ပေးပါ.. အလေးအပင် မ မပါနဲ့.. တစ်ပတ်အတွင်း ကောင်းသွားမှာပါ…” တဲ့..။

ဆေးစာကို ကြည့်ပြီး သူ တော်တော် အံ့သြသွားတယ်..။ ကွန်ပြူတာကို တော်တော်လေးလည်း အထင်ကြီးသွားတယ်…။

အိမ်ပြန်ရောက်တော့ ကွန်ပြူတာကို အရူးလုပ်ချင်တဲ့ စိတ်ကူး ပေါက်သွားတယ်တဲ့…။

ဒါနဲ့.. “ဆီး” ထည့်တဲ့ ပုလင်းထဲကို…
၁။ ရေပိုက်ထဲက ရေနည်းနည်း..
၂။ ခွေးဆီက…
၃။ သမီးဆီက…
၎။ ဇနီးဆီက.. “ဆီး” နည်းနည်းစီ ရောထည့်..
၅။ သူ့ “ဆီး” ကိုတော့ ကွန်ပြူတာက သိပြီးသား ဖြစ်နေတော့… (ကန်တော့ပါရဲ့..) မာစတာဘိ လုပ်ပြီး.. သူရဲ့ သုတ် အနည်းငယ် ပေါင်းထည့်လိုက်တယ်…။

နောက်… ကွန်ပြူတာဆီ ပြန်သွားတယ်..။ အရင်အတိုင်းပဲ ငွေတစ်ထောင် ထည့်လိုက်တော့ ကွန်ပြူတာက စစ်ဆေးတော့တာပဲ…

အဲ… ဆယ်စက္ကန့်နဲ့ မပြီးဘူးဖြစ်နေ သတဲ့..။ ကွန်ပြူတာ.. ခေါင်းနည်းနည်း စားသွားပုံ ရတယ်..။ အတော်လေး ကြာမှ စာရွက် တစ်ရွက် ထွပ်လာတယ်….။

” သင်သိလိုတဲ့ အဖြေအားလုံးကို သိဖို့ ငွေလေးထောင် ထပ်ထည့်ပါ..” တဲ့…။

ဟုတ်တယ်လေ… သူ့ဟာက ငါးမျိုး ဖြစ်နေတာကိုး…. ငွေလေးထောင်လဲ ထပ်ထည့်လိုက်ရော.. ဆေးစား အပြည့်အစုံ ထွက်လာတယ်… ဒီလို…

၁။ သင့် ရေပိုက်ခေါင်းက သံချေးတွေ တက်နေပြီး ရေက နံနေတယ်.. ဒီရေကို သုံးစွဲရန် မသင့်… ရေပိုက်ခေါင်းအသစ် အမြန်လဲပါ..။
၂။ သင့်ခွေးမှာ ဝဲ ပေါက်နေတယ်.. လူကို မကူးစက်ခင် ဝဲပျောက်ဆေးလူးပြီး ရေချိုး ပေးလိုက်ပါ..။
၃။ သင့် သမီးက ငယ်ငယ် ရွယ်ရွယ်နဲ့ ဆေးစွဲနေတယ်.. ဆရာဝန်နဲ့ အမြန်ပြပြီး ဆေးဖြတ်ပေးပါ.. AIDS ဖြစ်လာနိုင်ချေ ရှိတယ်…။
၎။ သင့် ဇနီးမှာ ကိုယ်ဝန်ရှိနေပြီ.. မိန်းခလေး.. အမွှာပူး.. သင်နဲ့ရတာ မဟုတ်.. ကွာရှင်းဖို့.. ရှေ့နေတစ်ယောက်.. အမြန်ရှာထားပါ…။
၅။ အဲ့.. သလိုသာ လက်ကမျင်းနေရင် ညာဘက် လက်မောင်းနာတာ ဘယ်တော့မှ မပျောက်ဘူး…မှတ်ပါ..” တဲ့..
ဂြီ…!

credit: -Xin
@Chilly’s Joke Corner