ဘဲလေးကောင်နဲ့ ဆွေမျိုးသဖွယ် ချစ်ခင်စွာနေထိုင်တဲ့ ထူးခြားတဲ့ခွေး

ပို့စ်တင်ချိန် - 6/22/2014 02:59:00 PM




အေသင်အောင်

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ရှိ ဆင်ခြေဖုံး ရပ်ကွက်တစ်ခုမှာ မွေးထားတဲ့ ခွေးတစ်ကောင်ဟာ ဘဲလေးကောင်နဲ့ ချစ်ခင် ရင်းနှီးစွာ နေထိုင်နေတယ် လို့ သိရပါတယ်။ ဂျာမန်အမျိုးအစား ခွေးလေးဟာ ဘယ်နေရာကိုပဲသွားသွား ဘဲလေးကောင်က လိုက်ပါစမြဲ ဖြစ်နေတာ အံ့အားသင့်ဖွယ်ရာ တွေ့ခဲ့ရပါ တယ်။ ဘဲလေးကောင်ဟာ ခွေးလေးကို အလွန်ခင်ပြီး သူတို့ရဲ့ နှုတ်သီးတွေနဲ့ ထိုးကာ ဆော့ကစားလေ့ရှိပါတယ်။ တိရိစ္ဆာန်တွေကို မွေးထားတဲ့ ပိုင်ရှင် ဖြစ်သူ ယူရီကီက ဘဲလေးကောင်နဲ့ ခွေးတစ်ကောင် ရင်းနှီးစွာနေထိုင်တဲ့ မြင်ကွင်းဟာ ထူးခြားကြောင်း၊ ဘဲလေးကောင်ဟာ ခွေးလေးကို အလွန်ခင်ကြပြီး အမြဲတမ်း ဆော့ကစားတတ်ကြောင်း၊ သို့သော်လည်း ခွေးလေးဟာ ရန်လိုသည့် အပြုအမူများလုံးဝမရှိခဲ့ကြောင်း ပြောသွားခဲ့ပါတယ်။ ဘဲလေးကောင်ဟာ ခွေးလေးကို စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်ပြီး အစောပိုင်းမှာ ရန်ဖြစ်လိမ့်မယ်လို့ ထင်ခဲ့ပေမယ့် ခြံဝင်းထဲမှာ ပျော်ရွှင်စွာ နေထိုင်ကြတယ်လို့ သိရပါတယ်။ အချို့အချိန်တွေမှာ အိပ်နေတဲ့ ခွေးလေးအပေါ်ဘဲတွေက ခုန်တက်ပြီး နှုတ်သီးတွေနဲ့ ထိုးတတ်ကြပေမယ့် မည်သည့်ပြဿနာမှ မရှိခဲ့တာကတော့ အံ့အား သင့်စရာ ဖြစ်ခဲ့ပါတယ်။ မျိုးမတူတဲ့ တိရိစ္ဆာန်တွေတောင် အတူနေထိုင်လို့ရတယ်ဆိုတဲ့ အသိပေးမှုက ယူတတ်ရင် သင်ခန်းစာတစ်ခုလို့ ပြောရမှာ ဖြစ်ပါ တယ်။

The Messenger