ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ရမ်းကားခဲ့သည့် ပရိသတ်ရှစ်ဦးကို ထောင်တစ်နှစ်စီချ

ပို့စ်တင်ချိန် - 6/08/2014 11:17:00 AM


၂၀၁၃ မြန်မာနေရှင်နယ် လိဂ်ဘောလုံး ရာသီ၏ နောက်ဆုံး ပွဲစဉ်ဖြစ်သည့် နေပြည်တော်- ရန်ကုန်ပွဲစဉ်တွင်  ဝဏ္ဏ သိဒ္ဓိအားကစားကွင်းရှိ ထိုင်ခုံများကိုဖျက် ဆီးခဲ့သည့် လူငယ်ပရိသတ်ရှစ်ဦးကို ဇမ္ဗူသီရိမြို့နယ်တရားရုံးက အလုပ်နှင့်ထောင်ဒဏ်တစ်နှစ်စီကျခံရန် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

  ပြီးခဲ့သည့်နှစ် ဩဂုတ် ၄ ရက်ညနေက  ယှဉ်ပြိုင်ကစားခဲ့ သည့် အဆိုပါပွဲစဉ်ဖြစ်စဉ်နှင့်ပတ် သက်၍  တာဝန်ရှိသူတစ်ဦး၏ တရားလိုပြုလုပ်  တိုင်ကြားချက် အရ အားကစားကွင်းထိုင်ခုံများ ဖျက်ဆီးခဲ့ရာတွင် ပါဝင်ပတ်သက် ခဲ့သည်ဟု ယူဆရသည့် ပရိသတ် ၁၂ ဦးကို နေပြည်တော်ကောင် စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်အမှတ်(၅)ရဲစခန်းက စတင်စစ်ဆေးခဲ့သည်။

ပြည်သူပိုင်ပစ္စည်းကာကွယ် စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆(၁)ဖြင့် ဆယ်လကြာစစ်ဆေး ပြီးနောက် ယခုနှစ် မေလ ၃၀ ရက်တွင် ရှစ်ဦးကိုပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

  ပြစ်ဒဏ်ကျခံရသူရှစ်ဦး သည် အသက် (၂၀)ဝန်းကျင်လူ ငယ်များဖြစ်ကြောင်း ဇွန်လ ၇ ရက်ထုတ်  နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြချက်အရ သိရှိရသည်။

 ‘‘ရှစ်ဦးကို ပြစ်ဒဏ်ချမှတ် လိုက်တာဟုတ်ပါတယ်။  ကျွန် တော်တို့ကတော့ အမှုကိုတည် ဆောက်ပြီး တရားရုံးကိုပို့လိုက် တာပဲ။ အသေးစိတ်အချက် အလက်ကိုတော့ တရားရုံးကိုမေး မှပဲ သိရမယ်’’ဟု ဇမ္ဗူသီရိမြို့နယ် အမှတ် (၅)ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက ဇွန်လ ၇ ရက်က ပြောသည်။

  ပရိသတ်နှစ်သောင်းဝန်း ကျင်လာရောက်အားပေးခဲ့သည့် အဆိုပါပွဲစဉ်တွင် ပရိသတ်အချို့ စည်းကမ်းမဲ့သောင်းကျန်းကာ ကွင်းအတွင်းဝင်ရောက်မှု၊ ကစား သမားအချို့နှင့် ခိုက်ရန်ဖြစ်ပွားမှု တို့ကြောင့် ပွဲစဉ်ပြီးဆုံးအောင် ယှဉ်ပြိုင်နိုင်ခြင်းမရှိဘဲ ပွဲချိန် ၃၇ မိနစ်တွင် ရပ်နားခဲ့ရသည်။ နှစ်ဖက်အသင်းမှ အုပ်ချုပ်နည်း ပြအဖွဲ့ဝင်များနှင့် ကစားသမား များခိုက်ရန်ဖြစ်ပွားမှုများလည်း ရှိခဲ့ကြသည်။

ဝဏ္ဏသိဒ္ဓိကွင်းတွင် ပထမ ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ယင်းပွဲ စဉ်တွင် ပရိသတ်အချို့၏ ဖျက် ဆီးမှုကြောင့် အားကစားဝန်ကြီး ဌာနပိုင် ထိုင်ခုံအရေအတွက် ၁၆၀ ဝန်းကျင်ပျက်စီးခဲ့ပြီး ဆုံးရှုံး မှုတန်ဖိုး ကျပ်သိန်းသုံးရာဝန်း ကျင်ခန့်ရှိခဲ့သည်။

ယင်းအဖြစ်အပျက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်စည်းကမ်းထိန်းသိမ်း ရေးကော်မတီက စုံစမ်းစစ်ဆေး မှုများပြုလုပ်၍ နှစ်ဖက်အသင်းမှ တာဝန်ရှိသူနှင့် ကစားသမား အချို့ကို ပြစ်ဒဏ်များချမှတ်ခဲ့ပြီး ဖြစ်သည်။

၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲမတိုင် မီ ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများ ကျင်းပမည့် နေပြည်တော်ရှိ ဝဏ္ဏ သိဒ္ဓိကွင်းတွင် ပထမဆုံးအကြိမ် ကျင်းပခဲ့သည့် အဆိုပါမြန်မာလိဂ် ပွဲစဉ်သည် ပွဲအတွင်းရုန်းရင်းဆန် ခတ်ဖြစ်မှုများကြောင့် ပွဲမပြီးမီ ရပ်နားလိုက်ရသည့် ပွဲစဉ်အဖြစ် မှတ်တမ်းဆိုးဝင်ခဲ့ရပြီး နိုင်ငံခြား သတင်းဌာနများကလည်း သတင်းဖော်ပြခဲ့ကြသည်။

7Day News Daily