ကျောင်းချိပ်ပိတ်ခံရမှု ပီနန်ဆရာတော်ဘုရားကြီးနှင့် မေးမြန်းချက်




ဇွန်လ ၁၁ ရက်နေ့ မနက် ၁ နာရီမှာသာသနာရေးဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့က
တာမွေမြို့နယ် နတ်ချောင်းမှာရှိတဲ့ မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးမှာ သီတင်းသုံးနေတဲ့ သံဃာတွေနဲ့ ကျောင်းမှာ ဝေယျာဝစ္စဆောင်ရွက်တဲ့ ဒကာနဲ့ ဒကာမတွေကို ဖယ်ရှားခဲ့ပြီး ကျောင်းကို ချိပ်ပိတ်ခဲ့ပါတယ်။

သံဃာတွေကိုတော့ ကမ္ဘာအေးကို ပင့်ဆောင်သွားခဲ့ပါတယ်။  တာမွေရဲစခန်းကို ခေါ်ဆောင်ခံရတဲ့ အမျိုးသား ၁၇ ဦးနဲ့ အမျိုးသမီး ၁၅ ဦးတို့ကိုတော့ မနက် ၉ နာရီဝန်းကျင်လောက်က ပြန်လွှတ်ပေးလိုက်ပါတယ်။

မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီးကို ကမ္ဘာ့သာသနာပြု ပီနန်ဆရာတော်ဘုရားကြီး ဦးပညာဝံသက ပိုင်ဆိုင်ကြောင်း အထောက်အထား အခိုင်အလုံ ရှိတယ်လို့ တင်လျှောက်ခဲ့ပေမယ့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကလည်း အဖွဲ့ကို ရေစက်ချ လှူဒါန်းထားတာကြောင့် အဖွဲ့ပိုင်ဖြစ်တယ်လို့ ရပ်တည်နေတာ ဖြစ်ပါတယ်။

ပီနန်ဆရာတော်ဟာ ပြည်ပနိုင်ငံတွေမှာ ကျောင်းတွေ ဆောက်လုပ် သာသနာပြုနေသူ ဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်လည်ကြွချီစဉ်မှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နဲ့ ကျောင်းပိုင်ဆိုင်ရေးမှာ အခြေအတင် ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ရဲ့ မတ် ၆ ရက်နေ့ ၄၇ ပါး စုံညီအစည်းအဝေးမှာတော့ ကျောင်းမှာ သီတင်းသုံးနေတဲ့ ပီနန်ဆရာတော်နဲ့ အပေါင်းပါတွေဟာ ၂၀၁၄ ခုနှစ် မတ် ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ကျောင်းကနေ  အပြီးအပိုင် ထွက်ခွာသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမယ့် ပီနန်ဆရာတော်ကြီးဟာ ဆက်လက်သီတင်းသုံးနေစဉ်က တစုံတရာ မထူးခြားပေမယ့် ဆရာတော်ကြီး ဂျပန်နိုင်ငံကို ကြွချီနေတဲ့အချိန်မှာ ကျောင်းကို ၀င်ရောက်ဖယ်ရှား ချိပ်ပိတ်ခဲ့တာ ဖြစ်ပါတယ်။

၁၀ ထပ်အမြင့် ဆောက်လုပ်ထားတဲ့ ဒီကျောင်းတော်ကြီးကို သာသနာပြုဖို့ ရည်ရွယ် ဆောက်လုပ်ခဲ့ပေမယ့် လက်ရှိကာလမှာ ပီနန်ဆရာတော်ကြီးဘက်က သံဃာ ၅ ပါးနဲ့ မဟနက ထားရှိတဲ့ သံဃာ ၂ ပါးခန့်သာ သီတင်းသုံးနေကြတာလို့ ဆိုပါတယ်။

ဒီကျောင်းတော်ကြီးမှာ မင်္ဂလာဆွမ်းကျွေးဧည့်ခံခြင်းတွေကို ဆောင်ရွက်နေပြီး ထမင်းကျွေးမွေးတဲ့ ခန်းမတွေဟာ ၉ သောင်းနဲ့ ၅ သောင်း အသီးသီးဈေးပေါက်ပါတယ်။

အစားအသောက်နဲ့ အခမ်းအနားပြင်ဆင်မှုတွေ၊ မှတ်တမ်းတင်တွေအတွက်ပါ ၀န်ဆောင်မှု ပေးသလို ဖျော်ဖြေရေးပိုင်းမှာလည်း စင်တင်တီးဝိုင်းတွေဟာ  ၄ သိန်း၊ ၃ သိန်း အသီးသီး ငှားရမ်းတင်ဆက်နေတာပါ။

ကျောင်းချိပ်ပိတ်ခံရမှုနဲ့ ပတ်သက်လို့ မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးရဲ့ ပဓာန သြ၀ါဒါစရိယ ကမ္ဘာ့သာသနာပြုဆရာတော်ကြီး အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ သဒ္ဒမ္မ ဇောတိကဓဇ ဘဒ္ဓန္တ ပညာဝံသ (ပီနန်ဆရာတော်)ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။



Credit : DVB

ပီအာရ်စနစ်ကျင့်သုံးရန် အမျိုးသားလွှတ်တော် အတည်ပြု


ရန်ကုန်- အမျိုးသားလွှတ်တော်တွင် လာမည့် ရွေးကောက်ပွဲ၌ အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲ (PR)စနစ် ပြောင်းလဲကျင့်သုံးရန် ရွေးကောက်ပွဲကော်မရှင်အား တိုက်တွန်းကြောင်းအဆိုကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်သော်လည်း ထောက်ခံသူများသည့်အတွက် အဆိုအတည်ဖြစ်သွားပြီဖြစ်သည်။

အဆိုကို မဲခွဲဆုံးဖြတ်ရာ၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အားလုံးနှင့် အခြားလွှတ်တော်ကိုယ်စားလှယ်များက မတ်တတ်ရပ်၍ ကန့်ကွက်သော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံခဲ့သည့်အတွက် ထောက်ခံမဲ ၁၁၇ မဲ၊ ကန့်ကွက်မဲ ၈၅ မဲဖြင့် အဆို အနိုင်ရရှိသွားခြင်းဖြစ်သည်။

အဆိုအနိုင်ရရှိသော်လည်း ရွေးကောက်ပွဲစနစ် အရေးကြီးသည့်အတွက် လွှတ်တော်အနေဖြင့် ကော်မရှင်ဖွဲ့၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ညှိနှိုင်းဆွေးနွေးရန်လိုအပ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားလိုက်သည်။

7DAY DAILY

လမ်းလျှောက်နေသူ အမျိုးသမီး၏ ငွေအိတ်အား လုယူထွက်ပြေးသူကို ဖမ်းဆီးရမိ


၁၀.၆.၂၀၁၄ ရက်နေ့ ၀၉၃၀ အချိန်ခန့်တွင် မဇင်မာလင်းသည် ရိုးမဘဏ်တံဆိပ်ပါ ကြွပ်ကြွပ်အိတ် အတွင်းငွေကျပ် (၁၀)သိန်း ထည့်ကာ မရမ်းကုန်းမြို့နယ်၊(၁)ရပ်ကွက်၊ ဘုရင့်နောင်ပွဲရုံဝင်း၊ ငုဝါလမ်း အတိုင်းလမ်းလျှောက်နေစဉ် ၎င်း၏လက်တွင်ဆွဲလာသော ငွေအိတ်အား အမျိုးသားတစ်ဦးမှ လုယူထွက်ပြေးသွားခဲ့ ပါသည်။

ထိုသို့လုယူထွက်ပြေးသွားသူကို ပတ်ဝန်းကျင်ရှိပြည်သူများနှင့် ဘုရင့်နောင်ရဲစခန်းမှလှည့်ကင်းတပ်ဖွဲ့ဝင်တို့မှ ၀ိုင်းဝန်းဖမ်းဆီးခဲ့ရာ လုယူသွားသောငွေများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းမှာ နဂေးမီးယား(ခ)မုန်တိုင်း (၄၃)နှစ်၊ ကျိုက်လတ်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနေသူဖြစ်ကြောင်းသိရှိရပါသည်။

ထိုသို့ပြစ်မှုကျူးလွန်သူ နဂေးမီးယား(ခ)မုန်တိုင်းအား မရမ်းကုန်း မြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်း (ပ)၂၁၃/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police

မီးဖိုချောင်သုံး ဂက်စ်ဈေးနှုန်း ၂ ဆကျော် ခုန်တက်


 ပြီးခဲ့တဲ့ လပိုင်းအထိ ၁ ပိဿ      ကျပ် ၂၆၀၀ ၀န်းကျင်ရှိခဲ့တဲ့ မီးဖိုချောင်သုံး ဂက်စ်အရည် Liquid Petroleum Gas- LPG ဈေးနှုန်းဟာ ကျပ် ၆၅၀၀ အထက်အထိ နှစ်ဆ ကျော် မြင့်တက်သွားပြီး ရောင်းစရာ ဂက်စ်လည်း မရှိတဲ့အတွက် တချို့ဆိုင်တွေ ပိတ်ထားရတယ်လို့ အာကာမိုး ဂက်စ်အရောင်းဆိုင်က ဒီဗွီဘီကို ပြောပါတယ်။

ခုလို ဖြစ်ရတာဟာ ထိုင်းနိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ပွားပြီး ထိုင်းဘက်က ဂက်စ် တွေ ၀င်မလာတာကြောင့် ပစ္စည်းပြတ်ပြီး ဈေးတက်သွားရတာလို့ သူက ပြောပြပါတယ်။

ရန်ကုန်မှာ LPG ကို စားသောက်ဆိုင်နဲ့ ဟိုတယ်တွေက အများဆုံး အသုံးပြုနေကြပြီး အလျင်အမြန် ချက်ပြုတ်လိုတဲ့ အိမ်ရှင်မတွေကလည်း အသုံးပြုကြပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံက ဂက်စ်ကို ၀ယ်ယူပြီး မဲဆောက်လို နယ်ခြားဒေသ ပြည်သူတွေ ဈေးပေါပေါနဲ့ သုံးနိုင်အောင် LPG ကို အရှုံးခံ ရောင်းပေးနေပြီး၊ အဲဒီ ဂက်စ်တွေ မြန်မာနိုင်ငံထဲ မှောင်ခိုပြန်ဝင်နေတာ ဖြစ်ပါတယ်။

By ဒီဗွီဘီ

မကွေးတွင် တိုက်လေယာဉ်တစ်စီး လေ့ကျင့်နေစဉ် ပျက်ကျ


လေထီးဖြင့် ခုန်ချလွတ်မြောက်သွားသည့် လေတပ်အရာရှိနှစ်ဦး (ဓာတ်ပုံ − ဇော်မျိုးဝင်း)



M29 တပ်မတော်တိုက်လေယာဉ်တစ်စီး လေ့ကျင့်ရေးပြုလုပ်နေစဉ် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာ နင်းကြမ်းကျေးရွာအနီးရှိ ယာခင်းထဲသို့ ဇွန်လ ၁၁ ရက် နံနက် ၁၀ နာရီကျော်တွင် ပျက်ကျသွားကြောင်း သတင်းရရှိသည်။

လေယာဉ်မှာ ပျက်စီးသွားခဲ့သော်လည်း လေယာဉ်ပေါ်လိုက်ပါလာသော ဒုတိယဗိုလ်မှူးကြီးနှင့် ဗိုလ်ကြီးအဆင့် အရာရှိနှစ်ဦးမှာ လေထီးဖြင့် ခုန်ချလွတ်မြောက်သွားပြီး ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့သည်။

တိုက်လေယာဉ်ပျက်ကျသည့် သတင်းကို အတည်ပြုခဲ့သော်လည်း တပ်ပိုင်းဆိုင်ရာကိစ္စများ ဖြစ်သောကြောင့် အသေးစိတ်မပြောနိုင်ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့မှ တာဝန်ရှိသူများက ပြောသည်။

ပျက်ကျသွားသော လေယာဉ်အပျက်အစီးအပိုင်းအစများ (ဓာတ်ပုံ − ဇော်မျိုးဝင်း)

ပျက်ကျသွားသော လေယာဉ်အပျက်အစီးအပိုင်းအစများ(ဓာတ်ပုံ − ဇော်မျိုးဝင်း)





7day daily

ဗိုက်ပူလို့ စိတ်ညစ်နေသလား



အမျိုးသမီး အများစုဟာ ဗိုက်ပူ တာကြောင့် ဗိုက်သား ချပ်ရပ်ဖို့ အတော် ကြိုးစား ယူရပါတယ်။ ဗိုက်ပူလာပြီ ဆိုရင် ပြန်ပြီးဗိုက်ချပ်ဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ စနစ်တကျ လိုက်နာပြီး မှန်မှန်ကြိုးစား မယ်ဆိုရင်တော့ ချပ်ရပ်တဲ့ ဗိုက်သားအလှကို ရရှိလာပါလိမ့်မယ်။

အဆင့် (၁) လေ့ကျင့်ခန်း
ဒိုက်ထိုးလေ့ကျင့်ခန်းလုပ်ပါ
ကြမ်း ပြင်ပေါ်လေးဖက်ထောက် အ နေအထားမျိုး နေပါ။ လက်နှစ်ဖက် အ ကွာအဝေးက ပခုံးတွေထက် အနည်း ငယ် ပိုကျယ်သင့်ပါတယ်။ ပြီးရင် သင့် ရင်ဘတ်က ကြမ်းပြင်နဲ့ ထိကပ်လုနီးပါး ဖြစ်တဲ့အထိ ခန္ဓာကိုယ်ကို နှိမ့်ထားသင့် ပါတယ်။ပြီးရင် နဂိုအနေအထားမှာ ပြန် နေပြီး ထပ်ကာ ထပ်ကာ လုပ်ပေးပါ။

တင်ပါးမြှင့်လေ့ကျင့်ပါ
ကြမ်းပြင်ပေါ်မှာ ပက်လက်လှန်လဲ လျောင်းပြီး ဒူးတွေကို ကွေးကာ ခြေဖဝါး တွေကို ကြမ်းပြင်ပေါ်မှာ အပြားလိုက်ချ ထားပါ။ ပြီးရင် တင်ပါးတွေကို မြှင့်တင် လိုက်ပါ။ ဒီအချိန်မှာ ခန္ဓာကိုယ်ဟာ ပခုံး နဲ့ ဒူးအထိ တစ်ဖြောင့်တည်း ဖြစ်နေရပါ မယ်။ ဒီအနေအထားအတိုင်း ငါးစက္ကန့် နေပြီး ခန္ဓာကိုယ်အောက်ပိုင်းကို နဂို အနေအထားမှာ ပြန်ထားပါ။ ခန္ဓာကိုယ် ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို မြန်စေပါတယ်။

အဆင့် (၂) စိတ်ဖိစီးမှု လျှော့ချနည်း
စိတ်ဖိစီးမှုက မြင့်မားနေတဲ့အခါမှာ ကော်တီစောဟော်မုန်းက မြင့်တက်လာ ပါတယ်။ ကော်တီစောဟော်မုန်း မြင့် တက်တာက ဗိုက်အဆီကို တိုးစေပါတယ်။ ဒါကြောင့် တစ်နေ့မှာ အနည်းဆုံး ၁၀- ၁၅ မိနစ်ခန့် စိတ်ဖိစီးမှုကို လျှော့ချပြီး ကော်တီစောအဆင့်ကို လျော့နည်းအောင် လုပ်ဆောင်ပါ။ ဗိုက်သား ချပ်ရပ်လာပါ လိမ့်မယ်။ စိတ်ဖိစီးမှု ဖြေလျှော့ရေးနည်း တချို့ကတော့ လာဗန်ဒါရနံ့သင်းပျံ့နေတဲ့ ရေစိမ်ကန်ထဲမှာ စိမ်ချိုးတာ၊ အကြော ဆန့်ထုတ်တာ၊ ယောဂကျင့်တာ၊ တစ်နေ့ တာအကြောင်း စာချရေးတာ၊ ရယ်မော တာတို့ ဖြစ်ကြပါတယ်။

အဆင့် (၃) အစားအစာ
ဝမ်းဗိုက်အဆီ လောင်ကျွမ်းစေမယ့် အစာတွေကို စားပေးရင် ဗိုက်သားချပ် ရပ်စေရုံသာမက သွေးတွင်းသကြားဓာတ် ကိုပါ တည်ငြိမ်စေပါတယ်။ စားသင့်တဲ့ အစားအစာတွေက သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်အများအပြား၊ အဆီနည်းပရို တင်းနဲ့ ကောင်းတဲ့ အဆီတွေပဲ ဖြစ်ကြပါ တယ်။ လိုက်နာသင့်တဲ့ အစာစားနည်း က အောက်ပါအတိုင်း ဖြစ်ပါတယ်။

အစာစားတိုင်းဟင်းသီးဟင်းရွက် တစ်မျိုး-နှစ်မျိုး ပါဝင်ပါစေ
တစ်နေ့မှာ ကယ်လိုရီနည်း အစာ ကို လေးကြိမ်-ငါးကြိမ်စားရင် ဟင်းသီး ဟင်းရွက်စားဖြစ်နိုင်ခြေက ၄-၁၀ ကြိမ် ခန့် ရှိပါလိမ့်မယ်။ à ရေများများသောက်ပါ ရေဟာ ရေဓာတ်ခန်းခြောက်မှု မဖြစ် အောင် ကာကွယ်ပေးနိုင်ရုံသာမက ဗိုက် ဆာတာကိုလည်း မေ့သွားစေပါတယ်။ တစ်နေ့ အနည်းဆုံး ရေ ရှစ်ဖန်ခွက်ခန့် သောက်ပါ။

အရည်အသွေးရှိတဲ့ ပရိုတင်းဓာတ် ကို စားပါ
ပရိုတင်းပါတဲ့ အစာက အစာကြေ လွယ်၊ ဇီဝရုပ်ဖြစ်ပျက်လွယ်ပြီး ကယ်လိုရီ များများလည်း လောင်ကျွမ်းစေနိုင်ပါ တယ်။ ပရိုတင်းဓာတ်က အစာအိမ်ထဲမှာ ကြာကြာ ရှိစေတာကြောင့် ချက်ချင်း ဗိုက်ပြည့်စေသလို ကြာကြာ ဗိုက်ပြည့် နေစေပါတယ်။

အဆီကို မကြောက်ပါနှင့်
အိုမီဂါ ၃ဖက်တီးအက်စစ်ပါတဲ့ သံ လွင်ဆီ၊ ထောပတ်သီး၊ ငါးနဲ့ အခွံမာတဲ့ အစေ့အဆန်တွေက ခန္ဓာကိုယ်တွင်းမှာ အဆီမော်လီကျူးအကြီးတွေကို သေး ငယ်တဲ့ အဆီမော်လီကျူးတွေအဖြစ် ပြောင်းစေပြီး သွယ်လျစေပါတယ်။


Credit : Good Health

အင်ဒိုနီးရှားနိုင်ငံတွင် မိန်းမတစ်ယောက်မှ အိမ်မြှောင် မွေးခဲ့သည် ဟု နာမည်ကြီးနေ




အင်ဒိုနီးရှားနိုင်ငံ Kupang မြို့အနီးက  ဆေးဘက်ဆိုင်ရာခေါင်းဆောင်အရာရှိ တစ်ဦးရဲ့ တောင်းဆိုမှုကြောင့်  အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ဟာ မေလအကုန်မှာ Oenunto ရွာ ကိုရောက်လာခဲ့ပါတယ်။

 အိမ်မြှောင်တစ်ကောင် မွေးဖွားခဲ့တယ်လို့ နာမည်ကြီးနေတဲ့ မိန်းမတစ်ယောက်ကို စစ်ဆေးဖို့ဖြစ်ပါတယ်။
မေလ ၃၁ ရက်မှာလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆေးဘက်ဆိုင်ရာခေါင်းဆောင်အရာရှိ Messe Ataupa က “အခြေခံ အားဖြင့်ကြည့်ရင်တော့ တစ်ခုခုတော့ မဟုတ်ဘူးပေါ့။ ဒါဟာ တမင်တကာ ကြံရွယ်ထားတာလား ဆိုတာကို ကျွန်တော်တို့က စစ်ဆေးမှာပါ။ သားအိမ်ထဲမှာတော့ ရှိတော့မှာ မဟုတ်ဘူး။ pseudocyesis လို့ ခေါ်တဲ့အရာဖြစ်ပါတယ်။ ဒါကြောင့် အိမ်မြှောင်မွေးတယ်ဆိုတာ အလိမ်အညာလည်း ဖြစ်နိုင်ပါတယ်။ အခြားသတ္တဝါမျိုးစိတ်ကို မွေးတယ်ဆိုတာ သိပ္ပံပညာနယ်ပယ်မှာ မှတ်တမ်းမရှိသေးပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

ဒေါက်တာ Messe Ataupa ပြောတဲ့ pseudocyesis ဆိုတာဟာ လူတစ်ယောက်က ဗိုက်ကြီးနေပြီလို့ ကိုယ့်ကိုကိုယ်ယုံကြည်နေပြီး ဗိုက်ကြီးတဲ့ လက္ခဏာတွေလည်း ပြသလာပေမဲ့ အထဲမှာ သန္ဓေသားမရှိတာဖြစ်ပါတယ်။

သတင်းများရဲ့ ဖော်ပြချက်အရ  Debi Nubatonis လို့ခေါ်တဲ့ ဒီမိန်းမဟာ ကိုယ်ဝန်ရှစ်လထိ လွယ်ခဲ့တာကို ဒေသခံတွေက တွေ့ခဲ့တယ်လို့ ဆိုပါတယ်။
မေ ၃၀ ရက်နေ့မှာ  Debi ဟာ ဗိုက်နာလာခဲ့ပြီး ဆေးရုံနဲ့ဝေးလွန်းတာကြောင့် အရပ်လက်သည်နဲ့ မွေးခဲ့တယ် လို့ဆိုပါတယ်။ အရပ်လက်သည်တစ်ဦးဖြစ်တဲ့ Josephine Lydia Hellen Wadu က အင်ဒိုနီးရှားသတင်းဆိုက်ဒ် Kompas ကိုပြောကြားရာမှာ သူဟာ မွေးခါနီးမှ ရောက်သွားခဲ့တယ် လို့ဆိုပါတယ်။

မျှော်လင့်ထားတဲ့ ကလေးအစား ချွဲတွေ သွေးတွေနဲ့ရောပြီး ခြေထောက်နှစ်ချောင်းကြားက အိမ်မြှောင် တစ်ကောင် ထွက်လာတယ်လို့ Josephine က ပြောကြားခဲ့ပါတယ်။
တစ်ခုခုတော့ဖြစ်ပြီလို့ တွေးမိသွားတဲ့ Josephine ဟာ မိခင်ကော မွေးခင်းစ အိမ်မြှောင်ကိုပါ Oenunto ကျန်းမာရေးစင်တာ ကို သယ်သွားခဲ့တယ် လို့ဆိုပါတယ်။

ဂျပန်သတင်းဆိုက်ဒ် Byokan Sunday ရဲ့ဖော်ပြချက်အရ Debi ရဲ့ အိမ်နီးနားချင်းတွေက သူမနဲ့သူမရဲ့ မိသားစုဝင်တွေဟာ စုန်းအတတ်ကို လိုက်စားကြတယ် လို့ပြောကြားခဲ့ပါတယ်။
လက်ရှိဒီသတင်းဟာ အတည်မပြုနိုင်သေးပေမဲ့ ဒေါက်တာ Messe Ataupa တို့အဖွဲ့ရဲ့ စစ်ဆေးမှုကို ဆက်လက်  စောင့်ကြည့်သွားမယ် လို့ ဆိုပါတယ်။

အင်ဒိုနီးရှား သတင်းဆိုက်ဒ် TOPIK ANTV က ဖော်ပြခဲ့တဲ့ ဒီသတင်းကို အောက်ကလင့်ခ်မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။



ဖိုးသူတော် Team မှ ဘာသာပြန်သည်။

အလှအပရေးရာအတွက် ဒါလေးတွေ သိထားပြီးပြီလား (အပိုင်း-၁)


ကိုယ့်အသားအရေ၊ ဆံပင်နဲ့ လက်သည်းတွေအတွက် တစ်လတစ်ခါ၊ ဒါမှမဟုတ် တစ်လနှစ်ခါလောက် ပိုက်ဆံအကုန်အကျခံပြီး beauty saloon တွေ သွားစရာမလိုတော့ပါဘူး။ ကိုယ့်အိမ်မှာပဲ အလှအပရေးရာ တစ်ချို့အတွက် ကိုယ်တိုင်စမ်းသပ်ကြည့်နိုင်မယ့် နည်းလမ်းကောင်းလေးတွေ ပြောပြပေးချင်ပါတယ်။

၁။ အဖျားနှစ်ခွဖြစ်တာတွေ၊ ဆံသားခြောက်သွေ့တာတွေ ကာကွယ်နိုင်အောင် ခေါင်းမလျှော်ခင် အုန်းဆီကို သေသေချာချာ လိမ်ေးပးပါ။ ဒါဟာ ဆံပင်ပေါင်းတင်တယ်ဆိုရင်လည်း မမှားပါဘူး။ ဆံပင်သားကျန်းမာစေပါတယ်။



၂။ဆံပင်လိပ်တဲ့ အပူချောင်းနဲ့ ထိမိလို့ အသားလောင်သွားတယ်၊ ပူပြီးနာသွားတယ်ဆိုရင် ချက်ချင်းပဲ ဒိန်ချိန်နည်းနည်းသုတ်လိမ်းပြီး ၁၀မိနစ်လောက် နေလိုက်ပါ။ သက်သာသွားပါလိမ့်မယ်။

၃။ပန်းသီးနဲ့ ပြုလုပ်ထားတဲ့ ရှာလကာရည်ကို တိုနာအဖြစ်သုံးလို့ရပါတယ်။ ချွေးပေါက်ကျဉ်းစေဖို့ မျက်နှာရဲ့ T zone ကို သုတ်လိမ်းပေးရမှာပါ။

၎။အသားအရေ ချောမွေ့ကြည်လင်စေဖို့ သံလွင်ဆီနဲ့ မျက်နှာသစ်ပေးနိုင်ပါတယ်။

၅။မျက်လုံးအောက်မှာ မို့နေတာတွေ၊ ဖောင်းနေတာတွေ မဖြစ်စေဖို့ ကဖင်းဓာတ်ပါတဲ့ လက်ဖက်ရည်ထုပ် အေးအေးလေးတွေနဲ့ ၅မိနစ်၊ ၆မိနစ်လောက် ကပ်ထားလိုက်ပါ။
၆။မျက်လုံးလိုင်နာ cat-eye ဆွဲဖို့ဆိုရင်တော့ တိပ်လေးကို ညှပ်၊ ကပ်ပြီး ခုလိုဆွဲလို့ရတယ်နော်။

၇။ကော်ဖီတွေ၊ ၀ါတွေကြောင့် ၀ါထိန်နေတဲ့သွားတွေ ဖြူဖွေးစေအောင်ဆိုရင်တော့ သွားတိုက်တံမှာ မုန့်ဖုတ်ဆိုဒါနည်းနည်းဖြူးပြီး သွားတိုက်လိုက်ပါ။ ဒါဆိုအိုကေသွားပါလိမ့်မယ်။



Ref:cosmopolitan.com
trend myanmar

သခင်မြပန်းခြံရှိ Western Park နှင့် အခြားဆိုင်ခန်းများကို ဖယ်ရှားရန် စည်ပင်အကြောင်းကြား


ရန်ကုန်၊ ဇွန် ၁၀

အလုံမြို့နယ် ကမ်းနားလမ်းပေါ် သခင်မြပန်းခြံရှိ စားသောက်ဆိုင်နှင့် အခြားသော ဆိုင်ခန်းများ အပါအဝင် စုစုပေါင်းဆိုင်ခန်း ခြောက်ခန်းကို ဇူလိုင်လဆန်းတွင် ဖယ်ရှားပေးရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနက အကြောင်းကြားစာ ထုတ်ပြန်ထားကြောင်း Western Park စားသောက်ဆိုင် တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါ ပန်းခြံကို အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်နေစဉ် လက်ရှိ ဖွင့်လှစ်ထားသော Western Park အပါအဝင် ရွှေစည်၊ ၃၆၉ ၊ shining star ၊ Green Ice၊ လရိပ်ဟူသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် အပါအဝင် စုစုပေါင်းဆိုင် ၆ ဆိုင်ကို ဝါမဝင်ခင် ပြောင်းရွှေ့ရန် ညွှန်ကြားထားခြင်း ဖြစ်ကြောင်း၊ ဖွင့်လှစ်ထားသော ဆိုင်ခန်းများမှာ ၁၉၉၃ ဝန်းကျင်မှ စတင်၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း အောက်တိုဘာလအထိ ဆိုင်ဖွင့်လှစ်ခွင့်ပေးရန် တင်ပြခဲ့သော်လည်း ခွင့်ပြုချက် မရခဲ့ကြောင်း Western Park စားသောက်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
“ဆိုင်ကဝန်ထမ်း ၁၀၀ ကျော်လောက် ရှိတယ်။ ဖယ်ရမယ်ဆိုတော့ ရုတ်တရက် နေရာရှာမရတဲ့ အခက်အခဲ ရှိတယ်” ဟု ၎င်းက ရှင်းပြသည်။

ဆိုင်ခန်းများ ဖယ်ပေးရန် ညွှန်ကြားချက် ထုတ်ပြန်ထားမှုနှင့် ပတ်သက်၍ အခြားဆိုင်ခန်းများကို The Voice က သွားရောက် မေးမြန်းခဲ့သော်လည်း ဖြေကြားခြင်း မရှိပေ။

သခင်မြပန်းခြံကို လမ်းခင်းခြင်း၊ အလှဓာတ်တိုင်များ စိုက်ထူခြင်း၊ ပန်းခြံ အလယ်တွင် ရေပန်းအဝိုင်း တပ်ဆင်ခြင်း၊ အလှစိုက် ပန်းပင်များကို စိုက်ပျိုး ပုံဖော်ခြင်းနှင့် အခြားအဆင့်မြှင့်တင်မှုများကို ကျပ်သိန်း ၁၇၀၀ အသုံးပြုပြီး ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အသုံးစရိတ် ကျန်ရှိနေပါက ကလေးကစားကွင်းများ ထည့်သွင်း တည်ဆောက်သွားမည် ဖြစ်ပြီး ယင်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ၂၀၁၄ -၂၀၁၅ ခုနှစ်တွင် အပြီးသတ် ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဌာနမှူး ဦးကိုကိုလွင်က ပြောကြားသည်။

ယင်းပန်းခြံအနီးတွင် ကားရပ်နားရန် နေရာပြုပြင်မည် ဖြစ်သဖြင့် ဗိုလ်ချုပ်လမ်းပေါ်ရှိ လမ်းဘေး ဓာတ်ဆီဆိုင်ငယ်များနှင့် ကွမ်းယာဆိုင် အချို့ပါ ဖယ်ပေးမည် ဖြစ်ကြောင်း ယင်းလမ်းပေါ် ဓာတ်ဆီဆိုင်ရှင် အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦး The Voice သို့ ပြောကြားသည်။

ယင်းပန်းခြံကို ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) ၌ စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ၆ ဒသမ ၃၈ ဧကခန့် ကျယ်ဝန်းကြောင်း၊ ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်အတွင် မဟာဗန္ဓုလပန်းခြံ၊ ရှုခင်းသာပန်းခြံ အပါအဝင် အခမဲ့ ပန်းခြံပေါင်း ၅၀ ကျော် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနထံမှ သိရှိရသည်။

လက်ရှိအချိန်တွင် ကလေးများ ကစားရန် နေရာမှာ အလွန်ရှားပါးနေပြီး ပန်းခြံများ ပြင်ဆင်လာခြင်းကို ကြိုဆိုကြောင်း၊ ပြည်သူများနှင့် ကလေးများ အမှန်တကယ် အပန်းဖြေ ကစားနိုင်မည့် အပန်းဖြေစရာ နေရာတစ်ခု ဖြစ်လာရန်မှာ အရေးကြီးကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောကြားသည်။

(ဥမ္မာလွင်၊ ဇင်လင်းထက်)


The Voice Weekly

ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ခန့်မှန်းဦးမယ့် ဘရာဇီးက ပင်လယ်လိပ်ကြီး



ဘရာဇီး၊ ဇွန် ၁၁

၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်တွေကို ခန့်မှန်းဦးမယ့် တိရစ္ဆာန်တစ်ကောင် ထပ်မံ ပေါ်ထွက်လာပြန်ပြီ ဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံ၊ ဆာဗာဒါမြို့ မြောက်ဘက်၊ Praia do Forte ပင်လယ်ကမ်းခြေဒေသမှာရှိတဲ့ ပင်လယ်လိပ် မွေးမြူရေးကန်က ပင်လယ်လိပ်ကြီးတစ်ကောင်ဖြစ်ပါတယ်။ ဒီလိပ်ကြီးရဲ့ အသက်က ၂၅ နှစ်အရွယ်တောင်ရှိနေပြီ ဖြစ်ပါတယ်။

ဘရာဇီးနဲ့ ခရိုအေးရှားတို့ ယှဉ်ပြိုင်ကြမယ့် အဖွင့်ပွဲစဉ်ကို ခန့်မှန်းစေခဲ့ရာမှာ ပင်လယ်လိပ်ကြီးက ဘရာဇီးအသင်းအနိုင်ရမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ရွေးချယ်ခဲ့ပုံကတော့ ဘရာဇီးအလံ၊ ခရိုအေးရှားအလံနဲ့ သရေ ဆိုပြီး အစာသုံးနေရာချထားပေးထာ ဖြစ်ပါတယ်။ ပင်လယ်လိပ်ကြီးက သရေနေရာမှာရှိနေတဲ့ သူ့ရဲ့အစာငါးကို ဦးစွာစားခဲ့ပြီး အစာမကုန်မီမှာ ဘရာဇီးအလံဖက်က အစာကို ပြောင်းပြီးစားခဲ့တာဖြစ်ပါတယ်။

ဒီလိုရွေးချယ်ခဲ့လို့ အမျိုးချစ်တဲ့ ပင်လယ်လိပ်ကြီးလို့ မီဒီယာတွေက ကင်ပွန်းတပ်ခဲ့ကြပါတယ်။

၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့တဲ့ ဂျာမနီက ရေဘ၀ဲလ်ပေါလ်ရဲ့ နောက်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ခန့်မှန်းကြတဲ့ တိရစ္ဆာန်တွေ အများအပြားပေါ်ပေါက်လာခဲ့ပါတယ်။ တရုတ်နိုင်ငံက ပန်ဒါဝက်ဝံလေး၊ အိန္ဒိယက ကြက်တူရွေးနဲ့ နောက်ဆုံးပေါ် အင်္ဂလန်ခွေးဘီလူးလေးရူးတို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်ကမှ ပေါ်ထွက်လာခဲ့တဲ့ ခွေးဘီလူးလေးရူးကလည်း အမျိုးချစ်တဲ့ ခွေးကလေးပဲ ဖြစ်ပါတယ်။ အင်္ဂလန်နဲ့အီတလီတို့ ကစားမယ့် အဖွင့်ပွဲစဉ်ကို ခန့်မှန်းစေခဲ့ရာမှာ သူက အမိနိုင်ငံအင်္ဂလန်အနိုင်ရမယ်လို့ ရွေးချယ်ခဲ့ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်
Mizzima Sport News

ပျားအကောင်ရေ ၃ သိန်းကျော် အအုံခံတဲ့ တရုတ်ပြည်က အံ့ဖွယ်လူသား




ကမ္ဘာစံချိန်တင်ဖို့ ရည်ရွယ်ချက်နဲ့ တရုတ်ပြည်က အသက် ၅၄ နှစ် အရွယ် အမျိုးသား တစ်ဦးဟာ သူ့ရဲ့ ကိုယ်ပေါ်ကို ပျား အကောင်ပေါင်း ၃၂၆၀၀၀ ကောင်ကို အုံစေ ပါတယ်။

အချိန်အားဖြင့် ၂ နာရီခွဲကျော် ကြာပြီး ပြန်ဆေးကြာတဲ့ အခါမှာ သူဟာ ဘာမှ မဖြစ်တာကို အံ့ဖွယ် တွေ့ရှိ ရ ပါတယ်။ နှစ်ပေါင်း ၃၄ နှစ်ကျော်ကြာ ပျား မွေးမြူရေး ခြံမှာ လုပ်ကိုင်ခဲ့ပြီး ပျားတွေနဲ့ ရင်းနှီးပြီးသား ဖြစ်တဲ့ လူသား ဖြစ် ပါတယ်။ သာမန် လူတစ်ယောက် အနေနဲ့ ပျား အတုတ် ခံရရင် သေနိုင်တဲ့ အထိ ဖြစ်ပေမယ့် သူကျတော့ ဘာ အနာ ကွက် သေးသေးလေး တွေ တောင်မှ မရှိပါဘူး။ ပျားအကောင်ရေ ၃သိန်း ကျော် အုံစေဖို့ အတွက် အရင်ဆုံး ပျား ဘုရင်မများကို ကိုယ်မှာ ကပ်စေ ပါတယ်။ ပြီးတော့မှ ဖြည်းဖြည်း ချင်းစီ မွေးမြူရေးခြံထဲက ပျားကို ခေါင်းကနေ ပုံလောင်းပြီး အုံစေ ပါတယ်။ သူဟာ ဘာ မှ မခံစားရတဲ့ အပြင် ဆေးလိပ်တောင် သောက်နေ လိုက် ပါသေးတယ်။

ထူးခြားတဲ့ ခန္ဓာကိုယ် နဲ့ အရည်အပြား စွမ်းရည် ရှိသူ Gao Bingguo ဟာ ပျား အရေအတွက် အများဆုံး အုံတဲ့ လူသား အဖြစ် ကမ္ဘာ့ စံချိန်တင်ခဲ့ ပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)

မောင်တောတွင် မသင်္ကာသူ နှစ်ဦးအား စစ်ဆေးရာ ထွက်ပြေး လွတ်မြောက် သွား သိမ်းဆည်းရ မိသော ဖုန်းအတွင်း ၌ RSO အဖွဲ့နှင့် ဆက်သွယ်ထားမှု ရှိမရှိ စစ်ဆေး လျက်ရှိ


မောင်တော၊ ဇွန် ၁၀- မောင်တော မြို့နယ်မြောက်ပိုင်း မကျည်းချောင်း အတွင်း မေ ၂၉ရက် နံနက် ၉နာရီ က ရေချိုးနေ သည့် မော်လဝီဖွေရိဒ် အာလောင်နှင့် ဇာဖောတို့နှစ်ဦးအား သတင်းအရ ခမောင်းဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ ရာ ၎င်းတို့နှစ်ဦးမှာ ထွက်ပြေးလွတ် မြောက်သွားကြောင်း သိရသည်။

ယင်းတို့၏ကျန်ရစ်သည့်ပစ္စည်း များ ကို စစ်ဆေးရာ ဇာဖောဆောင်း သည့် အစ္စလာမ်ဘာသာရေးသုံး ဦး ထုပ်(ထောက်ကျာ)ထဲမှ တရားမဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး မိုဘိုင်းဖုန်း တစ်လုံးကိုသိမ်းဆည်းရမိခဲ့ပြီး အဆို ပါမိုဘိုင်းဖုန်းအား သက်ဆိုင်ရာသို့ ပေးပို့၍ RSO လက်နက်ကိုင်သောင်း ကျန်းသူအဖွဲ့နှင့် ဆက်သွယ်မှုရှိမရှိ စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်မိုဘိုင်း ဖုန်းသိမ်းဆည်းရမိခြင်းနှင့်စပ်လျဉ်း ၍ ရှာဖွေသိမ်းဆည်းရာတွင် ပါဝင် သူ အရန်မီးသတ်တပ်ဖွဲ့ဝင်အား ဇာဖောက ထမင်းဝအောင်စားထား ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ရှာဖွေသိမ်းဆည်းရာတွင် ပါ ဝင်ခဲ့သူတစ်ဦးဖြစ်သည့် အရန်မီး သတ်တပ်ဖွဲ့ဝင် မာမတ်အာယုပ်သည် ယင်းနေ့ မွန်းလွဲ ၁နာရီတွင် ရွာအ နီးရှိ မင်္ဂလာဆောင်သို့ သွားရောက် ခဲ့ပြီး အပြန်တွင် သတ်ဖြတ်ခြင်းခံခဲ့ ရသည်။ အရန် မီးသတ် တပ်ဖွဲ့ ဝင် မာ မတ်အာယုပ်အသတ်ခံရခြင်းနှင့် ပတ် သက်၍ ဆွေမျိုးတော်စပ်သူ တစ်ဦး အား မေးမြန်းခဲ့ရာ အငြိုးအတေး ကြောင့် အသတ်ခံရခြင်း ဖြစ် နိုင် ကြောင်း ပြောကြား ခဲ့သည်။

၎င်းဖြစ်စဉ်ဖြစ်ပြီး နောက်တစ် ရက်တွင် ခမောင်းဆိပ်ကျေးရွာထံ သို့ ဖုန်းတစ်လုံး မှဆက်သွယ်ကာ အ ရန်မီးသတ်တပ်ဖွဲ့ဝင် မာမတ်အာယုပ် ၏အလောင်း ရှိသည့်နေရာနှင့် အ လောင်းကို လာယူရန်ပြောကြားခဲ့သ ဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ရှာဖွေခဲ့ရာ မတွေ့ရှိခဲ့ ကြောင်း၊ နောက်တစ်ရက် တွင်လည်း အလောင်းရှိသည့်နေရာနှင့် အလောင်း ကိုလာယူရန် ထပ်မံဖုန်း ဆက်ပြော ကြားသည့်အတွက် သွားရောက်ရှာ ဖွေခဲ့ကြရာ ငါးရန့်ချောင်းကျေး ရွာ တောင်ကြားတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အလောင်းတစ် လောင်း ကိုရှာဖွေတွေ့ရှိခဲ့သည်။

အဆိုပါအလောင်းအား ဇွန် ၃ ရက်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ ငါး ရန့်ချောင်း စခန်းမှူး ဒုရဲမှူးအေးထွန်း မောင်က မောင်တော မြို့နယ် ပြည် သူ့ ဆေးရုံသို့ပေး ပို့ကာ ဆေးစစ်ချက် ရယူခဲ့သည်။ တရားမဝင်ဘင်္ဂလားဒေ့ရှ်နိုင်ငံ သုံး မိုဘိုင်းဖုန်း ကိုင်ဆောင်သူ ဇာ ဖောနှင့် မော်လဝီဖွေရိဒ်အာလောင် တို့နှစ်ဦးမှာ ဖမ်းဆီးရ မိခြင်းမရှိသေး ဘဲ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။

NT [--Democracy today Daily Newspaper--]

Yangon Media Group

အကောင်းဆုံး tablet ကွန်ပျူတာ (၇) မျိုး


ယနေ့ခေတ်တွင် tablet ကွန်ပျူတာများသည် စားပွဲတင်ကွန်ပျူတာများနှင့် laptop များကဲ့သို့ စွမ်းဆောင်ရည်ကဲ့သို့ အပြည့်အဝအသုံးပြုနိုင်ခြင်းမရှိသေးသော်လည်း ၎င်း မိုဘိုင်းထုတ်ကုန်ကိုသုံးစွဲသူဦးရေမှာနေ့စဉ်မြင့်တက်လျက်ရှိသည်။ ထို့ကြောင့် tablet ကွန်ပျူတာတစ်လုံးကိုဝယ်ယူရန် စဉ်းစားနေသူများအနေဖြင့် မိမိနှင့် သင့်တော်သည့် ထုတ်ကုန်ကိုရွေးချယ်နိုင်ရန်အတွက် အကောင်းဆုံး tablet ကွန်ပျူတာ (၇) မျိုးကိုဖော်ပြလိုက်ပါသည်။

ဦးစားပေးရွေးချယ်သင့်သည့် tablet

Apple iPad Air



အားသာချက် - iPad Air သည် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာပြီးဘက်ထရီသက်တမ်းကလည်းအခြား tablet ထုတ်ကုန်များနှင့် ယှဉ်ပြိုင်နိုင်သည်။ ဒီဇိုင်းကလည်း ဆွဲဆောင်မှုရှိပြီး ပါးလွှာပေါ့ပါးသောကြောင့် အလွယ်တကူ သယ်ဆောင်သွားနိုင်သည်။ အဆင့်မြှင့်ထားသည့် front-facing ကင်မရာက FaceTime အသုံးပြုခြင်းကို ပိုမိုကောင်းမွန်စေသည်။ Retina Display ကလည်းပုံရိပ်များကို ကြည်လင်ပြတ်သားစွာ ဖော်ပြပေးနိုင်သည်။
အားနည်းချက် - iPhone 5S တွင် မိတ်ဆက်ပေးခဲ့သည့် TouchIDလက်ဗွေဖတ်စနစ် မပါဝင်သောကြောင့် App Store မှ ဝယ်ယူမှုတိုင်းအတွက် password အမြဲတမ်းထည့်သွင်းရန် လိုအပ်သလို unlock လုပ်ရာတွင်လည်း passcode ထည့်သွင်းရန် လိုအပ်မည် ဖြစ်သည်။ 16GB ကိုအမေရိကန်ဒေါ်လာ ၄၉၉ ဖြင့် ရောင်းချခြင်းကလည်း အခြားထုတ်ကုန်များနှင့် ယှဉ်လျှင် ဈေးကြီးလွန်းသည်။

ဈေးနှုန်း - $499 - $799

အကောင်းဆုံး Android tablet
Google Nexus 7



အားသာချက် - Nexus 7 တွင် ကြည်လင်ပြတ်သားသည့် full-HD screen ပါဝင်ပြီးစွမ်းဆောင်ရည်ကလည်း ချောမွေ့မြန်ဆန်သည်။ ဘက်ထရီသက်တမ်း ရှည်ကြာသလို ပါးလွှာပေါ့ပါးသောကြောင့် အလွယ်တကူ သယ်ဆောင်သွားနိုင်သည်။ ဈေးနှုန်းကလည်းသင့်တင့်သည်။
အားနည်းချက် - Nexus 7 ၏ screen က အရောင်များကိုတိကျစွာ ဖော်ပြပေးနိုင်ခြင်းမရှိသလိုmicroSD အထောက်အပံ့လည်း မပါဝင်လာပေ။ အသုံးပြုထားသည့် Android 4.3 ကလည်း interface ပြုပြင်ပြောင်းလဲမှု အနည်းငယ်သာ ပြုလုပ်ထားသည်။
ဈေးနှုန်း - $189 - $285.99

အရွယ်အစားကြီးမားပြီးfeatureများစွာပါဝင်သည့် tablet
Samsung Galaxy Note Pro (32GB, Wi-Fi, Black)



အားသာချက် - Samsung Galaxy Note Pro တွင် အရွယ်အစားကြီးမားသည့် screen နှင့်အတူ stylus pen တစ်ခုပါဝင်သည်။ ထို့အပြင် Android tablet အစစ်အမှန်တွင်သာ တွေ့ရှိရတတ်သည့် app များနှင့် software feature များပါဝင်သည်။ MicroSD အထောက်အပံ့ ပါဝင်သောကြောင့် သိုလှောင်မှု ပမာဏကိုတိုးမြှင့်နိုင်သည်။

အားနည်းချက် - Note Pro ၏ စွမ်းဆောင်ရည်သည် app အများအပြားကိုတစ်ပြိုင်နက် အသုံးပြုသည့်အခါ နှေးကွေးလေးလံသည်။ Screen ပေါ်တွင် ရေးသားမှုများ ပြုလုပ်ရာ၌ Galaxy Note 10.1 2014 ကဲ့သို့ ချောမွေ့ခြင်းမရှိပေ။

ဈေးနှုန်း - $647.10 - $749.99

အရွယ်သေးငယ်သည့် အကောင်းဆုံး tablet
iPad Mini (with Retina Display)



အားသာချက် - iPad Mini Retina Display တွင် iPad Air နှင့် ယှဉ်ပြိုင်နိုင်ပြီး resolution မြင့်မားသည့် display ပါဝင်သည်။ လျင်မြန်သည့် A7 ပရိုဆက်ဆာကို အသုံးပြုထားပြီးအဆင့်မြှင့်ထားသည့် Wi-Fi နှင့် LTE ချိတ်ဆက်မှုဖြင့် အသုံးပြုနိုင်သည်။ ဘက်ထရီသက်တမ်းကလည်းယခင် iPad Mini ထက် ပိုမိုကောင်းမွန်သည်။

အားနည်းချက် - အရွယ်သေးငယ်သည့် tablet ကွန်ပျူတာများတွင် ဈေးနှုန်းကြီးမြင့်လွန်းသည်။ iPhone 5S တွင် အသုံးပြုထားသော တီထွင်ဆန်းသစ်သည့် TouchIDလက်ဗွေဖတ်စနစ် မပါဝင်ပေ။

ဈေးနှုန်း - $369 - $399.99

မီဒီယာအသုံးပြုမှုတွင် အကောင်းဆုံး tablet
Amazon Kindle Fire HDX 8.9


အားသာချက် - Amazon Kindle Fire HDX 8.9 သည် ဝက်ဘ်ဆိုက်များနှင့် UI navigation များကိုစွမ်းဆောင်ရည် လျင်မြန်စွာနှင့် အသုံးပြုစေနိုင်သည်။ Screen က ကြည်လင်ပြတ်သားသည့် ပုံရိပ်များကိုဖော်ပြပေးနိုင်ပြီး ကိုယ်ထည်ကလည်း အရွယ်ကြီးမားသည့် tablet တစ်ခုအနေဖြင့် ပေါ့ပါးသည်ဟုဆိုနိုင်သည်။

အားနည်းချက် - ဗီဒီယိုကို အဝေးထိန်းစနစ်ဖြင့် ကြည့်ရှုနိုင်သည့် feature မပါဝင်သလိုကြော်ငြာမပါဝင်သည့် ဗားရှင်းဖြင့် အသုံးပြုလိုပါက ၁၅ ဒေါ်လာကျသင့်မည် ဖြစ်သည်။ 16GB ဗားရှင်းက HD ရုပ်ရှင်များအတွက် မလောက်ငှသလို သိုလှောင်မှုပမာဏကိုလည်း တိုးမြှင့်နိုင်ခြင်းမရှိပေ။ Google Play ကိုအသုံးမပြုနိုင်သောကြောင့် app အများအပြားဖြင့်လည်း အသုံးမပြုနိုင်ပေ။ ကျောဘက်ရှိ ခလုတ်များကိုလည်း တစ်ခါတစ်ရံရှာဖွေရခ က်လေ့ရှိသည်။
ဈေးနှုန်း - $339 - $379.99


စွမ်းဆောင်ရည်မြင့် အကောင်းဆုံး tablet
Microsoft Surface Pro 2



အားသာချက် - Microsoft Surface Pro 2 သည် ပိုမိုလျင်မြန်လာပြီး ဘက်ထရီသက်တမ်းကလည်း ယခင်အမျိုးအစားထက် ရှည်ကြာလာသည်။ လက်ရှိမျိုးဆက် Haswell ပရိုဆက်ဆာနှင့် အဆင့်မြှင့်တင်ထားသည်။ Keyboard cover ကိုလည်း backlit ခလုတ်များဖြင့် အဆင့်မြှင့်ထားသည်။

အားနည်းချက် - Surface Pro 2 သည် အခြား tablet ကွန်ပျူတာများနှင့် နှိုင်းယှဉ်လျှင် ထူထဲလေးလံလွန်းသည်။ 64GB ဗားရှင်းကသိုလှောင်မှုအတွက် အခက်အခဲရှိနိုင်သည်။ ထို့အပြင် keyboard cover ကိုလည်းသီးသန့် ဝယ်ယူရမည် ဖြစ်သည်။

ဈေးနှုန်း - $877 - $899

ဈေးနှုန်းသင့်တင့်သည့် အကောင်းဆုံး tablet
Barnes & Noble Nook HD+



အားသာချက် - Barnes & Noble Nook HD+ ကို ၁၄၉ ဒေါ်လာနဲ့ ရရှိနိုင်သည်။ ကြည်လင်ပြတ်သားသည့် screen ကိုအသုံးပြုထားပြီး စွမ်းဆောင်ရည်ကောင်းမွန်သည်။ MicroSD slot ပါဝင်သောကြောင့် သိုလှောင်မှုပမာဏ တိုးမြှင့်နိုင်သည်။ ပေါ့ပါးပြီးအသုံးပြုရာတွင် သက်သောင့်သက်သာရှိစေသည်။

အားနည်းချက် - ကင်မရာပါဝင်ခြင်းမရှိဘဲ screen ကလည်းလက်ဗွေရာများဖြင့် ရှုပ်ပွနိုင်သည်။ OS ကလည်းရံဖန်ရံခါ နှေးကွေးလေးလံသည်။

ဈေးနှုန်း - $149 - $179

Ref: CNET
Internet Journal

ချစ်စဖွယ် ဥရောပ နွား Muskox (ကျွဲရိုင်း)




Muskox လို့ အမည်ရတဲ့ ဥရောပ နွားသိုး/နွားပြီး/ နွားရိုင်း/ကျွဲရိုင်း တို့ကို သိကြမှာပါ။ သူဟ အင်မတန် ထူတဲ့ အမွေးအမြှင်များ ရှိပြီး


Muskox ဟာ ကနေဒါ၊ ဗြိတိန် နိုင်ငံတို့က တောင်တန်း ဒေသမှာ ရှင်သန် ပေါက်ဖွား ပါတယ်။ အရွယ်အစား အားဖြင့် ၄ ပေ ကနေ ၅ ပေ ကျော် လောက်အထိ ရှည်လျား နိုင်ပြီး ပေါင်ချိန် အားဖြင့် ၉၀၀ အထိ လေးနိုင် ပါတယ်။ အအေးဒဏ် နဲ့ အပူဒဏ်ကို အတော်လေး ခံနိုင်ရည် ရှိတဲ့ အကောင် ဖြစ်ပြီး အထီးများမှာ အမွေးအမြှင်တို့ ပိုမို ထူပြား ပါတယ်။

ဗြိတိန်၊ ကနေဒါတို့မှာတင် မကပဲ အခြားသော ဥရောပ နိုင်ငံများမှာလည်း ရှင်သန် ပေါက်ဖွား ပါတယ်။ မွေးကင်းစ Muskox အကောင်ငယ်လေးကို ယခုလို မြင်တွေ့ ရမှာပါ။ အမဲလိုက်ခြင်း နဲ့ ကျွဲရိုင်းသတ်ပွဲ ကျင်းပ ခြင်း တို့ကြောင်း အကောင်ရေ နည်းပါး လာကြောင်း သိရ ပါတယ်။
.
Ref: wiki
အောင်ခမ်း (www.innewsmyanmar.com)


မကွေးလေ့ကျင့်ရေးတပ်မှ ရဟတ်ယာဉ်တစီး မြို့သစ်မြို့နယ်အနီး ပေါက်ကွဲ ပျက်ကျ



မကွေးတိုင် မြို့သစ်မြို့နယ် နိုင်ကြမ်းကျေးရွာအုပ်စု ယောက်မငကျေးရွာအနီးတွင် ယနေ့နံနက် ၉ နာရီဝန်းကျင်က ရဟတ်ယာဉ်တစီးပျက်ကြခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပျက်ကြသည့် ရဟတ်ယာဉ်မှာ မကွေးလေ့ကျင့်ရေးတပ်မှ အရာရှိ ၂ ဦးမောင်းနှင်လာသည့် ရဟတ်ယာဉ်ဖြစ်ပြီး ပေါက်ကွဲသွားစဉ် လေထီးနှင့် ခုန်ဆင်းနိုင်ခဲ့၍ ၎င်းတို့ ၂ဦး အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

“မနက်ကဖြစ်တယ်လို့တော့ သိရတယ်၊ ယင်းချောင်းအနောက်ဘက်မှာ ဖြစ်တာ၊ သေချာမသိရသေးဘူး”ဟု မြို့သစ်မြို့နယ် ရုံးဝင်ထမ်းတဦးက ပြောသည်။

မြို့သစ်မြို့နယ် မြို့နယ်မှူးရုံးသို့ ဆက်သွယ်မေးမြန်းရာ စုံစမ်းစစ်ဆေးနေစဲဖြစ်ကြောင်း သိရသည်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဖခင်ဖြစ်သူရဲ့ ပုံကို ကျောမှာ တက်တူးထိုးထားတဲ့ အနဂ္ဂ


အနဂ္ဂက သူ့ရဲ့ကျောဘက်မှာ ဖခင်ဖြစ်သူ ဦးမင်းမင်းလတ် ရဲ့ မျက်နှာပုံတူကို တက်တူး ထိုးထားပါတယ်။ ဦးမင်းမင်းလတ်က အနဂ္ဂ အသက် ၁၇နှစ် အရွယ်မှာ ကွယ်လွန် သွားခဲ့တာဖြစ်ပါတယ်။ ဖခင် ဖြစ်သူ ဆုံးဆုံး ပြီးချင်းမှာပဲ ဖခင်ဖြစ်သူရဲ့ မျက်နှာပုံတူကို ကျောဘက်မှာ တက်တူး ထိုးဖြစ်ခဲ့ပြီး ဒီပုံကို မြင်တော့ မိခင်ဖြစ်သူက မျက်ရည် ဝဲကြောင်း အနဂ္ဂက ပြောပါတယ်။

“ကျွန်တော် တက်တူးစထိုးတုန်းက တက်တူးတွေ ခေတ်မစားသေးဘူး။ တက်တူးဆိုင်တွေ ကလည်း ၁၉၉၈ ခုနှစ်လောက်မှ စဖွင့်တယ်။ အဲဒီအရင်တုန်း ကလည်း ဖွင့်ကြ တာရှိပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက သိပ်မထိုးကြသေးဘူး။ ရန်ကုန် မှာတောင် လူနည်းစုလောက် ပဲရှိသေးတယ်။ အဲဒီတုန်းက တက်တူး ထိုးရင် လူဆိုး၊ လူမိုက်၊ လမ်းသရဲ ဆိုပြီး သတ်မှတ် ထားကြတာလေ။ ကျွန်တော့် အနေနဲ့ကလည်း ကျွန်တော့် အဖေပုံမှ မထိုးရင် တခြားပုံတွေ ထိုးလို့ ရမှာမဟုတ်ဘူး ဆိုတာ သိတယ်။

 နောက်တစ်ခု က တက်တူး ဆိုတာက ကိုယ်နဲ့ အတူ သေတဲ့အထိ အတူတူ ရှိနေမယ့် အရာလေ။ တက်တူး ထိုးပြီးမှ ဟိုပုံပြောင်းချင်လို့ ဒီပုံပြောင်းချင် လို့ ဆိုပြီး ပြောင်းလို့ရ တဲ့အရာလည်း မဟုတ်ဘူးလေ။ ကိုယ့်ခန္ဓာ ကိုယ်ပေါ်မှာ အမည်းစက် အကြီးကြီး ထင်နေတာပေါ့။ ဒါကြောင့် မထိုးခင်မှာ ပြန်စဉ်းစားတယ်။ ကိုယ့် ဘဝ အတွက် ဘာအရေးကြီးဆုံး လဲ ဆိုတာပေါ့။ အဲဒီလို စဉ်းစားပြီး တော့မှ ထိုးမယ့်ပုံကို ရွေးချယ်ခဲ့တယ်” လို့ ကျောဘက်မှာ ဖခင်ဖြစ်သူရဲ့ ပုံကို ထိုးဖြစ်ခြင်း နဲ့ပတ်သက်ပြီး အနဂ္ဂက ပြောပါ တယ်။ တက်တူး ထိုးပြီးပြီးချင်း မှာ နောက်ထပ် ပုံတွေကို ဆက်ပြီး ထိုးချင်စိတ်တွေ ဖြစ်ပေါ်လာ မှာဖြစ် ကြောင်း ၁ဝနှစ်လောက် ကြာတဲ့ အချိန်မှာတော့ ထိုးထားပြီးသား တက်တူးပုံတွေကို ပြန်ဖျက်ချင်တဲ့ စိတ်တွေ ပေါ်လာ မှာဖြစ်ကြောင်း ဒါဟာ တက်တူးရဲ့ယဉ်ကျေးမှု ပဲဖြစ်ကြောင်း အနဂ္ဂက ပြောပါတယ်။

“မြန်မာ့ ဆေးမင်ကြောင်တောင် သမိုင်းတစ်လျှောက် လက်ခံခဲ့တာပဲ။ အခုမှ လက်ခံတယ်၊ လက်မခံဘူး ဆိုတာကို ပြောနေရင်တော့ အမြင်ကျဉ်းပါတယ်။ ထိုးကွင်းတွေ ထိုးရင်တော့ လမ်းသရဲ ဆန်တာပဲလား။ ထိုးကွင်း ကလည်းမြန်မာ့ယဉ် ကျေးမှုထဲမှာ ပါနေတာပဲလေ။ တက်တူးကို ဒီဘက်ခေတ်မှာ စုတ်နဲ့ ထိုးတာမျိုးတွေ မရှိတော့တဲ့ အတွက် တအား သက်သာသွားတယ်လို့ ထင်ပါတယ်။ စုတ်နဲ့ထိုးတုန်းက ဆိုရင်တုတ်ချောင်းပေါ်မှာ အပ်ကို သရေကွင်း အထပ်ထပ်နဲ့ ချည်ပြီးထိုးရတယ်။ ရိုးရိုး တန်းတန်း နဲ့တော့မတူဘူး။ ဘဝမေ့ သွားလောက်အောင်ကို နာတာ။ အခုခေတ် တက်တူးနဲ့တော့ အများကြီး ကွာပါတယ်။ နောက်ထပ် တစ်ခုက အဲဒီထိုး နည်းက ရိုးရာ ဆေးမင်ကြောင်ပါ။

လူငယ်တွေ အကုန် လုံးအခုခေတ်မှာ ကြိုက်တာ လုပ်ခွင့်ရှိပါတယ်။ တက်တူးထိုးဖို့ စတပ်ထိုးဖို့က ခေတ် တွေအများကြီး မစောင့် လိုက်ရဘူး။ ချက်ချင်း နီးပါး ဖြစ်သွားတယ်။ ဒါပေမဲ့ ပညာတတ် တွေရဖို့ကတော့ ခေတ်တွေ အများကြီးကြာအောင် စောင့်ရတယ် ဆိုတော့ တက်တူး ထိုးသလိုပဲ ပညာတွေကို လည်း ရှေ့ကနေ ဦးစီး ဦးဆောင်လုပ်ကြပါ လို့ပြောချင်ပါတယ်” လို့ တက်တူးထိုးခြင်းနဲ့ ပတ်သက်ပြီး အနဂ္ဂက သူရဲ့အမြင်ကိုပြောပါတယ်။

Credit : Popularmyanmar

ပွဲတက်ဝတ်စုံဝတ်ပြီး မြေအောက်ရထားစီးတဲ့ မာရီယာကာရေး


ကမ္ဘာကျော် ပေါ့ပ်အဆိုတော် မာရီယာကာရေးကို ညနေခင်း ပွဲတက်ဝတ်စုံကြီးနဲ့ မြေအောက်ရထားထဲ ဝင်လာတာကို တွေ့လိုက်ရတဲ့ ရထားစီး ခရီးသည်တွေ ကြောင်အမ်းအမ်း ဖြစ်သွားပါတယ်။ အဆိုပိုင်နိုင်တဲ့ ဂရမ်မီဆုရှင် အသက် ၄၄ နှစ်အရွယ် မာရီယာကာရေးဟာ တောက်ပြောင်သားနားတဲ့ ညနေခင်း ဝတ်စုံကြီးနဲ့ မြေအောက်ရထားစီးခဲ့တာမို့ သူမရဲ့ သွားလာရေးမှာ ဘယ်လို ယာဉ်ပုံစံကိုမဆို လက်ခံဖို့ အသင့်ရှိတယ်လို့ ပြောပြလိုက်သလိုပါပဲ။ ပြီးတော့ သူမရဲ့ Vine အမည်ရ ဝက်ဘ်စာမျက်နှာမှာ နယူးယော့ခ်မြို့က ရှုပ်ထွေးပွေလီနေတဲ့ လမ်းပေါ်မှာ ဂါဝန်မပြီး လမ်းဖြတ်ကူးနေတာ တွေ့ရဦးမှာပါ။

"မြေအောက်ရထားထဲ ဝင်လာချိန်မှာ လူတွေ အံ့အားသင့်သွားပါတယ်။ နောက်မှ ကျွန်မကို မှတ်မိသွားပြီး အားလုံးပဲ ရယ်ရယ်မောမောနဲ့ ပြီးသွားတယ်။ မြေအောက်ရထားစီးရတာ အဆင်ပြေပါတယ်။ ကိုယ့်ဂါဝန်ကိုတော့ ဒေါက်ဖိနပ်နဲ့ မကြာခဏ တက်နင်းမိတယ်။ ဒီလိုပွဲမျိုးကို ကိုယ်ပိုင်ကားနဲ့ မသွားဘဲ ရထားစီးသွားမယ်လို့ ဘယ်သူထင်မှာလဲ။ ရထားနဲ့လည်း လိုရာခရီး ရောက်ပါတယ်" လို့ Hero၊ Heartbreaker သီချင်းတွေနဲ့ ကျော်ကြားလာခဲ့တဲ့ မာရီယာကာရေးက ပြောပါတယ်။ မာရီယာကာရေးဟာ မေ ၃၀ ရက်နေ့က နယူးယော့ခ် မြေအောက် ရထားကို စီးပြီး ဟီးရိုးဂါလာဆိုတဲ့ပွဲကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ရထားနဲ့ တိုက်ရိုက်မရောက်လို့ တက္ကစီ စီးခဲ့ရပါသေးတယ်။ မာရီယာကာရေးဟာ ယခု သီတင်းပတ်ထဲမှာပဲ ကမ္ဘာ့ဂီတ ဆုပေးပွဲ World Music Awards ကို တက်ဖို့ ရှိပါတယ်။ အဲဒီပွဲကို ဘာနဲ့ ရောက်လာဦးမလဲဆိုတာ စိတ်ဝင်စားစရာပဲ မဟုတ်လား။

Credit : Auto World Journal

ကချင်စစ်ဘေး ဒုက္ခသည် သုံးဦးအား မြစ်ကြီးနားခရိုင် တရားရုံးမှ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်



ရွှေစက်နှစ်ခြင်း အသင်းတော် ကချင်စစ်ဘေး ဒုက္ခသည် စခန်းတွင် နေထိုင်သည့် စစ်ဘေးရှောင် ဒုက္ခသည်များ ဖြစ်ကြသော ဦးလဖိုင်ဂမ်၊ ဦးဘရန်ရုန်း၊ မောင်လရိန်တို့အား မတရားအသင်း ဆက်သွယ်မှု၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ အက်ဥပဒေ ပုဒ်မ (၃)နှင့်(၄)တို့ဖြင့် ကချင်ပြည်နယ် မြစ်ကြီးနား ခရိုင်တရားရုံးမှ နှစ်ရှည်ထောင်ဒဏ်များ အသီးသီး ချမှတ်လိုက်ကြောင်း ယင်းအမှုတွင် လိုက်လံ ကူညီဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးမာခါးမှ Tomorrowဂျာနယ်သို့ ပြောကြားသည်။

“ဒီအမှုက အစိုးရနဲ့ ကေအိုင်အေကြား ဖြစ်လာတဲ့ နောက်ဆက်တွဲ အကျိုးဆက်ပေါ့၊ ထောင်ဒဏ် အမိန့်ချခံရတဲ့ လူတွေက ဒုက္ခသည်တွေလေ၊ အိုးအိမ်တွေ စွန့်ခွာပြီး ထွက်ပြေးလာကြတယ်၊ ဒီမှာလာ ခိုကြတယ်၊ အဲဒီအချိန်မှာ အဖမ်းခံရတယ်၊ သူတို့က ဒုက္ခသည် စခန်းမှ နေထိုင်ပြီး တစ်နှစ် နီးပါးလောက်မှာ ၂၀၁၂ ခြောက်လပိုင်း ကိုးရက်နေ့လောက်မှာ ကျွဲ၊နွားတွေ အငှားလိုက်ပါ မောင်းပို့ဖို့ သွားတာတာ လောကြီး ကျေးရွာနားမှာ ခလရ ၃၇က ဖမ်းဆီးသွားတယ်၊ ကျွဲ၊ နွားပိုင်ရှင်နဲ့ ကျွဲနွားတွေကို ငွေကြေးပေါင်းယူပြီး ပြန်လွတ်ပေးတယ်၊ သူတို့ကိုတော့ ဖမ်းထားတယ်၊ အဲဒီနားက ဘုန်းကြီးကျောင်းမှာ ရိုက်နှက်စစ်ဆေးပြီး မြစ်ကြီးနားမှာရှိတဲ့ စစ်ဖက်ရေးရာလုံခြုံရေးကို ပို့လိုက်တယ်၊ အဲဒီမှာလည်း နှိပ်စက်မှုတွေ ဆက်လုပ်တယ်၊ ပထမဆုံး မြစ်ကြီးနား တရားရုံးမှာ ၁၇(၁)နဲ့ တရားစွဲပြီး ပေါက်ကွဲစေတတ်တဲ့ အမှုနဲ့ထပ် တရားစွဲတယ်”ဟု ၄င်းအမှုတွင် လိုက်လံကူညီ ဆောင်ရွက် ပေးနေသည့် ရှေ့နေ ဦးမာခါးက ပြောကြားခဲ့သည်။

ကချင်စစ်ဘေးရှောင် ဒုက္ခသည်များ ဖြစ်ကြသော ဦးလဖိုင်ဂမ်၊ ဦးဘရန်ရုန်း၊ မောင်လရိန်တို့အား မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် ၂၀၁၃ခုနှစ် နိုဝင်ဘာ ၁၅ရက်က ထောင်ဒဏ် ၂နှစ်စီ အသီးသီး ချမှတ်ခဲ့ပြီး ၂၀၁၃ခုနှစ် ဒီဇင်ဘာ၁၉တွင် ဖောက်ခွဲမှုဖြင့် ထောင်ဒဏ် ၅နှစ်စီ အသီးသီး ချမှတ်ခံခဲ့ရကြောင်းနှင့် ထပ်မံ၍ ၂၀၁၄ ခုနှစ် ဇွန်လ၅ရက်နေ့တွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများ အက်ဥပဒေပုဒ်မ (၃)နှင့် ပုဒ်မ (၄)တို့ဖြင့် ဦးဘရန်ရုန်းအား ထောင်ဒဏ်၁၄နှစ် ဦးလဖိုင်ဂမ်အား ထောင်ဒဏ် ၁၃နှစ် ဦးလရိန်အား ထောင်ဒဏ် ၃နှစ် အသီးသီး ချမှတ်ခဲ့ကြောင်း အဆိုပါ ရှေ့နေမှ ပြောကြားသည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ခလရ ၃၇နှင့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်း အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ထံ အသနားခံစာ တင်ထားသော်လည်း ထူးခြားမှု မရှိခဲ့ကြောင်း အမှုအား နေပြည်တော် တရားသူကြီးချုပ်ထံ အယူခံဝင် သွားမည်ဖြစ်ကြောင်း သိရသည်။

Tomorrow news journal

မယ်စကြ၀ဠာပြိုင်ပွဲအတွက် ထိုင်းအလှမယ် Facebook ၌ ယင်လက်အစိုးရအဖွဲ့ကို ထောက်ခံသူများအား ကွပ်မျက်သင့်ဟု မှတ်ချက်ရေးမိသောကြောင့် သရဖူ စွန့်လွှတ်လိုက်ရ

ထိုင်းအလှမယ် ၀ီလုရီဒိသာယာဘတ် သတင်းစာရှင်းလင်းပွဲ၌ ငိုကြွေးနေစဉ် (Photo:AFP)




မယ်စကြ၀ဠာပြိုင်ပွဲဝင်ရန် ထိုင်းအလှမယ်အဖြစ် ရွေးချယ်ခံထားရသည့် ၀ီလုရီဒိသာယာဘတ် (၂၂ နှစ်) သည် ဖြုတ်ချခံလိုက်ရသော ယင်လက်အစိုးရအဖွဲ့အား ထောက်ခံသူများကို ကွပ်မျက်သင့်ကြောင်း တောင်းဆိုခဲ့သည်ဟု လူမှုရေး မီဒီယာတစ်ခုတွင် ပျံ့နှံ့ခဲ့ပြီးနောက် ဇွန် ၉ ရက်တွင် ထိုင်းအလှမယ်သရဖူကို စွန့်လွှတ်လိုက်ကြောင်း သိရသည်။

မယ်စကြ၀ဠာပြိုင်ပွဲ၌ ထိုင်းနိုင်ငံကို ကိုယ်စားပြုကာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရမည့် အခွင့်အရေးကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အွန်လိုင်းပေါ်မှ ဝေဖန်မှုများစွာတို့က သူ၏မိသားစုကို စိတ်ထိခိုက်စေသောကြောင့်ဖြစ်ကြောင်း ထိုင်းအလှမယ်က ပြောကြားခဲ့သည်။

သူသည် လွန်ခဲ့သည့် လအနည်းငယ်က ဖေ့စ်ဘွတ်တွင် ယင်လက်အစိုးရအဖွဲ့ကို ထောက်ခံသည့် ရှပ်နီများကို ရည်ညွန်းလျက် “အဲဒီ မကောင်းဆိုးရွား တက်ကြွလှုပ်ရှားသူတွေကို ကျွန်မအရမ်းဒေါပွတယ်။ သူတို့ကို ကွပ်မျက်ပစ်သင့်တယ်။ ဘုရင်ကို ဖြုတ်ချချင်တဲ့ ရှင်တို့လိုလူတွေကြောင့် ထိုင်းနိုင်ငံမှာ အမည်းစက် စွန်းထင်းရတယ်။ လူယုတ်မာတွေ၊ ရှင်တို့အိပ်ရာထဲမှာ ငြိမ်းငြိမ်းချမ်းချမ်း သေသွားလိမ့်မယ်” ဟု ရေးသားခဲ့သည်။
ထိုင်းအလှမယ်ဆု ရရှိခဲ့ပြီးနောက် ဘန်ကောက်၌ မေ ၁၇ ရက်က ရိုက်ကူးခဲ့သော ဓာတ်ပုံတွင် တွေ့ရသည့် ၀ီလုရီဒိသာယာဘတ် (Photo:AFP)

သူ့အား လူမှုရေးမီဒီယာ အသုံးပြုသူများက အလျင်အမြန် ဒေါသတကြီး ပြန်လည်ပြစ်တင် ဝေဖန်ခဲ့သည်။ ယင်းနောက် သူက သူ၏ရေးသားချက်များကို ပြန်လည်ဖြုတ်ချခဲ့သည်။ နိုင်ငံရေး သဘောထားကွဲလွဲမှု ပြင်းထန်နေသော ထိုင်းနိုင်ငံတွင် တစ်ဖက်မှရေးသားသည့် မည်သည့်နိုင်ငံရေး မှတ်ချက်မျိုးမဆို အခြားတစ်ဖက်ကို အကြီးအကျယ် ဒေါသထွက်စေလိမ့်မည်ဟု ဆိုသည်။

ထိုင်းအလှမယ်၏ ရေးသားချက်ကို တုံ့ပြန်သောအားဖြင့် ဖေ့စ်ဘွတ်နှင့်တွစ်တာ အသုံးပြုသူများက သူ၏ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်ကို ထိုးနှက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။




သူအား ဆန့်ကျင်သည့် မှတ်ချက်တစ်ခု၌ “သူဟာ လမ်းလျှောက်နေတဲ့ ဘီယာစည်ပိုင်းပဲ” ဟု ရေးသားထားသည်။ အခြားမှတ်ချက်တစ်ခု၌ “သူ့ခန္ဓာကိုယ်၊ သူ့မျက်နှာနဲ့ သူ့အမူအရာက သရဖူနဲ့ မသင့်တော်ပါဘူး” ဟု ရေးသားထားသည်။

ထင်ရှားသည့် ရုပ်ရှင်မင်းသမီး တစ်ဦးလည်းဖြစ်သော ၀ီလုရီက ဇွန် ၉ ရက်တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ရာ၌ “ကျွန်မကို ရေးသားခဲ့တဲ့ မှတ်ချက်တွေက အရမ်းကို ပြင်းထန်လွန်းပါတယ်။ စိတ်မကောင်းပါဘူးလို့ ပြောချင်ပါတယ်။ ကျွန်မက လူသိများ ထင်ရှားတဲ့ သူတစ်ယောက်ဆိုတာ ကျွန်မနားလည်ပါတယ်။ ဒါပေမဲ့ ကျွန်မအမေ စိတ်ညစ်နေတာ မြင်ရတော့ သမီးတစ်ယောက်အနေနဲ့ ကျွန်မလည်း မပျော်ရွှင်နိုင်ပါဘူး။ ဒါကြောင့် ဒီကနေ့မှာ ထိုင်းအလှမယ်အဖြစ်နဲ့ မယ်စကြ၀ဠာပြိုင်ပွဲ ၀င်ဖို့ကနေ နုတ်ထွက်လိုက်ပါတယ်” ဟု ပြောကြားခဲ့သည်။

ယခုနှစ် အနှောင်းပိုင်းတွင် ပြုလုပ်မည့် မယ်စကြ၀ဠာပြိုင်ပွဲအတွက် သူ၏နေရာ၌ မည်သူ့ကို အစားထိုး ရွေးချယ်မည်ကို ချက်ချင်းကြေညာခြင်း မပြုသော်လည်း ထိုင်းမယ်စကြ၀ဠာ ရွေးချယ်ရေးအဖွဲ့က “နောင်ဆိုရင် ပြိုင်ပွဲဝင်တွေရဲ့ အမူအကျင့်ကို သေသေချာချာ စိစစ်ရမယ့်အပြင် သူတို့ရဲ့ လူမှုရေး မီဒီယာတွေကိုပါ စစ်ဆေးရတော့မယ်” ဟု ပြောကြားခဲ့သည်။

Ref:AFP

NEWS ELEVEN

အမေရိကန်အထက်တန်းကျောင်းတစ်ကျောင်းတွင် ပစ်ခတ်မှုဖြစ်ပွား၍ ကျောင်းသားတစ်ဦးနှင့်သေနတ်သမားသေဆုံး

ရေးနိုးစ်အထက်တန်းကျောင်းမှ ကျောင်းသားများနှင့်မိဘများ ကားပါကင်တွင် ပြန်လည်တွေ့ဆုံကြစဉ် (Beth Nakamura/ The Oregonian)




လော့စ်အန်ဂျလိစ်- အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ်ပေါ့ထ်လန်းမြို့အနီးရှိ အထက်တန်းကျောင်းတစ်ခု၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကျောင်းသားတစ်ဦးနှင့် သေနတ်သမားတို့သေဆုံးခဲ့သည်ဟု အမေရိကန် ရဲတပ်ဖွဲ့ကပြောသည်။

ထရောက်ဒေးလ်မြို့ ရေးနိုးစ်အထက်တန်းကျောင်း၌ ဇွန် ၁၀ ရက် နံနက် ၈ နာရီခန့်တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်ဟု Multnomah စီရင်စုငြိမ်ဝပ်ပိပြားရေးအရာရှိရုံးကပြောသည်။ ကျောင်းထဲမှ ကျောင်းသားများလက်မြှောက်၍ ထွက်ခွာလာသည်ကိုရုပ်သံများကရိုက်ကူးဖော်ပြခဲ့ပြီး အခင်းဖြစ်ပွားချိန်တွင် ကျောင်းသားများသည် ၎င်းတို့၏မိဘများအား ဖုန်းဖြင့်စာများရေးသား ၍ ဆက်သွယ်ခဲ့သည်ဟု အေပီသတင်းကဖော်ပြသည်။

ယခုမူ ရေးနိုးစ်ကျောင်းတွင်းအခြေအနေမှာ တည်ငြိမ်သွားပြီဖြစ်ပြီး ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သောကျောင်းသားမှာ အသက် (၁၄)နှစ်အရွယ် Emilio Hoffman ဆိုသူဖြစ်ကြောင်း ထရောက်ဒေးလ်မြို့ရဲတပ်ဖွဲ့အကြီးအကဲက အတည်ပြုပြောကြားသည်။ သေနတ်သမားသေဆုံးရသည့်အကြောင်းရင်းကိုမူ အတိအကျမသိရသေးပေ။

ပြီးခဲ့သည့်သီတင်းပတ်သုံးပတ်အတွင်း အမေရိကန်နိုင်ငံ၌ ပစ်ခတ်မှုပေါင်းလေးမှုဖြစ်ပွားခဲ့ပြီး သေနတ်သမားများအပါအဝင် လူ ၁၅ ဦးသေဆုံးခဲ့သည်။

_Ref: AFP
7day daily

တပ်မတော် အရာရှိနှင့် တပ်ဖွဲ့ဝင်များကို တရားစွဲမှု ပလပ်ခံရ


ဟင်္သာတ၊ ဇွန် ၁၀

အင်္ဂပူမြို့နယ် ကွင်းကောက်ဒေသ ရေဖြူစမ်းကွင်းတွင် တောင်သူများ စိုက်ပျိုးထားသည့် သီးနှံများနှင့် ခြံစည်းရိုးများကို မီးရှို့ ဖျက်ဆီးခဲ့သည့် အမှတ် (၅) တပ်မတော် တန်းမြင့်ကျောင်းက ဗိုလ်မှူးအဆင့် အရာရှိတစ်ဦးနှင့် တပ်ဖွဲ့ဝင် ၂၀ ကို ယင်းမြို့နယ် တရားရုံး၌ မေလ ၂၈ ရက်နေ့က ဦးတိုက် လျှောက်ထားခဲ့ရာ ပလပ်ခံခဲ့ရကြောင်း တောင်သူ အဖွဲ့ခေါင်းဆောင် ဦးသန်းဌေးက ပြောကြားသည်။

တောင်သူများ စိုက်ပျိုးထားသည့် ဆောင်းစပါးသီးနှံများ ရိတ်သိမ်းရတော့မည့် အချိန်တွင် အမှတ် (၅) တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်းက ဗိုလ်မှူး ဇာနည်ထွန်းနှင့် တပ်မတော်သား ၂၀ ခန့်က မေလ ၁၄ ရက်နေ့နှင့် မေလ ၁၆ ရက်နေ့တွင် ယူနီဖောင်းများ ဝတ်ဆင်လျက် သီးနှံများကို ဖျက်ဆီးကာ ခြံစည်းရိုးများကို ဖျက်ဆီးမီးရှို့ခဲ့ကြောင်း၊ ယင်းကြောင့် မေလ ၂၈ ရက်နေ့က အင်္ဂပူ မြို့နယ်တရားရုံးတွင် တောင်သူဦးလှကျော်က တရားလို ပြုလုပ်၍ ဦးတိုက် လျှောက်ထားရာ မေလ ၃၀ ရက်နေ့တွင် ကွင်းကောက် နယ်မြေရဲတပ်ဖွဲ့စခန်းကို ပြန်လည် စစ်ဆေးခိုင်းခဲ့ပြီး ရဲတပ်ဖွဲ့၏ ပြန်လည် တင်ပြချက်အရ ခိုင်လုံခြင်း မရှိဟုဆိုကာ ပလပ်ခံရသည်ဟု ၎င်းကပြောဆိုသည်။

တောင်သူများ စိုက်ပျိုးထားသည့် သီးနှံများနှင့် ခြံစည်းရိုးများကို မီးရှို့ဖျက်ဆီးသည်ဟု ပြောဆိုခြင်းမှာ မှန်ကန်မှုမရှိဘဲ ဆီးပင်အခက်များကို ကာရံထားခြင်း ဖြစ်ကြောင်း၊ မိုးစပါးစိုက်ချိန် ဖြစ်သောကြောင့် တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းခြင်းသာ ရှိခဲ့ကြောင်း၊ ယင်းနေရာများတွင် တပ်မတော်က ၁၀ နှစ်ကျော် စိုက်ပျိုးလာ ခဲ့သည်ကို တောင်သူများ နားလည်အောင် ရှင်းပြခဲ့ကြောင်း၊ တောင်သူများ စိုက်ပျိုးထားသည့် ဆောင်းစပါး များကိုလည်း ဧပြီလကုန်တွင် ရိတ်သိမ်းရန် ပြောခဲ့သည်ဟု အမှတ် (၅) တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ ဗိုလ်မှူးဇာနည်ထွန်းက ပြောကြားသည်။

“မြို့နယ်အဆင့် တာဝန်ရှိသူတွေ ဖြေရှင်းပေးပေမယ့် တောင်သူတွေက လက်မခံကြဘူး။ ဒါ့ကြောင့်လည်း တရားစွဲဆိုတဲ့ အဆင့်ထိ ဖြစ်လာတာပါ။ တောင်သူတွေကြောင့် သင်တန်းကျောင်း အနေနဲ့လည်း တစ်နှစ်ကို ကျပ်သိန်း ၂၀ ကနေ ကျပ်သိန်း ၃၀ လောက် နစ်နာခဲ့တာ ရှိတယ်” ဟု ၎င်းကပြောဆိုသည်။

အင်္ဂပူမြို့နယ် ကွင်းကောက်ဒေသရှိ လယ်မြေ ၂၀၂ ဧကနှင့် ယာမြေဧက ၃၀၀၀ ကျော်ကို ၁၉၉၄- ၁၉၉၅ ခုနှစ်က အမှတ် (၆) တပ်မတော် လေ့ကျင့်ရေးကျောင်း (ယခု အမှတ် (၅) တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်း) တည်ဆောက်ရန် သိမ်းယူခဲ့ခြင်း ဖြစ်ပြီး သီးစားပြန်ချထား ခဲ့ကြောင်း ၂၀၁၂ ခုနှစ်တွင် တောင်သူများကို သီးစားလုပ်ကိုင်ခွင့် မပေးတော့သည့်အတွက် တောင်သူများက ၂၀၁၃ ခုနှစ်အတွင်း ထွန်တုံးတိုက်ပွဲများ ဆက်တိုက် ပြုလုပ်ခဲ့သောကြောင့် ဗိုလ်မှူး ဇာနည်ထွန်းက အင်္ဂပူမြို့နယ် တရာရုံးတွင် တရားစွဲဆိုခဲ့ရာ ယင်းမြို့နယ် တရားရုံးတွင် ရုံးချိန်း ၃၀၊ ဟင်္သာတ ခရိုင်တရားရုံးတွင် ရုံးချိန်းငါးကြိမ်၊ တိုင်းတရားရုံးတွင် ရုံးချိန်းတစ်ကြိမ် စစ်ဆေးခဲ့ပြီး ၂၀၁၄ ခုနှစ် မေလ ၂၀ ရက်နေ့က တောင်သူ ၂၇ ဦးကို အမှတ် (၅) တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်းက အမှုပြန်လည် ရုပ်သိမ်းပေးခဲ့ကြောင်း ဦးသန်းဌေးက ပြောဆိုသည်။

The Voice Weekly

မော်ဒန်ပန်းချီလောကကို ဦးဆောင်သူ ပန်းချီဆရာကြီး ခင်မောင်ရင် ကွယ်လွန်


ရန်ကုန်၊ ဇွန် ၁၀

မြန်မာပန်းချီလောက၏ မော်ဒန် ပန်းချီလောကကို ဦးဆောင်သူ ပန်းချီဆရာ ခင်မောင်ရင် (အသက် ၇၆နှစ်) သည် ရန်ကုန်မြို့ ပင်လုံဆေးရုံ၌ ၂၀၁၄ ဇွန် ၁၀ ရက်နေ့ ညနေ ၃ နာရီ ၂၄ မိနစ်တွင် လည်ချောင်းကင်ဆာ ဝေဒနာဖြင့် ကွယ်လွန်သွားကြောင်း မိသားစုဝင် တစ်ဦးထံမှ သိရှိရသည်။

ဦးခင်မောင်ရင်၏ နာရေးကို ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ရေဝေးသုသာန်တွင် သဂြုင်္ိဟ်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“သူက နည်းနည်းထူးဆန်းတဲ့ ပုဂ္ဂိုလ်မျိုး၊ စိတ်ဝင်စားဖို့လည်း ကောင်းတယ်။ နှမြောဖို့ ကောင်းတာက သူကစကားကို ချိုချိုမပြောဘူး။ မာမာထန်ထန် ပြောတတ်ပေမယ့် သူ့ရဲ့အကြီးမားဆုံး အားသာချက်က လူတွေရဲ့စိတ်ကို ချမ်းသာအောင် ပျော်အောင် လုပ်ပေးတတ်တယ်။ ဒါကြောင့်လည်း စိတ်ညစ်တဲ့အခါ သူ့ကို သွားတွေ့ကြတယ်” ဟု ဗိသုကာ ပညာရှင် တစ်ဦးဖြစ်သည့် ဦးကြည်တွဲက ဆိုသည်။

မြန်မာ့မော်ဒန်ခေတ်ဦး ပန်းချီဆရာ ဖြစ်သည့် ဦးခင်မောင်ရင်ကို ၁၉၃၈ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၁၉၆၀ ပြည့်နှစ်တွင် ရန်ကုန်စက်မှု တက္ကသိုလ်မှ ဗိသုကာဘွဲ့ရရှိကာ ဘင်္ဂလားဒေ့ရှ်တွင် အလုပ်သွားရောက် လုပ်ကိုင်ရာက ရုပ်ရှင်ရိုက်လိုသည့် ဆန္ဒကြောင့် မြန်မာနိုင်ငံ ပြန်လာကာ ၎င်း၏ ပထမဆုံး ရုပ်ရှင်ဇာတ်ကား ဖြစ်သည့် နှမလက်လျှော့ နေလေတော့ ရုပ်ရှင်ကားကို ရိုက်ကူး၍ ရုပ်ရှင်ဒါရိုက်တာအဖြစ် လည်းကောင်း၊ ၁၉၇၅ ခုနှစ်ကစ၍ လူငယ်များ အင်္ဂလိပ်စာ တတ်မြောက်ရေးအတွက် အင်္ဂလိပ်စာ ဆရာအဖြစ် ၁၅ နှစ်ခန့် လည်းကောင်း လုပ်ကိုင်ခဲ့သည်။

ပန်းချီ ခင်မောင်ရင်၏ အသက် (၇၅) နှစ်ပြည့် စိန်ရတုမွေးနေ့ ပန်းချီပြပွဲကို နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ ဒဂုံမြို့နယ် ယောမင်းကြီးလမ်းရှိ Gallery 65 တွင် ကျင်းပခဲ့သည်။

ဆရာကြီး၏ လက်ရာများအနက် ဒေါ်အောင်ဆန်းစုကြည်ပုံ ပန်းချီကားမှာ နိုင်ငံတကာတွင် ကျော်ကြားလျက်ရှိပြီး မြောက်ဥက္ကလာပ သန္တာလမ်းသွယ် (၁၁) တွင်နေထိုင်ခဲ့ကြောင်း ၎င်း၏ အနုပညာ အသိုင်းအဝိုင်းထံမှ သိရှိရသည်။

The Voice Weekly

Facial recognition ပရိုဂရမ်အတွက် ဓာတ်ပုံသန်းပေါင်းများစွာကို NSA စုဆောင်းခဲ့


အမျိုးသားလုံခြုံရေး အေဂျင်စီ (NSA) သည်ပစ်မှတ်များကို ရှာဖွေရာတွင် အထောက်အပံ့ဖြစ်စေရန် facial recognition ပရိုဂရမ်အတွက် တစ်ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်မှုများမှ ဓာတ်ပုံများကို ကြားဖြတ်ရယူခဲ့ကြောင်း News York Times သတင်းစာက ဖော်ပြသွားခဲ့သည်။

NSA သည် email, text message, social media, videoconference များနှင့် အခြားဆက်သွယ်ရေး နည်းလမ်းများမှ ဓာတ်ပုံသန်းပေါင်းများစွာကို ရယူရန် ရှုပ်ထွေးသော ဆော့ဖ်ဝဲများ အသုံးပြုခဲ့သည်။ ထို့ကြောင့် NSA အနေဖြင့်တယ်လီဖုန်းနှင့် email ဆက်သွယ်မှုအချက်အလက်များစွာ စုဆောင်းခြင်းကို အဓိက အာရုံစိုက်ခဲ့သော်လည်း ၎င်းပရိုဂရမ်များဖြင့် ပစ်မှတ်များကို နည်းသစ်ဖြင့် ထောက်လှမ်းမှုများ ပြုလုပ်နိုင်မည်ကို သိရှိခဲ့ကြောင်း NSA အေးဂျင့်ဟောင်း Edward Snowden ရယူခဲ့သည့် စာရွက်စာတမ်းများတွင် ဖော်ပြထားသည်။

NSA ၏နည်းပညာနှင့် ပတ်သက်ပြီး New York Times သတင်းစာက ရုပ်ရည်သွင်ပြင်နှင့် အပြင်အဆင်အမျိုးမျိုးရှိသော လူတစ်ဦးတည်း၏ ဓာတ်ပုံများကို ၎င်း၏ ခရီးသွားလာမှုအခြေအနေနှင့် ဆက်နွှယ်မှုရှိသည့် သူများဖြင့် တွဲဖက် ပြသပေးထားကြောင်း ရှင်းလင်းဖော်ပြခဲ့သည်။ NSA ၏ပြောရေးဆိုခွင့် ရှိသူကမူ အေဂျင်စီ၏ နိုင်ငံခြားရေး စောင့်ကြည့်မှု ပရိုဂရမ်များသည် အမေရိကန်ဥပဒေများနှင့် ပေါ်လစီရည်မှန်းချက် တို့ဖြင့် လိုက်လျောညီထွေ ဖြစ်အောင် ပြုလုပ်ထားကြောင်း CNET သို့ပြောကြားခဲ့သည်။


စိုးထက်
Ref: CNET
Internet Journal

ဘက်ဟမ်း၏ ဘောလုံးအသင်းသစ်အတွက် ကွင်းနေရာ လျှောက်ထားမှု ငြင်းပယ်ခံရ



ကိုယ်ပိုင် ဘောလုံးအသင်းတစ်သင်း တည်ထောင်ရန် စိုင်းပြင်းနေသော ဒေးဗစ်ဘက်ဟမ်းသည် အသင်းပိုင်ကွင်း မြေနေရာအတွက် စိတ်ကြိုက်ရွေးချယ် လျှောက်ထားခဲ့သော်လည်း အဆင်မပြေခဲ့ကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံ မီယာမီတွင် အင်္ဂလန် လက်ရွေးစင် ဘောလုံးအသင်းခေါင်းဆောင်ဟောင်းဘက်ခမ်းက ဘောလုံးအသင်းတစ်သင်း တည်ထောင်သွားရန် ပြင်ဆင်လျှက် ရှိသည်။

မီယာမီရှိ ဘတ်စကက်ဘော ကွင်းကြီးတစ်ခုအနီး မြေနေရာကို ဘက်ဟမ်းက ၎င်း၏ ဘောလုံးအသင်းအတွက် အိမ်ကွင်းအဖြစ် တည်ဆောက်ရန် ရွေးချယ်ပြီး အဆိုပြုခဲ့သော်လည်း မြို့တော် အုပ်ချုပ်ရေး တာဝန်ရှိသူများက ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။

ဘက်ဟမ်းအဆိုတင်သွင်းသော ကမ်းနားမြေကွက် နေရာသည် ဘောလုံးကွင်း ဆောက်လုပ်ရန် သင့်လျော်မှု မရှိဟု သက်ဆိုင်ရာက ပြန်ကြားခဲ့သည်။ ဘက်ဟမ်း၏ ကုမ္ပဏီဖြစ်သော Beckham Miami Unitedကမူ မိမိတို့သည် အခြားသင့်တော်မည့် နေရာသစ် တစ်ခုကို ရှာဖွေသွားမည်ဟု ကြေညာသည်။

ဘက်ဟမ်းသည် အမေရိကန် မေဂျာလိဂ် ပြိုင်ပွဲတွင် ပါဝင်မည့် ဘောလုံးအသင်း တစ်သင်းကို တည်ထောင်ရန်အတွက် မကြာသေးမီ လပိုင်းအတွင်း လန်ဒန်နှင့် မီယာမီ ကူးချည်သန်းချည် သွားလာနေခဲ့သည်။

စည်းမျဉ်းများအရ ဘက်ဟမ်း၏ ကုမ္ပဏသည် အားကစားကွင်း တည်ဆောက်ခွင့် နေရာတစ်ခု အတည်ပြု သတ်မှတ်ပြီးမှသာ အမေရိကန် မေဂျာလိဂ် ဘောလုံးအဖွဲ့ချုပ်ထံမှ အသင်းဝင်ခွင့် တရားဝင် ရရှိနိုငမည် ဖြစ်သည်။

အစောပိုင်းက ကမ်းနားမြေကွက် တစ်ခုကို ဘက်ဟမ်းအနေဖြင့် စိတ်ဝင်စားခဲ့သေးသော်လည်း ခရုစ်သင်္ဘောလိုင်း အချို့၏ ဆန့်ကျင်မှုများကြောင့် အဆင်မပြေခဲ့ချေ။

Beckham Miami United ကုမ္ပဏီသည် ကွင်းသစ်အတွက် အမေရိကန်ဒေါ်လာသန်း ၂၅၀ အကုန်အကျခံ မြှုပ်နှံသွားရန် သဘောတူညီထားပြီး ပရိသတ် ၂၀,၀၀၀ ဝင်ဆံ့သည့် ကွင်းမျိုးကို ဆောက်လုပ်သွားဖွယ် ရှိနေသည်။

ယခုစီမံကိန်းတွင် ဘက်ဟမ်းနှင့်အတူ စီးပွားရေး စွန့်ဦးတီထွင်သူ ဆိုင်မွန်ဖူလာ၊ မိုဘိုင်းဖုန်း ဝန်ဆောင်မှု လုပ်ငန်းများဖြင့် ဘီလျံနာသူဌေး တစ်ဦးအဖြစ် ကြွယ်ဝနေသူ မာဆယ်လို ကလော်ရီတို့လည်း ပူးပေါင်းပါဝင်ကြမည် ဖြစ်သည်။

_Ref: BBC
7Day DAILY

မြန်မာ ယူ-၁၉ အသင်း ဘာလင်မြို့နှင့် လန်ဒန်မြို့များတွင် နေထိုင်လေ့ကျင့်မည်ဖြစ်ပြီး ၀က်စ်ဟမ်း လူငယ်အသင်း အပါအ၀င် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် ညှိနှိုင်းလျက်ရှိ

မြန်မာ ယူ-၁၉ အသင်း ကစားသမားများနှင့် လက်ထောက်နည်းပြ ဦးညီညီလတ်တို့ကို လေ့ကျင့်ရေးကွင်း၌ တွေ့ရစဉ် (ဓာတ်ပုံ - ညီညီစိုးညွန့်)



မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်နေသည့် မြန်မာ ယူ-၁၉ အသင်းသည် ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် ဥရောပနိုင်ငံများတွင် သွားရောက် လေ့ကျင့်မည်ဖြစ်ပြီး ဂျာမနီနိုင်ငံ၊ ဘာလင်မြို့နှင့် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့များတွင် လေ့ကျင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ-၁၉ အသင်းသည် ယင်းနှစ်နိုင်ငံတွင် ရက် ၂၀ ကျော်ကြာ နေထိုင်၍ လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ပြီး ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန်အတွက် ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ မြန်မာ ယူ-၁၉ အသင်းသည် ၀က်စ်ဟမ်း လူငယ်အသင်း အပါအ၀င် အခြားဒေသခံ လူငယ်ကလပ် အသင်းများနှင့် ခြေစမ်းကစားရန် ညှိနှိုင်းလျက်ရှိပြီး နောက်ဆုံးအဆင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။ မြန်မာ ယူ-၁၉ အသင်းသည် လာမည့် ဇွန် ၂၉ ရက်မှ ဇူလိုင် ၂၅ ရက်အထိ သွားရောက်လေ့ကျင့်ရန် စီစဉ်ထားပြီး ဂျာမနီနိုင်ငံသို့ ဦးစွာသွားရောက်မည် ဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းသည် ဥရောပခြေစမ်း ခရီးစဉ်အတွက် ပဏာမလက်ရွေးစင် ကစားသမား ၂၇ ဦးဖြင့် လေ့ကျင့်လျက်ရှိပြီး အပြီးသတ် ၂၅ ဦးကို ဇွန်လစတုတ္ထပတ်တွင် ရွေးချယ်သွားမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် ပြီးခဲ့သည့် ဧပြီလ ကတည်းက စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ပြိုင်ပွဲအကြို ယှဉ်ပြိုင်ကစားခဲ့သော နိုင်ငံတကာ ခြေစမ်းပွဲများတွင် ရလဒ်ကောင်းများ ရယူထားနိုင်သည်။ ဂျပန် ယူ-၁၉ အသင်းကို (၁-၀)ဂိုး၊ နိုင်ဂျီးရီးယားကလပ် အာရာဖတ်အသင်းကို (၇-၁) ဂိုးတို့ဖြင့် အနိုင်ရရှိထားပြီး အင်ဒိုနီးရှားတွင် သွားရောက်ကစားခဲ့သော အင်ဒိုနီးရှား ယူ-၁၉ အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲတွင် တစ်ပွဲနိုင်၊ တစ်ပွဲသရေကျခဲ့ကြောင်း သိရသည်။



Eleven Media Group

ဒေါ်အောင်ဆန်းစုကြည် နီပေါနိုင်ငံသို့ လေးရက်ကြာသွားမည်


ရွှေရည်ဝင်းထက်| ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၁ ရက်၊ ၂၀၁၄ ခုနှစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ကော့မှူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် နီပေါနိုင်ငံဝန်ကြီးချုပ် (Mr.Sushil Koirala)၏ ဖိတ်ကြားချက်ဖြင့် နီပေါနိုင်ငံသို့ လေးရက်ကြာ သွားရောက်မည်ဟု အင်န်အယ်လ်ဒီအဖွဲ့ချုပ်ဥက္ကဋ္ဌရုံး၏ ဆက်သွယ်ရေးအရာရှိ ဦးမိုးဇော်ဦးက အတည်ပြုပြောကြားသည်။

နီပေါနိုင်ငံသို့ ဇွန် ၁၃ ရက်မှ စတင်ထွက်ခွာမည်ဖြစ်ပြီး ဇွန် ၁၆ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဒေါက်တာတင်မာအောင်၊ ဦးဖြိုးဇေယျာသော်နှင့် ဦးမိုး ဇော်ဦးတို့ လိုက်ပါသွားမည် ဖြစ်သည်။

နီပေါနိုင်ငံ ခတ္တမန္ဒူမြို့သို့ ပထမဦးဆုံးသွားရောက်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် နီပေါ နိုင်ငံသမ္မတနှင့် ၀န်ကြီး ချုပ်ကိုလည်းသွား ရောက်တွေ့ဆုံမည်ဖြစ်သည်။ ထို့နောက် နီပေါနိုင်ငံလွှတ်တော်သို့လည်း သွားရောက် လေ့လာပြီး လွှတ်တော်ဥက္ကဋ္ဌနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

အဆိုပါခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် နီပေါဝန်ကြီးချုပ်ဟောင်း၏ နှစ်(၁၀၀)ပြည့် အထိမ်းအ မှတ်အခမ်းအနားသို့တက်ရောက်၍ နှုတ်ခွန်းဆက်အမှာ စကားပြောကြားမည်ဖြစ်ပြီး နီပေါနိုင်ငံရှိ လုံမ္မနီ ဥယျာဉ်သို့ သွားရောက်လည်ပတ်မည်ဖြစ်သည်။ နီပေါနိုင်ငံသို့ ပထမဦးဆုံးကြိမ်သွားရောက်ခြင်းဖြစ်ပြီး နေအိမ်အကျယ်ချုပ်မှလွတ်မြောက်ပြီး ပထမဦးဆုံး ပြည်ပခရီးစဉ် အဖြစ် ၂၀၁၂၊ ဇွန်လတွင် နော်ဝေး နိုင်ငံသို့ စတင်သွားရောက်ခဲ့သည်။

Mizzima Burmese

စီးပွားရေးသတင်းတိုများ


စက်မှုဇုန် ဥပဒေသီးသန့် ပြဋ္ဌာန်းရန် လိုအပ်ဟုဆို

စက်မှုဇုန်များတွင်လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရန်အတွက် စက်မှုဇုန်ဥပဒေကို သီးသန့် ဥပဒေကိုပြဋ္ဌာန်းရန် လိုအပ်နေကြောင်း စက်မှုဇုန်လုပ်ငန်းရှင်များက မဇ်္ဈိမကိုပြောသည်။

“စက်မှုဇုန် ဥပဒေကိုထွက်စေချင်ပြီ။ အခုလက်ရှိမှာ အိုးအိမ်က ထုတ်ထားတဲ့ ၁/၉၇ ဥပဒေနဲ့ပဲ လုပ်ငန်း ဆောင်ရွက်နေရတယ်။ စက်မှုဇုန်တွေမှာ စည်းကမ်းမလိုက်နာတဲ့သူတွေရှိရင် အပြစ်ပေးဖို့က အရမ်းခက်ခဲ တယ်။ ဒါကြောင့်စက်မှုဇုန်ဥပဒေကို သီးသန့်ပြဋ္ဌာန်းပေးစေချင်ပါတယ်” ဟု လှိုင်သာယာစက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောသည်။
----------------------------------------------------------------------------------
SME လုပ်ငန်းများဖွံ့ဖြိုးရေးအတွက် SMIDB ညီမည်

မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က အကူအညီပေးရန် ကမ်းလှမ်းထားသည်ဟု အသေးစားနှင့်အလတ်စားစက်မှု လုပ်ငန်းဖွံ့ဖြိုးရေးဘဏ် SMIDB ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ဇွန်လ ၆ ရက်တွင် မဇ္ဈိမကိုပြော သည်။

“အေဒီဘီက မြန်မာနိုင်ငံမှာရှိတဲ့ SME လုပ်ငန်းတွေကို ချေးငွေပိုပြီးထုတ်ချေးနိုင်အောင် ကျွန်တော်တို့ရဲ့ အသေးစားနှင့် အလတ်စားစက်မှု လုပ်ငန်းဖွံ့ဖြိုးရေးဘဏ် SMIDB ကို ချေးငွေ ထုတ်ချေးမယ်ဆိုပြီး ကမ်း လှမ်းလာတာပါ။ အေဒီဘီ ကချေးငွေရယူနိုင်ဖို့ ညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်” ဟု စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောသည်။
----------------------------------------------------------------------------------
ကျောက်ဖြူအထူးစီးပွားရေးဇုန် ဈေးကွက်မြှင့်တင်ရေးပွဲ ကျင်းပမည်

ကျောက်ဖြူအထူးစီးပွားရေးဇုန် ဈေးကွက်မြှင့်တင်ရေးပွဲ Road Show များကို ရန်ကုန်မြို့ IBC ခန်းမမှာ ဇူလိုင်လ ၃ ရက်တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်ဟု ကျောက်ဖြူ အထူးစီးပွားရေးဇုန် ကော်မတီကသတင်း ထုတ်ပြန်သည်။

နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံလိုသူများအတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန် ဈေးကွက်မြင့်တင်ရေးပွဲ Road Show ကိုစင်ကာပူနိုင်ငံတွင်လည်း ဇူလိုင်လ ၇ ရက် တွင် ကျင်းပပြုလုပ်ပေးသွားမည် ဖြစ်သည် ဟုလည်း ကျောက်ဖြူအထူးစီးပွားရေးဇုန် ကော်မတီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စင်ကာပူနှင့် မြန်မာနိုင်ငံတို့တွင် ကျင်းပမည့် အဆိုပါRoad Show ပွဲများသို့ စိတ်ဝင်စားသည့် ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များ တက်ရောက်နိုင်သည်ဟုလည်း ကျောက်ဖြူအထူးစီးပွားရေးဇုန် ကော်မတီကသတင်း ထုတ်ပြန်သည်။
----------------------------------------------------------------------------------
လေယာဉ်ငယ် မှာယူမှုမြင့်တက်

ပြီးခဲ့သည့် မေလအတွင်းနာမည်ကြီးလေယာဉ်ထုတ်လုပ် ရောင်းချသောကုမ္ပဏီများဖြစ်ကြသည့် အဲဘတ်စ် Air Bus နှင့် ဘိုရင်း (Boeing) ကုမ္ပဏီတို့ထံမှ ကိုယ်ထည်ကျဉ်း လေယာဉ်အမျိုးအစားဖြစ်သော လျှောက် လမ်းတစ်ခုပါ လေယာဉ်များမှာ ယူမှုမြင့်တက်ခဲ့ပြီး ကမ္ဘာ့နိုင်ငံများက ယခုနှစ်ပထမ ငါးလတာ ကာလတွင် အဲယားဘတ်စ်ကုမ္ပဏီမှ ထုတ်လုပ်သည့် ကိုယ်ထည်ကျဉ်း လေယာဉ်၂၀၃ စင်းကိုမှာယူခဲ့ကြပြီး၊ ဘိုရင်း ကုမ္ပဏီထံမှလည်း ကိုထည်ကျဉ်းလေယာဉ် ၃၉၄စင်းမှာယူထားမှုများရှိခဲ့သည်ဟု AIN online သတင်းတွင် ဇွန်လ ၉ ရက်က ရေးသားဖော်ပြသည်။
----------------------------------------------------------------------------------
ဖိလစ်ပိုင်က လျှပ်စစ်ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်ရန် ဆောင်ရွက်မည်

ဖိလစ်ပိုင်နိုင်ငံသည် လျှပ်စစ်ထုတ်ကုန်ကဏ္ဍအတွက် အင်္ဂလိပ်စကားတတ်ကျွမ်း သည့်နည်းပညာရှင်များ၊ အလုပ်သမား အင်အားနှင့် လုပ်အားခ စသည့်ကဏ္ဍများတွင် အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိနေ ပြီဖြစ်ရာ ၂၀၁၅ အာဆီယံစီးပွားရေး ပေါင်းစည်းမှုဖြစ်ပေါ်လာချိန်တွင် လျှပ်စစ်ထုတ်ကုန်ကဏ္ဍ၌ အကျိုး အမြတ်ပိုမိုရရှိနိုင်မည် ဖြစ်သည်ဟု ဘင်းစနစ်မိုင်ရာသတင်းဌာနတွင် ဇွန် ၆ ရက်က ရေးသားဖော်ပြသည်။

၂၀၁၆ ခုနှစ်တွင် လျှပ်စစ်ကုန်ထုတ်ကဏ္ဍမှ လျှပ်စစ်ပစ်္စည်းများတိုက်ရိုက် ထုတ်လုပ်ခြင်းနှင့် လျှပ်စစ်ပစ္စည်း တစ်ဆင့်ခံ ထုတ်လုပ်ခြင်းများအတွက် အလုပ်အကိုင်ပေါင်း လေးသန်းခန့် ဖန်တီးပေးနိုင်မည်ဖြစ်သည်ဟု လည်း အထက်ပါသတင်းက ဆိုသည်။

Mizzima Burmese

၁၀ နှစ်အတွင်း ကျောင်းသားတစ်သန်းအား ဘောလုံးသင်တန်း ပေးမည်


ညီမိုဃ်း

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် FIFA 11 For Health ဒုတိယအဆင့် သင်တန်းကို အောက်တိုဘာလတွင် ဖွင့်လှစ်မည် ဖြစ်ပြီး (၁၀)အတွင်း ကျောင်းသားဦးရေ တစ်သန်းအား သင်ကြားပေးနိုင်ရန် ရည်ရွယ်ထားသည်။

ယင်းသင်တန်းသို့ ရန်ကုန်နှင့် မန္တလေးရှိ အခြေခံကျောင်း ၂၄ ကျောင်းမှ ဆရာ၊ ဆရာမ ၄၈ ဦး တက်ရောက် ခွင့် ရရှိမည် ဖြစ်သည်ဟု ဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးကျော်က ပြောသည်။

“ကျွန်တော်တို့အနေနဲ့ FIFA 11 For Health အစီအစဉ် ဒုတိယအဆင့်ကို အောက်တိုဘာလမှာ သင်ကြား ပေးဖို့ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီအစီအ စဉ်ကို ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာန တို့နဲ့ပူးပေါင်းပြီး ပြုလုပ်ရတာပါ။ ကျွန်တော်တို့ လာမယ့် ၁၀ နှစ် အတွင်းမှာ ကျောင်းသားပေါင်း တစ်သန်း လောက်ကိုFIFA 11 For Health နဲ့ ပတ်သက်ပြီး သင်ကြားပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

Mizzima Burmese

လှိုင်သာယာတွင် အုပ်စုဖွဲ့ရိုက်နှက်မှုကြောင့် လူသေဆုံးမှု ထပ်မံဖြစ်ပွား


ဖြိုးဝေလင်း

အုပ်စုဖွဲ့ရိုက်နှက်ကာ ဓားဖြင့်ထိုးသဖြင့် အသက်(၂၀) ကျော်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု လှိုင်သာယာမြို့နယ်အတွင်း ထပ်မံဖြစ်ပွားခဲ့သည်ဟု လှိုင်သာယာမြို့နယ် ရဲစခန်းမှတာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် မေလဒုတိယပတ်အတွင်းကလည်း လှိုင်သာယာမြို့နယ်တွင် ဆိုင်ကယ် ကယ်ရီမောင်းနှင်သူများ အုပ်စုဖွဲ့ ရိုက်နှက်မှုကြောင့် အသက်လေးဆယ်ကျော် အမျိုးသားတစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားပြီး တစ်လခန့်အကြာတွင် ထပ်မံဖြစ်ပွားခြင်းဖြစ်သည်။

ထို့ပြင် အရင်လက ကယ်ရီသမားများ အုပ်စုဖွဲ့ရိုက်နှက်ခံရသည့်သူမှာ (၁၉)ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ယခု သေဆုံးသွားသူမှာလည်း (၁၉)ရပ်ကွက်တွင် နေထိုင်သူပင် ဖြစ်သည်။

“အခုဝိုင်းရိုက်တဲ့ ကောင်လေးတွေက အသက်(၁၉)နှစ်၊ (၂၀)နှစ်ဝန်းကျင်ရှိ ကောင်လေးတွေ။ (၁၃)နှစ် ကောင်လေးတစ်ယောက်တောင် ပါသေးတယ်”ဟု ၎င်းက ပြောသည်။

ဖြစ်ပွားပုံမှာ(၁၉)ရပ်ကွက်၊ ဗိုလ်အောင် ကျော်လမ်းဘေးရှိ ရွှေကောင်းကြွယ် လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်ထိုင် သောက်နေသည့် ကိုထွန်းနိုင်ဝင်းနှင့် သူငယ်ချင်းနှစ်ဦးသည် ဘေးဝိုင်းမှအမည် မသိလူငယ် ငါးဦးကို “ဒီဘက်ဝိုင်းကစကားပြောတာ အရမ်းကျယ်တယ်။ ရဲစခန်းအကြောင်းကြားပါ”ဟု ဆိုင်ရှင်ထိုင်သည့် ကောင်တာဘက်သို့ လှမ်းပြောရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အထက်ပါ ရဲဝန် ထမ်းက ပြောသည်။

ယင်းသို့ ဆိုင်ရှင်အား လှမ်းအော်ပြီး နောက်ပိုင်းတွင် လူငယ်ငါးဦးသည်အပြင် သို့ထွက်သွားပြီး ၁၀ မိနစ် ခန့်အကြာတွင် ပြန်လည်ရောက်ရှိလာကာ ဆိုင်ရှင်ကို လှမ်းပြောသည့် ကိုထွန်းနိုင်ဝင်းနှင့် ကိုဇော်ကို ၀ိုင်းဝန်းရိုက်နှက်ခဲ့ပြီး ကိုသန်းဇော်ဦးကို ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် ကိုထွန်းနိုင်ဝင်းတွင် ၀ဲချိုစောင်းပေါက်ပြဲ ဒဏ်ရာ၊ ကိုဇော်တွင် ၀ဲချို စောင်း၊ နဖူးထိပ်၊ ၀ဲလက်ကောက်ဝတ် ဖူးရောင်ပေါက်ပြဲဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး ဓားဖြင့်အထိုးခံ ရသည့် ကိုသန်းဇော်ဦး၏ ၀ဲနံစောင်းတွင် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ယာဘက်ခါး စောင်းတွင်ထိုးသွင်း ဒဏ်ရာတစ်ချက်နှင့် နောက်ကျောဝဲဘက်တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိကာ အခင်းဖြစ်ပွားရာနေရာ တွင်ပင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကိုထွန်းနိုင်ဝင်း၏ တရားလိုပြုတိုင်တန်းချက်ကို လှိုင်သာယာ မြို့နယ်ရဲစ ခန်းက (ပ)၈၁၆/၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၃၂၅/ ၁၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးစစ်ဆေး လျက်ရှိသည်။

ပြီးခဲ့သည့်မေလ ၂၅ ရက်ကလည်း ရည်းစားကိစ္စဖြင့် စကားများရာမှ လူငယ်ငါးဦးက သံပိုက်လုံးဖြင့် ၀ိုင်းဝန်းရိုက်နှက်သဖြင့် အသက်(၁၉)နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခုတောင် ဒဂုံမြို့နယ် ပင်လုံခုံးတံတားအနီးတွင် ဖြစ်ပွားခဲ့သည်။

Mizzima Burmese

လကမ္ဘာကို ပျားရည်ဆမ်းခရီးထွက်မည်ဟု သရုပ်ဆောင် ချမ်းမီမီကို၏ခင်ပွန်း ဦးစိုးထွန်းရှိန် ပြော


ကြည်ဆုသာ| ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၁ ရက်၊ ၂၀၁၄ ခုနှစ်

အသက် ၂၂ နှစ်ရှိ သရုပ်ဆောင် ချမ်းမီမီကို၏ခင်ပွန်းဖြစ်သူ အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌဖြစ်သည့် အသက် ၄၅ နှစ်ရှိ ဦးစိုးထွန်းရှိန်က ၎င်းတို့၏ မင်္ဂလာပျားရည်ဆမ်းအဖြစ် လကမ္ဘာကိုသွားရောက်မည်ဟု ဇွန်လ ၉ ရက် ညနေ ၆ နာရီတွင် Sule Shangrila ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် ၎င်းတို့၏ မင်္ဂလာဧည့်ခံပွဲနှင့် ညစာစားပွဲတွင် မီဒီယာများကို ပြောကြားလိုက်သည်။

“ကျွန်တော်တို့ရဲ့ ဟန်းနီးမွန်းခရီးစဉ်ကတော့ တစ်ယောက်ကို ဒေါ်လာ ၁၅ သန်း အကုန်ခံပြီး လကမ္ဘာကို သွားမယ်။ သွားချင်တာ မဟုတ်ဘူး၊ သွားကိုသွားမှာပါ” ဟု ၎င်းက ပြောသည်။ ၎င်းတို့ ဇနီးမောင်နှံသည် လကမ္ဘာကို သွားရောက်မည်ဆိုပါက မြန်မာနိုင်ငံတွင် ပထမဆုံးခရီးသည ဖြစ်လာမည် ဖြစ်သည်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီသည် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ် အတွင်း မိုးထိမိုးမိဒေသရှိ ရွှေလုပ်ကွက်များကို လုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ ယင်းကုမ္ပဏီသည် ရွှေလုပ်ကွက်များ လုပ်ကိုင် ခွင့်နှင့်ပတ်သက်ပြီး လုပ်သားများ၏ ဆန္ဒပြခြင်းများကိုခံခဲ့ရသည့် ကုမ္ပဏီဖြစ်သည်။

၎င်းတို့ဇနီးမောင်နှံသည် လကမ္ဘာကို သွားရောက်မည်ဆိုပါက ဒေါ်လာ ၁၅ သန်း (မြန်မာကျပ်ငွေ ၁၅ ဘီ လီယံခန့်) ကုန်ကျမည် ဖြစ်သည်။ဇွန်လ ၉ ရက်သည် သရုပ်ဆောင် ချမ်းမီမီကို၏ ၂၂ နှစ်ပြည့်မွေးနေ့ဖြစ် သည့်အတွက် ယင်းနေ့တွင် မင်္ဂလာပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။ သရုပ်ဆောင် ချမ်းမီမီကို နှင့် ဦးစိုးထွန်း ရှိန်တို့၏ ချစ်သူသက်တမ်း သုံးနှစ်ခွဲတွင် မင်္ဂလာဆောင်ခဲ့ခြင်း ဖြစ်သည်။

“သူတို့က ပျားရည်ဆမ်းခရီးအနေနဲ့ လကမ္ဘာကိုသွားမယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ တိတိကျကျပြောလို့ မရသေးပါဘူး။ ဂျပန်နိုင်ငံကို သူတို့အရင်သွားမယ်။ ပြီးရင် ဘန်ကောက်၊ လန်ဒန်၊ သြစတြေးလျ၊ အမေရိ ကန်နဲ့ ရုရှနိုင်ငံတွေကို သွားမယ်။ (လကမ္ဘာ)ကိုသွားရင် အစားအသောက်ပိုင်းတွေ၊ စာရင်းသွင်းရတာတွေ ကအစ တန်းစီပြီး စောင့်ရပါတယ်” ဟု ယင်းမင်္ဂလာပွဲ၏ wedding planner အဖြစ် ဆောင်ရွက်ခဲ့သည့် နဒီစိုးက ပြောသည်။

၎င်းတို့စုံတွဲသည် လကမ္ဘာပျားရည်ဆမ်းခရီးတွင် ကုန်ကျမည့် ကုန်ကျစရိတ်သည် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၂၅ သန်း (မြန်မာကျပ်ငွေ ၂၅ ဘီလီယံ) ကုန်ကျမည် ဖြစ်သည်။ လက်ရှိအချိန်အထိ အာကာသ ခရီးသည် ကိုးဦးရှိပြီး ပထမဆုံးခရီးသည်သည် အမေရိကန်နိုင်ငံသား ဒန်းနစ်တီတို (Dennis Tito) ဆိုသူ ဖြစ်သည်။ ၎င်းသည် ၂၀၁၁ ခုနှစ် ဧပြီ ၂၈ ရက်မှ မေလ ၆ ရက်အထိ ရှစ်ရက်ကြာ သွားရောက်လည်ပတ် ခဲ့ပြီး အမေရိကန် ဒေါ်လာသန်း ၂၀ ကုန်ကျခဲ့သည်။

နောက်ဆုံးခရီးသည်ဖြစ်သည့် ကနေဒါနိုင်ငံသား ဂီလာလီဗယ်တေ (Guy Lali-berte) ဖြစ်ပြီး ၂၀၀၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၁ ရက်အထိ ၁၁ ရက်ကြာသွားရောက်ခဲ့ပြီး အမေရိကန် ဒေါ် လာ သန်း ၄၀ ကုန်ကျခဲ့သည်။

၁၀ ရက်မှ ရက်ပေါင်း ၆၀ ကြာ အာကာသခရီးစဉ်တစ်ခုအတွက် လက်ရှိ ပေါက်ဈေးမှာ ကန်ဒေါ်လာ ၂၆ ဒသမ ၂၅ သန်းမှ ၃၆ ဒသမ ၇၅ သန်း ကုန်ကျလိမ့် မည်ဟု အမေရိကန်နိုင်ငံ လားစ်ဗီးဂပ်စ် အခြေစိုက် Bigelow Aerospace ကုမ္ပဏီ၏ တရားဝင်သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ယင်းခရီးစဉ်များကို ရုရှပြည်ထောင်စု အာကာသအေဂျင်စီ(Roscosmos)၊ ရုရှ အခြေစိုက် အာကာသယာဉ် အစိတ်အပိုင်းများ ထုတ်လုပ်ရေးကုမ္ပဏီ RSC Energia နှင့် Space Adventures ကုမ္ပဏီတို့က စီစဉ်ခဲ့ခြင်း ဖြစ်သည်။ အာကာသအတွင်းသို့ ခရီးသည်များပို့ဆောင်ပေးခြင်းလုပ်ငန်းကို ရပ်တန့်လိုက်ပြီဟု ၂၀၁၀ပြည့် နှစ် မတ်လ အစောပိုင်းတွင် ကြေညာခဲ့သည်ဟု ရိုက်တာသတင်းတစ်ရပ်၌ ဖော်ပြထားသည်။

အာကာသခရီးစဉ်များကို ၂၀၁၃ ခုနှစ်တွင် ပြန်လည်စတင်မည်ဟု ရုရှနိုင်ငံမှ ကြေညာခဲ့သော်လည်း ယနေ့ အချိန်အထိ လက်တွေ့အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးဘဲ ၂၀၁၅ ခုနှစ်တွင်မှ စတင်နိုင်မည်ဟု ခန့် မှန်းထားသည်။ ယင်းခရီးစဉ်ကို သွားရောက်မည်ဆိုပါက ခြောက်လကြာ လေ့ကျင့်မှုသင်တန်းကို တက် ရောက်ရမည်ဖြစ်ပြီး ဆောင်ရန်၊ ရှောင်ရန်ကိစ္စများကိုလည်း ပြုလုပ်ရမည်ဖြစ်သည်။

ပုံစာအညွှန်း - ဇွန်လ ၉ ရက် Sule Shangrila ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် သရုပ်ဆောင် ချမ်းမီမီကိုနှင့် ဦးစိုးထွန်းရှိန်။ ဓာတ်ပုံ - လွင်မောင်မောင်

Mizzima Burmese

မင်းဘ၀အတွက်ဖူးစာရှင်ရှာကြည်.ရအောင်


ပထမအဆင်.
''က''ကနေ ''အ'' အထိသည် ၁မှ၃၃အထိဖြစ် သည်။
မင်းနာမည်ကိုပေါင်းပါ။
(က-၁) (ခ-၂) (ဂ-၃) (ဃ-၄) (င-၅)
(စ-၆) (ဆ-၇) (ဇ-ဂ) (စ်-၉) (ည-၁၀)
(ဋ-၁၁) (ဌ-၁၂ ) (ဍ-၁၃) (ဎ-၁၄) (ဏ-၁၅)
(တ-၁၆) (ထ-၁၇) (ဒ-၁၈) (ဓ-၁၉) (န-၂၀)
(ပ-၂၁) (ဖ-၂၂) (ဗ-၂၃) (ဘ-၂၄) (မ-၂၅)
(ယ-၂၆) (ရ-၂ရ) (လ-၂၈) (၀-၂၉) (သ-၃၀)
(ဟ-၃၁)
(ဠ-၃၂) (အ-၃၃)
eg. လွလွ=28+28(လ=၂၈)=56

ဒုတိယအဆင်.
ပေါင်းလဒ်ကို၉ဂဏန်းနှင်.စားပါ။
eg. 56/9=2
ရလာသောအကြွင်းကို အောက်တွင်ကြည့်ပါ

အကြွင်း-
သုည=မင်းအရမ်းလေးစားသူ။
တစ်=မင်းနဲ.အသက်ကွာသူ။
နှစ်=မင်းအရမ်းချစ်ရသူ။
သုံး=မင်းအတွက်အေ၇းပါသူ။
လေး=မင်းကိုအမြဲတမ်းအလျှော.ပေးနေတတ်သူ။
ငါး=မင်းရဲ.အဝေးတစ်နေရာကသူ။
ခြောက်=မင်းရဲ.ပထမဆုံးသူငယ်ချင်းဖြစ်ခဲ.သူ။
ခုနှစ်=မင်းမထင်ထားတဲ.သူ။
ရှစ်=မင်းရဲ.အိပ်မက်တိုင်းမှာရှိနေသူ။

ကဲ.. တွက်ကြည့်ပြီး..ချစ်တဲ့သူနဲ့ပေါင်းဖတ်နိုင်ကြပါစေ။

(မြန်မာ့ရိုးရာဗေဒင်ပညာရပ်)

တာလီဘန်တွေ Karachi လေဆိပ်အနီး ဆက်လက်တိုက်ခိုက်


ပါကစ္စတန်နိုင်ငံ Karachi နိုင်ငံတကာလေဆိပ်မှာ တာလီဘန်တွေရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၃၆ ယောက်ထက်မနဲ သေဆုံးခဲ့ရပြီးတဲ့နောက်  ဒီကနေ့ အင်္ဂါနေ့မှာလည်း လေဆိပ်နားမှာ သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

မော်တော်ဆိုင်ကယ်လ်နဲ့ လာတဲ့ သေနတ်သမား အနည်းဆုံး ၂ ယောက်က  လေဆိပ်လုံခြုံရေး သင်တန်းကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပေမဲ့ တပ်သားတွေရဲ့ ပြန်လှန်ပစ်ခတ်မှုကြောင့် ထွက်ပြေးသွားခဲ့တယ်လို့ လေဆိပ်လုံခြုံရေးတပ်က လက်ထောက်အကြီးအကဲ ဗိုလ်မှူးကြီး Tahir Ali က ပြောပါတယ်။  ဒီ တိုက်ခိုက်မှုကြောင့် ထိခိုက် ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။

တိုက်ခိုက်လာသူတွေကို ရှာဖွေတဲ့ စစ်ဆင်ရေး စတင်လုပ်ဆောင်နေပြီလို့လည်း ဗိုလ်မှူးကြီး အလီက ပြောပါတယ်။ အင်္ဂါနေ့ တိုက်ခိုက်မှုကို သူတို့ လုပ်ဆောင်တာဖြစ်ကြောင်း ပါကစ္စတန် တာလီဘန်တွေက ကြေညာခဲ့ပြီး ထပ်မံ တိုက်ခိုက်မှုတွေ လုပ်မယ်လို့လည်း ဆိုပါတယ်။

Karachi က Jinnah နိုင်ငံတကာလေဆိပ်ကို တာလီဘန်တွေ ၅ နာရီကြာ သိမ်းပိုက်ခဲ့တဲ့နောက် တနင်္လာနေ့ အစောပိုင်းမှာတော့ ပြန်လည် ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုလို စီးပွားရေး အချက်အခြာကျတဲ့ တောင်ပိုင်း ဆိပ်ကမ်းမြို့က လေဆိပ်မှာ တိုက်ခိုက်ခံခဲ့ရတာမို့  ပါကစ္စတန် ဝန်ကြီးချုပ် Nawaz Sharif ဟာ စစ်တပ်နဲ့ အစိုးရ ထိပ်တန်းအရာရှိတွေနဲ့ အင်္ဂါနေ့မှာ တွေ့ဆုံပြီး လုံခြုံရေးအခြေနေတွေကို ဆွေးနွေးခဲ့ပါတယ်။

ပါကစ္စတန် စစ်တပ်က အင်္ဂါနေ့မှာပဲ စစ်သွေးကြွတွေ ခိုအောင်းမယ်လို့ သံသယရှိတဲ့ အနောက်မြောက်ပိုင်းက ခိုင်ဘာဒေသကို ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာမို့ အကြမ်းဖက်သမား ၂၅ ယောက်ထက်မနဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

အီရတ်ဒုတိယအကြီးဆုံးမြို့ စစ်သွေးကြွတွေသိမ်းပိုက်



အီရတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးဖြစ်တဲ့ Mosul မြို့ကို ဆူနီမူဆလင် အစွန်းရောက် စစ်သွေးကြွတွေ ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ ရှီယာမူဆလင်တွေဦးဆောင်တဲ့ အီရတ်အစိုးရအတွက် မထင်မှတ်ဘဲ အငိုက်မိသွားစေခဲ့ပါတယ်။

အီရန်နိုင်ငံဟာ ခက်ခဲတဲ့ အခြေအနေတခုမှာ ကျရောက်နေတယ်လို့ အီရတ်ဝန်ကြီးချုပ် Nouri al-Maliki က ပြောကြားခဲ့ပြီး၊ အရေးပေါ်အခြေအနေ ကြေညာနိုင်ဖို့ အရေးပေါ် လွှတ်တော် ခေါ်ယူဖို့လည်း တောင်းဆိုခဲ့ပါတယ်။

Baghdad မြို့တော်ရဲ့ မြောက်ဘက် မိုင် ၂၀၀ ကျော် ဝေးတဲ့နေရာမှာ တည်ရှိတဲ့ Mosul မြို့ သိမ်းပိုက်ခံရတာနဲ့ ပတ်သက်လို့ အီရတ်လုံခြုံရေး လုံးဝ ပျက်ပြားသွားပြီလို့ အီရတ်စစ်တပ် တပ်မှူးကြီးတယောက်က ဖော်ပြပြောဆိုခဲ့ ပါတယ်။

Mosul မြို့ဟာ စစ်သွေးကြွတွေရဲ့ လက်ထဲမှာရောက်နေပြီလို့ အီရတ်အစိုးရ တာဝန်ရှိသူ တယောက်ကလည်း ပြောပါတယ်။ တိုက်ပွဲတွေ ပြင်းထန်လာချိန်မှာ အီရတ်စစ်သားတွေက လက်နက်တွေထားပြီး ထွက်ပြေးခဲ့ကြောင်း၊ စစ်တပ်စခန်းချထားတဲ့ နေရာတွေအပြင် Mosul လေဆိပ်ကိုလည်း အကြမ်းဖက်သမားတွေက သိမ်းပိုက်လိုက်တယ်လို့ အီရတ်လွှတ်တော်ဥက္ကဌ Osama al-Nujaifi ကလည်း ပြောပါတယ်။

RPG လက်နက်ကြီးတွေ လေယာဉ်ပစ် လက်နက်တွေနဲ့ တိုက်ခိုက်သူတွေ ဝင်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ဆုတ်လာတဲ့ အီရတ်စစ်သားတွေက ရန်သူ့လက်ထဲ မရောက်အောင် လက်နက်တိုက်တွေကို မီးရှို့ခဲ့ကြပါတယ်။

al-Qaida အဖွဲ့ခွဲတွေရဲ့ အကြမ်းဖက်မှုတွေ တိုးလာနေတာကို ထိန်းနိုင်အောင် ကြိုးစားနေရတဲ့ အီရတ်အစိုးရအတွက် အခု Mosul မြို့ တိုက်ခိုက် သိမ်းပိုက်ခံရတာဟာ အထိနာမှုကြီးတခု ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

စာသင်နေချိန် ကျောင်းဆောင်ပေါ်သို့ သစ်ပင်ပိ၍ ကလေးရှစ်ဦးဒဏ်ရာရ


 ချောက်မြို့နယ်အတွင်း ရှိ မူလတန်းကျောင်းသင် ဆောင်တစ်ခုပေါ်သို့ စာ
သင်ကြားနေချိန် သစ်ပင်ပြိုကျခဲ့ရာ ကျောင်းသား ကျောင်းသူနှင့် ဆရာမ စုစုပေါင်း ရှစ်ဦးဒဏ်
ရာရပြီး ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ရသည်ဟု သတင်းရရှိသည်။

ဇွန်လ ၉ ရက် နံနက် ၉ နာရီ ခန့်က ချောက်မြို့နယ်၊ ဗဟိုကွက် သစ်ရပ်ရှိ အမက (၂) အခြေခံ ပညာမူလတန်းကျောင်းဆောင်  ပေါ်သို့ သက်တမ်းကြာမြင့်နေပြီ ဖြစ်သော  ညောင်ပင်မှပင်စည်နှစ်ခြမ်းကွဲ၍ ပြိုကျခဲ့ရာ စာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ ခုနစ်ဦးနှင့် ကျောင်းဆရာမတစ်ဦး   ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ချောက်မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးမှူးရုံးက  ပြောကြားသည်။

‘‘ကလေးတစ်ယောက်က ပခုံးနည်းနည်းအက်သွားတယ်။ ပြီးတော့ သုံးလေးယောက် လောက် ခေါင်းကွဲလို့ ဆေးရုံမှာ ချုပ်လိုက်ရတယ်။ ကျန်တဲ့သူတွေ ကတော့ ပွန်းတာ၊ ပဲ့တာလောက် ပဲဖြစ်သွားတယ်။ ကုသိုလ်ကံ ကောင်းလို့ ဒီလောက်နဲ့ပြီးသွား တာပေါ့’’ဟု သွားရောက်ကူညီခဲ့ သည့် ချောက်မြို့နယ် မနောဖြူ လူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌ ကိုသန်းဇော်မြင့်ကပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူများ မှာ ချောက်မြို့နယ်ဆေးရုံတွင် ဆေးကုသမှု  ခံယူနေဆဲဖြစ်ပြီး စိုးရိမ်ဖွယ်ရာ   အခြေအနေမရှိ ကြောင်း သိရသည်။

‘‘မိုးရွာ၊ လေတိုက်လို့ မဟုတ် ဘူး။ သစ်ပင်က သက်တမ်းကြာ ပြီဆိုတော့ အလိုလိုလဲကျပြီး ကျောင်းပေါ်ပိသွားတာ။ အမိုး တွေ ပျက်စီးပြီး ကျောင်းနံရံအပေါ် ပိုင်း တွေပြိုကုန်တယ်’’ဟု ချောက်မြို့နယ်ဒေသခံတစ်ဦးက  ပြော သည်။

ယခုလ ၂ ရက်ကလည်း ပဲခူးတိုင်း သဲကုန်းမြို့နယ် ပုတီး ကုန်းအခြေခံပညာအထက်တန်း ကျောင်းတွင် ကျောင်းအပေါ်ထပ် ၀ရန်တာ ပြိုကျခဲ့သဖြင့် ကျောင်း သား၊ ကျောင်းသူ ၁၇ ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်။

7Day News Daily

ဦးသန့်၏ စစ်ဖြစ်ရခြင်းအကြောင်းရင်း လေးချက်



(ဆောင်ပါးရှင် - မြန်မာ့အလင်းအောင်သန်း)

ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းတွင် လူငယ်များကြီးပွားရေးအသင်း ရှိသည်။ အသင်းကို ၁၉၂၆ ခုနှစ်က စတင်တည်ထောင်ခဲ့ရာ ၁၉၇၆ ခုနှစ်တွင် နှစ်ငါးဆယ်ပြည့်သည်။ နှစ်ငါးဆယ် ရွှေရတုသဘင် အထိမ်းအမှတ်အဖြစ် ကြီးပွားရေးစာစောင် ထုတ်ဝေသည်။ ယင်းစာစောင်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်၏ ဆောင်းပါးတစ်စောင် ပါလာသည်။ “လူငယ်နှင့်ကျွန်တော်” အမည်ရှိ ထိုဆောင်းပါးတွင် စစ်ဖြစ်ရခြင်း အကြောင်းရင်း လေးချက်ရှိကြောင်း ဤကဲသို့ ဖော်ပြထားသည်။

“ပထမ အကြောင်းကတော့ နိုင်ငံရေး အယူအဆကွဲလို့” ဟုဆိုကာ “ကွန်မြူနစ်ကလည်း သူ့ဟာသူကောင်းတယ်။ ဆိုရှယ်လစ်ကလည်း သူ့ဟာသူကောင်းတယ်။ ဒီမိုကရေစီကလည်း သူ့ဟာသူကောင်းသလို ဖြစ်ဖြစ်နေတယ်” ဟု ရှင်းပြရင်း ယင်းကစ၍ နိုင်ငံရေးအယူအဆတွေ အပေါ်မှာ တင်းမာမှု Tensions built on differences of political ideology ဖြစ်လာပုံကို ဦးသန့်ထောက်ပြသည်။ မတူသော နိုင်ငံရေး အယူအဆတွေ တင်းမာရာကနေ နောက်ဆုံးတွင် စစ်ဖြစ်ခြင်းဖြင့် ဖြေရှင်းကြသည်ကို ဦးသန့်က အချက်တစ်ရပ်အဖြစ် ကောက်ချက်ဆွဲပြခြင်း ဖြစ်သည်။

ဒုတိယအကြောင်းက စီးပွားရေးမညီမျှမှု (Tension based on disparity of economic and social conditions of peoples) ကြောင့် ဖြစ်ရခြင်း။

စီးပွားရေး မညီမျှမှုကြောင့် စစ်ဖြစ်လာရခြင်းကို ဦးသန့်က ဤကဲ့သို့ ကောက်ချက်ဆွဲပြသည်။ “ချမ်းသာတဲ့နိုင်ငံနဲ့ ဆင်းရဲတဲ့နိုင်ငံတွေကို စစ်ပြီးခေတ် ကမ္ဘာမှာကြည့်ရင် ချမ်းသာတဲ့နိုင်ငံထက် ဆင်းရဲတဲ့နိုင်ငံက များလာတယ်။ ဒါဟာ မကောင်းတဲ့အချက်ပဲ။ ဆင်းရဲတဲ့နိုင်ငံ များလာသလို တင်းမာမှုတွေ များလာတယ်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးတဲ့အခါ စီးပွားရေးပါရဂူတွေ လေ့လာတော့ ဆင်းရဲတဲ့နိုင်ငံတွေက ပိုဆင်းရဲပြီး ချမ်းသာတဲ့နိုင်ငံတွေက ပိုချမ်းသာလာကြတယ်။ ဒီအခြေအနေဟာ ကြောက်စရာကောင်းတယ်ဟု ဦးသန့်သုံးသပ်သည်။ စီးပွားရေးပါရဂူတွေ အားလုံးကလည်း ယင်းအချက်ကို သဘောတူကြသည်။ ယင်းကွာဟချက်ကို ကုစားနိုင်ရန် ကုလသမဂ္ဂက ဆယ်နှစ်ဖွံ့ဖြိုးရေးစီမံကိန်း (Development decade) ချမှတ်သည်။ ကုလသမဂ္ဂသည် နိုင်ငံတစ်နိုင်ငံဝင်ငွေ (GNP) ကို ငါးရာခိုင်နှုန်းထိ တိုးတက်ရမည်ဟု မှန်းထားသည်။ လက်တွေ့တွင် အောင်မြင်သင့်သလောက် မအောင်မြင်ပါ။ အမှန်တိုးတက်လာသည်က နှစ်ရာခိုင်နှုန်း၊ သုံးရာခိုင်နှုန်းမျှသာ။ အလားတူ တစ်ဖက်တွင် လူဦးရေက နှစ်ရာနှုန်း၊ သုံးရာနှုန်း တိုးလာနေရာ ဘဲစားဘဲချေ ဖြစ်သွားလေသည်။ နိုင်ငံအများအပြားသည်လည်း တိုးတက်လာဖို့ထက် လျော့ကျသည့် အနေအထားက များနေလေသည်။

တတိယအကြောင်းကို ဆရာသန့် ကောက်ချက်ဆွဲပြသည်က ဤသို့ဖြစ်သည်။ ကိုလိုနီနယ်ချဲ့စနစ်ရဲ့ အကြွင်းအကျန်တွေ ရှိနေတဲ့ လွတ်လပ်ရေး မရသေးတဲ့ နိုင်ငံတွေက မီးပွားတွေ တောက်နေတယ်။ နောက်ဆုံးတော့ ဒုတိယကမ္ဘာစစ် အပြီးမှာ နိုင်ငံအတော်များများ လွတ်လပ်လာကြတယ်။ ကုလသမဂ္ဂရဲ့ ဆောင်ရွက်ချက်ကြောင့်လည်း လွတ်လပ်တဲ့နိုင်ငံတွေ များလာတယ်။ ဒါပေမဲ့ မလွတ်လပ်ဘဲ ကျန်နေတဲ့နိုင်ငံတွေလည်း ရှိတယ်။ အထူးသဖြင့် အာဖရိကတိုက်မှာပေါ့။ သူတို့နိုင်ငံတွေ လွတ်လပ်ဖို့ ရုန်းကန်ကြတယ်။ တချို့နိုင်ငံတွေ အဓမ္မနည်းကို သုံးတယ်ဟု ဦးသန့်သည် အာဖရိကနိုင်ငံအချို့ကို ထောက်ပြသည်။ လွတ်မြောက်အောင် အားထုတ်ရင်းက လွတ်လပ်ရေး တောင်းသည်။ လွတ်လပ်ရေး ရှောရှောရှူ ရှူ မပေးချင်သော နယ်ချဲ့နှင့် သူ့လက်ဝေခံတို့၏ စနက်ကြောင့် စစ်ဖြစ်ရပြန်သည်။

စတုတ္ထအချက် “နောက်ဆုံးအချက်ကတော့ (colour) အသားအရောင်ကွဲပြားမှုကြောင့် ဖြစ်ပါတယ်” ဟု ကောက်ချက်ဆွဲပြသည်။ အထူးသဖြင့် အာဖရိက တောင်အာဖရိကနဲ့ ဥရောပတိုက်မှာ ရှိသေးတယ်။ ဤတိုက်ကြီးများတွင် အသားအရောင် မတူ၍ ညီတူညီမျှမှု အခွင့်အရေး မပေးပါ။ အသားအရောင် မတူ၍ အရေးယူမှုတွေ ရှိသည်။ အသားမည်းသည့်အတွက် အောက်ကျသည်။ လူ့အခွင့်အရေး ဆုံးရှုံးသည်။ လူဖြူတွေကလည်း သူတို့လူဖြူဟူသော အစွဲအလမ်းကြီးသည်။ (Colour) အသားအရောင်ကွဲ၍ (Tensions) တင်းမာမှုများ ဖြစ်လာကြခြင်းပင်။

“အဲဒီအချက်တွေကြောင့် ကမ္ဘာအရပ်ရပ်မှာ တင်းမာမှုတွေ ဖြစ်နေတယ်။ တင်းမာမှုတွေ များနေတယ်။ ခြုံကြည့်လိုက်ရင် ဒီအချက်ကြီး လေးချက်ကြောင့် စစ်တွေဖြစ်နေရတယ်” ဟု ဆရာသန့်က နိဂုံးချုပ်ထားလေသည်။

ဆရာသန့်သည် ရှုထောင့်စုံက ဖြစ်နိုင်၊ ကြည့်နိုင်၊ တွေ့နိုင်သော ကုလသမဂ္ဂရှုထောင့်က ကောက်ချက်ဆွဲပြခြင်းဖြစ်၍ အမြင်ကျယ်ပြန့်သည်။ တင်ပြချက်ပါ အကြောင်းအရာ အားထားရလောက်သည်။ လေ့လာကြည့်လျှင် မည်သူမဆို ဤလေးချက်ကိုသာလျှင် ရှာဖွေတွေ့ရှိနိုင်ပေသည်။

မှတ်ချက်။ ။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တာဝန် ထမ်းဆောင်နေသော ဦးသန့်သည် လွန်ခဲ့သော ၄၇ နှစ်ခန့်က မြန်မာနိုင်ငံသို့ ခေတ္တရောက်ရှိလာ၏။ ၂၆-၂-၁၉၆၇ နေ့ ည ၈ နာရီတွင် လူငယ်များကြီးပွားရေး အသင်းသားများနှင့် တွေ့ဆုံသည်။ ၁၁ ဝင်္ကပါရိပ်သာလမ်း၊ ဗဟန်းမြို့နယ်ရှိ (ဦးသန့်၏ညီ) အတွင်းဝန်ဦးသောင်း၏ နေအိမ်တွင် တွေ့ဆုံခြင်းဖြစ်၏။ ယင်းသို့တွေ့ဆုံရာတွင် ကြီးပွားရေးအသင်း ဥက္ကဋ္ဌ ဦးကျော်မြင့်၏ ပန်ကြားချက်အရ စစ်ဖြစ်ခြင်းအကြောင်း အရင်းလေးချက်ကို ဦးသန့်က ဟောပြောခဲ့ခြင်းဖြစ်သည်။ (မြန်မာ့အလင်းအောင်သန်းသည် ဦးကြီးသန့်နှင့် ရင်းနှီးမှု မရှိခဲ့သော်လည်း ဦးကြီးသန့်၏သား ကွယ်လွန်သူ တင်မောင်သန့်နှင့်တော့ ကျောင်းသားဘဝမှာ ခင်မင်ခွင့် ရခဲ့ပါသည်။)

Eleven Media Group

အံသြကုန်နိုင်ဖွယ် - ဟာသ



ရဲဘော်တစ်ယောက်သည် နေမကောင်းသဖြင့် ဆေးရုံလာပြသည်။ တံခါး ၂ ခုတွေ့ရသည်။
တစ်ခုက သာမန်၊ နောက်တံခါးတစ်ခုက အရာရှိများသာဟုရေးထားသဖြင့်
သာမန်တံခါးကို တွန်းဖွင့်ဝင်လိုက်သည်။

အထဲတွင် တံခါး ၂ ခုထပ်တွေ့လိုက်ရပြန်သည်။

တစ်ခုက သာမန်ထိခိုက်ဖျားနာ၊ နောက်တံခါးတစ်ခုက
ခွဲစိတ်ရောဂါများသာဟုရေးထားသည်။

သူက ရိုးရိုးဖျားနာသူဖြစ်၍သက်ဆိုင်ရာတံခါးကို တွန်းဝင်လိုက်ပြန်သည်။

အထဲတွင် ပါတီဝင်များသာနှင့်ပါတီဝင် မဟုတ်သူများဟုရေးထားသည်ကို တွေ့လိုက်ရပြန်သည်။

သူကပါတီနိုင်ငံရေး ကင်းကင်းနေသူဖြစ်၍ ပါတီဝင် မဟုတ်သူများ
ရေးထားသည့်တံခါးကို တွန်းဝင်လိုက်ရာ မူးမေ့မတတ်ဖြစ်သွားသည်။

ထိုရဲဘော်မြင်လိုက်ရသည်မှာ အများသူငါ သွားလာနေသည့်
လမ်းမကြီးပင်ဖြစ်သတည်း။

ရဲစတိုင်း

The Myanma Age

မန်ယူအသင်း လုခ်ရှောကို ပေါင်သန်း(၄၀)တန် (၅)နှစ်စာချုပ်ချုပ်ဆိုမည်



မန်ယူအသင်းမှာ ဆောက်သမ်တန် ဘယ်နောက်ခံလူ လုခ်ရှောကို တစ်ပတ်လုပ်ခ ပေါင် (၁၆၀၀၀၀)ဖြင့် (၅)နှစ် စာချုပ် ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ကြောင်း goal.com မှ ဖော်ပြခဲ့သည်။ မန်ယူသည် ပြီးခဲ့သည့် လပိုင်းအတွင်း လုခ်ရှောကို ပေါင်(၂၇)သန်းဖြင့် ခေါ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း ဆောက်သမ်တန်က ၎င်းတို့၏ ကစားသမားကို ရောင်းချရန် နှောင့်နှေးနေပြီး နည်းပြသစ် ခန့်အပ်ပြီးနောက်မှသာ အပြီးသတ် ဆုံးဖြတ်ရန် ရှိနေသည်။

သို့သော် မန်ယူမှာ လုခ်ရှောနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြိုသဘောတူညီမှု ရယူခဲ့ခြင်းဖြစ်ပြီး အပြီးသတ် စာချုပ်ချုပ်ဆိုပြီးပါက လုခ်ရှောအနေဖြင့် လုပ်ခလစာ အများဆုံး ဆယ်ကျော်သက် ကစားသမားအဖြစ် စံချိန်တင်နိုင်မည်ဟု သိရသည်။ အသက်(၁၈)နှစ်အရွယ်ရှိ လုခ်ရှောကို ချဲလ်ဆီးနည်းပြ မော်ရင်ဟိုက အက်ရှ်လေကိုးလ်နေရာတွင် အစားထိုးရန်အတွက် စိတ်ဝင်စားနေသော်လည်း ၎င်းအတွက် ပြောင်းရွှေ့ကြေး မြောက်မြားစွာ သုံးစွဲရန် တွန့်ဆုတ်နေချိန်တွင် မန်ယူက လက်ဦးမှု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

@z (ရိုးရာလေး)

အောင်မင်္ဂလာအဝေးပြေးမှ ရန်ကုန်မြို့လယ်သို့ ကျပ် ၁,၀၀၀ ဖြင့် ယာဉ်လိုင်းသစ်ဆွဲပြီ



ရွှေရည်ဝင်းထက်| ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၁ ရက်၊ ၂၀၁၄ ခုနှစ်
အောင်မင်္ဂလာအဝေးပြေးမှ ဆူးလေသို့ ပြေးဆွဲမည့် အောင်မဟာယာဉ်လိုင်းသစ်ကို ဇွန်လ ၁၀ ရက်မှ စတင်ပြေးဆွဲနေသည်ဟု အောင်မဟာယာဉ်လိုင်းသစ်မှ ဥက္ကဋ္ဌဦးအေးသောင်းက ပြောသည်။

အဆိုပါ အောင်မဟာယာဉ်လိုင်းတွင် ကိုရီးယားကားအမျိုးအစား stareh များကို အသုံးပြုမည်ဖြစ်ပြီး အောင်မင်္ဂလာကားဝင်းမှ အမှတ်(၃) လမ်းမကြီးအတိုင်း မောင်းနှင်မည်ဖြစ်ကာ ကမ္ဘာအေးဘုရားလမ်းမှတစ်ဆင့် ပန်းဆိုးတန်း၊ ထိုမှတစ်ဆင့် ဆူးလေသို့ပြေးဆွဲမည်ဖြစ်သည်။ ယာဉ်စီးခမှာ လူတစ်ဦးလျှင် ကျပ် ၁,၀၀၀ နှုန်း သတ်မှတ်ထားပြီး ထိုင်ခုံ ၁၂ ခုံ ပါရှိသည်ဟု ဦးအေးသောင်းက ပြောဆိုသည်။

“ကားပေါ်မှာ အဲကွန်းကို အမြဲဖွင့်ထားပါတယ်။ တီဗွီကိုလည်း ထားရှိပေးသွားမှာပါ။ ကားပေါ်မှာ စပယ်ယာ မထားပါဘူး။ ယာဉ်စီးခကို ဒရိုင်ဘာကိုပေးရမယ်။ ဆင်းမယ့်မှတ်တိုင်ရောက်ရင် ကားမောင်းတဲ့ လူကို ပြောလိုက်လို့ရှိရင် သူက ရပ်ပေးပါတယ်။ ခရီးသည်တွေ ကျပ်ကျပ်တည်းတည်းနဲ့ လိုင်းကား တိုးမစီးရတော့ဘူး။ ခရီးသည်တွေ အဆင်ပြေအောင်လို့ စီစဉ်ပေးတာပါ” ဟု ၎င်းကပြောသည်။

အဆိုပါယာဉ်လိုင်းသည် နံနက် ၅ နာရီတွင် အောင်မင်္ဂလာအဝေးပြေးမှ စတင်ထွက်ခွာမည်ဖြစ်ပြီး ည ၉ နာရီတွင် ဆူးလေမှ အောင်မင်္ဂလာအဝေးပြေးသို့ ပြန်လည်ထွက်ခွာမည်ဟု သိရသည်။ လတ်တလောတွင် အောင်မဟာယာဉ်လိုင်းသည် ကားစီးရေ ၂၁ စီးဖြင့် စတင်ပြေးဆွဲနေပြီး နောက်ပိုင်းတွင် ကားစီးရေ ၅၀ ထိ တိုးချဲ့ပြေးဆွဲမည်ဖြစ်သည်။
အောင်မဟာယာဉ်လိုင်းကို အုပ်စုလိုက် လာရောက်ငှားရမ်းပါကလည်း ရန်ကုန်မြို့တွင်းဆိုပါက တစ်ယောက် တစ်ထောင်ကျပ်ဖြင့် ကားစင်းလုံး ငှားရမ်းနိုင်မည်ဖြစ်သည်။

“ခရီးသည်တွေက အထုပ်အပိုးများများစားစားတော့ပါမှာ မဟုတ်ပါဘူး။ ခရီးသည်တွေရဲ့ ခရီးဆောင်အိတ်၊ အထုပ်အပိုးတွေကို ကားပေါ်မှာ ပစ္စည်းထားတဲ့ စင်နေရာရှိတယ်။ အဲဒီမှာ အထုပ်အပိုးတွေကိုထားမယ်။ ပြီးရင် ပစ္စည်းအပ်တဲ့ စာရွက်ပေးမယ်။ ဒါကိုယ့်ပစ္စည်းဆိုတာကို သက်သေပြမယ့် စာရွက်ပေါ့။ ပျောက်ရှမှုတော့ မရှိနိုင်ပါဘူး”ဟု ဦးအေးသောင်းက ဆိုသည်။ အဝေးပြေးဂိတ်သို့သွားမည့် ခရီးသည်တင်ဘတ်စ်ကားကို ပထမဦးဆုံးအကြိမ် စတင်ပြေးဆွဲခြင်းဖြစ်သည်။

Mizzima - News in Burmese

ရတနာပုံတယ်လီပို့ မှ GSM SIM Card များ ၀န်ဆောင်မှုအပြည့်ဖြင့် အကန့်အသတ်မရှိ အလကားပေးတော့မည်



မြန်မာဆက်သွယ်ရေးလုပ်ငန်း လုပ်ပိုင်ခွင့်ရရှိသည့် ကုမ္ပဏီ ၃ ခုအနက် ရတနာပုံတယ်လီပို့  အများပိုင်ကုမ္ပဏီ အနေဖြင့် လာမည့် သြဂတ်လတွင် GSM Simcard များအား အရေအတွက် အကန့်အသတ်မရှိ အခမဲ့ ဖြန်ဝေပေးသွား မည်ဖြစ်ကြောင်း ရတနာပုံတယ်လီပို့  အများပိုင်ကုမ္ပဏီမှ ဇန်နဝါရီ ၂၉ ရက်နေ့ကသိရသည်။

ယင်းကဲ့သို့  အခမဲ့ဖြန်ဝေသည့် အခါတွင်လည်း Simcard ထဲတွင် voice Mail အပါအဝင် SMS အစောင် ၅၀ နှင့် စမ်းသပ်ခေါ်ဆိုခ မိနစ် ၂၀၀ အား ထည့်သွင်းပေးသွားမည်ဖြစ်ပြီး အခြားသော ဝန်ဆောင်မှုများကိုလည်း ပေးသွားမည်ဖြစ်ကြောင်း ရတနာပုံတယ်လီပို့  အများပိုင်ကုမ္ပဏီ မှ Board of Director ဦးရှိန်းသူအောင်က ပြောသည်။

“အရေအတွက်ကတော့ အကန့်အသတ် မရှိပါဘူး Simcard တွေကိုအခမဲ့ ဖြန့်ဝေပေးမှာပါသြဂတ် မှာဖြစ်နိုင်ဖို့ များပါတယ် ဒီထက်နောက်ကျဖို့ တော့ မရှိပါဘူး” ဟု ဦးရှိန်းသူအောင်က ဆိုသည်။

အခမဲ့ဖြန့်ဝေပေးမည့် Simcrad များအတွက် လိုင်းအရေအတွက် ၁၀ သန်းအားချထားပေးပြီးဖြစ်ပြီး အဆိုပါ Simcard များ၏ နံပတ်အလုံးရေ အရေအတွက်သည် ၉ လုံးနှင့် ၁၀ ခန့်ရှိမည်ဖြစ်ကြောင်း ဦးရှိန်းသူအောင်က ဆက်လက်ပြောသည်။ “တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ချထားပေးနိုင် မယ်လို့ မျှော်မှန်း ထားပါတယ်။

ကျွန်တော်တို့အနေနဲ့ ဝန်ဆောင်မှုတွေ အနေနဲ့ ကတော့ အားလုံးထက်သာအောင်ပေး မှာဖြစ်ပါတယ် ” ဟု ဦးရှိန်းသူအောင်က ထပ်လောင်း ပြောဆိုသည်။ ရတနာပုံတယ်လီပို့  အများပိုင်ကုမ္ပဏီ အနေဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအား ရင်းနှီးမြှုပ်နှံရန်အတွက် ၁.၅ ဘီလီယံအား သုံးဆွဲသွားမည်ဖြစ်ကိုလည်း သိရသည်။

ယခင်အစိုးရ လက်ထက်က ရတနာပုံတယ်လီပို့စ် ကုမ္ပဏီသည် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်းခဲ့ပြီး အဆိုပါကုမ္ပဏီသည် အစိုးရ၏ ရင်းနှီးမြှုပ်နှံမှု တစ်ဝက်ပါဝင်နေကြောင်း သိရသည်။

မြဝတီ