ကေအိုင်အို ဒု-ဥက္ကဌဟောင်း ဒေါက်တာ တူးဂျာ ပါတီ တည်ထောင်ခွင့်ရ ပါတီ အင်အားစုဆောင်းရေး နှင့် စည်းရုံးရေး စတင်လုပ်ဆောင်နေပြီဖြစ်

ပို့စ်တင်ချိန် - 11/02/2013 04:50:00 PM



၂၀၁ဝပြည့် နှစ် အထွေထွေရွေးကောက်ပွဲ တွင် ပါတီတည်ထောင်ခွင့်မရခဲ့ သည့် ဒေါက်တာ တူးဂျာဦးဆောင် သည့်ပါတီက ကချင်ပြည်နယ် ဒီမိုကရေစီပါတီမှ ပါတီဝင်အင် အားစုဆောင်းရန်အတွက် စည်း ရုံးရေး လုပ်ငန်းများ ကို စတင်လုပ် ဆောင်နေပြီဖြစ်ကြောင်း ပါတီ ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာက ပြောသည်။ ယခုအချိန်တွင် ပါတီကိုအ ဖွဲ့ဝင် ၁ရဦးဖြင့် မှတ်ပုံတင်ထား ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့တင်ပြရမည့် ပါတီ ဝင်ဦးရေ  ၅ဝဝ ကိုလည်း သုံးလ အတွင်း စုစည်းကောက်ယူသွား မည်ဖြစ်ကြောင်း သိရသည်။

ဒေါက်တာမနမ်တူးဂျာက ''ပါတီစည်းရုံးရေးကို မြစ်ကြီးနား အပါအဝင် တနိုင်း၊ မိုးကောင်း၊ မိုးညှင်း၊ ဗန်းမော်စတဲ့မြို့တွေမှာ စတင်လုပ်ဆောင်နေပါပြီ''ဟု ပြောသည်။ ပါတီစည်းရုံးရေးလုပ် ဆောင်ရာတွင် ၎င်းတို့နှင့်ဝါသ နာတူသည့်သူများ၊ အများအား ဖြင့် မည်သည့်ပါတီကိုမျှမဝင် ရောက်ရသေးသူများကိုစုစည်း သွားမည်ဖြစ်ကြောင်း၊ ပါတီသို့ အမျိုးသား၊ အမျိုးသမီး၊ လူမျိုး ဘာသာ အကန့်အသတ်မထားဘဲ ဝင်ရောက်နိုင်ကြောင်းသိရသည်။

ပါတီသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ရုံးစိုက်မည် ဖြစ်ပြီး အခြားနေရာဒေသများ သို့လည်း ပါတီဝင်အင်အားစုစည်း သွားရန် လုပ်ဆောင်နေကြောင်း၊ ထိုအတွက် ပါတီဝင်ပုံစံများကို လည်းရိုက်နှိပ်နေပြီဖြစ်ကြောင်း၊ ပါတီဝင်ကြေးကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှသတ် မှတ်ထားသော အနည်းဆုံးငါးရာ ကျပ်ဖြင့် ဝင်ရောက်စေမည်ဖြစ် ကြောင်းလည်း သိရသည်။

ကချင်ပြည်နယ်ဒီမိုကရေ စီပါတီ၏အလံသည် အစိမ်းရောင် နောက်ခံတွင် ကြယ်ဖြူတစ်လုံး ပါဝင်ကြောင်းနှင့် အစိမ်းရောင် သည် ကချင်ပြည်နယ်ကိုကိုယ် စားပြုပြီး ကြယ်ဖြူသည် ၎င်းတို့ ၏ပါတီကိုကိုယ်စားပြု ခြင်းဖြစ် ကြောင်း၊ ပါတီ၏ အမှတ်တံဆိပ် ကို ကချင်တိုင်းရင်းသားတို့၏ရိုး ရာဖြစ်သော ငှက်မင်းသင်္ကေတ ဖြင့်သတ်မှတ်ထားကြောင်း ယင်း ကဆက်လက်ပြောသည်။ ဒေါက်တာမနမ်တူးဂျာ က''ကချင်ပြည်နယ်ရဲ့အကျိုး၊ ပြည်သူအကျိုးနဲ့ ပြည်ထောင်စု အေးချမ်း သာယာရေး ကို လုပ် ဆောင်သွားမယ်။ ဒေသရဲ့ပညာ ရေး၊ ကျန်းမာရေးစတာတွေကိုလဲ ဘယ်ပါတီနဲ့မဆို ပူးပေါင်းလက် တွဲသွားဖို့အဆင်သင့်ပါ''ဟုပြော သည်။

ပါတီကို ဒေါက်တာတူးဂျာ အပါအဝင် နိုင်ငံရေးလုပ်ဆောင် လိုသူ ၁ရဦးတို့ဖြင့် ဩဂုတ်၂၈ ရက်တွင် ပါတီတည်ထောင်ခွင့် လျှောက်ထားပြီး အောက်တိုဘာ ၃ဝရက်တွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ ပါတီတည် ထောင်ခွင့်ပြု လိုက်ခြင်း ဖြစ်သည်။

နန်းသီတာဝင်း
yangonmedia