Facebook သည် လူမှုဆက်ဆံရေး၏ နိမိတ်ပုံများ အထင်ဟပ်ဆုံး နေရာဖြစ်လာ

ပို့စ်တင်ချိန် - 11/02/2013 05:14:00 PM


Facebook သည် အချစ်ရေး အကွဲအပြဲ ဇာတ်လမ်းများကို ကြိုတင် နိမိတ်
ဖတ်နိုင်သည့် စွမ်းရည်မျိုး ရှိလာပြီဟု သုတေသီများက တင်စားပြော
ကြားလိုက်သည်။ သုတေသီများသည် Facebook ဝက်ဘ်ဆိုက် သုံးစွဲသူများ
အနက် (၁.၃)သန်းခန့်၏ မှတ်တမ်းမှတ်ရာများကို လေ့လာကာ အချစ်ရေး အဆင်မပြေသည့်အခါ ကြိုတင် နိမိတ်ထင်လာတတ်ကြောင်း ကောက်ချက်
ချခဲ့သည်။

ဥပမာအားဖြင့် အချစ်ရေးနှင့် ပတ်သက်ပြီး In a Relationshipဟု သတ်မှတ်
ထားရာမှ It's Complicatedဟု ပြောင်းလဲလိုက်မှုမျိုးသည် လူတစ်ယောက်၏ လူမှုဘဝကို ကြိုတင် အရိပ်ထင်စေကြောင်း ပညာရှင်များက ထောက်ပြခဲ့
သည်။

အမှန်တကယ် အချစ်ရေး မပြိုကွဲခင် Facebookတွင် မိမိတို့၏ အတွင်းစိတ်
များကို လူအများက အရိပ်အမြွက်မျှဖြစ်စေ ထုတ်ပြလာတတ်ကြောင်း သိရှိရသည်။

ကွန်နဲလ် တက္ကသိုလ်တွင် ပြုလုပ်သော သုတေသန ရလဒ်တစ်ခုက Facebookနှင့် Social Mediaများအပေါ် လူအများ မှီတွယ်မှု ပိုမို
အားကောင်းလာသည်နှင့်အမျှ အတွင်းရေး ခံစားချက်များကို သွန်ထုတ်ရန် အသုံးများလာကြောင်း ညွှန်ပြလျှက်ရှိသည်။

ထို့အပြင် စုံတွဲတစ်တွဲနှင့် တိုက်ရိုက်သိကျွမ်းမှု မရှိသည့်တိုင် ယင်းတို့နှင့် ဆက်စပ်သူငယ်ချင်းများထံမှတစ်ဆင့် ထိုစုံတွဲ၏ လားရာအခြေအနေ
ကောင်းမကောင်း ဆိုသည်ကိုပါ ခန့်မှန်းလာနိုင်လိမ့်မည်ဟု ယင်းတက္ကသိုလ်
မှ လူမှုဆက်ဆံရေး ပညာရပ်ဆိုင်ရာ သုတေသီများက ကောက်ချက်
ချခဲ့သည်။ ယခုသုတေသန စစ်တမ်း၏ နောက်ကွယ်မှ ပညာရှင်များက Facebookတွင် လူတစ်ဦး၏ စိတ်ခံစားချက် အရိပ်အကဲသည် ဆက်စပ်နေသည့် မိသားစုနှင့် မိတ်ဆွေများထံ အလွယ်တကူ ပျံ့နှံ့တတ်ကြောင်း ရှင်းပြခဲ့သည်။

သုတေသီများက Facebookတွင် သူငယ်ချင်း တစ်ဦး၏ ကြားခံသူငယ်
ချင်းများ ရောနှောနေခြင်းထက် နယ်ပယ်အသီးသီး ခွဲထားခြင်းက ဆက်ဆံရေး ပိုမိုခိုင်မြဲစေကြောင်းလည်း ဆိုသည်။ ထို့အပြင် Social Networkများ၌ တစ်ဦးချင်း ဆက်ဆံရေး ခိုင်မြဲမှုထက် မိမိ၏ အမှန်တကယ် ရင်းနှီးကျွမ်းဝင်သူ အရေအတွက် ချိတ်ဆက်မှု ကျယ်ပြန့်ခြင်းကလည်း ပိုမိုအရေးပါသည့် ညွှန်ကိန်း ဖြစ်လာကြောင်း ပညာရှင်များက မှတ်ချက်ပြုသွားသည်။

Planet Myanmar Network