ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဆန္ဒပြ၍ ထောင်သုံးလစီ ချမှတ်ခံရသူ သံတွဲဒေသခံ ၄ ဦးလွှတ်မြောက်လာ

ပို့စ်တင်ချိန် - 12/08/2013 02:47:00 PM


ကျေးရွာအုပ်ချုပ်ရေးမှူးအား ပြည်သူလူထုကို ကိုယ်စားမပြုဟု ဆိုကာ ဆန္ဒပြ၍ ပုဒ်မ (၁၈)ဖြင့်  ထောင်ချခံရသူ (၄) ဦးသည် ထောင်သက်တမ်းကုန်ဆုံး၍ သံတွဲထောင်မှ လွှတ်မြောက်လာကြောင်း သတင်း ရရှိသည်။

လွှတ်မြောက်လာသူများမှာ သံတွဲမြို့နယ် ဂျိတ်တော ကျေးရွာမှ ဖြစ်ကြပြီး ဒေါ်ငွေသိန်းနု၊ ကျော်ဝင်း၊ ကျန်အောင်တို့မှာ မနေ့က လွှတ်မြောက်လာပြီး ဒေါ်အာမ ဆိုသော အမျိုးသမီးမှာ လျှော့ရက်ဖြင့် လွန်ခဲ့သော အပတ်ကတည်းက လွှတ်မြောက်လာခဲ့သည်ဟု သံတွဲ လူမူကွန်ယက်မှ ကိုစိန်ချစ်က ပြောသည်။

သူတို့သည် ဂျိတ်တောကျေးရွာ အုပ်ချုပ်ရေးမှူးအား လူထုကို ကိုယ်စား မပြုဟု ဆိုကာ ဆန္ဒပြသဖြင့် တရားစွဲခံရပြီးနောက် ပုဒ်မ (၁၈) ဖြင့် သံတွဲမြို့နယ် တရားရုံးက ထောင် (၃) လချမှတ်ခံခဲ့ရသည်။

narinjara burmese news