မြန်မာအမျိုးသမီးဖိုရမ်တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော

ပို့စ်တင်ချိန် - 12/08/2013 08:15:00 AM

ဓာတ်ပုံ-အီးပီအေ

ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်၌ ဒီဇင်ဘာ ၆ရက် ညနေ ၃နာရီက ကျင်းပပြုလုပ်သော 'မြန်မာအမျိုးသမီးဖိုရမ် ၂၀၁၃'တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

ယင်းဖိုရမ်ကို ဒီဇင်ဘာ ၆ ရက်မှ ၇ ရက်အထိကျင်းပမည်ဖြစ်ပြီး လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ကူညီပံ့ပိုးမှုဖြင့် ပြင်သစ် သံရုံး(မြန်မာ)နှင့် WEFCOS တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
Yangon Media Group