တိုက်စစ်မှုးကျော်ကိုကို၏ သွင်းဂိုးများဖြင့် မြန်မာအသင်း သုံးဂိုးပြတ်အနိုင်ရ

ပို့စ်တင်ချိန် - 12/08/2013 11:12:00 AM


နေပြည်တော် ဒီဇင်ဘာ ၇

၂၇ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ ဘောလုံးပွဲစဉ်များကို ဒီဇင်ဘာ ၇ရက်နေ့က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းတွင် ကျင်းပခဲ့ရာ တိုက်စစ်မှုးကျော်ကိုကို၏သွင်းဂိုးများဖြင့် မြန်မာအ သင်းက ကမ္ဘောဒီးယားအသင်းကို သုံးဂိုးပြတ်ဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။
မြန်မာအသင်းအတွက် ပထမဂိုးကို ပွဲကစားချိန် ၁၆မိနစ်တွင်ရရှိသည့် ထောင့်ကန်ဘောမှတဆင့် နောက်တန်းကစားသမား ဇော်မင်းထွန်းက ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်ပြီး ဒုတိယဂိုးကို ၃၄မိနစ်တွင် ကြည်လင်း၏ တစ်ကိုတော်ဖိုးထောက်မှုက တဆင့် မတင်ပေးလိုက်သည့် ဘောလုံးကို တိုက်စစ်မှုးကျော်ကိုကိုက ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။

ပွဲကစားချိန်မိနစ် ၃ဝခန့်က ကမ်ေမာဒီးယားအသင်းတောင်ပံ ကစားသမားChhoeun Chhin မြန်မာနောက်တန်း၏ လူကျွံ ထောင်ခြောက်ကို ဖေါက်ထွက်နိုင်ခဲ့ပြီး ကန်သွင်းခဲ့သော်လည်း ဂိုးသမား ပြည့်ဖြိုးအောင် ပါးနပ်မှုနှင့် နေရာယူမှန်မှုတို့ကြောင့် မြန်မာအသင်း သက်သာခဲ့ရသည်။

၂၇ကြိမ်မြောက် SEA Games ပြိုင်ပွဲဘောလုံးအားကစားနည်း၏ အဖွင့်ပွဲစဉ်တွင် ထိုင်းအသင်းက အရှေ့တီမောအသင်းကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သောကြောင့် အုပ်စုပထမနေရာအတွက် ကမ်ေဘာဒီးယားအသင်းကို ဂိုးပြတ်သွင်းယူနိုင်ရန် ကစား ခဲ့ရာ ဒုတိယပိုင်းစသည်နှင့် တိုက်စစ်ဖွင့်ကစားခဲ့ပြီး ကျော်ကိုကို၏ အပြင်းကန်ချက်ကို ကမ်ေဘာဒီးယားနောက်တန်း ကစား သမား ဂိုးစည်းပေါ်က ဖျက်ထုတ်ခဲ့ရသည်။

ပွဲကစားချိန် ၄၆မိနစ်တွင်မူ တိုက်စစ်မှုး ကျော်ကိုကိုက မြန်မာအသင်းအတွက် တတိယဂိုးသွင်းယူပေးနိုင်ခဲ့ပြီးနောက် ကမ်ေဘာဒီးယားအသင်းကို ဆက်လက်ဖိအားပေးကစားနိုင်ခဲ့သည်။

မြန်မာအသင်းအနေဖြင့် ကမ်ေဘာဒီးယားအသင်းကို ခြေစွမ်းအသာဖြင့်ကစားနိုင်ခဲ့သော်လည်း ကစားသမားအချင်းချင်း ချိတ် ဆက်မှု အားနည်းခဲ့ကြောင်းတွေ့ရမည်ဖြစ်ပြီး ပွဲကစားချိန် ၂၅မိနစ်တွင် ကျော်ဇေယျာဝင်း တစ်ကိုယ်ကောင်းဆန်မှုကြောင့် ရသင်သည့် ဂိုးနစ်နာခဲ့ရပြီး ပွဲပြီးဆုံးချိန်၌ မြန်မာအသင်းက သုံးဂိုးပြတ်ဖြင့်အနိုင်ရခဲ့ပြီး အုပ်စု(ခ)၏ ပထမနေရာကို ရယူနိုင် ခဲ့သည်။
အုပ်စု(ခ)၏ဒုတိယပွဲစဉ်များကို ဒီဇင်ဘာ ၉ရက်နေ့တွင် ဆက်လက်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ပထမပွဲစဉ်အဖြစ် ကမ်ေဘဒီးယား နှင့်အင်ဒိုနီးရှား၊ဒုတိယပွဲစဉ်အဖြစ် မြန်မာနှင့်အရှေ့တီမောအသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

၂၇ကြိမ်မြောက် SEA Games ပြိုင်ပွဲဘောလုံးအားကစားနည်း၏ အုပ်စု(က)ပွဲစဉ်များကို နေပြည်တော်ရှိ ပရိသတ် သုံးသောင်းဆံ့ ဇေယျာသီရိကွင်း၌ စတင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ပထမပွဲအဖြစ် ဗီယက်နမ်နှင့် ဘရူနိုင်း၊ဒုတိယပွဲစဉ်အဖြစ် စင်္ကပူနှင့်လာအိုတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
The Voice Weekly