မော်လူး ရှိ GSM ဖုန်းများ မီးပျက်လျှင် ဖုန်းပြောမရ

ပို့စ်တင်ချိန် - 12/08/2013 11:53:00 AM


စစ်ကိုင်းတိုင်းဒေသကြီး၊အင်းတော်မြို့နယ်၊မော်လူးရွာရှိ GSM ဖုန်းများ လျှပ်စစ်မီးပျက်ချိန်ကြာမြင့်သည့်အတွက် ဆိုလာတစ်မျိုးတည်းသုံးစွဲထား သည့်အတွက် မော်လူရွာ ဒေသခံပြည်သူများအနေဖြင့် ဖုန်းဆက်သွယ်ရေး အတွက် အခက်ကြုံနေရပါသည်။
ဆိုလာဖြင့် ဆောင်ရွက်ထားသော်လည်း အသုံးပြုထားသည့် ဆိုလာမှာ လည်း မကြာခဏဆိုသလို ပျက်နေသည့်အတွက် အခြားမြို့ရွာများနည်းတူ ၀န်ဆောင်မှုအပြည့်ပေးနိုင်ရန်အတွက် GSM တာဝါတိုင်အတွက် မီးစက် ထားရှိပေးပါရန် တောင်းဆိုအပ်ပါသည်။

မော်လူးရွာ မှ GSM တယ်လီဖုန်းသုံးစွဲကြသူများ
ThanLarWaddy Times