ဗုံးကွဲမှုများကိစ္စ တပ်မတော် ကာ/ချုပ်ရုံးက သဘောထားထုတ်ပြော

ဒီကနေ့ နိုင်ငံပိုင် သတင်းစာမှာ မြ၀တီကို ကိုးကားပြီး သတင်းတပုဒ်မှတော့ မကြာသေးခင်က ဗုံးကွဲမှုတွေနဲ့ ပက်သက်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းတွေကို ရပ်တန့်မှာ မဟုတ်ဘဲ အောင်မြင်
အောင် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းရရှိ တယ်လို့ ဖော်ပြရေးသားထားပါတယ်။

 ကုန်သည်ကြီးများဟိုတယ်ဗုံးကွဲတဲ့ညက တပ်မတော်သားတွေ လုံခြုံရေးယူနေပုံ၊ ဓာတ်ပုံ- ဧရာဝတီ

ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များ နှောင်းနှေး
ရပ်တန့်မည် မဟုတ်၊ အောင်မြင်သည်အထိဆက်လက်ဆောင်ရွက်မည်ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းမှာ
အခု ပေါက်ကွဲမှုတွေကို KNU အဖွဲ့ရှိ စီးပွားရေး တာဝန်ခံတချို့ပါဝင်ပတ်သက်တာဖြစ်ပြီး KNU အဖွဲ့အစည်း နဲ့ တိုက်ရိုက်ပတ်သက်မှု မရှိကြောင်း ဖော်ပြထားပါတယ်။


ဒါဟာ အစိုးရနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်နေတဲ့ လုပ်ငန်းစဉ်ကို ထိခိုက်အောင်အဖွဲ့အစည်းအတွင်း က အနည်းငယ်သော အင်အားစုတချို့က ဆောင်ရွက်တာဖြစ်ပြီး အဖြစ်မှန်ပေါ်ပေါက်ရေး နိုင်ငံတော်နှင့် KNU အဖွဲ့တို့ ပူးပေါင်းဖော်ထုတ်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းတွေ ရပ်တန့်သွားမှာမဟုတ်ဘဲ အောင်မြင်အောင် ကြိုးစားမှာဖြစ်တယ် လို့ ပြောဆိုလိုက်ပြီး တပ်မတော်ဘက်က သဘောထားကို ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။



အိမ့်သံစဉ် ~
irrawaddy

စူပါ မော်ဒယ် စင်ဒီ ကရောဖိုဒ့် အသားအေ၇ နုပျိုရခြင်း လျှို့ဝှက်ချက်

swesonemedia

Bugatti တို့ လည်း ဒူဘိုင်းတွင် တက္ကဆီဖြစ်ရ




တကယ်ပြောတာပါ။ ဒူဘိုင်းမှာ ကမ္ဘာ့ဈေးအကြီးဆုံးကားကို တက္ကဆီလို စီးနိုင်ပါတယ်။

ပုံမှာ ပြထားတဲ့ကားကတော့ ဒူဘိုင်းမှာ တက္ကဆီအဖြစ် ပြေးဆွဲဖို့ ပြင် ဆင်ထားတဲ့ Bugatti ပြိုင်ကား ဖြစ်ပါတယ်။ ဒီလိုအရောင်တင် မကပဲ ခဲရောင် ဘူဂသီ၊ အနက်ရောင်၊ အနီရောင် ဘူဂသီများနဲ့လည်း ဒူဘိုင်းမှာ တက္ကဆီဆွဲပါတယ်။ သာမန်လူများ စီးဖို့တော့ မဟုတ်ပါဘူး။ သူဌေးတွေပဲ ငှားစီးနိုင်တဲ့ တက္ကဆီပါ။ ပြည်ပက ဒူဘိုင်းအလည်လာတဲ့ ဧည့်သည်တွေ ပိုအစီးများပါတယ။်

ကမ္ဘာ့ဈေးကြီးကားများကို သီးသန့်ဝယ်စီးလို့ မြို့ တွင်း ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်နေတဲ့ အေဂျင်စီ တစ်ခုက စီစဉ်ပေး တာ ဖြစ်ပါတယ်။ တော်ရုံလူ အနားမကပ်နိုင်တဲ့ ကမ္ဘာ့ ဈေးအကြီးဆုံး အမြန်ဆုံး နံပါတ် ၁ အဖြစ် နှစ်စဉ် ဗိုလ်စွဲနေတဲ့ ဘူဂသီ Veyron Super Sport ကားမျိုး တစ်နေ့တော့ ကျနော်တို့မှာ တက္ကဆီ ဖြစ်လာနိုင်ပါသေး တယ်။
--
Ref: autoblog
Aung Kham ( TSJ Team )
TechSpace Journal

ပုဒ်မ ၁၈ ဖျက်သိမ်းပေးရန် ဆန္ဒပြသူ ကိုထင်ကျော်ကို ပုဒ်မ ၁၈ ဖြင့်ပင် ထောင်ချလိုက်ပြီ


ဇူလိုင်လအတွင်းက ကျောက်တံတားမြို့နယ် တရားရုံးရှေ့၌ ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်ခြင်းကို အရေးယူသည့် ပုဒ်မ ၁၈ ကို ဖျက်သိမ်းပေးရန် တစ်ကိုယ်တော်ဆန္ဒပြသူ ကိုထင်ကျော်ကို အောက်တိုဘာလ ၂၁ ရက် နေ့လယ်ပိုင်းက ကျောက်တံတားမြို့နယ် တရားရုံးက ပုဒ်မ ၁၈ ဖြင့်ပင် အလုပ်နှင့် ထောင်ဒဏ် ခြောက်လ ချမှတ်လိုက်သည်ဟု ၎င်း၏ ဇနီးဖြစ်သူ မသန်းသန်းမော်က မဇ္ဈိမကို ပြောသည်။

“နေ့လယ် ၁၂ နာရီကျော်လောက်က အမိန့်ချလိုက်တာပါ။ တရားရုံးရှေ့မှာတင် ပုဒ်မ ၁၈ နဲ့ကတော့ ခြောက်လ မဟုတ်ဘူး။ ခြောက်နှစ်ဆိုလည်း နေနိုင်တယ်လို့ သူကြွေးကြော်သွားသေးတယ်”ဟု ၎င်းက ပြောပြသည်။

ကိုထင်ကျော်သည် တစ်ကိုယ်တော်ဆန္ဒပြမှု ငါးကြိမ်နှင့် စုပေါင်းဆန္ဒပြမှု ခြောက်ကြိမ် စုစုပေါင်း ၁၁ ကြိမ် ဆန္ဒပြခဲ့ပြီး မြို့နယ်ခြောက်မြို့နယ်မှ ပုဒ်မ ၁၈ ဖြင့် အမှု ၁၀ မှု တရားစွဲဆိုခြင်းခံထားရသည်ဟု ၎င်းကိုယ်တိုင် ဇူလိုင်လ အတွင်းက ပြောဆိုထားသည်။

အောက်တိုဘာလ ၂၁ ရက် နေ့လယ်ပိုင်းတွင် ကိုထင်ကျော်ကို အင်းစိန်ထောင်သို့ ခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု သူ၏ဇနီးက ပြောသည်။

ယခုကဲ့သို့ ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးအရေးယူမှုများ ရှိနေခြင်းကြောင့် သမ္မတပြောဆိုထားသည့်အတိုင်း ယခု နှစ်ကုန် တွင် နိုင်ငံရေးအကျဉ်းသား အကုန်အစင် လွှတ်ပေးမည်ဆိုသည်မှာ မဖြစ်နိုင်သေးဟု နိုင်/ ကျဉ်း စိစစ်ရေးကော်မတီ တွင် ပါဝင်သည့် ၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးကလည်း စက်တင်ဘာလထဲတွင် မဇ္ဈိမကို ပြောဆို ထားသည်။

ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှုအဖွဲ့ဝင် ကိုထင်ကျော်သည် ၂၀၀၇ ခုနှစ်တွင် လောင်စာဆီနှင့် ကုန်ဈေးနှုန်းမြင့် တက်ခြင်းကြောင့် တစ်ကိုယ်တော် ဆန္ဒပြသဖြင့် ခန်္တီးအကျဉ်းထောင်တွင် ထောင်ဒဏ် ၁၂နှစ် ခွဲကျခံခဲ့ရသည်။ ယင်းနောက် ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၃ ရက်တွင် နိုင်ငံတော်သမ္မတ၏ အထွေထွေလွတ် ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်ငြိမ်းခဲ့သည်။

ထောင်မှ လွတ်မြောက်လာပြီးနောက်ပိုင်း လက်ပံတောင်းတောင်ကိစ္စ၊ လျှပ်စစ်မီးကိစ္စအပြင် မြေသိမ်းခံရခြင်းနှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် ဆန္ဒပြခဲ့သည်။
Mizzima - News in Burmese

ဆိုလာစွမ်းအင်သုံးကာ ဘက်ထရီအားသွင်းရာမှ ဓာတ်လိုက်သေဆုံး



စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ သံဘိုကျေးရွာတွင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားမှ ဆိုလာစွမ်းအင် သုံးကာ ဘက်ထရီအိုး အားသွင်းရာမှ လူတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ တာဝန်ကျဝန်ထမ်းတစ်ဦးက အောက်တိုဘာလ ၂၁ ရက်က ပြောသည်။

သေဆုံးသူ၏ မိသားစုဝင်များ ပြောပြချက်များအရ အသက် ၂၆နှစ်အရွယ် ကိုမင်းသည် အောက်တိုဘာလ ၁၇ ရက်က ဆိုလာစွမ်းအင်ကိုသုံးကာ ဘက်ထရီအိုးအားသွင်းရန် ချိတ်ဆက်နေစဉ် ဓာတ်လိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သက်ဆိုင်ရာ၏ စစ်ဆေးချက်များအရ ဓာတ်လိုက်သေဆုံးသူ၏ ဘယ်ဘက်လက်ညှိုးနှင့် လက်ခလယ်တို့အကြား နေရာ၌ အရေပြားဖူးယောင်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

ထိုသို့ ဓာတ်လိုက် လူသေဆုံးခြင်းအား ခင်ဦးမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၉/ ၂၀၁၃ အရ အမှုဖွင့် ဆောင်ရွက်နေသည်ဟု သိရသည်။

ယင်းကဲသို့ဖြစ်စဉ်များ ဒေသတွင်း၌ ထပ်မံပေါ်ပေါက်ခြင်း မရှိစေရန် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများ သုံးစွဲရာတွင် ဓာတ်လိုက်မှု မရှိစေရန် ပညာပေး ဟောပြောမှုများလည်း ပြုလုပ်ခဲ့သည်။

လျှပ်စစ်မီးမရရှိသော နယ်မြို့များတွင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများကို အဓိက သုံးစွဲလျက်ရှိ နေသည်။
Mizzima - News in Burmese

ကျွန်မ မာလာလာပါ




ရှပ်အကျီ အရောင်ဖျော့တော့တော့ကို ၀တ်ဆင်ထားတဲ့ မုတ်ဆိတ်ရှည်နဲ့ လူရွယ် တစ်ယောက်ဟာ လမ်းပေါ် တက်လာပြီး ကျောင်းသူလေးတွေ တင်ဆောင်လာတဲ့ ဒိုင်နာ အမျိုးအစား ကျောင်းကားကို လက်ပြတားပြီး ရပ်ခိုင်း လိုက်တယ်။ ကားဘေးမှာ ရေးကပ်ထားတဲ့ စာကို မတွေ့သယောင် ဒါခူးရှားကျောင်းကားလားလို့ ကားမောင်း သူကို မေးတယ်။ ပြီးတော့ ကလေးတွေရဲ့ အချက်အလက် အချို့ လိုချင်လို့လို့ ဆက်ပြောတယ်။ ကားမောင်းသူ အူစမန်က ဒါဆို ခင်ဗျား ကျောင်းရုံးခန်းကို သွားသင့်တယ်လို့ ပြန်ဖြေလိုက်တယ်။ အဲဒီလို သူက အရှေ့မှာ မေးမြန်းနေစဉ် နောက် အမျိုးသား တစ်ယောက်က ဒိုင်နာကားရဲ့ နောက်ဘက်ကို ရောက်လာတယ်။
မာလာလာ ဘယ်သူလဲ၊ မိုနီဘာက ကျွန်မကို ဟေ့ နင့်ကို အင်တာဗျူးဖို့ သတင်းထောက်နဲ့ တူတယ်လို့ လှမ်းပြောတယ်။ မိန်းကလေးတွေ ပညာသင်ကြားနိုင်ရေးအတွက် ကျွန်မ စပြီး စည်းရုံး လှုပ်ရှားမှုတွေ ပြုလုပ်ကတည်းက သတင်းထောက် အတော်များများ ကျွန်မဆီ လာပါတယ်။ ဒါပေမဲ့ အခုလို လမ်းပေါ်မှာ ကားရပ်ခိုင်းတာတော့ မကြုံဖူးသေးပါဘူး။အဲဒီလူဟာ ဖျားနာနေတဲ့ လူတစ်ယောက်လို သူ့ရဲ့ ပါးစပ်နဲ့ နှာခေါင်းကို လက်ကိုင်ပ၀ါနဲ့ ဖုံးအုပ်ထားတယ်။ကျွန်မတို့ ဒိုင်နာကားနောက်ထဲ သူ့ရဲ့ ကိုယ်ကိုတိုးဝင်လာပြီး မာလာလာ ဘယ်သူလဲလို့ မေးတယ်။
ဘယ်သူမှတော့ ပြန်မဖြေပေမယ့် အကုန်လုံးက ကျွန်မဆီကို လှမ်းကြည့်နေတယ်။ သူဟာ အနက်ရောင် ပစ္စတိုကို ထုတ်လိုက်တဲ့အချိန်မှာ ကျောင်းသူတွေ အကုန်လုံး ကြောက်လန့်တကြား အော်ဟစ်ကြတယ်။ မိုနီဘာရဲ့ လက်ကို ကျွန်မ ခပ်တင်းတင်း ဆုပ်ကိုင်ထားမိတယ်။သူငယ်ချင်းတွေက အဲဒီလူ သေနတ်နဲ့ သုံးချက်ပစ်တယ်လို့ ပြောတယ်။ ပထမဆုံး ကျည်ဆန်ဟာ ကျွန်မရဲ့ ဘယ်ဘက် မျက်လုံးခွံကနေဖြတ်ပြီး ကျွန်မ ဘယ်ဘက်ပခုံးအောက် ကနေ ပေါက်ထွက်သွားတယ်။ ကျွန်မ မိုနီဘာရဲ့ အပေါ် ခေါင်းနဲ့ ထိုးကျသွားတယ်။ နောက်ကျည်ဆန်နှစ်ခုက ကျွန်မဘေးနားက ကျောင်းသူလေးတွေကိုလည်း ထိမှန် သွားတယ်။ သူငယ်ချင်းတွေဆီက နောက်မှ သိရတာက အဲဒီလူ ကျွန်မတို့ကို သေနတ်နဲ့ ပစ်တဲ့ လက်ဟာ တဆတ်ဆတ် တုန်လို့နေတယ်တဲ့။ ဆေးရုံကိုရောက်တော့ ကျွန်မရဲ့ ဆံပင်အရှည်နဲ့ မိုနီဘာရဲ့ ပေါင်ဟာ သွေးတွေနဲ့ နီရဲထွေးလို့တဲ့။

ကျွန်မရဲ့ နာမည် မာလာလာဟာ အာဖဂန်နစ္စတန်ရဲ့ ကြီးမြတ်တဲ့ သူရဲကောင်းအမျိုးသမီး မာလာလိုင်ရဲ့ နာမည်ကို ယူပြီး မှည့်ထားတာ ဖြစ်တယ်။ မာလာလိုင်ဟာ အင်္ဂလိပ် နယ်ချဲ့တွေနဲ့ တိုက်ပွဲမှာ ဒဏ်ရာရတဲ့ အာဖဂန်စစ်သားတွေကို ဆေးပေးရေတိုက် စောင့်ရှောက်ပေးနေရင်းက အလံကိုင် စစ်သားကျသွားတဲ့အခါ သူမရဲ့ ပ၀ါအဖြူကို ကိုင်ဆောင် လွှင့်ယမ်းပြီး အာဖဂန်စစ်သား တွေ ရှေ့ကနေ တိုက်ပွဲကို ဦးဆောင် လှုံ့ဆော်ခဲ့တဲ့ ဇာနည်သူရဲကောင်းမ ဖြစ်တယ်။ ကျွန်မ အဖေဟာ သူမအကြောင်းကို အိမ်မှာ အမြဲတမ်း ပြောပြလေ့ရှိတယ်။ ကျွန်မ မွေးဖွားကြီးပြင်းတဲ့ အရပ်ဟာ ကမ္ဘာပေါ်မှာ အလှဆုံးဒေသတစ်ခု ဖြစ်တယ်။ ဆွက်တ် ဒေသဟာ အလှဆုံး အကြီးမြတ်ဆုံး တောင်ကုန်းတွေ အကြားမှာ ရှိတယ်။ တသွင်သွင် စီးကျ ပန်းထွက်နေတဲ့ ရေတံခွန်တွေ၊ ကြည်လင်အေးမြတဲ့ ရေကန်တွေ ရှိတဲ့ တောင်ကြားဒေသရဲ့ အ၀င်ဝမှာ သုခဘုံသို့ ကြိုဆိုပါ၏လို့ ရေးထားတယ်။ ရှေးတုန်းက ဆွက်တ်ကို ပန်းဥယျာဉ်လို့ အဓိပ်္ပာယ်သက်ရောက်တဲ့ ဥဒရာနလို့ ခေါ်ဆိုကြတယ်။ ပါကစ်္စတန်ရဲ့ ပထမဦးဆုံး နှင်းလျှောစီး အပန်းဖြေစခန်း ရှိလို့ အရှေ့တိုင်းရဲ့ ဆွစ်ဇာလန်လို့လည်း တင်စားကြတယ်။

ကျောင်းသူလေးတွေ ငြိမ်းချမ်းစွာ စာသင်ပါစေ

ကျွန်မတို့ရဲ့ သည်တောင်ကြားဒေသလေးမှာ အိမ်အတော် များများ တီဗီ မရှိတာရယ်၊ လူအတော်များများ စာမဖတ်တတ်တာတို့ကြောင့် သတင်း အဆက်အသွယ် မပြတ်ဖို့ ရေဒီယိုကိုပဲ အားကိုးရတယ်။ ရေဒီယို အစီအစဉ်တစ်ခုဟာ လူတွေအကြားမှာ ရေပန်းစားလာတယ်။ အဲဒီ အစီအစဉ်ကတော့ ဖာဇ်လူလာ ထုတ်လွှင့်တဲ့ ရေဒီယိုမူလာလို့ ခေါ်တဲ့ အစီအစဉ်ဖြစ်တယ်။ ညတိုင်း ၈ နာရီကနေ ၁၀ နာရီကြားနဲ့ နံနက် ၇ နာရီမှ ၉ နာရီကြား လာတယ်။ ဖာဇ်လူလာက သူ့ကိုယ်သူ အစ္စလာမ် ပြုပြင်ပြောင်းလဲရေးသမား၊ ကိုရန် ကျမ်းစာရဲ့ အဓိပ်္ပာယ် အနှစ်သာရတွေကို ဖွင့်ဆိုရှင်းပြနိုင်သူ တစ်ယောက်အနေနဲ့ လူထုကို မိတ်ဆက်တယ်။ လူတွေ ကောင်းမွန်တဲ့ အကျင့်တွေကို ဘယ်လို မွေးမြူရမယ်၊ ဆိုးတဲ့ အကျင့်တွေကို ဘယ်လို ပစ်ပယ်ရမယ်၊ ဘုရား ၀တ်မပြုခင် ခန်္ဓာကိုယ်ကို ဘယ်လို သန့်စင်ဆေးကြောရမယ် စတာတွေကို နားထောင်ချင်စဖွယ် ဖြစ်အောင် ညင်သာ မျှတတဲ့ အသံနဲ့ ပြောကြားတယ်။ ဒါပေမဲ့ တစ်ခါတလေ မိုးကြိုးပစ်လျှပ်စီး လက်သလို ထစ်ချုန်းတဲ့ အသံနဲ့ လူတွေကို ခေတ်ပေါ် ဂီတ နားထောင်တာတွေ ရုပ်ရှင်ကြည့် တာတြွေ မူးထူးကခုန်တာတွေ မလုပ်ကြဖို့နဲ့ အဲဒီလို အပြစ်ရှိတဲ့ အလုပ်တွေဟာ မြေငလျင် လှုပ်မှုတွေကို ဖြစ်ပေါ်စေတယ်လို့ သတိပေး ပြောကြားတယ်။ ကျွန်မရဲ့ အဖေက သူ့ကို အရူးတစ်ယောက်လို လျှောက်ပြောနေတယ်လို့ ဝေဖန် သလိုပဲ။ ကိုရန်ကျမ်းစာရဲ့ မူရင်း အာရပ် ဘာသာကို လူတွေ နားမလည်တာကို အခွင့်ကောင်းယူပြီး အဲဒီလို တားမြစ် ပိတ်ပင်တဲ့ အဓိပ်္ပာယ် အမှားတွေကိုလည်း သင်ကြား ထုတ်လွှင့်တယ်။ ခြောက်လအတွင်းမှာ တာလီဘန်ေ တွဟာ အိမ်တွေက တီဗီတွေ စီဒီတွေ ဒီဗီဒီတွေကို လိုက်လံ ကောက်ခံ သိမ်းယူပြီး လမ်းတွေပေါ်မှာ စုပုံ မီးရှို့တယ်။

တစ်နေ့မှာ ထောင်ထဲ အချုပ်ခံနေရတဲ့ စစ်သွေးကြွ ခေါင်းဆောင် ဆူဖီမိုဟာမက်က ပညာရေးဟာ မိန်းကလေး တွေအတွက် မဟုတ်ဘူးလို့ ပြောကြားလိုက်ပြီးတဲ့နောက် ရေဒီယို မူလာရဲ့ အစီအစဉ်တွေဟာ ကျောင်းတွေဘက် လှည့်လာတယ်။ မိန်းကလေးတွေ ရှိတဲ့ ကျောင်းစီမံအုပ်ချုပ် သူတွေကို ပြစ်တင်ဝေဖန်ပြီး ကျောင်းက နုတ်ထွက်သွားတဲ့ ကျောင်းသူတွေကို ချီးမွမ်း ပြောကြား တယ်။ ဘာကြောင့် မိန်းကလေးတွေကို ကျောင်း မသွားစေချင်တာလဲလို့ အဖေ့ကို မေးကြည့်တော့ တာလီဘန်တွေဟာ လက်နက်ထက် စာရေးဘောပင်တွေကို ပိုကြောက်လို့ပေါ့ သမီးရယ်လို့ ဖြေတယ်။ ကျွန်မတို့ ကျောင်းက တချို့ ကျောင်းဆရာတွေက ကျောင်းသူတွေကို သင်ဖို့ ငြင်းဆိုလာတယ်။ အစ်ပြီးလို့ ကျောင်းပြန်ဖွင့်တဲ့နေ့မှာ အဖေ့ရဲ့ ကျောင်းဂိတ်ဝမှာ စာတစ်စောင် ကပ်ထားတာကို တွေ့ရတယ်။ အဲဒီစာမှာ ခင်ဗျားရဲ့ ကျောင်းဟာ အနောက်တိုင်းဆန်ပြီး ဘာသာရေးကို ဆန့်ကျင်နေတယ်။ မိန်းကလေးတွေကို စာသင်ကြားပေးပြီး ဘာသာရေးနဲ့ မသင့်လျော်တဲ့ ယူနီဖောင်းတွေ ၀တ်ဆင်နေကြတယ်။ ဒီအတိုင်း ဆက်လုပ်နေရင် ခင်ဗျား ဒုက္ခတွေ့လိမ့်မယ်။ အဲဒီကျရင် ခင်ဗျားရဲ့ ကျောင်းသူလေးတွေ ခင်ဗျားအတွက် ငိုကြလိမ့်မယ်။ အစ်္စလာမ်ဘာသာရေး စွန့်လွှတ်အနစ်နာခံသူများလို့ ခြိမ်းခြောက် ရေးသားထား တယ်။ အဖေ့ရဲ့ သူငယ်ချင်းက အဖေ့ကို နောက်မဆုတ်ဘဲရဲရဲရင့်ရင့် ကိုယ့်ယုံကြည်ချက်အတိုင်း ရင်ဆိုင်ဖို့ အားပေးတယ်။ ဒီကိစ်္စနဲ့ ပတ်သက်လို့ အဖေက ဒေသ သတင်းစာ တစ်စောင်ဖြစ်တဲ့ အဇာဒိနေ့စဉ်ကို စာရေးတယ်။ “အစ်္စလာမ် ဘာသာရေး စွန့်လွှတ် အနစ်နာခံသူများသို့ ခင်ဗျားတို့ လုပ်တဲ့ အလုပ်တွေဟာ အစ်္စလာမ်ဘာသာရဲ့ နည်းမှန် လမ်းမှန်တွေ မဟုတ်ပါ။ ကျွန်တော့်ရဲ့ ကလေးတွေကို ဘေးဒုက်္ခတွေမပေးပါနဲ့။ ခင်ဗျားတို့ ယုံကြည်ကိုးကွယ်တဲ့ ဘုရားသခင်ဟာ သူတို့လေးတွေ နေ့တိုင်း ရှိခိုးတဲ့ ဘုရားသခင်ပါပဲ။ လိုအပ်ရင် ကျွန်တော့်ရဲ့ အသက်ကို ယူနိုင်ပါတယ်။ ကျွန်တော့် ကျောင်းသူကျောင်းသားတွေကို ငြိမ်းငြိမ်းချမ်းချမ်း စာသင်ခွင့်ပေးပါ”

အပြောင်းအလဲ လိုချင်တဲ့ မိန်းကလေး

၂၀၀၇ အကုန်ပိုင်းလောက်မှာ အစိုးရစစ်တပ်တွေ ဆွက်တ် တောင်ကြားကို ရောက်ရှိလာတယ်။ တာလီဘန်တွေနဲ့ အစိုးရစစ်တပ်တွေကြား အပြင်းအထန် တိုက်ပွဲတွေ ဖြစ်ကြတယ်။ ဖာဇလူလာရဲ့ ဌာနချုပ်ကို သိမ်းပိုက်နိုင်ပြီး သူနဲ့ သူ့အဖွဲ့ဟာ အနီးအနားက တောတွေ တောင်တွေ ကြားထဲ တိမ်းရှောင် ဆုတ်ခွာသွားရတယ်။ ဒါပေမဲ့ အဖေက တာလီဘန်တွေရဲ့ ဆုတ်ခွာမှုဟာ ယာယီသာ ဖြစ်တယ်လို့ ဆိုတယ်။ ၂၀၀၇ အကုန်မှာ အစိုးရစစ်တပ်က စစ်ဆင်ရေးတွေ ရပ်ဆိုင်းလိုက်ပေမယ့် တာလီဘန်တွေကို ဒီဒေသကနေ အပြီးတိုင် မဖယ်ရှားနိုင်ခဲ့ပါ။ ဖာဇလူလာရဲ့ ရေဒီယို အစီအစဉ်ဟာ ဆက်လက် ထုတ်လွှင့်နေတုန်းပဲ ဖြစ်တယ်။ဖာဇလူလာက မိန်းကလေးတွေ ကျောင်းမသွားဘဲ အိမ်မှာ နေသင့်တယ်လို့ လွှင့်ဆိုပြီး သူ့ရဲ့ လူတွေဟာ ညဘက် ကာဖျူးထုတ်ထားတဲ့ အချိန်တွေမှာ ကျောင်းတွေကို ဖောက်ခွဲမှုတွေ စတင် လုပ်ဆောင်လာတယ်။ ရှဝါဇန်ဂေလို့ ခေါ်တဲ့ အစိုးရ မိန်းကလေးမူလတန်းကျောင်း ပထမဦးဆုံး ဖောက်ခွဲခံရတယ်။ အသေခံဗုံးခွဲပြီး အသတ်ခံရတဲ့ ရဲအရာရှိ ဂျာဗစ်ရဲ့ အသုဘမှာ တာလီဘန်တွေ ဗုံးဖောက်ခွဲလို့ သူ့ရဲ့ သားငယ် အပါအ၀င် အသုဘလိုက်ပို့သူ လူပေါင်း ၅၅ ယောက် သေဆုံးခဲ့ရတယ်။ အခုလို အကြမ်းဖက် ခံနေရတာတွေကို မကြောက်ဖူးလားလို့ အဖေ့ကို မေးတော့ “ညမိုးချုပ်တဲ့အခါ ကြောက်ရွံ့မှုတွေ ဖြစ်လာပေမယ့် နံနက်လင်းတဲ့အခါ သတ်္တိတွေကို ပြန်လည် ရှာတွေ့လိမ့်မယ် သမီး၊ ငါတို့တွေ ကြောက်လန့် မိတာတော့ အမှန်ပဲ၊ ဒါပေမဲ့ ငါတို့ရဲ့ အကြောက်တရားဟာ ငါတို့ရဲ့ သတ်္တိထက် မကြီးမားစေရဘူး” လို့ ကျွန်မကို ပြန်ဖြေတယ်။ အဲဒီ နောက်ပိုင်းမှာ အဖေနဲ့ သူ့မိတ်ဆွေတွေဟာ ဘီဘီစီ ဗွီအိုအေ စတဲ့ ရေဒီယိုဌာနတွေရဲ့ အင်တာဗျူးတွေကို လက်ခံ ဖြေကြားတယ်။ ဆွက်တ်က အဖြစ်အပျက်တွေ ဟာ အစ်္စလာမ်ဘာသာနဲ့ မကိုက်ညီဘူးလို့ ရှင်းပြကြတယ်။ ဆွက်တ်မှာ တာလီဘန်တွေ ဆက်ရှိနေတာဟာ အစိုးရစစ်တပ်အရာရှိတချို့ရဲ့ ပါဝင်မှု မရှိဘဲ မဖြစ်နိုင်ဘူး။ အစိုးရဟာ အစိုးရ မဟုတ်တဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေရန်ကနေ ပြည်သူတွေကို အကာအကွယ်ပေးဖို့ ယုံကြည်အားထားလို့ မရဘူးလို့ ကျွန်မတို့ဒေသရဲ့ အခြေအနေတွေကို ရှင်းပြကြတယ်။
လူထုရဲ့ အသံတိတ်ဆိတ်နေရင် အပြောင်းအလဲတွေ လည်း မဖြစ်ပေါ်လာနိုင်ပါ။ အဖေဟာ ကိုယ် ယုံကြည်ရာကို ရဲရဲရင့်ရင့် ပြောဆိုဖို့ အမြဲ အားပေးတယ်။ ကျွန်မတို့ ကျောင်းသူတချို့ဟာ ATV Khyber ခေါ်တဲ့ ပါရှ်တို တီဗီသတင်းဌာနကနေ မိန်းကလေးတွေ ကျောင်းတွေကနေ နုတ်ထွက်နေရတာတွေဟာ ဘာသာရေး အမည်ခံ စစ်သွေးကြွတွေရဲ့ ဖိအားပေးမှုကြောင့် ဆိုတာကို အင်တာဗျူး အစီအစဉ်ကနေ ရှင်းပြ ပြောဆိုကြတယ်။ ပါကစ်္စတန်ရဲ့ အကြီးဆုံး သတင်းဌာနဖြစ်တွဲ့နသ မှာလည်း ကျွန်မရဲ့ အင်တာဗျူးတွေ ပါလာတယ်။ မိဘတွေက ခွင့်မပြုတဲ့အတွက် မိန်းကလေးတွေ အတော်များများ မီဒီယာတွေနဲ့ အင်တာဗျူး မဖြေရဲကြပါဘူး။ ကျွန်မကတော့ အားပေးထောက်ခံတဲ့ အဖေရှိတဲ့အတွက် ဒီအလုပ်တွေကို လုပ်နိုင်ခဲ့တယ်။ လူငယ်တွေမှာ သူတို့နဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တွေကို မေးမြန်း ပြောဆိုရဲရမယ်လို့ အဖေက ဆိုတယ်။ အင်တာဗျူးတွေ များများ ဖြေလေ ကျွန်မရဲ့ စိတ်ဓာတ်တွေ ပိုမို ခိုင်မာလာတယ်လို့ ခံစားရလေဖြစ်ပြီး ထောက်ခံမှုတွေလည်း ပိုရလာတယ်။ ကိုရန်ကျမ်းစာထဲက အဆိုတစ်ခုမှာ အမှားဆိုတာ ထွက်ခွာ သွားရမှာဖြစ်ပြီး အမှန်တရားသာ ကျန်ရှိခဲ့ လိမ့်မယ်တဲ့။ ဖာဇလူလာ ဆိုတဲ့ လူတစ်ယောက်က အကုန်လုံးကို ဖျက်ဆီးနိုင်စွမ်းရှိရင် မိန်းကလေးတစ်ယောက် ကလည်း အပြောင်းအလဲကို ဘာကြောင့် မဖန်တီးနိုင်ရမှာလဲ။

တိုင်းပြည်ရဲ့ အနာဂတ်ကို တိုက်ခိုက်ခြင်း

၂၀၀၈ အောက်တိုဘာ ၇ ရက်နေ့ ညမှာ ဆန်ဂိုတာ မိန်းကလေးကျောင်းနဲ့ အိက်စယ်လ်ဆီယာ ကောလိပ် ကျောင်းတို့ ဗုံးခွဲ ဖျက်ဆီးခံရတယ်။ ၂၀၀၈ အကုန်ပိုင်းထိ ကျောင်းပေါင်း ၄၀၀ လောက် တာလီဘန်တွေ ဖျက်ဆီးခဲ့ တယ်။ ဖာဇလူလာရဲ့ လက်ထောက် မောင်လာနာရှားက ဇန်န၀ါရီ ၁၅ ရက် နောက်ဆုံးထားပြီး မိန်းကလေးကျောင်း တွေ အကုန် ပိတ်ရမယ်လို့ ရေဒီယိုကနေ ရာဇသံပေး ပြောကြားတယ်။ ကျွန်မရဲ့ အဖေ လူတွေကို ပြောလေ့ရှိတဲ့ စကားတစ်ခုရှိတယ်။ ဆွက်တ်ဒေသက လူထုနဲ့ ဆရာတွေဟာ သူတို့ရဲ့ ကလေးတွေကို နောက်ဆုံး စာသင်ခန်းတစ်ခန်း အထိ၊ နောက်ဆုံး ဆရာတစ်ယောက်အထိ၊ နောက်ဆုံး ကျောင်းသားတစ်ယောက် အထိ ပညာသင်ကြားပေး သွားမယ်ဆိုတဲ့ စကားပါ။ တာလီဘန်တွေ လာရောက် ပိတ်ပင်မှ ပညာရေးရဲ့ အရေးပါမှုကို ကျွန်မတို့ ပိုမို နားလည် လာတယ်။ ကျောင်းသွားတယ်၊ စာဖတ်တယ်၊ အိမ်စာ လုပ်တယ်ဆိုတာ လူငယ်ဘ၀ရဲ့ အလေ့အထ တစ်ခုထက် လူငယ်တွေရဲ့ အနာဂတ်ဖြစ်တယ် ဆိုတာကို နားလည် လာတယ်။ ကျောင်းတွေ ပြန်ဖွင့်လာနိုင်လိမ့်မယ်လို့ ကျွန်မတို့ ယုံကြည်တယ်။ တာလီဘန်တွေ ကျွန်မတို့ရဲ့ စာအုပ်တွေ ဘောပင်တွေကို သိမ်းသွားနိုင်ပေမယ့် ကျွန်မ တို့ရဲ့ အတွေးအခေါ်တွေကိုတော့ တားဆီးနိုင်လိမ့်မယ်လို့ မထင်ပါ။

သူရဲကောင်းမလေး ဂူလ်မကိုင်ရဲ့ ဒိုင်ယာရီ

တစ်နေ့ အဖေ့ဆီ သူ့ရဲ့ မိတ်ဆွေ ဘီဘီစီ ရေဒီယို သတင်းထောက် အက်ဘဒူဟိုင်ကကာက ဖုန်းဆက်လာပြီး ဆရာမတစ်ယောက် သို့မဟုတ် ကျောင်းသူတစ်ယောက် တာလီဘန် လက်အောက်က ဘ၀အကြောင်းကို ဒိုင်ယာရီ ရေးပေးဖို့ ရှာနေတယ်၊ လုပ်ပေးနိုင်တဲ့သူ ရှိလားလို့ မေးမြန်းလာတယ်။ အဲဒီအကြောင်း အဖေ ပြောနေတာ ကြားတော့ ကျွန်မလုပ်လို့ မရဘူးလားလို့ အဖေ့ကို ခွင့်တောင်းကြည့်မိတယ်။ အဖေက ကျွန်မ လုပ်ချင်တယ် ဆိုရင် ခွင့်ပြုပေမယ့် တကယ် နဖူးတွေ့ ဒူးတွေ့ စာရေးမယ် ဆိုတော့ ဘယ်လို စရမှန်း မသိလောက်အောင် ကျွန်မ အခက်အခဲတွေ အများကြီး တွေ့ရတယ်။ ဟိုင်ကကာက ကျွန်မဆီ ဖုန်းဆက်ပြီး ကျွန်မရဲ့ တစ်နေ့တာ အလုပ်တွေ၊ အသေးအမွှားလေးကအစ နိစ်္စဓူဝ ကြုံရတဲ့ အခက်အခဲတွေ၊ ကျွန်မရဲ့ စိတ်ကူးအိပ်မက်တွေကို မေးမြန်းပြီး ကျွန်မရဲ့ စကားတွေကို သူက ပြန်ရေးပေးတယ်။ ကျွန်မရဲ့ ဒိုင်ယာရီဟာ ဘီဘီစီ့ မိက ဘာသာ အင်တာနက် စာမျက်နှာမှာ အပတ်တိုင်း ပါလာတယ်။ ဟိုင်ကကာက ကျွန်မကို အန်းဖရန့်လို့ ခေါ်တဲ့ ၁၃ နှစ် သမီး ဂျူးမိန်းကလေး အကြောင်းကို ပြောပြတယ်။ သူမဟာ နာဇီတွေ ရန်က ပုန်းအောင်း တိမ်းရှောင်ရင်း ဒိုင်ယာရီ ရေးခဲ့တယ်။ သူမ မိသားစု အဖမ်းခံရပြီး နာဇီငရဲခန်းတွေမှာ သေဆုံးခဲ့ရတဲ့ သူမရဲ့ ဒိုင်ယာရီဟာ ကြီးမားအဖိုးတန်တဲ့ သမိုင်းမှတ်တမ်း တစ်ခု ဖြစ်လာတယ် ဆိုတာကို ပြောပြတယ်။ ကျွန်မကို ကာကွယ်တဲ့အနေနဲ့ ကျွန်မရဲ့ ဒိုင်ယာရီကို ကိုရန်ကျမ်းစာ အထောက်အထားနဲ့ စစ်ရဲ့ ဆိုးကျိုး၊ လူသားတွေရဲ့ မေတ်္တာ အကြောင်းကို ပြောကြားခဲ့တဲ့ ပါရှ်တွန် ရိုးရာပုံပြင်ထဲက ဂူလ်မကိုင်ဆိုတဲ့ သူရဲကောင်းမလေးရဲ့ နာမည်ကို သုံးစေခဲ့ တယ်။

ဂူလ်မကိုင်ရဲ့ ဒိုင်ယာရီဟာ လူတွေရဲ့ စိတ်ဝင်စားမှု ရရှိလာပြီး တချို့ သတင်းစာတွေက ဒိုင်ယာရီထဲက စာပိုဒ်အချို့ကို ပုံနှိပ် ဖော်ပြလာကြတယ်။ ဘီဘီစီက ဒိုင်ယာရီကို မိန်းကလေး တစ်ဦးရဲ့ အသံနဲ့ ဖတ်ခိုင်းပြီး ရေဒီယို အစီအစဉ် တစ်ခုအနေနဲ့ ထုတ်လွှင့်ခဲ့တယ်။ ကလောင်သွားဟာ စက်သေနတ်တွေထက် အင်အား ပိုရှိတာကို ကျွန်မ နားလည်လာခဲ့တယ်။ နယူးရော့ခ်တိုင်းမ်က သတင်းမှတ်တမ်းရိုက်ကူးဖို့ အမေရိကန် ဗီဒီယို သတင်း ထောက် အဒမ်အယ်လစ်ရဲ့ ဆက်သွယ်လာမှုကိုလည်း လက်ခံခဲ့တယ်။ အစတော့ သူက အဖေ့ကို ကျောင်းနဲ့ ပတ်သက်လို့ မေးမြန်းဖို့ ဖြစ်ပေမယ့် ကျွန်မနဲ့ တွေ့ဆုံ ပြောဆိုပြီးနောက် ကျောင်းသူလေးတွေရဲ့ အကြောင်းကိုပါ ကျွန်မကို ကိုယ်စားပြုပြီး ထည့်သွင်း ရိုက်ကူးခဲ့တယ်။အဲဒီနောက်ပိုင်းမှာတော့ ကျွန်မဟာ ရေဒီယိုတွေ တီဗီ သတင်းဌာနတွေ အတော်များများရဲ့ အစီအစဉ်တွေမှာ ပါဝင်ခဲ့တယ်။ ကျွန်မတို့ရဲ့ အခွင့်အရေးတွေအတွက် အများ သိအောင် ပြောဆို ရေးသား တိုက်ပွဲဝင်ရင်းက ကျွန်မတို့ရဲ့ အင်အားတွေကိုလည်း သိရှိလာခဲ့ရတယ်။ အမေကတော့ စိုးရိမ်စိတ်နဲ့ အင်တာဗျူးပြောတဲ့အခါ ကျွန်မရဲ့ မျက်နှာကို ကာထားဖို့ ပြောတယ်။ ဒါပေမဲ့ လူတွေက မာလာလာဟာ ကလေးပဲ ဖြစ်တဲ့အတွက် တာလီဘန်တွေ အန္တရာယ် ပြုချင်ရင်တောင် အဖေ့ကိုပဲ ရန်ရှာလိမ့်မယ်လို့ အမေ့ကို နှစ်သိမ့် ပြောဆိုကြတယ်။

ခေါင်းလောင်းလေးတွေ မြည်လာပြီ

အစိုးရနဲ့ တာလီဘန်တွေရဲ့ ငြိမ်းချမ်းရေးနဲ့ အပစ်အခတ် ရပ်စဲရေး အစီအစဉ် ပျက်ပြားပြီးနောက် ၂၀၀၉ ခုနှစ် မေ အစပိုင်းမှာ ကျွန်မတို့ ဒေသတစ်ဝိုက်မှာ ရဟတ်ယာဉ် အသံတွေ သေနတ်သံတွေ ပြန်လည် ဆူညံလာတယ်။မကြာမီမှာ ကျွန်မတို့ မိသားစုလည်း စစ်ပြေးဒုက္ခသည်တွေ အဖြစ်နဲ့ ကျွန်မတို့ ချစ်တဲ့ မြေကို ခေတ္တ ခွဲခွာခဲ့ရတယ်။ဇူလိုင်လမှာတော့ ၀န်ကြီးချုပ်က တာလီဘန်တွေကို ဆွက်တ်ကနေ အပြီးတိုင် ဖယ်ရှားလိုက်နိုင်ပြီလို့ ကြေညာ တယ်။ ဂက်စ်တွေ ပြန်လည် ရရှိနေပြီး ဘဏ်တွေလည်း ပြန်ဖွင့်နေပြီလို့ ကြေညာတယ်။ အစပိုင်းမှာတော့ လူအတော်များများက အစိုးရရဲ့ ကြေညာချက်တွေကို ယုံကြည်မှု သိပ်မရှိဘဲ ပြန်ဖို့ တွန့်ဆုတ်နေကြဆဲဖြစ်ပေမယ့် တဖြည်းဖြည်းနဲ့တော့ စစ်ပြေးရှောင်သူတွေ ပြန်လည် ရောက်ရှိလာကြတယ်။ ဆွက်တ်လို လှပတဲ့ ဒေသကို ဘယ်သူတွေက အကြာကြီး ခွဲပြီး နေနိုင်ကြမှာလဲ။ သြဂုတ် တစ်ရက်နေ့မှာ ကျွန်မတို့ရဲ့ ကျောင်းခေါင်းလောင်းသံလေး တွေ ပြန်မြည်လာတယ်။ ကျောင်းအဆောက်အအုံတွေကို တာလီဘန်တွေ ဖျက်ဆီးသွားလို့ ရွက်ဖျင်တဲတွေ ထိုးပြီး ယာယီ စာသင်ခန်းတွေ ပြုလုပ်ကြရတယ်။ ဘီဘီစီက ဒိုင်ယာရီကို ကျွန်မ ရေးတယ်ဆိုတာ အတော်များများ သိနေပုံရတယ်။ တချို့ဆီကတော့ သူ့အဖေ ရေးပေးတာ ထင်တယ်ဆိုတဲ့ သဘောမျိုး ကြားရတယ်။ ကျွန်မတို့ ကျောင်းအုပ် မာရမ်က ကျောင်းသူကျောင်းသားတွေကို မာလာလာကတော့ စကားပြောကောင်းရုံတင်မကဘူး၊ စာရေးဆရာကောင်းတစ်ယောက်ပါ ဖြစ်နေပြီလို့ ပြောပြ တာကိုတော့ ကျွန်မစိတ်ထဲ ကျေနပ်နေမိတယ်။

သမီးရဲ့ မျက်တောင်နဲ့ ကမ္ဘာကြီးကို မလဲနိုင်ပါ

၂၀၁၁ အောက်တိုဘာမှာ ကျွန်မကို အမ်စတာဒမ် အခြေစိုက်အဖွဲ့က ပေးတဲ့ ကလေးများ အခွင့်အရေးအတွက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးဆုအတွက် လျာထားခြင်း ခံရတယ်လို့ အဖေ့ဆီကို အီးမေးလ် ရောက်လာတယ်။ကျွန်မကို အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူး ကိုယ်တိုင် လျာထားခဲ့တာလို့ သိရတယ်။ ကျွန်မ ဆုမရခဲ့ တော့ စိတ်ပျက်နေတဲ့ အဖေ့ကို ကျွန်မ လုပ်တာက စကားပြောတာ စာရေးတာပဲ ရှိသေးတယ်။ ဆုရသွားတဲ့ သူတွေလို တကယ့်အလုပ် ဘာမှ မလုပ်ရသေးဘူးလို့ ကျွန်မက နှစ်သိမ့်ရတယ်။ တစ်နေ့ ကျောင်းမှာ သူငယ်ချင်း တွေက မာလာလာရေ နင့်ကို ထိပ်တန်းဆုနဲ့ ဆုငွေတွေ အများကြီး ချီးမြှင့်လိုက်တယ်လို့ ၀မ်းပန်းတသာ လာပြော ကြတယ်။ ကျွန်မကို ပါကစ်္စတန်ရဲ့ ပထမဦးဆုံး အမျိုးသား ငြိမ်းချမ်းရေးဆု ပေးအပ်လိုက်ကြတယ် ဆိုတာကို ကိုယ့် ကိုယ်ကိုယ်တောင် မယုံနိုင်အောင် ဖြစ်ရတယ်။ ဆုပေးအပ် ပွဲကို ၀န်ကြီးချုပ်အိမ်ရာမှာ ကျင်းပတာဖြစ်ပြီး ၀န်ကြီးချုပ်က ကျွန်မကို ဆုပေးအပ်တော့ ကျွန်မကလည်း သူ့ကို ကျွန်မတို့ရဲ့ လိုလားချက်တွေကို ပြန်လည် ပေးအပ်လိုက်တယ်။ ကျွန်မတို့ ကျောင်းတွေ ပြန်လည် ထူထောင် ဆောက်လုပ်ပေးဖို့ရယ်၊ ဆွက်တ်မှာ အမျိုးသမီးတက်္ကသိုလ် ဖွင့်ပေးဖို့ရယ်တို့ကို လိုလားချက်တွေထဲမှာ အဓိက တောင်းဆိုထားတယ်။ကျွန်မရဲ့ တောင်းဆိုချက်တွေကို သူ အလေးထားပြီး မလုပ်ပေးလည်း ကိစ်္စ မရှိပါဘူး။ တစ်နေ့မှာ ကျွန်မ နိုင်ငံရေးသမားလုပ်ပြီး ကိုယ် လိုချင် ဖြစ်ချင်တာတွေကို ကိုယ်တိုင် လုပ်ဆောင်မယ်လို့ ရည်မှန်း ဆုံးဖြတ်ထားပြီးပါပြီ။ ဒီငြိမ်းချမ်းရေးဆုကို နှစ်စဉ် ၁၈ နှစ်အောက် ကလေးတွေကို မာလာလာဆု ဆိုပြီး ပေးမယ်လို့ သိရတယ်။ အဖေကတော့ အသက်ထင်ရှား ရှိသေးသူရဲ့ နာမည်နဲ့ ဆုပေးတာကို သိပ်သဘောမကျဘူး။ အမေကတော့ ကျွန်မ ကျော်ကြား လာတာတွေ ဆုရတာတွေဟာ ကျွန်မအတွက် အန္တရာယ် ဖြစ်လာမှာ အင်မတန် စိုးရိမ်နေရှာတယ်။ အမေဟာ ကျွန်မလုပ်တဲ့ အလုပ်တွေအတွက် ဘယ်တော့မှ နောင်တ မရခဲ့ပါဘူး။ ဒါပေမဲ့ ဆုတွေ ချီးမြှင့်ခံရတဲ့အခါမှာ ကျွန်မ သမီးလေးအတွက် ဆုတွေ မလိုချင်ပါဘူး။ ကျွန်မ သမီးကိုပဲ ကျွန်မ လိုချင်တယ်။ ကျွန်မသမီးလေး ရဲ့ မျက်တောင်တစ်ခု ကိုတောင် ကမ္ဘာကြီးနဲ့ မလဲနိုင်ပါဘူးလို့ ၀မ်းပန်းတနည်း ပြောရှာတယ်။

အမေ့ရဲ့ စိုးရိမ်မှုတွေကို ပိုတယ်လို့တော့ ပြောလို့ မရပါဘူး။ အင်တာနက်ပေါ်မှာ တာလီဘန်တွေက ကျွန်မကို ရန်ပြုဖို့ ခြိမ်းခြောက် ကြေညာထားတယ်လို့ ကြားရတယ်။ ကျွန်မကတော့ သိပ်မပူပါဘူး။ လူတိုင်း တစ်နေ့တော့ သေရမှာပဲ။ ကင်ဆာရောဂါကြောင့်ပဲဖြစ်ဖြစ် တာလီဘန် ကြောင့်ပဲဖြစ်ဖြစ်ပေါ့။ ဒါကြောင့် ကျွန်မလုပ်စရာရှိတာတွေကို ဆက်လုပ်ရမှာပဲ။ အဖေကတော့ ခဏ လှုပ်ရှားမှုတွေ မလုပ်ဘဲ ငြိမ်နေမလားလို့ အကြံပေး တိုင်ပင်တယ်။ အဲဒါတော့ မဖြစ်နိုင်ဘူး။ အဖေကိုယ်တိုင်ပဲ ကိုယ့်ရဲ့ ယုံကြည်ချက် မှန်ကန်ရင် ကိုယ့်အသက်ထက်တောင် တန်ဖိုးရှိတယ်လို့ ပြောခဲ့တာ။ အခုအချိန်မှာတော့ ကျွန်မရဲ့ လှုပ်ရှားမှုကို မစွန့်ပစ်ခဲ့နိုင်ဘူး။ အမေဟာ စိုးရိမ်လွန်းလို့ ကျွန်မကို ဘယ်ကိုမှ လမ်းလျှောက်မသွားစေတော့ဘူး။ငါးမိနစ်ခရီးကိုတောင် လန်ချားဖြစ်ဖြစ် ဘတ်စကားဖြစ်ဖြစ် စီးခိုင်းတယ်။ အမေ့ရဲ့ စိုးရိမ်မှုတွေ တကယ် ဖြစ်လာတဲ့ အဲဒီနေ့က အမျိုးသားနှစ်ယောက် လမ်းပေါ် တက်လာပြီး ကျွန်မတို့ကို ကျောင်းကြိုပို့တဲ့ ဒိုင်နာကားကို ရုတ်တရက် ရပ်စေခဲ့တယ်။ သူတို့ မာလာလာ ဘယ်သူလဲ ဆိုတဲ့ မေးခွန်းကို ကျွန်မ ဖြေခွင့် မရခဲ့ပါဘူး။ ကျွန်မကိုသာ သူတို့ စကားပြောခွင့်ပေးခဲ့ရင် သူတို့ရဲ့ သမီးတွေ ညီမတွေ အပါအ၀င် ကျွန်မတို့ မိန်းကလေးတွေ ဘာကြောင့် ကျောင်းသွားသင့်တယ် ဆိုတာကို သူတို့နှစ်ယောက်ကို ကျွန်မ ပြောဆို ရှင်းပြချင်တယ်။ ကျောင်းကားပေါ်မှာ နောက်တစ်နေ့ အပြီးလုပ်ရမယ့် လေ့ကျင့်ခန်းအကြောင်းကို တွေးနေမိတာကိုပဲ ကျွန်မ နောက်ဆုံး သတိရမိတော့တယ်။

ဒုတိယ ဘဝ

ကျွန်မ တာလီဘန်တွေရဲ့ သေနတ်နဲ့ လုပ်ကြံမှုကိုခံရပြီး တစ်ပတ်အကြာ အောက်တိုဘာ ၁၆ ရက်မှာ ကျွန်မ နိုးလာတယ်။ ကျွန်မအိမ်နဲ့ မိုင်ထောင်ပေါင်းများစွာ ဝေးတဲ့ ဘာမင်ဟန် အက်လီဇဘက် ဘုရင်မဆေးရုံမှာ ရောက်နေပြီး ကျွန်မကို အသက်ရှူဖို့ အကူအညီပေးအောင် လည်ပင်းထဲမှာ ပြွန်ချောင်းတွေ တပ်ဆင်ထားတယ်။ ကျွန်မ စကား ပြောလို့လည်း မရပါ။ ပထမဦးဆုံး တွေးမိ တာကတော့ ဘုရားသခင်ရဲ့ ကျေးဇူးကြောင့် ကျွန်မ အသက်ရှင်နေသေး တယ် ဆိုတာကိုပဲ။
ပြီးတော့ ကျွန်မ ဘယ်ကို ရောက်နေတာလဲ။ ဘယ်သူက ကျွန်မကို ဒီကို ခေါ်လာတာလဲ။ ကျွန်မ မိဘတွေ ဘယ်မှာလဲ။ အဖေရော အသက်ရှိသေးရဲ့လား ဆိုတဲ့ မေးခွန်းတွေ ကျွန်မခေါင်းထဲကို တရစပ် ၀င်လာတယ်။ ကျွန်မ စာရေးဖို့ စာအုပ်နဲ့ ဘောပင်ရတော့ ကျွန်မ အဖေ ဘယ်မှာလဲနဲ့ ကျွန်မ အဖေမှာ ဒီဆေးကုသမှုတွေကို ပေးဖို့ ပိုက်ဆံမရှိဘူးဆိုတာကို ရေးလိုက်တယ်။ ဒေါက်တာဖီရိုနာက ကျွန်မအဖေ ဘာမှ မဖြစ်ကြောင်းနဲ့ ဆေးကုသမှု ကုန်ကျ စရိတ်အတွက် ပူစရာမလိုကြောင်း ပြောတယ်။ ကျွန်မ အသံပြန်ထွက်လာတဲ့ နေ့မှာပဲ ဒေါက်တာဂျေးဗစ်ဖုန်းကနေ ကျွန်မရဲ့ မိဘတွေကို စကားပြောခွင့်ရခဲ့တယ်။ ကျွန်မရဲ့ အသံက တစ်မျိုးကြီး ဖြစ်နေတယ်။ ခေါင်းလည်း ကိုက်နေတယ် လို့ အဖေ့ကို ပြောပြတယ်။ အဖေက အသံ ကတော့ တဖြည်းဖြည်း ကောင်းလာမှာပါ။ ခေါင်းကိုက်တာ တဖြည်းဖြည်း များလာသလား၊ လျော့သွားသလားလို့ စိုးရိမ်တကြီး မေးတယ်။ ကျွန်မ သူတို့ကို အရမ်း မစိုးရိမ်စေချင်တာနဲ့ ကျွန်မ အခြေအနေ ကောင်းပါတယ်။ ဘယ်တော့ လာကြမှာလဲလို့ မေးလိုက်တယ်။ သူတို့လည်း လာဖို့ကို တာဝန်ရှိသူတွေ လုပ်နေတာ စောင့်ဆိုင်းနေတယ် လို့ ဆိုတယ်။ နောက်နေ့တွေမှာ ကျွန်မ မိသားစု လိုက်လာ တော့မယ်လို့ ကြားရတော့ ကျွန်မရဲ့ ကျောင်းလွယ်အိတ် ယူလာပေးဖို့နဲ့ အိမ်ကို မသွားနိုင်တော့ရင် မတ်လမှာ ဖြေဖို့ စာမေးပွဲအတွက် ဖတ်စာအုပ်တွေ ၀ယ်လာပေးခဲ့ဖို့ မှာလိုက်တယ်။ ကျွန်မ အမြဲတမ်း အတန်းထဲမှာ ပထမပဲ လိုချင်ခဲ့တာဆိုတော့ နေမကောင်းပေမယ့် ရသလောက် စာဖတ်ရမယ်လို့ စိတ်တင်းကြည့်မိတယ်။

တာလီဘန်ကြောင့် ကမ္ဘာကျော်ရပြီ

မကြာခင်မှာပဲ ကမ္ဘာတစ်ဝန်းက သတင်းထောက်တွေ၊ အစိုးရဌာန၀န်ကြီးတွေ၊ သံတမန်တွေ၊ နိုင်ငံရေးသမားတွေ၊ ခရစ်ယာန်ဘုန်းတော်ကြီးရဲ့ တမန်တော်တွေတောင် ကျွန်မ တက်တဲ့ ဆေးရုံကိုလာပြီး ပန်းခြင်းတွေ ဆုတောင်းကတ်တွေ ချစ်စရာ အမွေးပွရုပ်ကလေးတွေ ချောကလက်ဘူးတွေ ပေးကြတယ်။ ကျွန်မ နေကောင်းဖို့ ဆုတောင်းပေးတဲ့ ကမ္ဘာတစ်ဝန်းက လူတွေရဲ့ ကတ်ပေါင်း ရှစ်ထောင်လောက်အထိ ရခဲ့တယ်။ အဲဒီလို များပြားတဲ့ လက်ဆောင်တွေ ထဲက ကျွန်မ တန်ဖိုး အထားဆုံးကတော့ ဘင်နီဇာဘူတိုရဲ့ ကလေးတွေက ပေးတဲ့ သူမရဲ့ ပ၀ါနှစ်ခုပဲ ဖြစ်တယ်။ ကျွန်မ အဲဒီပ၀ါတွေကို ရရချင်း ကျွန်မရဲ့ မျက်နှာကို နှစ်မြှုပ် ထားလိုက်ပြီး ရဲရင့်ကြီးမြတ်တဲ့ သူမရဲ့ ကိုယ်နံ့ကို ရှူရှိုက်ဖို့ ကြိုးစားမိတယ်။ ဗြိတိသျှ ၀န်ကြီးချုပ်ဟောင်း ဂေါ်ဒန်ဘရောင်းက ကျွန်မ မာလာလာဆိုတဲ့ ဆောင်ပုဒ်နဲ့ ၂၀၁၅ မှာ ပညာသင်ခွင့်မရတဲ့ ကလေး မရှိစေရဆိုတဲ့ တောင်းဆိုချက်နဲ့ စည်းရုံးလှုပ်ရှားမှုတွေ လုပ်ဆောင်တယ်။ ပေါ့ပ် အဆိုကျော် ဘီယောင်စေးက ကျွန်မအတွက် ဆုတောင်းကတ် ပို့ပေးပြီး သူမရဲ့ ဖေ့စ်ဘုတ်မှာ ကျွန်မပုံကို တင်ထားတယ်။ မက်ဒေါနားက ကျွန်မအတွက် ရည်စူးပြီး သီချင်းတစ်ပုဒ် စပ်ဆိုတယ်။ ကျွန်မ အကြိုက်ဆုံးမင်းသမီး အန်ဂျယ်လီနာ ဂျိုလီက ကျွန်မဆီကို ဆုတောင်းစကား ပေးပို့တယ်။တာလီဘန်တွေ ကျွန်မကို ပစ်သတ်ဖို့ ကြိုးစားခဲ့တာဟာ ကျွန်မရဲ့ လှုပ်ရှားမှုကို ကမ္ဘာသိအောင် သူတို့ လုပ်ပေးခဲ့တာ ပဲလားလို့ ကျွန်မ တွေးမိတယ်။

ကျောင်းသားတစ်ယောက်၊ ဆရာတစ်ယောက်၊ စာအုပ်တစ်အုပ်နဲ့ ဘောပင်တစ်ချောင်း
ကျွန်မ ဆေးရုံက ဆင်းလို့ နေပြန်ကောင်းလာပြီးနောက် ကျွန်မရဲ့ ဘ၀နဲ့ ကျွန်မရဲ့ ကမ္ဘာကြီးဟာ လုံးဝ ပြောင်းလဲ သွားတယ်။ ကျွန်မတို့ ငှားနေထိုင်တဲ့ တိုက်ခန်းက စင်တွေပေါ်မှာ အမေရိက၊ အိန်္ဒိယ၊ ပြင်သစ်၊ စပိန်၊ အီတလီနဲ့ နိုင်ငံပေါင်းများစွာက ဆုတံဆိပ်တွေနဲ့ ပြည့်လို့နေတယ်။ကျွန်မကို နိုဘယ်လ် ငြိမ်းချမ်းရေးဆုအတွက်ပါ လျာထားခြင်း ခံခဲ့ရတယ်။ သမိုင်းမှာ အသက် အငယ်ဆုံး နိုဘယ်လ် ငြိမ်းချမ်းရေးဆု အလောင်းအလျာ ဖြစ်ခဲ့ရတယ်။ ကျွန်မ အရင်တုန်းက ကျောင်းမှာ ရခဲ့တဲ့ ဆုတံဆိပ်တွေကတော့ ကျွန်မ ကြိုးစားအားထုတ်လို့ ရရှိခဲ့တဲ့အတွက် ပျော်ရွှင်ခဲ့ ရပေမယ့် အခု ရတဲ့ဆုတွေအတွက်တော့ ကျွန်မ ပေးအပ်တဲ့ သူတွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတယ်။ ဒီဆုတွေ ဟာ ကလေးငယ်တွေ အားလုံး ပညာရေးရရှိဖို့ အလုပ်တွေ အများကြီး ဆက်လုပ်ရဦးမယ်ဆိုတာကို သတိပေးနေတယ်။ တာလီဘန်တွေက သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ မိန်းကလေး တစ်ယောက် ဆိုတာထက် ပညာရေးအတွက် တိုက်ပွဲ ၀င်နေတဲ့ မိန်းကလေး တစ်ယောက်အနေနဲ့ ကျွန်မကို မြင်စေ့ချင်တယ်။ ကျွန်မ အသက်ဆယ့်ခြောက်နှစ်ပြည့် မွေးနေ့မှာ နယူးရော့ခ်က ကမ္ဘာ့ကုလသမဂ္ဂမှာ မိန့်ခွန်းပြောဖို့ အခွင့်အရေးထူးကို ရခဲ့တယ်။ အဲဒီနေ့က ကုလသမဂ္ဂ အခမ်းအနားမှာ ကျွန်မ ကြိုက်နှစ်သက်တဲ့ ပန်းရောင်ဝတ်စုံပေါ်မှာ ဘင်နီဇာဘူတိုရဲ့ ပ၀ါဖြူလေးကို သိုင်းခြုံ ထားလိုက်တယ်။ “ကျွန်မတို့ရဲ့ စာအုပ်တွေ ဘောပင်တွေကို ကောက်ယူကြပါစို့၊ စာအုပ်တွေ ဘောပင်တွေဟာ ကျွန်မတို့ အတွက် အင်အားအကြီးဆုံး လက်နက်တွေပဲ။ ကလေး တစ်ယောက်၊ ဆရာတစ်ယောက်၊ စာအုပ်တစ်အုပ်နဲ့ ဘောပင် တစ်ချောင်းဟာ ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်တယ်” လို့ ကမ္ဘာ့ခေါင်းဆောင်တွေကို ကျွန်မ ပြောကြား ခဲ့တယ်။ကလေးငယ်တွေ အားလုံး အခမဲ့ အခြေခံ ပညာရေးကို ရယူနိုင်ရေးအတွက် ကြိုးစားပေးကြပါလို့ တိုက်တွန်းခဲ့တယ်။ ကျွန်မရဲ့ မိန့်ခွန်းအပြီးမှာ လက်ခုပ်သံတွေနဲ့ အတူ အမေ ကတော့ မျက်ရည်လည်ရွဲ ဖြစ်နေတယ်။ အဖေကတော့ သမီးဟာ လူသား အားလုံးရဲ့ သမီးလေးဖြစ်သွားပြီလို့ ဂုဏ်ယူစွာနဲ့ ပြောလေတယ်။

ကျွန်မ မာလာလာပါ

တချို့တွေက ကျွန်မကို ကျော်ကြားမှုနောက်လိုက်တဲ့ ဆယ်ကျော်သက် ကောင်မလေး တစ်ယောက် အနေနဲ့ မြင်ကြတယ်။ နိုင်ငံခြားမှာ ပြည့်စုံ ချမ်းသာသွားရင် တိုင်းပြည်နဲ့ ပညာရေးအကြောင်းကို မေ့သွားလိမ့်မယ်လို့ ပြောကြတယ်။ ဘယ်တော့မှ ကတိမတည်တဲ့ နိုင်ငံရေးသမားတွေနဲ့ ပြည့်နေတဲ့ တိုင်းပြည်က သူတွေ ကျွန်မအပေါ် ဒီလို မြင်တာကို အပြစ်မမြင်ဘဲ ကျွန်မ နားလည်နိုင်ပါတယ်။ ကျွန်မ သူတို့ကို သိစေချင်တာက ကျွန်မအတွက် ထောက်ခံမှု တွေကို ကျွန်မလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ပညာရေးနဲ့ ငြိမ်းချမ်းရေးအတွက် အသုံးပြုချင်တာပါ။ ပညာရေးဟာ လူတိုင်း ရသင့်တဲ့ အခြေခံ အခွင့်အရေးပါ။ အနောက်တိုင်း မှာသာ မဟုတ် ကျွန်မတို့ရဲ့ အစ်္စလာမ်ဘာသာရေး မှာလည်း လူတိုင်း အသိပညာကို ရှာဖွေရမယ်လို့ သင်ကြားထားပါ တယ်။ ယနေ့ ကမ္ဘာတစ်ဝန်းမှာ ကလေး ၅၇ သန်းဟာ မူလတန်းကျောင်းကို မသွားနိုင်ပါ။ ကျွန်မတို့ နိုင်ငံမှာ စာမတတ်သူ သန်းငါးဆယ်ရှိပြီး အများစုဟာ အမျိုးသမီးတွေ ဖြစ်တယ်။ ကျွန်မ အခုလို မြင့်မားတဲ့ အခြေအနေကို ရောက်လာဖို့ ဘုရားသခင်က ကူညီခဲ့သလို ကြီးမားတဲ့ တာဝန်တွေလည်း ကျွန်မကို ပေးအပ် ထားတယ်။ အိမ်တိုင်း၊ လမ်းတိုင်း၊ ရွာတိုင်းမှာ ငြိမ်းချမ်းနေစေချင်တာ ကျွန်မရဲ့ စိတ်ကူးအိပ်မက်ပါ။ လူတိုင်း အပြုံးကိုယ်စီနဲ့ မိသားစုတွေနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် ရှိနေစေချင်တာ ကျွန်မရဲ့ ဆန်္ဒပါ။ ကျွန်မရဲ့ ကမ္ဘာကတော့ ပြောင်းလဲသွားပေမယ့် ကျွန်မဟာ မာလာလာပါ ဆိုတာကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါ။

မာလာလာရေ...မင်းလို အဖိနှိပ်ခံရသူတွေကိုယ်စား လွတ်မြောက်ရေးအတွက် ကြိုးစားသူတွေ နိုဘယ်လ် ငြိမ်းချမ်းရေးဆုအတွက် လျာထားခံရတော့ ငါတို့တွေ ၀မ်းသာဂုဏ်ယူစွာနဲ့ စောင့်မျှော် ဆုတောင်းပေးနေခဲ့ရတယ်။အဲဒီနေ့ ၂၀၁၃ အောက်တိုဘာ ၁၁ ရက်နေ့က မင်ဂိုရာ ဆွက်တ်တောင်ကြားဒေသက မင့်အတွက် ဆုတောင်း ပေးနေကြတဲ့ ကျောင်းသူတွေရဲ့ ရင်ခုန်သံကို (လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က ကိုယ်တိုင် ကြုံခဲ့ရဖူးလို့)တစ်ထပ်တည်း ငါတို့ နားလည်နိုင်တယ်။ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို မင်း မရခဲ့ပါဘူး။ တာလီဘန်တွေကတော့ ပျော်ရွှင်ကြောင်း ကြေညာချက်တွေ ဘာတွေ ထုတ်လို့။ အဖိနှိပ်ခံရသူတွေ ဒီဆုကို မရရင် ဖိနှိပ်သူ အာဏာရူးတွေ ပျော်ရွှင်ကြတာ ရိုးရာဓမ္မတာပါ။ မင်းအတွက်ကတော့ ဆုရတာ မရတာက အရေးကြီးမှာ မဟုတ်ပါဘူး။ မင်း ယုံကြည်ချက်အတွက် အလုပ်တွေ မင်း ဆက်လုပ်နေဦးမှာပဲ။ မာလာလာ ဘယ်သူလဲလို့ မေးလာတဲ့ မေးခွန်းတွေကို ရဲရဲရင့်ရင့် မဆုတ်တမ်း မင်း ဖြေနေဦးမှာပဲ။ ကျွန်မဟာ အဖိနှိပ်ခံရမှုကို ကြိုးစားတွန်းလှန်နေတဲ့ လွတ်မြောက်သူ မာလာလာ၊ ပညာရေးဟာ လူတိုင်း ရသင့်တဲ့ လူ့အခွင့်အရေးလို့ ယုံကြည်တဲ့ မာလာလာ၊ ကျောင်းသားတစ်ယောက် ဆရာ တစ်ယောက် စာအုပ်တစ်အုပ်နဲ့ ဘောပင်တစ်ချောင်းဟာ ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်တယ်လို့ဆိုတဲ့ မာလာလာ၊ ဘင်နီဇာဘူတိုရဲ့ မဆုံးသေးတဲ့ ခရီးကို ဆက်လျှောက်မယ့် မာလာလာ၊ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေး မီးအိမ် ထွန်းလင်း စေချင်တဲ့ မာလာလာ၊ ယုံကြည်မှုကို အသက်ထက် ပိုတန်ဖိုးထားတဲ့ မာလာလာ၊ ကျွန်မ မာလာလာပါ...။

From the book, I Am Malala by Malala Yousafzai with Christina Lamb

ဖိုးဇော်

ပြည်သူ့ခေတ် Facebook

အခြေခံဥပဒေ ဆန္ဒကောက်ယူရာတွင် ပြည်သူများ ပါဝင်မှုအားနည်းဟု ဦးတင်ဦး ဆို



အမျိုးသား ဒီမိုကရေစီ အဖွဲ့အချုပ် (NLD) ပါတီသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေး အတွက် ပြည်သူ့ဆန္ဒ ကောက်ယူရာတွင် ပြည်သူများ ပါဝင်မှု အားနည်းနေကြောင်း NLD ပါတီ နာယက သူရဦးတင်ဦးက ပြောကြားသည်။

အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ ခန်းမတွင် အောက်တိုဘာလ ၂၁ ရက်နေ့က ကျင်းပသော အနောက်ပိုင်းခရိုင် ပြည်သူများ ဆန္ဒကောက်ယူပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒများ ကောက်ယူလျက် ရှိသော်လည်း ပြည်သူများမှာ ၎င်းတို့နှင့် သက်ဆိုင်ခြင်း မရှိသလို နေသောကြောင့် ပြည်သူများဆန္ဒ အကုန်လုံး ရယူရန် လွယ်ကူမှု မရှိကြောင်း ၎င်းကဆိုသည်။
“ပြည်သူအားလုံး ပါဝင်ဖို့က အချိန်သိပ်မရတာလည်း ပါတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိ အခြေခံဥပဒေအတွက် ပြည်သူဆန္ဒ ကောက်ယူရာတွင် အခက်အခဲများ ရှိနေသော်လည်း တစ်နိုင်ငံလုံး အနှံ့ ကောက်ယူမှုကို နိုဝင်ဘာလ ၈ ရက်နေ့တွင် အပြီးသတ်မည် ဖြစ်ကြောင်း NLD အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီမှ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။
“ရတဲ့အချိန်နဲ့တော့ အပြီးလုပ်နေပါတယ်။ တိတိကျကျကတော့ အားလုံးကောက်ခံပြီးမှ သိရမယ်” ဟု ၎င်းကဆိုသည်။

NLD ပါတီ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီကို စက်တင်ဘာ ၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေးအတွက် ၄၅ ရက်အတွင်း ပြည်သူ့ဆန္ဒ ကောက်ခံသွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီမှ ထုတ်ပြန် ကြေညာထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေး ပြည်သူ့ဆန္ဒများကို ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်း ပေးထားသော အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ နိုဝင်ဘာလ ၁၅ ရက် မတိုင်မီ ပေးပို့သွားမည် ဖြစ်ကြောင်း NLD ပါတီ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီမှ ထုတ်ပြန် ကြေညာထားသည်။
The Voice Weekly

ထားဝယ်တွင် သီတဂူအလင်းပေး




ထားဝယ်-အောက်တိုဘာ၂၂
သီတဂူဆရာတော်ဒေါက်တာအရှင်ဥာဏိသရ၏စီစဉ်မှုအရ အမေရိကန်နိုင်ငံ Global Community Service Foundation(GCSF)USA
အဖွဲ့၏ကူညီပံ့ပိုးမှုတိုဖြင့် Dr.Wienken Kevin Paul ဦးဆောင်သော အမေရိကန်မျက်စိအထူးကုဆရာဝန်အဖွဲ့သည်
တနင်္သာရီတိုင်းဒေသကြီး ၊ထားဝယ်မြို့သို့အောက်တိုဘာ၂၁ရက်နံနက်ပိုင်းတွင်ရောက်ရှိပြီး
သီတဂူအာရောဂျဒါနဆေးရုံကြီးတွင် မျက်စိဝေဒနာရှင်များအားကုသမှုပေးနိုင်ရန်ဆောင်ရွက်ကြောင်းသိရသည်။
မျက်စိဝေဒနာကုသရနို့အောက်တိုဘာ၂၁ရက့်နံနက်ပိုင်းအထိ စာရင်းပေးသွင်းထားသူ ၆၂၄ ဦးရှိရာ
အောက်တိုဘာလ ၂၂ ရက်မှ၂၅ ရက်အထိ ကုသပေးရန်စီစဉ်ထားကြောင်း သိရသည်။
မျက်စိဝေဒနာ စမ်းသပ်မှုများကို အောက်တိုဘာလ ၁၈ ရက်နေ့ကတည်းက ဆောင်ရွက်ပေးလျက်ရှိပြီး မျက်မှန်လိုအပ်သူများကို ဖိုးသီးချို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးက အခမဲ့လှူဒါန်းကြောင်းသိရသည်။

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)
Popular Myanmar News Journal

အကာကွယ်မဲ့နေတဲ့ မြိုင်ကလေး အမှတ် (၂) တန် ၄၀၀၀ ဘိလပ်မြေစက်ရုံက အလုပ်သမားများ အခြေအနေ


“လူတယောင်လုံး သေနေတာတောင်မှပဲ လူသေမှုအနေနဲ့ ဘယ်ရဲမှလာမစစ်ဆေးဘူး။ ကြက်ကလေး ငှက်ကလေး သေသွားသလိုပဲ ဘာမှမထူးဘူး”

ကျနော်တို့ စက်ရုံမှာ စက်ပြင်ကာလကို တလခွဲလောက် မနက် ၇း၀၀ နာရီမှ ည ၁၀း၀၀ အထိ နားရက်မရှိ အလုပ်ဆင်းရပြီနောက် ၁၀.၁၀.၂၀၁၃ မှာ စက်ရုံစတင်လည်ပတ်ခဲ့ပါတယ်။

ဒါပေမယ့် SP မှာ စက်ရပ်ထားတာ ကြာတာကြောင့် အေးခဲနေတဲ့ အစာ (ကျောက်မှုန့် မြေမှုန့်) တွေက ပိုက်လုံးကြီးမှာ ပိတ်နေပါတယ်။

မြင်အောင်ပြော ရရင် ကြီးမားတဲ့ပိုက်လုံးရဲ့အောက်ခြေ မှာ အေးနေတဲ့အစာဟောင်းတွေက ပိတ်နေတယ်။ အစာဟောင်းတွေရဲ့ အထက်မှာ စက်ရုံလည်ပတ်ထားတဲ့အတွက် အပူချိန် ပျမ်းမျှ ၈၀၀ မှ ၁၀၀၀ ကြားရှိတဲ့ အစာတွေရှိပါတယ်။

ထိုပြဿနာကို ဖြေရှင်းဖို့အတွက် အထက်အရာရှိတွေက စက်ကိုမရပ်ချင်ပါဘူး။ အန္တရာယ်ကင်းအောင် စက်ကိုရပ်ပြီး ပူနေတဲ့အစာတွေကို အေးအောင်စောင့်ပြီးမှ ပိတ်နေတဲ့ အစာတွေကို ရှင်းထုတ်သင့်ပေမယ့် စက်ကိုတပတ်ခန့် ရပ်လိုက်ရင် ဆုံးရှုံးမှုတွေအတွက် ရုံးချုပ်ကိုဖြေရှင်းချက်ပေးရမှာဖြစ်ပြီး စက်ရုံမှူးအနေနဲ့ နာမည်ပျက်နိုင်ပါတယ် စက်ရုံမှူးနေရာက စဉ်းစားရင် သူက စက်ရုံမှူးနေရာမှ ထုတ်ပယ်ခံရမှာ ကြောက်ပါတယ်။

ပြီးတော့ စက်ရုံမှူးနေရာက စက်ရုံလည်ပတ်နေရင် သူ့အတွက် တနေ့ကို ဘိလပ်မြေတန် ၃၀ ခွဲတန်းရရှိပါတယ်။ ဒါကြောင့် တာဝန်ရှိသူ ဗိုလ်မှူး၊ ဗိုလ်ကြီး အရာရှိအဆင့်ဆင့်ဟာ သူတို့တွေရဲ့ အတ္တတွေကိုအရင်းခံပြီး အန္တရာယ်အလွန်များတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ပါတယ်။

အဲ့ဒါကတော့ စက်ကိုလည်လျှက် ပိုက်လုံးကြီးထဲမှာ အစာပိတ်နေတဲ့နေရာက အပေါက်လေးကိုဖွင့်ပြီး ပိတ်နေတဲ့ အစာတွေကို သံပိုက်နဲ့ ထိုးချရမှာ ဖြစ်ပါတယ်။ အထက်အမိန့်အရ ၀န်ထမ်းတွေဟာ စတင်ပြီးသံပိုက်နဲ့ထိုးရပါတယ်။ တခါထိုးရင် နှစ်ယောက်သာ ထိုးလို့ရပါတယ်။

ထိုးချတဲ့သူနှစ်ယောက် မောပြီဆိုရင် နောက်ထပ်နှစ်ယောက်က ၀င်လုပ်ရပါတယ်။ အလှည်ကျပေါ့ဗျာ။ ဒီလိုနဲ့ ၂၀၁၃ အောက်တိုဘာ ၁၅ ရက်နေ့ နေ့လည်ပိုင်းမှာ ပိတ်နေတဲ့ နေရာအနည်းငယ် ပွင့်သွားပြီး၊ ပန်းထွက်လာတဲ့ အလွန်တရာပူလွန်းလှတဲ့ အစာ (ကျောက်မှုန့် မြေမှုန့်) ကြောင့် ကလေးလုပ်သားဖြစ်တဲ့

ပြင်ပအလုပ်သမား ၁၄ နှစ်သားလေးဟာ ၀တ်ထားတဲ့ဘောင်းဘီပါ ပြတ်ထွက်သွားပြီး အပူလောင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး အနားမှာရှိတဲ့ ၀န်ထမ်းတွေပါ အပူလောင်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ အနည်းငယ်သာပွင့်သွားတဲ့အတွက် ပိုက်လုံးကြီးဟာ အစာတွေနဲ့ပြန်ပိတ်သွားခဲပါတယ်။ ဒါက ပထမအကြိမ်မှာပါ အန္တရာယ်အလွန်ရှိမှန်း သိခဲရပြီးပါပြီ။

လုံးဝအန္တရာယ်ဖြစ်နိုင်မှန်းသိတယ်၊ ဒါပေမယ့် အလုပ်ကိုမရပ်ဘူး၊ စက်ကို မရပ်ဘူး။ ပြီးတော့ အကာအကွယ်ပစ္စည်း မပေးဘဲ ဆက်လုပ်ခိုင်းပါတယ်။ အဲဒီနေ့ ညပိုင်းကျတော့ ဝန်ထမ်းသုံးလေးယောက် ပြင်းထန်စွာ အပူထပ်လောင်ပါတယ်၊

ဒါက ဒုတိယအကြိမ် အဖြစ်အပျက်ပါ အန္တရာယ် ဖြစ်ကိုဖြစ်မယ်ဆိုတဲ့ အနေအထားဆိုတာ လုံးဝသေချာနေပါပြီ၊ သို့ပေမယ့် ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့စိတ်မျိုးနဲ့ အကာအကွယ်ပစ္စည်းတောင်မပေးဘဲ ဆက်ပြီး လုပ်ခိုင်းပါတယ်။

အဲဒီလိုနဲ့ လုပ်လာလိုက်တာ အောက်တိုဘာ ၁၇ ရက်နေ့ရောက်တော့ ပိတ်နေတဲ့အပေါက်ဟာ ပွင့်ထွက်သွားပြီး ဗုံးပေါက်ကွဲသွားသလိုဘဲ ပြီးတော့ အစာပူတွေတရှိန်ထိုး ပွင့်ထွက်လာတဲ့အတွက် အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေလဲ သွေးရူးသွေးတန်းနဲ့ ဘာမှမမြင် ပြေးကြလွှားကြ အသက်ရှူကြပ်ကြနဲ့ပေါ့

မပြေးသာလိုက်တဲ့ ကျနော့သူငယ်ချင်း ကျော်ဝင်းထွဋ် (ကျောက်ဖား) တယောက်ကတော့ ခါးဝက်လောက်ရှိတဲ့ ပြင်းထန်းလွန်းတဲ့ အပူရှိန်ရှိတဲ့ ကျောက်မှုန်တွေကြောင့် မချိမဆန့် ခံစားရနေပါပြီး။

တခြားဝန်ထမ်းတွေဟာလဲ ကိုယ့်အသက်အတွက် ဘာမှမမြင်ရတော့တဲ့ အခြေအနေမှာ အချို့က အထပ်မြင့်ရဲ့ လက်ရမ်းသံပိုက်ပေါ် ကိုတက်တွယ်ထားပြီ ခိုနေရပါတယ် အောက်မှာ က ကျောက်အမှုန့်အပူတွေက ရှိနေတဲ့အတွက် ခြေချလို့မရပါဘူး။

ဒီလိုနဲ့ ၁၅ မိနစ်လောက်ကြာတော့ ပတ်ဝန်းကျင်ကို အနည်းငယ်ပြန်မြင်ရပါပြီ၊ ကျနော့ သူငယ်ချင်း ကျော်ဝင်းထဋ်ရဲ့ အဖြစ်အပျက်ကိုမြင်တော့ အနားမှာ လက်ရမ်းပေါ်ကိုတက်ပြီး သူနဲ့အတူလုပ်ကိုင်နေရတဲ့ ၀န်ထမ်းက သူခံစားရတဲ့အပူဒဏ်ကိုမေ့ပြီး သူ့လုပ်ဖော်ကိုင်ဖက်ရဲ့အဖြစ်ကို မကြည့်ရက်တဲ့အတွက် ကယ်ဖို့ဆင်းသွားခဲ့ပါတယ်။

သို့ပေမယ့် သုံလှမ်းလောက်သာ လှမ်းနိုင်ပြီး အပူဒဏ်ကိုမခံနိုင်တော့ တဲ့အတွက် လက်ရမ်းသံပိုက်ပေါ် အမြန်ပြန်တက်ခဲ့ရပါတယ်။

သံပိုက်ပေါ်မှ တခြားဝန်ထမ်းတဦးက သူ့အနားမှာရှိတဲ့ ၀ါလုံးကိုယူပြီး ကျော်ဝင်းထွဋ်ကို ကမ်းပေးလိုက်ပါတယ်။

ကျော်ဝင်းထွဋ်းဟာ သူ့ကိုကမ်းပေးတဲ့ ၀ါလုံးလေးကို နောက်ဆုံးရှိသမျှအားနဲ့ တချက်ကိုင်လိုက်နိုင်ပါတယ်၊
ခဏလေးအတွင်းမှာပဲ နောက်ကိုလန်ကျသွားပါတယ်၊

သူက အဲ့ဒီနေရာမှာပဲ ဆိုးဝါးစွာခံစားရင်း အသက်ပေးလိုက်ရပါတယ်။ သူဟာကျောက်မှုန့်တွေပိလို့ သေဆုံးရတာမဟုတ်ပါဘူး။ ပြင်းထန်တဲ့ အပူဒဏ်ကြောင့် သေဆုံးရတာပါ။ ပိုပြီးရင်နာစရာကောင်းတာက သူမှာ ဇနီးနဲ့ ရင်သွေးတဦး ကျန်ခဲ့ပါတယ် ဒါက တတိယအကြိမ် အဖြစ်အပျက်ပါ။

အခု မြိုင်ကလေးဆေးရုံမှာ ဒဏ်ရာပြင်းထန်သူ များတက်ရောက်လျှက်ရှိပါတယ်။

ကျနော့ သူငယ်ချင်းသေဆုံးတဲ့ အနေအထားကိုကြည့်ပြီး ကျနော်တို့ တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (M.E.C) အမှတ် (၂) တန် ၄၀၀၀ ဘိလပ်မြေစက်ရုံ မြိုင်ကလေးက ဝန်ထမ်းတွေဟာ အကာအကွယ်မဲ့ နေတယ်လို့ ခံစားရတယ်။ အထူးသဖြင့် ဥပဒေရဲ့အကာအကွယ်ပေါ့။

“လူတယောင်လုံး သေနေတာတောင်မှပဲ လူသေမှုအနေနဲ့ ဘယ်ရဲမှလာမစစ်ဆေးဘူး။ ကြက်ကလေး ငှက်ကလေး သေသွားသလိုပဲ ဘာမှမထူးဘူး”

ကျတော်တို့ အကူအညီမဲ့နေပါတယ်။ ဘယ်သူ့ကို အကူအညီတောင်းရမယ်ဆိုတာလဲ ကျနော်တို့ မသိပါဘူး။ ကျနော်တို့တွေ ဘယ်လိုလုပ်သင့်တယ်ဆိုတာ အကြံပေးကြပါခင်ဗျား။
အကူအညီပေးနိုင်တဲ့ သူတော်ကောင်းတွေနဲ့တွေ့အောင် ကူညီနိုင်သူများသိရှိအောင် ကူညီပေးကြပါခင်ဗျာ။

ကျေးဇူးတင်ပါတယ်။

ဖိနှိပ်ခံ တန် ၄၀၀၀ မိသားစု

(တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ (M.E.C) အမှတ် (၂) တန် ၄၀၀၀ ဘိလပ်မြေစက်ရုံ၊ မြိုင်ကလေး)
News of Myanmar

၆လက်မ မျက်နှာပြင်နှင့် Nokia Lumia 1520




Samsung Note 3, HTC One Max, Sony Xperia Z Ultra ကို စိန်ခေါ်မည့် 6-inch မျက်နှာပြင်နဲ့ Lumia ရဲ့ Phablet တစ်လုံးကို ယနေ့ Nokia မှ ထုတ်ဖော်ပြသခဲ့ပါတယ်။

1080p full HD display ပါဝင်ပြီး 1520 ဟာ မျက်နှာပြင် အကြီးဆုံးနဲ့ ထိတ်တန်း Lumia family မှာ ရပ်တည်သွားမှာ ဖြစ်ပါတယ်။

8.6mm ပဲ ထူပြီး 2.2GHz quad-core Qualcomm Snadragon 800 processor ကို အသုံးပြုထားသလို ကြီးမားတဲ့ 3,400mAh battery လဲတပ်ဆင်ထားပါတယ်။ ၁၀နာရီကြာ အသုံးပြုနိုင်မယ် ဆိုပါတယ်။

20-megapixel camera ကို တပ်ဆင်ထားတဲ့အတွက် ပြိုင်ဘက်တွေ အားလုံးထက် Pixel အရည်အတွက် များပါတယ်။

Lumia 1520 Windows Phone OS နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပြီး Photography ဆိုင်ရာ Application အသစ်များစွာလည်း ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ $749 ကျသင့်မှာ ဖြစ်ပါတယ်။

Ref: Cnet
TechSpace Journal

Virus ၀င်မှာစိုးရင် ၊ကိုယ့်ဖုန်းထဲက ပုံတွေ သူများအလွယ်မကြည့် စေဖို့


ဖုန်းထဲကို Virus ၀င်မှာစိုးရင် ၊ကိုယ့်ဖုန်းထဲက ပုံတွေ သူများအလွယ်မကြည့်

တင်ထားတဲ့ဆော့ဝဲတွေ သူများအလွယ် ဖွင့်မကြည့်စေဖို့ ၊ဖုန်းခေါ်တာတွေ

မက်ဆေ့ပို့ တာတွေမှာ ကိုယ်သဘောမကျတဲ့ လူတွေကို Block လုပ်နိုင်ဖို့ 

ဒီဆော့ဝဲသုံးပါ တစ်ခုထဲနဲ့ အစုံပါတယ် ။ Viber သုံးသူတွေလည်း သူများက

ကိုယ်ချက်ထားတာတွေ အလွယ်ဖတ်မရတော့ဘူး Gallery Lock ချမယ်ဆို

ပုံတွေ သူများ အလွယ်ကြည့်မရတော့ဘူး။ တခြား အသုံးဝင်တဲ့နည်းတွေ

အများကြီးပါသေးတယ် မသုံးဖြစ်သေးရင် အောက်ကလင့်မှာ ယူသုံးကြည့်


download
မောင်(စွယ်စုံကျမ်း)

တပ်မတော်ကို စိတ်ပြောင်းအောင် လုပ်နိုင်မည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

လွှတ်တော်တက်ရန် စာရင်းသွင်းနေသော တပ်မတော်သား ကိုယ်စားလှယ်များ (ဓာတ်ပုံ – ဧရာဝတီ)

ပြင်ပုံပြင်နည်းစနစ်ကို စတင် ကိုင်တွယ်ခြင်းဖြင့် တပ်မတော်ကို စိတ်ပြောင်းလဲအောင် လုပ်ဆောင်နိုင်မည်ဟု ယုံကြည်သောကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း သိရသည်။

ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ရှင်းလင်းပွဲတွင် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်ကို NLD ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။

“ကျမတို့ မဖြစ်မနေ ပြင်ရမှာကတော့ ပြင်ပုံပြင်နည်းပဲ။ အဲဒါကို ဒီကနေ့စပြီးတော့ ပြင်ရမယ်။ တချို့ကတော့ ပြင်ပုံပြင်နည်းကို စကိုင်လို့ရှိရင် ကာကွယ်ရေးဦးစီးချုပ်က ကြိုက်မှာ မဟုတ်ဘူးလို့ ပြောတဲ့လူလည်း ရှိရင်ရှိမှာပေါ့။ ဒါပေမယ့် ကျမ ယုံကြည်ချက်ကတော့ ပြင်ပုံပြင်နည်းက အရေးကြီးဆုံးပဲ။ ဒါကို အများက သဘောတူ၊ မတူတော့ မသိဘူး။ တပ်မတော်ကို စိတ်ပြောင်းနိုင်မယ် ထင်လို့ ကျမ ဒီဟာကို အရင်ကိုင်မှာပါ။ သူတို့ ပြင်ပုံပြင်နည်းကို လက်ခံသွားပြီဆိုရင် အဲဒါတခုလုံး ပြန်ပြင်မယ့်ဟာကို Logically (ယုတ္တိရှိရှိ) ပေါ့နော်။ သူ့ဟာသူ ပါလာမှာပဲ။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီနဲ့ ရွေးကောက်ပွဲပြီးမှ ဘာတွေ ပြင်မလဲဆိုတာကို လက်တွေ့ကျကျ ချပြရမယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား မိန့်ခွန်းဖြစ်ပါတယ်” ဟု ဦးဉာဏ်ဝင်းက အခမ်းအနားတွင် ဖတ်ပြသွားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တတိယ အကြိမ်မြောက် ဥရောပခရီးစဉ်အဖြစ် ယခုလ ၁၈ ရက်နေ့က မြန်မာနိုင်မှ စတင်ထွက်ခွာခဲ့ပြီး လက်ရှိတွင် ပြင်သစ်နိုင်ငံမှ တဆင့် လူဇင်ဘတ်သို့ ရောက်ရှိနေကာ နိုဝင်ဘာလ ၂ ရက်နေ့တွင် ဥရောပခရီးစဉ်ကို အဆုံးသတ်မည် ဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော်ရှိ လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၂၊ အပိုဒ် ၄၃၆ ၌ ထည့်သွင်းပြဋ္ဌာန်းထားသည်။

ထို့ကြောင့် ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေးအတွက် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ၂ ရပ်စလုံးရှိ နိုင်ငံရေးပါတီအားလုံးမှ
အရပ်သားလွှတ်တော် ကိုယ်စားလှယ်အားလုံး ထောက်ခံရမည့်အပြင် ကာကွယ်ရေးဦးစီးချုပ်မှ တိုက်ရိုက်ခန့်အပ်ထားသည့် ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များဘက်ကလည်း ထောက်ခံမှသာ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်မည် ဖြစ်သည်။

ဖွဲ့စည်းပုံပြင်ဆင်ရန် စိန်ခေါ်မှုများစွာ ရှိနေသော်လည်း မိမိတို့ပါတီ အနေဖြင့် ၂၀၁၅ မတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်နိုင်သည့် အခန်း ၁၂ (ဖွဲ့စည်းပုံ ပြင်ဆင်ခြင်း) အား ပြင်ဆင်နိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

“ပြင်ဖို့ အရေးကြီးဆုံးက ပြင်ပုံပြင်နည်းပဲဗျ။ ၂၅ ရာခိုင်နှုန်းနဲ့ ၇၅ ရာခိုင်နှုန်းကျော်၊ ဒါပဲဗျ။ ဒီဟာလျှော့လိုက်ရင် ကျန်တာ အားလုံး အဆင်ပြေသွားမယ်။ အရင်ဆုံး ပြင်ပုံပြင်နည်းကိုပဲ ပြင်နိုင်အောင် ကြိုးစားသွားမှာပါ။ ၂၀၁၅ မတိုင်ခင်မှာ ဒါကို ရအောင် ကြိုးစားသွားမယ်” ဟု သူက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် NLD ပါတီ၏ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကော်မတီ ကြေညာချက်တွင် ၂၀၀၈ ဖွဲ့စည်းပုံ၌ ဒီမိုကရေစီစံနှုန်း မညီသည့် ပြဌာန်းချက်များ၊ ရှေ့နောက်မညီ ဆန့်ကျင်ကွဲလွဲနေသည့် ပြဌာန်းချက်များ၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် မရှိမဖြစ် လိုအပ်သော တိုင်းရင်းသားများ၏ အခွင့်အရေးများကို အာမခံရေးနှင့် စစ်မှန်သော ပြည်ထောင်စု ထူထောင်ရေးအတွက် အဟန့်အတား ဖြစ်စေသည့် ပြဌာန်းချက်များ ပါဝင်နေကြောင်း ရေးသားထားသည်။

ထို့အပြင် ဖွဲ့စည်းပုံ၌ ပါတီစုံ ဒီမိုကရေစီစနစ် ဖော်ဆောင်ရာတွင် အဟန့်အတား ဖြစ်စေသည့် ပြဌာန်းချက်များ၊ အပြန်အလှန် ထိန်းကြောင်းရမည့် ဒီမိုကရေစီ မဏ္ဍိုင်ကြီး ၃ ရပ်အား တဖက်စောင်းနင်း ဖြစ်စေသော ပြဌာန်းချက်များ၊ နိုင်ငံသားများ၏ တန်းတူညီမျှမှုကို ကာကွယ် မပေးနိုင်သည့် ပြဌာန်းချက်များ၊ ၂၀၁၅ ရွေးကောက်ပွဲအတွက် လွပ်လပ်၍တ ရားမျှတမှု ထိခိုက်နေသည့် ပြဌာန်းချက်များ ပါဝင်နေသည်ကို တွေ့ရှိရကြောင်း ဖော်ပြပါရှိသည်။

လက်ရှိတွင် NLD ပါတီ အနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေးနှင့် ပတ်သတ်၍ အဖွဲ့ ၇ ဖွဲ့ခွဲပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ပြည်သူလူထု ဆန္ဒသဘောထားများ ကောက်ခံလျက်ရှိရာ ကရင်ပြည်နယ်တွင် ကောက်ခံပြီးစီးသွားပြီဖြစ်ပြီး ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနသာင်္ရီတိုင်းတို့တွင် ဆက်လက်ကောက်ခံနေဆဲဖြစ်ကြောင်း သိရသည်။

“မအူပင်နဲ့ ပုသိမ်ခရိုင် လုပ်ပြီးသွားခဲ့ပါပြီ။ ကျနော်ရောက်ခဲ့တဲ့ ၂ နေရာစလုံးက ရာခိုင်နှုန်းအပြည့် ပြင်ဆင်ဖို့ ထောက်ခံပါတယ်။
အသစ်ဆွဲဖို့ ပြောတဲ့လူတောင် မရှိပါဘူး။ လကုန်လောက်ဆိုရင် တိုင်းနဲ့ပြည်နယ် ၁၀ ခုလောက်တော့ ပြီးစီးနေပါပြီ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ရရှိလာသည့် ရလဒ်များအား လာမည့် နိုဝင်လာလ ၁၅ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းပုံကိစ္စနှင့် ပတ်သက်၍ NLD ပါတီနှင့် တိုင်းရင်းသားပါတီ ၁၂ ခုတို့ ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက တွေ့ဆုံ ဆွေးနွေးခဲ့ရာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးမှာ တဆက်တည်းဖြစ်၍ ခွဲခြားမရကြောင်း ပါတီများအားလုံးက သဘောတူညီခဲ့ကြသည်။

သို့သော် ဖွဲ့စည်းပုံအား ပြင်ဆင်ရန် (သို့မဟုတ်) အသစ်ပြန်လည်ရေးဆွဲရန် NLD ပါတီနှင့် တိုင်းရင်းသား ပါတီများအကြား တစုံတရာ သဘောတူညီမှု မရရှိခဲ့ပေ။

irrawaddy

မလေးရှားမှာ ဘုရားသခင်ကို အလ္လာ နာမယ် တပ်ပြီး ဝန်ကြီးချုပ်က ဆက်ခေါ်ခွင့်ပြု


မလေးရှား နိုင်ငံ အရှေ့ပိုင်းက Sabah နဲ့ Sarawak ပြည်နယ်တွေက ခရစ်ယာန်တွေဟာ တရားရုံးက တားမြစ်ထားပေမယ့် သူတို့ ဘုရားသခင်ကို အလ္လာ နာမည် တပ်ပြီး ဆက်လက် သုံးစွဲ ခေါ်ဝေါ် နိုင်တယ်လို့ ဝန်ကြီးချုပ် Najib Razak က ပြောပါတယ်။

မွတ်ဆလင် မဟုတ်သူတွေ ဒီစကားလုံး သုံးခွင့် မရှိဘူး ဆိုပြီး ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက တရားရုံးက အမိန့်ချမှတ်ခဲ့ပြီးတဲ့နောက် မစ္စတာ နာဂျစ်က အခုလို ပထမဆုံး ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ခရစ်ယာန် သမ္မာ ကျမ်းစာမှာ ဖော်ပြထားတဲ့ အတိုင်း အလ္လာ စကားလုံးကို Catholic Herald သတင်းစာမှာ သုံးစွဲ ဖော်ပြခွင့် မရှိဘူးဆိုပြီး ပြဿနာ စ ဖြစ်ခဲ့ပေမယ့် ဆက်လက် ခေါ်ဝေါ် သုံးစွဲကြပါလို့ သူက ပြောပါတယ်။

အစ္စလာမ် ဘာသာကနေ လူတွေ ကူးပြောင်းလာအောင် တွန်းအားပေးဖို့ ခရစ်ယာန်တွေက အလ္လာ ဆိုတဲ့ စကားလုံးကို သုံးတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ တချို့ မွတ်ဆလင် အဖွဲ့တွေက ပြောနေပါတယ်။

အာရပ် စကားလုံး အလ္လာကို သူတို့ ကျမ်းစာနဲ့ စာအုပ်တွေမှာ ဖော်ပြထားတဲ့ အတိုင်း မလေးစကားပြော ခရစ်ယာန်တွေက အရှေ့အလယ်ပိုင်းက ခရစ်ယာန်တွေ နည်းတူ မလေးရှား နိုင်ငံမှာ အမြဲ သုံးခဲ့ကြတာပါလို့ ဆိုပါတယ်။
BBC

မန္တလေး ကားလောကတွင် ကျပ်သိန်းပေါင်းသောင်းချီ အရှုပ်အထွေး ဖြစ်နေသူ မိမိကိုယ်ကိုယ် ဆွဲကြိုးချ သေဆုံး

မန္တလေး ကားလောကတွင် ကျပ်သိန်းပေါင်း သောင်းချီ အရှုပ်အထွေး ဖြစ်နေသူ ကိုကျော်ခိုင်စိုး (ခ) နားကွင်းကျော်ကြီးမှာ အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက ဆွဲကြိုးချကာ မိမိကိုယ်ကိုယ် အဆုံးစီရင် သွားကြောင်း သိရသည်။

ကိုကျော်ခိုင်စိုး (ခ) နားကွင်းကျော်ကြီး (၄၃ နှစ်) (ဘ) ဦးထွန်းမြင့်မှာ အောက်တိုဘာ ၂၁ ရက် နံနက် ၅ နာရီခွဲ ၀န်းကျင်ခန့်က ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်း အနောက်ရပ်ကွက်၊ အကွက် (၃၂၃) ရှိ နေအိမ်ဧည့်ခန်းအတွင်း မျက်နှာကြက်တွင် ပန်ကာတပ်ဆင်ရန် ပြုလုပ်ထားသော သံချိတ်၌ ပလတ်စတစ် ကျစ်ကြိုးအသုံးပြုကာ ထိုင်ခုံ သုံးလုံးပေါ်တက်၍ ကွင်းချောဖြင့် ဆွဲကြိုးချ သေဆုံးနေကြောင်း တွေ့ရှိရပြီး ပြင်ပဒဏ်ရာ မတွေ့ရှိရသောကြောင့် မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ ပီအာရ် ၀၈ ဖြင့် ပို့ဆောင် အပ်နှံခဲ့ကြောင်း သိရသည်။

''ဒီပြဿနာတွေ မဖြစ်ခင် တစ်ပတ်လောက်က သူ့ကို ကားငါးစီး အရောင်းအ၀ယ်လုပ်ဖို့ အပ်ခဲ့သေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုကျော်ကြီးအတွက် စိတ်မကောင်းပါဘူး'' ဟု ရန်ကုန်မြို့ရှိ ကား Show Room ဖွင့်လှစ်ထားသူ တစ်ဦးက ပြောကြားသည်။

ငွေကြေး မပြေလည်မှုကြောင့် တိမ်းရှောင်နေသော နားကွင်း ကိုကျော်ကြီးမှာ အောက်တိုဘာ ၁၁ ရက်က ချမ်းအေးသာစံမြို့ နယ် အမှတ် (၆) ရဲစခန်း၌ လာရောက် ၀န်ခံခဲ့ပြီးနောက် နာရီပိုင်း အကြာတွင် အာမခံရရှိပြီးနောက် ယခုကဲ့သို့ ဆွဲကြိုးချ သေဆုံးခဲ့ခြင်းဖြစ်သည်။

''လုပ်ငန်းကိစ္စတွေ လုပ်နေရင်း ငွေမနိုင်ဘဲ ဖြစ်ပြီးတော့ အခုလို မထင်မှတ်ဘဲ ဖြစ်ခဲ့ရတာပါ။ ကျွန်တော့်ကြောင့် နစ်နာသွားတဲ့သူတွေ အားလုံးကို အဆင်ပြေအောင် ပြန်လည် ဖြေရှင်းပေးသွားမှာပါ'' ဟု အာမခံဖြင့် ပြန်လည် လွတ်မြောက်ခဲ့စဉ်က နားကွင်း ကျော်ကြီး (ခ) ကိုကျော်ခိုင်စိုးက ပြောဆိုခဲ့ကြောင်း သိရသည်။

ယခုဖြစ်စဉ်ကြောင့် ကားကုမ္ပဏီများနှင့် နားကွင်း ကိုကျော်ကြီး အရောင်းအ၀ယ် ပြုလုပ်ထားသည့် ကားစီးရေ ၄၀၀ ခန့်မှာ အုံနာဘုတ်၊ စလစ်နှင့် နံပါတ်ရရှိရန် ဆောင်ရွက်မှုများ အတွက် ငွေကြေးပိုင်းဆိုင်ရာ ပိုမိုရှုပ်ထွေးမှုများ ရှိလာနိုင်ကြောင်း ကားပွဲစားများက ဆိုသည်။

အဆိုပါ ဖြစ်စဉ်အား နမစ (၆) သေမှုသေခင်း အမှတ် ၁၅/၁၃ အရ အမှုဖွင့် ဆောင်ရွက်လျက် ရှိသည်။

Eleven Media Group

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ကန့်သတ်ချက်များကြောင့် ခရီးသည် ခြောက်သန်း အသုံးပြုနိုင်အောင်သာ တိုးချဲ့မည်




ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား တစ်နှစ်လျှင် ခရီးသည် သန်း ၂၀ အထိ ၀င်ထွက် အသုံးပြုနိုင်အောင် တိုးချဲ့တည်ဆောက် နိုင်သော်လည်း လူနေအိမ်ခြေများ၊ မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ် စသည့် လေဆိပ်ဧရိယာ တိုးချဲ့ရာတွင် အသုံးပြုမရသည့် မြေဧရိယာများကြောင့် တစ်နှစ်လျှင် ခရီးသည် ခြောက်သန်းသာ အသုံးပြုနိုင်အောင် တိုးချဲ့တည်ဆောက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ အဓိက ခရီးသွား ၀င်ပေါက်တစ်ခုဖြစ်သော ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် နှစ်စဉ် ခရီးသည် ၀င်ရောက်မှု တိုးတက်လာခြင်းကြောင့် မဖြစ်မနေ ချဲ့ထွင်ရန် လိုအပ်လာကြောင်း သိရသည်။ ယင်းကဲ့သို့ လေဆိပ်ဧရိယာအား တိုးချဲ့မည် ဆိုပါက ပြေးလမ်းတစ်ခု တည်းသာရှိသည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် တစ်နှစ်လျှင် ခရီးသည် သန်း ၂၀ အထိ ၀င်ထွက် အသုံးပြုနိုင်အောင် ချဲ့ထွင်နိုင်မည်ဟု သိရသည်။

''ရန်ကုန်လေဆိပ် အနေနဲ့က လူနေရပ်ကွက်တွေနဲ့ နီးကပ်နေတယ်။ ပြီးတော့ လေဆိပ်ဧရိယာ သတ်မှတ်မြေ ဧက ၁၀၀၀ ရှိပေမယ့် လေတပ်စခန်း မြေနေရာလို အသုံးပြုလို့ မရတဲ့ ကန့်သတ်ချက်တွေကြောင့် ခရီးသည် ခြောက်သန်းဆံ့ အထိပဲ တိုးချဲ့နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒီတွက်ချက်မှုကို ဂျပန်ကျွမ်းကျင် ပညာရှင် ငှားရမ်း တွက်ချက်ထားတာ ဖြစ်ပါတယ်'' ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောသည်။

ပြေးလမ်း တစ်ခုတည်းသာ ရှိသည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်နှင့် အတူတကွ အသုံးပြုရခြင်းကြောင့် လေတပ်စခန်း ဌာနချုပ်မှ တိုက်လေယာဉ်တစ်စင်း လေယာဉ်ပြေးလမ်းပေါ်၌ အရှိန်ထိန်းချုပ်သည့် လေထီးမပွင့်မှုကြောင့် စက်တင်ဘာ ၃၀ ရက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ခေတ္တပိတ်ခဲ့ရသည်။

ယင်းကဲ့သို့ ဖြစ်စဉ်များကြောင့် မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်အား အခြားသင့်တော်မည့် နေရာတစ်ခုခုသို့ ရွှေ့ပြောင်း၍ ရန်ကုန်လေဆိပ် ဧရိယာအား တိုးချဲ့ရန် အစီအစဉ်ရှိမရှိ The Daily Eleven သတင်းစာ၏ မေးမြန်းမှုအား လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ''ကျွန်တော့် အနေနဲ့ကတော့ ရန်ကုန်လေဆိပ် အတွက် ကန့်သတ်မြေနေရာ သတ်မှတ်ပေးထားတဲ့ မြေနေရာပေါ်မှာ ခရီးသည် အများဆုံး လက်ခံနိုင်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာပဲ စဉ်းစားပါတယ်။ တပ်မတော်လေနဲ့ ညှိနှိုင်းဖို့ ဆိုတာက နိုင်ငံတော်က စဉ်းစားပေးရမှာပါ။ နိုင်ငံတော် အနေနဲ့လည်း ဒီနေရာမှာ ဒါရှိဖို့ လိုအပ်လို့ သတ်မှတ်ထားတာဆိုရင် ကျွန်တော့်အနေနဲ့ ဘာမှပြောလို့ မရပါဘူး'' ဟု ပြောကြားခဲ့သည်။

(ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရပ်နားထားသော လေယာဉ်များကို တွေ့ရစဉ်
)
Eleven Media Group

ဆိုရှယ် မီဒီယာများပေါ်တွင် တင်ထားသည့် အစားအသောက် ဓာတ်ပုံများကို ကြည့်လျှင် အစာစားလိုစိတ် လျော့နည်းစေနိုင်



စားချင်စဖွယ် မြင်တွေ့ရသည့် ဘာဂါနှင့် အာလူးချောင်းကြော် နှစ်လိုဖွယ် အစားအသောက်များ၏ ဓာတ်ပုံ များကို ဆိုရှယ် မီဒီယာများတွင် ဖြန့်ဝေမှု များသူ နှင့် မိတ်ဆွေ ဖြစ်နေ သူများသည် လက် တွေ့တွင် အစာစားလို စိတ် လျော့နည်း သွားစေနိုင်ကြောင်း အမေရိကန် သုတေသီ နှစ်ဦးက ပြောသည်။

Brigham Young University မှ Ryan Elder နှင့် Jeff Larson ဆိုသည့် ဈေးကွက် ပါမောက္ခ နှစ်ဦး ပြုလုပ်ခဲ့သည့် သုတေသန ရလဒ် အရ Instagram, Pinterest, Facebook စသည့် ဆိုရှယ် မီဒီယာ များပေါ်တွင် လူ တစ်ဦးက အစပြုပြီး ဓာတ်ပုံ ရိုက်ဖြန့်ဝေ လိုက်သည့် စားချင်စဖွယ် ဘာဂါနှင့် ဆလတ် တို့ကို ကြည့်မိ သည့် အွန်လိုင်း မိတ်ဆွေများ အနေဖြင့် စားသောက်လို စိတ်လျော့နည်း သွားစေသည်ဟု ဖော်ပြ သည်။

ဈေးကွက် ပါမောက္ခနှစ်ဦး၏ သုတေသနတွင် လူ ၂၃၂ ဦးပါဝင်ကာ နှစ်ဖွဲ့ ခွဲလိုက်ပြီး တစ်ဖွဲ့ကို အချိုဓာတ် များ သော ကိတ်မုန့်၊ အီဆိမ့် သည့် ချောကလက် အပျော့နှင့် ချောကလက်ပုံ များကို ပြသကာ ကျန်တစ်ဖွဲ့ ကို အငန် ဓာတ်ပါဝင်မှု ရှိသည့် မြေပဲဆံ၊ ကြွပ်၍ အရသာ လေးသော မုန့်ကြိုးလိမ်နှင့် အာလူး ချောင်းကြော် ပုံများ ကို ပြသပြီး စမ်းသပ် ခဲ့သည်။

တင်ပြထားသည့် ပုံများ အပေါ် စားချင်စိတ် ဘယ်လောက် ရှိသည်ဆို သည့် အချက်ပေါ် အခြေခံကာ အဆင့် သတ်မှတ် ပြီးနောက် လေ့လာမှုတွင် ပါဝင်သူ အားလုံးကို ဆားငန် မြေပဲအား စားစေကာ စမ်းသပ်မှုကို အဆုံးသတ်ခဲ့ပြီး ၄င်းတို့၏ မြေပဲအပေါ် အရသာခံစားရ မှုကိုလည်း အဆင့် သတ်မှတ်ခဲ့သည်။ ထိုအခါ အငန်စာ ပုံများကို ကြည့်ခဲ့သူ များက မြေပဲကို မကြည့်ခဲ့ရသော်လည်း အရသာ တွေ့ခဲ့ကြသည်ဟု သုတေသီ များက ပြောသည်။

အစားအစာ ပုံများကို အလွန်အကျွံ ကြည့်ရှုခြင်း သည် လူတို့၏ အစာစား ချင်စိတ်ကို ကျဆင်းစေကြောင်း၊ ကိတ် မုန့်ကို ပထမ တစ်ကြိမ် ကိုက်စားသည့် အရသာ သည် ၅ ကြိမ်မြောက် ကိုက် စားချိန်တွင် အရသာ ကျဆင်းသွား သည့် ပုံစံမျိုးဖြစ်ကြောင်း သုတေသီ နှစ်ဦးက ပြောသည်။

၎င်းတွေ့ရှိချက်များကို Consumer Psychology ဂျာနယ်တွင် ပုံနှိပ် ဖော်ပြထားသည်။

Ref : upi.com
Popular Myanmar News Journal

မိုးနတ်မင်းနှင့် အတင်းလက်ဆုံည




Written by ရီနေနိုင်

တကယ်တော့ မိုးနတ်မင်းနှင့် စကားလက်ဆုံ သော်လည်းကောင်း၊ ထမင်းလက်ဆုံ သော်လည်းကောင်း ဖြစ်ကောင်း၏။ 'အတင်းလက်ဆုံ' ဆိုတော့ ထုံးစံအတိုင်း စာစီစာရိုက် ဆရာ ဆရာမလေးများ အချွန်ဖြင့်မပြီး မှားရိုက်လိုက် သလားဟု အထင်မှားစရာ ရှိသည်။ သို့သော် တကယ်ပဲ မိုးနတ်မင်းနှင့် 'အတင်းလက်ဆုံည' ဖြစ်သည်။ တစ်ညချမ်းမှာ မိုးကရွာ၊ မီးကပျက်၊ ဘက်ထရီကမရှိ ဖယောင်းတိုင် တိုတိတိနဲ့မို့ အိပ်ဖို့ပဲ ရှိသည်ဟု စိတ်ကူးလိုက်ချိန်မှာ မိုးနတ်မင်းကို တွေ့လိုက်ရတာ ဖြစ်သည်။ မှောင်မှောင်မည်းမည်းထဲ သူကလည်း မည်းမည်းဆိုတော့ အခုတလော မြန်မာသရဲကားတွေချည်း ကြည့်ကြည့် နေရတာမို့ အတော်ကြီး လန့်သွားကာ လိပ်ပြာမနည်း ပြန်ခေါ်လိုက်ရသည်။ ''ဟေ့လူ၊ ကျုပ်အခန်းထဲ မပြောမဆို ၀င်လာတာ ခင်ဗျား ဘယ်သူလဲ'' ဆိုတော့ ''ကိုယ်က မိုးနတ်မင်းပါကွာ'' ဟု လေပျော့ကလေးဖြင့် မိတ်ဆက် ရှာပါသည်။

''ဟာဘယ်က မိုးနတ်မင်းလဲ။ ကဗျာဆရာလား၊ စာရေးဆရာလား၊ အိပ်မက်ဆုံရာက အဆိုတော်လား။ ဆောရီးဗျာ ကျွန်တော်မကြားဖူးလို့။ ဒါထက် မိုးနတ်မင်း ဆိုတာက အနုပညာ နာမည်လား၊ ကလောင် နာမည်လား၊ နာမည်ရင်းလား''

''ဟာ ဒီကောင် ငကြောင်ပဲ။ မိုးနတ်မင်းပါဆိုမှ မိုးပေါ်က ဆင်းလာတဲ့ မိုးနတ်မင်းပေါ့ကွ။ မင်းငါ့နာမည် မကြားဖူးဘူးလို့များကွာ။ ကိုရီးယားကား မှန်မှန်မကြည့်ဘူး ထင်တယ်''

''သြော် မိုးပေါ်က မိုးနတ်မင်း ဟုတ်ရဲ့လားဗျာ။ ကိုယ်ရှိန်ကိုယ်ဝါလည်း မတောက်ပ။ ဇာတ်ထဲကလို အချွန်အတက်လည်းမပါ''

''ဟာ ကိုယ်တို့ဆီမှာလည်း မီးပျက်လို့ ဘက်ထရီ မသွင်းခဲ့ရတော့ ဘယ်လိုလုပ် ကိုယ်ရှိန်ကိုယ်ဝါ တောက်ပနိုင်ပါ့မလဲ။ အချွန်အတက် မပါဆို အဲဒီယူနီဖောင်းကြီးနဲ့ဆို မလွတ်လပ်လို့ကွ။ ၃၁ ဘုံမှာ ရောက်လေရာ မိုးနတ်မင်းလို့ သိနေလို့ ဘီယာဘားတို့ ကေတီဗီတို့ သွားဖို့တောင်မလွယ်။ ဒါကြောင့် အရပ်ဝတ်နဲ့ ထွက်လာရတာ။ ဟေ့ကောင် ပြုံးစိစိ လုပ်မနေနဲ့။ ကေတီဗွီတို့ ဘီယာဘားတို့ဆိုတာ မဟုတ်တာလုပ်တွေ ထောက်လှမ်းဖို့ သွားရတာကွ။ ကဲ ထားပါကွာ။ မင်းဆီလာတာက အခုတလော မင်းတို့ဆီက လူတွေက ငါ့ကိုတယ် အပြစ်ဆိုကြသကွ။ မိုးရွာလွန်းရင်ရွာလို့ မရွာတဲ့ ဆီကလည်း မရွာလို့ အဲဒါကွာ။ ငါလည်းတတ်နိုင်ရင် လုပ်ပေးချင်ပါတယ်။ အဲဒါ ငါတတ်နိုင်တဲ့ဟာ မဟုတ်ဘူးကွ။ အဲဒါ မင်းက စာရေးဆရာ ဆိုတော့ လူတွေသဘောပေါက်အောင် ရှင်းပြပေးဖို့ အကူအညီ တောင်းချင်လို့ကွာ''

''ဟာ အဲဒါတော့ ဟုတ်တယ်ဗျို့။ မိုးနတ်မင်း နာမည်ခံပြီးတော့မှ ခေါင်းမရှောင် ချင်ပါနဲ့ဗျာ။ ကျွန်တော်လည်း အခုတလော ဘိုးတော်။ အဲလေ.. အန်ကယ် မိုးနတ်ကို အတော်ဒေါသ ဖြစ်နေတာဗျ။ ဘယ်ဗျာ မိုးရာသီက ကုန်ကိုမကုန်နိုင်ဘူး။ ရွာရင်လည်း ရုံးသွားရုံးပြန်။ ကျောင်းသွား ကျောင်းပြန်ချိန် မိုးရွာတော့ လမ်းပေါ်ရေတက်။ ကားတွေက နဂိုကပိတ်တဲ့အထဲ ရေတက်လို့ ယာဉ်ကြောတွေပျောက်။ တစ်ခါ ကားစက်ထဲရေ၀င် လို့ပျက်ပြီး ပိုပိတ်။ ဘရိတ်ရှူးတွေ ရေစို။ ဘရိတ်ကမမိ ကားတိုက်မှုတွေဖြစ်။ လူတွေသေကျေ ထိခိုက်။ လမ်းတွေပိုပိတ်။ အအေးမိပြီး ကလေးလူကြီး အားလုံး တုပ်ကွေးတွေဖြစ်။ ဒါတွေက အန်ကယ် မိုးနတ်ရဲ့ အပြစ်တွေပေါ့ဗျ။ ပြီးတော့ ရေများရာတော့ မိုးတွေရွာလို့ မိုးမရွာလို့ မိုးမျှော်ပါတယ်ဆိုတဲ့ နေရာမျိုးကျ တစ်စက်မှမရွာ။ ဘယ်လိုတွေများ လုပ်နေလဲ အန်ကယ် မိုးနတ်ရယ်။ စီမံခန့်ခွဲမှု ဒီလောက် ညံ့နေရင်လည်း နောက် နတ်မျိုးဆက်တွေကို မိုးနတ်မင်းလုပ်ဖို့ နေရာဖယ်ပေး လိုက်ပါလားဗျာ''

''ဟေ့ကောင် ဟေ့ကောင် မင်းမသိဘဲ ဘာမှ လျှောက်မပြောမနေနဲ့။ အဲဒါတွေငါနဲ့ မဆိုင်ဘူးကွ။ ငါတိုတိုပဲ ပြောမယ်။ မင်းတို့ လူ့ပြည်မှာ စက်မှုလုပ်ငန်းတွေက ကာဗွန်တွေ ထုတ်လွှတ်လို့ အိုဇုန်းလွှာလည်း အပေါက်ကြီးဖြစ်၊ ကမ္ဘာကြီးက ပူနွေးနဲ့ ရာသီဥတုတွေ ဖောက်ပြန်ရတဲ့အထဲ မင်းတို့နိုင်ငံက ရှိသမျှတောတွေ အကုန်လိုလိုခုတ်ပြီး 'လု' ပြည်က သစ်တွေ '၀' ပြည်ကို အကုန်ရောက်ကုန် ပြန်ရော။ အဲဒါကြောင့် မင်းတို့ဆီမှာ တောမရှိ။ ဒီတော့ မြေထဲက ရေကိုစုပ်ပြီး လေထဲထုတ်မယ့် သစ်ပင်မရှိ။ ဒါကြောင့် ရေငွေ့မရ။ ဒီတော့ မိုးခေါင်။ အဲဒါငါက ဘာတတ်နိုင်မှာလဲ။ ပြီးတော့ မင်းပြောတဲ့ ရေများရာ မိုးရွာတယ် ဆိုတာက သဘာဝကွ။ ငါလုပ်တာ မဟုတ်ဘူး။ မိုးဆိုတာက ရေရှိမှ ရွာလို့ရတာ။ မင်းတို့က တောတွေခုတ်။ ဆည်တွေကို ပျော်ပျော်ပါးပါးဆောက်။ ကျောက်တွေကို လက်နဲ့တူးတာ အားမရလို့ စက်တွေနဲ့တူး။ မြစ်တွေ ချောင်းတွေကောပြီး လုံးလုံးပျောက်တဲ့ ဟာပျောက်။ ဒီတော့ရေကြီးတဲ့ နေရာကြီး။ အဲဒီလို ရေပေါတဲ့နေရာမှာ ရေငွေ့ရတော့ မိုးကရွာမှာပဲ။ မိုးရွာရင် ရေကထပ်ကြီးမှာပဲ။ အဲဒါငါဘာမှ လုပ်လို့မရဘူး။ ပြီးတော့ မိုးရွာတယ် ဆိုတာက ရေရှိတာ တစ်ခုတည်းနဲ့ ရွာတာမဟုတ်ဘူး ဟဲ့ကောင်ရ။ ရာသီဥတု ဖောက်ပြန်ပြီး မိုးသက်မုန်တိုင်းတွေ ဖြစ်တဲ့အခါ သူတို့က ရှိသမျှရေငွေ့ အပေါ်လွှင့်တင်၊ အဲဒီမှာ ရေငွေ့တိမ်တိုက်ဖြစ်။ အဲဒီအခါကျလည်း ရွာတတ်တယ်။ ခုနကပြောတဲ့ အိုဇုန်းအပေါက်ကြီးတို့ ကမ္ဘာကြီး ပိုပူနွေးတာမို့လည်း ရေငွေ့တွေက အပေါ်တက်၊ တိမ်ဖြစ်။ ငွေ့ရည်ဖွဲ့ရာက ကမ္ဘာ့ဆွဲအားကြောင့် မထိန်းနိုင်တဲ့အခါ မိုးကမအောင့်နိုင် တော့ဘဲ တ၀ုန်းဝုန်း ရွာတော့တာပေါ့ကွာ။ ဒီလောက်ကြီး လေးလံလာတဲ့ ငွေ့ရည်စက်တွေ ထိန်းဖို့ဆိုတာ မဖြစ်နိုင်ဘူးကွ''

''ခင်ဗျာ၊ ဒါဆို မိုးရွာတယ် ဆိုတာက မိုးနတ်မင်းကြီးရဲ့ ဟိုဒင်း..''

''တယ် ဒီကောင် အေး အဲဒီနည်းနဲ့များ မိုးရွာပေးလို့ရရင် ရေများများသောက်ပြီး မိုးခေါင်တာနဲ့ ဘာမသိ ညာမသိငါ့ကို ကျိန်ဆဲနေတဲ့ ဟာတွေဆီ ရွာပေးလိုက်ချင်ပါတယ်''

''ဟဲဟဲ အဲဒီလိုတော့ မညစ်ပတ်ပါနဲ့ မိုးနတ်မင်းရယ်။ ကျွန်တော်တို့ အောက်က လူတွေဆိုတာ မိုးနတ်မင်းတို့ အထက်က ညစ်ပြီဆိုရင် ရှောင်လွတ်နိုင်တာမှ မဟုတ်တာ ဒါနဲ့မိုးနတ်မင်းရာ။ ကမ္ဘာကြီးပူနွေးလို့ ရေငွေ့တွေ အပေါ်တက် မိုးရွာနိုင်တယ်ဆိုရင် အပူပိုင်း ဒေသတွေမှာ ဘာကြောင့် မိုးက ခေါင်ခေါင်နေတာလဲ ခင်ဗျ''

''ဟာ အဲဒီနေရာတွေမှာက ရေငွေ့တက်စရာ ရေမှာမရှိတာ။ အေးတစ်ခု ရှိတာက တစ်ခါတစ်ရံတော့ ရှိသမျှ ရေငွေ့လေးနဲ့ မိုးတိမ်ဖွဲ့ပြီး ရွာဖို့ကြိုးစားတာမျိုး ရှိနိုင်တယ်။ မိုးတိမ်တွေ မြင်ရမယ်။ ရွာမယောင်ပြုမယ်။ အေး ရွာလည်း ရွာတယ်ပေါ့ကွာ။ ဒါပေမဲ့ ပူလွန်းလို့ မိုးရေက မြေမရောက်ခင် လေထဲမှာတင် ပျောက်သွားတယ်။ ဒီတော့ မြေကြီးပေါ်ကလူက မိုးရွာမယ့် အရိပ်အယောင်ပဲ မြင်ရပြီး မိုးကိုမရလိုက်ဘူး။ အဲဒါမျိုးကို Phantom Rain လို့ခေါ်တယ်။ တစ္ဆေမိုးပေါ့ကွာ။ မင်းက စာဖတ်တဲ့ စာရေးဆရာ မဟုတ်တော့ ကြားဖူးမှာ မဟုတ်ပါဘူး'' သူပြောတာ မှန်နေသည့် အတွက် ကျွန်တော် အောင့်သက်သက်ဖြင့် ခံလိုက်ရသည်။

''အဲဒီ ဖဲန်တွန်မ်ရိမ်းဆိုတဲ့ တစ္ဆေမိုးမျိုး အကြောင်း တွေးမိတော့ မင်းတို့အခု ဆင်းရဲမှု ပပျောက်ရေးတို့ဘာတို့ လုပ်တာဟာ ခြောက်သွေ့တဲ့ နေရာကို မိုးရွာအောင် လုပ်တာမျိုးပဲလို့ ငါစဉ်းစားမိတယ်ကွ။ ဒါပေမဲ့ မိုးဆိုတာက ရေများရာမှာပဲ ရွာတတ်တာ သဘာဝမို့ ခြောက်သွေ့တဲ့ ဘ၀တွေကို စိုပြည်အောင် စနစ်တကျ အရင်လုပ်ပြီးမှ မိုးရွာပေးလို့ အဆင်ပြေမှာ သိထားဖို့ မင်းကတစ်ဆင့် ပြောချင်တာပါကွာ။ ဒါကိုမသိဘဲ လူမြင်ကောင်းအောင်ရုံ ရွာချရင်တော့ လမ်းတစ်ဝက် လေထဲတင်ပျောက်ပြီး မိုးမျှော်သူလက်ထဲ ရောက်သင့်သလောက် မရောက် ဖြစ်မှာကို တွေးမိလို့ကွ။ ဒါက ကြုံလို့ ပြောတာပါ။ ငါနဲ့တော့ မပတ်သက်ပါဘူး။ ငါနဲ့ ပတ်သက်တာက မင်းတို့တွေ သစ်ပင်တွေ ကိုယ်တိုင်ခုတ်လိုခုတ်။ သူများဝင်ခုတ်လိုခုတ်နဲ့ တစ်တောလုံး ကုန်ကုန်သွားတာဟာ ဘယ်လောက် ဆိုးတယ်ဆိုတာ မသိတာကို ငါအသည်း ယားနေတာ။ ခုထိလည်း နယ်စပ်တွေမှာ တစ်နေ့တစ်နေ့ သစ်ပင်ကြီးတွေ ရာချီပြီး လှဲကောင်း နေတုန်းဆိုပဲ။ သစ်တောကို တစ်ပိုင်းတစ်စိတ် ခုတ်ရင်တောင် သစ်ရွက်တွေက မြေထဲက ရေစုပ်ပြီး လေထဲလွှတ်တာ နည်းသွားလို့ မိုးရွာတာ လျော့သွားတာပဲကွ။ တစ်တောလုံး ခုတ်လိုက်တော့ ဘာပြောကောင်းမလဲ။ အေး မိုးနတ်မင်း မပြောနဲ့။ မိုးနတ်မင်း အဖေရှိရင်လည်း ကယ်နိုင်မှာ မဟုတ်ဘူး။ ပြီးတောမှ မိုးရွာရင် ရွာပြန်တယ်။ ခေါင်ရင် ခေါင်ပြန်ပြီနဲ့ ငါ့ကိုလာလာ အပြစ်ဆိုနေကြတယ်။ မိုးရွာလို့ လမ်းပိတ်တာ ငါနဲ့ဘာဆိုင်လဲ။ ကားတွေ သွင်းတာလည်း သွင်းပေါ့ကွာ။ လမ်းပေါ်ကားတွေ စည်းကမ်းမဲ့ရပ်တာ။ လမ်းကြပ်ရင် ဟိုဘက်ယာဉ်ကြောကို စည်းကမ်းမဲ့ ၀င်မောင်းတာ။ မီးပွိုင့်စိမ်းနေရက် လူစောင့်တင်တာ။ ကားပါကင်နေရာ မစီစဉ်ပေးနိုင်တာ။ လူတွေကလည်း မီးပွိုင့်စိမ်းနေရက်နဲ့ ကားရှေ့အုပ်စုလိုက် ဇွတ်ဖြတ်တာ စတဲ့ စည်းကမ်းမဲ့လွန်း တာတွေကို ပြင်ဖို့လုပ်မှပေါ့ကွာ။ ပြီးတော့လည်း ဟိုဒင်း..မိုးရွာရင် လမ်းပေါ် ရေတက်တာက ငါနဲ့မဆိုင်ဘူးကွ။ တကယ်တော့..''

မိုးနတ်မင်း တကယ် လာသွားတာလား၊ အိပ်မက်တာလား။ ဒါမှမဟုတ် မိုးနတ်မင်းက ဆောင်းပါး တစ်ပုဒ်စာ စပွန်စာလုပ်ပြီး အိပ်မက်ပေးတာ လားတော့မသိ။ ဘာပဲဖြစ်ဖြစ် နောင်များလည်း တွေ့ချင် ဆွေးနွေးချင် အတင်းပြောချင် ပါသေးသည်။

ဆီးယူ မိုးနတ်မင်း။

ရန်ကုန်မြို့အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည်ကို စက်တင်ဘာ လကုန်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ) အောင်မျိုးသန့်

Eleven Media Group

ယာဉ်တိုက်မှု များပြားခြင်းတွင် ယာဉ်ထိန်းတပ်ဖွဲ့ဝင် မလုံလောက်ခြင်းက အဓိက အကြောင်းရင်းများအနက် တစ်ခုဖြစ်




ယာဉ်တိုက်မှု များပြားရခြင်းတွင် ယာဉ်ထိန်းရဲ တပ်ဖွဲ့အင်အား မလုံလောက်ခြင်းကလည်း အဓိက အကြောင်းအရာများ အနက် တစ်ခုပါဝင်နေကြောင်း သတင်းရရှိသည်။ လမ်းအသုံးပြုသူများ၊ လမ်းမကြီး၏ အချိုးနှင့် နှိုင်းယှဉ်ပါက ယာဉ်ထိန်းရဲတပ်ဖွဲ့ အင်အားမှာ များစွာလိုအပ် နေသည့်အပြင် ယာဉ်တိုက်မှု ဖြစ်စဉ်များကြောင့် နှစ်စဉ်လူဦးရေ ၂၅၀၀ ကျော် သေဆုံးလျက် ရှိကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ယာဉ်ထိန်းရဲ တပ်ဖွဲ့၏ ဖွဲ့စည်းပုံအသစ် ရဲတပ်ဖွဲ့တွင် အင်အား ၃၄၁၃ ဦးရှိရမည် ဖြစ်သော်လည်း ယခုအချိန်တွင် ၅၉ ရာခိုင်နှုန်းခန့်သာ ရှိနေသေးကြောင်း ရန်ကုန်တိုင်း ဒေသကြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးထံမှ သိရသည်။

ပြည်တွင်း၌ ၂၀၁၁ ခုနှစ်အတွင်း ယာဉ်တိုက်မှု ဖြစ်စဉ် ၉၇၆၂ မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၇၃၇၉ ဦးရှိခဲ့ကာ သေဆုံးသူ ၂၈၁၁ ဦး၊ ၂၀၁၂ ခုနှစ်အတွင်း ယာဉ်တိုက်မှုဖြစ်စဉ် ၁၁၆၄၉ မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၉၇၂၆ ရှိခဲ့ကာ သေဆုံးသူ ၃၃၂၆ ဦး၊ ၂၀၁၃ခုနှစ် ဇန်န၀ါရီလမှ သြဂုတ်လအထိ ယာဉ်တိုက်မှု ဖြစ်စဉ် ၉၀၅၈ မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၅၆၇၅ ဦးရှိခဲ့ကာ သေဆုံးသူ ၂၄၃၇ ဦးရှိခဲ့ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ''လမ်းအသုံးပြုတဲ့ သူတွေက စည်းကမ်း လိုက်နာမှုတွေ လျော့နည်းနေတဲ့ အတွက် နေ့စဉ်ယာဉ်တိုက်မှု၊ လူသေဆုံး ဒဏ်ရာရမှုတွေ ဖြစ်ပေါ်နေတယ်။ ပြည်သူလူထုတွေရဲ့ တစ်ဦးချင်း အသိတွေ ရှိဖို့လိုတယ်။ နေ့စဉ်ဖြစ်နေတဲ့ ယာဉ်ကြော ကျပ်တာတွေ ယာဉ်တိုက်မှု ဖြစ်တာတွေကို လျော့ကျဖို့အတွက် ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ လိုပါတယ်'' ဟု ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွေးက ပြောကြားခဲ့သည်။

ဆက်လက်၍ ရဲမှူးကြီး ကျော်ထွေးက ''ယာဉ်ထိန်းတပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း တစ်နိုင်ငံလုံး လွှမ်းခြုံမှု မရှိသေးဘူး။ ဖွဲ့စည်းပုံ အပြည့်အတိုင်း အင်အားရှိခဲ့ရင်လည်း မြန်မာတစ်နိုင်ငံလုံးမှာ ရှိနေတဲ့ လူဦးရေ၊ လမ်းအသုံးပြုသူတွေနဲ့ လမ်းမကြီးတွေရဲ့ အချိုးနဲ့ နှိုင်းယှဉ်ရင်တော့ တပ်ဖွဲ့ဝင်အင်အား အများကြီး လိုအပ်နေပါသေးတယ်'' ဟု ပြောကြားခဲ့သည်။ နေ့စဉ်ဖြစ်ပွားနေသော ယာဉ်တိုက်မှု ဖြစ်စဉ်များ လျော့ကျစေရန် အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ပညာပေး ဟောပြောပွဲများ ပြုလုပ်လျက် ရှိနေကြောင်း သိရသည်။

''အခုယာဉ်တိုက်မှုတွေကြောင့် သေဆုံးခဲ့တဲ့ သူတွေက အသက် ၁၀ နှစ်ကနေ ၄၀ ၀န်းကျင်တွေ ဖြစ်တယ်။ ဒါကြောင့် နိုင်ငံမှာရှိတဲ့ အခန်းကဏ္ဍ အသီးသီးရဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ လျော့ကျနေပါတယ်။ ဒါ့အပြင် ပျက်စီးထိခိုက်မှုတွေ ဆုံးရှုံးမှုတွေ အများကြီး ရှိပါတယ်။ ဒီလိုသာ မဖြစ်ခဲ့ဘူးဆိုရင် သေဆုံးခဲ့တဲ့ သူတွေရဲ့ တစ်ဦးချင်းရော၊ တစ်မိသားစုလုံးရော ဆုံးရှုံးခဲ့တဲ့ေ ငွရေးကြေးရေးတွေက လိုအပ်နေတဲ့ ပညာရေး၊ လူမှုရေးတွေမှာ အသုံးပြုလို့ ရပါတယ်'' ဟု ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့သည်။

(အောက်တိုဘာလအတွင်း တာမွေမြို့နယ်တွင် ယာဉ်ကြောရှင်းလင်းနေသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင် နှစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်))
Eleven Media Group

ရုပ်ရှင် ကန့်လန့်ကာနောက်မှ ဖုံးဖိခဲ့တဲ့ အတွင်းရေး၊ ဗိုလ်ချုပ်အောင်ဆန်း တည်ထားခဲ့သော စေတီတစ်ဆူ


ဤသတင်းမှာ လူမသိအောင် ဖုံးဖိခဲ့ကြသော ရုပ်ရှင် ကန့်လန့်ကာ နောက်ကွယ်မှ အတွင်းရေးတစ်ခုဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း၊ လွန်ခဲ့သော ၅၆နှစ်က ဟံသာဝတီ သတင်းစာတွင် ရုပ်ရှင်ကန့်လန့် ကာ နောက်မှ ဖုံးဖိခဲ့တဲ့ အတွင်း ရေး၊ ဗိုလ် ချုပ်အောင်ဆန်းတည် ထားခဲ့သော စေတီတစ်ဆူ ခေါင်း စဉ်ဖြင့် အထက်ပါ စေတီ ဓာတ် ပုံကို ဖော်ပြသည်။ ဓာတ်ပုံရိုက် ကူးသူမှာ သတင်းထောက် မဟုတ်ဘဲ ရုပ်ရှင်ဒါရိုက်တာ တက္ကသိုလ်ဝင်းဖေနှင့် အောင် မင်္ဂလာရုပ်ရှင်မှ ကင်မရာမင်း ကိုရှိန်တို့က အဝေးမှနေပြီး ရိုက်ကူးခဲ့သော ပုံဖြစ်သည်။ ဤကိစ္စနှင့်ပတ်သက်၍ အချို့ သတင်းစာတွင် အနည်း အကျဉ်း ရေးသား ထုတ်ဖော်ပြီးကြပြီ ဖြစ်စေကာမူ ကန့်လန့်ကာ အတွင်းဝယ်မှ ကွယ်ဝှက်ခဲ့သော သတင်း တစ်ခု ကတော့ ကျန်ခဲ့သေး၏။
ဖြစ်ခဲ့ကြပုံမှာ ဤသို့ပင်၊ အောင်မင်္ဂလာရုပ်ရှင်မှ မင်းသား ခင်မောင်ညွန့်သည် ရွှေနန်း ကျင် အသံထွက်ကို ရိုက်ကူး ခဲ့စဉ် ဇာတ်သိမ်းခန်းတွင် ရွှေနန်းကျင်နှင့် ပတ် သက်၍ကျိုက်ထီးရိုးဘုရားကို ထည့် ပြလိုသဖြင့် မည်သို့ မည်ပုံကြံ စည်ရ မည်ကို မတွေးတတ် အောင်ဖြစ်ကြသည်ဆို၏။ ကျိုက်ထီးရိုးဘုရားကို ရိုက်ကူးရ မည်မှာ မလွယ်ကူပါ။ (ထို စဉ်က) ရောင်စုံသူပုန်သောင်း ကျန်းသူများကြီးစိုးရာ ဌာန ဖြစ်နေ၍ မည်သူမျှ သွား ရောက်ဝံ့ကြမည်မဟုတ် သဖြင့် ရွှေနန်းကျင်နှင့် ကျိုက်ထီးရိုး မှာ လမိုင်းမ ကပ်နိုင်အောင် အခက်ပွေနေ၏။ သို့သော် မင်းသားခင်မောင်ညွန့်သည် မတတ်နိုင်သည့် အဆုံးတွင် သဏ္ဍာန်လုပ်သရုပ်နှင့်တူ အောင် ကျိုက်ထီးရိုးစေတီပုံကို ပန်း ချီဆရာ အားကိုးဖြင့် စက္ကူနှင့် ရုပ်လုံး ဖော်ပြီး ဖန်တီးလိုက်ကြ တော့၏။ သို့ ရာတွင် အတုနှင့် အစစ်မှာ ဆီနှင့် ရေလိုကွာ နေသဖြင့် ကျိုက်ထီးရိုးပုံ မှာ မှုန်ဝါးဝါးဖြစ်နေသည်။
တစ်နေ့ ကျုပ် ကျိုက်ထီး ရိုးဘုရားအစစ်ကို သွားရိုက် ပေးပါရစေ ဟု တက္ကသိုလ်ဝင်း ဖေကမြည်လာရာ ခင်မောင်ညွန့် ပင် မျက်လုံးပြူးသွား၏။ နေ ပါစေ ကိုယ့်လူခင်ဗျား အသက် အန္တရာယ်အတွက် ကျုပ်တာ ဝန်မယူနိုင်ဘူးဟု ပြင်းပြင်း ထန်ထန် ငြင်းဆန်လိုက်၏။ ဖေဖော်ဝါရီလ ၂၃ရက်နေ့တွင် ဒါရိုက်တာတက္ကသိုလ် ဝင်းဖေ သည် ရန်ကုန်မှ ရုတ်တရက် ပျောက်သွား၏။ မင်းသားခင် မောင်ညွန့်မှအစ ကိုဝင်းဖေအိမ်သားများပါ လှုပ်လှုပ်ရွရွဖြစ်သွားကြ၏။ဂျစ်ကားတစ်စီး နှင့် ရန်ကုန်မြို့ရှိ သူ့အသိအိမ် များသို့ အနှံ့အပြားရှာဖွေ ခဲ့သော်လည်း အစအနမှ မမြင် ရသဖြင့် အားလုံးခေါင်းကြီး သွားကြ၏။ နောက်တစ်နေ့ ခင်မောင်ညွန့် အလုပ် တိုက်ဖြစ် သည့် စပတ်လမ်းအောင်
မင်္ဂလာရုပ်ရှင်ကုမ္ပဏီသို့ လူ တစ်ယောက်စာလာပေးသွား သည်ဆို၏။ထိုစာမှာ တက္ကသိုလ် ဝင်းဖေအား သောင်းကျန်း သူများ ပြန်ပေးဆွဲထား သလိုလို သိရ၏။ ဓာတ်ပုံဆရာ ကို ရှိန်ပါ အဆစ်ပါရပုံ သိရသောအခါ ခင်မောင်ညွန့်ခေါင်း မီးလောင် တော့၏။ ကုမ္ပဏီအား အသိ မပေးဘဲ ကိုဝင်းဖေသည် ဓာတ်ပုံဆရာကိုရှိန်ကို ခေါ်၍ ကျိုက်ထီးရိုးဘုရားသွားရိုက် ကြကြောင်း ပေါ်လာတော့၏။ မိမိ ပယောဂမကင်းသဖြင့် နောက် ဆုံး ပြန်ပေးလက်မှ ရွေးလိုရ ငြားအောင် မင်္ဂလာရုပ်ရှင် မန်နေ ဂျာဦး တင်အေးကို ငွေ ထုပ်ပိုက်စေပြီး ကျိုက်ထိုသို့ ကတိုက်ကရိုက်လွှတ်ရတော့၏။ သို့သော် ဦးတင်အေးသည် ငွေ ထုပ်ပိုက်ပြီး ကျိုက်ထို အရောက် ကျိုက်ထီးရိုးပြန် အသိ ဘုန်းကြီး တစ်ပါးနှင့်တွေ့၍မိမိတို့ ဒုက္ခကို ဖွင့်၍ အကူအညီ တောင်းမိရာ ထိုရဟန်းပျိုက ရုပ်ရှင်သမား နှစ်ယောက် ကျိုက်ထီးရိုးဘုရား ကို ရုပ်ရှင် ရိုက်ကူးသွားကြောင်း ယခု ရန်ကုန်သို့ ပြန်သွားပြီ သတင်းကောင်းကြားရသော အခါ ဦးတင်အေးမှာ ကိုဝင်း ဖေဖြစ်ရမည်ဟု ယုံ ကြည်ကာ ဝမ်းသာအားရ ရန်ကုန်ပြန် ခဲ့ရာ၊ အောင်မင်္ဂလာရုပ်ရှင် တိုက်တွင် ပြုံးပြုံးကြီးထိုင်နေ သော ကိုဝင်းဖေကို တွေ့ရ၏။
ကိုဝင်းဖေသည် သောင်း ကျန်းသူတို့ ကျက်စားကြီးစိုး သော နယ်ပယ်ထဲသို့ မည်သို့ မည်ပုံ ကျိုက်ထီးရိုး ဘုရားအား မရမက ရိုက်ကူးနိုင်ခဲ့သည် ကိုတော့ ချီးကျူး စရာဖြစ် တော့ ၏။ ထိုမှတစ်ဖန် ကိုဝင်းဖေ တို့ကို အခွင့်ကောင်းယူကာ ဓာတ်သိအချို့ကပင် ငွေချူ နည်း တစ်မျိုးဖြင့်အောင် မင်္ဂလာ ရုပ်ရှင်သို့ စာပေးပုံကလေး မှာ လည်း လျှင်လွန်းလှ၏။ သို့ သော် သူရဲကောင်းဆန်ဆန် ကျိုက်ထီးရိုးဘုရားအစစ်ကို ရိုက်ကူးနိုင်ခဲ့သူ တက္ကသိုလ် ဝင်းဖေကိုတော့ ဂုဏ် ပြုပွဲ လုပ်လို၍ မတ်လ ၁ရက်နေ့က သတင်းစာတိုက်မှ အယ်ဒီ တာများနှင့် ရုပ်ရှင်ဝေဖန် ရေးဆရာတစ်စုကို မီးရထား ဟိုတယ်တွင် ခေါ်ယူတွေ့ဆုံ ပြီး ကိုဝင်းဖေ၏ စွန့်စားခဲ့ပုံ အကြောင်း ကို ပြန်ပြောင်း သတင်းပေးသည်။
” ကျွန်တော်နဲ့ ကိုရှိန်က ဓာတ်ပုံပစ္စည်းများကို တစ်ခုစီ ဖြုတ်ပြီး ရဟန်းပျိုငါးပါးရဲ့ အကူအညီနဲ့ သူပုန်သူကန်နှင့် ဓားပြများကြီးစိုးနေသော ကျိုက်ထီးရိုးဘုရားကို ထွက်ခဲ့ တယ်။ဘရင်းဂန်းတွေ စတင်း ဂန်းတွေကိုင်ထားတဲ့ သူပုန်အချို့ ကိုလည်း ဟိုတစ်စုသည်တစ်စု သွားလာ လှုပ်ရှားနေတာကို လည်း မကြာခဏတွေ့ရ တယ်။ သူတို့မျ က်နှာကြည့်ရတာ မှုန်ကုတ် ကုတ်တွေပါပဲ။ ကျွန်တော်တို့ နှစ်ဦးတောင် မသင်္ကာသလိုလိုနဲ့ တစ်ခါတစ်ရံအနားလာပြီး ပြူးတူးပြဲတဲ လုပ်ခြင်းခံရတယ်။ ကျွန်တော်တို့ ကေ တာ့ ကျိုက်ထီးရိုး ဘုရားကို ရုပ်ရှင်ရိုက်ရပြီးရော သဘောနဲ့ သူတို့အလစ်ကြည့်ပြီး ရင်တမမ စွန့်စားရိုက်ခဲ့ရတယ်” ဟု အခက်အခဲများကို ဖွင့်ချ၏။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတည်ခဲ့တဲ့ ဘုရားကို ကျိုက်ထီးရိုးအနီးမှာ ဖူးမြော်ခဲ့ရလို့ ဓာတ်ပုံရိုက်ခဲ့ကြသေးတယ်ဟုပြောပြီး ရိုက်လာသော ဓာတ်ပုံကို လက်တို့ပေးလေသည်။ စေတီ နှင့် ပတ်သက်၍ တိတိကျကျ ပြောကြားခဲ့ခြင်းမရှိသော်လည်း ဗိုလ်ချုပ်တည်ခဲ့သည်ဆိုသောစေတီမှာ အမှန်တကယ်ရှိ၍ ရိုက်ကူးလာခြင်း
ဖြစ်မည်။ ထို့ကြောင့် ယင်းစေတီကိုရှာဖွေ ဖော်ထုတ်သင့်သည်။
မှတ်ချက်-ရွှေနန်းကျင်ဇာတ်ကားသည် ၁၉-၄-၅၇ တွင် ရွှေဂုန်နှင့် ရီဂျင့်ရုံတွင် ပြခဲ့၏။
ဂျေကြိုင်(မဟာဝိဇ္ဇာ/သမိုင်းအဓိက)
popularmyanmar

ထိုင်း Nakhonchai Air ကုမ္ပဏီ ညှိနှိုင်းမှု အဆင်ပြေပါက မြန်မာနိုင်ငံတွင် ဘတ်စကားလိုင်း ပြေးဆွဲမည်



ထိုင်းနိုင်ငံ အခြေစိုက် Nakhonchai Air ကုမ္ပဏီသည်သက်ဆိုင်ရာ တာဝန် ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းမှု အဆင်ပြေပါက မြန်မာနိုင်ငံတွင် ဘတ်စကားလိုင်းများ ပြေးဆွဲသွားမည် ဖြစ်ကြောင်း ၎င်းကုမ္ပဏီ၏ စီမံခန့်ခွဲရေး ဒါရိုက်တာ Krueawal Wongrakmit က ပြောကြားခဲ့သည်။

အဆိုပါ ဘတ်စကားလိုင်းများ ပြေးဆွဲရန်အတွက် သဘောတူညီမှု ရရှိရန် ဆွေးနွေး ညှိနှိုင်းနေကြောင်း၊ ထို့အပြင် နှစ်နိုင်ငံ ပြေးဆွဲခွင့်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကိုလည်း လေ့လာလျက် ရှိနေပြီး ၎င်းတို့ အနေဖြင့် အရှေ့တောင်အာရှ နိုင်ငံများတွင် ဘတ်စကားလိုင်းများ ပြေးဆွဲနိုင်ရန် အစီအစဉ်များ လုပ်ဆောင် လျက်ရှိနေကြောင်း သိရသည်။

အိမ်နီးချင်း နိုင်ငံတွေ အတွင်းမှာ ပြေးဆွဲနိုင်ဖို့ ဈေးကွက်ချဲ့ထွင်တဲ့ သဘောပါ။ နိုင်ငံဖြတ်ကျော် ပြေးဆွဲတာ မျိုးတွေတော့ မဟုတ်ပါဘူး။ ပြေးဆွဲတဲ့ အခါမှာ ခရီးသွားနဲ့ စီးနင်းခကို အသက်သာဆုံး လုပ်မှာပါ''ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ယင်းဘတ်စကား လိုင်းများ ပြေးဆွဲခွင့် ရရှိပါက မြန်မာနိုင်ငံတွင် ၂ဝ၁၅ ခုနှစ်၌ စတင် ပြေးဆွဲပေးသွားမည် ဖြစ်ကြာင်း သိရသည်။ ဘတ်စကားများ ပြေးဆွဲရာတွင် ပထမတန်းစား အဲယားကွန်းပါ ဘတ်စကားများကို အသုံးပြုသွားမည် ဖြစ်ပြီး ကမ္ဘောဒီးယား နိုင်ငံတွင်လည်း ပြေးဆွဲနိုင်ရန် သဘောတူညီမှု ရရှိရေး ကြိုးပမ်း လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ လက်ရှိတွင် BRT စနစ်ဖြင့် ခရီးသည်တင် မော်တော်ယာဉ်များ ပြေးဆွဲရန် စီစဉ်လျက် ရှိနေသော လမ်းများ အခြေအနေ ကောင်းမွန်ခြင်း မရှိခြင်းကြောင့် ပြေးဆွဲနိုင်ဦးမည် မဟုတ်ကြောင်း၊ ယင်းအတွက် အဆိုပါ နိုင်ငံတကာ ဘတ်စကားလိုင်းများပါ ထပ်မံ ဝင်ရောက်လာပါက ပြိုင်ဆိုင်မှု ရှိလာနိုင်ပြီး လမ်းပြင်ဆင်မှုများပါ ပိုမို လုပ်ဆောင်ရန် သင့်ကြောင်း မော်တော်ယာဉ် လိုင်းများမှ သိရှိခဲ့ရသည်။

စိုးမိုး
မြ၀တီ

စိတ်ဓါတ်အားနည်းခြင်း အကြောင်းတရား ၂၅-ပါး



ကောင်းမှုကောင်းရာတို့ဘက်၌ စိတ်အားလျော့မှုများဟုလည်းခေါ်ပါသည်။

၁။ ကောဓ- - -အမျက်ထွက်ခြင်း၊

၂။ ဥပနာဟ- - -ရန်ငြိုးဖွဲ့ခြင်း၊

၃။ မက္ခ- - -ကျေးဇူးမဲ့ပြုခြင်း၊

၎။ ပလာသ- - -တုပြိုင်ခြင်း၊

၅။ ဣဿာ- - -ငြူစူခြင်း၊

၆။ မစ္ဆရိယ- - -၀န်တိုခြင်း၊

၇။ မာယာ- - -လှည့်ပတ်ခြင်း၊

၈။ သာထေယျ- - -စဉ်းလဲခြင်း၊

၉။ ထမ္ဘ- - -မိုက်မဲခိုင်ခံ့ခြင်း၊

၁၀။ သာရမ္ဘ- - -သူ့သီလကိုဖျက်ဆီးခြင်း၊

၁၁။ မာန- - -စိတ်ကြီးဝင်ခြင်း၊

၁၂။ အတိမာန- - -အလွန်အမင်း စိတ်ကြီးဝင်ခြင်း၊

၁၃။ မဒ- - -မာန်ဖြင့်ယစ်ခြင်း၊

၁၄။ ပမာဒ- - -မေ့လျော့ခြင်း၊

၁၅။ ထိန- - -စိတ်၏လျော့ကျခြင်း၊

၁၆။ မိဒ္ဓ- - -ငိုက်မြည်းခြင်း၊

၁၇။ အာလသျှ- - -ပျင်းရိခြင်း၊

၁၈။ ပါပမိတ္တတာ- - -ခင်ပွန်းယုတ်နှင့်ပေါင်းဖေါ်ခြင်း၊

၁၉။ ရူပ- - -အဆင်း၌တပ်မက်လွန်းခြင်း၊

၂၀။ သဒ္ဒ- - -အသံ၌ တပ်မက်လွန်းခြင်း၊

၂၁။ ဂန္ဓ- - -အနံ့၌ တပ်မက်လွန်းခြင်း၊

၂၂။ ရသ- - -အရသာ၌ တပ်မက်လွန်းခြင်း၊

၂၃။ ဖောဋ္ဌဗ္ဗ- - -အတွေ့၌ တပ်မက်လွန်းခြင်း၊

၂၄။ ခုဒ္ဒပိပါသ- - -ဆာလောင်မွတ်သိပ်ခြင်း၊

၂၅။ အရတိ- - -တရား၌ မမွေ့လျော်ခြင်း။

Dhamma Danã Source ►

ကျိုက်ထီးရိုး ဘုရားဖူးရာသီ အဖွင့်၌ ၁၀ နှစ်တာ ကာလအတွင်း ဘုရားဖူး လာရောက်မှု အများဆုံးဖြစ်ပြီး တည်းခိုခန်း ဈေးနှုန်းများ ပုံမှန်ထက် နှစ်ဆမှ သုံးဆအထိ မြင့်တက်




ယခုနှစ် ကျိုက်ထီးရိုးဘုရား ရာသီအဖွင့်၌ ဘုရားဖူး ခရီးသည်များမှာ ယခင်နှစ်များထက် များပြားခဲ့ပြီး ဘုရားဖူးများမှာ တည်းခိုရန်နေရာ မလုံလောက်သည့် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရပြီး တည်းခိုခန်းခ နှုန်းထားများမှာ လပြည့်နေ့၌ ပုံမှန်ထက်နှစ်ဆမှ သုံးဆအထိ မြင့်တက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယခုနှစ် သီတင်းကျွတ် လပြည့်နေ့ မတိုင်မီကပင် မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး ခရီးသည် အများအပြား စတင်ရောက်ရှိခဲ့ကြပြီး သီတင်းကျွတ် လပြည့်နေ့ အောက်တိုဘာ ၁၉ ရက်၌ ပိုမိုများပြားခဲ့ကာ ကျိုက်ထီးရိုး တောင်ပေါ်ရှိ တည်းခိုခန်းများ၊ ထမင်းဆိုင်များမှာ အခန်းလွတ် မရှိသလောက် ဖြစ်သွားခဲ့ပြီး ယခုနှစ်တွင် လာရောက်သည့် ဘုရားဖူးများမှာ ယခင်နှစ်ရာသီ အဖွင့်ပွဲကထက် ပိုမိုများပြား ခဲ့ကြောင်းကို ဂေါပက အဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။

ကျိုက်ထီးရိုးဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဌေးဝင်းက ''ဒီနှစ်ဖွင့်ပွဲမှာ လာရောက်တဲ့လူ ဦးရေက အရင်နှစ်တွေကထက် အရမ်းများပါတယ်။ ဒါကြောင့် အခက်ခဲ အချို့တွေတော့ ကြုံတွေ့ရပါတယ်။ ဂေါပကအဖွဲ့ ပိုင်ဆိုင်တဲ့ ဓမ္မာရုံတွေက အခမဲ့တည်းခိုလို့ ရပါတယ်။ ငွေကြေးတစ်စုံတစ်ရာ မပေးရပါဘူး'' ဟု ဆိုသည်။

မန္တလေးမြို့မှ ဘုရားလာဖူးသည့် မသဲစုက''ဒီကိုသူငယ်ချင်းတွေနဲ့အတူ လာတာပါ။ အရင်ကတော့ မိသားစုတွေနဲ့ လာဖူးတယ်။ ဒီနှစ်မှ သူငယ်ချင်းတွေနဲ့ သီတင်းကျွတ်မှာ ဘုရားဖူးလာတာပါ။ ဒီရောက်တော့ တည်းခိုခန်းတွေက အခန်းလွတ်ရှားနေပြီ။ နောက်ဆုံး ထမင်းဆိုင် တစ်ဆိုင်မှာ တစ်ရက်သုံးသောင်းနဲ့ တည်းရတယ်။ ရေမီးစုံလို့ ပြောပေမယ့် ရေတစ်ပုံးကို ၃၀၀ နဲ့ ၀ယ်ချိုးရတယ်'' ဟု သီတင်းကျွတ် လပြည့်နေ့က ဆိုသည်။

တည်းခိုခန်းများ၊ ထမင်းဆိုင်များသာမက ဘုန်းကြီးကျောင်း ဓမ္မာရုံများတွင်ပါ ဘုရားဖူးများဖြင့် ပြည့်နှက်နေပြီး နေရာမရကြသူများမှာ ဘုရားရင်ပြင်တော်ပေါ်တွင် မိသားစုလိုက် နေခဲ့ကြရကြောင်းနှင့် အချို့တည်းခို ခန်းများမှာ လပြည့်နေ့တွင် တည်းခိုခဈေးနှုန်း တက်သွားခဲ့ကြောင်းလည်း သိရသည်။

ရင်ပြင်တော်ပေါ်ရှိ တည်းခိုခန်း တစ်ခုတွင် တည်းခိုနေသူ တစ်ဦးက ''ကျွန်တော်တောင် မနေ့ကတည်းက ဘွတ်ကင်ကြိုလုပ်ထားလို့ အခန်းရတာ။ တည်းခိုခန်းခက ဒီနေ့ (လပြည့်နေ့) မှာ ဈေးတက်သွားတယ်ဗျ။ တချို့တည်းခိုခန်းတွေဆို ပုံမှန်ထက် နှစ်ဆနီးပါးလောက် တက်သွားတာတွေ ရှိတယ်။ ၁၈ ရက်နေ့က ၄၅၀၀၀ တန်အခန်းကို ကျွန်တော့်မိတ်ဆွေ တစ်ယောက်ဆို ဒီနေ့ကိုးသောင်းန့ ပေးတည်းခဲ့ရတယ်'' ဟု ဆိုသည်။

(လာရောက်ဖူးမြော် သူများဖြင့် စည်ကားနေသော ကျိုက်ထီးရိုး စေတီတော်ကို အောက်တိုဘာ ၁၉ ရက်က ဖူးတွေ့ရစဉ် (ဓာတ်ပုံ- ဉာဏ်ဝင်းရှိန်))
Eleven Media Group

ရန်ကုန် - ဘန်ကောက် ကားဖြင့် တိုက်ရိုက်သွားနိုင်ပြီ


 ရန် ကုန်-ထားဝယ်-ကန်ချနာဘူရီမြို့ (ထိုင်းနိုင်ငံ)သို့ ကားဖြင့် သွား ရောက်လည်ပတ်နိုင်ပြီဖြစ်ကြောင်း  Dawei Beauty Travels & Tours  ခရီးသွားလုပ်ငန်းမှ သိရ သည်။ ထိုင်းနိုင်ငံနှင့် မြန်မာ နိုင်ငံ ကြား နယ်စပ်ဂိတ်လေးခုတွင် တစ်ခုအပါအဝင်ဖြစ်သည့် ထီးခီးနယ် စပ်မှ နိုင်ငံခြားသားခရီးသည်များ ကို ခရီးသည်တင်ကားဖြင့် ဝင် ထွက်ခွင့်ပေးခဲ့ပြီး တစ်လအကြာ တွင် အဆိုပါအလည်အပတ်ခရီး စဉ်အား စတင်ခဲ့ ခြင်းဖြစ် ကြောင်း အဆိုပါ ခရီးသွား လုပ်ငန်း၏ ဒုတိယ ဥက္ကဋ္ဌ ဦးညီညီနိုင်က ပြောသည်။

Dawei Beauty Travels & Tours ခရီးသွားလုပ်ငန်း ဒု-ဥက္ကဋ္ဌ ဦးညီညီနိုင်က ''အခု ထားဝယ် ဘက်ကလဲ ငြိမ်းချမ်းနေပြီ။ သွား ရေးလာရေးကလဲ အရင်လို သိပ် မခက်ခဲတဲ့အတွက် ခရီးသွားလုပ် ငန်းလုပ်ဖို့ စတင်တာပါ။ လူတိုင်း က ပုဂံဆိုတာသိပေမယ့် ပင်လယ် အလှအပတွေဝန်းရံထားတဲ့ ထား ဝယ်ကို သိပ်မသိကြဘူး။ အခု ထီးခီးနယ်စပ်ကနေ ကန်ချနာဘူရီ အထိ အလွယ်တကူ ကားနဲ့သွား နိုင်တဲ့အတွက် ခရီးသွားလုပ်ငန်း လုပ်ဖို့ ဆုံးဖြတ်လိုက်တာ''ဟု ဆို သည်။

ယင်းကဆက်လက်ပြောဆို ရာတွင် လက်ရှိအချိန်တွင် ထီးခီး နယ်စပ်ဂိတ်တစ်ခုတည်းသာ ဖွင့် ပေးထားခြင်းကြောင့် ကန်ချနာ ဘူရီကိုသာ ပို့ဆောင်ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ကော့သောင်း၊ မြဝတီ၊ တာချီလိတ်ဂိတ်များ ဖွင့် လှစ်ပါက ခရီးစဉ်များ တိုးချဲ့သွား မည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် ကန်ချနာဘူရီသို့ ပထမအကြိမ် ခရီးသွား ၅၄ ဦးအား စေလွှတ် ထားပြီးဖြစ်သည်ဟု ဆိုသည်။

ရန်ကုန်-ထားဝယ်-ကန်ချ နာဘူရီ ခရီးစဉ်ဝန်ဆောင်ခအ နေဖြင့် ရန်ကုန်မှ ကျပ်၂၅၉၀၀၀  ဖြစ်ပြီး ထားဝယ်မှ ကျပ်၁၅၉၀၀၀ သတ်မှတ်ထားကာ ကားစီးရန် အဆင်မပြေသော ခရီးသွားများ အတွက် လေယာဉ်ဖြင့် ထားဝယ် သို့ ပိုဆောင် ပြီး ယင်းမှတစ်ဆင့် ကန်ချနာဘူရီသို့ လည်ပတ်ဗီဇာ ပြုလုပ်၍ ထိုင်းခရီးသွားကုမ္ပဏီမှ အထင်ကရနေရာများအား လိုက် ပါ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာ နိုင်ငံအတွင်း ဝင်ရောက်လာမည့် နိုင်ငံခြားခရီးသွားများအတွက် ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းများ နှင့်တိုက်ရိုက်ချိတ်ဆက်၍ ဆောင် ရွက်သွားရန်စီစဉ်နေပြီး ပတ်စ်ပို့ ကိုင်ဆောင်ထားသူများမှာ ဘန် ကောက် အထိ ဆက်လက် လည် ပတ်နိုင်မည်ဖြစ်ပြီး ဘန်ကောက် ခရီးစဉ်ကို သွားလိုပါက ခရီးစ ရိတ်အနည်းငယ် ကွာခြားနိုင် ကြောင်း သိရသည်။

အဆိုပါကန်ချနာဘူရီခရီး စဉ်၏ ဒုတိယအသုတ်အနေဖြင့် လာမည့် နိုဝင်ဘာ ၁၆ရက်တွင် ထပ်မံစီစဉ်ထားသည်ဟု သိရ သည်။ လက်ရှိအချိန်အထိ ထိုင်း နိုင်ငံ ကန်ချနာဘူရီခရီးစဉ်အား ဝန်ဆောင်မှုပေးသည့်ကုမ္ပဏီ အ နေဖြင့် တစ်ခုတည်း သာရှိ နေပြီး နောင်ထားဝယ်စီးပွားရေးဇုန်များ ဖြစ်ပေါ်လာပါက ပိုမိုပေါများလာ နိုင်ကြောင်း သိရသည်။

နိုင်နိုင်ဇော်

မှတ်ပုံတင်မထားသည့် မြေသြဇာအမည်များ ထုတ်ပြန် ယင်းမြေသြဇာများ ရောင်းချပါက ဥပဒေအရ အရေးယူမည်




မြေသြဇာကော်မတီတွင် မှတ်ပုံတင်ထားခြင်းမရှိသော မြေသြဇာများစာရင်းကို ကော်မတီက အောက်တိုဘာ ၂၀ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြလိုက်ပြီး ယင်းသို့ မှတ်ပုံတင်ထားခြင်း မရှိသော မြေသြဇာများ ထုတ်လုပ်၊ ဖြန့်ဖြူးတင်သွင်းမှုများ ပြုလုပ်ပါက တရားဥပဒေအရ အရေးယူသွားမည်ဟု မြေသြဇာကော်မတီက ထုတ်ပြန်သည်။

ယင်းသို့ မှတ်ပုံတင်ခြင်းမရှိသည့် မြေသြဇာများ ထုတ်ပြန်ရာတွင်၂၅မျိုးဖြစ်ပြီး ယင်းတို့ကို ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများ၊ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက မြေသြဇာ ဥပဒေပုဒ်မ (၃၁၊ ၃၂၊ ၃၃၊ ၃၄၃၅)တို့အရ အရေးယူမည်ဖြစ်သည်ဟုလည်း မြေသြဇာကော်မတီက ထုတ်ပြန်ထားသည်။

မြေသြဇာကော်မတီမှ အရည်အသွေးပြည့်ဝပြီး စံချိန်စံညွှန်းပြည့်မီသော မြေသြဇာများကို စိုက်ပျိုးရေး လုပ်ကိုင်သူများ လုပ်ကိုင်နိုင်ရန် ဓာတ်ခွဲစစ်ဆေးမှုများ စနစ်တကျ ပြုလုပ်ပြီး မြေသြဇာမှတ်ပုံတင် လက်မှတ်များ ထုတ်ပေးလျက်ရှိသော်လည်း ဈေးကွက်အတွင်း မြေသြဇာဖြန့်ဖြူးခွင့်လိုင်စင်မရှိဘဲ ဖြန့်ဖြူး ရောင်းချနေသူများ၊ မြေသြဇာမှတ်ပုံတင် လက်မှတ်မရှိသော မြေသြဇာများကို ရောင်းဝယ်မှုများ ရှိနေသည်ဟုလည်း ကော်မတီက ဆိုသည်။

ယင်းအပြင် ပြည်တွင်းတွင် မြေသြဇာကော်မတီ၌ မှတ်ပုံတင်ထားခြင်းမရှိသော မြေသြဇာများကို တနင်္သာရီ၊ ရန်ကုန်၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးတွေ့ရှိရသည်ဟုလည်း ကော်မတီမှ သိရသည်။

စိုက်ပျိုးရေးဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက “မြေသြဇာမှတ်ပုံတင်ထားခြင်း မရှိတာတွေကို နယ်အထိ ဆင်းပြီး စစ်ဆေးမှုတွေကို ခပ်စိပ်စိပ် လုပ်နေပါတယ်။ တွေ့ရှိတာတွေဆို ဒါကို မလုပ်ပါနဲ့လို့ အကြောင်းကြားစာပို့ပြီး သုံးလအထိ စောင့်ကြည့်ပါတယ်။ တရားစွဲတာတွေ ပြုလုပ်တာတွေ ရှိပါတယ်”ဟု ပြောသည်။

အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီမှု အာမခံချက်မရှိဟုဆိုကာ မြေသြဇာကော်မတီက ထုတ်ပြန်ထားသော စာရင်းတွင် ပါဝင်သော မြေသြဇာများမှာ ပိုကာဒိုလိုမိုက် ကျောက်မှုန့်၊ အလံနီ(တရုတ်)ကွန်ပေါင်း မြေသြဇာ၊ ထူးဆန်း မြေသြဇာ၊ Compound ထိုင်းစာ (အဖြူနှင့် အစိမ်းရောင်အိတ်) Compound ထိုင်းစာ(အဖြူနှင့် လိမ္မော်ရောင်အိတ်)၊ ထိုင်းစာ(အဖြူနှင့် ပန်းဆီရောင်အိတ်)၊ Compound ထိုင်းစာ(အဖြူနှင့် အပြာရောင်အိတ်) စက်ဝိုင်းအတွင်း နတ်သမီး ငါးယောက်ပုံပါ၊ Compound ထိုင်းစာ (အဖြူနှင့် အစိမ်း ရောင်အိတ်) စက်ဝိုင်းအတွင်း နတ်သမီးငါးယောက်ပုံပါ၊ Compound ထိုင်းစာ (အပြာရောင်အိတ်) စက်ဝိုင်းအတွင်း နတ်သမီးငါးယောက်ပုံပါ၊ Compound ထိုင်းစာ၊
ရွှေလမင်းကျောက်မှုန့်၊ Khing Gypsum ၊ Compound Fertilizer (ကြက်ဖ)၊ Compound Fertilizer (သရဖူ)၊ Compound Fertilizer (နေ)၊ Compound Fertilizer (Rising Sun)၊ ပန်းသီး၊ Compound Fertilizer (ဘီး)၊ YYP တို့ ပါဝင်သည်။

အဆိုပါ စာရင်းမှာ နှစ်လတာကာလအတွင်း စစ်ဆေးတွေ့ရှိခြင်းဖြစ်သည်။

အဆိုပါ မြေသြဇာများကို ၀ယ်ယူသုံးစွဲမိသူများမှာ သီးနှံအထွက်နှုန်းများ ထိခိုက်လျော့နည်းပြီး သုံးစွဲသူများအတွက် စီးပွာရေးတွက်ခြေမကိုက်ဘဲ ဆုံးရှုံးနစ်နာမှုများဖြစ်နိုင်သဖြင့် မြေသြဇာကော်မတီတွင် မှတ်ပုံတင်သော မြေသြဇာများကို ၀ယ်ယူသုံးစွဲသင့်သည်ဟုလည်း စိုက်ပျိုးရေးဦးစီးဌာနမှ ဆိုသည်။

မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက “မှတ်ပုံမတင်ထားတဲ့ အရည်အသွေးက ဘာမှန်း မသိဘူး။ မြန်မာလို လမ်းညွှန်မပါတဲ့အတွက် ဒါကို သုံးစွဲရင် လယ်သမားတွေအတွက် အများကြီး နစ်နာတယ်။ တရုတ်၊ ထိုင်း၊ အိန်္ဒိယ နယ်စပ်ဘက်တွေက ၀င်တာများတယ်။ တခြားနိုင်ငံမှာ ရောင်းမရလို့ မြန်မာနိုင်ငံကို တင်သွင်းလာတာ။ ဒါတွေကိုသုံးစွဲမယ်ဆိုရင် ကိုင်တွယ်သူတွေမှာ အန္တရာယ် ရှိတယ်။ အသင်းကနေပြီ လယ်သမားတွေကို သင်တန်းပေးတာတွေရှိတယ်။ လယ်သမားတွေ အသိပညာ အားနည်းနေတာ တွေ့ရတယ်”ဟု ပြောသည်။

အရည်အသွေးပြည့်မီခြင်း မရှိသည့် ဓာတ်မြေသြဇာများကို သြဂုတ်လအတွင်းကလည်း ထုတ်ပြန်ခဲ့ပြီး တံဆိပ် ၂၂မျိုး ပါဝင်သည်။

နန်းမြင့်
Update News In Myanmar

ပျမ်းမျှ လူ့သက်တမ်း၏ ၁ဝ နှစ်ခန့်ကို ဆေးလိပ် သောက်သုံးမှုကြောင့် ဆုံးရှုံးနေရ



ဆေးလိပ်ကြောင့် ကျန်းမာရေး ထိခိုက် ရခြင်းသည် မိမိတို့ တွေးထင်ထား သည်ထက်ပို၍ ဆိုးဝါးသည်ဟု သြစတြေးလျ သုတေသီ တစ်ဦးကပြောသည်။

သို့သော် သတင်းကောင်း မှာ အ သက် ၂ဝ နှင့် ၃ဝ အတွင်း ဆေးလိပ် ဖြတ်ခဲ့ သူများသည် အရွယ်တူ ဆေးလိပ် လုံးဝ မသောက်သူများနှင့် နှိုင်းယှဉ်လျှင် ဘေး အန္တရာယ် မှ ၉ဝ ရာခိုင်နှုန်း ရှောင် ရှားနိုင်သည်။

သြစတြေးလျ အမျိုးသား တက္ကသိုလ်မှ ကျန်းမာရေး ပညာရှင် Emily Banks က ”ဆေးလိပ် သောက်တာဟာ အန်စာ ပစ်သလို ပါပဲ။ ဆေးလိပ်ကြောင့် သေ လည်းသေနိုင်တယ်၊ သေချင်မှ လည်း သေမယ်လို့ ၁၉၆ဝ ခုနှစ် များက ပြောလေ့ ရှိခဲ့ပါတယ်။ အခုကတော့ ခေါင်းပန်း လှန်တာ နဲ့ တူတယ် လို့ပြောကြတယ်။ လက် ရှိ ဆေးလိပ်သောက် သူတွေ ရဲ့ သေဆုံးမှု သုံးပုံနှစ်ပုံ ဟာ ဆေးလိပ် ကြောင့်ဖြစ်တယ် ဆိုတာကို တွေ့ခဲ့ရ တယ်” ဟုပြောသည်။

ပါမောက္ခ Banks သည်အသက် ၄၅ နှစ် အထက် သြစတြေးလျ လူမျိုး နှစ်သိန်းခန့်အား သုတေသနပြုရာတွင် ဦးဆောင် ခဲ့ပြီး ဆေးလိပ်သမား များသည် ၄င်းတို့၏ ပျမ်း မျှ လူ့သက်တမ်းမှ ၁ဝ နှစ်ကို ဆေးလိပ် သောက်ခြင်းကြောင့် ဆုံးရှုံးခဲ့ ရသည်ကို တွေ့ရှိခဲ့သည်။ တစ် နေ့လျှင် ဆေးလိပ် ၁ဝ လိပ် သောက်သူ များသည် အန္တ ရာယ် နှစ်ဆ များပြီး ၂၅ လိပ်ကျော်သောက် သူများကတော့ လူ့ သက်တမ်း လေးပုံတစ်ပုံ ဆုံးရှုံးနေရ သည်။

အန္တရာယ် မရှိဟု သတ်မှတ်သည့် စံနှုန်း မရှိသေးသော်လည်း မည်သည့် အသက်အရွယ် မဆို ဆေးလိပ်ဖြတ်လျှင် အန္တရာယ်ကို လျှော့ချနိုင်ပြီး ငယ်စဉ်၌ ဆေး လိပ် ဖြတ်လေ ပိုကောင်းလေ ဟု Banks က ပြောသည်။

အမေရိကန် ပြည်ထောင်စုနှင့် ဗြိ တိန် တို့တွင်လည်း အလားတူ တွေ့ရှိမှု များရှိသည်ဟု Banks ကပြောသည်။

Ref : Bangkok post :
Popular Myanmar News Journal

Cramps ကြွက်တက်ခြင်း




(၁) သမီး အသက်က ၃၁ နှစ် အပျိုပါ။ အရပ်က ၅ ပေ၊ ပေါင် ၁၃ဝ ရှိပါတယ်။ သမီးက ယခု့ မှာနေပါတယ်။ သမီးမှာ တစ်ခြား ဘာရောဂါမှ မရှိပါဘူးဆရာ။ သမီး မကြာခဏ အကြောတတ်ပါတယ်ဆရာ။ အဲလို အကြောတက်ရင် ခြေသလုံးရဲ့ အလည်က ကြွက်သားတွေ အရမ်းနာပါတယ်ဆရာ။ သမီး အဖေနဲ့ အမေကလည်း မကြာခဏဖြစ်ပါတယ်။ သမီး လမ်းလျှောက်တာ ပင်ပန်းတာများရင် အကြောတတ်ပါတယ်ဆရာ။ အဲလိုဖြစ်ရင် မျက်ရည်တောင်ကျရပါတယ်ဆရာ။ အရမ်းနာပါတယ်။ အဲဒါ သမီး ဘာဆေးသောက်လို့ရမလဲဆရာ။ ဘယ်လိုလေ့ကျင့်ခန်း တွေလုပ်လို့ရနိုင်မလဲဆရာ။

(၂) ဆရာရှင့်၊ ကျန်းမာရေး ဆောင်းပါးလေးတွေကို ဆရာ့ Blog မှာ ဝင်ဖတ်ဖြစ်ပါတယ်။ ယခုလဲ ကြွက်တက်တဲ့ရောဂါနဲ့ ပတ်သတ်တာ သိချင်လို့ပါ။ ကျမအမေက ခြေသလုံးကြွက်သား ကြွက်ခဏခဏတက်လို့ ဆေးသောက်နေရပါတယ်။ ဘာကြောင့် ကြွက်ခဏခဏ တက်တာလဲဆိုတာ သိချင်ပါတယ်ရှင်။ ဆေးသောက်နေတုန်းပဲ သက်သာပြီး၊ ဆေးရပ် လိုက်တာနဲ့ ပြန်ဖြစ်နေလို့ ဆေးကို စွဲသောက်တာရော ကောင်းရဲ့လားဆိုတာ သိချင်လို့ပါ။ ဆေးမသောက်ဘဲ လေ့ကျင့်ခန်း လုပ်တာမျိုး၊ အစားအသောက် ရှောင်တာမျိုး လုပ်လို့ရလျင်လဲ ညွန်ပြပေးစေလိုပါတယ်။

ဘောလုံးသမားတွေ ကြွက်တက်တာကို ဝါသနာအိုးတိုင်း မြင်သိကြတယ်။ ဘောလုံး မကန်ဘူးတဲ့သူတွေ အိမ်မှာနေရင်း၊ ကြွက်တက်တာတွေလည်း အများကြီးဘဲ။ ခြေသလုံးနဲ့ ပေါင်က ကြွက်သား အဖြစ်များဆုံးဘဲ။ အလွန်မတန် နာလှတယ်။ အိပ်နေရင်း နာတာမျိုးက ခြေ-လက်ကို အညောင်းဆန့်ရာကနေ ကြွက်သားမျှဉ် နည်းနည်းမှာ နာလာတာ။ ကြီးသူတွေမှာ အဖြစ်များတယ်လို့ မှတ်ကြပေမဲ့ ဆယ်ကျော်သက်တွေလည်း ဖြစ်တာဘဲ။ အေးတဲ့အချိန် ပိုဖြစ်တယ်။

ဘာလို့ဖြစ်လဲဆိုတာ ဆရာဝန်က အတိအကျ မပြောနိုင်ပါ။ မတိမကျ ပြောရရင်တော့ လှချင်-သန်ချင်လို့ လေ့ကျင့်ခန်း လုပ်တာ၊ အားကစားလုပ်တာမှာ ကြွက်သား ပန်းသွားရလို့ပါ။ အားလည်း မကစားသူတွေမှာ အဝလွန်လို့၊ ရေနဲ့ ဓါတ်ဆား နည်းသွားလို့၊ ရာသီ-သွေးဆုံး၊ ဟော်မုန်း နည်းသွားလို့၊ သွေးအလျှောက် နည်းလို့၊ အာရုံကြော-ကြွက်သား တခုခုဖြစ်လို့၊ “လို့” တွေကိုသာ အပြစ်ဖို့ပါလေ။ Statins (ကိုလက်စထော) ကျဆေး၊ ဆီးချိုကျဆေးနဲ့ လည်ပင်းကြီးဟော်မုန်း နည်းသူ တွေမှာလည်း ဖြစ်တတ်ပါသေးတယ်။

ဖြစ်တယ်ဆိုရင် ဖြစ်တဲ့ကြွက်သားကို တအားတင်းအောင် လုပ်ပေးပါ။ ခြေသလုံးဖြစ်ရင် ခြေမကို အပေါ်ဆန့်ပေးသင့်တယ်။ တအားနှိပ်တာမျိုး၊ ဆန့်ပေးတာမျိုး လုပ်ပေးပြီးရင် ကြွက်သားကို သူ့အကြောအတိုင်း ခပ်ဖေါ့ဖေါ့ ဆက်နှိပ်ပေးပါ။
ဆရာဝန်တွေနဲ့ ကူတဲ့လူတွေထက် ခံရတဲ့လူက ဘာလုပ်ပေးရင် ကောင်းမယ်ဆိုတာ ပိုသိတယ်။ “နေရာတကာ ဆရာ-ဆရာဝန် မလုပ်ချင်နဲ့”။ ခိုင်းတာသာ လုပ်ပေးပါ။ ဒါပေမဲ့ ခိုင်းတာလုပ်တဲ့အကျင့် ဒါကလွဲရင် မကျင့်ချင်နဲ့။ “တပည့်ကြီးများ တိုင်းပြည်” ဖြစ်သွားလိမ့်မယ်။

ကိုယ်ဝန်ဆောင်ချိန်၊ ဆား အစားနဲရင်၊ ချွေးထွက်များရင် နာတတ်တာတွေကလည်း ဒီသဘောမျိုးဘဲ။ ဝမ်းလျောလို့၊ (ပိုဆက်ဆီယမ်) နဲ့ (ကယ်လ်စီယမ်) နည်းလို့ ဖြစ်တာကို Tetany ခေါ်တယ်။ အူ၊ အစာအိမ်၊ သားအိမ်၊ ဆီးအိမ်၊ သည်းခြေအိတ်တွေမှာ အဲလိုဖြစ်လို့ နာတာကို Colicky pain လို့ခေါ်တယ်။ ရာသီလာတုံး နာတာကို Dysmenorrhea ခေါ်တယ်။ အခေါ်မတူပေမဲ့ အနာသက်သာဆေးတွေပေးတာ တူပါတယ်။ Paracetamol, Ibuprofen, Diclofenic ဆေး။ ကြွက်တက်တာကို Quinine (ငှက်ဖျားဆေး) အပြင် Naftidrofuryl, Dihydropyridine, Phenylalkylamine ဆေးတွေနဲ့လည်း ကုနိုင်တယ်။

သွေးတိုးကြောင့်ဖြစ်ဖြစ်၊ နှလုံးရောဂါကြောင့်ဖြစ်ဖြစ်၊ ကိုယ်ရောင်လို့ဖြစ်ဖြစ် ဆီးဆေး (ဆီးအောင့်တာ ပျောက်တဲ့ဆေး မဟုတ်၊ ဆီးအတင်း သွားစေတဲ့ဆေး) ကို မကြာခဏ သောက်ရသူများ၊ သောက်တိုင်း (ပိုဆက်ဆီယမ်) ဆေးသောက်ပါ။ ဝယ်ရတာ ခက်တတ်တယ်။ ကောင်းတာက အုန်းရည် တလုံး-နှစ်လုံး သောက်လိုက်ပါ။ ရေနွေးကြမ်း အမြဲသောက်ပါ။

Vitamin B complex, Calcium, Potassium ကို ပုံမှန်သောက်ပါ။ Calcium gluconate ကို IV သွေးပြန်ကြောထဲ ထိုးပေး နိုင်တယ်။ ဒီဆေး သုံးမျိုးထဲက (ကယ်လစီယမ်) တခုဘဲ ဆီးကျောက်ရောဂါအတွက် သတိထားဘို့ လိုတယ်။ ကြာကြာ သောက်တာ ကိစ္စမရှိပါ။ အနာအကိုက် ပျောက်ဆေးတွေကတော့ အစာနဲ့ တွဲသောက်ရတယ်။ ဆေးတခုချင်းအကြောင်း သိချင်ရင် သပ်သပ် ရှာဖတ်ပါ။ ရေးတင်ထားတာ ရှိပါတယ်။

ရေနွေးနဲ့ ရေချိုးတာ ကောင်းတယ်လို့ အေးတဲ့တိုင်းပြည်က ဆရာတွေက အကြံပေးတယ်။ ပူလောင်၊ အိုက်စပ်တဲ့ နေရာမှာ နေရသူတွေအတွက် ဒီအကြံက မဟန်ဘူး။ နာတဲ့နေရာ နှိပ်ပြီးတာနဲ့ အေးတာကပ်ပါ။ ရေ၊ ORS ဓါတ်ဆားရည် တိုက်ပါ။ ရေသောက် မနည်းပါနဲ့။ ရေပုလင်း မထားဘဲ၊ အားကစား မလုပ်နဲ့။ ဘယ်ကစား လုပ်လုပ်၊ သွေးပူအောင် အရင်လုပ်ပါ။ ဘာဘဲလုပ်လုပ် ပြင်းပြင်းထံထံ မလုပ်ခင်၊ ဖြေးဖြေး-မှန်မှန် လုပ်ပါ။

ဓါတ်ဆားတွေ ကြွယ်ဝတဲ့အစာတွေ စားသုံးရမယ်။ မေးရင် စာရင်းရှည်ကြီး ရှိတယ်။ လူစားတာတွေပါဘဲ။ (ကယ်လ်စီယမ်) ကြွယ်တာတွေက ပင်လယ်ငါး၊ ဒိန်ခဲ၊ တို့ဖူး၊ မုံလာစိမ်း။ (ပိုတက်ဆီယမ်) ကြွယ်တာတွေက အုန်းရည်၊ ငှက်ပြောသီး၊ ဆီးသီး၊ လိမ်မော်သီး၊ စပျစ်သီး၊ ဖရုံ၊ ဟင်းနုနွယ်၊ ဒိန်ချဉ်၊ ကွမ်းသီးဂေါ်ဖီထုပ်၊ အာလူး၊ ပဲသီးတောင့်၊ မုံလာဥချို။

ဖြစ်တတ်သူများ အိပ်ရင် ခြေထောက်အောက်က အခုအခံ ထားသင့်တယ်။ အိပ်ပျော်နေတုံး ခြေမ-ခြေထောက် အောက်စိုက်နေရင် ဖြစ်တတ်တယ်။ မအိပ်ခင် ဘယ်မှမရွေ့တဲ့ လေ့ကျင့်ခန်းလုပ် စက်ဘီးစီးတာ ကာကွယ်ရာကျတယ်။ အကောင်းဆုံးကတော့ ခြေသလုံးတွေကို ဆုပ်နယ်ခံပြီးမှ အိပ်ရရင် ဇိမ်လည်းကျတယ်။ နှိပ်ပေးသူလည်း ပိုက်ဆံမရရင် ကုသိုလ်ရတယ်။ တက်မဲ့ ကြွက်လည်း မတက်နိုင်ဘူး။

Dr. တင့်ဆွေ

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ ပြီးပြည့်စုံရန် ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ခေါင်းဆောင်များက ဖိအားပေးရန် လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


(ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်အတွင်း ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပကော်မရှင်သို့ ရောက်ရှိစဉ် (Photo:AFP))


မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ ပြီးပြည့်စုံရန်အတွက် လက်ရှိအစိုးရအပေါ် ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ခေါင်းဆောင်များက ဖိအားပေးရန် လိုအပ်ကြောင်း Luxembourg နိုင်ငံသို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အနာဂတ်အပြင် တိုင်းရင်းသား ပဋိပက္ခများအား ဖြေရှင်းနိုင်မှုသည် အခြေခံဥပဒေပေါ်တွင် မူတည်ကြောင်း သတင်းထောက်များအား ပြောကြားသည်။

''ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဘဲနဲ့ လုပ်ဆောင်နိုင်တဲ့ အတိုင်းအတာအထိ ပြုပြင်ပြောင်းလဲ မှုတွေကို ဖော်ဆောင်ခဲ့ပြီးပါပြီ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်ဘူးဆိုရင် လက်ရှိအာဏာရ အစိုးရအနေနဲ့ ရှေ့ဆက်ပြီး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ မလိုလားတဲ့ အဓိပ္ပာယ်ပါပဲ။ ဥရောပသမဂ္ဂ အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ လိုအပ်ကြောင်း ပြတ်ပြတ်သားသား ထောက်ခံဖို့ လိုပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်း မရှိပါက တိုင်းရင်းသား ပဋိပက္ခများအား ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း၊ သို့သော်လည်း လက်ရှိအစိုးရ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ရန် ကြိုးပမ်းမှုများ မတွေ့ရသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အခြေခံဥပဒေ ပြင်ဆင်ရန် လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်း၏ ထောက်ခံမှုရရှိရန် လိုအပ်သော်လည်း လက်ရှိတွင် လွှတ်တော်၏ ၂၅ ရာခိုင်နှုန်းအား တပ်မတော်မှ ရရှိထား ပြီး လစ်လပ်နေရာများကြောင့် အရပ်သား အမတ်ဦးရေသည် ၇၅ ရာခိုင်နှုန်း ပြည့်မီခြင်း မရှိကြောင်း သိရသည်။ ''ဒီနေရာမှာ နည်းနည်းတော့ မူမမှန်ပါဘူး။ ကောင်းမွန်တဲ့ အရာလည်း မဟုတ်ပါဘူး'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံတကာ အသိုင်းအ၀ိုင်းကို မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ ရှေ့ဆက်ပြုလုပ်ရန် ဖိအားပေးဖို့ ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က ''နိုင်ငံတကာရဲ့ အကူအညီတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လိုအပ်နေတဲ့အတွက် မြန်မာနိုင်ငံအတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ အစိုးရအပေါ် ရှုမြင်ပုံဟာ အရေးကြီးပါတယ်'' ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် Luxembourg တွင်ရောက်ရှိနေသည့် EU နိုင်ငံခြားရေး ၀န်ကြီးများနှင့် နေ့လယ်စာ အတူစားခဲ့ပြီးနောက် လွန်ခဲ့သည့် ၂၃ နှစ်ခန့်က ၎င်းအား ချီးမြှင့်ခဲ့သည့် EU ၏ Sakharov လူ့အခွင့်အရေးဆု လက်ခံရယူရန် Strasbourg သို့ ဆက်လက် ထွက်ခွာခဲ့သည်။

Eleven Media Group