Bugatti တို့ လည်း ဒူဘိုင်းတွင် တက္ကဆီဖြစ်ရ

ပို့စ်တင်ချိန် - 10/22/2013 04:48:00 PM




တကယ်ပြောတာပါ။ ဒူဘိုင်းမှာ ကမ္ဘာ့ဈေးအကြီးဆုံးကားကို တက္ကဆီလို စီးနိုင်ပါတယ်။

ပုံမှာ ပြထားတဲ့ကားကတော့ ဒူဘိုင်းမှာ တက္ကဆီအဖြစ် ပြေးဆွဲဖို့ ပြင် ဆင်ထားတဲ့ Bugatti ပြိုင်ကား ဖြစ်ပါတယ်။ ဒီလိုအရောင်တင် မကပဲ ခဲရောင် ဘူဂသီ၊ အနက်ရောင်၊ အနီရောင် ဘူဂသီများနဲ့လည်း ဒူဘိုင်းမှာ တက္ကဆီဆွဲပါတယ်။ သာမန်လူများ စီးဖို့တော့ မဟုတ်ပါဘူး။ သူဌေးတွေပဲ ငှားစီးနိုင်တဲ့ တက္ကဆီပါ။ ပြည်ပက ဒူဘိုင်းအလည်လာတဲ့ ဧည့်သည်တွေ ပိုအစီးများပါတယ။်

ကမ္ဘာ့ဈေးကြီးကားများကို သီးသန့်ဝယ်စီးလို့ မြို့ တွင်း ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်နေတဲ့ အေဂျင်စီ တစ်ခုက စီစဉ်ပေး တာ ဖြစ်ပါတယ်။ တော်ရုံလူ အနားမကပ်နိုင်တဲ့ ကမ္ဘာ့ ဈေးအကြီးဆုံး အမြန်ဆုံး နံပါတ် ၁ အဖြစ် နှစ်စဉ် ဗိုလ်စွဲနေတဲ့ ဘူဂသီ Veyron Super Sport ကားမျိုး တစ်နေ့တော့ ကျနော်တို့မှာ တက္ကဆီ ဖြစ်လာနိုင်ပါသေး တယ်။
--
Ref: autoblog
Aung Kham ( TSJ Team )
TechSpace Journal