Hiccups ကျို့ထိုးသက်သာနည်းများ

ပို့စ်တင်ချိန် - 10/22/2013 08:44:00 AM



ကျို့ထိုးတာဟာ ရင်ခေါင်းနဲ့ ဝမ်းဗိုက်ကိုခြားထားတဲ့ Diaphragm ခေါ်တဲ့ ကြွက်ားပြားပြားခုံးခုံးကြီးက အလုပ်ပိုလုပ်တာ ဖြစ်တယ်။ သူ့အောက်မှာ ညာဘက်က အသဲ၊ ဘယ်ဘက်ကအစာအိမ်ရှိတယ်။ အဲဒီ ၂ ခုထဲက တခုခုမှာ တခုခုဖြစ်ရင် ကျို့ထိုးတယ်။ အများဆုံးက လေကြောင့်ဖြစ်တယ်။ တချို့မှာ အစပ်စားလိုက်တာနဲ့ ခဏလေးကျို့ထိုးတယ်။ တချို့မှာ တခါဖြစ်ရင် ရက်ဆက်ဆိုသလို ထိုးနေတယ်။ အရပ်နည်းတွေတော့ သိမှာပါ။ ဖြစ်စေတဲ့အကြောင်းကိုရှာရရင် အဲဒါကို ကုသရမယ်။ တချို့မှာ ဆေးကုရတဲ့အထိဆိုးတယ်။ CO2 ကာဗွန်ဒိုင်အောက်ဆိုက်နည်းက Vagus nerve ဗေးဂပ်စ် အာရုံကြောကိုသက်ရောက်စေလို့ သက်သာစေတယ်။

• အလွယ်နည်းကတော့ ခေါင်းကို လေမဝင်နိုင်တဲ့ ပလပ်စတစ်အိပ်တလုံး စွပ်ပါ။ လည်ပင်းနေရာမှာ ကိုယ့်လက်နဲ့ စုစည်းထားပါ။ အသက်ရှူပါ။ အိပ်ထဲကလေမှာ အောက်စီဂျင်ကုန်ပြီး ကာဗွန်ဒိုင်အောက်ဆိုက်သာကျန်လို့ အဲဒါကိုရှူရင် ပျောက်တယ်။
• baclofen, gabapentin, and various proton-pump inhibitors ဆေးတွေကို သုံးတယ်။
• Chlopromazine ခေါ်တဲ့ စိတ်ရောဂါကုဆေးကို အအန်ရပ်အောင်နဲ့ ကျို့ထိုးတာရပ်အောင်လဲ သုံးနိုင်တယ်။ ဆေးက အတော်အိပ်ချင်လို့ ဆေးအဆ လျှော့ပေးရတယ်။
• သိပ်ဆိုးသူတွေအတွက် Chlopromazine အပြင် Haloperidol စိတ်ဆေး၊ metoclopramide အစာလမ်းဆေးတွေ သုံးတယ်။
• gastroesophageal reflux အစာခြေရည်အထက်ဆန်တာရှိရင် အဲဒါကိုကုသပါ။
• ပေါင်မုံ့ခြောက်ဝါးခြင်း၊ ရေခဲတုံးဝါးစာခြင်း၊ လျှာကိုဆွဲထုတ်နည်း၊ သကြားရည် လျှာပေါ်၊ ဒါမှမဟုတ် လျှာအောက် တင်ပေးခြင်း၊
• phrenic nerve အာရုံကြောကို 0.5% procaine ထုံဆေးထိုးပေးနည်း၊
• bilateral phrenicotomy အဲဒီအာရုံကြောနှစ်ခုလုံးကိုဖြတ်ပြစ်ခြင်း၊
• နားထဲကို lidocaine liniment 3% or gel 2% ဆေးထည့်ပေးနည်း၊
• hypokalemia, hyponatremia ခေါ်တဲ့ဓါတ်ဆားမမျှတတာဖြစ်လို့ ဆိုးတဲ့ကျို့ထိုးတာဆိုရင် carbonated beverage ကာဗွန်ထည့်ထားတဲ့အချိုရည်တွေကို သောက်နိုင်တယ်။
• intranasal vinegar ဗနီဂါအရည်ကို နှာခေါင်းထဲထည့်နည်း၊
• deltoid muscles ပခုံးကြွက်သားကိုနှိပ်ခြင်း။

ဒေါက်တာတင့်ဆွေ