သင်္ဃန်းကျွန်းမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခြင်း

ပို့စ်တင်ချိန် - 10/22/2013 08:41:00 AM




၂၁.၁၀.၂၀၁၃ ရက်နေ့ ၁၂၁၅ အချိန် သုဝဏ္ဏနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ အောင်ဆုပန်ရပ်ကွက်၊ အား/ကာ ၀န်ထမ်းအိမ်ရာတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ စောဝင်း(ဘ)ဦးသောင်းရွှေ၏ နေအိမ် အိပ်ခန်းအတွင်း ၂၁.၁၀.၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန်ခြင်ဆေးခွေ
ထွန်းထားခဲ့ပြီး အပြင်သို့ထွက်သွားခဲ့စဉ် ၁၂၀၀ အချိန်ခန့်
ခြင်ဆေးခွေမှတစ်ဆင့် အနီးတွင်ရှိနေသော အ၀တ်အစားတို့အား မီးကူးစက်လောင်ကျွမ်းခဲ့သဖြင့် အုပ်ချုပ်မှု ယာဉ်(၄)စီး၊ မီးသတ်ယာဉ်(၂၄)စီးဖြင့် ငြိမ်းသတ်ခဲ့ရာ ၁၂၄၀ အချိန် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် တန်ဘိုးငွေကျပ်(၅)သိန်းခန့် ဆုံးရှုံးခဲ့သဖြင့်
မီးပေါ့ဆစွာသုံးစွဲသူစောဝင်းအား သုဝဏ္ဏနယ်မြေရဲစခန်း(ပ)၃၁၉/၂၀၁၃၊ ပုဒ်မ-၂၈၅ ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်းသတင်းရရှိပါသည်။

Yangon Police